← Chapters

ကယ်တင်ရှင် မဟုတ်

Vol. 36 Ch. 465

ကယ်တင်ရှင် မဟုတ်

Vol. 36 Ch. 465

ယွီချန်က ခေါင်းညိတ်ပြလိုက်သောအခါ ကာကွယ်သူများ၏ မျက်ဝန်း၌ ဖော်ပြမရနိုင်သော ခံစားချက်များ ဖြစ်ပေါ်လာ၏။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော အချိန် ရောက်ရှိလာပြီ ဖြစ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ လူသားအရေအတွက် သုံးပုံတစ်ပုံသာ ရှိသေးသော်လည်း မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။.

"သူ့နာမည်က ရှန်ချန်း။ သိုင်းဧကရာဇ်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်၊ လက်ရှိ ဧကရာဇ်ပဲ။ သူက သာမန်လူတွေကြားမှာ ရောနှောနေထိုင်ခဲ့တယ်"

ယွီချန်၏ အသံက စိတ်လှုပ်ရှားသဖြင့် တုန်ရီနေကာ မီးခိုးရောင်ဝတ် အဘိုးအိုကို ညွှန်ပြ၍ လူအုပ်နှင့် မိတ်ဆက်ပေးခဲ့သည်။ သူက မြေအင်မော်တယ်နှင့် တိုက်ပွဲကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားကာ လက်တစ်ဖက် ပျက်စီး၍ တစ်ကိုယ်လုံး လိပ်ပြာများ ကိုက်ဖြဲထားသည့်အလား ပြတ်ရှရာများ ရှိနေသည်။ အကယ်၍ ငွေရောင်မြေခွေးကြီးသာ ဝင်ရောက်စွက်ဖက်ရန် နောက်ကျလျှင် သူက မြေအင်မော်တယ်လက်ချက်ကြောင့် သေဆုံးသွားခဲ့နိုင်၏။

"ရှန်ချန်း ကပ်ဘေးသယ်ဆောင်သူ"

အဘိုးအို ထွက်ပေါ်လာခြင်းသည် ထိန်းချုပ်ခံရသူများကို ဒေါသထွက်စေသော်လည်း အရေအတွက်သုံးပုံတစ်ပုံမှာ အသိစိတ်ဝင်လာသဖြင့် ကြောင်တောင်တောင် ဖြစ်ကုန်သည်။ သိုင်းဧကရာဇ်မျိုးနွယ်၏ ပြစ်မှုကြောင့် ယိုယွင်းနယ်ပယ်ကို ဖြစ်ပေါ်လာစေခဲ့သည်ဟု သတင်းများ ရှိသော်လည်း သူတို့၏ သက်တမ်း လျော့နည်းလာသဖြင့် အကြောင်းအရင်းကို ရှင်းပြပေးရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြ၏။ သူမက ရှန်ချန်းနှင့်အတူ အသက်ဝါးမျိုဂူ၊ ယိုယွင်းသော ချီ၊ တက်ကျမ်းနှင့် နေ လ ပေါင်းစည်းခြင်းအကြောင်း.အမှန်တရားများ ထုတ်ဖော်လိုက်သောအခါ ထိချက်ပြင်းလှသည်။ ငတုံးတစ်ယောက်ပင် လက်ရှိ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်လျှင် အချက်အလက်အမှား မဟုတ်ကြောင်း သိနိုင်၏။

ဥပမာပေးရလျှင် ကျောက်စိမ်းအင်မော်တယ် မျှော်စင်သခင်၏ အငယ်ဆုံးသားလေးက တစ်ခေါင်းလုံး ဆံပင်များ ဆွတ်ဆွတ်ဖြူကာ ယွမ်ရှောင်ကို ဆက်တိုက် ကျိန်ဆဲနေသည်။

"ပါးစပ်ပိတ်ထားစမ်း။ မင်းခေါင်းထဲမှာ ဂူကောင်တွေ ရှိနေတယ်"

သူက သားဖြစ်သူကို သက်တမ်းလျော့နည်းသွားကြောင်း သတိပေးလိုက်သော်လည်း အရေးမစိုက်သဖြင့် ဒေါသတကြီး ဖြတ်ရိုက်ပစ်လိုက်သည်။

"ဘာဂူကောင်လဲ။ မင်းကရော အင်မော်တယ်သုံးပါးကို ဆန့်ကျင်ချင်တာလား။ သစ္စာဖောက် တစ်မိသားစုလုံး သေသင့်တယ်"

