← Chapters

လျိုလောင်ကွေ့သည် စာအိတ်ကိုကြည့်လိုက်ရာ ဦးခေါင်း‌တွင် မီးကြာပန်းနှင့် ဇာမဏီငှက်တံဆိပ်ကို မြင်တွေ့လိုက်ရသည်။

Vol. 36 Ch. 465

လျိုလောင်ကွေ့သည် စာအိတ်ကိုကြည့်လိုက်ရာ ဦးခေါင်း‌တွင် မီးကြာပန်းနှင့် ဇာမဏီငှက်တံဆိပ်ကို မြင်တွေ့လိုက်ရသည်။

Vol. 36 Ch. 465

“အမတငှက်ပဲ!”

လျိုလောင်ကွေ့မှ အံ့အားသင့်စွာ ပြောသည်။ ချန်ကျဲ့ မေးလိုက်သည်။

“ခေါင်းဆောင်လျို ဒီအမှတ်သင်္ကေတက ဘာကိုကိုယ်စားပြုတာပါလဲ”

လျိုလောင်ကွေ့မှ ပြောသည်။

“မီးကြာပန်းအမှတ်အသားက မိန်ဂိုဏ်းရဲ့ အမှတ်သင်္ကေတပဲ။ မိန်ဂိုဏ်းဆက်ခံသူနဲ့ သူတော်စင်ကြီးနှစ်ပါးအပြင် ဓမ္မရာဇာလေးပါးလည်း အဲဒီအမှတ်သင်္ေကတကို သုံးကြတယ်”

“ဓမ္မရာဇာ‌လေးပါး?”

လျိုလောင်ကွေ့မှ ခပ်ဖျော့ဖျော့ ခေါင်းညိတ်၏။

“သိုင်းလောကကို ကိုင်လှုပ်တဲ့ ပင်လယ်နဂါးဖန်းကောကျန်း၊ မြေပြန့်လွင်ပြင်ကို သိမ်းပိုက်တဲ့ တောင်ဆင်းကျားတုဇွင်းသောက်၊ အလယ်ပိုင်းမှာ ကြံစည်တဲ့ ဆရာကြီး သောကျစ်ဟူကွမ်း၊ အရပ်မျက်နှာအနှံ့ ဟစ်ကြွေးတဲ့ အမတငှက် ဟန်မြောင်ကျန်းတဲ့”

“ဒီသင်္ကေတက ဓမ္မရာဇာလေးပါးထဲက တစ်ပါးဖြစ်တဲ့ အမတငှက်ဟန်မြောင်ရှန်းရဲ့ အမှတ်သင်္ကေတပဲ”

ထိုအခါ ချန်ကျဲ့သည် ထိုလူများမှာ အတော်လေး ခမ်းနားသည်ဟု တွေးမိသဖြင့် တံတွေးမြိုချမိရသည်။

ထိုစဉ် လျိုလောင်ကွေ့သည် စာအိတ်ထဲမှ စာကို ထုတ်ဖတ်လိုက်သည်။

[ကုန်ပစ္စည်းတွေမှာ ပြဿနာရှိတယ်၊ အရင်းအမြစ်ကို လိုက်၊ သတ်ပစ်]

လျိုလောင်ကွေ့ တိတ်ဆိတ်သွား၏။

လတ်စသတ်တော့ ဒါကြောင့်ကိုး၊ ဒီလိုဖြစ်နေခဲ့တာပဲ။

မိမိ၏ မိသားစု၏ အကျင့်ပျက်မှုမှာ တကယ့်ကို ရဲတင်းလွန်းပြီး အဆင်အခြင်မဲ့လွန်းသည်။

မိန်ဂိုဏ်းနဲ့ လျှို့ဝှက်ဆက်ဆံရဲတဲ့အပြင် ကုန်ပစ္စည်းတောင်မှ ရောင်းချရဲတယ်။ အသတ်ခံရတာ မဆန်းတော့ပါဘူး။

