← Chapters

အခန်း (၁၆၅၃)

Vol. 119 Ch. 1653

အခန်း (၁၆၅၃)

Vol. 119 Ch. 1653

ထိုသို့ပြောပြီးနောက် ဟန်မူယဲ့က အပြင်သို့ တန်းမတ်စွာ ထွက်သွားသည်။

သူ၏ အရှေ့တွင် မဟာပန်သွန်ဘုံ၏ တပ်စခန်းနှင့် ဆက်သွယ်နေသော ရွှေရောင်အလင်းထောင့်တိုင်တစ်ခု ထွက်ပေါ်လာသည်။

ကော့ယုဖုန်းနှင့် တခြားအာဏာရှင်များက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။

“ စစ်ဦးစီးချုပ် စိတ်ချပါ... ဒီကောင်းကင်ဘုံစစ်ပွဲမှာ ကျုပ်တို့က ခင်ဗျားကို အပြည့်အဝ ထောက်ပံ့ကူညီပေးပါမယ် ”

သူတို့၏ အမြင်တွင် ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်၌ ဓားအလင်းတစ်ခုက ပြန့်ကျဲနေပြီး သူ၏ ဝိညာဉ်က မတည်မငြိမ်ဖြစ်နေသည်။ သူက ဒဏ်ရာရရှိထားကြောင်း ထင်ရှားပေသည်။

သို့တိုင် ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ ဓားအလင်းက သူတို့၏ ဝိညာဉ်ကို အရိုးခိုက်ခိုက်တုန်အောင် အေးစိမ့်သွားစေသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ဟန်မူယဲ့၏ ဓားကျင့်ကြံခြင်းက သူတို့ကို ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း မြင်သာပေသည်။

သူတို့ကဲ့သို့ အာဏာရှင်များကို ခြိမ်းခြောက်နိုင်စွမ်းရှိသော ပုဂ္ဂိုလ်က မည်မျှသန်မာသနည်း။

ရှင်းလင်းစွာပင် သူတို့အရှေ့မှ ဟန်မူယဲ့က အနည်းဆုံး အာဏာရှင်အဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် ခွန်အားကြီးမားသူက ရိုသေလေးစားခံရမည်။

အတိတ်၌ အာဏာရှင်ရှစ်ပါး၏ အမြင်တွင် ဟန်မူယဲ့က တိုက်ပွဲအကျိုးပြုအမှတ်အများကြီးကို ပိုင်ဆိုင်ထားသော စစ်ဦးစီးချုပ်တစ်ယောက်မျှသာ ဖြစ်သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ဟန်မူယဲ့က သူတို့နှင့် အဆင့်တူသော ကျင့်ကြံသူတစ်ယောက် ဖြစ်လာသည်။

အဆင့်တူသော ကျင့်ကြံသူများအပေါ် အမြင်နှင့် အဆင့်နိမ့်သော ကျင့်ကြံသူများအပေါ် အမြင်က ကွဲပြားခြားနားပေသည်။

ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ပြီး ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ ရှုဖုန်းယန်၊ ယန်ယွင်ဖုန်း၊ ဟွမ်ချန်းမင်နှင့် တခြားလူများက သူ့အရှေ့သို့ ရောက်လာကြသည်။

အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော ကျောက်မင်ယွင်က အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဦးညွတ်လိုက်သည်။

“ ဂိုဏ်းခေါင်းဆောင် ဘာများ ညွှန်ကြားစရာ ရှိပါသလဲ ”

အတိတ်မှာ ဟန်မူယဲ့က လစန္ဒာတောင်ထွတ်နှင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အုပ်ချုပ်ခဲ့သည်။ သူမအားလပ်သည့်အခါ ကျောက်မင်ယွင်က ဂိုဏ်းတစ်ခုလုံးကို သူ့ကိုယ်စား စီမံအုပ်ချုပ်လိမ့်မည်။

