← Chapters

ဂရန်းမာစတာရွှယ်ယွဲ့!

Vol. 12 Ch. 111

ဂရန်းမာစတာရွှယ်ယွဲ့!

Vol. 12 Ch. 111

တုန်းထျန်း တောင်ထိပ်၊ ဘိုးဘေး ခန်းမ။

ဂျိချန်းဖန် သည် သူနေထိုင်ရန်အတွက် တဲတစ်လုံး ကိုယ်တိုင်ဆောက်လုပ်ခဲ့ ပေသည်။

အပြင်ဘက်ကို ကြည့်လိုက်သောအခါ ဝမ်ကျင့်ယီ ၊ ချန်စုန့် နဲ့ တောက်ရွှမ်း တို့ အတူတကွ ထိုင်၍ ငြိမ်းချမ်းစွာ စကားပြော နေကြသည်မှာ ပျော်ရွှင် နေကြပုံပင်။

ဂျိချန်းဖန် သူတို့ကို တစ်ချက်ကြည့် လိုက်သည်။

သူသည် သူတို့ စကားဝိုင်း တွင် ဝင်ရောက် ရန် မရွေးချယ် ခဲ့ပေ။

ထိုအစား အချိန်အတော်ကြာ စောင့်ဆိုင်းနေကြသော အမြီးခြောက်‌ချောင်းမြေခွေး နှင့် အမြီးသုံးချောင်းမြေခွေး တို့ကို လက်ယပ်ခေါ် လိုက်သည်။

သူတို့ ရှီဟောင် နဲ့အတူ ဖန်းယွဲ့မြို့ ကနေ ပြန်လာတဲ့အချိန်က ကောင်းမှုနဲ့ မကောင်းမှုရဲ့ တိုက်ပွဲ တင်းမာ နေတဲ့ ကာလ ဖြစ်နေ၏။ထို့ကြောင့် ဂျိချန်းဖန် က အမြီးခြောက်ချောင်းမြေခွေး ရဲ့ ခန္ဓာကိုယ်ထဲက အအေးဒဏ် ကို ဖယ်ရှား ဖို့ အချိန်မရ ခဲ့ပါ...

အခု သူ အားတဲ့အခိန်တွင် သူ့ကတိကို ဖြည့်ဆည်း ပေတော့မည်။

"အစ်ကိုကြီး ခြောက်၊ မင်း လူသား ပုံစံ ကို ခဏတာ ပြောင်း လို့ရပြီလား? နတ်ဆိုး ခန္ဓာကိုယ်နဲ့ က လုပ် ရတာ မလွယ်ဘူး" ဟု ဂျိချန်းဖန် မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အမြီးခြောက်‌ချောင်းမြေခွေးက ခေါင်းညိတ် ပြီးတော့ ပြောလိုက်သည်၊ "သခင်၊ ရပါတယ်"

သူ စကားပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်က အလင်းရောင်များ ပန်းထွက်လာသည်၊ နောက်ဆုံးတွင် မျက်နှာဖြူဖပ်ဖြူရော် ရှိသော လူငယ် တစ်ဦးအဖြစ် ပြောင်းလဲ သွားသည်။

ဂျိချန်ဖန် က သူ့ကို ပေးခဲ့သော ဆေးလုံး ကြောင့် သူ၏ ခန္ဓာကိုယ်ထဲရှိ အအေးဒဏ် ကို ခဏတာ ဖိနှိပ် ထားနိုင်ခဲ့ပြီး မှော်စွမ်းအားအနည်းငယ် အသုံးပြု နိုင်လာခဲ့သည်...

"ကောင်းပြီ" ဂျိချန်ဖန် ခေါင်းညိတ်လိုက်သည်။

သူ လက်လှမ်း၍ အမြီးခြောက်ချောင်းမြေခွေး ၏ ပခုံး ပေါ်သို့ တင်လိုက် ပြီး အထူး သန့်စင် ထားသော ဒဏ်ရာ ကုသရေး ဆေးလုံး ကို ထုတ်ယူ၍ သူ့ကို ပေးကာ ပြောလိုက်သည်၊ "ဒီ ဆေးလုံး ကို သောက်လိုက် ပြီးရင် ငါ့ရဲ့ ဓား စိတ်ဆန္ဒ ကို သုံးပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲက အအေးဒဏ် ကို ဖယ်ရှား ပေးပါ့မယ်"

