← Chapters

အစစ်အမှန် ဧကရာဇ်ဓားကို ယဉ်ပါးအောင် ပြုလုပ်ခြင်း

Vol. 20 Ch. 195

အစစ်အမှန် ဧကရာဇ်ဓားကို ယဉ်ပါးအောင် ပြုလုပ်ခြင်း

Vol. 20 Ch. 195

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားသည်။ အစစ်အမှန် ဧကရာဇ်ဓားကြီးသည် အဆုံးအစမဲ့ ဖိအားများဖြင့် ပြည့်နှက်နေသော်လည်း ယခုအချိန်တွင်မူ အနည်းငယ် မှေးမှိန်နေပြီး ပတ်ဝန်းကျင်သို့ လှည့်ပတ်သွားလာနေကာ တုန်ခါနေ၏။

ထိုအချိန်တွင် နတ်ဘုရားသန့်စင်ခြင်းခန်းမ မှ စွမ်းအားရှင်များသည် လောဘဇောတိုက်နေသော မျက်လုံးများဖြင့် ရှေ့သို့ တိုးလာကြသည်။

သူတို့က အစစ်အမှန် ဧကရာဇ်ဓားကို ဖိနှိပ်ရန် ကြံရွယ်ထားကြသည်။

ဦးဆောင်လာသူမှာ ယင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

သူသည် ရုတ်တရက် လက်ကို မြှောက်လိုက်ပြီး ဧကရာဇ်ဓားကို ဖိနှိပ်ရန်အတွက် ဓားသိုင်းကို လှည့်ပတ်လိုက်သည်။

"ကျုပ်တို့ ဘာလုပ်ကြမလဲ ဂိုဏ်းချုပ်..." ဝတ်ရုံနက်ကျွမ်းကျင်သူများသည် ယန်နယ်ပယ် ရှိသော သူတို့၏ဂိုဏ်းချုပ်အဘိုးအိုကို စိုးရိမ်တကြီး ကြည့်လိုက်မိကြသည်။

သို့သော် အဘိုးအိုက လျှို့ဝှက်နက်နဲစွာ ပြုံးလိုက်သည်။

"ယင်နယ်ပယ် ကျွမ်းကျင်သူလောက်နဲ့ အစစ်အမှန် ဧကရာဇ်ဓားကို အနိုင်ယူနိုင်မယ်လို့ မင်းတို့ ထင်နေတာလား"

နောက်တစ်ခဏတွင်

"မကောင်းတော့ဘူး" နတ်ဘုရားသန့်စင်ခြင်းခန်းမမှ စွမ်းအားရှင်အားလုံး ထိတ်လန့်သွားကြသည်။

စစ်မှန်သော ဧကရာဇ်ဓားကြီးတွင် စွမ်းအင်များ ကျန်ရှိနေသေးရာ ပြင်းထန်စွာ တုန်ခါလာပြီး ထွက်ပေါ်လာသော ဓားအလင်းတန်းများသည် သူတို့အား စုတ်ဖြဲပစ်တော့မည့်အလား ဖြစ်နေသည်။

"ဆုတ်ကြ" နတ်ဘုရားသန့်စင်ခြင်းခန်းမမှ လူများ၏မျက်နှာများ ပျက်ယွင်းကုန်သည်။ ဓားစွမ်းအင် ကြောင့် သူတို့၏ကိုယ်တွင်းကလီစာများ နေရာရွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့ အလောတကြီး နောက်ဆုတ်လိုက်ရသည်။

ထိုအချိန်တွင် အစစ်အမှန် ဧကရာဇ်ဓားသည် လေထဲတွင် တုန်ခါလျက် ရှိနေဆဲပင်။

ဟေးရွှီနယ်မြေမှ အဖွဲ့အစည်းကြီးနှစ်ခုစလုံး ထိုဓားကို မယူနိုင်ခဲ့ကြပေ။

ရှန်းချန်ကော သိလိုက်ပြီ။သူ လှုပ်ရှားရမည့်အချိန် ရောက်ပြီဆိုသည်အား၊သူ ပြုံးလိုက်သည်။

