← Chapters

မြူဆွယ်ရန် အစီအစဉ်

Vol. 12 Ch. 115

မြူဆွယ်ရန် အစီအစဉ်

Vol. 12 Ch. 115

“အင်း—“

နန်းတွင်းဝတ်စုံဝတ်ထားသော မိန်းကလေးက ညင်သာစွာ သက်ပြင်းချလိုက်သည်။

သူမ၏ လှပပြီး ပြစ်မျိုးမှည့်မထင် မျက်နှာပေါ်တွင် စိုးရိမ်မှု အရိပ်အမြွက် ပေါ်လာခဲ့ပြီး သူမက ပြောလိုက်သည်၊ “သခင်၊ ကျွန်မ သူ့ကို မြူဆွယ် နိုင်လိမ့်မယ်လို့ တကယ်ယုံလား.. ကျွန်မ ကြားတာ ဂျိချန်းဖန် က တော်တော်လေး ရက်စက် တယ်တဲ့...”

“သူ တစ်ဦးတည်း ယွီယန်ကျီ ကို သတ် လိုက်ရုံသာမကဘဲ၊ သောင်းချီအဆိပ်ဂိုဏ်းက ရှန်ကျင်း အကြီးအကဲနှစ်ဦးကိုလည်း သတ်ခဲ့တယ်”

“သွေးသန့်စင်မှုခန်းမကိုတောင်မှ သူလုံးဝဖျက်ဆီးလိုက်တာ”။

“ဒီလို ရက်စက်ကြမ်းကြုတ်သူ ကို တကယ်တမ်း မြူဆွယ် နိုင်မှာလား”

နန်းတွင်းဝတ်စုံဝတ်ထားသော မိန်းကလေးက နှုတ်ခမ်းစူလိုက်သည်။

သူမ၏ အမြင်တွင် ဂျိချန်းဖန် ရက်စက်ကြမ်းကြုတ်သူ တစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သူမ သူ့ကို တစ်ခါမှ မတွေ့ဖူး သော်လည်း၊ သတင်းအမျိုးမျိုး မှ သူမ ကြားခဲ့ရသည်များက သူ့ကို အနည်းငယ် နားလည် ရန် လုံလောက်စေသည်။

ဒီစကားကို ကြားသောအခါ အံ့ဖွယ် သုံးပါး နတ်သမီး အနည်းငယ် ပြုံးလိုက်မိသည်။

သူမ၏ ဖြူဖျော့သော မျက်နှာ ပေါ်တွင် နူးညံ့မှု အရိပ်အမြွက် ပေါ်လာခဲ့ပြီး သူမ ရှေ့မှ နန်းဝတ်စုံဝတ် မိန်းကလေး၏ မေးစေ့ကို ညင်သာစွာ ကိုင်လိုက်ပြီး သူမ၏ ပြစ်မျိုးမှည့်မထင်၊ လှပသော မျက်နှာ ကို ကြည့်ကာ ပြောလိုက်သည်-

“အင်း၊ ငါ့ရဲ့ ချစ်ရတဲ့ တပည့်မလေး”။

“ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေး ပိုပြီး ယုံကြည်မှု ထားပါ၊ ရမလား”

“မင်းလို မျက်နှာမျိုး နဲ့ဆိုရင်၊ မင်းရဲ့ သခင် ဖြစ်တဲ့ ငါတောင်မှ ဆွဲဆောင်မှုမခံရပဲ မနေနိုင်ဘူး၊ ယောကျ်ားတစ်ယောက်ဆို ပိုဆိုးပေါ့”

အံ့ဖွယ်သုံးပါး နတ်သမီးက အနည်းငယ် ခေါင်းခါလိုက်သည်။

သူမက ညင်သာစွာ လက်လှမ်းပြီး ကျင်းပင်းအာ ၏ ဖရိုဖရဲ ဆံပင် များကို နားနောက်သို့ သပ်တင် ပေးလိုက်သည်၊ ထို့နောက် သူမ ရှေ့မှ ပြစ်မျိုးမှည့်မထင်၊ ကျောက်စိမ်းကဲ့သို့ လှပသော အလှတရား ကို ကြည့်ရင်းတိတ်တဆိတ် အံ့ဩနေခဲ့သည်။

