← Chapters

ကုတင်အောက်က လှုပ်ရှားမှု

Vol. 2 Ch. 12

ကုတင်အောက်က လှုပ်ရှားမှု

Vol. 2 Ch. 12

ဆုန့်ချန်ဖုန်းသည် အခန်းထောင့်တွင် လဲလျောင်းရင်း သူ၏နောက်ဆုံးထွက်သက်ကို စောင့်နေသကဲ့သို့ ခံစားနေရသည်။

သူ၏မျက်လုံးထောင့်မှ လူငယ်တစ်ဦး အေးအေးလူလူ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

သူ၏မျက်နှာပေါ်မှကြွက်သားများ လှုပ်ခါသွားပြီး လည်ချောင်းထဲမှ "အစ်... အစ်" ဟူသော အသံများ ထွက်ပေါ်လာကာ နာကျင်မှုကြောင့် ထုံကျင်နေသော ခန္ဓာကိုယ်သည် အလိုအလျောက် နောက်သို့ ဆုတ်သွားမိသည်။

အစောပိုင်းက သူမြင်တွေ့ခဲ့ရသည့် အရာအားလုံးသည် သူ၏မျက်စိအမြင်အာရုံကိုပင် သံသယဝင်စေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က လူမိုက်အုပ်စုကြားမှ ရှန်းယီကို ရွေးချယ်ခဲ့သူမှာ ဆုန့်ချန်ဖုန်း ကိုယ်တိုင်ပင်ဖြစ်သည်။ အကြောင်းမှာ ရှန်းယီ၏မျက်လုံးထဲရှိ ဉာဏ်ရည်ထက်မြက်မှုကို သတိထားမိခဲ့သောကြောင့်ပင်။

သို့သော် ရှန်းယီသည် သူထင်ထားသည်ထက် ပိုမိုပါးနပ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ဘိုင်ယွမ်ခရိုင်တွင် အောင်မြင်ရုံသာမက နတ်ဆိုးများနှင့် ပေါင်းသင်းဆက်ဆံကာ ရုံးတော်ကိစ္စများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

ထို့ကြောင့် ဆုန့်ချန်ဖုန်းသည် ရှန်းယီကို ပြဿနာမရှာဘဲ ရှောင်ဖယ်နေခဲ့သော်လည်း စိတ်ထဲတွင်တော့ အထင်သေး ရွံရှာမှုများ ရှိနေခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ သူ၏ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာတော့၏။

ရှန်းယီသည် မျောက်နတ်ဆိုးသုံးကောင်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီး လှုပ်ရှားမှုတစ်ချက်စီတိုင်းတွင် လွယ်ကူသက်သာစွာဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။

ဤကဲ့သို့သော သိုင်းပညာစွမ်းအင်မျိုးသည် တစ်ညတည်းနှင့် ရရှိနိုင်သော အရာမဟုတ်ပေ။

ရှန်းယီ၏ပုံမှန်အပြုအမူများဖြစ်သော သူငယ်ချင်းများနှင့် သောက်စားမူးယစ်ခြင်း၊ ညဉ့်နက်သန်းခေါင်အထိ သီချင်းဆိုခြင်း၊ ခြေလှမ်းအနည်းငယ် လမ်းလျှောက်ရုံဖြင့် ခါးကို ကိုင်ကာ ညည်းညူတတ်ခြင်းများကို ပြန်စဉ်းစားမိသောအခါ ဆုန့်ချန်ဖုန်း၏ကျောချမ်းသွားရသည်။

'ဒီကောင်က ဘာတွေကြံစည်ဖို့ ဒီလောက်တောင် ဟန်ဆောင်ထိန်းချုပ်နေခဲ့တာလဲ'

အတွေးများထဲ နစ်မြောနေစဉ် လူငယ်လေးသည် သူ့အနားသို့ ရောက်လာသည်။ ဆုန့်ချန်ဖုန်းသည် အလိုအလျောက်ပင် လက်ဖြင့် မျက်နှာကို ကာကွယ်လိုက်မိသည်။

