← Chapters

သန့်စင်ခြင်းနယ်ပယ်

Vol. 20 Ch. 198

သန့်စင်ခြင်းနယ်ပယ်

Vol. 20 Ch. 198

ယနေ့မှာတော့...

မိုချင်းချန် တစ်ယောက် အောင်မြင်မှုများကြောင့် မျက်နှာပွင့်လန်းနေသည်ဟု ဆိုရမည်ဖြစ်ပြီး သူ့တစ်ကိုယ်လုံးမှ ဖော်ပြမရနိုင်သော စိတ်ဓာတ်ခွန်အားများ ထွက်ပေါ်နေသည်။

ဂိုဏ်းတူအစ်ကိုကြီး...

နောက်ဆုံးတော့ သူ ထွက်သွားခဲ့ပြီ။

သူ့အနေဖြင့် ယခုအချိန်တွင် အသံကုန်ဟစ်အော်လိုက်ချင်စိတ်ပင် ပေါက်နေမိသည်။ သူသည် ဂိုဏ်းတူအစ်ကိုကြီးကို အလွန်လေးစားသော်လည်း အစ်ကိုကြီးရှိနေသမျှ ကာလပတ်လုံး သူသည် ဖိနှိပ်ခံထားရသလို ဖြစ်နေပြီး ခေါင်းပင်မမော်နိုင်ကြောင်းကိုလည်း နားလည်ထားသည်။

မဟုတ်သေးပေ... သူ နတ်တံတားအဆင့် သို့ ရောက်ရှိနေချိန်တွင် အစ်ကိုကြီးသည် သူ၏လမ်းကြောင်းတွင် အကြီးမားဆုံး အတားအဆီး ဖြစ်နေခဲ့သည်။

"ဂိုဏ်းတူအစ်ကိုကြီးနဲ့ ခေတ်ပြိုင်တည်း ဖြစ်ရတာ ဝမ်းနည်းစရာကောင်းလိုက်တာ။ ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘယ်လောက်ပဲ တောက်ပနေပါစေ... ငါ့အထက်မှာ ပိုပြီး အံ့မခန်းကောင်းတဲ့ ပုံရိပ်တစ်ခု အမြဲရှိနေတာပဲ။ သူက ပိုပြီးတောက်ပတဲ့ အလင်းရောင်တွေ ထုတ်လွှတ်ပြီး ငါ့ကို လွှမ်းမိုးသွားတော့တာပဲ"

ဒါပေမဲ့ အခုတော့ အားလုံး အဆင်ပြေသွားပြီ။

မိုချင်းချန်က အားရပါးရ ရယ်မောလိုက်သည်။

ဂိုဏ်းတူအစ်ကိုကြီးက ပိုမြင့်မားတဲ့ ကမ္ဘာတစ်ခုဆီ ထွက်သွားပြီဖြစ်ရာ ယခုအခါ မြူပင်လယ်ကမ္ဘာ တစ်ခုလုံးတွင် သူနှင့် သူ့ဆရာ နှစ်ယောက်တည်းသာ ကျန်ရှိတော့သည်။

သူတို့နှစ်ယောက်သာ အပြိုင်အဆိုင် ဖြစ်တော့မည်။

သို့သော် သူ့ဆရာ ကျန်းစန်းကျန့် အကြောင်း တွေးမိလိုက်သောအခါ...

သူ ခေါင်းမခါဘဲ မနေနိုင်တော့ပေ။

"ဆရာက အိုနေပြီပဲ။ သူက ကန်းကန်းမြင်မြင်နဲ့ လူးလှိမ့်နေရုံလောက်ပါပဲ"

ထိုသို့ တွေးလိုက်မိသည်နှင့် သူ၏ မျက်လုံးများ အရောင်လက်လာသည်။

သူ၏နတ်ဘုရားအရှိန်အဝါ ပြသခြင်းကို တားဆီးနိုင်မည့်သူ ဤလောကတွင် မရှိတော့ပေ။

အလင်းရောင်များက သူ့ကို တဖြည်းဖြည်း လွှမ်းခြုံလာချိန်တွင် သူသည် အမြင့်ဆုံး တောင်ထိပ်ကို စိုက်ကြည့်လိုက်သည်။

ယခင်ကဆိုလျှင် ကျန်းစန်းကျန့်က ထိုတောင်ပေါ်သို့ အမြဲတက်လေ့ရှိသော်လည်း ထိုအဘိုးအိုကို အာရုံစိုက်သူ နည်းပါးလှသဖြင့် အစ်ကိုကြီးကဲ့သို့ အကျိုးသက်ရောက်မှုမျိုး မရရှိခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ကျန်းစန်းကျန့်လည်း အရှက်ကွဲမည်စိုး၍ တောင်ပေါ် မတက်တော့ပေ။

