← Chapters

အဝင်ဝမှ ပိတ်ဆို့တားဆီးမှု

Vol. 20 Ch. 197

အဝင်ဝမှ ပိတ်ဆို့တားဆီးမှု

Vol. 20 Ch. 197

ရုတ်တရက်ဆိုသလိုပင် ကမ္ဘာမြေကြီး တုန်ခါသွားပြီး ဟေးရွှီနယ်မြေ ရှိ အင်အားစုကြီးများအားလုံး တုန်လှုပ်ချောက်ချား သွားခဲ့ကြသည်။

"သူက သူတော်စင်ဘုရင် ဆိုတာ သေချာလို့လား"

"အရှင်သခင် ဘယ်မှာလဲဆိုတာ မင်းသိလား။ ငါတို့ရဲ့ သူတော်စင်ဘုရင်က အသက်ရှင်လျက် ရှိသေးတာပဲ။ ယုတ်မာကောက်ကျစ်တဲ့သူတွေ ရှိနေရင်တောင် ငါတို့ဘုရင်က အသက်ရှင်နေတုန်းပဲကွ"

ကျင့်ကြံသူ ပညာရှင်တစ်သိုက် ပျံသန်းရောက်ရှိလာကြသည်။

သူတို့သည် သူတော်စင်ဘုရင်၏ နောက်လိုက်များဖြစ်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

"သူတော်စင်ဘုရင် မသေသေးဘူးလား"

အချို့သောသူများမှာ ကြောက်ရွံ့ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။ ကြည့်ရသည်မှာ သူတို့ခမျာ ကောင်းကောင်းအိပ်ပျော်ကြတော့မည့်ပုံ မပေါ်ပေ။

သို့သော် သတင်းဖြန့်လိုက်သူကိုမူ မည်သူကမျှ အလေးအနက် မထားကြပေ။

ထိုသူသည် ဆံပင်များ ဖရိုဖရဲဖြင့် သနားစရာကောင်းသော ပိုးကောင်တစ်ကောင်အလား ပတ်ဝန်းကျင်တွင် ရည်ရွယ်ချက်မဲ့ လျှောက်သွားနေသည်။

သူ၏မျက်လုံးများက အသက်မဲ့နေပြီး လူပုံစံမှာလည်း ခြောက်သွေ့နေသော အလောင်းကောင်တစ်ခုနှင့် တူနေသည်။

သူသည် ဗီဇစိတ်ဖြင့်သာ လှုပ်ရှားနေခြင်းဖြစ်သည်။ တွေ့သမျှလူတိုင်းကို သူတော်စင်ဘုရင် မသေသေးကြောင်းနှင့် အမှတ် (၇) စွန့်ပစ်နယ်မြေတွင် လူတစ်ယောက်က အစစ်မှန်အ ဧကရာဇ်ဓား ကို ရရှိသွားကြောင်း လိုက်ပြောနေသည်။

ထိုဓားသည် နတ်ဘုရားလက်နက် တစ်ခုဖြစ်သည်။

ခဏအတွင်းမှာပင် လူများစွာ၏မျက်နှာပေါ်၌ လောဘရိပ်များ ယှက်သန်းလာအောင် သူ လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် ထိုအခြေအနေသည် ခဏသာ ခံလေသည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ အမှတ် (၇) စွန့်ပစ်နယ်မြေသို့ သွားချင်စိတ် မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် မည်သူမျှ အရူးမဟုတ်ကြသောကြောင့် ဖြစ်သည်။

ဒီလောက်ကောင်းတဲ့အရာကို ဘာလို့ ရုတ်တရက်ကြီး ထပြောရတာလဲ။

အမ်...

ဘာလို့ မင်းဘာသာမင်း မသွားတာလဲ။

အရေးအကြီးဆုံးမှာ ဤသတင်းစကားပါးသူ၏ ကျင့်ကြံခြင်းအဆင့်က ဘယ်မျှဆိုတာပင်။

အချို့လူများက အသေအချာ ကြည့်ရှုလိုက်သောအခါ ခန္ဓာကိုယ်မှာ ခြောက်ကပ်နေပြီ ဖြစ်သော်လည်း သူတို့ကို မှင်သက်သွားစေသည့် အရှိန်အဝါ အကြွင်းအကျန်များ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