နောက်တစ်စက္ကန့်တွင်မူ သူသည် တစ်စုံတစ်ယောက်၏ကျောပေါ်သို့ ပိုးခြင်း ခံလိုက်ရသည်။

ရှန်းယီသည် သူ၏ကျောပေါ်မှ လူကြီး၏တုန်ရီမှုကို ခံစားမိပြီး သက်ပြင်းချလိုက်သည်။

"ဒီလောက်တောင် ဖြစ်နေတာလား လက်ကျိုးခြေကျိုး ဖြစ်သွားတာလည်း မဟုတ်ဘဲနဲ့"

ရုံးတော်၏ရာဇဝတ်မှုဌာနသည် ခရိုင်တစ်ခုလုံး၏ လုံခြုံရေးကို တာဝန်ယူထားရသည်။ ဤမျှ အရေးကြီးသော ဌာန၏ခေါင်းဆောင်တစ်ဦးသည် မျောက်နတ်ဆိုးများ သေဆုံးသွားပြီဖြစ်သော်လည်း တုန်ရီနေဆဲဖြစ်သည်မှာ သနားစရာမြင်ကွင်းပင်။

အကယ်၍ စစ်ဘက်ဆိုင်ရာဌာနမှ စစ်သည်တော် (၈၀၀) သာ မြို့ကို ကာကွယ်မထားလျှင် ဘိုင်ယွမ်ခရိုင်မှ ပြည်သူများသည် နတ်ဆိုးများ၏ စားသောက်ခြင်းကို ခံရသည်မှာ ကြာပြီဖြစ်သည်။

ဆုန့်ချန်ဖုန်း ပြန်မဖြေနိုင်ပေ။

ရှန်းယီသည် သူ့အိမ်ဘယ်မှာလဲဟု မေးချင်သော်လည်း အတွေးဝင်လာသည်နှင့် ခြေထောက်များက အလိုအလျောက် ရှေ့သို့ လှမ်းပြီးသား ဖြစ်နေသည်။

သူသည် ရုံးတော်မှ ထွက်ခွာပြီး အရှေ့ဘက်လမ်းမကြီးပေါ်သို့ ဦးတည်သွားသည်။ ညဉ့်နက်နေပြီဖြစ်ပြီး လမ်းတစ်လျှောက်လုံး မှောင်မိုက်နေသည်။

သို့သော် ရှန်းယီသည် စိမ်းသက်နေခြင်း မရှိဘဲ ကျွမ်းကျင်စွာပင် လျှောက်လှမ်းသွားပြီး ခြံဝင်းငယ်လေးတစ်ခု၏ရှေ့တွင် ရပ်တန့်ကာ တံခါးကို ခေါက်လိုက်သည်။

"ပြန်လာရကောင်းမှန်း သိသေးတယ်ပေါ့ အပြင်မှာပဲ သေလိုက်ပါတော့လား"

အေးစက်သော အသံနှင့်အတူ ခြံဝင်းတံခါး ပွင့်သွားသည်။

အသက် (၃၀) ဝန်းကျင်အရွယ် လှပသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ သူမသည် ပါးလွှာသော ပန်းရောင်ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချောမောလှပကာ ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ပေါက် ရှိသည်။

သူမ၏ ယအသားအရေမှာ ချောမွတ်ပြီး တင်းရင်းနေသည်။ရှန်းယီ၏မျက်နှာကို မြင်လိုက်ရသည်နှင့် သူမ၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာသည်။

"နင် ဘာကိစ္စရှိလို့ လာတာလဲ ဟိုအဖိုးကြီးက ရုံးမှာပဲ ရှိနေတုန်းလား"

"..."

