← Chapters

လင်မိသားစု၏တစ်ဦးတည်းသောသမီး

Vol. 2 Ch. 13

လင်မိသားစု၏တစ်ဦးတည်းသောသမီး

Vol. 2 Ch. 13

အကယ်၍ ဤအခြေအနေသည် သူ၏ယခင်ကမ္ဘာသာဆိုလျှင် ရှန်းယီသည် သရဲတစ္ဆေ သို့မဟုတ် နတ်ဘုရားများအကြောင်းကို ကြောက်လန့်တကြား တွေးတောမိနေပေလိမ့်မည်။

သို့သော် ယခုမူ သူသည် ကုတင်ပေါ်တွင် မတ်မတ်ထိုင်ကာ ကုတင်အောက်ခြေရှိ နေရာလွတ်ကို ငုံ့ကြည့်လိုက်သည်။

တစ်ခုခုတော့ မှားနေပြီဟု သူအရင်ကတည်းက ခံစားခဲ့ရသည်။

`ဘယ်သူက ကိုယ့်ကုတင်အောက်ခြေကို သစ်သားပြားတွေနဲ့ ရိုက်ပိတ်ထားလို့လဲ'

ရှန်းယီသည် လျှို့ဝှက်ခလုတ်များကို လိုက်မရှာတော့ဘဲ ကုတင်ဘေးတွင် အဆင်သင့်ချထားသော ဓားကို လှမ်းဆွဲလိုက်ပြီး အားအနည်းငယ်သုံးကာ သစ်သားပြားကို ရိုက်ခွဲလိုက်သည်။

"ရှုး"

အောက်ခြေမှ သတ္တဝါလေးတစ်ကောင် ခေါင်းပြူထွက်လာသည်နှင့် ဓားသွားမှာ ထိုသူ၏လည်ပင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။

ထို့နောက် ရှန်းယီ၏မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။

ဓားသွား၏ခြိမ်းခြောက်မှုအောက်တွင် တွေ့လိုက်ရသည်မှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၏ ဆံနွယ်များမှာ ဖရိုဖရဲဖြစ်နေပြီး ရုပ်ရည်မှာ နုနယ်သော်လည်း ခေါင်းမာသည့်အသွင်ရှိသည်။

ညစ်ပေနေသော မျက်နှာထက်တွင် ဒေါသရိပ်များ ထင်ဟပ်နေပြီး ပါးစပ်ကို အဝတ်ဖြင့် ပိတ်ထားခြင်း ခံထားရသည်။

သူမ၏လည်ချောင်းထဲမှ ထွက်ပေါ်လာသော အသံများမှာ ဆဲဆိုနေခြင်းဖြစ်ကြောင်း သိသာလှသည်။

ယခင်က ဆီးနှင်းကဲ့သို့ ဖြူဖွေးခဲ့မည့် ဝတ်ရုံမှာ ယခုအခါ အဝတ်စုတ်ထက်ပင် ပို၍ ညစ်ပေနေသည်။

သူမ၏လက်နှစ်ဖက်ကိုလည်း နောက်ပြန်ကြိုးတုပ်ထားသည်။ နဖူးပေါ်ရှိ နီမြန်းနေသော အမှတ်အသားကို ကြည့်ခြင်းအားဖြင့် သူမသည် ကုတင်ပြားကို ခေါင်းဖြင့် စောင့်ပြီး အချက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိသာသည်။

ထိုအမျိုးသမီးငယ်၏လှပသောမျက်နှာကို မြင်လိုက်ရသောအခါ ရှန်းယီ၏မျက်နှာအမူအရာသည် ဇဝေဇဝါဖြစ်ရာမှ ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီး စိတ်ကိုတည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်ရသည်။

'ဒါ ဘာတွေလဲ... ဒီကောင် ငါ့အတွက် ဘယ်လောက်တောင် ပြဿနာတွေ ချန်ထားခဲ့တာလဲ'

သေပြီးသားလူကို ဒေါသထွက်နေ၍လည်း အကျိုးမရှိပေ။ ရှန်းယီသည် စိတ်ပျက်လက်ပျက်ဖြင့် ဓားကို အောက်ချလိုက်ပြီး သူမ၏ပါးစပ်မှ အဝတ်ကို ဆွဲဖယ်လိုက်သည်။

