← Chapters

ကမာဘုရင်၏ သစ္စာဖောက်ခြင်း

Vol. 36 Ch. 475

ကမာဘုရင်၏ သစ္စာဖောက်ခြင်း

Vol. 36 Ch. 475

"မိတ်ဆွေ ဖြစ်နိုင်လောက်မယ်လို့ ငါ ထင်တယ်"

ရှန်ချန်းက အတန်ကြာ စဥ်းစား၍ ပြောလာသောအခါ စီရင်သူကို ကယ်တင်ရန် တွေးနေသည့် ယွမ်ရှောင်တစ်ယောက် မျက်မှောက်ကြုတ်လိုက်သည်။ အင်မော်တယ်သုံးပါးကို ရင်ဆိုင်ရန် မိတ်ဆွေတစ်ယောက် တိုးလာနိုင်ခြင်းအပေါ် သူက လောင်းကြေး ထပ်လိုခဲ့၏။

"ဘာကြောင့်လဲ"

"ကျင့်ကြံသူတစ်ယောက်က ယန်နယ်ပယ်ကို ကျော်ဖြတ်နိုင်ရင် မဟာတာအိုနယ်မြေဆီ ဝင်ရောက်ပြီး ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်တယ်။ မိုးကြိုးဌာနက ကောင်းကင်ရုံးတော်ရဲ့ ဌာနတစ်ခု ဖြစ်ပြီး ဥပဒေစိုးမိုးဖို့ ဆောင်ရွက်တယ်။ စီရင်သူတွေက ကောင်းကင်ရုံးတော်ရဲ့ အာဏာကို ကိုယ်စားပြုပြီး ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးတတ်ပေမယ့် သာမန်လောကတွေဆီ ဆင်းသက်လာလေ့ မရှိဘူး"

ရှန်ချန်းက ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်၏။

"ငါက စီရင်သူတစ်ယောက်နဲ့ ဓားယာဥ်ကို တစ်ခါမှ မမြင်ဖူးဘူး။ ဒီအချက်တွေကို သိုင်းဧကရာဇ်မျိုးနွယ် ခေါင်းဆောင်တစ်ယောက်တည်း သိရမယ့် လျှို့ဝှက်ချက်မှတ်တမ်းထဲမှာ သိမ်းဆည်းထားတယ်"

"ဒါဆိုရင် သူက တကယ့်အင်မော်တယ်တစ်ယောက်လား"

"ကောင်းကင်ရုံးတော်က လာတာဆိုရင်တော့ ဟုတ်တယ်"

ရှန်ချန်းက ယွမ်ရှောင်၏ အမေးကို အတည်ပြုပေးလိုက်သည်။

"စီချင်းကရော ဘယ်သူလဲ။ သူလည်း အဲဲ့ဒီနေရာက လာတာ မဟုတ်ဘူးလား"

ယွမ်ရှောင်က အချက်တစ်ချက်ကို ထောက်ပြသည်။

"မတူဘူး။ သူက အဆင့်နိမ့်လွန်းတယ်။ ကောင်းကင်ရုံးတော်က သာမန်လောကကို စောင့်ကြည့်ဖို့ စေလွှတ်ထားတဲ့ အစောင့်တစ်ယောက်ပဲ"

စီချင်းဆိုသော ကျင့်ကြံသူသည် ဂူကျင့်ကြံသူများနှင့် ပူးပေါင်းခဲ့သောကြောင့် ဤစီရင်သူမှာ မိတ်ဆွေ ဖြစ်နိုင် မဖြစ်နိုင် ရှန်ချန်း မသေချာတော့ပေ။

"ဆရာ တကယ်လို့ သူနိုးလာတဲ့အချိန် တပည့်တို့က ဂူကျင့်ကြံသူတွေအကြောင်း ပြောလိုက်ရင် ကောင်းကင်ရုံးတော်ကို အစီအရင်ခံမှာလား"

လန်ရီက ယွီချန်ထံ ခပ်တိုးတိုး မေးသည်။

"မသိဘူး။ ဒါပေမယ့် စီရင်သူတစ်ယောက် သေဆုံးတာနဲ့ ပတ်သက်မိရင်တော့ အမြင့်ဆုံး ပြစ်မှု ဖြစ်လိမ့်မယ်။ ကယ်တင်ပြီးမှ သတ်လိုက်ရင်တောင် မပြောင်းလဲဘူး"