ရှန်းယီ၏မျက်နှာ အနည်းငယ် ထူးဆန်းသွားပြီး ကိုယ်ကိုစောင်းကာ ကျောပေါ်မှ အဖိုးကြီးကို သူမမြင်အောင် ပြလိုက်သည်။

လှပသော အမျိုးသမီးသည် အံ့အားသင့်သွားသော်လည်း ထိတ်လန့်ဟန် မပြပေ။ သူမသည် သေလုမျောပါး ဖြစ်နေသော ဆုန့်ချန်ဖုန်းကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

"ရုံးမှာ လက်ဖက်ရည်ထိုင်သောက်ရင်းနဲ့ ဒီလောက်တောင် ဒုက္ခရောက်လာတာလား၊ သိက္ခာလေး ဘာလေးလည်း ရှိဦးမှပေါ့"

ထိုစကားကို ကြားရသောအခါ ရှန်းယီသည် ဆုန့်ချန်ဖုန်းအတွက် စိတ်မကောင်း ဖြစ်မိသွားသည်။

ရုံးမှာလည်း အဆင်မပြေ၊ အထက်လူကြီးဖြစ်ပြီး လက်အောက်ငယ်သားကို ကြောက်နေရ၊ အိမ်ပြန်ရောက်ပြန်တော့လည်း အနိုင်ကျင့်ခံရ... ဒီအသက် (၄၀) ကျော် (၅၀) နားကပ်နေတဲ့ လူကြီးဟာ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇနီးသည်ကို ပိုင်ဆိုင်ထားပေမဲ့ တခြားသူက အသီးအပွင့်ကို ခူးဆွတ်သွားမည့်ကိန်း ဆိုက်နေသည်။

ရှန်းယီသည် ခြံဝင်းထဲဝင်သွားပြီး အိမ်ထဲသို့ ဝင်ကာ ဆုန့်ချန်ဖုန်းကို ကုတင်ပေါ်တွင် ချပေးလိုက်သည်။

ထိုလူကြီးမှာ နံရံဘက်သို့ မျက်နှာလှည့်ကာ သတိမေ့ချင်ယောင်ဆောင်နေတော့သည်။

အသက်ကယ်ပေးတာတောင် ကျေးဇူးတင်စကား တစ်ခွန်းမှ မပြောဘူး... ရှန်းယီ ခေါင်းခါလိုက်ပြီး အပြင်သို့ ပြန်ထွက်လာသည်။

ခြံဝင်းထဲသို့ ရောက်သည်နှင့် နွေးထွေးနူးညံ့သော ခန္ဓာကိုယ်တစ်ခုက သူ့ကို လာရောက် မှီတွယ်လိုက်သည်။

"ဒီနေ့ ဘာဖြစ်ခဲ့တာလဲ" ဆုန့်၏ဇနီးသည်က ရှန်းယီ၏လက်မောင်းကို ရင်ခွင်ထဲ ညှပ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။ "နင် အဆင်ပြေရဲ့လား လာ... အစ်မ အထဲမှာ စစ်ဆေးပေးမယ်"

"အဟမ်း..." ရှန်းယီ ခဏမျှ ကြောင်အကာသွားသည်။

ခဏအကြာတွင် သူသည် ခုနကပိတ်သွားသော တံခါးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့လက်မောင်းကို အသာအယာ ရုန်းထွက်လိုက်သည်။

"ခေါင်းဆောင်ဆုန့်က နတ်ဆိုးတစ်ကောင်ကို သတ်လိုက်လို့လေ။ ကျွန်တော်က ရုံးကို ပြန်ပြီး လက်ကျန်ကိစ္စတွေ ရှင်းရဦးမယ်။ မနှောင့်ယှက်တော့ပါဘူး"

လှပသော အမျိုးသမီးသည် ထွက်ခွာသွားသော လူငယ်လေးကို ကြည့်ရင်း ခြေဆောင့်လိုက်သည်။

"သူက နတ်ဆိုးသတ်နိုင်တယ် ဟုတ်လား။အဲဒီအရည်အချင်းသာ ရှိရင် ဒီလောက် ဒုက္ခရောက်မနေဘူး... အသည်းနှလုံးမရှိတဲ့ကောင်"

...