"ရှင့်လို လူယုတ်မာ နတ်ဆိုးတွေရဲ့ လက်ပါးစေ ရှင် ကောင်းကောင်း သေရမှာ မဟုတ်ဘူး"

"ကျွန်မကို အခုချက်ချင်း လွှတ်ပေးစမ်း မဟုတ်ရင် ကျွန်မဂိုဏ်းကို အကြောင်းကြားပြီး ရှင့်ကို အရှင်လတ်လတ် အရေခွံဆုတ်ခိုင်းမယ်၊ ရှင်..."

ငွေရောင်အလင်းတစ်ချက် လက်သွားသည်။ထို့နောက်တော့ ရှန်းယီသည် သူ့ဓားကို ပြန်သိမ်းလိုက်၏။

ချည်ကြိုးများ ပြတ်တောက်သွားသည်ကို မြင်သောအခါ အမျိုးသမီးငယ်မှာ ဆက်လက်ဆဲဆိုရန် ပြင်လိုက်သော်လည်း ဘာဆက်ဆဲရမှန်း မသိတော့ဘဲ ပါးစပ်ဟောင်းလောင်း ဖြစ်နေလေသည်။

'ဒီအတိုင်း လွှတ်ပေးလိုက်တာလား ဒါ သူမ မျှော်လင့်ထားတဲ့ ပုံစံမဟုတ်ဘူးလေ'

သူမသည် ခြောက်ကပ်နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ခဏစဉ်းစားကာ မေးလိုက်သည်။

"ကျွန်မ ဗိုက်ဆာပြီ၊ စားစရာ တစ်ခုခု ရှိလား"

ရှန်းယီက သူမကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်။

"ထွက်သွားတော့"

သူသည် အမျိုးသမီးအဖော်ကို လိုချင်သည်မှာ မှန်သော်လည်း ကိလေသာရှေ့တန်းတင်ပြီး ဒုက္ခရှာမည့်သူ မဟုတ်ပေ။

သူမ၏အထောက်အထားက အလွန်ထူးခြားလွန်းလှသည်။ စဉ်းစားရုံဖြင့် ရှန်းယီတစ်ညလုံး အိပ်မပျော်နိုင်စေလောက်အောင်ပင်။

ဘိုင်ယွမ်ခရိုင်သည် ချမ်းသာသောမြို့ မဟုတ်သော်လည်း သူဌေးကြီးအချို့ ရှိသည်။

လင်းမိသားစု သည် ပိုးထည်ကုန်သွယ်မှုဖြင့် အလွန်ချမ်းသာသော မိသားစုဖြစ်သည်။

သူဌေးကြီးလင်းတွင် ဇနီးမယားများစွာ ရှိသော်လည်း သားသမီးရနည်းလှသည်။ ရသမျှ သားသမီးများမှာလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြရာ ဤသမီးတစ်ယောက်သာ ကျန်တော့သည်။

သို့ဖြစ်ရာ သူသည် မိသားစုလုပ်ငန်းကို ဆက်ခံရန် သားတစ်ယောက်ကို မွေးစားခဲ့ရသည်။

သူ့သမီးကိုမူ သိုင်းပညာသင်ယူရန် ငွေအမြောက်အမြား အကုန်အကျခံပြီး အဝေးသို့ ပို့ထားခဲ့သည်။ မမျှော်လင့်ဘဲ သူမသည် သိုင်းပညာ တကယ်တတ်မြောက်လာခဲ့ပြီး ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်သည့်အလုပ်မှာ ဓားကိုဆွဲကာ နတ်ဆိုးများကို နှိမ်နင်းခြင်းပင် ဖြစ်သည်။

ရှန်းယီသည် ထိုစဉ်ကတည်းက ဤကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ရသည်။ သူမသည် မြို့ပြင်ထွက်ပြီး မြေခွေးနတ်ဆိုးအုပ်စုကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်။