"အရှင်... အရှင် အမှောင်ဧကရာဇ်... ဘာလုပ်မလို့လဲ" ဘေးနားရှိ ချင်းရွှမ်မှာ ရှန်းချန်ကောက ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်နေသည်ကို မြင်လိုက်ရသဖြင့် သရဲသဘက် မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။

အစစ်အမှန် ဧကရာဇ်ဓားသည် ယန်နယ်ပယ် ကျွမ်းကျင်သူကိုပင် ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်မလား။

ဓား အားနည်းနေချိန်မှာပင် ယင်နယ်ပယ် ကျွမ်းကျင်သူက မဖိနှိပ်နိုင်ခဲ့ပေ။

ထိုအချိန်မှာပင်...

ပုံရိပ်တစ်ခု အောက်ဘက်မှ ပျံတက်သွားသည်။

"အနန္တအမှောင်ထုနယ်ပယ်လား" အဖွဲ့နှစ်ဖက်စလုံးမှ ကျွမ်းကျင်သူများ ကြောင်အမ်းသွားကြသည်။

"ပုရွက်ဆိတ်လောက်ရှိတဲ့ကောင်ကများ အစစ်အမှန် ဧကရာဇ်ဓားကို လိုချင်နေတာလား"

ဝတ်ရုံနက်ကျွမ်းကျင်သူများက လှောင်ပြောင်လိုက်ကြသည်။

ယန်နယ်ပယ် ကျွမ်းကျင်သူက မျက်မှောင်ကြုတ်လိုက်သော်လည်း ဝင်မတားခဲ့ပေ။

အနန္တအမှောင်ထုနယ်ပယ်လောက်သာရှိသော ပုရွက်ဆိတ်တစ်ကောင်အနေဖြင့် ဧကရာဇ်ဓားအနား ကပ်သွားသည်နှင့် ဓားစွမ်းအင်များ၏စုတ်ဖြဲခြင်းကို ခံရမည်မှာ သေချာသည်။

ယင်းကို သံသယဝင်စရာ မလိုပေ။

သို့သော် နောက်တစ်ခဏတွင် လူတိုင်း မျက်လုံးပြူးသွားကြသည်။

ဝတ်ရုံဖြူလူငယ်သည် ဧကရာဇ်ဓား၏ရှေ့တည့်တည့်သို့ ရောက်ရှိသွားခြင်းကြောင့်ပင်။

သူသည် ဧကရာဇ်ဓားမှ ထွက်ပေါ်နေသော ဓားအလင်းတန်းများအားလုံးကို ပါးနပ်လှသော နည်းလမ်းဖြင့် ရှောင်တိမ်းသွားပုံရသည်။

'ဒါ ဘယ်လိုဖြစ်တာလဲ'

လူတိုင်း မျက်လုံးပြူးကျယ်လျက် မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။

"သူ့ကို တားကြ"

ထိုလူငယ်က ဧကရာဇ်ဓားကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ မထင်ထားကြသော်လည်း ထိုအချိန်တွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

ထိုပုံရိပ်ကို ကြည့်ရုံဖြင့် ကြောက်ရွံ့မှုကို ခံစားနေရသည်။

"အထွတ်အထိပ်အင်မော်တယ်ကျင့်စဉ်"

ရှန်းချန်ကောသည် လက်ကို အသာအယာ ဖြန့်လိုက်ရာ အင်မော်တယ်အလင်းတန်းများ ဖြာထွက်လာသည်။

ရှေးကျသော ခမ်းနားကြီးကျယ်သည့် စွမ်းအင်များနှင့်အတူ ကြောက်မက်ဖွယ် ဓားသိုင်းအသိအမြင်များ ပါဝင်နေသည်။

