← Chapters

ဂျိချန်းဖန်ကို မြူဆွယ်ရမည့်တာဝန်လား

Vol. 12 Ch. 114

ဂျိချန်းဖန်ကို မြူဆွယ်ရမည့်တာဝန်လား

Vol. 12 Ch. 114

ထို သားသမီး ဝတ္တရား မကျေပွန်သော ပိယောင်လေး ကို ပြန် လွှတ်လိုက်ပြီးနောက်

ဝမ်ရိန်ဝမ် သည် သူ၏ ယုံကြည်ရဆုံးသူ ဖြစ်သော အဇူရာနဂါး နှင့် တွေ့ဆုံခဲ့သည်။

“ဂိုဏ်းချုပ်”။

ယခုအခါ တမန်တော်‌ လေးပါး၏ ခေါင်းဆောင် မျက်နှာသည်လည်း ဤအချိန်တွင် အနည်းငယ် ဖြူဖျော့ နေသည်။

ဘာပဲဖြစ်ဖြစ် သူသည်လည်း ကျူရှန်း ဓားချက် ကို အတင်းအကျပ် တားဆီးခဲ့ရသည်မဟုတ်လော။

“အစ်ကိုကြီး အဇူရာ နဂါး ကျန်းရှောင်ဖန် ကို ဘယ်လို နေရာချထား လိုက်ပြီလဲ?” ဝမ်ရိန်ဝမ် မေးသည်။

ဒီစကားကို ကြားသောအခါ အဇူရာနဂါး ခေါင်းညိတ်လိုက်ကာ ပြော၏“ဟိုကောင်လေးက စိတ်ဓာတ် လုံးဝ ကျနေ ပုံရတယ်။ သူ လမ်းတစ်လျှောက်လုံး စိတ်မကောင်း ဖြစ်နေပြီး မျက်နှာမသာမယာ ဖြစ်နေတယ်၊ သွေးပုတီး ရဲ့ မကောင်းဆိုးဝါးချီ‌ တွေနဲ့ ပြည့်နေတယ်။ သူ ကျွန်တော်တို့ရဲ့ နတ်ဆိုးဂိုဏ်း ထက်တောင် ပိုပြီး နတ်ဆိုး ချီတွေများနေပြီး နတ်ဆိုး ဆန်နေတယ်...”

ဝမ်ရိန်ဝမ် က‌စကားကိုဆက်ပြောလိုက်သည်“သူ့ကို ခဏတော့ အကိုကြီးနဲ့ ထားလိုက်ဦး။ ပြဿနာ မရှိ တော့ဘူးလို့ သေချာရင်၊ သူ့ကို ကောင်းကောင်း ကျင့်ကြံ စေလိုက်ပါ”။

ဗုဒ္ဓ နှင့် တာအို လမ်းစဉ် နှစ်ခုလုံးကို တွဲပြီး ကျင့်ကြံ နိုင်သော ပါရမီရှင်။အနာဂတ်မှာ သူဟာ နတ်ဆိုးဘုရင် ဂိုဏ်း အတွက် ကြီးမားတဲ့ အထောက်အကူတစ်ခု(နတ်ဆိုးဘုရင်တစ်ပါး)ဖြစ်လာနိုင်ပါသည်။

“ကောင်းပြီ”။

အဇူရာနဂါး ခေါင်းညိတ်ကာ သူက ပြောလိုက်သည်၊ “ဂိုဏ်းချုပ်၊ အသက်ရှည်ခန်းမ မှ ယွီယန်ဇီ သည် ကျင်းယွမ်ဂိုဏ်း တွင် သေဆုံး ခဲ့ပြီး၊ သူ့ရဲ့ အကြီးအကဲများ က သူတို့ရဲ့ တပည့်များ နဲ့အတူ တစ်ညတည်း မှာပဲ ဂိုဏ်းအဖွဲ့ချုပ် ကို ချက်ချင်း ပြောင်းရွှေ့ လိုက်ကြပါတယ်”။

“သူတို့ အနောက်ဘက် သေမင်းတမန် ရွှံ့ညွှန်ကို ပြောင်းရွှေ့ ဖို့ စီစဉ်နေပုံရတယ်? ကျွန်တော်တို့...”