"ဟုတ်ကဲ့၊ သခင်!" အမြီးခြောက်ချောင်းမြေခွေးက ဆေးလုံးကို ယူပြီး မဆိုင်းမတွပင် မျိုချလိုက်သည်။

"ဒုန်း—" ချက်ချင်း ပင် ဆေးလုံး သည် ပြင်းထန်သော ဆေးစွမ်းအင် လှိုင်းလုံးတစ်ခုဖြင့် ပေါက်ကွဲထွက်လာပြီး ဖြည်းညင်းစွာင် သူ၏ သွေးကြောများ ထဲသို့ ဝင်ရောက် သွားကာ အတွင်း၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် နေသော အအေးဒဏ် ကို တဖြည်းဖြည်း အရည်ပျော် စေလိုက်သည်။

"ရွှစ်!" ဤအခိုက်အတန့် တွင် ဂျိချန်ဖန် သူ၏ ခန္ဓာကိုယ်ထဲမှ ဓား စိတ်ဆန္ဒ ကို မဆိုင်းမတွ ထုတ်လွှတ်သည်၊ ၎င်းကို အမြီးခြောက်မြေခွေး ၏ သွေးကြောများ ထဲသို့ ပို့သည်၊ ချွန်ထက်သော ဓားသွားများ အဖြစ်သို့ ပြောင်းလဲ ၍ သူ၏ ခန္ဓာကိုယ်ထဲမှ အအေးဒဏ် ကို အတင်းအကျပ် ထုတ်ပစ်လိုက် သည်...

"အား!!" အမြီးခြောက် ချောင်းမြေခွေး နာကျင်စွာ အော်ဟစ် လိုက်ရသည်။

ဓား စိတ်ဆန္ဒ သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်း၏ နာကျင်မှု သည် ဖော်ပြ၍ မရ ပေ။ ပြင်းထန်စွာ နာကျင် ခြင်းကြောင့် အော်ဟစ် ခြင်းကို မရပ်တန့်နိုင်ခဲ့ပါ။

"အစ်ကိုကြီး ခြောက်..." အမြီးသုံး ချောင်းမြေခွေး နှလုံးသားမှ နာကျင်မှု ခံစားလိုက်ရသည်။

ဂျိချန်ဖန် ခဏ စဉ်းစားလိုက်ပြီး အမြီးခြောက်‌ေချာင်းမြေခွေး ကို အာရုံလွှဲ ရန်အတွက် မေးခွန်းတစ်ခု မေးလိုက်သည်။

"အစ်ကိုကြီး ခြောက်၊ မင်းက မင်းရဲ့ မိခင် ရဲ့ သားအရင်း လား?"

"???"

ဒီမေးခွန်းကို ကြားသောအခါ အမြီးခြောက်မြေခွေး ခဏတာ ကြောင်အသွား သည်၊ သူ၏ ခန္ဓာကိုယ်ထဲရှိ နာကျင်မှု ကို မသိစိတ် က လျစ်လျူရှု လိုက်ပြီး တုံ့ဆိုင်းမှု အချို့ဖြင့် ပြန်ဖြေသည်၊ "သ-သခင်၊ ဘာလို့ ဒီမေးခွန်း ကို မေးတာလဲ?"

သူ၏ သွေးကြောများ ထဲရှိ ဓားကဲ့သို့ နာကျင်မှု က သူ့အသံကို တုန်ယင် စေသည်။

"ဪ၊ ငါက ပေါ့ပေါ့ပါးပါး မေးလိုက်ရုံပါ" ဂျိချန်ဖန် ပခုံးတွန့်လိုက်သည်။

သူက သိချင်ရုံ သက်သက်ပါ။

ဒီစကားကို ကြားသောအခါ အမြီးခြောက်‌ေချာင်းမြေခွေး မျက်မှောင်ကြုတ်လိုက် သည်၊ သူ၏ ခန္ဓာကိုယ်ထဲရှိ နာကျင်မှု ကို ခံနိုင်ရည်ရှိလာပြီး ပြောလိုက်သည်၊ "ကျွန်တော်... ကျွန်တော်က ကျွန်တော့် မိခင် ရဲ့... သားအရင်း မဟုတ်ပါဘူး။"

"အမေ က လွန်ခဲ့တဲ့ အချိန်အတော်ကြာ ကတည်းက ဝိဉာဉ်ဉာဏ် ရခဲ့တာ... သူက အဲဒီ မျိုးဆက် က မြေခွေးနတ်ဆိုး တွေ အားလုံးကို မွေးစားသားသမီး အဖြစ် မွေးစား ခဲ့တာ... ပြီးတော့ ကျွန်တော်တို့ကို ကျင့်ကြံနည်း တွေ သင်ပေး ခဲ့တယ်..."