"ဒါက... ယန်နယ်ပယ် ပဲ"

သေလုမြောပါး ဖြစ်နေသော ဤအဘိုးအိုသည် တကယ်တမ်းတွင် ယန်နယ်ပယ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေသည်ကိုး။

သူ ဘာကြောင့် ဒီလိုအခြေအနေမျိုး ဖြစ်သွားရတာလဲ။

"ယင်ယန်လောင်ကျွမ်းခြင်း ပဲ"

အချို့လူများက သူ၏လက်ရှိအခြေအနေကို သတိထားမိကြပြီး သူ အသက်ရှင်ရန် သိပ်မကျန်တော့ကြောင်း နားလည်လိုက်ကြသည်။

ဆိုလိုသည်မှာ ဤယန်နယ်ပယ် ပညာရှင်သည် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း နတ်ဘုရားလက်နက်ကို မရရှိခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် ဤသတင်းကြောင့် စိတ်ဆတ်သော လူများစွာမှာ ရေအေးဖြင့် ပက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။

ယန်နယ်ပယ် ပညာရှင်အားလုံး အမှတ် (၇) စွန့်ပစ်နယ်မြေတွင် သေဆုံးကုန်ကြသည်လော။

ထိုစွန့်ပစ်မြေတွင် မည်သို့သော သရဲသဘက်မျိုး ပေါ်လာခဲ့သနည်း။

ထိုအခိုက်အတန့်တွင် လူတိုင်း သက်ပြင်းမချဘဲ မနေနိုင်ကြတော့ပေ။ အကယ်၍ ထိုသို့သာဆိုလျှင် အမှတ် (၇) စွန့်ပစ်နယ်မြေသို့ သွားရောက်ရန် မဖြစ်နိုင်တော့ဟု တွေးမိကြသည်။

"အဲဒီလူက နောက်ဆုံးကျရင် ဟေးရွှီနယ်မြေ ထဲကို ခြေချလာလိမ့်မယ်"

နောက်ဆုံးတွင် ထိုယန်နယ်ပယ် ပညာရှင်ကြီးက ထိုစကားကို ဆိုကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူ၏ခန္ဓာကိုယ်မှာ မီးကျွမ်းထားသကဲ့သို့ မဲတူးနေသည်။ ယန်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအားကို အဆက်မပြတ် လောင်ကျွမ်းနေခဲ့ပြီး ယခုအခါ လုံးဝကုန်ဆုံးသွားပြီ ဖြစ်သည်။

ထို့ကြောင့် သူ သေဆုံးသွားခဲ့သည်။

သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ပြာမှုန့်များအဖြစ် ပြောင်းလဲကာ လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားလေသည်။

သို့သော် မသေဆုံးမီ သူ စကားတစ်ခွန်း ပြောခဲ့သေးသည်။

"သူက နောက်ဆုံးကျရင် ဟေးရွှီနယ်မြေထဲကို ဝင်လာလိမ့်မယ်" ဆိုတာပင်။

အမှန်ပင် စွန့်ပစ်နယ်မြေမှ လူတိုင်းသည် ဟေးရွှီအစီးနယ်မြေထဲသို့ ဝင်ချင်ကြသည်ချည်းပင်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် အရင်းအမြစ်များ ပိုမိုများပြားပြီး မရေမတွက်နိုင်သော ပညာရှင်များ ရှိနေသောကြောင့် ဖြစ်သည်။

"အဲဒီလူက လူငယ်တစ်ယောက်လို့ ပြောတယ်မလား။ ဒါဆိုရင် သူသေချာပေါက် ဟေးရွှီနယ်မြေကို လာလိမ့်မယ်။ငါ အဝင်ဝကို သွားပြီး သူ့ကို ပိတ်ဆို့ထားမယ်။ ရှေးဟောင်းတိမ်တိုက်သုံးပါးလမ်း ကို ဖြတ်သန်းခွင့် မပေးနိုင်ဘူး"

ရှေးဟောင်းတိမ်တိုက်သုံးပါးလမ်းဆိုသည်မှာ ဆန်းကြယ်သော ရှေးဟောင်းလမ်းတစ်ခု ဖြစ်သည်။

ဤရှေးဟောင်းလမ်း သုံးခုကို ဖြတ်ကျော်ပြီးပါက အလွန်ကြောက်မက်ဖွယ်ကောင်းသော အခွင့်အလမ်းများကို ရရှိနိုင်ဖွယ် ရှိသည်။

"ဟေးရွှီနယ်မြေရဲ့ အဝင်ဝလား"

လူများစွာ၏မျက်လုံးများ အရောင်လက်သွားပြီး အကြံအစည်များ စတင် တွေးတောလာကြသည်။

...