အသက်ရှင်လျက် ပြန်လာနိုင်သည်မှာပင် အံ့သြစရာကောင်းလှ၏။

ဤပြဿနာအားလုံး၏အစမှာ လူသားလောကကို စိတ်ဝင်စားသော မြေခွေးနတ်ဆိုးတစ်ကောင်က လင်းမိသားစု၏အမွေဆက်ခံသူနှင့် နေရာချင်းလဲရန် ဂိမ်းကစားချင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၎င်းသည် ထိုမိန်းကလေးကို ရှန်းယီ၏အိမ်သို့ ခေါ်လာခဲ့ပြီး သူမ၏အသံနှင့် လုပ်ရပ်များကို အတုခိုးရုံသာမက မျက်နှာကိုပါ ထပ်တူကျအောင် ပြောင်းလဲခဲ့သည်။

နောက်ဆုံးတွင် ရှန်းယီ၏လက်မှတစ်ဆင့် ဒဏ်ရာပြင်းထန်စွာရရှိထားသောမြေခွေးမကို လင်းအိမ်တော်သို့ ပြန်ပို့လိုက်ပြီး မှတ်ဉာဏ်ပျောက်ဆုံးနေသည်ဟု အကြောင်းပြကာ ပြဿနာကို ဖြေရှင်းခဲ့သည်။

ရှန်းယီသည် ထိုအလုပ်ကို သေသပ်စွာ လုပ်ဆောင်ပေးခဲ့သဖြင့် မြေခွေးမက ကျေနပ်ကာ ဤမိန်းကလေးကို ရှန်းယီအား ဆုလာဘ်အဖြစ် ပေးခဲ့ခြင်းဖြစ်သည်။

ဘိုင်ယွမ်ခရိုင်ထဲတွင် သူမရှိကြောင်း မည်သူမျှ မသိစေသရွေ့ ရှန်းယီ ကြိုက်သလို လုပ်နိုင်သည်။

ထို့အတွက် မြေခွေးမက မိန်းကလေး၏ သွေးကြောစွမ်းအင်အမှတ်များကိုပင် ပိတ်ထားခဲ့သည်။

"ဒီရက်ပိုင်းအတွင်းမှာ ဆန်ပြုတ်လေးတော့ ကျွေးသေးတယ်၊ အခုတော့ ရေတောင် မတိုက်တော့ဘူး။ ကျွန်မ ဒီနှစ်ရက်အတွင်း ဘယ်လိုရှင်သန်ခဲ့ရလဲ ရှင်သိလား"

လင်းပိုင်ဝေ့ သည် အားနည်းစွာဖြင့် ကုတင်စောင်းတွင် ထိုင်လိုက်သည်။

ရှန်းယီက ဘေးတစ်စောင်းကြည့်ကာ ပြောလိုက်သည်။ "မင်းတောင်းဆိုသလို ငါလွှတ်ပေးပြီးပြီပဲ၊ ဘာလို့ မသွားသေးတာလဲ"

မိမိအလိုရှိသလို ပုံစံပြောင်းနိုင်သော မြေခွေးမိစ္ဆာဆိုသည်မှာ ရှန်းယီ လောလောဆယ် ရင်ဆိုင်နိုင်သော အရာမဟုတ်ပေ။ ထိုနတ်ဆိုးသည် လင်းအိမ်တော်သို့ ရောက်နေပြီဖြစ်သော်လည်း လူသားများကို ရန်မမူသေးသဖြင့် ရှန်းယီသည် အခြေအနေကို ပိုမိုဆိုးရွားအောင် မလုပ်လိုပေ။

"ကျွန်မဆဲတာက ကျွန်မခံစားချက်ကို ထွက်ပေါက်ပေးတာပဲ၊ ရှင်က ကျွန်မကို အအလို့ထင်နေတာလား"

လင်းပိုင်ဝေ့သည် သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်ရင်း အားနည်းသော အသံဖြင့် ဆိုသည်။ "အဲဒီတိရစ္ဆာန်က ကျွန်မအပေါ်မှာ အစီရင်တစ်ခု ထားခဲ့တယ်။ အကယ်၍ ကျွန်မက ဒီအခန်းထဲကနေ တစ်လှမ်းလေး ထွက်လိုက်တာနဲ့ နာရီဝက်အတွင်း ကျွန်မခေါင်းကို လာဖြတ်လိမ့်မယ်"