လျိုလောင်ကွေ့သည် ချန်ကျဲ့ကို လှည့်ကြည့်လိုက်ရာ ချန်ကျဲ့၏ စိတ်ရှုပ်ထွေးနေသည့် ပုံစံကို မြင်သောကြောင့် သက်ပြင်းချလိုက်သည်။

“မင်း တွေးမရဖြစ်နေတယ်မလား? ငါ မင်းကိုပြောပြမယ်…”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော့်ကို နားလည်အောင် ရှင်းပြပေးတဲ့အတွက် ခေါင်းဆောင်လျိုကို ကျေးဇူးတင်ပါတယ်”

လျိုလောင်ကွေ့ သက်ပြင်းချလိုက်ပြီး ပြောသည်။

“တကယ်တော့ ဒီကိစ္စက ငါ့အမှားပါ…”

နောက်ဆုံးတစ်ကြိမ်က ကျန်းချွမ်၏ သံသတ္တုများကို တရားမဝင်ရောင်းချမှု ပေါ်ပေါက်ပြီးချိန်မှ စတင်၍ မျန့်ရွှေစီရင်စုအတွင်း သံသတ္တုများ ပမာဏအများအပြား ကုန်သွယ်ခြင်းကို ရပ်နားထားသည်။ မိန်ဂိုဏ်းသည် မျန့်ရွှေစီရင်စုအတွင်းမှ စီမံခန့်ခွဲမှုများပြုလုပ်ခြင်းရှိလေရာ လက်နက်များကို လိုအပ်နေခဲ့သည်။

မြောက်ပိုင်းဒေသ၏ မိန်ဂိုဏ်းသည် ပုန်ကန်မှုကြီးကို လုပ်ဆောင်နေသည်ဖြစ်ရာ လက်နက်များ အမြဲလိုလို လိုအပ်၏။ မျန့်ရွှေစီရင်စု၏ သံသတ္တုတွင်းများသည် ရေကြောင်းလမ်းအရ မြောက်ပိုင်းဒေသနှင့် နီးသောကြောင့် မြောက်ပိုင်းဒေသကို လက်နက်ထောက်ပံ့ရန် သင့်တော်သည်။ ကုန်ပစ္စည်းများ ရရှိနိုင်သ၍ ရေလမ်းကြောင်းကို အသုံးပြုကာ မြောက်ပိုင်းဒေသရှိ သူပုန်စစ်တပ်ကို လက်နက်ထောက်ပံ့ပေးနိုင်သည်။

အခြားဒေသများမှ သံသတ္တုသယ်ယူပို့ဆောင်ပါက အခက်အခဲ အလွန််များပြား၏။ သာ့ချန်စစ်တပ်မှ စီစဉ်ထားသော ဂိတ်များစွာလည်း ရှိိနေရာ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်သည်လည်း အလွန်များပြားသွားနိုင်သည်။

ထို့ကြောင့် မိန်ဂိုဏ်း၏အထက်လူကြီးများသည် မျန့်ရွှေစီရင်စုအတွင်းရှိ မိန်ဂိုဏ်းသားများအား နည်းလမ်းရှာဖွေ၍ သံသတ္တုများကို ဝယ်ယူကာ မြောက်ပိုင်းဒေသကို ထောက်ပံ့ပေးစေသည်။

ငါးဖမ်းကုန်သည်အဖွဲ့သည် သံကြွပ်တစ်စတလေသော်မျှ မရောင်းချလေရာ မိန်ဂိုဏ်းသည် ချောင်ကုန်သည်အဖွဲ့ကိုသာ မျှော်လင့်ချက်ထားရတော့သည်။

