တိုက်ခိုက်ရေးစွမ်းရည်
Vol. 5 Ch. 43
ထိုအချိန်တွင် စနစ်၏ အသိပေးသံတစ်ခု ထွက်ပေါ်လာတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း”
နောက်တစ်ခဏ၌ နားစည်ကွဲမတတ် ပြင်းထန်လှသော မိုးခြိမ်းသံကြီးနှင့်အတူ ၊ လင်းရန်ယန် ၏ ဦးခေါင်းအထက် ကောင်းကင်ယံရှိ အဆုံးမဲ့သော မိုးတိမ်တိုက်ကြီးများမှာ ဆိုးရွားစွာ စတင်လှုပ်ခတ်လာတော့သည်။ မူလက ဆယ်ကီလိုမီတာခန့်သာ ဖုံးလွှမ်းထားသော မိုးတိမ်တိုက်ကြီးမှာ ၊ ယခုအခါ၌ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာတော့သည်။
ကီလိုမီတာ ငါးဆယ် ၊ ကီလိုမီတာ တစ်ရာ ၊ ကီလိုမီတာ တစ်ထောင် ၊ ထိုမှတစ်ဆင့် ကီလိုမီတာ နှစ်ထောင်အထိ ပြန့်လာတော့သည်။ ကီလိုမီတာ နှစ်ထောင်အတွင်းရှိ ကောင်းကင်ယံတစ်ခုလုံး ဖုံးလွှမ်းသွားသောအခါ ၊ ၎င်းသည် နတ်ဘုရားအင်ပါယာ ၏ ကောင်းကင်တစ်ဝက်နီးပါးကို အဆုံးမဲ့သော မိုးတိမ်တိုက်များဖြင့် လွှမ်းခြုံထားလိုက်ခြင်း ဖြစ်သည်။
ဤအဖြစ်အပျက်အားလုံးကို လင်းရန်ယန်ကိုယ်တိုင်ပင် သတိမထားမိပေ။
“ဟာ... ဒီတစ်ခါ လှုပ်ခတ်မှုက အတော်လေး ကြီးကျယ်နေပါလား”
မိုးတိမ်တိုက်များသည် လီပေါင်းနှစ်ထောင်အထိ ဖုံးလွှမ်းသွားသည်ကို သူအတိအကျမသိသော်လည်း ၊ အဆုံးမရှိသော တိမ်တိုက်ကြီးများကြောင့် အနည်းဆုံး လီတစ်ရာအတွင်းရှိ ကောင်းကင်ကြီးမှာ အမှောင်အတိကျသွားပြီ ဖြစ်ကြောင်းကိုမူ သူ ခံစားမိသည်။
“ဝုန်း... ဂျိမ်း”
မိုးတိမ်တိုက်များအတွင်းမှ တိုးလျှိုးလှသော မိုးခြိမ်းသံများမှာ အဆက်မပြတ် ထွက်ပေါ်နေ၏။ ထို့နောက် လင်းရန်ယန်သည် ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတော့သည်။ မရေမတွက်နိုင်သော ကောင်းကင်မိုးကြိုးများမှာ မိုးတိမ်တိုက်များ၏ အရပ်မျက်နှာအနှံ့မှ စုရုံးလာကြပြီး ၊ နောက်ဆုံးတွင် သူ၏ ဦးခေါင်းအထက်၌ ပေါင်းစပ်သွားကြတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ မိုးကြိုးများမှာ ပိုမိုသိပ်သည်းလာပြီး ၊ မူလက အပြာရောင်ရှိသော ကောင်းကင်မိုးကြိုးများသည် တဖြည်းဖြည်း ခရမ်းရောင်သို့ ပြောင်းလဲလာတော့သည်။
ဤထူးခြားဆန်းပြားသော မြင်ကွင်းကို လင်းရန်ယန် တစ်ဦးတည်း မြင်တွေ့နေရခြင်း မဟုတ်ပေ။ နတ်ဘုရားအင်ပါယာတစ်ဝှမ်းရှိ ကျင့်ကြံသူ အများစုမှာလည်း အကြောင်းရင်းမရှိဘဲ ပေါ်ပေါက်လာသည့် အဆုံးမဲ့မိုးတိမ်တိုက်ကြီးများကို ငေးကြည့်နေကြ၏။