အသိစိတ်လွတ်နေသော လူငယ်က ဖခင်၏ မျက်နှာထံ တံတွေးနှင့် သွေးများ ထွေးထုတ်ကာ ကျိန်ဆဲပစ်လိုက်သဖြင့် မျှော်စင်သခင် တောင့်တင်းသွားသည်။ ဤအမှန်တရားက လက်ခံရန် ခက်ခဲလွန်းပြီး ဂူကောင်များအပြင် အင်မော်တယ် သုံးပါး မျိုးဆက်များ၏ အချိန်ကြာမြင့်စွာ ဦးနှောက်ဆေးမှုကြောင့် လူအများအပြား ထိန်းချုပ်ခံထားရ၏။ ဤလူသားများသည် ကိုယ့်ကိုကိုယ် မေ့လျော့၍ ရန်သူကို ဘုရားအဖြစ် ကိုးကွယ်ကာ မိသားစုနှင့် မျိုးနွယ်ကိုပင် လျစ်လျူရှုထားကြ၏။ လေးစားစရာဆိုသည်မှာ အင်မော်တယ်သုံးပါးနှင့် မျိုးဆက်များသာ ဖြစ်ပြီး ထိုကိုးကွယ်ခံရသူများက တိုက်ပွဲအတွင်း သူတို့၏ အသက်ဓာတ်များကို အသုံးချနေခြင်းသာ ဖြစ်ကြောင်း သဘောမပေါက်ကြပေ။ အသိစိတ်ဝင်လာသူတိုင်း ထိတ်လန့်တုန်လှုပ်နေကာ မျှော်စင်သခင်၏ မျက်လုံးအစုံမှ မျက်ရည်များ တသွင်သွင် စီးကျလာ၏။

"ဆိုးရွားလိုက်တာ။ အောက်တန်းကျလိုက်တာ"

ပတ်ဝန်းကျင်၌ အသိစိတ်ဝင်လာသူတိုင်းက မိသားစုဝင်များ သတိပြန်လည်လာစေရန် ကြိုးစားခဲ့သော်လည်း ထိန်းချုပ်ခံထားရသူများမှာ အင်မော်တယ်သုံးပါးကို မယုံကြည်လျှင် သေသင့်သည်ဟု ပြန်လည် ကျိန်ဆဲကြ၏။ သူတို့က ရူးသွပ်စွာ အော်ဟစ် ကြွေးကြော်ရင်း မြေအင်မော်တယ်ကို ယွမ်ရှောင် သတ်ဖြတ်ခြင်းအတွက် တစ်ဆွေလုံးတစ်မျိုးလုံး အသတ်ခံရသည့်အလား နာကျည်းနေကြသည်။ မျက်လုံးမှ သွေးမျက်ရည်များ ကျဆင်းလာသည်အထိ ငိုကြွေးကြပြီး စိတ်ခြောက်ခြားဖွယ် မြင်ကွင်းမှာ မျှော်စင်သခင်ကို တုန်ယင်သွားစေ၏။

"ကမ္ဘာပေါင်းများစွာကို ကာကွယ်ပေးထားတဲ့ ငါတို့နယ်မြေက ဒီလိုမဖြစ်ရဘူး။ မဖြစ်ရဘူး"

အင်မော်တယ်သုံးပါးက ရှေးဟောင်းအပျက်အစီးနယ်မြေကို ချောက်ကမ်းပါးအတွင်း တွန်းချနေရာ ယခု နောက်ပြန်မလှည့်လျှင် အရာရာ နိဂုံးချုပ်သွားပေလိမ့်မည်။ ယွမ်ရှောင်က ထိုလူယုတ်မာများကို တစ်ကိုယ်တော် တိုက်ခိုက်၍ မြေအင်မော်တယ်အား သတ်ဖြတ်ခဲ့သောကြောင့် မျှော်စင်သခင်၏ စိတ်ထဲတွင် မျှော်လင့်ချက် မီးပွား တောက်လောင်လာ၏။ သူက အသက်ကို ပြင်းပြင်းရှူ၍ ရုတ်တရက် ဒူးထောက်ကာ စိတ်အားထက်သန်စွာ တောင်းဆိုခဲ့ပြီး ရန်ငြှိုးများကိုပင် မေ့ပစ်လိုက်သည်။