တပ်စခန်း(၉၅၂၈)ကိုပင် ကျောက်မင်ယွင်က အမိန့်ပေးခဲ့သည်။

ရှုဖုန်းယန်၊ ရှုကျိချူးနှင့် တခြားလူများသည်တော့ သူတို့က ကျောက်မင်ယွင်ကို အဘက်ဘက်မှ ထောက်ပံ့ကူညီပေးကြလိမ့်မည်။

ဟွမ်ချန်းမင်နှင့် တခြားဗိုလ်ချုပ်များသည်တော့ သူတို့က ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာသာ ဟန်မူယဲ့၏ လက်အောက်၌ အမှုထမ်းကြလိမ့်မည်။

မဟာပန်သွန်ဘုံ၌ ဟန်မူယဲ့၏ စစ်မှန်သော အခြေခံအုတ်မြစ်က ကောင်းကင်အသင်္ချေဓားဂိုဏ်း ဖြစ်သည်။

“ ငါ ဒဏ်ရာပြန်ကုသဖို့ တံခါးပိတ်ကျင့်ကြံခြင်းဝင်ရမယ်... ဒါကြောင့် စစ်တပ်အာဏာကို မင်းဆီ ငါလွှဲပေးခဲ့မယ် ”

ဟန်မူယဲ့က ကျောက်မင်ယွင်ကို ကြည့်လိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် အစိမ်းရောင် ကျောက်စိမ်းချိပ်တံဆိပ်တစ်ခု ထွက်ပေါ်လာသည်။

ယင်းက ကျန်းကောင်းကင်ဘုံချိပ်တံဆိပ် ဖြစ်သည်။

ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သော ယုရှောက်တန်၏ ဝိညာဉ်က ချိပ်တံဆိပ်ထဲမှာ ယာယီကျင့်ကြံနေသည်။

တစ်စုံတစ်ယောက်သည် ထိုချိပ်တံဆိပ်ဖြင့် ယုရှောက်တန်၏ ဝိညာဉ်ကို ဆက်သွယ်နိုင်သည်။ အတိတ်မှာ ယုရှောက်တန်က ခြေလှမ်းဝက် နတ်ဘုရားတစ်ပါးဖြစ်လေရာ အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို အလွယ်တကူ ဖိနှိပ်နိုင်သည်။

ထို့ပြင် တိုက်ပွဲပြီးနောက် ယုရှောက်တန်၏ ဝိညာဉ်က နတ်ဘုရားအဆင့်သို့ တတ်လှမ်းသွားခဲ့သည်။

ကျောက်မင်ယွင်က ကျောက်စိမ်းချိပ်တံဆိပ်ကို တည်ကြည်လေးနက်စွာ လက်ခံလိုက်သည်။

“ ဂိုဏ်းခေါင်းဆောင် စိတ်ချပါ... ကျုပ် ကျောက်မင်ယွင်က ဂိုဏ်းခေါင်းဆောင်ကို စိတ်မပျက်စေရပါဘူး ”

တခြားလူများသည်လည်း အရိုအသေပေးလိုက်ကြသည်။

ဟန်မူယဲ့က လူတိုင်းကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ရွှေရောင်အလင်းထောင့်တိုင်ထဲသို့ ဝင်ရောက်သွားကာ တပ်စခန်းဆီသို့ ပြန်သွားသည်။

ဟန်မူယဲ့ထွက်သွားသည်နှင့် ကျောက်မင်ယွင်က အနောက်လှည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ စစ်ဦးစီးချုပ်က ကျုပ်ကို အမိန့်ပေးခဲ့တယ်... အခုကစပြီး စစ်တပ်ကို ကျုပ်က စီမံကွပ်ကဲမယ်... ဘယ်သူကန့်ကွက်ချင်လဲ ”

