← Chapters

ထောင်ချောက်

Vol. 36 Ch. 478

ထောင်ချောက်

Vol. 36 Ch. 478

"ဘာဖြစ်တာလဲ။ ယွမ်ရှောင်က ကြောက်လို့ ထွက်ပြေးသွားတာလား"

ခြံဝန်းအတွင်း ရောက်ရှိလာသော ကမာဘုရင်က အေးစက်စက် မျက်နှာထားဖြင့် ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းလိုက်သည်။

"မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ခဏလောက် ထပ်စောင့်ပေးပါ"

ကျောင်းအုပ်ယွီက ချက်ချင်း ငြင်းဆန်ကာ အာမခံလိုက်၏။

"ကောင်းကင်အင်မော်တယ်ကို ကြောက်တာက ရှက်စရာ မဟုတ်ဘူး။ ငါတို့အချိန်တွေကို လာဖြုန်းနေတာကတော့ ခွင့်မလွှတ်ချင်စရာပဲ။ ငါတို့ အစွမ်းက ကောင်းကင်အင်မော်တယ်ကို အားနည်းသွားအောင် လုပ်နိုင်ခဲ့ပေမယ့် ပေးဆပ်ရတာတွေ ရှိတယ်။ ထပ်ပြီး ကြန့်ကြာနေရင် သူ လွတ်မြောက်သွားနိုင်တယ်"

ကမာဘုရင်က မကျေမနပ် လေသံဖြင့် အထက်စီးမှ အကြပ်ကိုင်နေသည်။ ယွမ်ရှောင်ဘက်မှ လူသားကျင့်ကြံသူများ ကာကွယ်ပြောဆိုရန် ပါးစပ်ဟလိုက်စဥ်မှာပင် ကောင်းကင်၌ မိုးပြာရောင် အလင်းတစ်ချက် လက်ခနဲ ဆင်းသက်လာ၏။

"သူ ပြန်လာပြီ"

လန်ရီက စိတ်အေးသွားဟန်ဖြင့် ခပ်တိုးတိုး ရေရွတ်၍ စကားအဆုံးတွင် အဖြူရောင်ဝတ် လူငယ်ကို မြင်လိုက်ရသောအခါ တစ်ဖက်လူ၏ လေသံ ပြောင်းသွားသည်။

"နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ငါက မင်းကို စောင့်နေတာပါ သခင်လေးယွမ်"

"ငါ လုပ်စရာရှိလို့ စောင့်ခိုင်းထားတာ စိတ်မရှိပါနဲ့"

ယွမ်ရှောင်၏ မျက်လုံးများက အနီရောင် တောက်ပ၍ တစ်ကိုယ်လုံး ငွေရောင်အရှိန်အဝါ ထွက်ပေါ်နေကာ မိစ္ဆာရော နတ်ဆိုးပါ ရောယှက်နေ၏။ ထိုပြောင်းလဲမှုကို ကာကွယ်သူများက ချက်ချင်း သတိပြုမိသဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ လူသားမျိုးနွယ်၏ ရန်သူတော်ဖြစ်သော အရှိန်အဝါများကြောင့် အလိုအလျောက် ထိတ်လန့်တုန်လှုပ်စပြုလာသည်။ သို့သော် ထွက်မသွားခင်က သူ မှာကြားခဲ့သော စကားကို အမှတ်ရလိုက်ကြသဖြင့် စိုးရိမ်စိတ် ပျောက်ကွယ်၍ နားမလည်နိုင်ခြင်းများသာ ကျန်ရစ်၏။

"မင်းက မိစ္ဆာလား နတ်ဆိုးလား"

"လူသား။ မင်းက အလျင်လိုနေတာ မဟုတ်ဘူးလား။ ကောင်းကင်အင်မော်တယ်ကို သတ်ဖို့ ချက်ချင်း ထွက်ခွာမယ်"

ကမာဘုရင်က စပ်စုနေသောအခါ ယွမ်ရှောင်သည် ခပ်ပြတ်ပြတ် တုံ့ပြန်၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ကောင်းပြီ။ ကျေးဇူးပြုပြီး ကြွပါ"