ရှန်းချန်ကော၏ မြူပင်လယ်ထဲမှ နေ့ရက်များကတော့ အလွန်အမင်း အေးချမ်းနေခဲ့သည်။

တစ်နေ့သောအခါ...

ကောင်းကင်ဘုံဓားဂိုဏ်း တွင်

ဂိုဏ်းသားသစ်များစွာကို လက်ခံပြီးနောက် မိုချင်းချန် သည် နတ်တံတားအဆင့် သို့ တရားဝင် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

"အကြီးအကဲ ချင်းချန်..."

အမျိုးသမီး ဂိုဏ်းသားတစ်သိုက်က မိုချင်းချန်ကို ဝိုင်းရံထားကြရာ သူသည် အနည်းငယ် မြောက်ကြွကြွ ဖြစ်နေသည်။

သူက လက်နှစ်ဖက်ကို နောက်ပစ်ထားလိုက်သည်။

"ကျွန်တော့်ကို အဲဒီလို မခေါ်ပါနဲ့။ ဂိုဏ်းတူအစ်ကိုကြီးမို လို့ပဲ ခေါ်ပါ။ ကျွန်တော်က နတ်တံတားအဆင့်ကို ရောက်ရှိပြီး ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ အသက်အငယ်ဆုံး အကြီးအကဲ ဖြစ်လာခဲ့ပေမယ့်... ဆရာကလည်း ဂိုဏ်းချုပ် ဖြစ်လာခဲ့ပေမယ့်... ကျွန်တော်ကတော့ အရင်က လူငယ်လေးလိုပဲလို့ ခံစားမိတုန်းပါပဲ"

သူ၏လေသံမှာ တည်ငြိမ်နေပြီး မျက်လုံးများက နက်ရှိုင်းနေသည်။ နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကွေးညွှတ်နေခြင်းကသာ သူ့ရင်ထဲတွင် ခုန်လှုပ်နေမှုကို ဖော်ပြနေသည်။

"အကြီးအကဲ ချင်းချန်က အရမ်းခန့်တာပဲ"

"ဘယ်လောက် နက်ရှိုင်းတဲ့ ကျင့်ကြံမှုအဆင့်လဲ။ မာန်မာနလည်း မရှိဘူး၊ စိတ်လိုက်မာန်ပါလည်း မလုပ်ဘူး။ ဒါကမှ စစ်မှန်တဲ့ ကောင်းကင်သားတော်ပဲ"

မိုချင်းချန်သည် လက်ကို နောက်ပစ်လျက် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။

သို့သော် ထိုအချိန်၌...

ရုတ်တရက်...

အဝေးမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ ဟန်ပန်မှာ လောကီစည်းစိမ်ကို စွန့်လွှတ်ထားသူကဲ့သို့ လွတ်လပ်ပေါ့ပါးနေသည်။

သူ၏လှုပ်ရှားခြင်းပညာ မှာ ထက်မြက်ပြီး ပေါ့ပါးသွက်လက်ကာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ကမ္ဘာကြီးကို အကြိမ်ကြိမ် ပြောင်းလဲပစ်လိုက်သကဲ့သို့ ရှိသည်။

ကြယ်တာရာများ ကြွေကျလာပြီး ပတ်ဝန်းကျင်တွင် ထင်ယောင်ထင်မှား ပုံရိပ်များ အဆက်မပြတ် လှုပ်ခတ်သွားသည်။

အဝေးတစ်နေရာတွင် ထိုလူရိပ်က တောင်ပေါ်သို့ ဖြည်းညှင်းစွာ တက်ရောက်လာသည်။

ထိုသူက အဝေးသို့ လှမ်းကြည့်လိုက်ရာ သူ၏ အရှိန်အဝါမှာ သဘာဝအတိုင်း ဖြစ်တည်နေသည်။

ကျယ်ပြောလှသော ကမ္ဘာကြီးတွင် ထိုလူရိပ်တစ်ခုတည်းသာ ကျန်ရှိတော့သကဲ့သို့ပင်။

"ဝိုး... အရမ်းခန့်တာပဲ"

