← Chapters

ကျောင်းခန်းမ

Vol. 17 Ch. 188

ကျောင်းခန်းမ

Vol. 17 Ch. 188

“ ပထမဆုံးက စိုက်ခင်းတွေက ထွက်မယ့် ထွက်ကုန်ပဲ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ငါ့မှာ ဂျုံ ၊ မုယောစပါးနဲ့ စပါးကို အများကြီး အထွက်နှုန်းတိုးအောင် လုပ်နိုင်မယ့် နည်းလမ်းအသစ်တွေ ရှိတယ်။ အိမ်မှာလည်း ကန်စွန်းဥ ဧက ( ၂၀၀၀ ) ၊ ( ၃၀၀၀ ) ရှိတယ် ၊ အနည်းဆုံး ကတ်တီ ( ၅၀၀၀၀၀ ) ၊ ( ၆၀၀၀၀၀ ) တော့ ထွက်လာမှာပဲ။ နောက်နွေဦးမှာ ကန်စွန်းဥအပင်ပေါက်တွေ အကုန်လုံးကို စိုက်ပျိုးပြီးသွားရင် ဧက ( ၁၀၀၀၀၀ ) ကျော် စိုက်ပျိုးနိုင်လိမ့်မယ်။ နောက်နှစ် ဆောင်းဦးမှာ ဘယ်လောက် ရိတ်သိမ်းနိုင်မယ်လို့ ထင်လဲ။ ”

“ ကောက်ပဲသီးနှံတွေ အထွက်နှုန်းတိုးလာရင် ကြက်ခြံ ၊ နွားခြံ ၊ ဝက်ခြံတွေ ဆောက်လို့ ရတယ် ၊ ဝိုင်လည်း ချက်လို့ ရတယ်။ ဒါတွေ အကုန်လုံးကို ပိုက်ဆံနဲ့ ရောင်းလို့ ရတယ်။ ”

“ လက်ဖက်ပင်တွေကိုလည်း ကြီးထွားအောင် စိုက်လို့ ရတယ် ၊ ဒါမှမဟုတ် ပိုးစာပင်တွေ စိုက်ပြီး ချည်မျှင်ထုတ်လို့လည်း ရတယ်။ မိန်း‌ကလေးတွေကို အဝတ်အထည်တွေ ရအောင် ရက်ကန်းရက်တတ်ဖို့ ၊ ပန်းထိုးတတ်ဖို့ သင်ပေးလို့ ရတာ်။ အုပ်ချု့်ရေးမှူးလီရဲ့ ချည်ပန်းထိုးအတတ်က တာ့လင်တိုင်းပြည်မှာ အရမ်း နာမည်ကြီးတယ်။ ”

“ အတိုချုံ့ ပြောရရင်တော့ ပိုက်ဆံရှာလို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ” ဟု လီယောင်က နောက်ဆုံးတော့ ပြောလိုက်သည်။ “ လိုအပ်တဲ့ တစ်ခုတည်းသော အရာက ထုတ်လုပ်ထားတဲ့ ဘယ်ပစ္စည်းကို အချိန်နဲ့ လိုက်ပြီး ရောင်းချရမလဲ ဆိုတာပဲ။ ဒါ့ကြောင့် လောလောဆယ်တော့ လမ်းတွေကို ပြုပြင်တာကို အရေးကြီးဆုံးကိစ္စလို့ နင် ထင်လား။ ”

လျို့ယွင်ရဲ့ မျက်လုံးတွေက ထိုစကားကို ကြားချိန်မှာ ပိုလို့တောင် တောင်ပသွားသည်။ အရင်တုန်းက ဆရာတွေနှင့် လက်ရှိဝန်ကြီးချုပ်က တိုင်းပြည်ကို အုပ်ချုပ်မှုနှင့် ပတ်သက်လို့ အများကြီး ပြောတာ သူ ကြားဖူးသော်လည်း ထိုအရာတွေ အကုန်လုံးက စိတ်ကူးယဉ်ဆန်လွန်းသည်ဟု ခံစားရသည်။

လေထဲက ရဲတိုက်အခွံကြီးလိုမျိုး ပြောသွားတဲ့ မိန့်ခွန်းအရှည်ကြီးက ကျိုးကြောင်း‌ဆီလျော်မှုရှိတယ်လို့ ထင်ရသော်လည်း သေချာ စဉ်းစားကြည့်လိုက်တော့ ဘယ်ဟာကမှ လက်တွေ့မကျပါ။