ကမာဘုရင်က ခေါင်းညိတ်၍ ကျောင်းအုပ်ယွီနှင့် ထိပ်တန်းကျင့်ကြံသူများကို လေးနက်စွာ ဝေ့ကြည့်ပြီး အမူအရာ လေးနက်သွား၏။ အမြဲတမ်း ရန်သူများ ဖြစ်သောကြောင့် မဟာမိတ်ဖွဲ့ထားသည့်တိုင်အောင် ကာကွယ်သူများသည် ကမာနတ်ဆိုးများအပေါ် ရင်းနှီးလိုစိတ် မရှိချေ။ ယင်နယ်ပယ်နှင့် အထက် ကျင့်ကြံသူ နှစ်ရာသည် ကောင်းကင်အင်မော်တယ်ကို ရင်ဆိုင်ရမည့် တာဝန်ကြီးအတွက် အဆင်သင့်ပြင်ထားလိုက်ကြသည်။ မြေအင်မော်တယ်ကို ယွမ်ရှောင် သတ်နိုင်ခြင်းမှာ အခြေအနေတစ်ခုကြောင့် ဖြစ်ကြောင်း နားလည်ထားသဖြင့် ယခုတိုက်ပွဲ အောင်နိုင်မည်ကို ရာနှုန်းပြည့် မသေချာပေ။

အမေ့ခံနတ်ဆိုးပင်လယ်တွင် ယင်နယ်ပယ်အထက် ကျင့်ကြံသူ သုံးထောင်ကျော် ပိုင်ဆိုင်ထားသော်လည်း ကမာနတ်ဆိုးများသည် ပုံရိပ်ယောင်စွမ်းအားသာ ကြီးမား၍ အနီးကပ် တိုက်ခိုက်ရေး ညံ့ဖျင်းသည်။ အများစုမှာ ယင်နယ်ပယ်များဖြစ်၍ ယွီချန်နှင့် ရှန်ချန်းကဲ့သို့ ယန်နယ်ပယ် ကျင့်ကြံသူများ ရှားပါးကာ ယွမ်ရှောင်သည်လည်း ခန့်မှန်းမရသော ကိန်းရှင်တစ်ခု ဖြစ်၍ ပူးပေါင်းလိုခြင်းပင်။ လူသားကျင့်ကြံသူများသည် ဤမဟာမိတ်အကြောင်း အသေးစိတ်နားလည်ထား၍ သူတို့၏ အခန်းဏ္ဍမှာ တိုက်ပွဲကို ဦးဆောင်ရန် ဖြစ်သည်။ အကြည့်ချင်းဖလှယ်၍ ရဲရင့်စွာ ချီတက်လာကြပြီး တိုက်ပွဲဝင်ရန် နောက်မတွန့်သောကြောင့် ယွမ်ရှောင်အပေါ် ယုံကြည်မှုကို သိနိုင်၏။

"လန်ရီ နေခဲ့"

ယွီချန်က တပည့်ဖြစ်သူကို ရုတ်တရက် တားမြစ်လိုက်သည်။

"ဘာလို့လဲ ဆရာ။ တပည့်က ယန်နယ်ပယ် ရောက်နေပြီလေ"

"တစ်ယောက်ယောက်ကတော့ စီရင်သူကို စောင့်ဆိုင်းရမယ်။ မထင်ထားတာတွေ ဖြစ်လာရင် လူသားမျိုးနွယ်အတွက် ကယ်တင်ရှင် နောက်တစ်ယောက် အသက်ရှင်ဖို့ လိုအပ်တယ်"