ဆုန့်အိမ်မှ ထွက်ခွာလာပြီးနောက်...

ရှန်းယီသည် လူသူကင်းမဲ့နေသော လမ်းဆုံတွင် ရပ်လိုက်ပြီး အဝတ်အစားကို တင်းကျပ်စွာ ဆွဲဆန့်လိုက်သည်။

အစောပိုင်းက ရရှိခဲ့သော နွေးထွေးမှုနှင့် အထိအတွေ့များက မပျောက်မပျက် ကျန်ရစ်နေသေး၏။

သူသည် ထိုအမျိုးသမီးအကြောင်း တွေးနေခြင်း မဟုတ်သော်လည်း ရင်ထဲတွင် ဟာတာတာနှင့် မလုံခြုံမှု တစ်စုံတစ်ရာကို ခံစားနေရသည်။

ဆုန့်မိသားစု၏အခြေအနေကို မနှစ်သက်သော်လည်း ချန်ကျိကဲ့သို့ လူမျိုးက အိမ်ပြန်လာချိန်တွင် မီးထွန်းပြီး စောင့်နေပေးခြင်းမှာ မဆိုးလှပေ။

ကံဆိုးစွာပင် သူ၏ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ မိဘမဲ့ လူမိုက်တစ်ယောက်ဖြစ်ပြီး ဆွေမျိုးမိတ်ဆွေဟူ၍ မရှိပေ။ အိပ်ရာပေါ်တွင် အဖော်ပြုပေးမည့်သူမှာ ပြည့်တန်ဆာများသာ ရှိခဲ့သည်။

ရှန်းယီသည် ညလေကို ပြင်းပြင်းရှူရှိုက်လိုက်ပြီး စနစ်ကို ဖွင့်လိုက်သည်။

[အသိဉာဏ်မြင့် မျောက်နတ်ဆိုး (ကနဦးအဆင့် မရောက်သေး) - စုစုပေါင်း သက်တမ်း ၃၂၆ နှစ်၊ လက်ကျန် ၄၄ နှစ်၊ စုပ်ယူခြင်းပြီးဆုံး]

[အသိဉာဏ်မြင့် မျောက်နတ်ဆိုး (ကနဦးအဆင့် မရောက်သေး) - စုစုပေါင်း သက်တမ်း ၃၅၅ နှစ်၊ လက်ကျန် ၇၈ နှစ်၊ စုပ်ယူခြင်းပြီးဆုံး]

[အသိဉာဏ်မြင့် မျောက်နတ်ဆိုး (ကနဦးအဆင့် မရောက်သေး) - စုစုပေါင်း သက်တမ်း ၄၂၀ နှစ်၊ လက်ကျန် ၈၃ နှစ်၊ စုပ်ယူခြင်းပြီးဆုံး]

[လက်ကျန် နတ်ဆိုးသက်တမ်း - ၂၂၂ နှစ်]

...

ရှန်းယီသည် ဤသက်တမ်းအားလုံးကို လေပြင်းလျှပ်စီး ရတနာကျမ်းတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထား၏။

"နတ်ဆိုးဖိနှပ်ခြင်းအစစ်မှန်ယန် ဓားသိုင်း" ၏ စွမ်းအားမှာ အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းလှသည်။

ကနဦးအဆင့် နှင့် ပတ်သက်သော သိုင်းကွက်တစ်ခုဆိုတာသံသယဝင်စရာမလိုပေ။

နောက်ဆုံး မျောက်နတ်ဆိုးကို သတ်ဖြတ်လိုက်စဉ်က ရှန်းယီသည် သူ၏သွေးစွမ်းအင်များ ခန္ဓာကိုယ်ထဲတွင် မြူခိုးအသွင် ပြောင်းလဲသွားသည်ကို အမှန်တကယ် ခံစားလိုက်ရသည်။

