← Chapters

ချန်ကျဲ့မှ ပြောသည်။ “ဆရာ ဒါဆိုလည်း ကျွန်တော် ဆရာနဲ့အတူ လိုက်မယ်”

Vol. 36 Ch. 468

ချန်ကျဲ့မှ ပြောသည်။ “ဆရာ ဒါဆိုလည်း ကျွန်တော် ဆရာနဲ့အတူ လိုက်မယ်”

Vol. 36 Ch. 468

သမားတော်ပိုင်မှ ပြောသည်။

“မဖြစ်ဘူး။ မင်းမရှိရင် နန်ပါးထျန်း သံသယဝင်လာလိမ့်မယ်။ အဲဒါဆို ပြဿနာအသစ်တွေ ထပ်ပေါ်လာနေဦးမှာ”

ချန်ကျဲ့မှ ပြောသည်။

“ဒါဆို ကျွန်တော် ရှောင်ဟူကို ထည့်ပေးလိုက်ပါမယ်”

သမားတော်ပိုင်မှ ပြောသည်။

“မလိုဘူး။ ရှောင်ဟူက မင်းရဲ့အနီးကပ်လက်ထောက်ပဲ။ သူ ပျောက်နေရင်လည်း နန်ပါးထျန်းက သံသယဝင်နိုင်တယ်”

“ဒါမှမဟုတ် မင်း ငါ့ကို အရှိန်မြန််တဲ့ မြင်းတစ်သုတ်နဲ့ အစောင့်နှစ်ယောက်၊ သုံးယောက်လောက် ပေးလိုက်ပါလား”

ချန်ကျဲ့မှ ပြောသည်။

“အဲဒီလိုတော့ မဖြစ်ပါဘူး ဆရာ။ ဟူပေ ရှန်းနုံခရီးက ရှည်လျားပါတယ်။ ပြီးတော့ ဓားပြတွေလည်း ရှိနိုင်တယ်။ မလုံခြုံပါဘူး။ ဆရာ လူများများခေါ်မသွားရင် ကျွန်တော် စိတ်မချနိုင်ဘူး။ ချန်သာ့၊ ချန်ဝူ!”

“ရှိပါတယ်”

အစောင့်များသည် ချက်ချင်း တုံ့ပြန်ကြသည်။ ချန်ကျဲ့မှ ပြောသည်။

“မင်းတို့ သက်တော်စောင့်၁၂ဦးတပ်ဖွဲ့နဲ့ ကျားဖြူခန်းမအစောင့်အရှောက်တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ငါ့ဆရာကို ဟူပေ ရှန်းနုံကို လိုက်ပို့ဆောင်ပေးရမယ်”

“ဟုတ်ကဲ့”

ထိုစကားတွင် သက်တော်စောင့်၁၂ဦးနှင့် ကျားဖြူခန်းမအစောင့်တပ်ဖွဲ့ဝင်၁၅ဦးတို့သည် ချက်ချင်း တုံ့ပြန်လာသည်။ ဤအစောင့်၂၈ဦးသည် သမားတော်ပိုင်အား ဟူပေ ရှန်းနုံခရီးစဉ်တစ်လျှောက် ကာကွယ်ပေးရန်အတွက် လုံလောက်ပါလိမ့်မည်။

သို့သော် သမားတော်ပိုင်အပါအဝင် လူ၂၉ဦးဖြစ်ရာ မြင်းကောင်ရေလည်း များများလိုအပ်သည်။ ချန်ကျဲ့တွင် ထိုမျှမြင်းအများကြီး မရှိပေ။

ထိုစဉ် သမားတော်ပိုင်ရော ချန်ကျဲ့ပါ လျိုလောင်ကွေ့ကို ကြည့်လိုက်ကြသည်။

လျိုလောင်ကွေ့သည် မျက်ရည်များ ဝေ့သီနေလျက် သားဖြစ်သူအတွက် ဝမ်းနည်းပူဆွေးနေသည်။

ချန်ကျဲ့မှ ပြောသည်။

“ခေါင်းဆောင်လျို ခင်ဗျားရဲ့ဝမ်းနည်းပူဆွေးမှုကို ခဏလောက် ထိန်းထားလိုက်ပါဦး။ ဆရာက ပြောတယ်။ သခင်လေးလျိုကို ကယ်ဖို့ နည်းလမ်းတစ်ခုရှိတယ်တဲ့။ ဒါပေမဲ့ ခရီးရှည်တစ်ခု သွားဖို့လိုအပ်တယ်”

သတိလက်လွတ်ဖြစ်နေသည့် လျိုလောင်ကွေ့သည် သမားတော်ပိုင်ကို လှည့်ကြည့်လိုက်ရင်း ပြောသည်။

