← Chapters

မက်မွန်ကိုင်းကို ကိုင်ဆောင်လျက် လိုဏ်ဂူထဲမှ နတ်ဆိုးသားရဲကို ခုတ်ပိုင်းခြင်း!

Vol. 12 Ch. 118

မက်မွန်ကိုင်းကို ကိုင်ဆောင်လျက် လိုဏ်ဂူထဲမှ နတ်ဆိုးသားရဲကို ခုတ်ပိုင်းခြင်း!

Vol. 12 Ch. 118

“ဂျိချန်းဖန်၊ နင် ဘာလို့ ဒီရောက်နေတာလဲ”

ပိယောင် သူမရှေ့မှ လူငယ်လေးကို ကြည့်ကာ ပျော်ရွှင်စွာ မေးလိုက်သည်။

သူမ မသိလိုက်ဘဲ မတ်တပ်ရပ်မိသွားပြီး တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။

ကြည့်လိုက်လျှင် အဖြူရောင်ဝတ် လူငယ်လေး၏ ပုံရိပ်သည် မြင့်မားဖြောင့်တန်းနေပြီး ခါးတွင် သာမန်မှော်ဓားတစ်လက် ချိတ်ဆွဲထားကာ သူ၏ ခန့်ညားသော မျက်နှာတစ်ဝက်ကို ကောက်ရိုးဦးထုပ်ဖြင့် ဖုံးအုပ်ထားသော်လည်း သူ၏ နက်နဲသော မျက်ဝန်းများထဲတွင် ထက်ရှသော ဓားဆန္ဒ အရိပ်အမြွက်တစ်ခု လက်ခနဲ ဖြစ်သွားသည်...

ပိယောင် ထိုလူငယ်လေးထံသို့ လျှောက်သွားရန် ပြင်လိုက်စဉ်မှာပင်၊

ဂျိချန်းဖန်က ဦးအောင် လှမ်းလာပြီး သူတို့နှစ်ဦးရှိရာ စားပွဲဝိုင်းဆီသို့ ရောက်ရှိလာသည်။

“ဖယ်စမ်း”

ဂျိချန်းဖန် အဒေါ်ယို၏ မလှမ်းမကမ်းတွင်ရှိနေသော နတ်ဆိုးဘုရင်ဂိုဏ်းသားတစ်ဦးကို ပေါ့ပေါ့ပါးပါး တွန်းဖယ်လိုက်ရာ ထိုဂိုဏ်းသားမှာ တုန်လှုပ်စွာဖြင့် မတ်တပ်ရပ်လိုက်ရသည်။

မတတ်နိုင်ပေ။

ကျင်းယွမ်ဂိုဏ်းမှ ဂျိချန်းဖန်၏ နာမည်ကျော်ကြားမှုကို ဘယ်သူက မသိဘဲနေမည်နည်း။

နတ်ဆိုးဂိုဏ်းလောကတစ်ခုလုံးတွင် ဒီနာမည်ကို မသိသူမရှိပေ။

သူသည် သက်ရှည်ခန်းမ ၏ ဂိုဏ်းချုပ် ယွီယန်ဇီကို တစ်ဦးတည်း သတ်ဖြတ်ခဲ့သော ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်!

*သူ့ကို သွားမစနဲ့၊ သွားမစနဲ့!*

ဂျိချန်းဖန် အဒေါ်ယို၏ ဘေးတွင် ရဲရဲတင်းတင်းပင် ဝင်ထိုင်လိုက်ပြီးနောက် ရှင်းပြလိုက်သည်။

“ငါ တောင်ပေါ်မှာ နေရတာ ငြီးငွေ့လာလို့ အောက်ဆင်းပြီး လျှောက်သွားမလို့လေ။ နင်တို့ကော? ဘာလို့ ဒီ ရှောင်ချီမြို့လေးကို ရုတ်တရက် ရောက်လာရတာလဲ”

အဒေါ်ယို နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်မိသည်။

သူမ၏ တောက်ပသော ကြယ်မျက်လုံးများက ဘေးနားရှိ လူငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင် နှုတ်ဆိတ်နေလိုက်သည်။