သို့ဖြင့် မိန်ဂိုဏ်းသည် လျိုစုန့်ကို မျက်စိကျသွားခဲ့သည်။

သခင်လေးလျိုစုန့်သည် ယီးဟုန်ဂေဟာသို့ မကြာခဏ သွားလာလေ့ရှိပြီး သူ၏ဖခင်သည် သူ့အား ဟိုဟာမလုပ်ခိုင်း၊ သည်ဟာမလုပ်ခိုင်း စသဖြင့် မကျေမနပ် ညည်းတွားပြောဆိုလေ့ရှိသည်။ သခင်လေးလျိုစုန့်သည် သူ၏ဖခင်မှ သူ့ကို အထင်ကြီးသွားစေရန်အတွက် တစ်စုံတစ်ရာလုပ်ဆောင်ရန် အလွန်တရာ စိတ်အားထက်သန်နေခဲ့သည်။

၎င်းသတင်းသည် မိန််ဂိုဏ်းသို့ တစ်နည်းနည်းဖြင့် ရောက်သွားခဲ့ပြီး မကြာမီတွင် လူတစ်ယောက်မှ လျိုစုန့်ကို ဆက်သွယ်လာသည်။ ထိုလူသည် သံကြွပ်တစ်သုတ်ကို စျေးကွက်ပေါက်စျေးထက် ၃၀ရာခိုင်နှုန်း စျေးပိုပေးမည်ဖြစ်သောကြောင့် ရောင်းချပေးပါရန် လျိုစုန့်ကို အကူအညီတောင်းခဲ့သည်။

မူလက လျိုစုန့်သည် ငြင်းဆန်ခဲ့၏။ သို့သော် အချိန်အတော်ကြာ အချိုသပ်ပြောဆိုခြင်းနှင့် ဖြားယောင်းပြောဆိုသည့် စကားများအောက်၌ လျိုစုန့်၏ ဖခင််ဖြစ်သူ အသိအမှတ်ပြုလာအောင် အောင်မြင်မှုတစ်ခုရယူလိုစိတ်သည် ထကြွလာခဲ့သည်။ သို့ဖြင့် လျိုစုန့်သည် တဖြည်းဖြည်းနှင့် မိန်ဂိုဏ်းကို စတင်၍ သံကြွပ်များ ထောက်ပံ့ပေးလာခဲ့သည်။

အစပိုင်းတွင် လျိုစုန့်သည် အရည်အသွေးကောင်းသည့် သံများကို ရောင်းချခဲ့သည်။

မိန်ဂိုဏ်းသည်လည်း အသင့်တော်ဆုံးသော စျေးနှုန်းဖြင့် ဝယ်ယူခဲ့သည်။ အကြိမ်အနည်းငယ်မျှ အပေးအယူလုပ်အပြီးတွင် အချင်းချင်းယုံကြည်မှုရှိလာကြသည်။

ထို့နောက်တွင် မိန်ဂိုဏ်းသည် ပမာဏများများ မှာယူခဲ့သည်။ ထိုအခါ လျိုစုန့်တွင် အကြံကောင်းတစ်ခု ပေါ်လာ၏။

သူတို့က ပမာဏအများကြီး မှာယူတယ်ဆိုတော့ အရည်အသွေးညံ့တာတချို့ ရောထည့်လို့ ရလောက်မှာပဲ။

သို့ဖြင့် လျိုစုန့်သည် သံတိုသံစများ အများအပြား ရောထည့်ခဲ့သည်။

ယခင်ကလည်း ဖော်ပြခဲ့ဖူးပါသည်။ သံကြွပ်သည် အပြင်ဘက်တွင် အပြစ်အနာအဆာကင်းပုံပေါ်သော်ငြား ကြွပ်ဆတ်ကာ ကျိုးပဲ့လွယ်သည့် သံတစ်မျိုး ဖြစ်သည်။

ထိုသို့သံအမျိုးအစားသည် လက်နက်များပြုလုပ်ရန်အတွက် မသင့်တော်ပေ။ ကောင်စုတ်လေးလျိုစုန့်သည် အလွန်စဉ်းလဲ၏– ချောင်ကုန်သည်အဖွဲ့၏ လွန်ခဲ့သည်၁၀နှစ်အတွင်း စုပုံနေခဲ့သည် သံတိုသံစအားလုံးကို မိန်ဂိုဏ်းအား ရောင်းပစ်လိုက်လေသည်။