“သမားတော်ပိုင်၊ ခင်ဗျား ကျုပ်သားကို ကုပေးနိုင်လား”

သမားတော်ပိုင်မှ ပြောသည်။

“ပိုးသုံးကောင်၊ ပန်းသုံးပွင့်အဆိပ်က တကယ့်ကို ကုသဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီလောကကြီးမှာ ဖြေရှင်းနည်းဆိုတာ ရှိစမြဲပါပဲ။ ကျွန်တော့်ရဲ့ဆရာ နတ်ဆေးသမားတော် အန်းသာ့စွန်းမှာ ရသာကိုးသွယ်အဆိပ်ဖြေဆေးလုံးရှိပါတယ်။ အဲဒီဆေးက ဒီလောကရဲ့ ဘယ်အဆိပ်ကိုမဆို ဖြေနိုင်စွမ်းရှိတယ်။ ပိုးသုံးကောင်၊ပန်းသုံးပွင့်အဆိပ်က ကုသဖိုခက်ခဲပေမဲ့ ရသာကိုးသွယ်အဆိပ်ဖြေဆေးလုံးနဲ့ဆို အဆိပ်ဖြေနိုင်ပါလိမ့်မယ်”

လျိုလောင်ကွေ့မှ ပြောသည်။

“ကောင်းတယ် ကောင်းတယ်! အမည်ကျော်ဇောတဲ့ သမားတော်ကြီး ပီသပါပေတယ်။ ဒါဆိုရင် ကျေးဇူးပြုပြီး သမားတော်ပိုင်ကပဲ ဆရာဖြစ်သူကို ရသာကိုးသွယ်အဆိပ်ဖြေဆေးနဲ့ လူကယ်ပေးဖို့ တောင်းဆိုပေးပါဦး”

ထိုအခါ သမားတော်ပိုင်သည် ချန်ကျဲ့ကို လှမ်းကြည့်သည်။ ချန်ကျဲ့မှ ပြောသည်။

“ခေါင်းဆောင်လျို ကျွန်တော့်ရဲ့ဆရာက ဆရာဘိုးဘေးကြီးကို သွားတောင်းဆိုပေးနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုရှိနေတယ်။ ကျွန်တော့်ရဲ့ဆရာဘိုးဘေးက ဒီကနေ အတော်လေး ကွာဝေးတဲ့ ဟူပေ ရှန်းနုံမှာ နေထိုင်တာပါ။ လျင်မြန်တဲ့မြင်းနဲ့ ခရီးနှင်ရင်တောင်မှ ငါးရက်ကြာမြင့်နိုင်ပါတယ်။ အဲဒါကြောင့် ခေါင်းဆောင်လျိုအနေနဲ့ ကျွန်တော်တို့ကို မြင်းနည်းနည်းလောက် ငှားပေးစေလိုပါတယ်”

ထိုအခါ လျိုလောင်ကွေ့သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောသည်။

“ငါ့မှာတော့ ပြဿနာအကြီးကြီး ထင်လိုက်တာ။ မြင်းလေး နည်းနည်းလောက်ပဲဟာ။ သေချာပေါက် ငှားပေးနိုင်တာပေါ့”

ချန်ကျဲ့မှ ပြောသည်။

“မြင်း၂၉ကောင် လိုအပ်တာပါ”

“ဟမ်?”

လျိုလောင်ကွေ့မှ ပြောသည်။

“အဲဒီလောက်အများကြီးလား? ငါ့မှာ ၁၅ကောင်ပဲ ရှိတယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော့်မှာ ၅ကောင်ရှိတယ်။ ဒါဆိုလည်း ဆရာ့ကို လိုက်ပို့ဖို့အတွက် သက်တော်စောင့်၁၂ယောက်နဲ့ ကျားဖြူခန်းမအစောင့်တပ်ဖွဲ့ထဲက လက်ရွေးစင်၅ယောက်ပဲ ရွေးလိုက်ကြတာပေါ့”

ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။

“ကောင်းပြီ။ ဒါဆိုရင်တော့ မင်းတို့ကိုပဲ ဒုက္ခများစေရပါဦးမယ်။ အခု ငါ့သားရဲ့အသက်က မင်းတို့လက်ထဲမှာပါ”

ထိုအခါ သမားတော်ပိုင်သည် အတိအကျမဟုတ်သော စကားကို ပြုံးလျက် ပြောသည်။

“ခေါင်းဆောင်လျို စိတ်ချနိုင်ပါတယ်။ ကျွန်တော် အကောင်းဆုံးကြိုးစားပေးမှာပါ”