“ဒါ ဘာတွေ ဖြစ်နေတာလဲ ၊ ဒီလောက်ကြီးမားတဲ့ မိုးတိမ်တိုက်တွေ ဘယ်လိုလုပ် စုရုံးလာနိုင်ရတာလဲ”
“ဒါဟာ အလွန်အစွမ်းထက်တဲ့ ဝိညာဉ်ရတနာ တစ်ခု ပေါ်ထွန်းလာတာများလား”
“ဒါမှမဟုတ် ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာတစ်ကောင် မွေးဖွားလာတာလည်း ဖြစ်နိုင်တာပဲ”
“နေဦး... ဒီမိုးကြိုးတွေ စုစည်းနေတဲ့ အရပ်က မော်ရှန်းဂိုဏ်းဘက် ဖြစ်နေပါလား ၊ မော်ရှန်းဂိုဏ်းက ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက် အဆင့်တက်လှမ်းနေတာများလား”
“ဟား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ အဲဒီပုဂ္ဂိုလ်ကြီးရဲ့ သက်တမ်းက ကုန်ခါနီးနေပြီပဲ ၊ ဘယ်လိုလုပ် အဆင့်တက်နိုင်တော့မှာလဲ”
ကျင့်ကြံသူ အတော်များများမှာ ကောင်းကင်ယံမှ ထူးခြားမှုကို ကြည့်ကာ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေကြသည်။ အနီးအနားရှိ ကျင့်ကြံသူအချို့မှာမူ မိုးတိမ်တိုက်များ စုစည်းရာ ဗဟိုဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားနေကြတော့သည်။ ၎င်းတို့အနက် အနီးကပ်ဆုံးမှာ မော်ရှန်းဂိုဏ်းပင် ဖြစ်၏။
“ကောင်းကင်ယံမှာ ထူးခြားတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်နေတယ် ၊ အဆုံးမဲ့တဲ့ မိုးတိမ်တိုက်တွေက အနည်းဆုံး ကီလိုမီတာ တစ်ရာလောက်အထိ ဖုံးလွှမ်းနေတာပဲ ၊ တစ်ယောက်ယောက်က ‘တာအိုဘုရင်’ အဆင့်ကို တက်လှမ်းနေတာလား။ ပြီးတော့ ငါတို့ မော်ရှန်းဂိုဏ်းနဲ့ ဒီလောက်တောင် နီးကပ်နေတာလား”
မော်ရှန်းဂိုဏ်း၏ တောင်ထိပ်ပေါ်တွင် ၊ ကောင်းကင်အရှင်သခင် အဆင့် (၈) ရှိသော မော်ရှန်းဂိုဏ်း၏ မဟာအကြီးအကဲမှာ ကောင်းကင်ယံမှ ထူးခြားမှုကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
“ဆရာကြီး... ကျွန်တော်တို့ သွားကြည့်ကြမလား”
ရွှမ်းထျန်းဇီ က အနားမှနေ၍ လေးနက်စွာ မေးလိုက်သည်။
“မင်း သွားဖို့ မလိုဘူး ၊ ငါပဲ သွားမယ် ၊ အကယ်၍ ဘေးအန္တရာယ်နဲ့ ကြုံခဲ့ရင် ငါ့ကို ကယ်ဖို့ မလာနဲ့ ၊ ဘိုးဘေးကြီးလည်း ကွယ်လွန်သွားပြီ ၊ မင်းပါ တစ်ခုခုဖြစ်သွားရင် ငါတို့ မော်ရှန်းဂိုဏ်းအတွက် မျှော်လင့်ချက် ရှိတော့မှာ မဟုတ်ဘူး”
မဟာအကြီးအကဲ၏ စကားကြောင့် ရွှမ်းထျန်းဇီမှာ နှုတ်ဆိတ်သွားတော့သည်။
“ဒါပေမဲ့...”