ဤဓားသိုင်းသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အား သို့မဟုတ် နည်းစနစ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုများဖြင့် ကန့်သတ်ထားခြင်း မရှိဘဲ လုံးဝ ကွဲပြားခြားနားသော နယ်ပယ်တစ်ခုတွင်ရှိသည်။

သို့သော် ၎င်းသည် သာမန်လူသားများက မိမိ၏ သက်တမ်းကို အတင်းအဓမ္မ လောင်ကျွမ်းစေပြီး ထိုနယ်ပယ်ကို ခဏတာ ရောက်ရှိအောင် ကြိုးပမ်းသော လမ်းကြောင်းခွဲတစ်ခုသာ ဖြစ်သည်။ စစ်မှန်သော ကနဦးအဆင့် နှင့် မယှဉ်ပြိုင်နိုင်ပေ။

"နှစ် (၂၀၀) ဆိုရင် လုံလောက်ပါ့မလား မသိဘူး"

ရှန်းယီသည် မိမိကိုယ်ကို ပါရမီရှင်မဟုတ်ကြောင်း သိသည်။

ဘာမှမရှိရာမှ လမ်းကြောင်းတစ်ခု ဖောက်လုပ်ရန်အတွက် အချိန်အများကြီး ပေးဆပ်ပြီး စုဆောင်းရမည်ဖြစ်သည်။

သူ့တွင် အောင်မြင်မှုကို ထိုင်စောင့်နေရန် အချိန်မရှိပေ။

ဘိုင်ယွမ်ခရိုင်တွင် မျောက်နတ်ဆိုး သုံးကောင် ပျောက်ဆုံးသွားခြင်းသည် ယခင်က ခွေးနတ်ဆိုးနှင့် ဟွမ်လောင်လျို့ ကိစ္စများကဲ့သို့ မဟုတ်ဘဲ အခြား မျောက်နတ်ဆိုးများက မကြာခင်

သတိထားမိလာလိမ့်မည်။

အကယ်၍ မျောက်ငယ်သားအများအပြား အသတ်ခံရလျှင် တကယ့် မျောက်နတ်ဆိုးခေါင်းဆောင်ကြီးက သူ့ကို လွှတ်ပေးထားမည် မဟုတ်ပေ။

ဘိုင်ယွမ်ခရိုင်သည် ဝေးလံခေါင်သီသော ဒေသတွင် တည်ရှိပြီး နတ််ဆိုးမျိုးနွယ်စု လေးခု ဝန်းရံထားသည်။

၎င်းတို့မှာအနောက်ဘက်တွင် မွေးဝါကြီးများ ၊ ဒေါင်ရှန်းတောင်တန်းတွင် မျောက်နတ်ဆိုးများ ၊ အစိမ်းရောင် ချီလင်မယ်တော် ဟု ခေါ်သော မြွေနတ်ဆိုးနှင့် မြေခွေးအုပ်စု တို့ ဖြစ်ကြသည်။

ရှန်းယီသည် ယခုအခါ ၎င်းတို့ထဲမှ နှစ်ဖွဲ့ကို ပြစ်မှားမိပြီးဖြစ်သည်။

သူ သတိထားနေခဲ့သော်လည်း နတ်ဆိုးတို့၏ လက်စားချေလိုစိတ်ကို ဆွေးနွေးညှိနှိုင်း၍ မရနိုင်ပေ။ သံသယဝင်ရုံမျှဖြင့်ပင် ဘိုင်ယွမ်ခရိုင်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ကြသည်။

"အိမ်အရင် ပြန်ကြတာပေါ့"