အဇူရာနဂါးက လည်လှီးသည့် ဟန်ပန် ကို လုပ်ပြသည်။

လက်ရှိမှာ အသက်ရှည်မှုခန်းမ သည် ခေါင်းဆောင်မဲ့ ဖြစ်နေသည်၊ သူတို့ကို ပူးပေါင်း ရန် ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်။

“မလုပ်နဲ့”။

ဝမ်ရိန်ဝမ် ခေါင်းခါကာပြောလိုက်၏။

သူ၏ မျက်လုံးများ လင်းလက်သွားကာ သူ နက်နဲသောအသံ ဖြင့် ပြောလိုက်သည်၊ “အဆိပ် နတ်ဘုရား နဲ့ အံ့ဖွယ် နတ်သမီးသုံးပါး တို့လည်း စောင့်ကြည့် နေကြတယ်။ အခု ဘယ်သူ လှုပ်ရှားပါစေ နတ်ဆိုးလမ်းစဉ်ရဲ့ ပြစ်တင်ဝေဖန်မှု ကို ခံရလိမ့်မယ်...”

ဘာပဲဖြစ်ဖြစ်၊ သူတို့ ချင်းယွမ်ဂိုဏ်း ကနေ အတူတကွ လွတ်မြောက် လာခဲ့ကြခြင်းပင်။ အကယ်၍ သူတို့ ချက်ချင်း ရန်သူ ဖြစ်သွားကြမယ်ဆိုလျှင် ထိုအရာသည် လွန်လွန်း သည့်ကိစ္စ ဖြစ်လိမ့်မည်။

ထိုအရာများက အရေးကြီးဆုံး အကြောင်းပြချက် တွေ မဟုတ်ပါ‌ ချေ။

အရေးကြီးဆုံး အချက်ကတော့ သူတို့ အားလုံး ပြင်းထန်စွာ ဒဏ်ရာရ နေခြင်းပင် ဖြစ်၏။

ပြဿနာရှာ ဖို့ မကောင်းပါချေ။

ထိပ်တန်း ဦးစားပေး ကတော့ သူတို့ရဲ့ ဒဏ်ရာတွေ ကနေ အမြန်ဆုံး ပြန်လည် နာလန်ထူ ဖို့ ဖြစ်ပြီး၊ ပြီးမှ အခြေအနေ ကို ဖြည်းညင်းစွာ စောင့်ကြည့် ရန် ဖြစ်သည်။

“သက်ရှည်ခန်းမ ကို ခဏတော့ စိတ်မပူ ပါနဲ့။ လူတွေကို ပို့ပြီး သူတို့ကို အနီးကပ် စောင့်ကြည့် နေစေပါ။ ဟဲဟွမ် ဂိုဏ်း နဲ့ အဆိပ် တစ်‌သောင်းဂိုဏ်း တို့လည်း လှုပ်ရှား ဖို့ မရဲကြဘူးလို့ ငါ ထင်တယ်...”

ဝမ်ရန်ဝမ် ကသေချာစဉ်းစားကာပြောလိုက်၏။

“ဟုတ်ကဲ့၊ ဂိုဏ်းချုပ်” အဇူရာ နဂါး ခေါင်းညိတ်လိုက်သည်။

ခဏတာ စဉ်းစား ပြီးနောက် ဝမ်ရန်ဝမ် ကဆက်ပြောသည်၊ “အစ်ကိုကြီး အဇူရာ နဂါး၊ ကျွန်တော် အကိုကြကို စေလွှတ် ရမယ့် တာဝန် တစ်ခု ရှိတယ်။ ဂိုဏ်း အတွင်းက တပည့်များ ကို နှစ် ရာချီ ဒါမှမဟုတ် ထောင်ချီ စွမ်းအင် ဆေးတွေ ကို ရှာဖွေကြဖို့ ညွှန်ကြား လိုက်ပါ”။

“ဒါမှမဟုတ် နတ်ဆိုးသားရဲ ရဲ့ အတွင်းပိုင်း အူတိုင်များ(အမြုတေ (ဝါ) ဒန်တျန်) ကိုလည်း ရှာကြလို့‌ေပြာလိုက်ပါ”။

“ကွေ့နျူ ရဲ့ သွေး စွမ်းအင် က ပြင်းထန်စွာ လျော့ကျ နေတယ်၊ ဒါက နတ်သားရဲလေးကောင် သွေးအစီအရင် ကို အသက်သွင်းခြင်း အပေါ် သက်ရောက်မှု ရှိနိုင်တယ်။”

“သူ့ရဲ့ သွေး စွမ်းအင် ကို ဖြည့်ဆည်း ပေးဖို့ သွေး စွမ်းအင် ဆေးလုံး တစ်ခုကို သန့်စင် ဖို့ အမြန်ဆုံး စွမ်းအင် ဆေးများ ကို ရှာဖွေရမယ် မဟုတ်ရင်တော့....”