“ငါ့စကားကို မင်း မနားထောင်တော့ဘူးလား”
မဟာအကြီးအကဲက စူးစိုက်ကြည့်လိုက်ရာ ရွှမ်းထျန်းဇီမှာ မတတ်သာဘဲ ခေါင်းညိတ်လိုက်ရ၏။ အဘယ့်ကြောင့်ဆိုသော် ထိုသူမှာ သူ့ ဆရာ၏ ဆရာ(သူ၏ဆရာ့အဘိုး) ဖြစ်နေသောကြောင့် ဖြစ်သည်။
“ရှူး”
နောက်တစ်ခဏ၌ ဓားသံတစ်ချက်နှင့်အတူ မဟာအကြီးအကဲ၏ ပုံရိပ်မှာ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် လီပေါင်း တစ်ထောင်ကျော် ဝေးကွာသော တောင်မြင့်ကြီးပေါ်ရှိ ဂူတစ်ခုအတွင်း၌...
“ဖြတ်... ဖြတ်”
အနက်ရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော တာအိုဘုန်းကြီးအိုကြီးတစ်ဦးအား အဆုံးမဲ့သော လျှပ်စီးများက လွှမ်းခြုံထားသည်။ ကောင်းကင်နှင့် မြေကြီးကြားမှ မရေမတွက်နိုင်သော လျှပ်စီးတန်းများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေကြသည်။
“ဟင်...”
ရုတ်တရက် ထိုဘုန်းကြီးအိုကြီးမှာ တစ်ခုခုကို ခံစားမိသွားပြီး သူ၏ မျက်လုံးများကို အမှတ်မထင် ဖွင့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လျှပ်စီးများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရ၏။
“အဖေ... ဘာဖြစ်လို့လဲဟင်”
မနီးမဝေးမှ ချောမောသော လူငယ်လေးတစ်ဦးက ဇဝေဇဝါ မေးလိုက်သည်။ သို့သော် ဘုန်းကြီးအိုကြီးက စကားမပြောဘဲ ဂူဝသို့ ထွက်လာကာ ကောင်းကင်သို့ မော့ကြည့်လိုက်၏။ သူမြင်တွေ့လိုက်ရသည်မှာ သူ၏ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသော အဆုံးမဲ့မိုးတိမ်တိုက်ကြီးများ ဖြစ်သည်။ ထိုမိုးကြိုးများမှာ အရပ်မျက်နှာအနှံ့မှ ဗဟိုချက်ဆီသို့ စုရုံးနေကြသည်။
ဤထူးဆန်းသော မြင်ကွင်းကြောင့် ဘုန်းကြီးအိုကြီးမှာ မျက်မှောင်ကြုတ်သွားသော်လည်း ၊ ခဏအကြာတွင် သူ၏ မျက်ဝန်းများမှာ တောက်ပသွားတော့သည်။
“ဟားဟားဟား... ငါ တက်လှမ်းဖို့ အချိန်ရောက်ပြီပဲ”