ပိယောင် ပြုံးလျက် ပြောလိုက်သည် “ရှောင်ချီမြို့လေးမှာ နတ်ဆိုးသားရဲ တစ်ကောင် ရှိတယ်လို့ ကြားမိလို့ ငါတို့ အထူးတလည် လာကြည့်တာ”

ဂျိချန်းဖန် သဘောပေါက်သွားသလို ခေါင်းညိတ်ပြီး ပြောလိုက်သည် “နင်တို့ နတ်ဆိုးဘုရင်ဂိုဏ်းက နတ်ဆိုးသားရဲ အမြုတေ တွေကို လိုက်စုနေတာလား ဘာလဲ... ဆေးဖော်မလို့လား”

သူ တဲ့တိုးပင် မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ပိယောင် သူ့ကို ဘာမှ ဖုံးကွယ်ထားမည် မဟုတ်ကြောင်းနှင့် သူ မေးလိုက်သည်နှင့် ပိယောင် အမှန်အတိုင်း ပြောပြလိမ့်မည်ဟု ခံစားမိသောကြောင့်ပင်...

ထင်ထားသည့်အတိုင်းပင်

ပိယောင် ချက်ချင်း ပြောပြလိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်။ ငါ့အဖေ ဖမ်းမိထားတဲ့ နတ်ဆိုးသားရဲ‌ေကွ့နျူမှာ မူလစွမ်းအင်နဲ့ သွေးဓာတ်တွေ လျော့နည်းနေလို့လေ၊ ဒါကြောင့် သူ့ရဲ့ စွမ်းအင်နဲ့ သွေးဓာတ်ကို ပြန်ဖြည့်ပေးမယ့် ဆေးလုံးတွေ ဖော်စပ်ဖို့ စွမ်းအင်ဆေးမြစ်တွေနဲ့ နတ်ဆိုးသားရဲ အမြုတေတွေကို လိုက်ရှာနေတာ”

“ယောက်အာ!” အဒေါ်ယိုက လှမ်းဟန့်လိုက်သည်။

သူမသည် ဘေးနားရှိ အစိမ်းရောင်ဝတ် မိန်းကလေးငယ်ကို စိုက်ကြည့်လိုက်သည်မှာ ‘ဒီလောက် အရေးကြီးတဲ့ ကိစ္စ အပြင်လူတစ်ယောက်ကို ဘယ်လိုလုပ် ပြောပြလိုက်ရတာလဲ’ ဟု ဆိုလိုနေသယောင်ပင်။

“အို... ရပါတယ် အဒေါ်ယိုရာ” ပိယောင် ပြုံးလျက် ပြောလိုက်သည်။ “ဂျိချန်းဖန် သိလည်း ကိစ္စမရှိပါဘူး”

ဘာပဲဖြစ်ဖြစ် သူက ‘နတ်ဆိုးဝိညာဉ်လေးပါး အစီအရင်’ အကြောင်းမှ မသိတာပဲလေ။

‘ဒါ တိုက်ဆိုင်မှု မဟုတ်ဘူးလား။ ငါ အကုန်သိတယ်’ — ဂျီချန်ဖုန်း စိတ်ထဲတွင် တွေးလိုက်ပြီး စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဪ... အဲဒီလိုလား”

ယခင်က ဖြစ်ပွားခဲ့သော ဖြောင့်မတ်ခြင်းနှင့် နတ်ဆိုး တိုက်ပွဲတွင် နတ်ဆိုးဘုရင် ဝမ်ရန်ဝမ် သည် ဖူလုံအိုး ကို ကိုင်ဆောင်ကာ တောက်ရွှမ်း၏ ဓားချက်ကို တစ်ကိုယ်တော် ခုခံခဲ့သည်။ ဒါကြောင့် သူ ကွေ့နျူရဲ့ စွမ်းအင်နဲ့ သွေးဓာတ်တွေကို စုပ်ယူလိုက်တာပေါ့?