ထို့နောက် သမားတော်ပိုင်မှ ပြောသည်။

“နှောင့်နှေးနေဖို့ အချိန်မရှိဘူး။ ဒီနေ့ညပဲ ထွက်ခွာတာပေါ့။ အဆိပ်ဖြေဖို့အတွက် အများဆုံးရတဲ့အချိန်က အဆိပ်မိပြီး ၇ရက်အထိပဲ။ ၇ရက်ကျော်သွားရင် ဆရာ့ရဲ့အဆိပ်ဖြေဆေးလည်း အကျိုးမရှိတော့မှာ စိုးရိမ်ရပါတယ်။ အဆိပ်ဖြေပြီးသွားရင်တောင်မှ ဆိုးကျိုးသက်ရောက်မှုတွေ စွဲကျန်နေခဲ့မှာလည်း စိုးရတယ်”

လျိုလောင်ကွေ့မှ ပြောသည်။

“ဒါဆိုရင် ကျေးဇူးပြုပြီး သမားတော်ပိုင်က အမြန်လေးလုပ်ဆောင်ပေးပါ”

ထိုအချိန်၌ ချန်ကျဲ့သည် ရှန်းထောင်ရွာမှ ရွေးချယ်ထားခဲ့သော သစ္စာရှိအစောင့်များကို ခေါ်လိုက်သည်။

ချန်ကျဲ့သည် အင်္ကျီရင်ဘတ်မှ ငွေတုံးငါးထောင်တန်ကြေးရှိသည့် ငွေလက်မှတ်ကို ထုတ်ယူပြီးနောက် ပြောသည်။

“အားလုံးပဲ လမ်းခရီးမှာ ကောင်းကောင်းစားသောက်ပြီး ကျုပ်ရဲ့ဆရာကိုလည်း သေချာဂရုစိုက်ပေးကြပါ။ လုံးဝ ဘာအမှားအယွင်းမှ မဖြစ်ပါစေနဲ့”

ထိုအခါ အစောင့်များသည် လက်သီးယှက်အရိုအသေပြုကြသည်။

“ခန်းမအရှင်သခင် စိတ်ချပါ။ ကျွန်တော်တို့ သမားတော်ပိုင်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့ပါ့မယ်”

ချန်ကျဲ့လည်း လက်သီးယှက်အရိုအသေပြုလိုက်ကာ ပြောသည်။

“ညီနောင်တို့ကို အားကိုးအပ်နှံလိုက်ပါပြီ”

“ဆရာ ဂရုစိုက်ပါ”

ထို့နောက် ချန်ကျဲ့သည် သူ၏မြင်းပေါ်သို့ သမားတော်ပိုင်ကို တက်စေသည်။

သမားတော်ပိုင်၏ခန္ဓာကိုယ်သည် ယခင်ထက် အခြေအနေကောင်းမွန်နေပြီဖြစ်သည်။ ချန်ကျဲ့ပေးသည့် ထိုက်ဆွေ့ဆေးလုံးကို သောက်သုံးအပြီးတွင် သမားတော်ပိုင်သည် အသက်နှစ်ဆယ်ခန့် ပြန်ငယ်သွားသည့်အလား ခံစားနေရသောကြောင့် အိုမင်းမစွမ်းခြင်းအား များစွာ မခံစားနေရချေ။

သမားတော်ပိုင်သည် ချန်ကျဲ့ကို ပြုံးရယ်လျက် ပြောသည်။

“မစိုးရိမ်ပါနဲ့။ ဒီလူအိုကြီးက ချည့်နဲ့မနေပါဘူး။ အို ဟုတ်သား၊ အားကျုံး!”

သမားတော်ပိုင်သည် မြင်းထက်မှ နေ၍ ဝူကျုံးကို အော်ခေါ်သည်။ ဝူကျုံးလည်း အနားရောက်လာ၏။

“အဖေ”

သမားတော်ပိုင်မှ ပြောသည်။

“ပြန်သွားပြီး လန်အာကို ပြောလိုက်၊ ငါ ရက်နည်းနည်းကြာရင် ပြန်လာမယ်လို့။ သူ အရမ်းစိတ်ပူမနေအောင် သေချာပြောလိုက်ပါ”

“ဟုတ်ကဲ့ပါ အဖေ။ လမ်းခရီးမှာ ဂရုစိုက်ပါ”

ထိုအခါ သမားတော်ပိုင်သည် ပူပင်ကြောင့်ကြမဲ့စွာ ရယ်မောလျက် ပြောသည်။

“သေရေးရှင်ရေးအခြေအနေမှာ နှုတ်ဆက်နေရသလိုကြီး မပြောစမ်းပါနဲ့။ ငါသွားပြီ”