"ဒါ အရှင် အမှောင်ဧကရာဇ် မလား။ မြူပင်လယ်ကမ္ဘာရဲ့ ဘုရင်တစ်ပါးလေ"

"အရှင် အမှောင်ဧကရာဇ်က ဖန်ဆင်းခြင်းအဆင့် ပညာရှင်တွေကို ခွေးသတ်သလို သတ်နိုင်တယ်လို့ ကြားဖူးတယ်။ တစ်ခါတုန်းက လွတ်မြောက်ခြင်းအဆင့် မှာ ရှိတုန်းကတောင် နတ်တံတားအဆင့် တွေကို ထမင်းစားရေသောက်သလို သတ်ဖြတ်နိုင်ခဲ့တာတဲ့"

ရုတ်တရက်ဆိုသလိုပင် ပတ်ဝန်းကျင်ရှိ အမျိုးသမီး ဂိုဏ်းသားများ၏မျက်လုံးများ အရောင်လက်လာပြီး ကြည်ညိုလေးစားမှုများ ပြည့်နှက်သွားသည်။

"ကြည့်ပါဦး... အဲဒီအကြည့်ကို ကြည့်ပါဦး။ မြင့်မြတ်ပြီး နက်ရှိုင်းလိုက်တာ။ သူက ငါတို့ မြူပင်လယ်ကမ္ဘာအတွက် တွေးတောပေးနေတာပဲ။ မြူပင်လယ်ကမ္ဘာတစ်ခုလုံးကို ထမ်းပိုးထားတဲ့ အမှောင်ဧကရာဇ်ပါလား"

"ဂိုဏ်းတူအစ်ကိုမို... အရှင် ‌အမှောင်ဧကရာဇ်က အစ်ကိုနဲ့ ဂိုဏ်းတူတူပဲလို့ ကြားဖူးတယ်"

"ဟုတ်တယ်"

မိုချင်းချန်သည် ထိုလူရိပ်ကို ကြည့်မရသော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

အမျိုးသမီး ဂိုဏ်းသားများမှာ ဖော်ပြရခက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

မိုချင်းချန် ထွက်ခွာသွားသည်။

သူ၏မျက်နှာထားမှာ အလွန်အမင်း အရုပ်ဆိုးနေသည်။

သူ တမင်လုပ်တာ။

သူ တမင်သက်သက် လုပ်တာဆိုတာ သေချာတယ်။

ဂိုဏ်းတူအစ်ကိုကြီး တမင်လုပ်မှန်း သူ သေချာပေါက် သိသည်။

သူ ကြွားဝါဖို့ ကြိုးစားတိုင်း ဤလူက အနီးအနားက တောင်ထိပ်တစ်ခုကို ရှာပြီး တက်သွားကာ မျက်လုံးတွေ အရောင်လက်အောင်လုပ်၊ အဝေးကြီးကို လှမ်းမျှော်ကြည့်ပြီး ဇာတ်ကွက် လုယူသွားလေ့ရှိသည်။

"ငါတို့နှစ်ယောက်လုံးက နတ်တံတားအဆင့် မှာ ရှိခဲ့ကြတာထင်ရှားပါတယ်။ ဒါပေမဲ့ ငါက ဂိုဏ်းတူအစ်ကိုကြီးရဲ့ ခြေဖျားတောင် မမီပါလား"

တွေးလေလေ သူ့မျက်နှာက ပိုအရုပ်ဆိုးလေလေ ဖြစ်လာသည်။

"ဂိုဏ်းတူအစ်ကိုကြီး မထွက်သွားသရွေ့ ငါ့ရဲ့ ဘုရားအရှိန်အဝါကို ပြသနိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် ဂိုဏ်းတူအစ်ကိုကြီးက ငါ့ကိုပဲ အမြဲ ပစ်မှတ်ထားနေတာ"

ရှန်းချန်ကောသည် သူ့ရှေ့တွင် ပိတ်ကာ ရပ်တန့်နေသော မြင့်မားသည့် တောင်ကြီးတစ်လုံးကဲ့သို့ပင် ဖြစ်ပြီး သူ့ကို အသက်ရှူကျပ်စေသည်။

ရှန်းချန်ကောက ကျေနပ်အားရသော အပြုံးတစ်ခုကို ပြသလိုက်သည်။

မိုချင်းချန်ကို စနောက်ရခြင်းကလည်း သူ၏ အကြီးမားဆုံးသော ပျော်ရွှင်မှုများထဲမှ တစ်ခုဖြစ်သည်။

သို့သော်...