အဲဒီတုန်းက နတ်ဆိုးဘုရင် ဘာလို့ ဒီလောက် ကြမ်းနေရတာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။

ဆေးစွမ်းနဲ့ ဖြစ်နေတာကိုး။

“နင်တို့ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ ရှောင်ချီမြို့လေးက နတ်ဆိုးသားရဲ ဘယ်မှာ ပုန်းနေလဲဆိုတာ သိပြီးပြီလား။ ငါလည်း ဒီသတင်းကို အခုလေးတင် ကြားပြီး သွားရှင်းပစ်မလို့ စီစဉ်နေတာ”

ဂျိချန်းဖန် တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားကို ကြားသော် ပိယောင် ပြုံးလျက် ပြောလိုက်သည်။ “ငါတို့လည်း ရှောင်ချီမြို့လေးကို ရောက်တာ သိပ်မကြာသေးပါဘူး၊ သွားမကြည့်ခင် အရင်စားသောက်မလို့ ပြင်နေတာ။ အဲဒီ နတ်ဆိုးသားရဲ ပုန်းနေတဲ့ နေရာအတွက်ကတော့...”

“ငါ လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်”

“ဘာမှ မလွဲချော်ဘူးဆိုရင် အဲဒီ ကျောက်နက်လိုဏ်ဂူ ထဲမှာ ရှိနေလောက်တယ်”

“ကျောက်နက်လိုဏ်ဂူ?”

ဂျီချန်ဖုန်း ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏ အကြည့်တို့က ပိယောင်အပေါ် ဖြတ်သန်းသွားကာ မေးလိုက်သည်။ “ငါ အဲဒီ နတ်ဆိုးသားရဲကို သွားရှင်းပစ်မလို့။ နင်တို့နှစ်ယောက် ငါနဲ့အတူ လိုက်မလား”

သူ အဒေါ်ယိုကို တမင်တကာ မမေးခဲ့ပေ။

ဘာလို့လဲဆိုတော့ မေးလည်း အလကားပင်။

ဘာပဲဖြစ်ဖြစ် ပိယောင် သွားရင် သူမလည်း သေချာပေါက် လိုက်မှာပဲလေ။

“လိုက်လို့ရလား” ပိယောင် မျက်လုံးလေး ကလည်ကလည် ဖြစ်သွားသည်။

“ဒါပေါ့၊ ရတာပေါ့” ဂျိချန်းဖန် ခေါင်းညိတ်ပြလိုက်သည်။

ဒီတစ်ခေါက် သူ တစ်ယောက်တည်းမို့လို့ စိုးရိမ်စရာ ဘာမှမရှိပေ။

“ဟေး! ဒါဆို အတူတူ သွားကြည့်ကြတာပေါ့”

စကားဆုံးသည်နှင့် ပိယောင်က အဒေါ်ယိုကို အတင်းဆွဲထူလိုက်ရာ ဂျိချန်းဖန် ကြောင်အသွားသည်။

“အရင် မစားတော့ဘူးလား”

“ပြန်လာမှ စားတော့မယ်!” ပိယောင်က စိတ်မရှည်စွာ ပြောလိုက်သည်။ “မြန်မြန်... သွားကြမယ်!”

ထို့နောက် သူမသည် ရှိနေသော နတ်ဆိုးဘုရင်ဂိုဏ်းသားများကို တစ်ချက်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။ “နင်တို့ ဒီမှာပဲ စောင့်နေကြ”

တစ်ခဏချင်းမှာပင် နတ်ဆိုးဘုရင်ဂိုဏ်း ဂိုဏ်းသူ‌ေတာ်စင်၏ အာဏာစက် အပြည့်အဝ ပေါ်လွင်လာသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ။

