← Chapters

အခန်း (၁၆၆၁)

Vol. 119 Ch. 1661

အခန်း (၁၆၆၁)

Vol. 119 Ch. 1661

“ ဗုန်း ”

အနက်ရောင်နဂါး ထွက်ပေါ်လာသည့်အခိုက် မိုးမြေ၏ ဟင်းလင်းပြင်ကြားထဲမှ အရာအားလုံးက ဆပ်ပြာပူဖောင်းများသဖွယ် ပျောက်ကွယ်သွားကြသည်။

ဟန်မူယဲ့၏ အရှေ့မှ လောကက တစ်လက်မချင်းစီ အက်ကွဲသွားသည်။

ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး အရှေ့သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

“ ကျောက်စိမ်းတောအုပ်တာအိုပညာရှင်… ဧည့်သည်ကို အဲ့လိုကြိုဆိုတာ မယဉ်ကျေးဘူးမလား ”

သူ၏ လက်ဝါးအရှေ့တွင် ပုံရိပ်ယောင်မိုးမြေက အလွှာလိုက် ပျက်စီးသွားသည်။

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား… ။

ယင်းက အာဏာရှင်အဆင့်၏ အထက်အဆင့်ဖြစ်သော ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား ဖြစ်သည်။ ယင်းက ဟင်းလင်းပြင်ထဲမှ ပုံရိပ်ယောင်နယ်မြေကို ကျော်လွန်နိုင်ပေသည်။

ဟန်မူယဲ့၏ အရှေ့တွင် ပုံရိပ်ယောင်မိုးမြေက ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။ အနက်ရောင်နဂါး၏ ခန္ဓာကိုယ်သည်ပင် စတင်တုန်ယင်သွားသည်။

“ ဂရောင်း ”

အနက်ရောင်နဂါးက အရှေ့သို့ ရွေ့လျားသွားပြီး ဝတ်စုံနက် ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားသည်။ အဖိုးအိုက ခြေတစ်လှမ်းဖြင့် အဆုံးမဲ့သော ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ဟန်မူယဲ့၏ အရှေ့မှာ ထွက်ပေါ်လာသည်။

“ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား… အဲ့ဒါ ငါလိုချင်တဲ့အရာပဲ ”

ဝတ်စုံနက် ဝတ်ဆင်ထားသော အဖိုးအိုက တီးတိုးရေရွတ်လိုက်ပြီး ဟန်မူယဲ့၏ မျက်နှာထံသို့ လက်သီးတစ်လုံး ထိုးသွင်းလိုက်သည်။

ထိုလက်သီးကြောင့် ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ထဲမှ ကြယ်ရာထောင်ချီက ပြိုကွဲပျက်စီးသွားကြသည်။

ပြိုကွဲသွားသော ကြယ်များ၏ အစိတ်အပိုင်းများက ကမ္ဘာငယ်များအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့အပေါ်သို့ ပြုတ်ကျလာကြသည်။

လက်သီးတစ်ချက်… ကြယ်တစ်ထောင်… ။

ဟန်မူယဲ့က သူ့အရှေ့မှ လက်သီးနှင့် ကြယ်အစိတ်အပိုင်းများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။

သူ၏ လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။

“ မင်းပေးတဲ့အရာကို ငါပြန်ပေးမယ် ”

“ မင်းက အလုံအလောက် မသန်မာရင် အဲ့ဒါကို မထိတာ အကောင်းဆုံးပဲ ”

သူ၏ စကားဆုံးသွားသည်နှင့် လက်သီးနှစ်ခုက လေထဲမှာ ထိပ်တိုက် တွေ့ဆုံသွားကြသည်။

ဟန်မူယဲ့၏ အရှေ့တွင် ပုံရိပ်ယောင်စွမ်းအားက ပေါ်လျှိုးလာပြီး သက်ရှိသက်မဲ့အရာအားလုံးကို ဖွဲ့စည်းလိုက်သည်။

ဝတ်စုံနက် အဖိုးအို၏ လက်သီးအရှေ့တွင် ပုံရိပ်ယောင်စွမ်းအားပါဝင်သည့် တောက်ပသော အလင်းလွှာများ ထွက်ပေါ်လာသည်။