ယွီချန်၏ အကြည့်က ယွမ်ရှောင်ထံ ပြောင်းလဲရောက်ရှိသွားကာ သတိပေးလိုက်ခြင်း ဖြစ်သည်။

"ခင်ဗျား အတွေးလွန်နေပါပြီ။ ကျုပ်က သူ့ကို မိတ်ဆွေတစ်ယောက် ဖြစ်မယ်လို့ တွက်ထားပါတယ်"

အမှန်တကယ်၌ ယွမ်ရှောင်သည် ဤစီရင်သူမှာ လူကောင်း ဟုတ်မဟုတ်ကို များစွာ ဂရုစိုက်ခြင်း မရှိပေ။ ဂူကျင့်ကြံသူများနှင့် ကမာမျိုးနွယ်ကို တိုက်ခိုက်နေစဥ် နယ်မြေဓာတ်လုံးကြောင့် ယိုယွင်းချီများ ကမ္ဘာပေါင်းများစွာထံ ပျံ့နှံ့သွားလျှင် ကောင်းကင်ရုံးတော်မှ စီရင်သူတစ်ယောက်သာလျှင် နယ်မြေဓာတ်လုံး အသစ် ယူဆောင်ပေးနိုင်ပေလိမ့်မည်။ သူ၏ အကျင့်စရိုက်အရ ကိုယ်တိုင် ဖြေရှင်းမရနိုင်သော ကိစ္စမျိုး ကြုံမှသာ အခြားကျင့်ကြံသူများအပေါ် မျှော်လင့်ချက်ထားတတ်သည်။ အဓိကပြဿနာမှာ စီရင်သူကို ဂူကောင်များဖြင့် အဆိပ်ခတ်ထားသော လက်သည်တရားခံအကြောင်း စဥ်းစားမရသော အချက်ပင်။

"လူသားအင်မော်တယ်ရဲ့ လက်ချက်လား"

"အခုထက် အဆတစ်ထောင်လောက် သတ္တိပိုရှိရင်တောင် စီရင်သူတစ်ယောက်ကို ထိရဲမှာ မဟုတ်ဘူး"

"တကယ်လို့ ကျောထောက်နောက်ခံ တစ်ခု ရှိနေရင်တော့ ဖြစ်နိုင်တယ်နော်"

ရှန်ချန်းနှင့် ယွီချန်က ယူဆချက်အသီးသီး ပြောဆိုနေစဥ် ယွမ်ရှောင်သည် စီရင်သူကို ငုံ့ကြည့်၍ ကယ်တင်ရန် လုပ်ငန်းစလိုက်သည်။

"ကျုပ် သူ့ကို ကယ်နိုင်လောက်တယ်"

"ကောင်းပြီ"

လူသားမျိုးနွယ်၏ ကာကွယ်သူများက ထိုလူကို ကယ်တင်ရန် ဆန္ဒရှိနေကြပြီး တစ်ဖက်လူ၏ အထောက်အထားအရ ထိခိုက်သွားမည် တစ်ခုတည်းသာ စိုးရိမ်စရာ ဖြစ်၏။

ယွမ်ရှောင်က ထောင်စောင့်နဂါး တံဆိပ်ကို ထုတ်ယူလိုက်ပြီး ခေါင်းကိုးလုံး နဂါးသဏ္ဍာန်ကြောင့် ကြောက်မက်ဖွယ်ကောင်းပုံရသော်လည်း သန့်စင်မြင့်မြတ်သော ချီများ ဖြာထွက်နေသဖြင့် ဂူကောင်များအား သန့်စင်နိုင်ချေရှိ၏။ တံဆိပ်က အသက်ဝင်လာပြီး နဂါးဟိန်းသံ တစ်ချက် ထွက်ပေါ်လာကာ စီရင်သူ၏ ပါးစပ်အတွင်းမှ တိုးဝင်သွားသည်။ နာကျင်မှုကြောင့် သူက တုန်ရီသွားကာ လူပေါင်းများစွာကို လွင့်စင်သွားစေသည့် အရှိန်အဝါ ပြန့်ထွက်လာ၏။ ယွမ်ရှောင်ကိုမူ ရှန်ချန်းက ထိန်းထားပေးသဖြင့် လွင့်ထွက်မသွားခဲ့ပေ။ ထို့နောက် ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးများ တလူလူ ထွက်ပေါ်လာ၍ မရေမတွက်နိုင်သော ဂူကောင်များ ထွက်ပြေးကုန်သဖြင့် အရေပြား ဖောင်းပွလာသည်။