ဝမ်ရန်ဝမ် ၏ အကြည့်သည် သွေးကန် ရဲ့ နက်ရှိုင်း သော နေရာမှ သေလုနီးပါး နတ်ဘုရား သားရဲ ကွေ့နျူ ပေါ်သို့ ကျရောက်သည်၊ သူ၏ မျက်လုံးများတွင် အကူအညီမဲ့သော အမူအရာ လည်းရှိနေ၏။

“ဟုတ်ကဲ့၊ ဂိုဏ်းချုပ်”။

အဇူရာ နဂါး ခေါင်းညိတ်ကာ ထွက်သွား ၍ တာဝန် ကို တပည့်အသီးသီးအား ခွဲ‌ဝေပေးလိုက်သည်။

…

…

အရှေ့ပင်လယ်၊ လီ‌ေပါ်တောင်

လမ်းမှန်ဂိုဏ်းများနှင့် နတ်ဆိုးလမ်းစဉ်အကြားတိုကိပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင်လီ‌ ပေါ်တောင် သို့ လာရောက်သူများ တဖြည်းဖြည်း တိုးများ လာခဲ့သည်။

အခါအားလျော်စွာ လေလွင့်ကျင့်ကြံသူများလည်း ထိုနေရာကို လာကြကာအခွင့်အရေး တစ်ခုခု ရှာတွေ့ နိုင်မလားလို့ တွေး ကြသည်။

သို့သော် ကံမကောင်း အကြောင်းမလှစွာ

အခွင့်အရေး မရှိပါချေ။

သို့သော် ချစ်ခြင်းမေတ္တာဆိုင်ရာ အခွင့်အရေးကတော့ တော်တော်လေးများပါသည်။အဘယ်ကြောင့်နည်းဟုဆိုရလျှင်မူကား...

ဟဲဟွမ် ဂိုဏ်း၏ အခြေစိုက်ရာ ကဤနေရာမှာ တည်ရှိနေ၍ပင်

လီ‌ပေါ်တောင် ကို လာရောက်တဲ့ လေလွင့် ကျင့်ကြံသူများ အများစုကို ဟဲဟွမ် ဂိုဏ်း ရဲ့ တပည့်များ က ကျင့်ကြံမှုအတွက် အသုံးပြုရန်အတွက်(နှစ်မြွှာကျင့်ကြံခြင်းအတွက် အမျိုးသမီးကျင့်ကြံသူများက အမျိုးသားကျင့်ကြံသူများအားဖမ်းဆီးခြင်း) ဖမ်းဆီး ခဲ့ကြသည်။ ထိုအရာသည် သင့်လျော်သော ချစ်ခြင်းမေတ္တာဆိုင်ရာ အခွင့်အရေး မဟုတ်ပေလော။

လီပေါ်တောင်၊ ရှောင်ယောင် စမ်းချောင်းတွင်

ဟဲဟွမ် ဂိုဏ်း၏ ဌာနချုပ် အနေနဲ့ ရှောင်ယောင် စမ်းချောင်း က အပေါ်ယံ မှာ သာမန် တောင်ကျချောင်း တစ်ခုကဲ့သို့ဖြစ်နေသော်လည်း တကယ်တမ်း မှာ လျှို့ဝှက် လိုဏ်ခေါင်းတစ်ခု ပါဝင် ပေသည်။

တောင်ကျချောင်း ၏ နက်ရှိုင်း သော နေရာတွင် သစ်တော တစ်ခု ရှိကာ ဝိဉာဏ်စွမ်းအင်များက ပေါများ ပြီး၊ ရှုခင်း လည်း သာယာ သည်။