ထိုစွမ်းအားနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ကြယ်များက တစ်လုံးပြီးတစ်လုံး ပျက်စီးသွားကြသည်။

မှော်ယာဉ်ပျံပေါ်တွင် ဟဲယန်စွန်းနှင့် တခြားလူများက ထိုမြင်ကွင်းကို မြင်သွားသောအခါ မျက်လုံးပြူးကျယ်သွားကြသည်။

ကြယ်များနှင့် ဟင်းလင်းပြင်က အမှန်တကယ် ပြိုကွဲပျက်စီးသွားနေသည်လော။

“ ပုံရိပ်ယောင်အဆင့်မှာပဲ ရှိသေးတယ်… အရမ်းအားနည်းတယ် ”

ဟန်မူယဲ့က မောက်မာထောင်လွှားစွာ ပြောပြီး သူ၏ လက်သီးကို အရှေ့သို့ ထိုးလွှတ်လိုက်သည်။

“ ဘန်း ”

ဝတ်စုံနက်အဖိုးအို၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။

သူက မိုင်တစ်သောင်းအဝေးသို့ လွင့်စင်သွားသည်။ သူ၏ မျက်နှာပေါ်မှာ အံ့ဩထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည်။

“ မဖြစ်နိုင်တာ… ငါ့ရဲ့ ယုလင်းကောင်းကင်နဂါးကလန်ရဲ့ ကောင်းကင်အသွင်ပြောင်းလဲခြင်းက အရမ်းသန်မာတဲ့ဟာ… ဘယ်လိုလုပ် မင်းက ငါ့ရဲ့ ပုံရိပ်ယောင်လောကကို ချိုးဖြတ်နိုင်တာလဲ ”

အဖိုးအိုက ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးက ပြူးကျယ်နေပြီး သူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

“ မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး… မင်းက နတ်ဘုရားအဆင့်ရဲ့ အထက်မှာမဟုတ်ရင် ငါ့ယုလင်းကောင်းကင်နဂါးကလန်ရဲ့ ကောင်းကင်အသွင်ပြောင်းလဲခြင်းကို မင်းချိုးဖြတ်နိုင်မှာ မဟုတ်ဘူး ”

အဖိုးအိုက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က အနက်ရောင်နဂါးအဖြစ် အသွင်ပြောင်းလဲသွားသည်။ ၎င်းက နဂါးဦးခေါင်းကို မြှောက်လိုက်ပြီး ဟန်မူယဲ့ထံသို့ ဝင်ဆောင့်လိုက်သည်။

“ ခေါင်းမာနေတဲ့ တီကောင်ပဲ ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။ သူက ညင်သာစွာ လက်မြှောက်လိုက်ပြီး ဓားအလင်းတစ်ခုကို သူ့အရှေ့မှ ဟင်းလင်းပြင်ဆီသို့ ပစ်လွှတ်လိုက်သည်။

ထိုဓားအလင်း ထွက်ပေါ်လာသည့်အခိုက် အနက်ရောင်နဂါးက အပြင်းအထန် တုန်ယင်သွားပြီး ကြောက်လန့်စွာ အနောက်ဆုတ်သွားသည်။

သို့သော်လည်း ဓားအလင်းက ဖော်မပြနိုင်‌အောင် အလွန်မြန်ဆန်သည်။ ဓားအလင်းက စက္ကန့်ပိုင်းအတွင်းမှာ မရေမတွက်နိုင်သော ကမ္ဘာငယ်များကို ပိုင်းဖြတ်သွားပြီး အနက်ရောင်နဂါးနောက်သို့ လိုက်မီသွားသည်။

ထို့နောက် ဓားအလင်းက အနက်ရောင်နဂါး၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။

ဓားအလင်းက အနက်ရောင်နဂါး၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားရုံသာမက ဟင်းလင်းပြင်နှင့် အသင်္ချေကြယ်များကိုလည်း ဖြတ်တောက်လိုက်သည်။

“ ဘန်း ”

ဟင်းလင်းပြင်က ဆပ်ပြာပူဖောင်းတစ်လုံးနှယ် ပေါက်ကွဲသွားပြီး သူ့အရှေ့မှ လောကက ပျောက်ကွယ်သွားသည်။ ဟင်းလင်းပြင်ထဲမှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဒူးထောက်လျက် ရှိနေသည်။