ရှန်းရိ ခေါင်းကိုက်စွာဖြင့် တွေးလိုက်သည်။ သူသည် ရက်စက်သူ တစ်ယောက် မဟုတ်ပေ။

ယခင်က သူ၏သက်တမ်းမှာ တစ်နှစ်သာ ကျန်တော့သဖြင့် ဂရုမစိုက်ဘဲ ထင်ရာစိုင်းခဲ့သော်လည်း၊ ယခုအခါ မမျှော်လင့်ဘဲ သက်တမ်း အနှစ် (၂၀) တိုးလာပြီး သိုင်းပညာနယ်ပယ်၏ လျှို့ဝှက်ချက်များကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

ဆက်လက် အသက်ရှင်နိုင်မည်ဆိုလျှင် သူ အလွယ်တကူ အရှုံးပေးချင်မည် မဟုတ်ပေ။

အတွေးများ ယောက်ယက်ခတ်နေရင်း ရှန်းယီသည် သူ၏နေအိမ်သို့ ပြန်ရောက်လာသည်။

အောက်တန်းအရာရှိလေး တစ်ယောက်အနေဖြင့် ရုံးတော်မှ စီစဉ်ပေးသော နေအိမ်မှာ ချန်ကျိ၏ အိမ်ထက် အနည်းငယ် သာလွန်သော်လည်း အများကြီး ကွာခြားမှု မရှိပေ။

ငွေကြေး အများအပြား ရှာဖွေနိုင်ခဲ့သော်လည်း သူ၏ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ အိမ်ဝယ်ရန် စိတ်မဝင်စားခဲ့ပေ။

ဘိုင်ယွမ်ခရိုင်တွင် သူကြိုက်သည့်နေရာ၌ အိပ်နိုင်သည် မဟုတ်ပါလား။

အိမ်ခန်းမှာ ရှုပ်ပွနေသည်။ ရှန်းယီသည် မနှစ်မြို့စွာဖြင့် ပင်ပန်းမှုကိုအံတုရင်း စတင် ရှင်းလင်းလိုက်သည်။

တံမြက်စည်း မရှိသဖြင့် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အမှိုက်များနှင့် ဝိုင်အိုးများကို ခြံနောက်ဖေးသို့ လှမ်းပစ်လိုက်သည်။

သူသည် အဆီများ စွန်းထင်းနေသော ကောက်ရိုးဖျာကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး ချက်ချင်းပင် အပြင်သို့ လွှင့်ပစ်လိုက်သည်။

အားလုံး ပြီးစီးသောအခါ ရှန်းယီသည် မာကျောသော သစ်သားကုတင်ပေါ်တွင် လှဲချလိုက်ရာ မျက်ခွံများ လေးလံလာသည်။

သီအိုရီအရ သူ၏ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်မှုကို မခံစားရသင့်သော်လည်း...

အချိန်တိုအတွင်း အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရပြီး စိတ်ပျက်စရာကိစ္စများကို မြင်တွေ့ခဲ့ရသဖြင့် အနားယူရန် တောင့်တနေမိသည်။

သူအား ပြင်းထန်သော အိပ်ချင်စိတ်က လွှမ်းမိုးလာသည်။

ရှန်းယီသည် မျက်လုံးများကို လုံးဝမှိတ်လိုက်ပြီး ငြိမ်းချမ်းသော အခိုက်အတန့်ကို ခံစားလိုက်သည်။

တစ်ခုတည်းသော မကျေနပ်ချက်မှာ အိပ်စက်ချိန်တွင် ဖက်ထားရန် နူးညံ့ပြီး မွှေးကြိုင်သော ခန္ဓာကိုယ်လေး ဘေးနားတွင် မရှိခြင်းပင်။

ဒုန်း

ဒုန်း

ရှန်းယီ မျက်လုံးပွင့်လာခဲ့ပြီး ဇဝေဇဝါဖြင့် ကုတင်အောက်သို့ ကြည့်လိုက်သည်။

All Chapters