သေချာကြည့်လိုက်လျှင်။

ထိုမိန်းကလေးက ရင်သား မြင့် ယူချွမ်၀တ်စုံကို ဝတ်ဆင်ထားကာ အဖြူရောင်စကတ် ပေါ်တွင် ရွှေဖဲကြိုးထိုးထားလေသည်။

ဝတ်စုံတစ်ခုလုံးကို ရွှေရောင်နှင့်အဖြူရောင် ဖြင့် ဖန်တီးထားသည်၊ သူမ၏ အနည်းငယ် မြင့်တက်နေသော ရင်သားက အတော်လေး ပြည့်ဖြိုး နေပြီး၊ ယူချွမ်ကို ေလျှာမကျ စေရန် ထိန်းထားလေသည်။ သူမက အပြစ်ကင်း ပုံရသော်လည်း၊ ဆွဲဆောင်မှု အပြည့် ရှိနေခဲ့သည်။

ထိုမိန်းကလေး၏ မျက်နှာသွင်ပြင်က လှပ ပြီး ပြစ်မျိုးမှည့်မထင် ဖြစ်သည်။ သူမ၏ နက်မှောင်သော မျက်ခုံးများက ဝေးကွာသော တောင်များ ကဲ့သို့ ဖြစ်ကာ သူမကို နူးညံ့သော ချစ်ခင်ချင်စဖွယ် ပုံပန်းကို ပေးစွမ်းလေသည်၊ ပြီးတော့ သူမ၏ နှုတ်ခမ်းထောင့်များတွင် မှုန်ဝါးသော အပြုံးတစ်ခုက ရိပ်ရပ်လေးပေါ်နေလေသည်။

သူမ၏ အနက်ရောင် ဆံပင်က သူမ၏ ပခုံးများပေါ်သို့ ညင်သာစွာ ကျဆင်းနေပြီး သူမ၏ မျက်လုံးများက စိုစွတ်ကာ ဆွဲဆောင်မှု အပြည့် ရှိနေသည်။

ကျင်းပင်းအာက ဟဲဟွမ် ဂိုဏ်း ၏ မကောင်းသော နည်းလမ်းများကို ကျင့်ကြံခြင်း မပြုလုပ်ခဲ့သော်လည်း သူမသည် ဆွဲဆောင်မှုပညာကို ကျင့်ကြံ ခဲ့ပြီး၊ သူမ၏ ရုပ်ရည်နှင့် ပေါင်းစပ် လိုက်သောအခါ၊ သူမက သိမ်မွေ့ကာ၊ ဆွဲဆောင်မှုရှိသော အရှိန်အဝါ တစ်ခုကို စဉ်ဆက်မပြတ် ထုတ်လွှတ် နေသည်။

ဒါဟာ လူတွေရဲ့ နှလုံးသား ကို ယားယံ စေလေသည်။

“ငါ မြင်တာက နတ်ဆိုးဘုရင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်မလေး ပီယောက်က ဂျီချန်ဖုန်းနဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေး ရှိပုံရတယ်။ သူမတောင်မှ သူ့နဲ့ ပတ်သက် နိုင်ရင်၊ မင်း ဘာကို ပူပန် ရမလဲ”

“ငါ့ရဲ့ ကျင်းပင်းအာက ဘယ်သူ့ထက်မှ မနိမ့် ဘူး”။

အံ့ဖွယ် သုံးပါး နတ်သမီး ညင်သာစွာ ပြုံးသည်။

“ဒါ့အပြင်”