“ ယုလင်းနဂါးကလန်ရဲ့ ယုချန်းက ဆရာသခင်ကို အရိုအသေပေးပါတယ် ”

လူငယ်က အော်ပြောသည်။

“ ယုချန်းက ဆရာသခင်နောက်ကို လိုက်ပြီး အမှုထမ်းချင်ပါတယ် ”

စိတ်လှုပ်ရှားမှုနှင့် ဖော်မပြနိုင်သော ကြည်ညိုလေးစားမှုက ယုချန်းဟူသော ကောင်လေး၏ အသံထဲမှာ ကိန်းအောင်းနေသည်။

ဟန်မူယဲ့၏ လက်ထဲမှ ဓားအလင်းက ပျောက်ကွယ်သွားသည်။

သူက ဒူးထောက်နေသော ယုချန်းကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။

“ မင်းက ဘာလို့ ငါ့နောက်ကို လိုက်ချင်တာလဲ ”

ယုချန်းက ခေါင်းမော့လိုက်ပြီး တုန်ယင်သော အသံဖြင့် ပြောသည်။

“ ဆရာသခင်ရဲ့ ဓားက လောကတွေကို ဖန်တီးနိုင်ပြီး လောကတွေကို ဖျက်ဆီးနိုင်ပါတယ် ”

“ အဲ့ဒီဓားက နတ်ဘုရားအဆင့်ရဲ့ အထက်မှာပဲ ရှိနိုင်ပါတယ် ”

နတ်ဘုရားအဆင့်၏ အထက်အဆင့်မှ ဓား… ။

ဟန်မူယဲ့၏ ဓားအလင်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားက အလုံအလောက် မသန်မာပေ။ သို့သော်လည်း ထိုဓား၏ အဆင့်အတန်းက နတ်ဘုရားအဆင့်ထက် ကျော်လွန်သွားပြီ ဖြစ်၏။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ ကောင်းပြီ… ငါ့နောက်ကို လိုက်ခဲ့… ငါမင်းကို နတ်ဘုရားအဆင့်ဆီ တတ်လှမ်းနိုင်မယ့် အခွင့်အရေးပေးမယ် ”

နတ်ဘုရားအဆင့်… ။

ယုချန်းက အာဏာရှင်အဆင့်မှာ ဖြစ်သည်။ သူရှာဖွေနေသောအရာက ဟင်းလင်းပြင်ချိုးဖြတ်ခြင်း၏ အထက်အဆင့်ဖြစ်သည်။

ယုချန်းက မတ်တတ်ရပ်လိုက်လေရာ ပုံရိပ်ယောင်စွမ်းအင်အလွှာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

“ ဆရာ… ဆရာက ဟင်းလင်းပြင်ကို ဖြတ်သန်းဖို့ ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ကို အသုံးပြုချင်တာလား ”

“ ကျွန်တော်က ဒီနေရာကို ထိန်းချုပ်နေတဲ့ ကောင်းကင်အသွင်ပြောင်းလဲခြင်းနဂါးပါ… ဆရာဘယ်သွားချင်လဲ ကျွန်တော့်ကို ပြောပါ… ကျွန်တော် ဆရာ့ကို လိုက်ပို့ပေးပါမယ် ”

ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်က ယုလင်းကောင်းကင်နဂါးကလန် ထိန်းချုပ်ထားသောအရာ ဖြစ်သည်။ တစ်စုံတစ်ယောက်က ဟင်းလင်းပြင်ကို ဖြတ်သန်းသွားချင်သည်ဆိုလျှင် ထိုယဇ်ပလ္လင်ကို အသုံးပြုရလိမ့်မည်။

ထိုယဇ်ပလ္လင်ကို ယုလင်းကောင်းကင်နဂါးကလန်၏ မူလစွမ်းအားဖြင့်သာ အသက်သွင်းနိုင်ပေသည်။

ဟင်းလင်းပြင်လောကထဲဝယ် ဘုံအသီးသီးထဲ၌ နေထိုင်ကြသော သက်ရှိများအပြင် ဟင်းလင်းပြင်ထဲ၌ လှည့်ပတ်နေထိုင်ကြသော မျိုးနွယ်စုများလည်း ရှိကြသည်။