"အား"

စီရင်သူက နာကျင်လွန်းသောကြောင့် အသံကုန်အော်ဟစ်၍ အနက်ရောင်သွေးများ အန်ထုတ်လိုက်သောအခါ ကြမ်းပြင်၌ အိုင်ထွန်းသွား၏။

"အခြေအနေ ဘယ်လိုလဲ"

"အလုပ်ဖြစ်တယ်။ ဂူကောင်တွေက ကြောက်လန့်ပြီး သူ့ကိုပါ သတ်ဖို့ ကြိုးစားနေကြပြီ။ အခြေအနေကိုတော့ ကျုပ် ထိန်းထားနိုင်တယ်"

ယွီချန်က စိုးရိမ်တကြီး မေးလိုက်သောအခါ ယွမ်ရှောင်သည် မျက်မှောင်ကြုတ်၍ အသက်တံဆိပ်ကို ထိန်းချုပ်ရင်းမှ ပြန်ဖြေလိုက်သည်။ ခန္ဓာကိုယ်အတွင်း၌ ဂူကောင်အရေအတွက် များလွန်းသောကြောင့် ပြန်လည်ကောင်းမွန်လာရန် ခြောက်ဆယ်ရာခိုင်နှုန်းသာ သေချာ၍ ဖြည်းဖြည်းချင်း သန့်စင်ရပေလိမ့်မည်။.အကယ်၍ တစ်ခုခု မှားယွင်းသွားလျှင် စီရင်သူ၏ အသက်ကို လက်လွှတ်လိုက်ရမည် ဖြစ်သောကြောင့် ရှန်ချန်းသည် အားလုံးကို နှုတ်လုံရမည် ဖြစ်ကြောင်း အမိန့်ပေးကာ မြို့အတွင်း ပြန်သွားစေသည်။ ယွီချန်သည် ကြာပန်းဖြူဖြင့် လှည့်ပတ် ပျံသန်းရင်း ကင်းစောင့်နေကာ တင်းတင်းကြပ်ကြပ် အစောင့်ချထားလိုက်၏။

"ဆရာ သုံးရက်အတွင်း စီရင်သူ ပြန်ကောင်းလာနိုင်လား"

"ယွမ်ရှောင်အပေါ် မူတည်တယ်"

လန်ရီ၏ မေးခွန်းကို သူမက သက်ပြင်းချကာ ဖြေခဲ့သည်။

"ဒီနေ့ အပြင်ကို တူတူ ထွက်သွားကြတာမလား။ ဘာကြောင့် တစ်ယောက်စီ ပြန်လာကြတာလဲ"

"ဘာမှ မဟုတ်ဘူး"

ဆရာဖြစ်သူ၏ အမေးကြောင့် လန်ရီ ရှက်သွေးဖြာ၍ မရိပ်မိစေရန် မျက်နှာထား ပြောင်းလဲလိုက်ရသည်။