“ငါ မင်းကို သူ့ကို မြူဆွယ် ဖို့ ပြောတာက၊ သူ့ရဲ့ ခံစားချက်တွေကို ကစားဖို့မဟုတ်ဘူး”။

“အာ?” ကျင်းပင်းအာ အနည်းငယ် ကြောင်သွားသည်။

သူမ ရှေ့မှ အံ့ဖွယ်သုံးပါးနတ်သမီးကို စိတ်ရှုပ်ထွေးနေသည့် အကြည့်များဖြင့် ကြည့်ရင်း မေးလိုကါသည်၊ “သခင်၊ သခင့်ရဲ့ ဆိုလိုချင်တာက ဘာလဲ?”

“ဟင်း—“ အံ့ဖွယ် သုံးပါး နတ်သမီး ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူမ လက်လှမ်းပြီး မိန်းကလေး၏ ခေါင်း ကို ဖွဖွလေးပုတ်ကာ ပြောလိုက်သည်။

“မိုက်တဲ့ ကလေး၊ မင်းတစ်သက်လုံး ဒီညစ်ပတ်တဲ့ ဟဲဟွမ် ဂိုဏ်း မှာ နေချင်တာတော့ မဟုတ်ဘူးမလား”

“သခင်၊ သခင်က...”

ကျင်းပင်းအာက အနည်းငယ် ဘာလုပ်ရမှန်း မသိ ဖြစ်နေခဲ့သည်။

အံ့ဖွယ် သုံးပါး နတ်သမီးက ကိုယ့်ဘာသာကိုယ် ဆက်ပြောနေခဲ့သည်- “အခုဆို နတ်ဆိုး လမ်းစဉ်က ကျဆင်း နေပြီ၊ ပြီးတော့ ဖြောင့်မတ်သော လမ်းစဉ်က ထူးချွန်တဲ့ ပါရမီရှင် ဂျိချန်းဖန် ကို ထုတ်ပြ လိုက်ပြီ၊ လောကတစ်ခုလုံးက အနာဂတ်မှာ သေချာပေါက် အထက် လမ်းစဉ် ရဲ့ အထင်ရှားဆုံး ဖြစ်လိမ့်မယ်။ မင်း...”

“မင်းသာ ပျော်ရွှင်သော ပေါင်းစည်းခြင်း ခေါင်းလောင်း ကို ရယူ နိုင်ခဲ့ရင်….”။

“ဒါကြောင့်မလို သူ့နဲ့အတူတူ သွားလိုက်ပါ”။

“ဒါမှမဟုတ် ဟဲဟွမ်ဂိုဏ်း အသစ်တစ်ခုကို တည်ထောင် လိုက်ပါ၊ သန့်ရှင်းတဲ့၊ မညစ်ပတ် တဲ့ ဟဲဟွမ် ဂိုဏ်း ပေါ့”။

ဟဲဟွမ် ဂိုဏ်း ဟာ တကယ်တမ်း နတ်ဆိုးလမ်းစဉ်ဂိုဏ်းတစ်ခု တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။

ရွှေခေါင်းလောင်း သခင်မ ပထမဆုံး တည်ထောင်တုန်းက ဟဲဟွမ် ဂိုဏ်းက ‘ဘဝ တစ်ခု၊ လောက တစ်ခု၊ လူနှစ်ဦး တစ်စုံ’ ဆိုတဲ့ အယူအဆ ကို အမြဲတမ်း စွဲကိုင် ထားခဲ့သည်။ သို့ပေမယ့် ကံမကောင်းစွာ ပဲ...