ယခု အချိန်ကျရောက်လာပြီ ဖြစ်သည်။

"ငါ တောင်ပေါ် စတက်တော့မယ်"

ထိုသို့ တွေးလိုက်မိသည်နှင့် မိုချင်းချန်၏ မျက်လုံးများ တောက်ပလာသည်။

သူသည် ဂိုဏ်းတူအစ်ကိုကြီး၏ဟန်ပန်အမူအရာများကို ပြန်လည်စဉ်းစားရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။

လွတ်လပ်ပေါ့ပါးပြီး ဟန်ဆောင်မှုများကြားတွင် သဘာဝကျမှုတစ်ခု ရှိနေရမည်။

သူ လေတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ဝင်ရောက်သွားသည်။

လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မျက်လုံးများက နက်ရှိုင်းနေသည်။

တောင်ထိပ်ပေါ်သို့ ခြေချလိုက်သည်နှင့် ထိုခံစားချက်ကို ချက်ချင်း ရှာတွေ့သွားသည်။

"ဒါကမှ ထင်ရှားတဲ့နတ်ဘုရားအဆင့်ရဲ့ ခံစားချက်ပဲ"

သူ့မျက်လုံးများ ပိုမိုတောက်ပလာသည်။

သူ လျှောက်လှမ်းနေသော ခြေလှမ်းများလည်း ပိုမိုမြန်ဆန်လာသည်။

ပတ်ဝန်းကျင်မှ လူများက သူ့ကို စတင် သတိထားမိလာကြပြီ ဖြစ်သည်။

ထိုအရာက သူ့ကို ဖော်ပြမရနိုင်သော ယုံကြည်မှုတစ်ခု ပေးစွမ်းလိုက်ပြီး တစ်ကိုယ်လုံး စွမ်းအင်များ တောက်ပလာတော့သည်။

သို့သော် သူ တောင်ထိပ်သို့ ရောက်ခါနီးအချိန်တွင် ရုတ်တရက် သူ့ကျောကုန်းကို အကန်ခံလိုက်ရသည်။

သူ အော်ဟစ်ကာ ဘေးဘက်သို့ လွင့်စင်ကျသွားသည်။

ရှန်းချန်ကော ပြန်ရောက်လာပြီ ဖြစ်သည်။

သူက မျက်လုံးထောင့်စွန်းမှနေ၍ မိုချင်းချန်ကို ကြည့်လိုက်သည်။

ဒီကောင် ဘာလုပ်နေတာလဲ။

ငါ့နေရာကို စော်ကားနေသလို ဘာလို့ ခံစားနေရတာပါလိမ့်။

"အမှောင်ဧကရာဇ်... အမှောင်ဧကရာဇ်ပဲ"

"အမှောင်ဧကရာဇ်က ထွက်သွားပြီလို့ ပြောကြတယ် မဟုတ်လား။ ကိစ္စတစ်ခုခုကြောင့် ကြန့်ကြာပြီး ပြန်လာတာများလား"

ရှန်းချန်ကော ဘာကြောင့် ပြန်လာသည်ကို အချို့လူများ နားမလည်ကြပေ။

သို့သော် ယခုအခါ ရင်းနှီးနေသော ပုံရိပ်တစ်ခု တောင်ပေါ်သို့ ဖြည်းညှင်းစွာ တက်လှမ်းနေသည်ကို မြင်လိုက်ရသည်။

သူ၏အဖြူရောင် ဝတ်ရုံမှာ သန့်ရှင်းစင်ကြယ်ကာ သဘာဝဆန်နေပြီး သာမန်မဟုတ်သော အရှိန်အဝါတစ်ခု ရှိနေသည်။

တိမ်တိုက်များအထက်တွင် ရှိနေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

လူအများ စိတ်လှုပ်ရှားစွာ ဆူညံသွားကြသည်။

"ဂိုဏ်းတူအစ်ကိုကြီး... ဘာလို့ ပြန်လာတာလဲ"

ထိုအချိန်တွင် မိုချင်းချန်မှာ မြေပြင်ပေါ်၌ လဲလျောင်းနေရပြီး အံ့သြသော အမူအရာကို ပြသနေသည်။

သို့သော် သူ၏အသံထဲတွင် ဖော်ပြမရနိုင်သော ဝမ်းနည်းမှု အရိပ်အယောင်များ ပါဝင်နေသည်။

"အပြင်မှာ လူတွေများလွန်းတယ်ကွာ။ မသွားတာ ပိုကောင်းပါလိမ့်မယ်"

ခင်ဗျားက ဟေးရွှိနယ်မြေ ထဲကို အတင်းဝင်ရောက်မလို့လေ။

မသွားတော့ဘူးဆိုပြီး ဒီလိုပဲ ပြောလိုက်ရုံနဲ့ ရရောလား။

ဘာလို့ ဟာသလုပ်သလို ဖြစ်နေရတာလဲ။

မိုချင်းချန်က စိတ်လှုပ်ရှားဟန်ဆောင်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