သူသည် အားရပါးရ ရယ်မောလိုက်ပြီးနောက် ၊ သူ၏ ခန္ဓာကိုယ်ပတ်လည်မှ လျှပ်စီးများမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့သည်။ ထို့နောက် ကမ္ဘာမြေလှုပ်ဟီးမတတ် ဟိန်းဟောက်သံနှင့်အတူ သူ၏ ပုံရိပ်မှာ လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ၊ အဆုံးမဲ့သော မိုးတိမ်တိုက်များအတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။ မကြာမီ လီတစ်ရာအတွင်းရှိ ကောင်းကင်မိုးကြိုးများမှာ လမ်းကြောင်းပြောင်းသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကြကုန်တော့သည်။
“ဘာတွေ ဖြစ်ကုန်တာလဲ၊ ညီလေးက မိုးကြိုးကျင့်စဉ်လေး တစ်ခုပဲ သုံးလိုက်တာကို ၊ ဘယ်လိုလုပ် ဒီလောက်ကြီးမားတဲ့ ထူးခြားမှုတွေ ဖြစ်လာရတာလဲ”
ကျူးကော့ခုံဖျင်မှာမူ အံ့ဩလွန်း၍ ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။
“သူများတွေပြောကြတာကတော့ ၊ မိုးကြိုးဆိုတာ အဆင့်အမျိုးမျိုး ရှိတယ်တဲ့ ၊ ပထမအဆင့်က သာမန်မိုးကြိုးဖြစ်တဲ့ အဖြူရောင် လျှပ်စီးပဲ ၊ အဲဒါက သာမန်ဖုတ်ကောင်တွေကို သတ်နိုင်တယ် ၊ ဒုတိယအဆင့်ကတော့ အပြာရောင် ကောင်းကင်မိုးကြိုးပဲ ၊ အဲဒီအစွမ်းက ကောင်းကင်အရှင်သခင်တွေကိုတောင် သုတ်သင်နိုင်တယ် ၊ အကယ်၍ မိုးကြိုးရဲ့ အရောင်က ခရမ်းရောင် ဖြစ်သွားပြီဆိုရင်တော့ ၊ အဲဒါဟာ ဒဏ္ဍာရီလာ ‘ကောင်းကင်ဘေးဒဏ်’ ဖြစ်သွားပြီ ၊ သာမန် ကောင်းကင်အရှင်သခင် အဆင့် (၁၀) ကနေ တာအိုဘုရင်အဆင့်ကို တက်လှမ်းဖို့ဆိုရင် အဲဒီ ကောင်းကင်ဘေးဒဏ် သုံးသွယ်ကို ခံနိုင်ရမယ် ၊ ဒါပေမဲ့ ဆယ်ယောက်မှာ ကိုးယောက်က ရှုံးနိမ့်ကြတာပဲ ၊ အဲဒါကြောင့်လည်း ‘တာအိုဘုရင်တစ်ဝက်’ အဆင့်က ပုဂ္ဂိုလ်တွေက ကောင်းကင်အရှင်သခင် အဆင့်မှာပဲ သောင်တင်နေကြတာပေါ့ ၊ ဒါပေမဲ့ ကြောက်စရာကောင်းတာက ၊ ကောင်းကင်ဘေးဒဏ် ဆယ်သွယ် ပေါင်းစပ်သွားမှ စစ်မှန်တဲ့ ကောင်းကင်ဘေးဒဏ် တစ်ခု ဖြစ်လာတာပဲ ၊ အဲဒီအစွမ်းကိုတော့ သာမန် တာအိုဘုရင်တွေတောင် မတွန်းလှန်နိုင်ဘူး ၊ ညီလေး... မင်း ဘယ်လို ကြောက်စရာကောင်းတဲ့ အမှုတွေကိုများ ကျူးလွန်ခဲ့လို့လဲ”
အောင်းထျန်းလုံ ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ကျဉ်းမြောင်းသွားတော့သည်။ ကောင်းကင်ယံမှ လျှပ်စီးတန်းမှာ ပိုမို၍ ခရမ်းရောင်သန်းလာပြီး အကယ်၍ ခရမ်းရောင် ဖြစ်သွားခဲ့ပါက ၊ ၎င်းမှာ စစ်မှန်သော ကောင်းကင်ဘေးဒဏ် ဖြစ်သွားလိမ့်မည်။