ရှုဖုန်းယန်နှင့် တခြားလူများက ချက်ချင်း အရိုအသေပေးလိုက်ကြသည်။

ကျန်လူများက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့က ခါးညွတ်၍ လေးစားမှုကို ဖော်ပြလိုက်ကြသည်။

“ စစ်တပ်တွေကို စုစည်းမယ်... လက်သည်းရှည်သားရဲကလန်နဲ့ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို တိုက်ခိုက်ကြမယ် ”

ကျောက်မင်ယွင်က ချိပ်တံဆိပ်ကို တင်းကျပ်စွာ ဆုပ်လိုက်စဉ် စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ စစ်ဦးစီးချုပ်က ကျုပ်ကို အာဏာလွှဲခဲ့မှတော့ စစ်ဦးစီးချုပ်ကိုယ်စား တိုက်ပွဲအကျိုးပြုအမှတ်တွေ ကျုပ်စုဆောင်းမယ် ”

“ စစ်ဦးစီးချုပ် တံခါးပိတ်ကျင့်ကြံတာကနေ ပြန်ထွက်လာတဲ့အခါ စစ်ဦးစီးချုပ်ကို သူ့ရဲ့ လက်အောက်ငယ်သားတွေ ထူးချွန်တဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိနေတာကို ကျုပ်မြင်စေချင်တယ်... အဲ့ဒီလိုလုပ်ဖို့ ခင်ဗျားတို့မှာ ယုံကြည်ချက်ရှိလား ”

“ ယုံကြည်ချက်ရှိပါတယ် ”

ဟွမ်ချန်းမင်က အရင်ဦးဆုံး အော်ပြောလိုက်သည်။

ထို့နောက် အော်သံများက လူတစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။

ဗိုလ်ချုပ်အသီးသီးက စစ်တပ်များကို စုစည်းနေကြစဉ် ကော့ယုဖုန်း၏ အကြည့်က သွေးချီအနှစ်သာရများ ပျံ့လွင့်နေသော ဧရိယာဆီသို့ ကျရောက်သွားသည်။ သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။

“ မင်းတို့တွေ အဲ့ဒီကျောက်စိမ်းချိပ်တံဆိပ်ကို မှတ်မိကြလား ”

သူက တိုးညင်းစွာ ပြောသည်။

“ အဲ့ဒါကို ငါတို့က ဘယ်လိုလုပ် မသိဘဲနေမှာလဲ ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က အတွေးနက်နေသော အမူအရာဖြင့် တီးတိုးပြောသည်။

“ အဲ့ဒါက ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်... ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့ခေါင်းဆောင်ရဲ့ အမိန့်ပေးတံဆိပ်... အဲ့ဒါနဲ့ဆိုရင် တစ်စုံတစ်ယောက်က ကောင်းကင်ဘုံအစောင့်တပ်ကို အမိန့်ပေးနိုင်တယ် ”

“ မဟာပန်သွန်ဘုံက အင်မော်တယ်မင်းဆက်ဆီမှာ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သုံးခု ရှိတယ်... အတိတ်မှာ ချိပ်တံဆိပ်နှစ်ခုက အပြင်ဘက်လောကမှာ ပျောက်ဆုံးသွားခဲ့တယ်... အဲ့ဒီထဲက တစ်ခုက စစ်ဦးစီးချုပ်ဟန်ရဲ့ လက်ထဲ ကျရောက်နေမယ်လို့ ငါမမျှော်လင့်ထားဘူး ”

တခြားအာဏာရှင်များသည်လည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

မဟာပန်သွန်ဘုံတွင် အမွေအနှစ်များကို တုံကင်များဖြင့် သတ်မှတ်ကြသည်။ တစ်စုံတစ်ယောက်က တုံကင်တစ်ခုကို ပိုင်ဆိုင်ထားလျှင် ဒေသကြီးတစ်ခုကို ထိန်းချုပ်နိုင်လိမ့်မည်။

ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ဖြင့်ဆိုလျှင် ဟန်မူယဲ့က အင်မော်တယ်မင်းဆက် ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်သုံးယောက်အနက် တစ်ယောက်ဖြစ်လာနိုင်လိမ့်မည်။

“ ကောင်းကင်ဘုံချိပ်တံဆိပ်က ရွှေ၊ အနီရောင်နဲ့ အစိမ်းရောင်ဆိုပြီး သုံးခုရှိတယ်... အစိမ်းရောင်ချိပ်တံဆိပ်က အတိတ်မှာ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်နဲ့အတူ ပျောက်သွားခဲ့တယ် ”

“ ကောင်းကင်ဘုံအစောင့်တပ်ရဲ့ နောက်ကွယ်မှာ အဓိကအင်အားစုကြီးသုံးခု ရှိတယ်... ရွှေရောင်ချိပ်တံဆိပ်ကို တော်ဝင်မိသားစုက ထိန်းချုပ်ထားတယ်... အနီရောင်ချိပ်တံဆိပ်ကို ကုန်းမြေအသီးသီးက စစ်တပ်တွေက ပိုင်ဆိုင်ထားတယ် ”

ကော့ယုဖုန်းက အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူစကားပြောလိုက်သည့်အခါ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ လှည့်ပတ်သွားသည်။

“ အခု အစိမ်းရောင်ချိပ်တံဆိပ်က ပြန်ရောက်လာပြီဆိုတော့ မကြာခင် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ပြန်ပေါင်းစည်းတော့မယ်... အဲ့ဒီအခါကျရင် မဟာပန်သွန်ဘုံတစ်ခုလုံး တုန်လှုပ်သွားမှာ ငါစိုးရိမ်တယ်... ”

.....

ကောင်းကင်ဘုံစစ်ပွဲအတွက် ဆောက်လုပ်ထားသော အဓိကတပ်စခန်းထဲတွင်... ။

ဟန်မူယဲ့က ဝင်္ကပါအလွှာများထဲမှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။

သူ၏ ဘေးပတ်ဝန်းကျင်တွင် ဓားအလင်းတန်းများက ပြန့်ကျဲနေသည်။ ရံဖန်ရံခါ ဓားအလင်းတန်းများက လျှပ်စီးတန်းများနှင့် မီးတောက်များအဖြစ် အသွင်ပြောင်းလဲသွားသည်။

တစ်စုံတစ်ယောက်မှာ အာဏာရှင်အဆင့်ထက် သာလွန်သော တိုက်ပွဲစွမ်းအားမရှိလျှင် သူခင်းကျင်းထားသော ဓားဝင်္ကပါထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

ကာကွယ်ရေးဝင်္ကပါအများအပြားကို ခင်းကျင်းပြီးနောက် ဟန်မူယဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူက ဒဏ်ရာပြန်ကုသမည်ဟု ပြောခဲ့သော်လည်း အမှန်မှာ သူက ဒဏ်ရာမရရှိခဲ့ပေ။

သူ၏ ဝိညာဉ်က တိုက်ပွဲအတွင်းမှာ မပြိုကွဲသွားခဲ့ပေ။

သူ၏ လက်ဖဝါးကို ဖွင့်လိုက်လေရာ ရွှေရောင်အလင်းတန်းက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းပေါ်မှာ သူ၏ တိုက်ပွဲအကျိုးပြုအမှတ်များ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ သူ၏ တိုက်ပွဲအကျိုးပြုအမှတ်က ဆယ်ဘီလီယံကျော်သွားသည်။

လက်ရှိတွင် သူတစ်ယောက်တည်းသာ ထိုနံပါတ်ကို မြင်နိုင်ပေသည်။ ထိုနံပါတ်၏ အောက်မှာ တခြားကိန်းဂဏန်းများ ရှိသေးသည်။