သူ ရုတ်တရက် ဖိချလိုက်သည်။

အစစ်အမှန် ဧကရာဇ်ဓားကြီး ရုတ်တရက် တုန်ခါသွားပြီးနောက် လေထဲတွင် ရပ်တန့်သွား၏။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"အမြန်တားကြ ဒီကောင်လေးမှာ ထူးဆန်းတာတစ်ခုခု ရှိတယ်"

"သူက ဘယ်လိုလုပ်ပြီး အစစ်အမှန် ဧကရာဇ်ဓားကို အညံ့ခံအောင် လုပ်လိုက်နိုင်တာလဲ။ သူ့ရဲ့ ဓားသိုင်းကျမ်းက ဘယ်အဆင့်မို့လို့လဲ။ သူက အနန္တအမှောင်ထုနယ်ပယ်ပဲ ရှိသေးတာဆိုတော့ ဧကရာဇ်ဓားကို ဖိနှိပ်ထားတာက သေချာပေါက် သူ့ရဲ့ ဓားသိုင်းနည်းစနစ်ကြောင့်ပဲ ဖြစ်ရမယ်"

ထိုသို့ တွေးမိလိုက်သည်နှင့် တပြိုင်နက် လူတိုင်း၏ မျက်လုံးများ ပိုမို လောဘတက်လာကြသည်။

အထူးသဖြင့် ယန်နယ်ပယ် ကျွမ်းကျင်သူ၏ မျက်လုံးများမှာ ရှန်းချန်ကောကို စိုက်ကြည့်ရင်း အရောင်လက်နေသည်။

ရွှပ်

ဧကရာဇ်ဓားသည် ရှန်းချန်ကော၏လက်ချောင်းကို ဖြတ်ပြီးနောက် သခင်အဖြစ် အသိအမှတ်ပြုလိုက်သည်။

ရှန်းချန်ကော၏ဓားသိုင်းနည်းစနစ်မှာ ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် ဖြစ်နိုင်သည်။

အင်မော်တယ်အလင်းရောင်များ တောက်ပနေပြီး လျှို့ဝှက်နက်နဲကာ မြင့်မားသော စွမ်းအင်လှိုင်းများ လွှမ်းခြုံထားသဖြင့် ဧကရာဇ်ဓားသည် သက်တောင့်သက်သာ ဖြစ်သွားပုံရသည်။

ထိုအချိန်တွင်...

နတ်ဘုရားသန့်စင်ခြင်းခန်းမနှင့် ဝတ်ရုံနက်ခန်းမမှ ကျွမ်းကျင်သူများသည် ထိုနေရာကို ဝိုင်းရံလိုက်ကြပြီ ဖြစ်သည်။

"ကောင်လေး... မင်းက တကယ် ထူးဆန်းတာပဲ။ ဒါပေမဲ့ ဒီနေ့ မင်း လွတ်နိုင်မယ် ထင်လား"

တစ်ခဏချင်းတွင် အားလုံး၏မျက်နှာထားများ ရက်စက်ကြမ်းကြုတ်သွားကြသည်။

အစစ်အမှန် ဧကရာဇ်ဓားကို ဖိနှိပ်နိုင်သော ဓားသိုင်းဆိုသည်မှာ ဓားထက်ပင် ပို၍ အဖိုးတန်နိုင်သေးသည်။

ဧကရာဇ်ဓားသည် ရှန်းချန်ကော၏ဓားသိုင်းအောက်တွင် အားအင်ပြန်ပြည့်လာသည်ကို မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများတွင် လောဘရိပ်များ ယှက်သန်းလာသည်။

'ဒီဝတ်စုံဖြူ လူငယ်ရဲ့ ဓားသိုင်းက သေချာပေါက် ပိုပြီး ကြောက်စရာကောင်းမှာပဲ'

ဘုန်း

သူတို့၏အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး တောင်များနှင့် ပင်လယ်များကဲ့သို့ လေးလံသော ဖိအားများက ရှန်းချန်ကောအပေါ် ကျရောက်လာသည်။