ဒါပေမဲ့ အဒေါ်လီ ဒီနေ့ ပြောသွားတာတွေကတော့ အလွန် လက်တွေ့ကျသော နည်းလမ်းတွေ ဖြစ်ကာ ဟိုစကားလုံးအမြင့်ကြီးတွေနှင့် ယှဉ်လိုက်လျှင် အဆပေါင်းများစွာ ပိုအသုံးဝင်သည်။

“ တစ်ခု ရှိတာက … ” လျို့ယွင်က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။ “ တကယ်ပဲ အဲ့လို ဆိုရင် ပြည်သူတွေအကုန်လုံးက စီးပွားရေးသမားလုပ်ပြီး ပိုက်ဆံရှာချင်နေမှာ မဟုတ်ဘူးလား။ ”

“ အဲ့ဒါက ဘာမှားနေလို့လဲ။ ”

“ အဲ့ဒါက ကောင်းတာလား ၊ ဆိုးတာလားတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ဟိုးရှေးခေတ်ကတည်းက ကုန်သွယ်ရောင်းဝယ်ရေးထက် စိုက်ပျိုးမွေးမြူရေးကို ပိုအလေးပေးခဲ့တာလေ။ လူတိုင်းက စီးပွားရေးလုပ်ချင်နေရင် ဘယ်သူက လယ်စိုက်မှာလဲ။ ဘယ်သူမှ လယ်မစိုက်ရင် ကောက်ပဲသီးနှံတွေ ၊ ကြက်ဥတွေနဲ့ တခြား ခြံမွေးတိရစ္ဆာန်တွေကို ဘယ်က ရမှာလဲ။

ဒီအတိုင်းအတာထိ တွေးနိုင်ခြင်းက လျို့ယွင်ဟာ သတိလက်လွတ်မနေတတ်ကြောင်း ဖော်ပြနေသည်။ အနည်းဆုံးတော့ သူ အခြေခံ သဘောတရားတွေကို နားလည်ပါသည်။

“ ဒါဆို ငါ နင့်ကို နောက်ထပ် အကြံတစ်ခု ထပ်ပေးမယ်။ ကုန်သည်တွေကို လှောင်အိမ်ထဲ ထည့်ထားလိုက်။ ”

လျို့ယွင် : ???

“ ပကတိ ဖြူစင်သန့်ရှင်းနဲ့ ကုန်သွယ်ရောင်းဝယ်မှု ဆိုတာ မရှိဘူး။ ဒါပေမဲ့ တာ့လင်တိုင်းပြည် ချမ်းသာကြွယ်ဝပြီး အာဏာရဖို့အတွက် ကုန်သည်တွေက အစားထိုးမရတဲ့ နေရာကနေ ပါဝင်နေတယ်။ အဲ့ဒါကြောင့် နင် လုပ်ရမှာက ကုန်သည်တွေကို အနီးကပ် ကြီးကြပ်ပေးဖို့ပဲ။ ပိုက်ဆံရှာတာ ကောင်းပေမဲ့ တခြားလူတွေ ပိုက်ဆံမရှာနိုင်တဲ့ အချိန်မှာ နင်တစ်ယောက်တည်းကပဲ သိမ်းကြုံးရှာနေလို့ မရဘူးလေ။ တာ့လင်တိုင်းပြည်ရဲ့ အုတ်မြစ်ကို ကိုင်လှုပ်နိုင်မယ့် အရာရှိတွေနဲ့ ကုန်သည်တွေကြားမှာ ပဋိပက္ခတွေ လုံးဝ အဖြစ်ခံလို့ မရဘူး။ ဒီကိစ္စနောက်ကွယ်မှာ ရှိတဲ့ နည်းစနစ်တွေ ၊ အကြောင်းအရင်းတွေကို အချိန်ခဏလေးအတွင်း ရှင်းပြလို့ မရဘူး။ နင် အနာဂတ်မှာ ဒီပြဿနာကို ရင်ဆိုင်ရရင် ငါ့ကို လာမေးလို့ ရတယ်။ ”