သူမက ကန့်ကွက်နေသော တစ်ဖက်လူ၏ နားသို့ ကပ်ကာ လေးလေးနက်နက် မှာကြားခဲ့၏။ ယွမ်ရှောင်ကိုယ်တိုင်လည်း နတ်ဆိုးနှင့် မိစ္ဆာစွမ်းအားများ ထုတ်သုံးရမည် ဖြစ်သောကြောင့် လန်ရီကို မမြင်စေလိုသောအခါ နေခဲ့ရန် တိုက်တွန်းလိုက်သည်။ ဘဝတွင် အရေးအပါဆုံး လူနှစ်ယောက်က တူညီစွာ အကြံပေးလာသဖြင့် သူမ အစိုးရိမ်ကြီးနေသော်လည်း ခေါင်းညိတ် သဘောတူလိုက်ရ၏။ ထို့နောက် ယွမ်ရှောင်သည် ဓားပျံစီးနင်း၍ ဦးဆောင်ထွက်ခွာသွားကာ သေခြင်းတရားကို မျက်တောင်မခတ်တမ်း ရင်ဆိုင်ရန် ဆုံးဖြတ်ထားသည့် ကာကွယ်သူများလည်း ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

မကြာမီ နားခိုရာဂိုဏ်းသည် မြင်ကွင်းအတွင်း ဝင်ရောက်လာပြီး အင်မော်တယ်သုံးပါး၏ အစီအရင် ကျောက်တိုင်များမှာ နီအန်လက်ချက်ဖြင့် ပျက်စီးနေပြီးသားပင်။ ပုံရိပ်ယောင်ချီများက ၎င်းကို အဆုံးမရှိ လွှမ်းခြုံထားပြီး အတွင်းမှ တလက်လက် တောက်ပနေသည်။

"နင့်နောက်လိုက်တွေ ဘယ်မှာလဲ"

ကျောင်းအုပ်ယွီက ချက်ချင်း မေးခွန်းထုတ်၏။

"ကောင်းကင်အင်မော်တယ်က ကြောက်စရာကောင်းတယ်။ သူ့ကို အနီးကပ် တိုက်ခိုက်မှသာ အင်အားကို လျှော့ချပစ်နိုင်တယ်။ စိတ်ချပါ။ ရန်သူ မသေခင် မင်းတို့ကို တိုက်ခိုက်ရင် ငါက ဉာဏ်နည်းပြီး ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်သွားမှာပေါ့"

ကမာဘုရင်က ရှင်းပြ၍ လေးလေးနက်နက် အာမခံသည်။

"သူ သေသွားရင်ရော ဘာဆက်ဖြစ်မှာလဲ"

"ဒါကတော့ ဝမ်းသာရမယ့် အချိန်ရောက်ပြီ။ ဒါပေမယ့် နှစ်ဖက်လုံး တိုက်ပွဲပန်းနေမှာပါ။ အချိန်ကျရင် ငါတို့အချင်းချင်း တိုက်ခိုက်ဖို့ အခွင့်အရေးအများကြီး ရှိပါတယ်။ လူသားအင်မော်တယ် မသေသေးသရွေ့ မဟာမိတ်အချင်းချင်း အထင်မမှားစေချင်ဘူး"

ကမာဘုရင် ဆိုလိုသော အချက်က ရှင်းလင်းပြီး ကောင်းကင်အင်မော်တယ် သေဆုံးသွားလျှင် တစ်ယောက်တည်း ကျန်ရစ်သည့် လူသားအင်မော်တယ်ကိုပါ ရှင်းပစ်လိုသည်။ ထို့နောက် သူက အားလုံးကို လိုက်လာရန် လက်အမူအရာဖြင့် အချက်ပြကာ နားခိုရာဂိုဏ်းအတွင်း ဦးဆောင်ဝင်ရောက်သွား၏။ ပုံရိပ်ယောင်ချီများက သူတို့ကို သက်ရောက်မှု မရှိဘဲ ခန်းမများထံ ထိုးဖောက်ဝင်ရောက်ကာ ကမာနတ်ဆိုး သုံးထောင် သဲသောင်ပြင်အတွင်း စိုက်ဝင်နေသည့် ပတ်ဝန်းကျင်သို့ ရောက်ရှိလာကြသည်။

"ကောင်းကင်အင်မော်တယ်"