ထိုစကားကို ကြားသောအခါ ရှန်းယီ၏နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဒါဆို မင်းအတွက်ကတော့ ငါ့အနားမှာနေတာက ပိုဘေးကင်းတယ်ပေါ့"

"ရှင် ကျွန်မကို ထိရင်တော့ ကျွန်မအစွမ်းကုန် ပြန်တိုက်မှာပဲ" လင်းပိုင်ဝေ့က သူ့ကိုကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

"ဒါပေမဲ့ ရှင် ကျွန်မကို ဘာမှမလုပ်ဘူးဆိုရင်တော့ ကျွန်မ စားဖို့လိုသေးတယ်"

မိန်းကလေး၏ပြတ်သားသော မျက်လုံးများကို ကြည့်ပြီး ရှန်းယီ ခံစားလိုက်ရသည်မှာ... သူမ တကယ်ပဲ ဗိုက်ဆာနေခြင်းပင်။

သူသည် ဤကိစ္စကို ထပ်ပြီး အချိန်မဖြုန်းလိုတော့ပေ။

"နားထောင်စမ်း၊ငါ အခု အနားယူတော့မယ်။ မင်းကတော့ ဆူညံသံမထွက်သရွေ့ ကြိုက်တာလုပ်နိုင်တယ်"

ထိုသို့ပြောပြီးနောက် ရှန်းယီသည် ကုတင်ပေါ်တွင် ပြန်လှဲချလိုက်ကာ ဓားကို လက်မောင်းအောက်တွင် အဆင်သင့်ထားလိုက်သည်။

"..."

"..."

ခဏအကြာတွင် ရှန်းယီ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ လင်းပိုင်ဝေ့သည် အလွန်လှပကြောင်း သူဝန်ခံပါသည်။

ဖရိုဖရဲဖြစ်နေသည့်တိုင် သူမသည် သူဤကမ္ဘာသို့ ရောက်လာကတည်းက တွေ့ဖူးသမျှထဲတွင် အလှဆုံးဖြစ်သည်။

သို့သော် သူမသည် သရဲမတစ်ကောင်လို ဆံပင်ဖားရားနှင့် သူ့ဘေးတွင် ထိုင်ကာ ခံစားချက်မဲ့သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်မှာ အိပ်မရနိုင်လောက်အောင်ပင်။

"မင်း တစ်ခုခု ဖြစ်နေလို့လား"

"ကျွန်မ အသံမှ မထွက်တာ" လင်းပိုင်ဝေ့က သူ့ကို ဆက်ကြည့်နေဆဲပင်။

"အခု ငါ မင်းကို ကုတင်အောက် ပြန်ထည့်ထားချင်စိတ် ပေါက်နေပြီ" ရှန်းယီ ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။

"ကြိုက်သလိုလုပ်၊ ပြန်ချည်ထားဖို့ လိုသေးလား"

လင်းပိုင်ဝေ့က သူမ၏လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ပေးလိုက်သည်။

ဤအမူအရာကြောင့် ရှန်းယီသည် ဘယ်သူက လူမိုက်အစစ်လဲဆိုသည်ကို မိမိကိုယ်ကိုပင် ပြန်မေးမိသွားသည်။

"မင်းက ငါ့ကို အခု ကပ်နေတာလား"

"ကျွန်မ မသေချင်ဘူး၊ အသက်ရှင်ဖို့ စားဖို့လိုတယ်" လင်းပိုင်ဝေ့၏မျက်နှာမှာ အလွန်တည်ငြိမ်နေသည်။

"မသေချင်ရင် အဲဒီမြေခွေးတွေကို မစသင့်ဘူး" ရှန်းယီက အဓိပ္ပာယ်မရှိသလို ပြောလိုက်သည်။

အစက သူမကို စိတ်လိုက်မာန်ပါ လုပ်တတ်သော သူဌေးသမီးလေးဟု ထင်ခဲ့သော်လည်း ယခုမူ သူမ၏လိုက်လျောညီထွေရှိမှုကို အံ့သြမိသည်။