၎င်းတို့ထဲမှ မျိုးနွယ်စုအများစုက သာလွန်ထူးခြားသော အင်အားကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့က ဘုံ၏ မူလစွမ်းအားဖြင့် ဖိနှိပ်ခံရရန် ဆန္ဒမရှိကြချေ။ ယင်းက ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်မှုကို ဆုံးရှုံးစေလိမ့်မည်။

ထိုမျိုးနွယ်စုများ၏ မူလစွမ်းအားက အလွန်သန်မာလေရာ ၎င်းတို့က ဟင်းလင်းပြင်ထဲမှာ အသက်ရှင်နေထိုင်နိုင်ကြသည်။

ယုလင်းကောင်းကင်နဂါးကလန်က ထိုမျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သည်။

မှော်ယာဉ်ပျံ၏ အရှေ့တွင် မိုင်ပေါင်းဘီလီယံနှင့်ချီ ကျယ်ပြောသော ယဇ်ပလ္လင်တစ်ခု ထွက်ပေါ်လာသည်။

ယဇ်ပလ္လင်ပေါ်ဝယ် အဆုံးမဲ့သော ဟင်းလင်းပြင်က ထွန်းလင်းတောက်ပနေသည်။ ပုံရိပ်အများအပြားက ယဇ်ပလ္လင်ပေါ်မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကြသည်။

သူတို့က တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါကို အသုံးပြုရန်အလို့ငှာ သွေးချီကျောက်တုံးများကို ပေးချေနေကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။

ယင်းက ယုလင်းကောင်းကင်နဂါးကလန်၏ စီးပွားရေး ဖြစ်သည်။

“ မင်းတို့တွေက ရှေးဦးအပျက်အစီးကုန်းမြေဆီ ပြန်သွားကြပါ ”

ဟန်မူယဲ့က အနောက်လှည့်လိုက်ပြီး ဟဲယန်စွန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး သွေးချီကျောက်တုံးများကို ထုတ်ပေးလိုက်သည်။

“ ဒီမဟာပန်သွန်ကျောက်တုံးတွေကို ယူသွားပြီး ကမ္ဘာဦးဘုံရဲ့ မူလစွမ်းအားကို တည်ငြိမ်အောင် လုပ်ပါ ”

“ ပြီးတော့ ကျစ်ဟူနဲ့ တခြားလူတွေကို ဒီဘုံဆီ ခေါ်လာပါ ”

ဟန်မူယဲ့က သူ့အရှေ့မှ ယဇ်ပလ္လင်ကို ကြည့်လိုက်သည်။ တည်ကြည်လေးနက်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ အခုလောလောဆယ် ငါမပြန်နိုင်သေးဘူး ”

သူပြန်သွားသည့်အခါကျလျှင် သူ၏ အစစ်အမှန်ခန္ဓာကိုယ်က သူ၏ ကိုယ်ပွားနှင့် ပေါင်းစည်းသွားလိမ့်မည်။

ထိုအခါ မဟာပန်သွန်ဘုံက ယင်းကို အာရုံခံမိသွားလိမ့်မည်။ ထို့နောက် ကောင်းကင်ဘုံစစ်ပွဲက ဖြစ်ပွားလာလိမ့်မည်။

လက်ရှိ ကမ္ဘာဦးဘုံက ထိုသို့စစ်ပွဲကို ခံနိုင်ရည်မရှိပေ။

ထို့ကြောင့် ကမ္ဘာဦးဘုံ၏ မူလစွမ်းအားက အပြည့်အဝ တည်ငြိမ်သွားပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားက မဟာပန်သွန်ဘုံထက် သာလွန်သွားသည်အထိ သူစောင့်ဆိုင်းရလိမ့်မည်။ သို့မှသာ ဟန်မူယဲ့က သူ၏ ကိုယ်ပွားနှင့် ပြန်ပေါင်းစည်းနိုင်လိမ့်မည်။

“ တပည့် နားလည်ပါပြီ ”