ဂျိချန်းဖန် ကူရာမဲ့စွာ ခေါင်းခါလိုက်သည်။

သူလည်း မတတ်သာဘဲ ဖြည်းညင်းစွာ ထရပ်ကာ ပိယောင်နှင့် အဒေါ်ယိုတို့နောက်မှ လိုက်ပါ၍ တည်းခိုခန်းထဲမှ ထွက်လာခဲ့သည်။ ကျန်ရစ်ခဲ့သော နတ်ဆိုးဘုရင်ဂိုဏ်းသားများမှာမူ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကျန်နေရစ်ခဲ့ကြသည်။

သူတို့ သုံးဦးသား ရှောင်ချီမြို့လေးမှ ထွက်ခွာလာကြသည်။

မြို့ပြင်ရှိ ကျောက်နက်လိုဏ်ဂူဆီသို့ လျှောက်လှမ်းလာကြပြီး ခဏအကြာတွင် တောအုပ်ငယ်တစ်ခု အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

“ဟမ်?”

ဂျိချန်းဖန်၏ အကြည့်များ ဝေ့ဝဲသွားသည်။

တောအုပ်ထဲမှ ပူပြင်းသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သူ စဉ်းစားဟန်ဖြင့် တွေးလိုက်သည်။ “မီးဓာတ်သဘာဝရှိတဲ့ ချီယန် စပါးအုံးမြွေ ဖြစ်နေတာလား။ ငါက တခြား နတ်ဆိုးသားရဲများလားလို့ ထင်နေတာ”

ကျောက်နက်လိုဏ်ဂူ အတွင်းပိုင်းတွင် မြေအောက် မီးတောင်ချော်ရည်ကန် ရှိပြီး မီးဓာတ်သဘာဝ မူလစွမ်းအင်များ အလွန် ကြွယ်ဝသောကြောင့် မီးဓာတ်နှင့် ကိုက်ညီသော နတ်ဆိုးသားရဲအချို့ လာရောက် ခိုအောင်းတတ်သည်မှာ အမှန်ပင်ဖြစ်သည်။

သူတို့ သုံးဦးသား တောအုပ်ထဲသို့ ဝင်ရောက်လာကြသည်။

လမ်းတစ်ဝက်တွင် သင်းပျံ့သော ပန်းရနံ့များ ထုတ်လွှတ်နေသည့် မက်မွန်ပန်းပင် တစ်ပင်နားမှ ဖြတ်သန်းသွားကြသည်။

ဂျိချန်းဖန် ခဏတာ စဉ်းစားလိုက်သည်။

ထို့နောက် ပိယောင်နှင့် အဒေါ်ယိုတို့၏ နားမလည်နိုင်သော အကြည့်များအောက်တွင် သူသည် မက်မွန်ပင်မှ အခက်တစ်ခက်ကို ဖြည်းညင်းစွာ ချိုးယူလိုက်သည်။

“သွားကြစို့”

“ဝင်ပြီး ရှင်းပစ်ကြရအောင်”

ဂျိချန်းဖန် ကျောက်နက်လိုဏ်ဂူဆီသို့ ဦးဆောင် လျှောက်သွားလိုက်သည်။

ဒီမြင်ကွင်းကို မြင်တော့

ပိယောင်နှင့် အဒေါ်ယိုတို့ အနည်းငယ် နားမလည်နိုင် ဖြစ်သွားကြသည်။

ဘာလို့ မက်မွန်ကိုင်းကို ချိုးယူလိုက်တာလဲ။

မိန်းကလေးနှစ်ဦး နားမလည်နိုင် ဖြစ်နေသော်လည်း ဂျိချန်းဖန်နောက်သို့ လိုက်ပါ ဝင်ရောက်သွားကြသည်။

သူတို့ သုံးဦးသား ကျောက်နက်လိုဏ်ဂူ ထဲသို့ ရောက်ရှိလာကြသည်။

“ရှူး—“

နောက်တစ်ခဏတွင် အလွန် ပူပြင်းသော အငွေ့အသက်တစ်ခု သူတို့ဆီသို့ တိုးဝင်လာပြီး တိုးညှင်းသော မြွေသံသဲ့သဲ့ကိုပါ ယဲ့ယဲ့လေး ကြားလိုက်ရသည်။

“ရှူး ရှူး~”

ထိုအသံထဲတွင် သတိပေးသည့် အရိပ်အယောင်များ ပါဝင်နေသည်။

နတ်ဆိုးသားရဲတိုင်းတွင် ကိုယ်ပိုင် နယ်မြေအသိစိတ် ရှိကြပြီး သူတို့၏ နယ်မြေထဲသို့ ခြေချလာသော မည်သည့် သတ္တဝါကိုမဆို ရန်စခြင်းဟု မှတ်ယူလေ့ရှိကြသည်...