"ဒါပေမယ့် အခု၊ အမေ့ မှာ မွေးစားသား အနေနဲ့ ကျွန်တော်ပဲ ရှိတော့တယ်၊ ကျွန်တော့်ရဲ့ တခြား အစ်ကိုတွေနဲ့ ညီအစ်မတွေ အားလုံး... သေဆုံး သွားခဲ့ကြပြီ။"

"ဪ၊ဒါကဒီလိုကိုး" ဂျိချန်ဖန် ရုတ်တရက် နားလည်သွားသည်။

သူသည် သူ၏ ရင်ထဲတွင် အနည်းငယ် နောင်တရသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။

ဒါပေမယ့် စဉ်းစားကြည့်တော့ အဆင်ပြေ ပါသည်၊ ဆွဲဆောင်မှု က ရှိနေသေး၏။

ရှောင်ပိုင် က အလွန် မွှေး နေတုန်းပင်။

"ရွှစ်—" ဒီအတွေးနဲ့အတူ ဂျိချန်ဖန် သည် အအေးဒဏ် ဖယ်ရှားခြင်း ကို အရှိန်မြှင့် လိုက်သည်၊ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဓား စိတ်ဆန္ဒ လှိုင်းများ စဉ်ဆက်မပြတ် ဝန်းရံ နေသည်၊ အမြီးခြောက် ချောင်းမြေခွေး ၏ ခန္ဓာကိုယ်ထဲမှ အအေးဒဏ် ကို ထုတ်ပစ်ရန် အရှိန်မြှင့် လိုက်သည်။

နာရီဝက် အကြာတွင် အမြီးခြောက် ချောင်းမြေခွေး ၏ ခန္ဓာကိုယ်ထဲရှိ အအေးဒဏ် အားလုံး ထုတ်ပစ် ခံလိုက်ရသည်၊ တစ်ချိန်တည်းမှာပင် သူ၏ မှော်စွမ်းအား လုံးဝ ပျောက်ကွယ် သွားသည်...

သူသည် သာမန် မြေခွေးနတ်ဆိုး တစ်ဦးအဖြစ်သို့ လုံးဝ ပြောင်းလဲ သွားခဲ့သည်။

သို့သော် သူ၏ ရှန်ချင်းဘုံ နတ်ဆိုးခန္ဓာကိုယ် နှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု များသည် ရှိနေဆဲ ဖြစ်ပြီး သူ၏ အလျားလိုက် အရိုး ကို သန့်စင် ထားသောကြောင့် သူသည် လူသားစကား ကို ဆက်လက် ပြော နိုင်သေး ပေသည်။

သူသည် သူ၏ ကျင့်ကြံမှု စွမ်းအား ကို ပြန်လည် ရရှိ ရန် နှစ် ဒါဇင် သို့မဟုတ် ရာပေါင်းများစွာ သာ အချိန်ယူ ရန် လိုအပ်၏။

"ကျေးဇူးတင်ပါတယ်၊ သခင်" အမြီးခြောက် ချောင်းမြေခွေး အားနည်းစွာ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ဒါ သေးငယ်တဲ့ ကိစ္စလေး ပါ" ဂျိချန်းဖန် မထူးခြားစွာ လက်ဝှေ့ယမ်းလိုက် ပြီး ဆေးလုံး များစွာကို ထပ်မံထုတ်ယူ၍ အမြီးခြောက်မြေခွေး ကို ပေးကာ ပြောလိုက်သည်၊ "ဒါတွေက စွမ်းအင် နဲ့ သွေး ကို တိုးပွား စေတဲ့ ဆေးလုံး တွေပဲ"။