ဂိုဏ်း ရဲ့ အမွေအနှစ် ပျောက်ဆုံး သွားခြင်းကြောင့်။

ဟဲဟွမ် ဂိုဏ်း ဟာ ‘ယင်ကို ဖြည့်ဖို့ ယန်ကို ရိတ်သိမ်းခြင်း’ ဆိုတဲ့ မကောင်းသော နည်းလမ်း ကို ပြောင်းလဲရန်မှအပ အခြားရွေးချယ်စရာ မရှိခဲ့ပေ။ ထို့ကြောင့် ဂိုဏ်း၏ ဂုဏ်သတင်း ပြင်းထန်စွာ ကျဆင်း သွားခဲ့ပြီး၊ နောက်ဆုံးမှာ နတ်ဆိုး လမ်းစဉ် ရဲ့ ကြီးမြတ်သော ဂိုဏ်း လေးခု ထဲက တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

“အနာဂတ်မှာ၊ မင်း ပျော်ရွှင်သော ပေါင်းစည်းခြင်း ခေါင်းလောင်း ကို ရယူ နိုင်ရင်…၊ ဒါဆိုရင်အမွေအနှစ် ကို ပြန်ယူ ဖို့ ပြန်လာပါ၊ ပြီးရင် နေရာအသစ် တစ်ခုကို ထွက်ပြေး ပြီး ဟဲဟွမ် ဂိုဏ်း အသစ် တစ်ခုကို တည်ထောင် လိုက်ပါ...”

“ဒီ ဟဲဟွမ်ဂိုဏ်းကတော့ ကယ်တင် လို့ မရတော့ဘူး”။

အံ့ဖွယ် သုံးပါး နတ်သမီး ညင်သာစွာ ခေါင်းရမ်းရင်း ပြောလိုက်သည်။

လက်ရှိ ဟဲဟွမ် ဂိုဏ်း တပည့်များက ‘ယင်ကို ဖြည့်ဖို့ ယန်ကို ရိတ်သိမ်းခြင်း’ ဆိုတဲ့ မကောင်းသော နည်းလမ်း ထဲမှာ နှစ်မြှုပ်နေကြပီဖြစ်သည်။ ယခုအချိန်မှာ သူတို့ဆီကို ဖြောင့်မတ်သော ဟဲဟွမ် ကျင့်ကြံမှု နည်းလမ်း ကို တစ်ယောက်ယောက်က ပေးလိုက်ရင်တောင်မှ...

သူတို့က တစ်ချက်တောင်မှ ကြည့်မည်မဟု‌တ်ပေ။

“ကျင်းပင်းအာ၊ မင်းက သူတို့နဲ့မတူဘူး”။

“မင်းရဲ့ ရုပ်ရည် က ထူးခြားတယ်၊ မင်းရဲ့ ပါရမီ က ခြွင်းချက်မရှိ လှပတယ်။ ဖြောင့်မတ်သော နည်းလမ်း ကို ကျင့်ကြံ ရင် သေချာပေါက် လျင်မြန်စွာ တိုးတက် လိမ့်မယ်။ အနာဂတ်မှာ... မင်းက ဖြောင့်မတ်သော လမ်းစဉ် ရဲ့ နတ်သမီး ဖြစ်လိမ့်မယ်၊ နတ်ဆိုး လမ်းစဉ် ရဲ့ နတ်ဆိုးမ မဟုတ်ဘူး။ မကောင်းသော နည်းလမ်းများ ကို ကျင့်ကြံ တာက မင်းကိုသာ ထိခိုက် စေလိမ့်မယ်”။

အံ့ဖွယ်သုံးပါး နတ်သမီးက ညင်သာစွာ ပြောလိုက်သည်။

ဒီစကားကို ကြားသောအခါ ကျင်းပင်းအာ ခေါင်း ငုံ့လိုက်ကာ ဘာလုပ်ရမှန်း မသိသလို ခံစားနေခဲ့ရသည်။

သူမက ဆယ့်ခြောက်၊ဆယ့်ခုနစ် အရွယ် မိန်းကလေး တစ်ဦးသာ ရှိသေးသည်၊ ပြီးတော့ အရာအတော်များများကိုလည်း နားမလည်သေးပေ သို့ပေမယ့်...