“မြွေ အမျိုးအစား နတ်ဆိုးသားရဲလား”

ပိယောင်သည် သူမရှေ့မှ ကျောက်နက်လိုဏ်ဂူကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။

ဘေးနားရှိ အဒေါ်ယိုမှာမူ ခံစားချက်ကင်းမဲ့နေပြီး သူမ၏ ကြယ်မျက်လုံးများမှာ တည်ငြိမ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးမှာမူ တစ်ချိန်ချိန်ကတည်းက လေထုထဲတွင် ပေါ်လွင်နေခဲ့ပြီဖြစ်သည်။

သူမ...

ခုနကမှ သူမ၏ မျက်နှာဖုံးပုဝါကို ချွတ်လိုက်ခြင်းဖြစ်သည်။

ဂျိချန်းဖန်သည် ကျောက်နက်လိုဏ်ဂူထဲမှ မြွေနတ်ဆိုးသားရဲကို လျစ်လျူရှုထားလိုက်သည်။

သူ၏ အကြည့်များက ဘေးနားရှိ အဒေါ်ယိုအပေါ် စိတ်ဝင်တစားဖြင့် ရစ်ဝဲနေပြီး သူမ၏ အပြစ်အနာအဆာကင်းသော ချောမောလှပသည့် မျက်နှာလေးပေါ်တွင် ခဏတာမျှ စိုက်ကြည့်နေမိသည်။

“ဘာကြည့်နေတာလဲ” အဒေါ်ယို မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူမ၏ နူးညံ့သော မျက်နှာထက်တွင် စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင်များ ပေါ်လာသည်။

သူမ ဒီနေရာတွင် အနည်းငယ် ပူအိုက်သည်ဟု ခံစားရသောကြောင့် မျက်နှာဖုံးကို ချွတ်လိုက်ခြင်း ဖြစ်သည်။

ဘာလဲ?

ပြဿနာ ရှိလို့လား?

ဂျိချန်းဖန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရှေ့မှ ကျောက်နက်လိုဏ်ဂူကို ကြည့်လိုက်သည်။

“ရှူး—“

မြွေသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ကြီးမားသော သတ္တဝါကြီးတစ်ကောင် အမှောင်ထုထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာပြီး ၎င်း၏ တကယ့်ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြသလိုက်သည်ကို တွေ့လိုက်ရသည်။

၎င်း၏ ကိုယ်ခန္ဓာမှာ လေးငါးကျန့်ခန့် ရှည်လျားပြီး တစ်ကျန့်ခန့် ကျယ်ဝန်းကာ ‘ချီယန်’အစင်းကြောင်းများက ဖုံးလွှမ်းထားသည်။ (ကျန့်=တရုတ်အတိုင်းအတာယူနစ်)

တစ်ကိုယ်လုံးမှ အလွန် ပူပြင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

ချီယန် စပါးအုံးမြွေကြီးသည် ၎င်း၏ လျှာကို ဖြည်းညင်းစွာ ထုတ်လိုက်သည်။

၎င်း၏ ဖျော့တော့သော ရွှေရောင် မြွေမျက်လုံးတစ်စုံက ရှေ့မှ ဂျိချန်းဖန်နှင့် မိန်းကလေးနှစ်ဦးကို စူးစိုက်ကြည့်နေပြီး အမြီးကို မရပ်မနား ယမ်းခါကာ တိုက်ခိုက်မှုမပြုလုပ်မီ သတိပေးချက် ထုတ်ပြန်လိုက်၏။

All Chapters