ထိုအထဲမှနေရာသည် ဟဲဟွမ် ဂိုဏ်း ၏ ဌာနချုပ် ဖြစ်သည်။

အတိတ် က ရွှေခေါင်းလောင်း သခင်မ သည် နှလုံးနက် အဘိုးအိုနှင့်အတူ ဤနေရာတွင် တိတ်တဆိတ် နေထိုင် ဖို့ မူလက စီစဉ် ခဲ့သည်၊ သို့သော် ကံမကောင်းစွာ ပဲ နှလုံး နက် အဘိုးအို က နောက်ဆုံး မှာ သေဆုံး သွားခဲ့သည်၊ ထို့ကြောင့် သူမ တစ်ယောက်တည်း ရှောင်ယောင် စမ်းချောင်း ကို လာပြီး ဟဲဟွမ် ဂိုဏ်း ကို တည်ထောင် ခဲ့၏။

တောင်ကျချောင်း အတွင်းမှာ ပန်းပင် ပင်လယ် တစ်ခု ရှိသည်။

ထိုအရာသည် ရွှေခေါင်းလောင်း သခင်မ နဲ့ နှလုံး နက် အဘိုးအို တို့ ကိုယ်တိုင် စိုက်ပျိုး ခဲ့တဲ့ ဟဲဟွမ် သစ်ပင် ကနေ ပေါက်ရောက် လာခဲ့တာ ဖြစ်သည်။

သို့သော် ကံမကောင်းစွာပင်

ဒီနေ့တွင်တော့ သူတို့ လှပသော အချစ် ကို သင်္ကေတ မပြုနိုင်တော့ချေ။

ဟဲဟွမ် ဂိုဏ်း က ပြောင်းလဲ သွားခဲ့ပြီပင်။

နတ်ဘုံလိုဏ်ခေါင်း အတွင်းတွင် အံ့ဖွယ် သုံးပါး နတ်သမီး( ရှေ့အပိုင်းများတွင် အံ့ဖွယ်နတ်သမီးသုံးပါးဟူ၍ သုံးနှုန်းမိခဲ့) သည် ဖြူဖျော့သော မျက်နှာ ဖြင့် ကုတင်တစ်ခု ပေါ်တွင် ထိုင်နေ၏။ သူမ၏ ဒဏ်ရာများ ကို ကုသ ရန် စွမ်းအင် ကို စဉ်ဆက်မပြတ် လည်ပတ် နေသည် သို့သော် နောက်ဆုံး တွင် သူမ လက်လျှော့ လိုက်သည်။

“ဟူး...”။

အံ့ဖွယ် သုံးပါး နတ်သမီး သက်ပြင်းချလိုက်ကာ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာက ဖြူဖျော့‌ နေသည်။

ကျင်းယွမ်တောင် ပေါ်မှာတုန်းက သူမ ဂိုဏ်း ၏လျှို့ဝှက် နည်းလမ်း တစ်ခုကို အသုံးပြုခဲ့သည်၊ တောက်ရွှမ်း၏ ဓားချက် ကို ပိတ်ဆို့ ဖို့ ကြီးမားသော အသက်စွမ်းအင်ကို သုံးစွဲ ခဲ့သည်ကိုး။ ထို အသက်စွမ်းအင် ပျက်စီးမှု က သူမရဲ့ ကျင့်ကြံမှု နဲ့ သက်တမ်း ကို သိသိသာသာ ဆုံးရှုံး စေခဲ့သည်။

ဒါကို သာမန် စွမ်းအင် လည်ပတ်ခြင်း နဲ့ ကုသခြင်း ဖြင့် ဖြေရှင်း လို့ မရပါချေ။ နတ်ရတနာတစ်ခုရှိမှသာလျှင် ကုသနိုင်မည်ဖြစ်၏။

“ပင်းအာ”။

အံ့ဖွယ် သုံးပါး နတ်သမီး သည် နတ်ဘုံလိုဏ်ခေါင်း အပြင်ဘက်မှ တပည့်မ လေးကို ညင်သာစွာ ခေါ် လိုက်သည်။

သူမ၏ အသံထွက်လာသည်နှင့် တပြိုင်နက် နတ်ဘုံလိုဏ်ခေါင်း အပြင်ဘက်မှ စိုးရိမ်‌ နေသော အသံ တစ်ခု ထွက်ပေါ်လာသည်။