"ကောင်းတာပေါ့ဗျာ။ ကျွန်တော် ဂိုဏ်းတူအစ်ကိုကြီးနဲ့ တကယ် မခွဲနိုင်ပါဘူး"

မိုချင်းချန်၏အပြုံးက ငိုမဲ့မဲ့မျက်နှာထက် ပို၍ အရုပ်ဆိုးနေသည်။

ရှန်းချန်ကောကလည်း သက်ပြင်းချလိုက်သည်။

"ထူးဆန်းတယ်... မင်း မပျော်ဘူးလို့ ငါ ဘာလို့ ခံစားနေရတာလဲ"

"ဘယ်ကသာ... ကျွန်တော် ပျော်လွန်းလို့ပါ"

မိုချင်းချန်က အရုပ်ဆိုးသော အပြုံးတစ်ခုကို ပြသလိုက်သည်။

သို့သော် သူ ရယ်မောနေဆဲပင်။

ရှန်းချန်ကော ထွက်ခွာသွားပြီးနောက် သူသည် ဝမ်းနည်းပက်လက် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

"ငါ မိုချင်းချန်... ဘယ်တော့မှများ လူရာဝင်ပါ့မလဲ"

သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

....

"ဘာဖြစ်တာလဲ။ သူ ဘာလို့ ပြန်လှည့်သွားတာလဲ။ ငါတို့ကို မြင်သွားတာများလား။ မဖြစ်နိုင်ပါဘူး... ဟင်းလင်းပြင်ကို ဖြတ်ပြီး ငါတို့ကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ"

"ဒီပုံမှန်မဟုတ်တဲ့ အခြေအနေမှာ တစ်ခုခု မှားယွင်းနေတာ သေချာတယ်"

"ခဏလောက် ထပ်စောင့်ကြတာပေါ့"

ထိုအချိန်တွင် ဟေးရွှီနယ်မြေအပြင်ဘက်၌ စောင့်ဆိုင်းနေသော ပညာရှင်များအားလုံး အလွန်အမင်း စိတ်ဓာတ်ကျနေကြသည်။

ရှန်းချန်ကောက ထွက်လာတော့မည့်ဆဲဆဲ ဖြစ်နေပါလျက် ဘာကြောင့် ရုတ်တရက် ပြန်လှည့်သွားရသနည်း။

သူတို့ အဖြေရှာမရ ဖြစ်နေကြသည်။

ထို့ကြောင့် ခဏလောက် ထပ်စောင့်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့ မသိလိုက်သည့်အရာမှာ...

ဒုတိယမြောက်နေ့တွင် ရှန်းချန်ကောသည် ပုံမှန်အတိုင်း ချက်အင် ဝင်လိုက်သည်။

သူ အဆင့်တက်သွားခဲ့သည်။

သူသည် အနန္တအမှောင်ထုနယ်ပယ် ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

သူသည် ဟေးရွှီနယ်မြေ၏လမ်းကြောင်းဆီသို့ တစ်ဖန်ပြန်လာခဲ့သည်။

ပညာရှင်အုပ်စုကြီး၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူ အဆင့်တက်သွားတာလား။

ရှန်းချန်ကော အဆင့်တက်သွားလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

မနေ့က ရှန်းချန်ကော ပြန်လှည့်သွားရခြင်းမှာ သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာတော့မည်ကို ခံစားမိလိုက်၍ ဟေးရွှီနယ်မြေသို့ မဝင်မီ အဆင့်တက်ရန် ပြန်လှည့်သွားခြင်း ဖြစ်တန်ရာသည်။

ဤတွေးခေါ်မှုမှာ ကျိုးကြောင်းဆီလျော်သော်လည်း အဖြူရောင်ဝတ် လူငယ်ကတော့ ထိုသို့ တွေးခဲ့မည် မဟုတ်ပေ။

ထိုအချိန်တွင် ဥမင်လိုဏ်ခေါင်းရှေ့၌ စောင့်ဆိုင်းနေသူများမှာ များပြားလှပြီး အားလုံးသည် သန့်စင်ခြင်းနယ်ပယ် ဟုခေါ်သော ဖန်ဆင်းခြင်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။

သူတို့၏မျက်လုံးများတွင် လောဘနှင့် သတ်ဖြတ်လိုသော ဆန္ဒများ ပြည့်နှက်နေသည်။

သူတို့သည် ရှန်းချန်ကော ဟေးရွှီနယ်မြေထဲသို့ ခြေချလာမည့်အချိန်ကို စောင့်ဆိုင်းနေကြပြီး ဝင်လာသည်နှင့် ချက်ချင်းပင် အပြတ်သားဆုံး သေစေနိုင်သည့် တိုက်ကွက်များဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။

သို့သော် ထိုအချိန်၌...