“ အဒေါ် ပြောတဲ့ စကားတွေကို နားထောင်ရတာက ဆယ်နှစ်ကျော် စာအုပ်ဖတ်ထားတာထက်တောင် ပိုအသုံးဝင်သေးတယ်။ ” ဟု လျို့ယွင်က ပြောလိုက်သည်။ “ အဒေါ့်ရဲ့ အရည်အချင်းနဲ့ ဆိုရင် ကျွန်တော်တို့မင်းဆက်ရဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးလုပ်ဖို့တောင် အရည်အသွေးပြည့်မီတယ်။ မဟုတ်ဘူး မဟုတ်ဘူး ၊ အဒေါ်က ဝန်ကြီးချုပ်တောင် လုပ်လို့ ရတယ်။ ”

“ အဲ့ဒါတွေကို ထားလိုက်စမ်းပါ။ ငါက ရွာထဲမှာ ကြက်တွေ ၊ ဘဲတွေ မွေးလိုက် ၊ ငါးဖမ်းလိုက်နဲ့ ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းနေတဲ့ အငြိမ်းစားယူထားတဲ့ လူတစ်ယောက်ပဲ။ ”

လီ‌ယောင်က ပြောရင်း ငါးမျှားတံကို ဆတ်ခနဲ မြှောက်လိုက်လျှင် ရေထဲကနေ နောက်ထပ် ငါးကြင်းလေးတစ်ကောင် ပါလာခဲ့ပြန်သည်။

“ ဒါပေမဲ့ ငါ့အရည်အချင်းတွေက အဲ့လောက် မကောင်းဘူး။ ငါ ဒီနေ့ ငါးအကြီးကြီးတောင် မဖမ်းမိလို့ နင် ငါးဟင်း မစားရလောက်တော့ဘူး။ ”

လျို့ယွင်က ရယ်ရယ်မောမော ပြောသည်။ “ ကိစ္စမရှိပါဘူး။ ကျွန်တော် ပြီးရင် ပိုင်စုန့်ကို ကျိုင်းကောင်တွေ သွားဖမ်းခိုင်းလိုက်မယ်လေ။ ကျွန်တော်တို့သီးနှံတွေကို ရာရာစစ စားရဲတဲ့ သူတို့အသားကို ကျွန်တော်လည်း စားမယ်။ ”

…

ထိုညမှာပဲ လျို့ယွင်သည် ဆန္ဒပြည့်ဝပြီး ကျိုင်းကောင်ကြော်ကို စားခွင့်ရခဲ့လေသည်။

“ ဒီပိုးကောင်လေးတွေကို ဒီလောက် အရသာရှိလိမ့်မယ်လို့ ကျွန်တော် ထင်မထားဘူး။ ”

“ ယိကျိုးမင်းသားလည်း ကျိုင်းကောင်ကြော် ကြိုက်တာလား။ ” ဟု ဝမ်အာက မေးသောကြောင့် လျို့ယွင်က “ ငါတို့ချည်းပဲ ရှိတဲ့အချိန်မှာတော့ ငါ့ကို အဲ့လို မခေါ်ပါနဲ့။ ” ဟု ပြန်ပြောလိုက်သည်။

“ ဒါဆို ကျွန်တော်က ဘယ်လို ခေါ်ရမှာလဲ။ ”

လျို့ယွင် စဉ်းစားကြည့်လိုက်သည်။ အရင်တုန်းက လူတိုင်းက သူ့ကို နဝမမြောက် မင်းသားလို့သာ ခေါ်တာ ဖြစ်ပြီး ရွာထဲက အမျိုးသမီးကြီးတွေကအစ သူ့ကို ထိုအတိုင်း ခေါ်သည်။ ဒါပေမဲ့ အခု သူက မင်းသားတစ်ပါး ဖြစ်သွားပြီမို့ နဝ‌မမြောက် မင်းသား ဆိုတဲ့ အခေါ်အဝေါ်က သင့်တော်ပုံမရတော့ပါ။ လူတိုင်းအား သူ့ကို နာမည်ရင်းအတိုင်း ခေါ်ခိုင်းဖို့ကလည်း သူတို့ ခေါ်ရဲမှာ မဟုတ်။