ထိုကမာကောင်များ၏ အလယ်တွင် အဝတ်အစား ဖရိုဖရဲနှင့် တစ်ကိုယ်လုံး တုန်ယင်နေသော အဘိုးအို တစ်ယောက် ရှိနေကာ မျက်ကွင်းများ ချောင်ကျ၍ ဖြူဖပ်ဖြူရော် အသားအရေနှင့် ပိန်ချုံးနေသော ခန္ဓာကိုယ်က အားနည်းကြောင်း ပေါ်လွင်သည်။

"ပုံရိပ်ယောင်က သူ့ကို တကယ်ဒုက္ခပေးထားပုံရတယ်"

ရှန်ချန်းက အသေအချာ စူးစမ်း၍ မှတ်ချက်ပေး၏။

"သုံးရက်တိုင်တိုင် ပုံရိပ်ယောင်နဲ့ တိုက်ခိုက်ထားလို့ သူ့ခွန်အားက သုံးပုံတစ်ပုံသာ ကျန်ရစ်တယ်။.နောက်ဆုံးတိုက်ခိုက်မှုအတွက် မင်းတို့ ကူညီရင် အောင်ပွဲက သေချာသလောက်ပဲ"

ကမာဘုရင်က ရှင်းပြနေစဥ် ရှေးဟောင်းအပျက်အစီးနယ်မြေကို ဦးနှောက်ဆေး၍ အုပ်ချုပ်မင်းမူခဲ့သော ကောင်းကင်အင်မော်တယ်အပေါ် လူသားကာကွယ်သူများ၏ မျက်လုံးများ မီးဝင်းဝင်းတောက်ကာ လက်စားချေလိုစိတ် ပြင်းပြင်းပြပြ တောက်လောင်ပြီး လက်နက်ပေါင်းစုံ အသင့်ပြင်ထားကြသည်။

"အစီအစဥ်က ဘယ်လိုလဲ"

"ကမာနတ်ဆိုး နှစ်ထောင်က ပုံရိပ်ယောင်နဲ့ ဆက်လက် တိုက်ခိုက်မယ်။.ကျန်တဲ့သူ အားလုံးက သေရမယ် ဟား ဟား"

ထိုအချိန်တွင် ကမာဘုရင်၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာကာ လှောင်ပြောင် ရယ်မောလိုက်သည်။ စကားအဆုံးတွင် ကမာနတ်ဆိုးနှစ်ထောင်သည် ရုတ်တရက် နိုးထလာ၍ လူသားများအပေါ် ပုံရိပ်ယောင်စွမ်းအား အသုံးချလိုက်သည်။ ကမာနတ်ဆိုး တစ်ထောင်၏ အခွံများက ဓားသွားပမာ တဝီဝီ လည်ပတ်၍ ပြင်းထန်စွာ ပြေးဝင်လာသောအခါ ရုတ်တရက် သစ္စာဖောက်မှုကြောင့် အားလုံး မင်သက်ကုန်သည်။

"မင်းတို့ ရူးသွားတာလား"

ယွမ်ရှောင်၏ မျက်ဝန်းများ စူးရှလာကာ အကြည့်တို့ ပြင်းထန်နေ၏။

"ငါက ကမာနတ်ဆိုးတွေနဲ့ ကမ္ဘာပေါင်းများစွာကို အုပ်ချုပ်မယ်။ မင်းတို့လို လမ်းဘေး အမှိုက်သရိုက်တွေက ကောင်းကင်ကို ဒေါသထွက်စေရုံပဲ။ မင်းတို့အကုန်လုံးကို ဖျက်ဆီးဖို့ ငါတို့ ပူးပေါင်းတာ သဘာဝ ကျတယ်။ ငါ့ညီကို သတ်ခဲ့တာ မင်းလား။ ဘယ်မှာ လိုက်ရှာရမလဲလို့ စိုးရိမ်နေခဲ့တာကွ။ အခုတော့ မင်းကိုယ်တိုင် ငရဲတံခါးထဲကို ဝင်လာပြီ"

အားနည်းဟန်ဆောင်ထားသော ကောင်းကင်အင်မော်တယ်က ချက်ချင်း ထရပ်လာကာ ရက်စက်ကြမ်းကြုတ်စွာ ကြုံးဝါးနေသည်။