ဟင်းလင်းပြင်ဝိညာဉ်များကို သတ်ဖြတ်ခြင်း... တိုက်ပွဲအကျိုးပြုအမှတ် ဆယ်ဘီလီယံ

လက်သည်းရှည်သားရဲမျိုးနွယ်မှ အဖွဲ့သားများကို သတ်ဖြတ်ခြင်း... တိုက်ပွဲအကျိုးပြုအမှတ် သုံးဘီလီယံ

မဟာမူလဘုံ၏ မူလစွမ်းအားကို ဝါးမျိုခြင်း... တိုက်ပွဲအကျိုးပြုအမှတ် ရှစ်ဘီလီယံ

ကျန်ရှိသော တိုက်ပွဲအကျိုးပြုအမှတ်များက ချိပ်ပိတ်နယ်မြေထဲ၌ သံသရာစက်ဝန်းအဆင့် ဟင်းလင်းပြင်ဝိညာဉ်ကောင်များကို အမဲလိုက်ခြင်း၊ လေဟာနယ်အက်ကွဲကြောင်းမှတဆင့် ဘုံအသစ်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်းနှင့် ဘုံအသစ်၏ မူလစွမ်းအားကို ဝါးမျိုခြင်းမှ ရရှိလာခြင်း ဖြစ်သည်။

ယင်းက အကြီးမားဆုံးဆုလာဘ် ဖြစ်သည်။

အကယ်၍ သူသာ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်နေထိုင်သော ကျောက်စိမ်းမိုးမခဘုံ၏ တည်နေရာအမှတ်အသားကို မဟာပန်သွန်ဘုံဆီသို့ လွှဲပြောင်းပေးမည်ဆိုလျှင် စိတ်ကူးမယဉ်နိုင်သော တိုက်ပွဲအကျိုးပြုအမှတ်များကို ရရှိလိမ့်မည်။

သို့သော်လည်း ဟန်မူယဲ့က ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိပေ။

မြင်သာထင်ရှားသော အကျိုးအမြတ်များနှင့် နှိုင်းယှဉ်လျှင် တိုက်ပွဲအကျိုးပြုအမှတ်များက သူ့အတွက် သိပ်အရေးမပါပေ။

ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားသည့်အခါ တိုက်ပွဲအကျိုးပြုအမှတ်အားလုံး ချိပ်ပိတ်ခံလိုက်ရသည်။

တံခါးပိတ်ကျင့်ကြံခြင်းမှ သူပြန်မထွက်လာခင်အထိ မည်သူမှ သူ၏ တိုက်ပွဲအကျိုးပြုအမှတ်များကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းက သူ့အပေါ် ကာကွယ်မှုဖြစ်ပြီး စစ်တပ်ထဲမှ စည်းမျဉ်းတစ်ခု ဖြစ်သည်။

သူလက်မြှောက်လိုက်သည့်အခါ သူ့အရှေ့မှ ရွှေရောင်အလင်းက အပြာရောင်ဟင်းလင်းပြင်တွင်းနက်အဖြစ် ပြောင်းလဲသွားသည်။

ယင်းက လေဟာနယ်မူလစွမ်းအား၏ သိပ်သည်းမှု ဖြစ်သည်။ ထို့ပြင် ယင်းကို အသက်သွင်းခဲ့သူက နတ်ဘုရားအဆင့် ဝိညာဉ် ဖြစ်သည်။

ဟန်မူယဲ့က အပြာရောင်ဟင်းလင်းပြင်တွင်းနက်ထဲသို့ ဝင်သွားသည်။

“ ဘန်း ”

နောက်အခိုက်အတန့်မှာ တွင်းနက်က ပေါက်ကွဲသွားပြီး ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။

…..