သို့သော် ရှန်းချန်ကောက ပြုံးလိုက်သည်။

"ဘာလဲ... မင်းက အခွင့်အရေး ရှိသေးတယ်လို့ ထင်နေတာလား။ ဒီမှာ ဖန်ဆင်းခြင်းနယ်ပယ် တွေ အများကြီးပဲ၊ ယင်နယ်ပယ်နဲ့ ယန်နယ်ပယ် ကျွမ်းကျင်သူတွေတောင် ရှိသေးတယ်။ မင်းမှာ အတောင်ပံပေါက်ရင်တောင် ပြေးလို့လွတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ ဓားသိုင်းကို ပေးမယ်ဆိုရင် မင်းကို ငါ့ရဲ့ ဓားသယ်ဆောင်သူအဖြစ် လက်ခံပေးမယ်" ဟု ယန်နယ်ပယ် ကျွမ်းကျင်သူက ပြောလိုက်သည်။

သူ ဤကိစ္စကို စဉ်းစားနေခြင်း ဖြစ်သည်။

သူတို့က ဧကရာဇ်ဓားကို မထိန်းချုပ်နိုင်သော်လည်း၊ ဧကရာဇ်ဓားကို ထိန်းချုပ်ထားသော လူငယ်ကို ထိန်းချုပ်နိုင်လျှင် ဧကရာဇ်ဓား၏ စွမ်းအားကို အသုံးပြုနိုင်မည် မဟုတ်ပါလော။

"ပုံမှန်ဆိုရင်တော့ မင်းတို့လို ကျွမ်းကျင်သူတွေကို ရင်ဆိုင်ရတာ နည်းနည်း ပြဿနာရှိနိုင်တယ်။ ဒါပေမဲ့ ကံဆိုးတာက အခု ငါ့လက်ထဲမှာ ဒီဓား ရှိနေပြီ..."

"မင်းတို့က ဧကရာဇ်ဓားကို ဘာမှမလုပ်နိုင်ခဲ့ပေမဲ့၊ ဧကရာဇ်ဓားကို ထိန်းချုပ်ထားတဲ့ ငါ့ကိုတော့ နိုင်မယ်ထင်နေတာလား"

ရှန်းချန်ကော၏အရှိန်အဝါများ မြင့်တက်လာပြီး မျက်ခုံးနှစ်ခုကြားမှ တောက်ပသော ရွှေရောင်မျက်လုံးတစ်လုံး ရုတ်တရက် ပွင့်လာသည်။

သူ၏အရှိန်အဝါတစ်ခုလုံးသည် ကမ္ဘာမြေကို တုန်လှုပ်စေလောက်အောင် ပြောင်းလဲသွားပြီး နတ်ဘုရားတစ်ပါး မျက်လုံးဖွင့်လိုက်သကဲ့သို့ပင်။

ဤနေရာရှိနေသူအားလုံး မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားကြသည်။

မြူပင်လယ်ကမ္ဘာ မှာ...

ဒီလို သရဲသဘက်ကောင်မျိုး ဘယ်လိုလုပ် ရှိနေရတာလဲ။

ရှန်းချန်ကော ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဧကရာဇ်ဓားသည် တဝီဝီ မြည်ဟီးနေပြီး အားပြင်းသော ဓားစွမ်းအင်တစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားသည်။

ရွှပ်

ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး တိုက်ရိုက် ခုတ်ပိုင်းခံလိုက်ရသည်။

ယန်နယ်ပယ် ကျွမ်းကျင်သူ ဒေါသထွက်သွားသည်။

သို့သော် နောက်တစ်ခဏတွင်...

ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများ ရောက်ရှိလာသည်။ အဆုံးအစမဲ့သော ဓားအလင်းများသည် ကောင်းကင်ယံကို လွှမ်းမိုးသွားပြီး ကောင်းကင်ကြီးကိုပင် အက်ကွဲလုမတတ် ဖြစ်သွားစေသည်။

ဒါ ဘယ်လိုဓားသိုင်းမျိုးလဲ

ယန်နယ်ပယ် ကျွမ်းကျင်သူ တုန်လှုပ်သွားသည်။

ထိုအချိန်တွင် ရှန်းချန်ကောသည် လက်ထဲရှိ ဧကရာဇ်ဓားက မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ထုတ်လွှတ်နိုင်သည်ကို စမ်းသပ်လိုသကဲ့သို့ ရူးသွပ်မတတ် ဓားချက်များ ထုတ်လွှတ်လိုက်သည်။

ယခင်က ရှန်းချန်ကောသည် အထွတ်အထိပ် အင်မော်တယ်ဓားကျင့်စ‌ဉ် ကို သုံးလျှင် သူ၏ သတ်ဖြတ်ခြင်းဓား ပျက်စီးသွားမည်စိုး၍ ဓားစွမ်းအင်ကို ထိန်းချုပ်ထားရသည်။

ယခုမူ သူသည် မည်သည့်စိုးရိမ်မှုမှ မရှိဘဲ ဤဓားသိုင်းကို အပြည့်အဝ ထုတ်သုံးနိုင်ပြီ ဖြစ်သည်။

အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ

သူ၏ဓားသည် အဆုံးအစမဲ့ ဓားအလင်းတန်းများဖြင့် ပြည့်နှက်နေပြီး နောက်ထပ် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်လိုက်ပြန်သည်။

ယင်နယ်ပယ် ကျွမ်းကျင်သူအချို့ ဒေါသထွက်ကာ ဝင်တိုက်ရန် ကြံလိုက်သော်လည်း ရှန်းချန်ကော၏ ဓားချက်က မီးပင်လယ်ကြီးတစ်ခု ဖန်တီးလိုက်သည်။

ကောင်းကင်မီးလျှံ သန့်စင်ခြင်းဓားမန္တန်

မီးပင်လယ်ကြီးသည် ပူပြင်းလောင်ကျွမ်းနေပြီး ဖျက်ဆီးခြင်းနတ်ဘုရားမီးတောက်များကဲ့သို့ ပြည့်နှက်နေသည်။

ထိုကျွမ်းကျင်သူများမှာ အပြင်ဘက်တွင် ပိတ်မိသွားကြသည်။

ထိုအချိန်မှာပင် မီးပင်လယ်ကြီး လှိမ့်ဝင်လာသလို ပိုမိုတောက်ပသော ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။

ရွှပ်

ဓားချက်တစ်ချက် ရောက်ရှိလာသည်။

ယင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး သေဆုံးသွားခဲ့၏။

ဤအရာက တစ်ဖက်သတ် တိုက်ပွဲပင်။

သူက အနန္တအမှောင်ထုနယ်ပယ်သာ ရှိသေးသည် မဟုတ်လော... မညိသို့ဖြစ်ပြီး...

ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများကို ခွေးသတ်သလို သတ်ဖြတ်နေသနည်း။

ယန်နယ်ပယ် ကျွမ်းကျင်သူ ဝင်ရောက်လာသည်။

ရှန်းချန်ကော၏မျက်လုံးများ အေးစက်နေခဲ့သည်။

ဘုန်း

မျက်စိကျိန်းမတတ် တောက်ပသော ဓားအလင်းတန်းကြောင့် ယန်နယ်ပယ် ကျွမ်းကျင်သူ နောက်ဆုတ်လိုက်ရသည်။

"ပထမဓား"

မမြင်နိုင်သော ဓားတစ်လက် ပေါက်ကွဲထွက်ပေါ်လာသည်။

ချက်ချင်းပင် ယန်နယ်ပယ် ကျွမ်းကျင်သူ၏ပခုံးကွဲအက်သွားပြီး ကောင်းကင်ယံတွင် သွေးများ ဖြာကျလာတော့သည်။

All Chapters