ထိုနည်းလမ်းဖြင့် လျိုစုန့်သည် ချောင်ကုန်သည်အဖွဲ့အတွက် အကျိုးအမြတ်များစွာ ရှာဖွေနိုင်ခဲ့ပြီး လျိုလောင်ကွေ့ရှေ့တွင် အတော််လေး မျက်နှာရခဲ့သည်။

မိန်ဂိုဏ်းမှာမူ အလွန်နာခံတတ်ဟန်သော သခင်လေးသည် ဤသို့ မရိုးဖြောင့်သည့်လုပ်ရပ်မျိုးကို လုပ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

မိန်ဂိုဏ်းသည် အလွန်အမင်း အံ့ဩသင့်သွားခဲ့ရသည်။

သို့သော် မိန်ဂိုဏ်းသည် ဆုံးရှုံးမှုများအတွက် ဒီတိုင်းလွှတ်ပေးလိုက်ပါမည်လော?

လျိုစုန့်၏လုပ်ရပ်ကို သိလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့သည် လုပ်ကြံသတ်ဖြတ်ရေးအမိန့်ကို ချက်ချင်း ထုတ်ပြန်ခဲ့သည်။ သို့ဖြင့် ယနေ့အဖြစ်အပျက်ကြီး ဖြစ်ပွားခဲ့ရသည်။

လျိုလောင်ကွေ့သည် မိန်ဂိုဏ်း၏ ဓမ္မရာဇာလေးပါးထဲမှ အမတငှက်၏ အမိန့်စာကို မြင်တွေ့လိုက်သည်နှင့် အဖြစ်အပျက်တစ်ခုလုံးကို ရုတ်ချည်း နားလည်သွားခဲ့သည်။

ဤသည်မှာ ကျားကို မကြောက်သည့် နွားပေါက်တစ်ကောင်၏ ဖြစ်ရပ် ဖြစ်နေခဲ့ပေသည်။ မျန့်ရွှေစီရင်စုတစ်ခုလုံးတွင် လျိုစုန့်သာလျှင် ထိုသို့လုပ်ရပ်မျိုးကို လုပ်ရဲသည်အထိ ရဲတင်းပါလိမ့်မည်။

လျိုလောင်ကွေ့နှင့် နန််ပါးထျန်းတို့ပင်လျှင် ထိုသို့လုပ်ရပ်မျိုးကို လုပ်ဝံ့ကြမည် မဟုတ်ပေ။ ထိုရောင်းချငွေမရှိပါကလည်း ရပ်တည်နိုင်သည့်တိုင် မိန်ဂိုဏ်းသားများနှင့် တံတားဖောင်ကို မီးရှို့ဖျက်ဆီးဖို့ ပြင်ဆင်ထားခြင်းမှအပ မိန်ဂိုဏ်းသားများကို လူလည်ကျခြင်းကဲ့သို့ လုပ်ရပ်မျိုးကို လုံးဝ လုပ်လိမ့်မည် မဟုတ်ပါချေ။

မိန်ဂိုဏ်းနှင့် အရောင်းအဝယ်ကို ငြင်းဆန်လိုက်လျှင်သော်မှ ပူးပေါင်းမှု မဖြစ်မြောက်ရုံမျှသာ ဖြစ်လိမ့်မည်။ မိန်ဂိုဏ်းသည်လည်း အရမ်းကြီး အရေးတယူလုပ်နေလိမ့်မည် မဟုတ်ပေ။

သို့သော် သံတိုသံစများကို အရည်အသွေးမြင့်သံများအဖြစ် လိမ်ညာရောင်းချဝံ့ပါက ၎င်းလုပ်ရပ်သည် မိန်ဂိုဏ်းအား လှောင်ပြောင်သရော်ခြင်းကဲ့သို့ ဖြစ်သွားလိမ့်မည်။ မိန်ဂိုဏ်းအား ရွှံ့ဖြင့်ပြုလုပ်ထားသည့်အလား သဘောထားဆက်ဆံလိုက်ခြင်းပင်။

တော်ဝင်တရားရုံးတော်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်နေတဲ့ ဂိုဏ်းက ဒီလိုမျိုး အပြစ်ပြုဖို့ လွယ်ကူမတဲ့လား?