သူမ၏သခင် အံ့ဖွယ်သုံးပါးနတ်သမီး ၏ စိုးရိမ်မှုကို သူမ ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

“သခင်၊ ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်” ကျင်းပင်းအာက တည်တည်ကြည်ကြည်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”။

အံ့ဖွယ် သုံးပါး နတ်သမီး ပြုံးပြီး ပြောလိုက်သည်၊ “နောက်ပြီးတော့၊ ဂိုဏ်းအတွင်းက တပည့်တွေကို တိတ်တိတ်နေဖို့ ငါ ညွှန်ကြားလိုက်မယ်။ ရှင်းကျိုးမှာ မင်းက ငါ့ဟဲဟွမ်ဂိုဏ်းရဲ့ တပည့် ဖြစ်တယ်ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ကျန်တာတွေကတော့...”

“မင်း အပေါ် မှာပဲ မူတည်လိမ့်မယ်”။

“ဟုတ်ကဲ့၊ သခင်”။

ကျင်းပင်းအာ ခေါင်းငုံ့သွားကာ အနည်းငယ် စိတ်မကောင်း ဖြစ်နေမိသည်။

သူမ၏ လက်ကလေးများက သူမ၏ ပေါင် နှစ်ဖက်ရှိ စကတ် ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လုံးချေနေလေသည်။ သူမ၏ စိတ်က ရှုပ်ထွေးနေကာ အနာဂတ်တွင် သူမ ဘာတွေ ဖြစ်လာမလဲ ဟု တွေးနေသည်။

သူမ၏ သခင် ၏ စကားများအရ...

သူမက ဂျီချန်ဖုန်း ကို မြူဆွယ် ပြီးတော့ သူနဲ့ ရင်းနှီးဖို့ရာ ကြိုးစားရန် ဖြစ်သည်။ သူကတကယ်တမ်း ဘယ်လိုလူမျိုးလဲ ဆိုတာကိုပါ သူမတွေးနေမိခဲ့သည်။

ထိုသို့နှင့် ကျင်းပင်းအာ၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ပြေးလွှားနေခဲ့သည်။

…

…

နှစ်ပတ်ကြာပြီးနောက်။

တုန်းထျန် တောင်ဘိုးဘေး ခန်းမအတွင်း

ချင်းယွမ် သူရဲကောင်း လေးဦးက ကျောက်စားပွဲ တစ်ခုပတ်လည်တွင် ထိုင်နေကြသည်။

ဂျိချန်းဖန် ကချန်စုန့် ကို အံ့အားသင့်မှု အနည်းငယ်ဖြင့် ကြည့်ပြီး ပြောလိုက်သည်၊ “အစ်ကိုကြီး ချန်စုန့်၊ နှစ်ပတ်ပဲ ရှိသေးတယ်၊ ခင်ဗျား ယုကျင်း ဒုတိယအဆင့်ကို ကျင့်ကြံ ပြီးပြီလား?”

ထိုစကားကို ကြားသောအခါ။

ချန်စုန့် ပြုံးပြီး ခေါင်းခါပြကာ ပြောလိုက်သည်၊ “ယုကျင်း ပထမနဲ့ ဒုတိယအဆင့်က စွမ်းအင် သန့်စင်ခြင်းနဲ့ စွမ်းအင်တွေဆိုတော့ အဲ့တာတွေကို ပြန်လည် ကျင့်ကြံဖို့ အခက်အခဲ မရှိဘူး”။

သူသည် ရှန်ကျင်း ထိပ်သီးနှင့် အတော်လေးနီးစပ် ခဲ့သော ကျင်ကြံသူ တစ်ဦး ဖြစ်ခဲ့ဖူးကာ အခု သူ့ယခင် ကျင့်ကြံမှုကို စွန့်လွှတ်ပြီးနောက် ပြန်လည်ကျင့်ကြံ နေခြင်းဖြစ်သဖြင့် သဘာဝကျကျပင် အချိန်များများ ယူရမည် မဟုတ်ပေ။