"နောက်ထပ်ဂူကျင့်ကြံသူနှစ်ယောက်ကို သတ်ပြိး ကမ္ဘာပေါင်းများစွာကို ကယ်တင်ပေးပါ။ ကောင်းကင်က ပြိုင်ဘက်ကင်းတဲ့ ကောင်းမှုမျိုးကို အသိပေးပါလိမ့်မယ်။ ခင်ဗျားက စစ်မှန်တဲ့ ကယ်တင်ရှင် အင်မော်တယ် ဖြစ်ပါတယ်"

စိတ်ခံစားချက်များ ပြည့်နှက်သည့် ဤစကားလုံးများသည် အခြားလူများကို အသိဝင်လာစေကာ မျှော်စင်သခင်နှင့်အတူ ဒူးထောက်လိုက်ကြပြီး မျှော်လင့်ချက် ရှိလိုရှိငြား တောင်းဆိုခဲ့ကြသည်။

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်တင်ပေးပါ"

"အသက်ဝါးမျိုဂူကောင်ကြောင့် ကျွန်တော်တို့ လှည့်စားခံခဲ့ရတယ်။ ရွေးချယ်ဖို့ အသိစိတ်ပျောက်နေလို့ပါ။ သခင်လေးယွမ်ကို ဆန့်ကျင်မိတာ တောင်းပန်ပါတယ်"

"ငါ့သမီးလေးကို ကယ်ပေးပါဦး။ သူ့ခမျာ အသက်ဆယ်နှစ်တောင် မပြည့်သေးဘူး"

ယွမ်ရှောင်ရှေ့တွင် ဒူးထောက်နေသော အရေအတွက် လျင်မြန်စွာ တိုးပွားလာသော်လည်း စကားတစ်ခွန်းတည်းဖြင့် ဟန့်တားပစ်ခဲ့သည်။

"ထကြစမ်း။ ဒူးထောက်စရာ မလိုဘူး။ ငါက ဂူကျင့်ကြံသူတွေလို မဟုတ်ဘူး"

သူ၏ စကားကြောင့် လူသားများက အကြည့်ချင်းဖလှယ်၍ တုံ့ဆိုင်းစွာ ထရပ်လိုက်ကြသော်လည်း စိုးရိမ်နေဆဲပင်။ မြေအင်မော်တယ် အသတ်ခံလိုက်ရသည့်တိုင်အောင် နောက်ထပ် နှစ်ယောက်ကို မရှင်းပစ်နိုင်လျှင် ပြောင်းလဲမှု မရှိသဖြင့် ယွမ်ရှောင်သာ ဝင်ရောက်ကိုင်တွယ်မပေးပါက အနာဂတ် ပျောက်သွားပေလိမ့်မည်။ သူတို့က အသက်ရှူရန်ပင် မေ့ထားကာ ယွမ်ရှောင် ဆက်ပြောလာမည့် စကားများကို စောင့်ဆိုင်းနေကြစဥ် အသံ ထွက်ပေါ်လာ၏။

"သေချာနားထောင်။ ငါက ကယ်တင်ရှင် မဟုတ်ဘူး။ ဘယ်ကောင်းကင်ကမှ ဆုလာဘ်တွေ လာပေးနေစရာလည်း မလိုဘူး။ ဒီသုံးယောက်ကို ငါ မျက်စိထဲ ကြည့်မရလို့ သတ်မယ်။ ဒါက မင်းတို့အတွက် မဟုတ်ဘူး။ ဒီကောင်တွေ ပိုင်ဆိုင်ထားတဲ့ ရတနာတွေကို လိုချင်လို့။ ငါ့ကို ကျေးဇူးလည်း မတင်နဲ့။ လက်မခံဘူး"

အချို့သော လုပ်ရပ်များသည် အောင်မြင်လျှင် ကယ်တင်ရှင်အဖြစ် တံဆိပ်ကပ်မည်ဖြစ်သော်လည်း ကျရှုံးပါက နှစ်ပေါင်းများစွာ အပြစ်တင်ခံရမည့် ထာဝရ အပြစ်သား တစ်ယောက် ဖြစ်လာပေလိမ့်မည်။ သိုင်းဧကရာဇ်မျိုးနွယ်ကို ဥပမာယူ၍ ယွမ်ရှောင်သည် အနာဂတ်တွင် လူသားမျိုးနွယ်ကို ကယ်တင်မည်ဟု နောက်တစ်ကြိမ် ကြွေးကြော်မည် မဟုတ်ပေ။ သူက တိုက်ခိုက်မည်။ မတရားလျှင် တိုက်ပွဲဝင်မည်။ လူသားများကို ကယ်တင်ပေးမည် ဖြစ်သော်လည်း သူတော်စင် ဖြစ်လာရန် မလိုချင်ချေ။ အရှင်လတ်လတ် မီးရှို့ခံရသော လန်ရီသည် လုံလောက်အောင် မရက်စက်ခြင်း၏ သက်သေပင် ဖြစ်သည်။