သံသယဖြစ်ဖွယ်မရှိပေ။ လျိုစုန့်သာလျှင် ထိုသို့ရဲတင်းသည့် လုပ်ရပ်မျိုးကို လုပ်ရဲပါလိမ့်မည်။

ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့ အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံးမှာ သခင်ငယ်လေးလျိုစုန့်၏ အကြောက်အရွံ့ကင်းမဲ့သည့် လုပ်ရပ်အပေါ် ပြောစရာစကား ပျောက်ရှနေခဲ့သည်။

သူဒီလို အသက်ရှင်နေဖို့ဆိုတာလည်း တကယ်မလွယ်ကူလှဘူးပဲ။

ထိုသို့တွေးတောလျက် လျိုလောင်ကွေ့သည် နုံးချည့်စွာ လက်ချလိုက်သည်။

ဒီမသိတတ်တဲ့သားကတော့ ပြဿနာကို ဘယ်လိုမီးထွန်းရှာရမလဲတော့ တကယ်သိတာပဲ။

ထိုသို့တွေးနေရင်း လျိုလောင်ကွေ့သည် ချန်ကျဲ့ကို ကြည့်လာသည်။ ထို့နောက် ပြောသည်။

“ကောင်းပြီ။ ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာကို ငါသိပါပြီ”

ချန်ကျဲ့မှ ပြောသည်။

“ကောင်းပါပြီ။ အထင်လွဲမှုကို ဖြေရှင်းပြီးသွားပြီဆိုမှတော့ ခေါင်းဆောင်လျို.. အခု ကျွန်တော်တို့ ဆွေးနွေးလို့ရပြီလား”

လျိုလောင်ကွေ့မှ ပြောသည်။

“မင်းက ဘာဆွေးနွေးချင်လို့လဲ”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော်တို့ ပူးပေါင်းပြီး နန်ပါးထျန်းကို ဖြုတ်ချဖို့ပါ”

“ဟမ်?”

လျိုလောင်ကွေ့သည် အံ့အားသင့်လျက် ချန်ကျဲ့ကို ကြည့်လာသည်။

“မင်း အတည်ပြောနေတာလား? မင်း နန်ပါးထျန်းကို ဖြုတ်ချချင်တာလား?”

ချန်ကျဲ့သည် လျိုလောင်ကွေ့၏ အံ့အားသင့်နေသည့် မျက်လုံးများဖြင့် အကြည့်ချင်းဆုံလိုက်သည်။ ထို့နောက် ပြောသည်။

“အမှန်ပါပဲ။ ခေါင်းဆောင်လျို၊ နန်ပါးထျန်းက သစ္စာမဲ့လွန်းတယ်။ ကျွန်တော်တို့နှစ်ယောက်ကို တစ်ချိန်လုံး ထောင်ချောက်ဆင်နေတာ။ ကျွန်တော်တို့ အခုအချိန်မှ မပူးပေါင်းရင် နောက််ပိုင်းကျ သူဘယ်လို ကောက်ကျစ်တဲ့အကြံအစည်တွေ လုပ်ဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ? သူက အခုတောင် သခင်လေးလျိုစုန့်ကို ပစ်မှတ်ထားနေပြီ၊ နောက်ဆို ဘာတွေကိုထပ်ပြီး ပစ်မှတ်ထားဦးမလဲ?”

All Chapters