အဖြူရောင်ဝတ် လူငယ်လေးသည် ဟိုဟိုဒီဒီ လျှောက်သွားပြီးနောက် ပြန်ထွက်သွားသည်ကို ရုတ်တရက် မြင်လိုက်ကြရသည်။

ဘာဖြစ်ပြန်တာလဲ။ ဘာလို့ ထပ်ထွက်ပြေးရတာလဲ။

ဤနေရာရှိ ပညာရှင်များအားလုံး မျက်လုံးပြူးကာ စိုက်ကြည့်နေကြပြီး ဘာဖြစ်နေမှန်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ဒီကောင် ဘာဖြစ်နေတာလဲ။ ဘာကိစ္စလဲ။

နေ့တိုင်းလိုလို ဒီအဖြူရောင်ဝတ် လူငယ်လေးက လမ်းလျှောက်ထွက်သလို ဒီနေရာကို ရောက်ရောက်လာတတ်သည်။

ထို့အပြင် ဒီလူ ရောက်လာတိုင်း သူ၏ကိုယ်ပေါ်မှ အရှိန်အဝါက ပိုမိုအားကောင်းလာသည်ကိုလည်း သူတို့ သတိထားမိကြသည်။

ရုတ်တရက် နှစ် ၅၀၀ လောက် ကျင့်ကြံအားထုတ်လိုက်သကဲ့သို့ပင်။

ဘာတွေဖြစ်နေတာလဲ။ ဒီကောင်က အရမ်းထူးဆန်းလွန်းတယ်။

အထူးသဖြင့် ဤကောင်က သူတို့ကို မှင်သက်စေသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ သူ၏ အင်အားတိုးတက်မှုက မြန်ဆန်လွန်းလှသည်။

သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ အနန္တအမှောင်ထုနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဒီနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်...။

သူတို့၏နှုတ်ခမ်းထောင့်များ တုန်ရီလာပြီး နဖူးပေါ်တွင် ချွေးစေးများ ပျံလာကြသည်။

တတိယမြောက်နေ့တွင် ထိုလူငယ်လေး ထပ်ရောက်လာပြန်သည်။

သို့သော် ယခုအချိန်တွင် လူငယ်လေး၏မျက်လုံးများ၌ ခန့်ညားထည်ဝါသော ဆန္ဒအာသီသများ တောက်ပနေသည်။

ယခုတစ်ကြိမ် သူ၏ရောက်ရှိလာမှုသည် လူတိုင်းကို ကြီးမားသော ဖိအားတစ်ရပ် ပေးစွမ်းလိုက်သည်။

"သူ ဖန်ဆင်းခြင်းအဆင့် ကို ရောက်သွားပြီဟေ့"

တစ်စုံတစ်ယောက်က အာမေဋိတ် သံဖြင့် အော်ပြောလိုက်သည်။ ခဏတာမျှ လူတိုင်းက ထိုပုံရိပ်ကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

အတည်ပြောရလျှင် သူတို့အားလုံးသည် ဖန်ဆင်းခြင်းအဆင့် ပညာရှင်များ ဖြစ်ကြပြီး သူတို့အထဲတွင် ပိုမိုသန်မာသော ဖြစ်တည်မှုများလည်း ရှိနေသည်။

သို့သော် ဖန်ဆင်းခြင်းအဆင့်သို့ ဝင်ရောက်လာသော ရှန်းချန်ကောကို မြင်လိုက်ရသောအခါ သူတို့အားလုံး ထိတ်လန့်သွားကြသည်။

ဒီကောင့်ရဲ့နယ်ပယ်က ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်လာရတာလဲ။

အရေးအကြီးဆုံးမှာ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုအရှိန်အဝါ တစ်ခုကို ခံစားနေရခြင်း ဖြစ်သည်။

ဒါက ဖန်ဆင်းခြင်းအဆင့်ကို အခုမှ တက်လှမ်းလာတဲ့ ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ ဖိနှိပ်မှုမျိုး ဟုတ်ရဲ့လား။

ထိုအချိန်တွင် လူတိုင်း၏မျက်နှာထားများ ပြောင်းလဲသွားကြသည်။

ယခုတစ်ကြိမ်တွင် အဖြူရောင်ဝတ် လူငယ်သည် နောက်မဆုတ်တော့ပေ။

သူသည် ဟေးရွှီနယ်မြေ၏ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်းထဲသို့ ခြေချလိုက်သည်။

ဝုန်း...

အတားအဆီးကို ဖောက်ထွက်ဝင်ရောက်ခြင်း...

All Chapters