ထိုစကားကြောင့် မိန်းကလေးသည် သူ့ကို ဇဝေဇဝါ ကြည့်လိုက်သည်။

"သူတို့က ဘိုင်ယွမ်ခရိုင်က ပြည်သူတွေကို သတ်ဖြတ်စားသောက်နေတာ၊ ကျွန်မက သူတို့ကို စတာလို့ ဘယ်လိုပြောနိုင်ရတာလဲ"

ပြောပြောဆိုဆိုနှင့် လင်းပိုင်ဝေ့သည် သူမ၏ မျက်နှာကို ရှန်းယီအနားသို့ တိုးကပ်လိုက်ပြီး ရှန်းယီ၏အဝတ်အစားပေါ်ရှိ နတ်ဆိုးသွေးများ စွန်းထင်နေသော နေရာကို လက်ချောင်းလေးများဖြင့် အသာအယာ တို့ထိလိုက်သည်။

တိရစ္ဆာန်လေးတစ်ကောင်ကဲ့သို့ ထိုအနံ့ကို နမ်းကြည့်ပြီးနောက် သူမ ခေါင်းမော့လာသည်။

"ပြီးတော့... ရှင်လည်း သူတို့ကို စနေတာပဲ မဟုတ်လား"

"ငါက မင်းလို မအဘူး" ရှန်းယီက သူမ၏မျက်နှာကို တွန်းဖယ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်းက တကယ့် ဂိုဏ်းတစ်ခုခုကလား"

နတ်ဆိုးသွေးနံ့ကို ခွဲခြားနိုင်စွမ်းရှိခြင်းမှာ သူမတွင် စွမ်းရည်အချို့ ရှိကြောင်း ပြသနေသည်။

"မက်မွန်ပွင့် ပုဆိန်သိုင်း၊ နတ်ဆိုးနှိမ်နင်းရေး အတုမဲ့ဓားသိုင်း၊ လေလှိုင်းခွဲလက်ဝါး ၁၈ ကွက်..."

"ပေါင်းမုန့်နှစ်လုံးအတွက် ရှင်ဘယ်သိုင်းပညာကို သင်ချင်လဲ"

လင်းပိုင်ဝေ့က ဟင်းပွဲအမည်များ ရွတ်ပြနေသကဲ့သို့ ပြောနေသည်ကို ကြည့်ပြီး ရှန်းယီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

"သွား... သွားသန့်စင်လိုက်ဦး၊ ပြီးရင် အိပ်တော့..."

ချန်ကျိကဲ့သို့ သိုင်းကျမ်းကို အလွယ်တကူ ပေးမည့်သူနှင့် တွေ့ဆုံခြင်းမှာ တကယ်ပင် ရှားပါးလှသည်။

မိမိကိုယ်တိုင် ရှာဖွေခြင်းကသာ ပို၍ စိတ်ချရပေလိမ့်မည်။

ရှန်းယီ ပြန်လှဲလိုက်သည်ကို မြင်သောအခါ လင်းပိုင်ဝေ့သည် စိတ်ပျက်လက်ပျက်ဖြင့် လက်ကို ပြန်ချလိုက်သည်။

သူမ လုပ်ကြံဖန်တီးထားသော အမည်များက ရှန်းယီကို စားစရာပေးလာအောင် မလှည့်စားနိုင်ခဲ့ပေ။

သူမသည် ရှန်းယီ၏ကျောပြင်ကို ကြည့်ရင်း အတွေးထဲ နစ်မြောသွားသည်။

'ငါ အပြင်မှာ ကြာကြာနေမိသွားလို့လား'

အောက်ခြေ အမှုထမ်းတစ်ယောက်က ဘယ်လိုလုပ်ပြီး ကနဦးအဆင့်ရဲ့ အစအနကို ပိုင်ဆိုင်ထားရတာလဲ'

'ဟင်း... ငါ နောက်ထပ် ပိုပြီး ယုံကြည်ရတဲ့ အကြောင်းပြချက်တစ်ခုခု စဉ်းစားရမယ်ထင်တယ်'

All Chapters