တောက်ရွှမ် နတ်ဆရာက သူ၏ မုတ်ဆိတ် ကို ပွတ်သပ်ရင်း ပြောလိုက်သည်၊ “ချန်စုန့် လက်ရှိတိုးတက်မှုကို ကြည့်ရတာ၊ သူ ဆယ်နှစ်အတွင်းမှာ ရှန်ကျင်းအဆင့်ကို ပြန်လည် ကျင့်ကြံ နိုင်လိမ့်မယ်”။

ဝမ်ကျန့်ယီကလည်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

သူက လက်လှမ်းပြီး ချန်စုန့်ရဲ့ပခုံးကို ပုတ်ရင်းပြောလိုက်သည်၊ “ညီငယ်၊ ကောင်းကောင်း ဆက်လုပ်ပါ။ ငါတို့ကျင်းယွမ်ဂိုဏ်းရဲ့ တတိယမြောက် တိုင်ချင်းကျင့်ကြံသူ ဖြစ်ဖို့ ကြိုးစားပါ”။

ထိုစကားကို ကြားသောအခါ ချန်စုန့် အနည်းငယ် စိတ်လှုပ်ရှား သွားသည်။

သို့ပေမယ့် သူကဂျိချန်ဖန်ကို တစ်ချက်ကြည့်ရင်း ပြုံးပြီး ခေါင်းခါကာ ပြောလိုက်သည်၊ “တတိယမြောက် တိုင်ချင်း ကတော့ လက်လှမ်းမမီ နိုင်လောက်ဘူး။ စတုတ္ထမြောက် တိုင်ချင်း ကတော့ ဖြစ်နိုင် သေးတယ်...”

ထိုစကားကြောင့်။

သူတို့ သုံးဦးစလုံး ဂျိချန်ဖန်ကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။

ဝမ်ကျန့်ယီက မေးလိုက်သည်၊ “တပည့်ကောင်းလေး၊ မင်းရဲ့ ကျင့်ကြံမှုက အခုဘယ်လိုလဲ.. တိုင်ချင်းဘုံကို ထိုးဖောက် ဖို့ ဘယ်လောက်ကြာဦးမလဲ”

“ရှန်ချင်းရဲ့ တတိယအဆင့်ပဲ ရှိသေးတယ်လို့ ထင်ပါတယ်” ဂျိချန်းဖန် သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြီး ပြောလိုက်သည်၊ “တိုင်ကျင်းအဆင့်အတွက်လား၊ နှစ်အနည်းငယ် ပဲ ကြာပါလိမ့်မယ်။ ရိုးရိုး တိုင်ကျင်းအဆင့်က ပြောပလောက်တာ မဟုတ်ပါဘူး”။

...” ဝမ်ကျန့်ယီက ပါးစပ်အနည်းငယ် တွန့်သွားခဲ့သည်။

သူ မှတ်မိသလောက်ဆို

ထိုစကားက သူအမြဲတမ်း ပြောတတ်တဲ့စကားမဟုတ်ပေလော။

တောက်ရွှမ်းကတော့ ထိုမြင်ကွင်းကိုကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

ခဏတာ စဉ်းစား ပြီးနောက်၊ သူက အကြောင်းအရာကို ပြောင်းလဲ ပြောလိုက်သည်၊ “အကြီးအကဲရှန် အစောတုန်းက ငါ့ဆီ လာတွေ့သွားတယ်။ သူ...”

“သူခေါင်းဆောင်ရာထူးကနေ နှုတ်ထွက်ချင်တယ်တဲ့”။

“ဟင်”

ဂျိချန်းဖန် နှင့် ကျန်နှစ်ဦးစလုံး အနည်းငယ် ကြောင်အသွားကြသည်။

“အစ်ကိုကြီး၊ ဘာဖြစ်တာလဲ” ဝမ်ကျန့်ယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အင်း—“

တောက်ရွှမ်း သက်ပြင်းချလိုက်မိသည်။

All Chapters