“ဆရာ”။

ချက်ချင်းပင်

ရွှေရောင် ရှေးခေတ်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦးသည် စိုးရိမ်သော အမူအရာ ဖြင့် နတ်ဘုံလိုဏ်ခေါင်း ထဲသို့ ဝင်လာသည်။ သူမသည် အံ့ဖွယ် သုံးပါး နတ်သမီး ၏ တပည့် - ကျင်းပင်းအာ ဖြစ်သည်။

“ဆရာ၊ ဆရာရဲ့ ဒဏ်ရာ‌တွေက”

ကျင်းပင်းအာ စိုးရိမ် စွာ နှုတ်ခမ်းကို ကိုက်ကာပြောလိုက်သည်။

“အင်း” အံ့ဖွယ် သုံးပါး နတ်သမီး ညင်သာစွာ သက်ပြင်းချပြီး ပြောသည်၊ “ငါ အချစ် လှည့်စား ကျိန်စာ ကို အသုံးပြု ခဲ့ပြီး၊ ငါ့ရဲ့ အသက်စွမ်းအင် နဲ့ ကျင့်ကြံမှု အများစုကို သုံးစွဲ လိုက်ရတယ်။ ငါ့ကို ကုသ ဖို့ အဖိုးတန် ဆေး တစ်ခုခု မရှိရင်၊ မဟုတ်ရင်...”

သူမ ကျန်တဲ့ စကားတွေကို ဆက်မပြောတော့ပေ။သို့သော် ကျင်းပင်းအာ နားလည်သည်။

အသက်စွမ်းအင် ကြီးမားစွာ ဆုံးရှုံးခြင်းက သက်တမ်း လျော့ကျခြင်းကို ဆိုလိုသည်။ သူမ၏ ဆရာ သည်...

ထိုအတွေးဖြင့်ပင် ကျန်းပင်းအာ စိတ်ဓာတ်ကျသွား၏။

“ပင်းအာ၊ မင်းကို ပေးရမယ့် တာဝန် တစ်ခု ငါ့မှာ ရှိတယ်” အံ့ဖွယ် သုံးပါး နတ်သမီး သည် အချိန်အတော်ကြာ စဉ်းစား ပြီးမှ နောက်ဆုံးတွင် စကားစပြောသည်။

“ဆရာ၊ ကျေးဇူးပြုပြီး ညွှန်ကြားပါ၊ ဒီ တပည့် က အကောင်းဆုံး ကြိုးစား ပြီး ပြီးမြောက်အောင် လုပ်ပါ့မယ်!” ကျင်းပင်းအာ လေးနက်သော အမူအရာ ဖြင့် ပြောလိုက်သည်။

သူမကို ငယ်ငယ်လေး ကတည်းက သူမ၏ ဆရာ က ပြုစုပျိုးထောင် ခဲ့ခြင်း ဖြစ်သည်။

ဆရာ့ကျေးဇူး မြင့်မိုရ် ဦးပင်မဟုတ်ချေလော။

အံ့ဖွယ် သုံးပါး နတ်သမီးက ညင်သာစွာ ပြောလိုက်သည်၊ “ကျင်းယွမ်ဂိုဏ်း ကို တိုက်ခိုက် တဲ့ ဒီတိုက်ပွဲ မှာ၊ ငါ အ‌ ရေးကြီးတဒ့ တစ်စုံတစ်ခုကိုရှာ‌ေဖွ‌ေတွ့ရှိခဲ့တယ်။ ငါ... ဟဲဟွမ် ဂိုဏ်း ရဲ့ နတ် ရတနာ - ပျော်ရွှင်သော ပေါင်းစည်းခြင်း ခေါင်းလောင်း ကို တွေ့ ခဲ့တယ်!”

“ဘာ?” ကျင်းပင်းအာ မျက်လုံးများ ပြူးကျယ် သွား၏။

တကယ်တော့ ဟဲဟွမ် ဂိုဏ်း ကို မူလက နတ်ဆိုးဂိုဏ်း အဖွဲ့အစည်းအဖြစ် မသတ်မှတ် ခဲ့‌ ချေ။ သို့သော် နောက်ပိုင်း မှာသာ သူတို့ရဲ့ အမွေအနှစ် ပျောက်ဆုံး သွားခဲ့တာကြောင့်...