ပုံရိပ်ယောင်စွမ်းအားဖြင့် ဖုံးအုပ်ထားသော နားခိုရာဂိုဏ်းအတွင်း မီးရောင်များ တောက်ပ၍ ရတနာများ တလက်လက် ထွက်ပေါ်နေကာ ဂီတသံများ အဆုံးမရှိ ပျံ့လွင့်နေ၏။ ကုန်းမြေအထက်၌ ဖြစ်သော်လည်း ဖြူလွလွ ပင်လယ်ကြမ်းပြင်နှင့် ဆင်တူလာသကဲ့သို့ ထိုသဲများအတွင်း ကမာကောင်သုံးထောင် နစ်ဝင်နေကြ၏။ ၎င်းတို့က အခွံများကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေပြီး အတွင်းမှ ကြည်လင်သော အသားစိုင်များ မြင်နိုင်သည်။ ကမာတစ်ကောင်ချင်းစီ၏ အတွင်းပိုင်း၌ အိပ်မက်ကမ္ဘာများ ရှိနေပြီး ကောင်းကင်အထက်၌ ပိုမိုကြီးမားသော ရွှေရောင်ကမာတစ်ကောင် မျောလွင့်နေသည်။ ရွှေရောင်အလင်းများ ဖြာထွက်၍ ချည်မျှင်များအလား ဆန့်ထွက်ကာ ကမာကောင်သုံးထောင်နှင့် ဆက်သွယ်လိုက်ပြီး ဂါထာရွတ်သံ သုံးထောင် ပြိုင်တူ ပဲ့တင်ထပ်လာသည်။ ကမာနတ်ဆိုးများ၏ ပူးပေါင်းတိုက်ကွက်သည် အားကောင်းသော ပုံရိပ်ယောင်ကို နားခိုရာဂိုဏ်းထံ ပစ်လွှတ်ခဲ့သောအခါ စိတ်ကူးမရနိုင်လောက်သော အကျိုးဆက်များ ဖြစ်ပေါ်ခဲ့၏။

"ဘုန်း ဘုန်း ဘုန်း"

နားခိုရာဂိုဏ်းအတွင်း ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာကာ ရုန်းရင်းဆန်ခတ် ဖြစ်နေပုံရသောကြောင့် နီအန် ချုပ်နှောင်ခံထားရစဥ်ကနှင့် မခြားပေ။ ဆယ်ပေကျော် မြင့်သော ရွှေရောင်လူသားကြီးက ဒေါသတကြီးဖြင့် နံရံများကို တိုက်ခိုက်နေကာ အသွေးအသားနှင့် အရေပြားမှာ ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ မာကျောပုံရသည်။ သူ ဒေါသထွက်လေလေ၊ ဂါထာရွတ်သံ ပိုမို ကျယ်လောင်လာလေလေ ဖြစ်ကာ နားခိုရာဂိုဏ်းရှိ အက်ကြောင်းတိုင်းမှ စိမ့်ဝင်လာကြ၏။ ကမာနတ်ဆိုးများ၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် ကောင်းကင်အင်မော်တယ်၏ အသက်စွမ်းအား နည်းပါးစပြုလာကာ ကျင့်ကြံသူတစ်ယောက်၏ အသက်ကို အရှင်လတ်လတ် စုပ်ယူဝါးမျိုခြင်းမှာ အမှန်တကယ်ပင် ရက်စက်ကြမ်းတမ်းသည်။

"ငါတို့ကို ဒီလောက်လေးနဲ့ ရှင်းပစ်ပြီး ကမ္ဘာပေါင်းများစွာကို ကျွန်ပြုနိုင်မယ် ထင်နေတာလား"

ကောင်းကင်အင်မော်တယ်က ရုန်းကန်မနေတော့ဘဲ မေးခွန်း ထုတ်လိုက်သော်လည်း ကမာနတ်ဆိုးများဘက်မှ မတုံ့ပြန်ကြပေ။

"ငါတို့ညီအစ်ကိုသုံးယောက်က မရေမတွက်နိုင်တဲ့ ကမ္ဘာများစွာမှာ အသက်ဓာတ်တွေကို စားသောက်ခဲ့ပြီး စီရင်သူတွေတောင် သတိမထားမိကြဘူး။ ငါတို့မှာ နောက်ခံ မရှိဘူးလို့ ထင်နေတာလား ဟား ဟား"

"မင်း ဘာကိုပြောချင်တာလဲ"

သူက ဆိုးယုတ်စွာ ရယ်မောရင်း လှောင်ပြောင်လိုက်သောအခါ ကမာဘုရင်၏ အသံ ပြန်လည်ထွက်ပေါ်လာခဲ့၏။

"ညီသုံး ဘယ်ရောက်နေလဲဆိုတာ တွေးမကြည့်ဖူးဘူးလား"

စကားအဆုံးတွင် ကမာသုံးထောင်၏ ဂါထာရွတ်သံ တိခနဲ ရပ်တန့်သွားကာ ရွှေရောင်ကမာကောင်ကြီးသည် လူသားအသွင် ပြောင်းလဲ၍ နားခိုရာဂိုဏ်းထံ စိုက်ကြည့်နေခဲ့သည်။