လျို့ယွင်က အတွေးတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ “ ငါတို့ တစ်ယောက်ကို တစ်ယောက် ညီအစ်ကိုအဖြစ် ရည်ညွှန်းခေါ်ဝေါ်မယ် ဆိုရင်ရော ဘယ်လိုလဲ။ မင်းက ငါ့ကို အစ်ကိုလျို့လို့ ခေါ်။ ငါက မင်းကို ညီလေးဝမ်လို့ ခေါ်မယ်။ ”

“ အဟမ်း အဟမ်း။ ” လီယောင်က ထိုစကားကို ကြားသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။ “ အရမ်းကြီး ပေါ့တီးပေါ့ပျက် မလုပ်ကြရအောင်။ ”

“ ကိစ္စမရှိပါဘူး အဒေါ်လီ။ ကျွန်တော့်ရဲ့ မင်းသားဘွဲ့ကသာ ဟန့်တားမထားရင် အဒေါ့်ကို ကျွန်တော့်ရဲ့ ဒုတိယအမေလို့တောင် သတ်မှတ်မလို့။ ကျွန်တော်နဲ့ ညီလေးဝမ်နဲ့ တစ်ယောက်ကို တစ်ယောက် ညီအစ်ကိုတွေလို ခေါ်တာ ဘာဖြစ်လို့လဲ။ ”

ဒီခေတ်မှာ ဒုတိယအမေအဖြစ် သတ်မှတ်တာက လီယောင့်ရဲ့ အရင်ဘဝတုန်းကလို မရိုးရှင်းပါ။ ထိုသို့ သတ်မှတ်လိုက်သည်နှင့် တကယ့် မိခင်အရာကို ရောက်သွားမှာ ဖြစ်သည်။

“ ဒါဆိုလည်း မင်းသဘောပဲ။ ”

လီယောင် သဘောတူလိုက်တာကို မြင်တော့ လျို့ယွင်ရဲ့ နှလုံးသားထဲမှာ အလွန် ပျော်ရွှင်သွားသည်။ သူက အသက်ငယ်ပေမဲ့ ဒါကိုတော့ သေချာ နားလည်သည်။

သူနှင့် အဒေါ်လီကြားမှာ စီးပွားရေးအရ လက်တွဲ‌ပူးပေါင်းခြင်းသာ ရှိလျှင် သူတို့ကြားက နှောင်ကြိုးကို မြဲမြံစွာ ချည်နှောင်နိုင်ဖို့ မလုံလောက်ပါ။ ဒါ့ကြောင့် ဒုတိယအမေအဖြစ် သတ်မှတ်တာမျိုး ၊ လက်ထပ်ပြီး မိသားစုနှစ်စု ပူးပေါင်းတာလိုမျိုး တခြားကိစ္စတွေ ထပ်ရှိဖို့ လိုအပ်သည်။

ဒုတိယအမေအဖြစ် သတ်မှတ်တာကတော့ အဆင်မပြေ။ ခမည်းတော်က ခေါင်းညိတ်သဘောတူလျှင်တောင် ရုံးတော်ထဲက အစိုးရအရာရှိတွေ ၊ စစ်တပ်အရာရှိတွေက တညီတညွှတ် ဒူးထောက်ကန့်ကွက်ကြလိမ့်မည်။ အဲ့ဒါက အရမ်း ကြည့်ရဆိုးလိမ့်မည်။

ဒါပေမဲ့ လက်ထပ်ပြီး မိသားစုနှစ်စုကို ပူးပေါင်းတာကတော့ … သူ ကြိုးစားကြည့်သင့်သည်ဟု ထင်သည်။

လျို့ယွင်က “ ညီလေးဝမ် ယိကျိုးစီရင်စုကို ဘယ်အချိန် သွားမှာလဲ။ ” ဟု မေးလိုက်တော့ အဲ့ဒါကို သူ့ဘာသာ မဆုံးဖြတ်နိုင်တဲ့ ဝမ်အာက လီယောင့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

လီယောင်က တွက်ချက်ကြည့်လိုက်တော့ စီရင်စုစာမေးပွဲဖြေရဖို့ ဆယ်ရက်လိုသေးပေမဲ့ ယိကျိုးစီရင်စုကို ဘယ်သူမှ မရောက်ဖူးတာမို့ အားလုံးကို အသိအမြင်ကျယ်စေဖို့အတွက် လည်ပတ်ရအောင် ခေါ်သွားပေးချင်မိသည်။