ဂိုဏ်း အတွင်းက တပည့်များ ကို မကောင်းသော နည်းလမ်းများ ကို ကျင့်ကြံ ရန် အတင်းအကျပ် ခိုင်းစေခဲ့ခြင်းကြောင့် ဟဲဟွမ် ဂိုဏ်း ဟာ နတ်ဆိုးဂိုဏ်း အဖွဲ့အစည်းများထဲက တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဟဲဟွမ် ဂိုဏ်း ရဲ့ အမွေအနှစ် ပျောက်ဆုံး ရခြင်းရဲ့ အခြေခံ အကြောင်းပြချက် က သူတို့ရဲ့ နတ် ရတနာ ဖြစ်တဲ့ ပျော်ရွှင်သော ပေါင်းစည်းခြင်း ခေါင်းလောင်း မရှိခြင်း ကြောင့် ဖြစ်သည်။

ဟဲဟွမ် ဂိုဏ်း မှာ အမွေအနှစ် တစ်ခု ရှိပြီး၊ ဒီ အမွေအနှစ် ကို ဖွင့် ဖို့ ပျော်ရွှင်သော ပေါင်းစည်းခြင်း ခေါင်းလောင်း က လိုအပ် သည်...

“အင်း...” အံ့ဖွယ် သုံးပါး နတ်သမီး ညင်သာစွာ သက်ပြင်းချသည်။ သူမ ကျင်းပင်းအာ ရဲ့ လက်မောင်း ပေါ်ရှိ သဲနီ အမှတ်အသား ကို တစ်ချက်ကြည့် သည်၊ ပြီးတော့ ညင်သာစွာ ပြောသည်-

“ပင်းအာ၊ မင်းရဲ့ ကျင့်ကြံမှု ပါရမီ က အင်မတန် မြင့်မား တယ်။ မကောင်းသော နည်းလမ်းများ ကို ကျင့်ကြံ တာက မင်းကိုသာ ထိခိုက် စေလိမ့်မယ်။မြင့်မြတ်‌သောဟဲဟွမ် နှစ်ပါး ကျင့်ကြံမှု နည်းလမ်း သာလျှင် မင်းအတွက် အသင့်တော်ဆုံး ဖြစ်တယ်...”

“အဲဒီ ပျော်ရွှင်သော ပေါင်းစည်းခြင်း ခေါင်းလောင်း က လက်ရှိမှာ ကျင်းယွမ် တပည့် တစ်ဦးရဲ့ လက်ထဲမှာ ရှိနေတယ်။ မြူဆွယ် ခြင်းပဲဖြစ်ဖြစ်၊ ခိုးယူ ခြင်းပဲဖြစ်ဖြစ်၊ မင်း သူ့ဆီကနေ ရအောင် နည်းလမ်း တစ်ခု ရှာရမယ်”။

“ပြီးရင် အမွေအနှစ် ကို ဖွင့် ဖို့ ဂိုဏ်း ကို ပြန်လာ ရမယ်”။

“အဲဒီအခါမှသာ မင်း တကယ်တမ်း တာအိုလမ်းစဥ် ကို လျှောက်လှမ်း နိုင်လိမ့်မယ်”။

ထို့အပြင် ဟဲဟွမ် အမွေအနှစ် မှာ သူမရဲ့ သက်တမ်း ကို ရှည်စေ ပြီး သူမ၏ ဆုံးရှုံး သွားသော အသက်စွမ်းအင် ကို ဖြည့်ဆည်း ပေးနိုင်မယ့် ကြီးမားသော ဆေး တစ်ခုခု ပါဝင်နိုင်ပေသည်။

ကျင်းပင်းအာ အလျင်အမြန် မေးသည်၊ “အဲဒီ ကျင်းယွမ်ဂိုဏ်း တပည့် ရဲ့ နာမည်က ဘာလဲ?”