"ငါက လောကကြီးရဲ့ ကယ်တင်ရှင် မဟုတ်ဘူး။ မင်းတို့ ငါ့ကို လူသတ်သမားလို့ ခေါ်တာ ပိုကြိုက်တယ်"

ရှေးဟောင်းအပျက်အစီးနယ်မြေရှိ လူသားများသည် ဂူပိုးကောင်ကြောင့် လမ်းမှားပြီး အယူလွဲလုပ်ရပ်များ လုပ်နေကြသည်ဟု သူ ယုံကြည်ခဲ့ဖူးသည်။ သို့သော် ဆန်းကြယ်ဘုရားကျောင်းတွင် ဂူကူးစက်ခြင်း မရှိသော ကျောင်းတော် တပည့်များနှင့် အကြီးအကဲများ ခုနစ်ဆယ်ရာခိုင်နှုန်းသည် သူ သတိပေးနေသည့်ကြားမှ တက်ကျမ်းကို ကျင့်ကြံခဲ့ကြ၏။ ထို့ကြောင့် သူ့အတွက် တွေးစရာများ ဖြစ်လာကာ လက်ရှိတွင် ထိုအရူးများကို လျစ်လျူရှုထား၍ ငွေရောင်မြေခွေးအနောက်မှ ရတနာများ လိုက်လံသိမ်းဆည်းခဲ့သည်။ ငွေရောင်မြေခွေးက အင်မော်တယ်သုံးပါး မျိုးဆက်များကို ဆက်လက်သတ်ဖြတ်နေပြီး သူကမူ လက်လှမ်းမီရာ ဓားဝိညာဥ်၊ ဖန်ဆင်းရှင်မျိုးစေ့၊ အသက်တံဆိပ်နှင့် သိုလှောင်အိတ်များ ရယူကာ တစ်ခုတည်းသော ရည်မှန်းချက်အဖြစ် ထိုမျိုးဆက်တစ်ခုလုံး ဝါးမျိုပစ်ပေလိမ့်မည်။

"ဒီကောင်တွေက ရာစုနှစ်အတွင်းမှာ လူဦးရေ တိုးတက်လာခဲ့တယ်။ တကယ့်ပိုးကောင်တွေ။ ဒါပေမယ့် နာရီပိုင်းအတွင်း ငါက တော်တော်များများ သတ်ပစ်လိုက်ပြီ။ ဘယ်သူက ပိုမြန်လဲ ကြည့်ရအောင်"

ယွမ်ရှောင်က ရယ်မောနေပြီး ငွေရောင် မြေခွေးနှင့် အတူ အင်မော်တယ်သုံးပါး မျိုးဆက်များကို ရက်ရက်စက်စက် သုတ်သင်ပစ်နေ၏။

"အစ်ကိုကြီးက ယိုယွင်းမှုသတ္တဝါကိုတောင် လူသတ်ဖို့ အသုံးချတာဟ။ အခြေအနေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတယ်။ ဒီကပ်ဘေးလူဝင်စားကတော့.. ဟား ဟား"

အင်္ကျီရင်ဘတ်အတွင်း ရှိနေသော ကြယ်ပြာက အံ့သြတကြီး ရေရွတ်ရင်း ထူးထူးဆန်းဆန်း ရယ်မောနေခဲ့သည်။

အခြားတစ်နေရာတွင် လန်ရီသည် အရေပြားရှိ မီးလောင်ဒဏ်ရာများကို လိမ်းဆေးဖြင့် ကုသ၍ လးအုပ်ကို ကျော်လွန်ကာ ယွမ်ရှောင်ထံ လှမ်းကြည့်နေသည်။

"ယွမ်ရှောင်က နင်ပြောသလိုဆိုရင် ကယ်တင်ရှင်တစ်ယောက် မဟုတ်ဘူး။ လောကကြီးကို အဆုံးသတ်မယ့် သေမင်းလား"

သူမက အတွေးနက်နေပြီး ရေရွတ်လိုက်စဥ် ရင်ခွင်အတွင်း ကျားဖြူပုံရိပ်လေးတစ်ခု ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့လေသည်။

All Chapters