"မင်းတို့က နားခိုရာဂိုဏ်းကို လိုချင်နေတာ မဟုတ်ဘူးလား"

ယွမ်ရှောင်ကမူ သူ့ကို လှည့်စားသွားသော ကမာဘုရင်ကို နားမလည်နိုင်စွာ မေးခွန်းထုတ်ပြန်သည်။

"နားခိုရာဂိုဏ်းက အင်မော်တယ်သုံးပါးနဲ့ ပူးပေါင်းတာလောက် အရေးမကြီးဘူး"

ထိုအချိန်တွင် ကမာနတ်ဆိုးများက လူသားကျင့်ကြံသူများကို ပိတ်ဆို့ထားပြီး ပုံရိပ်ယောင်ဖြင့် လွတ်လမ်းမှန်သမျှ တားဆီးခဲ့သည်။

"တစ်ခုခု မှားနေပြီ။ အရင်က မင်းတို့တွေ ဒီအဘိုးကြီးကို မကြောက်ပါဘူး။ အခုတော့ ဖင်ပြေးလျက်နေတယ်။ ကြည့်ရတာ သူ့မှာ မင်းတို့ ကြောက်ရလောက်တဲ့ အင်အားကြီး နောက်ခံ ရှိနေပုံပဲ"

သူ၏ အကြည့်စူးစူးက ကမာဘုရင်ထံ ကျရောက်သွားသောအခါ လူမိသွားသော်လည်း နှာခေါင်းရှုံ့၍ လှောင်ပြောင်နေဆဲပင်။

"သေရမယ့် လူတစ်ယောက်က ဘာတွေ ခန့်မှန်းနေတာလဲ"

"ငါ ပြောတာ မှန်နေပြီပေါ့။ အယောက်သုံးထောင်လုံးဆိုတော့ ဒီအဘိုးကြီး တော်တော် အားနည်းနေတာ အံ့သြစရာ မရှိဘူး"

ကောင်းကင်အင်မော်တယ်၏ ဒူးများက အမှန်တကယ် တုန်ရီနေခြင်းဖြစ်ကာ ဟန်ဆောင်ထားသည့် ပုံစံ လုံးဝ မဟုတ်သောကြောင့် ယွမ်ရှောင်အနေဖြင့် အမှန်တရားကို နားလည်သွားသောအခါ ကမာနတ်ဆိုးများ ဂနာမငြိမ် ဖြစ်လာ၏။

"သူက ထူးဆန်းတယ်။ ငါ့ညီအတွက် လက်စားချေမယ်။ ကျန်တာကို မင်းတာဝန်ယူလိုက်"

ကောင်းကင်အင်မော်တယ်၏ အမိန့်ကို ကမာဘုရင်က ဒူးထောက်၍ နာခံနေသောကြောင့် ကြောက်လန့်နေကြောင်း ပိုမို သိသာသည်။ အိပ်မက်ပင်လယ် ကမာနတ်ဆိုး သုံးထောင်နှင့် လူသားကျင့်ကြံသူ နှစ်ရာ၊ ယွမ်ရှောင် ပါဝင်လျှင်ပင် လူသားများအတွက် ယှဥ်ပြိုင်နိုင်ချေ လုံးဝ မရှိချေ။ သစ္စာဖောက်မှုကြောင့် အခြေအနေက အဆိုးဘက် ရုတ်တရက် ရောက်သွားသောအခါ လူသား သဘာဝအရ အားကိုးရာ ရှာတတ်ကြသည်မှာ ဓမ္မတာပင်။

"ယွမ်ရှောင်"

ရှေးဟောင်းကျောင်းတော်၏ ကျောင်းအုပ်ယွီချန်၊ သိုင်းဧကရာဇ်မျိုးဆက် ရှန်ချန်းနှင့် လူသား ကာကွယ်သူများသည် ယွမ်ရှောင်ထံ အလိုအလျောက် ကြည့်လိုက်မိလေသည်။

All Chapters