သမားတော်ပိုင်သည် ရှေ့ဆုံးမှ ဦးဆောင်ထွက်ခွာသွားရာ အစောင့်များသည်လည်း နောက်မှ ချက်ချင်းလိုက်သွားကြသည်။

ထွက်ခွာသွားသူများ၏ ကျောပြင်ကိုကြည့်ရင်း လျိုလောင်ကွေ့မှ ပြောသည်။

“ဒီတစ်ကြိမ်တော့ သမားတော်ပိုင် ဒုက္ခများရတော့မှာပဲ”

ချန်ကျဲ့မှ ပြောသည်။

“ခေါင်းဆောင်လျို လောလောဆယ် အဲဒီအကြောင်းကို ခဏထားလိုက်ရအောင်ပါ။ ကျွန်တော်တို့ အရင်ဆုံး သခင်လေးလျိုစုန့်ကို မြို့ဆီ ပြန်ခေါ်သွားရမယ်။ တောအုပ်ထဲမှာ မြူနှင်းထူထပ်တာမို့လို့ သခင်လေးလျိုရဲ့ဒဏ်ရာကို ပိုဆိုးသွားစေနိုင်တယ်”

“အင်း”

သို့ဖြင့် လူတစ်အုပ်သည် မြို့ဆီသို့ ပြန််လည်၍ ဦးတည်ထွက်ခွာကြသည်။ လျိုလောင်ကွေ့ခေါ်လာသူများသည်တော့ နောက်ပိုင်းကိစ္စများကို ရှင်းလင်းစီစဉ်ရန်အတွက် တာဝန်ယူရသည်။

လျိုစုန့်ကို ရထားလုံးပေါ်တင်၍ ပြန်ခေါ်သည်။ နောက်ထပ် ရထားလုံးတစ်စီးတွင်တော့ ထန််ဇီယွဲ့ကို တင်ခေါ်ခဲ့ရသည်။

ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့သည် ထိုသို့အသီးသီးဦးဆောင်လျက် မြို့ဆီသို့ ပြန်လာခဲ့ကြသည်။

နေအလင်းရောင်ထွက်ပေါ်လာချိန်မှသာ သူတို့သည် မြို့သို့ ပြန်ရောက်ခဲ့ကြသည်။ နန်ပါးထျန်းသည်တော့ လူလွှတ်၍ သတင်းစုံစမ်းခိုင်းထားပြီး ဖြစ်၏။ နန်ပါးထျန်းသည်လည်း တစ်ညလုံးမအိပ်ပါဘဲ သတင်းကို စောင့်ဆိုင်းနေခဲ့ပေသည်။

ကောင်းကင်ယံ အလင်းထွက်ပေါ်လာချိန်၌ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ထဲသို့ သတင်းပို့သမားတစ်ဦး အပြေးဝင်ရောက်သွား၏။

“ခေါင်းဆောင် ခေါင်းဆောင်…”

သတင်းပို့ဆောင်သူသည် နန်ပါးထျန်းကို ကျယ်လောင်စွာ အော်ခေါ်သည်။

နန်ပါးထျန်းသည် အသံကြားသည်နှင့် ထိုင်ခုံတွင် ချက်ချင်းထထိုင်လိုက်သည်။ ထို့နောက် သတင်းပို့ဆောင်သူသည် သတင်းတင်ပြရန် ဝင်ရောက်လာသည်။

သတင်းပို့ဆောင်သူသည် ခန်းမအတွင်း ဝင်ရောက်ပြီးနောက် လက်သီးယှက်အရိုအသေပြုကာ သူရရှိခဲ့သည့် သတင်းအချက်အလက်များကို တင်ပြသည်။

နန်ပါးထျန်းမှာ ထခုန်မိမတတ်ဖြစ်သွားရကာ အံ့အားသင့်စွာဖြင့် ပြော၏။

“ဘာ ခေါင်းဆောင်လျိုနဲ့ ချန်ကျိုစစ်တို့ ရယ်မောပြောဆိုပြီး မြို့ထဲကို အတူတူပြန််ဝင်လာတယ်တဲ့လား?”

“အမှန်ပါပဲ။ ကျွန်တော်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာပါ”

“ဘယ်လိုဖြစ်နိုင်မှာလဲ!”

နန်ပါးထျန်းသည် အံ့အားသင့်နေခဲ့သည်။

ငါ့အစီအစဉ်က ကျရှုံးသွားတာလား?

စာစဉ်ပြီး၏

All Chapters