“ မနက်ဖြန်က စပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်မယ်။ သဘက်ခါ ထွက်မယ်။ ”

“ ကောင်းတယ်။ ကျွန်တော် မနက်ဖြန်ကျရင် ပြန်သွားပြီး အဒေါ်တို့အားလုံးကို ယိကျိုးခရိုင်မှာ စောင့်နေမယ်။ ကျွန်တော် အိမ်ရှင်ဝတ္တရားကျေပွန်အောင် ဧည့်ခံပါ့မယ်။ ”

“ အစ်ကိုလျို့ကို ကြိုပြီး ကျေးဇူးတင်ပါတယ်။ ”

“ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်မနေပါနဲ့။ ငါ မင်းသားဖြစ်သွားတော့ ခမည်းတော် မဆင့်ခေါ်ဘဲနဲ့ နေပြည်တော်ကို ပြန်လို့ မရတာ နှမြောစရာကောင်းတယ်။ မဟုတ်ရင် မင်းရဲ့ စာမေးပွဲပြီးတာနဲ့ ငါ မင်းတို့အားလုံးကို နေပြည်တော်ကို ခေါ်သွားပြီး ပျော်ခိုင်းမှာ။ ”

နေပြည်တော်တဲ့လား … ။

နေပြည်တော်အကြောင်းကို ဝမ်အာ အသက်ငယ်ငယ်လေးကတည်းက မရေမတွက်နိုင်အောင် ကြားဖူးပါသည်။ နေပြည်တော်မှာ ဧကရာဇ် နေထိုင်ပြီး ကောင်းကင်အောက်မှာ ချမ်းသာကြွယ်ဝဆုံး ၊ မင်္ဂလာအရှိဆုံး နေရာ ဖြစ်သည်ဟု ဆိုကြသည်။ ဧကရာဇ်နန်းတော်ထဲမှာဆို နေရာတိုင်းကို ရွှေချထားပြီး လမ်းမတွေ ၊ နောက်ဖေးလမ်းကြားတွေကိုတောင် စကျင်ကျောက်နှင့် ထွင်းထုတည်ဆောက်ထားသည်တဲ့။

သူလည်း နေပြည်တော်ကို အနှေးနှင့်အမြန် သွားရပါတော့မည်။

…

နောက်တစ်နေ့မှာတော့ တစ်မိသားစုလုံး အလုပ်ရှုပ်နေကြသည်။ လီယောင်က မနေ့တစ်နေ့ကမှ တစ်လပြည့်ထားတဲ့ ယန်ရန်လေးနှင့် မီးတွင်းထဲက လောလောလတ်လတ် ထွက်ထားတဲ့ ဟဲရှောင်ယာအပါအဝင် လူတိုင်းကို ယိကျိုးစီရင်စုကို ခေါ်သွားဖို့ တွေးထားသည်။

တာ့ကျွမ်းကတော့ အိမ်မှာ ကျန်ခဲ့တဲ့ လယ်မြေတွေနှင့် ကြက်တွေ ၊ ဘဲတွေ ၊ ငန်းတွေ ၊ ဝက်တွေ ၊ နွားတွေ ၊ သိုးတွေကို စိတ်ပူနေတာကြောင့် မသွားချင်ပေ။

“ လိုက်သွားလိုက်စမ်းပါ တာ့ကျွမ်းရယ်။ ” ဟု ဝမ်ရွှယ်ရှစ်က ပြောလိငက်သည်။ “ အိမ်မှာ ကျန်ခဲ့တဲ့ ကိစ္စတွေကို စိုးရိမ်မနေနဲ့။ အမေ နင့်အဖေကို အရာအားလုံးကို သေချာ ‌ကြည့်ခိုင်းထားလိုက်မယ်။ ကြက်တစ်ကောင်တောင် မပျောက်စေရဘူး ၊ ကန်စွန်းဥတစ်လုံးတောင် မပျောက်စေရဘူးလို့ အာမခံတယ်။ ”

“ ဒါဆိုလည်း အမေ အလုပ်ရှုပ်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

ဝမ်ရွှယ်ရှစ်က တဟားဟား အော်ရယ်သည်။ “ ငါ အလုပ်ရှုပ်မှာမှ မဟုတ်တာ။ နင့်အဖေ အလုပ်ရှုပ်မှာဟဲ့။ ”