"မင်းတို့က မဟာတာအိုနယ်မြေကို တက်ရောက်နိုင်တယ်ပေါ့"

"ဘာကြောင့် မရမှာလဲ။ ငါတို့က ကောင်းကင်ရုံးတော်က ဆင်းသက်လာတာပဲ"

ကောင်းကင်အင်မော်တယ်၏ အေးစက်စက် စကားကြောင့် ကမာနတ်ဆိုးဘုရင် ကြောက်ရွံ့တုန်လှုပ်သွား၏။

"မင်းတို့ဘာသာ အမေ့ခံနတ်ဆိုးပင်လယ်မှာ နေပြီး နယ်မကျော်လာရင် ငါတို့က လွှတ်ထားမလို့ပဲ။ ဒါပေမယ့် မင်းက နားခိုရာဂိုဏ်းကို လိုချင်နေတယ်။ ဒါက အထက်ပုဂ္ဂိုလ်တွေ တပ်မက်ကြတဲ့ ရတနာပဲ။ ငါတို့က စောင့်ကြပ်ပေးနေတာကွ။ မင်းတို့နဲ့ မထိုက်တန်ဘူး"

သူက နှာခေါင်းရှုံ့၍ ကောင်းကင်ရုံးတော်ထံ ဤရတနာအကြောင်း သတင်းပို့ခဲ့ကြောင်း အရိပ်အမြွက် ပြလိုက်သည်။

"ကောင်းကင်အင်မော်တယ် ငါတို့ကို အသက်ချမ်းသာပေးပါ။ မင်းကို တောင်းပန်ပါတယ်။ မင်းရဲ့ နောက်လိုက်အဖြစ် အသက်နဲ့ရင်းပြီး အမှုထမ်းဖို့ ကတိပေးမယ်။ ကျေးဇူးပြုပြီး သနားပါ"

ကောင်းကင်ရုံးတော်ဆိုသော တစ်ဖက်လူ၏ နောက်ခံကြောင့် ကမာနတ်ဆိုးဘုရင်သည် အပြောင်းအလဲမြန်စွာ ငိုကြီးချက်မဖြင့် အသနားခံလိုက်သည်။

"မင်းတို့ ယွမ်ရှောင်နဲ့ မဟာမိတ် ဖွဲ့ထားတယ်မလား။ အချိန်ကျရင် ဒီနေရာကို လှည့်စားပြီး ခေါ်လာခဲ့။ ငါတို့ ပူးပေါင်းပြီး သူ့ကို သတ်ပစ်မယ်"

"သဘောတူတယ်"

ကောင်းကင်အင်မော်တယ်က ခက်ထန်စွာ အမိန့်ပေးလိုက်သောအခါ ကမာဘုရင်သည် ချက်ချင်း လက်ခံခဲ့သည်။

"နောက်တစ်ချက်အနေနဲ့ မင်းတို့မျိုးနွယ်ဝင်တွေ လူယောင်ဖန်ဆင်းပြီး ငါ့ကို အလုပ်အကျွေးပြုရမယ်။ အခု ချက်ချင်း လုပ်စမ်း"

သူက ကမာသုံးထောင်ကို တစ်ချက်ဝေ့ကြည့်ကာ လျှာသပ်၍ တဏှာစိတ်ဖြင့် တောင်းဆိုလိုက်ပြန်သည်။

"သူ စိတ်မပြောင်းခင် မြန်မြန်သွားကြ"

မျိုးနွယ်ဝင်မိန်းမပျို သုံးထောင်က လူယောင်ဖန်ဆင်း၍ နားခိုရာဂိုဏ်းအတွင်း တန်းစီ ဝင်ရောက်သွားရ၏။

"တစ်ယောက် လိုနေတယ်"

ကောင်းကင်အင်မော်တယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မလိုပါဘူး။ အယောက်သုံးထောင်လုံး ဝင်သွားပြီ"

"မင်းက အပြင်မှာ ဘာလုပ်နေတာလဲ"

တစ်ဖက်လူ၏ ထူးခြားသော ဝါသနာကြောင့် ကမာနတ်ဆိုးဘုရင်မှာ ဆွံ့အသွားခဲ့လေသည်။

All Chapters