ဟဲယန်စွန်းက မဟာပန်သွန်ကျောက်တုံးများကို ယူပြီးနောက် ဟန်မူယဲ့ကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက နောက်လိုက်များကို ခေါ်ဆောင်၍ အဝေးသို့ ထွက်သွားသည်။

သူတို့က ရှေးဦးအပျက်အစီးကုန်းမြေဆီသို့ ပြန်သွားပြီး မူလစွမ်းအားကို လွှဲပြောင်းပေးရမည်။ ထို့နောက် ရှေးဦးအပျက်အစီးကုန်းမြေမှ စစ်တပ်ကို ဤနေရာသို့ ခေါ်ဆောင်လာရမည်။

ကမ္ဘာဦးဘုံထဲမှ မူလစွမ်းအားက အလွန်ပါးလွှာပြီး အရည်အသွေးနိမ့်သည်။ ကမ္ဘာဦးဘုံထဲမှ ကျင့်ကြံသူများကို ဤနေရာသို့ ခေါ်ဆောင်လာလျှင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက အလျှင်အမြန် မြင့်တတ်သွားလိမ့်မည်။

ကျင့်ကြံခြင်း၏ အကန့်အသတ်နှင့် အမြန်နှုန်းက ဘုံများ၏ အဆင့်အတန်းပေါ်မူတည်၍ ကွဲပြားခြားနားကြသည်။

…..

ဟင်းလင်းပြင်ကို ဖြတ်သန်းခြင်းက အချိန်လိုအပ်သည်။ ဟန်မူယဲ့က ဤနေရာမှာ ထိုင်စောင့်မနေနိုင်ပေ။ ထို့ကြောင့် သူက ယုချန်းနောက်သို့ လိုက်၍ ကုန်သွယ်ရေးကမ္ဘာတစ်ခုဆီသို့ ဦးတည်သွားသည်။

“ ဆရာ… အဲ့ဒီယွင်ထျန်းမြို့တော်က အနီးနားဝန်းကျင်က ဘုံတွေရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ ကုန်သွယ်တဲ့ နေရာပါ… ယွင်ထျန်းမြို့တော်က တခြားမြို့တော်တွေနဲ့ ကွဲပြားခြားနားပါတယ် ”

“ အဲ့ဒီမြို့ထဲမှာ အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေ အနည်းဆုံး နှစ်ဆယ်ခန့် နေထိုင်ကြပါတယ်… ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေတောင် ဒါဇင်ခန့် ရှိကြပါတယ် ”

“ ပြီးတော့ အဲ့ဒီမှာ နတ်ဘုရားအဆင့် ကျင့်ကြံသူတွေတောင် ရှိတယ်လို့ ပြောကြပါတယ် ”

နဂါးတစ်ကောင်အသွင် ပြောင်းလဲထားသော ယုချန်းက ဟန်မူယဲ့ကို ပြောသည်။ သူ၏ နဂါးခန္ဓာကိုယ်က မိုးမြေအလွှာများကို ဆုတ်ဖြဲသွားပြီး ဟန်မူယဲ့ကို မိုင်သန်းပေါင်းများစွာအဝေးမှ ကမ္ဘာဆီသို့ ခေါ်ဆောင်သွားသည်။

ယင်းက ယုလင်းကောင်းကင်နဂါးကလန်၏ စွမ်းရည်ဖြစ်သည်။ သူတို့က ဟင်းလင်းပြင်ထဲတွင် ခြေတစ်လှမ်းဖြင့် မိုင်သန်းပေါင်းများစွာ အကွာအဝေးကို ဖြတ်ကျော်နိုင်ကြသည်။

ထိုခြေတစ်လှမ်းဖြင့် ဟန်မူယဲ့၏ အရှေ့မှ ပုံရိပ်ယောင်နယ်မြေက ပျောက်ကွယ်သွားပြီး အဆုံးမဲ့သော တောင်တန်းများနှင့် မြစ်ချောင်းများက အစားထိုး ထွက်ပေါ်လာကြသည်။

ထို့နောက် အလွှာကိုးလွှာပါသော မြို့တစ်မြို့က သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ထိုမြို့တော်ကို ကြယ်တစ်ထောင်က ဝိုင်းရံထားကြသည်။ မြို့တော်၏ အလွှာတစ်ခုစီက မိုးမြေအလွှာတစ်ခု ဖြစ်သည်။ မိုးမြေအလွှာများသည် တစ်ခုနှင့်တစ်ခု မတူညီကြချေ။