ကျောက်စိမ်းမိုးမခဘုံ... ။

တောင်ကုန်းအထပ်ထပ် သွယ်တန်းနေသော တောင်တန်းဒေသတစ်ခုပေါ်ဝယ် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့က မူလဝိညာဉ်ဓားနှစ်လက်ကို ကျောပေါ်မှာ သယ်ဆောင်ထားလျက် မတ်တတ်ရပ်နေသည်။

သူက ဝိညာဉ်အမှတ်အသားကို လမ်းညွှန်မှုအဖြစ် အသုံးပြု၍ ကျောက်စိမ်းမိုးမခဘုံဆီသို့ သူ၏ အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ဆင်းသက်လာသည်။

နတ်ဘုရားသခင်(၁၂)ပါး ခင်းကျင်းထားသော ချိပ်တံဆိပ်သည် လေဟာနယ်မူလစွမ်းအားနှင့် နတ်ဘုရားအဆင့် ဝိညာဉ်ကို ပိုင်ဆိုင်ထားသော ဟန်မူယဲ့အား မတားဆီးနိုင်ပေ။

အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် မဟာပန်သွန်ဘုံ၏ စစ်တပ်များကို ဤနေရာဆီသို့ ခေါ်ဆောင်လာနိုင်ပြီး နယ်မြေသိမ်းပိုက်ခြင်းစစ်ပွဲကို စတင်နိုင်ပေသည်။

“ နတ်ဘုရားအဆင့် ပညာရှင်တွေကို ပျိုးထောင်ပေးနိုင်တဲ့ ဘုံတစ်ခုကို မဟာပန်သွန်ဘုံဆီ လက်လွှဲပေးရမှာ ငါ့အတွက် မတန်ဘူး ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်လေရာ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူက ဘေးပတ်ဝန်းကျင်ကို တစ်ချက်စစ်ဆေးကြည့်လိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။

မိုင်ပေါင်းတစ်သောင်း ခရီးနှင်ပြီးနောက် သူက ဗလာဖြစ်နေသော ကုန်းမြေတစ်ခုကို ရှာတွေ့သွားသည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး ဓားအလင်းများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်သည်။

ဓားအလင်းတစ်ထောင်က ကုန်းမြေပေါ်မှာ စုဝေးသွားပြီး အရွယ်အစားကြီးမားသော တည်နေရာပြောင်းရွှေခြင်းဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ဝင်္ကပါ၏ အလင်းရောင်က မိုးမြေကို လွှမ်းခြုံသွားသည်။

တောက်ပသော အလင်းစီးကြောင်းများက ဝင်္ကပါထဲမှာ ပေါ်လျှိုးလာလေရာ လေဟာနယ်အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

လေဟာနယ်အက်ကွဲကြောင်း၏ အခြားတစ်ဖက်တွင် ရောင်စုံအလင်းများဖြင့် ထွန်းလင်းတောက်ပနေသော လောကတစ်ခု ရှိသည်။

အဆုံးမဲ့သော စကြာဝဠာများ၊ ထရီလီယံနှင့်ချီသော ကမ္ဘာများနှင့် မရေမတွက်နိုင်သော အင်မော်တယ်အလင်းများက ထိုလောကထဲမှာ အပြန်အလှန် ယှက်ထွေနေကြသည်။

ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ နောက်အခိုက်အတန့်မှာ သူက အချင်းမိုင်တစ်သန်းကျယ်ပြောသော မြေကွက်လပ်တစ်ခုဆီသို့ ရောက်ရှိသွားသည်။

မြေကွက်လပ်ထဲတွင် မဟူရာရွှေရောင်မိစ္ဆာတစ်ကောင်က ကျယ်လောင်စွာ ဟိန်းဟောက်နေပြီး အနက်ရောင်သံချပ်ကာဝတ် မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် တိုက်ခိုက်နေသည်။

မဟူရာရွှေရောင်မိစ္ဆာ၏ အနက်ရောင်နဂါးအကြေးခွံများပေါ်မှာ သွေးများဖြင့် စွန်းထင်နေသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဟွမ်ခြောက် ”

All Chapters