“ဝုန်း”
ခဏအကြာ၌ လင်းရန်ယန်သည် ပတ်ဝန်းကျင်ရှိ အဆုံးမဲ့သော မိုးကြိုးစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုမိုးကြိုးစွမ်းအားများမှာ သူ၏ ‘စိတ်ပင်လယ်’ အထက်တွင် အမြန်စုစည်းသွားပြီး ၊ မိုးကြိုးဓာတ်ခန္ဓာ၏ ဗဟိုအလင်းလုံးတစ်ခုအဖြစ် ပေါ်ပေါက်လာတော့သည်။
[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ အလိုအလျောက် ကျွမ်းကျင်မှု ရရှိပါသည် - မိုးကြိုးဓာတ်ခန္ဓာ (LV1) ၊ မိုးကြိုးဓာတ်ကျင့်စဉ်များ၏ စွမ်းအားကို ၄၀၀% တိုးမြှင့်ပေးလိုက်သည် ၊ ခန္ဓာကိုယ်၏ အမြန်နှုန်း ၊ ကာကွယ်မှုနှင့် တိုက်ခိုက်မှုတို့ကိုလည်း အဆမတန် မြင့်မားသွားစေပါသည်]
လင်းရန်ယန်၏ အသိစိတ်တွင် အသိပေးသံတစ်ခု ထွက်ပေါ်လာ၏။ မိုးကြိုးဓာတ်ခန္ဓာမှာ အခြားဓာတ်ခန္ဓာများနှင့် မတူပေ။ အဆင့် (၁) မှာပင် ကျင့်စဉ်စွမ်းအားကို လေးဆအထိ တိုးမြှင့်ပေးသည့်အပြင် ၊ ခန္ဓာကိုယ်၏ သန့်စင်သော တိုက်ခိုက်ရေးစွမ်းရည်ကိုပါ မြှင့်တင်ပေးနိုင်သည်။ ဤသည်မှာ လင်းရန်ယန်အတွက် အံ့ဩစရာပင် ဖြစ်၏။ ဆိုလိုသည်မှာ ‘ခန္ဓာကိုယ် ကြံ့ခိုင်မှု’ အတွက် အလိုအလျောက် ကျွမ်းကျင်မှု ရှိနေသော သူသည် မိုးကြိုးဓာတ်ခန္ဓာကိုပါ ရရှိလိုက်သဖြင့် ၊ သူ၏ ကိုယ်ကာယစွမ်းအားမှာ ပို၍ပင် ကြောက်စရာကောင်းသွားတော့မည် ဖြစ်သည်။
၎င်းမှာ အဆင့် (၁) သာ ရှိသေးသည်။ မိုးကြိုးစွမ်းအားများ ဆက်လက် စုစည်းလာသည်နှင့်အမျှ ၊ လင်းရန်ယန်၏ မိုးကြိုးဓာတ်ခန္ဓာမှာ အဆင့် (၂) သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ အလိုအလျောက် ကျွမ်းကျင်မှု ရရှိပါသည် - မိုးကြိုးဓာတ်ခန္ဓာ (LV2) ၊ မိုးကြိုးဓာတ်ကျင့်စဉ်များ၏ စွမ်းအားကို ၄၀၀% ထပ်မံ တိုးမြှင့်ပေးလိုက်ပါသည်]
အဆင့် (၂) တွင် တိုက်ခိုက်ရေးစွမ်းရည်မှာ ရှစ်ဆအထိ မြင့်မားသွားတော့သည်။ မိုးကြိုးဓာတ်ခန္ဓာ၏ ဒုတိယအဆင့်မှာ သာမန်ဓာတ်ခန္ဓာများ၏ တတိယအဆင့်နှင့် ညီမျှသည်ဟု ဆိုကြသည်မှာ မမှားပေ။ အဆင့်ငယ်တစ်ခု တိုးတိုင်း တိုက်ခိုက်ရေးစွမ်းရည်မှာ နှစ်ဆစီ မြင့်တက်လာတော့သည်။