မိုးမြေအလွှာများကြားတွင် အဆုံးမဲ့သော နတ်ဘုရားအလင်းက လှေကားထစ်များအဖြစ် ဖွဲ့စည်းနေသည်။

မိုင်သန်းပေါင်းများစွာ ကျယ်ပြောသော မြို့တော်၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက လွတ်လပ်စွာ ရွေ့လျားသွားလာနေကြသည်။ ယင်းက အမှန်တကယ်ပင် ခမ်းနားထည်ဝါသော ကုန်သွယ်ရေးမြို့တော်တစ်ခု ဖြစ်သည်။

“ ဘုံတွေဆီက မူလစွမ်းအားကို လုယက်ဖို့လား… အဲ့ဒီလူတွေက တကယ်သတ္တိရှိတာပဲ ”

သူ့အရှေ့မှ မြို့တော်ကို မြင်သောအခါ ဟန်မူယဲ့က ပြုံးလိုက်သည်။

ထိုမြို့တော်ကို သက်ရှိများ၏ စွမ်းအားသီးသန့်ဖြင့် ဆောက်လုပ်ထားကြောင်း ထင်ရှားသည်။ မိုးမြေမူလစွမ်းအားက ထိုမြို့တော်ကို မထိန်းချုပ်ထားပေ။ ယင်းအစား မူလစွမ်းအားက သက်ရှိများကြားမှ စွမ်းအားတစ်ခုသာ ဖြစ်သည်။

ဤနေရာတွင် မူလစွမ်းအားကို ကုန်သွယ်နိုင်ပေသည်။

ထိုမြို့တော်ကို တည်ဆောက်ထားသော သက်ရှိများသည် ဘုံများ၏ စွမ်းအားဖြင့် ချည်နှောင်မခံထားကြရချေ။

“ အဲ့ဒီလူတွေက ရူးနေတာပဲ ”

“ ဒါပေမဲ့ ငါသဘောကျတယ် ”

ဟန်မူယဲ့၏ ဘေးမှ နတ်ဘုရားအလင်း ပျောက်ကွယ်သွားသည့်အခါ သူက လူငယ်တစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ သူ၏ ခါးပေါ်တွင် ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။

“ သွားကြစို့… ဒီမြို့တော်မှာ ငါရှာနေတဲ့အရာရှိဖို့ မျှော်လင့်တယ်”

ဤလောကတွင် ရတနာအများကြီး ရှိသည်။ သို့သော်လည်း ဟန်မူယဲ့က ရတနာအနည်းငယ်ကိုသာ ရှာဖွေချင်သည်။

ယင်းက အာဏာရှင်အဆင့်ထက် ပိုမြင့်သော ရတနာများနှင့် မူလစွမ်းအားမှလွဲ၍ တခြားမဟုတ်ပေ။

ဥပမာ သူ၏ လက်ထဲမှ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့က အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ အရူးအမူး လိုအပ်သောအရာ ဖြစ်သည်။

“ အမ်… ယုလင်းကောင်းကင်နဂါးကလန်က ယုချန်းပဲ… မင်းက ယဇ်ပလ္လင်ပေါ်မှာ အခွန်ကောက်နေတာ မဟုတ်ဘူးလား… မင်းက ဘယ်လိုလုပ် ယွင်ထျန်းမြို့တော်ကို ရောက်လာတာလဲ ”

“ အို ဟုတ်သားပဲ… မင်းရဲ့ နေရာက သတင်းစုံတယ်… နတ်ဝိညာဉ်အရှင်သခင်က ဒဏ်ရာအပြင်းအထန်ရထားပြီး သေမလိုဖြစ်နေတယ်ဆိုတာ မင်းသတင်းကြားပြီးပြီလား ”

ဟန်မူယဲ့နှင့် ယုချန်းက ကောင်းကင်ကိုးလွှာမြို့တော်၏ ဂိတ်တံခါးနားသို့ ရောက်သွားသည့်အခိုက် အသံတစ်သံက အဝေးမှ ထွက်ပေါ်လာသည်။

All Chapters