"ယူပြီး ကောင်းကောင်း အနားယူလိုက် ပါ၊ ပြီးတော့ မင်းရဲ့ ကျင့်ကြံမှု စွမ်းအား ကို အမြန်ဆုံး ပြန်လည် ရရှိ အောင် ကြိုးစား "

"ဟုတ်ကဲ့၊ သခင်!" အမြီးခြောက် ချောင်းမြေခွေး လေးစားစွာပဲ ဆေးလုံး‌ေတွကို လက်ခံလိုက်ပြီး ထို့နောက် အမြီးသုံး ချောင်းမြေခွေး နဲ့အတူ ဆုတ်ခွာ သွား၏။

ဂျိချန်းဖန် တဖြည်းဖြည်း မှောင် လာသော ကောင်းကင် ကို တစ်ချက်ကြည့် လိုက်သည်။

ခဏတာ စဉ်းစားပြီးနောက် သူသည် ရှောင်ကျူ တောင်ထိပ် သို့ သွားရောက်၍ သူ့အချစ်လေး ရွှယ်ချီ နဲ့ သွားဆွေးနွေးလိုနေ၏။

သူ၏ အိမ်ထောင်ရေး နှင့် ပတ်သက်၍ သူသည် အတော်လေး အလေးအနက် ထား ပေသည်။

သူ အနာဂတ်တွင် မိန်းမ ဘယ်လောက်ပဲ ယူရပါစေ၊ သူ လုရွှယ်ချီ ကို လုံးဝ လက်မလွှတ်တော့ ပါဘူး၊သူ့မင်္ဂလာဆောင် ကို ကမ္ဘာတစ်ခုလုံး တွင် အကြီးကျယ်ဆုံး မင်္ဂလာဆောင်တစ်ခု ဖြစ်စေချင်တာပါ။

အဝါရောင် ငှက် က မင်္ဂလာဆောင် လှေ ကို ဆွဲခြင်း၊ ရေ ကြံ့သူတော် က လမ်းပြခြင်း၊ ပြီးတော့ ရွှေရောင် လမ်းမကြီး ကို မြေပြင်ပေါ်မှာ ခင်းခြင်း...

ဒီအရာတွေ အားလုံး ရှိကို ရှိရ ပေမည်!!!

ဒီအတွေးနဲ့အတူ ဂျိချန်ဖန် သည် မဆိုင်းမတွ တုန်းထျန် တောင် မှ ခိုးထွက်လာ လိုက်သည်။

သူ ရှောင်ကျူ တောင် သို့ သွား၍ ဝမ်ယွဲ့ စင်မြင့် သို့ တိတ်တဆိတ် ခိုးဝင်လိုက် သည်၊ လမ်းတစ်လျှောက်လုံး မည်သူမှ သူ့ကို မတွေ့ ခဲ့ပါ၊ ဘာပဲဖြစ်ဖြစ် သူ၏ လက်ရှိ ကျင့်ကြံမှု စွမ်းအား နဲ့ဆိုရင် သူ တက်ကြွစွာ သူ့ကိုယ်သူ မဖော်ထုတ် သရွေ့...

ဂရန်းမာစတာရွှယ်ယွဲ့တောင်လုံးဝ သူ့ကို တွေ့မှာ မဟုတ် ပေ။

ဝမ်ယွဲ့ စင်မြင့် သို့ ရောက်သောအခါ ဂျိချန်ဖန် သည် တကယ်ပင် မဏ္ဍပ် ဘေးတွင် အဖြူရောင် ဝတ်စုံဝတ် ပုံရိပ် တစ်ခုကို တွေ့လိုက်ရသည်။

အပြင်ဘက်ကို ကြည့်လိုက်သောအခါ နူးညံ့သော လရောင် မြေပြင်ပေါ်သို့ ပြန့်ကျဲ နေသည်၊ ဝမ်ယွဲ့ စင်မြင့် တစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်သော အစီအရင် တစ်ခုဖြင့် ဖုံးအုပ်ထားသည်။

အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီး သည် မဏ္ဍပ် ဘေးတွင် ရပ်နေသည်၊ လရောင် ကို ပျော်ရွှင်စွာ ခံစား နေပုံရသည်၊ သူမ၏ အဖြူရောင် ဝတ်စုံ လွင့်နေသည်၊ သူမ၏ ဆံပင် လေထဲတွင် ပျံဝဲနေသည်၊ သူမ၏ ကိုယ်ခန္ဓာ တစ်ခုလုံး သည် လအောက် မှ နတ်သမီး ကဲ့သို့ပင်၊ နောက်တစ်စက္ကန့်တွင် လရောင် ဘက်သို့ ပျံသန်း သွားတော့မည့်အလား ဖြစ်သည်...