ဒီစကားကို ကြားသောအခါ အံ့ဖွယ် သုံးပါး နတ်သမီး နှုတ်ခမ်းကို အနည်းငယ် ဖိလိုက်ပြီး ပြောသည်၊ “ဂျိချန်းဖန်”။

“???”။

ကျင်းပင်းအာ ကြောင်၍သွားလေ၏။

ဂျိချန်းဖန်။

ယွီယန်ကျီ ကို သတ် လိုက်တဲ့ ဂျိချန်းဖန်လော။

လက်ရှိမှာ နတ်ဆိုးဂိုဏ်း တစ်ခုလုံးမှာ ကျင်းယွမ်ဂိုဏ်း က ဂျိချန်းဖန် ကို မသိတဲ့သူ မရှိပါချေ။ ငါးနှစ် ကျင့်ကြံပြီး၊ နတ်ဆိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် အဆင့် ကျွမ်းကျင်သူ၊ အသက်ရှည်ခန်းမ ရဲ့ ခေါင်းဆောင် ဖြစ်သူ ယွီယန်ကျီ ကို သတ် နိုင်ခဲ့တယ်။ ဒီလို ခွန်အား ဟာ ကောင်းကင်ကို ဆန့်ကျင် နေခြင်းပင်။

ထို့အပြင် တရားမဝင် ကောလာဟလများ အရ

ဂျိချန်းဖန်က တုန်းထျန် တောင်ထိပ် ကို ဝင်ရောက် ပြီးသား၊ တုန်းထျန် တောင် နဲ့ တကျူ တောင် ရဲ့ အမွေအနှစ်များ ကို ဆက်ခံ နေပြီး၊ အနာဂတ်မှာ ချင်းယွမ်ဂိုဏ်း ရဲ့ နောက်လာမယ့် ဂိုဏ်းချုပ် ဖြစ်လိမ့်မည်ဟူ၍ပင်။

ကျင်းပင်းအာ ရဲ့ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှား သွား၏။

သူမ အံ့ဖွယ် သုံးပါး နတ်သမီး ကို မကျေမနပ် ကြည့်ပြီး ပြောသည်၊ “ဆရာက ကျွန်မကို ကျင်းယွမ်ဂိုဏ်း ရဲ့ နောက်လာမယ့် ဂိုဏ်းချုပ်၊ ယွီယန်ကျီ ကို သတ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်သူတဲ့ဆီကနေ ပစ္စည်း ခိုး ခိုင်းနေတာလား”

“အဟွတ် အဟွတ်”။

အံ့ဖွယ် သုံးပါး နတ်သမီး ညင်သာစွာ ချောင်းဟန့်ပြီး ပြောသည်၊ “အကယ်၍ တကယ်တမ်း မဖြစ် နိုင်ဘူးဆိုရင်၊ မြူဆွယ် ဖို့ သွားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် မင်းကို လူအများရှေ့မှာ မပြသရသေးဘူး၊ မင်းက ငါ့ရဲ့ ဟဲဟွမ် ဂိုဏ်း ရဲ့ တပည့် ဆိုတာ ဘယ်သူမှ မသိသေးဘူး...”

“???”။

ကျင်းယွမ် ဂိုဏ်း၏ နောင်တက်မည့် ဂိုဏ်းချုပ်ကို မြူဆွယ်ရန်။

ကျင်းပင်းအာ သူမ၏ အနီရောင် နှုတ်ခမ်း ကို ကိုက် လိုက်၍

လက်ရှိမှာတော့ ဒါဟာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပုံရသည်။

“ဆရာ ဒါပေမယ့် ကျွန်မ ကြားတာ ဂျိချန်းဖန် ကို ကျင်းယွမ်ဂိုဏ်း က ဆယ်နှစ် အကျဉ်းချ လိုက်တယ်ဆို?”

ကျင်းပင်းအာ အကူအညီမဲ့ သလို ပြောလိုက်သောအခါ

“ဟွန့်—“။

အံ့ဖွယ် သုံးပါး နတ်သမီး နှာခေါင်းရှုံ့ သည်၊ “အကျဉ်းချ တယ်? စကားပြောတာပဲ။ ဒီလို ထူးချွန်တဲ့ တပည့် ကို ဘယ်သူက အပြစ်ပေး ချင်မှာလဲ? ပါရမီရှင်တွေမှာ အထူးအခွင့်အရေး ရှိတယ်”။

“စောင့်ကြည့်လိုက်ပါ”။

“ပင်းအာ၊ မင်း ဗဟိုလွင်ပြင် မှာ သူ့ရဲ့ သတင်း ကို ကြားရပါလိမ့်မယ်”။

…

…

All Chapters