ဝမ်ကျားကွေ့ : …

မိသားစု ဆင်းရဲနေချိန်ကတည်းက မိသားစုထဲမှာ အရှိန်အဝါ သိပ်မရှိသော ဝမ်မိသားစုအမျိုးသားများသည် မိသားစုက အဆင်ပြေ ချောင်လည်လာပြီး နေ့ရက်ကောင်းတွေမှာ နေထိုင်လာရသောအခါ ပိုလို့တောင် အရှိန်အဝါ လျော့ကျသွားပုံပေါ်သည်။

“ ကျွန်တော်တို့ ယိကျိုးစီရင်စုက ပြန်လာရင် အဖေနဲ့ အနေအတွက် အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ဝယ်လာခဲ့မယ်။ ” ဝမ်ရှောင်စစ်လေးက တစ်ချက် စဉ်းစားပြီးမှ ဆက်ပြောသည်။ “ ပြီးတော့ အမေ့အတွက် ပန်းဦးထုပ်လည်း ဝယ်လာခဲ့မယ်။ ”

“ ဟားဟား … ငါက အဘွားကြီးဖြစ်နေပြီကို ပန်းဦးထုပ်က ဘာလုပ်ရမှာလဲ။ ”

ဘယ်လိုပဲဖြစ်ဖြစ် အမေက အိမ်မှာ ကျန်ခဲ့တဲ့ အလုပ်တွေကို ဂရုစိုက်ပေးမည် ဆိုသောကြောင့် တာ့ကျွမ်းတစ်ယောက် စိတ်အေးသွားပြီး သူ့ဇနီးနှင့် သမီးဖြစ်သူ ယန်ရန်လေးနှင့်အတူ ယိကျိုးခရိုင်ကို မိသားစုစုံညီ သွားဖို့ ဆုံးဖြတ်လိုက်လေသည်။

“ ရှောင်ယာ … မင်း လမ်းမှာ မင်းမိဘတွေနဲ့ ဝင်တွေ့ချင်သေးလား။ ”

သူမရဲ့ မိသားစုအကြောင်း ပြောလိုက်ခြင်းက ဟဲရှောင်ယာရဲ့ စိတ်ခံစားချက်ကို လျော့ကျသွားစေခဲ့သည်။ သူတို့ ယန်ရန်လေးရဲ့ တစ်လပြည့် မွေးနေ့ပွဲကို ကျင်းပတုန်းက သူမရဲ့ မိသားစုဘက်က တစ်ယောက်မှ ရောက်မလာသလို လူကြုံနှင့် ဆုမွန်ကောင်းတွေတောင် မပေးလိုက်ပါ။

“ ကျွန်မ သူတို့နဲ့ မတွေ့ချင်ဘူး။ ”

“ ဟုတ်ပြီ။ မင်းသဘောပဲ။ ”

တစ်မိသားစုလုံးဟာ အထုပ်ကြီး ၊ အထုပ်ငယ်တွေကို ထုပ်ပိုးသိမ်းဆည်းနေခဲ့ကြသည်။

သို့သော်လည်း အလုပ်အရှုပ်ဆုံးကတော့ တုရှောင်ဟွေ့ပဲ ဖြစ်သည်။ သူမလည်း ဒီတစ်ခေါက် ယိကျိုးစီရင်စုကို အတူ လိုက်သွားရပါမည်။ ပထမ အကြောင်းအရင်းက ဝမ်အာ့ကို အဖော်ပြုပေးဖို့ ဖြစ်ပြီး ဒုတိယ အကြောင်းအရင်းကတော့ သူမမှာ ကိုင်တွယ်ဖြေရှင်းရမယ့် ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေတာကြောင့်ပဲ ဖြစ်သည်။

ဒီအတောအတွင်း ကျောင်းတွေရဲ့ လည်ပတ်ပုံကို အပြည့်အဝ နားလည်သွားပြီ ဖြစ်၍ ယိကျိုးစီရင်စုမှာ ကျောင်းလေးတစ်ကျောင်းကို စတင်တည်ထောင်ဖို့ သူမ ဆုံးဖြတ်ထားပါသည်။

All Chapters