သူ ထွက်သွားသင့်ပြီ။

လွန်ခဲ့သော နှစ်ရက်အတွင်း ချက်အင်ဝင်ပြီးနောက် သူသည် အနန္တအမှောင်ထုအဆင့်၏နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အထွတ်အထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ကြည့်ရသည်မှာ သူသည် ဖန်ဆင်းခြင်းအဆင့် သို့ ရောက်ရှိတော့မည့်ပုံပင်။

ရှန်းချန်ကော ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ။

သူ ရိုးရှင်းသော အမိန့်တစ်ခု ပေးလိုက်သည်။

"‌အမှောင်ဧကရာဇ်... သွားတော့မလို့လား" ချင်းရွှမ်နှင့် အခြားသူများက မလိုလားအပ်သော အမူအရာများကို ပြသလာကြသည်။

"ဂိုဏ်းတူအစ်ကိုကြီး... တကယ်သွားတော့မှာလား"

မိုချင်းချန်သည် ပြေးလာပြီး လိုက်ပို့ရင်း ငိုမဲ့မဲ့ မျက်နှာထားဖြင့် ပြောလိုက်သည်။

သူသည် အလွန်အမင်း နှမြောတသ ဖြစ်နေသည့်ပုံ ပေါက်နေသည်။

"နည်းနည်းလောက် ထပ်နေပါဦးလား"

ရှန်းချန်ကောက သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။

"ငါက ပိုမြင့်တဲ့ နယ်ပယ်ကို ရှာဖွေရဦးမယ်"

"ကောင်းပါပြီလေ" မိုချင်းချန်မှာ သူ့အပျော်ကို မနည်း ထိန်းထားရသည်။

သို့သော် သူ့အနောက်တွင် စန်းကျန်းစန်းကျန့် က သူ့ကို စူးစူးဝါးဝါး ကြည့်လိုက်သဖြင့် ခေါင်းငုံ့သွားရသည်။

ရှန်းချန်ကော ထွက်ခွာသွားလေပြီ။

သူသည် ဟင်းလင်းပြင် မူမမှန်မှုများ ရှိနေသည့် နေရာသို့ ရောက်ရှိလာသည်။

ဤသည်မှာ ဟေးရွှီနယ်မြေ သို့ သွားရာ ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်း ဖြစ်သည်။

သို့သော် ထိုအချိန်တွင် သူ မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘာလဲဟ"

ဟင်းလင်းပြင်၏တစ်ဖက်ခြမ်းတွင် လူရိပ်များစွာ စုဝေးနေကြပြီး သူ့ကို ပိတ်ဆို့ရန် စောင့်ဆိုင်းနေကြသကဲ့သို့ပင်။

"သူလာပြီ... သူလာပြီဟေ့"

"ဒီကောင်က အမှတ် (၇) စွန့်ပစ်နယ်မြေမှာ နတ်ဘုရားလက်နက် ရခဲ့တဲ့ကောင်ပဲ ဖြစ်ရမယ်"

ရုတ်တရက်ဆိုသလိုပင် အဝင်ဝကို ပိတ်ဆို့ထားသော ပညာရှင်အုပ်စုကြီးမှာ စိတ်လှုပ်ရှားသွားကြသည်။

"အနန္တအမှောင်ထုအဆင့် အထွတ်အထိပ်ပဲ ရှိသေးတာလား"

လူအများအပြားက ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။

သို့သော် ရုတ်တရက် သူတို့ မြင်လိုက်ရသည်မှာ...

ထိုလူက သူတို့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ထို့နောက်...

သူ ထွက်သွားလေသည်။

"ဟေး... ဒီမှာ လူတွေ အရမ်းများလွန်းတယ်။ ငါ အခု မသွားသေးဘူးကွာ"

ပညာရှင်ကြီးများ ခမျာ မျက်လုံးပြူး ကျန်ခဲ့ရတော့သည်။

All Chapters