ဒီအရာကို မြင်သောအခါ ဂျိချန်းဖန် တုံ့ဆိုင်းမနေပဲ သူသည် အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီး ၏ နောက်သို့ လျှပ်တစ်ပြက် ရောက်သွားပြီး မဆိုင်းမတွ နောက်မှ ပွေ့ဖက် လိုက်သည်—

"ရွှယ်ချီ" ဂျိချန်ဖန် ညင်သာစွာ တီးတိုး ခေါ်လိုက်သည်။

ချက်ချင်း ပင် အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီး သည် အနည်းငယ် တောင့်တင်း သွား၏။

သူမ၏ နောက်ကွယ်မှ လူ၏ ပွေ့ဖက်မှု ကို ခံစားရသောအခါ သူမ ချက်ချင်း ကြောင်အသွားသည်။

သူမ၏ ရင်ထဲတွင် ချက်ချင်း သတိ ဝင်လာသည်။

သူမသည် သူမ၏ လက်ကို မြှောက်၍ သူမ၏ နောက်ကွယ်မှ လူကို ရိုက် ရန် ပြင်နေစဉ်၊ သူမသည် ရင်းနှီးသော အသံ တစ်ခုကို ကြားလိုက်ရသည်။

"ရွှယ်ချီ—" လူငယ် ၏ ရင်းနှီးသော အသံ ကို ကြားသောအခါ အမျိုးသမီး ၏ နူးညံ့သော ခန္ဓာကိုယ် သည် အနည်းငယ် တောင့်တင်းသွားပြီး သူမ၏ မြှောက်ထားသော လက် သည် ပြုတ်ကျသွား၏။ သူမသည် ထိုနေရာတွင် အေးခဲ သွားသည်။

ဂျိချန်းဖန် သူမ၏ လည်ပင်းမှတဆင့် သူမ၏ အငွေ့အသက်ကို ရှူရှိုက်လိုက်၏။၊ ရုတ်တရက် အနည်းငယ် ရှုပ်ထွေး သွားခဲ့သည်...

"ဟမ်? ရွှယ်ချီ ရဲ့ ကိုယ်သင်းနံ့ က ဘာလို့ ပြောင်းလဲ သွားတာလဲ?"

"မဟုတ်ဘူး—သူမရဲ့ ခန္ဓာကိုယ် က နည်းနည်း ပိုပြည့် နေသလိုပဲ?"

ဂျိချန်ဖန်လက်လှမ်း၍ ရှုပ်ထွေးစွာ ခံစားကြည့်သည်။

ရုတ်တရက်၊ သူ၏ လက်မောင်းများ ထဲရှိ နူးညံ့သော ခန္ဓာကိုယ် သည် တုန်ယင် နေပုံရကြောင်း သူ သတိထားမိသည်။

"ရွှယ်ချီ?" ဂျီချန်ဖုန်း အံ့သြ သော အမူအရာဖြင့် ခေါ်လိုက်သည်။

ခဏအကြာတွင် ရှင်းလင်းသော၊ အေးစက်သော အသံ တစ်ခု ညင်သာစွာ ပဲ့တင်ထပ်လာသည်၊ "ရှင်... ဘယ်လောက်ကြာကြာ ကိုင်တွယ် နေဦးမှာလဲ?"

အသံက အနည်းငယ် စိတ်ဆိုး နေပုံရသည်၊ ပြီးတော့ အတွင်းမှ အေးစက်မှု က လုရွှယ်ချီ ထက် ပိုမို ပြင်းထန် နေ၏။

အနည်းဆုံးတော့ လုရွှယ်ချီ က သူ့ကို ဒီလို အေးစက်တဲ့ လေသံ နဲ့ စကားပြောမှာ မဟုတ်ပါ...

ဂျိချန်ဖန် အနည်းငယ် တောင့်တင်း သွားသည်။

"ရွှယ်-ရွှယ်..."

...

...

All Chapters