ဖောက်သည်တွေရဲ့ ဝယ်ချင်စိတ်ကို မြှင့်တင်ပေးချင်တယ်
Vol. 14 Ch. 161
မမျှော်လင့်ဘဲ မော့ကျိုးယွီသည် အစိုးရအရာရှိများ၏ အိမ်ငှားခကိုပင် ပေးဆောင်ဖို့ အစပြုလာခဲ့သည်။
ဒါက ဖမ်းဝမ်အား အလွန်စိတ်သက်သာရာရသွားစေခဲ့သည်။
ဖမ်းဝမ်သည် ဟယ်မိသားစု၏ နေရာအား တစ်ချက်ကြည့်လိုက်သည်။
သူတို့သည် ဘယ်လိုပြုမူနေထိုင်ရမည်ကို မသိကြပေ။ ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့ကို ကြည့်ပါဦး။ သူတို့တွေက အခြေအနေနှင့် အချိန်အခါကို စောစောစီးစီး သိမြင်နိုင်ပြီး မော့မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်အောင် ပြုလုပ်ထားရမည်ကို သိနေခဲ့သည်။
လမ်းတစ်လျှောက်တွင် မော့မိသားစု၏ အကူအညီဖြင့် မြို့တော်မှ ထွက်ခွာလာပြီးနောက် တစ်ပြားတစ်ချပ်မှ မပါလာကြသော်လည်း လမ်းခရီးတွင် ဒုက္ခမရောက်ခဲ့ကြပေ။
ဖမ်းဝမ် မြင်ရသည်မှာ အပေါ်ယံသာ ဖြစ်သည်။
ဟယ်ကျီယွမ်က သူတို့က အစတုန်းက ဘယ်လိုပဲ ဖော်လန်ဖားလုပ်ဖို့ ကြိုးစားခဲ့ပါစေ၊ သူက မော့မိသားစုနဲ့ ရင်းနှီးလာရင်တောင် မော့ကျိုးယွီက ထိုသူတွေကို ဂရုစိုက်မှာ မဟုတ်ဘူး။
မော့ကျိုးယွီသည် ဖမ်းဝမ်၏အကြည့်နောက်ကိုလိုက်ကြည့်ခဲ့ပြီး ဟယ်မိသားစုမှ လူများအား မည်သို့ စီစဉ်ပေးရမည်ကို သူစဉ်းစားနေမှန်းသိသည်။
ဒီကိစ္စနှင့် ပတ်သက်ပြီး မော့ကျိုးယွီက သူ့ထင်မြင်ချက်ကို ထုတ်ပြောဖို့ ရည်ရွယ်ချက် မရှိဘူး။
ဘာပဲဖြစ်ဖြစ် ဟယ်မိသားစု အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သူနဲ့ မသက်ဆိုင်ပါဘူး။
ဖမ်းဝမ်သည် မော့ကျိုးယွီက ရက်ရောသည်ဟု ခံစားမိသောကြောင့် မော့ကျိုးယွီရှေ့တွင် ဟယ်မိသားစုအား တမင်တကာ လှမ်းကြည့်ခဲ့သည်။ မော့ကျိုးယွီက ဟယ်မိသားစု၏ စရိတ်စကများကို ပေးဆောင်ဖို့ အစပြုလိမ့်မည်ဟု သူထင်မြင်ခဲ့သည်။
မော့ကျိုးယွီက စကားတစ်ခွန်းမှ မပြောဘဲ နေလိမ့်မည်ဟု ဘယ်သူထင်မိမှာလဲ။
ဟယ်မိသားစု အနောက်မြောက်ဘက်သို့ ရောက်သည့်အထိ အသက်ရှင်နိုင်မလားဆိုတာ သူတို့ ကံကောင်းသလားဆိုတဲ့အပေါ်မှာ မူတည်နေပုံရသည်။
သူတို့နှစ်ဦးသား သဘောတူညီမှု ရရှိခဲ့ပြီးနောက် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့၏ ထင်မြင်ယူဆချက်များကို မေးမြန်းရန် သွားခဲ့ကြသည်။
မိသားစုနှစ်စုသည်လည်း အလားတူ အစီအစဉ်များ ရှိနေကြသည်။ နောက်ဆုံးတော့ ဒီလို ရာသီဥတုမျိုးမှာ ညဘက်တွေက အရမ်းအေးပြီး ဒီကနေ ဘယ်အချိန်မှ ထွက်သွားနိုင်မယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ အိမ်ငှားခက အရမ်းမများသရွေ့တော့ သူတို့အားလုံး လက်ခံနိုင်မှာပါ။
ဖမ်းဝမ်နှင့် မော့ကျိုးယွီတို့သည် သင့်လျော်သော ခြံဝင်းတစ်ခုကို ရှာဖွေရန် မြို့ထဲသို့ အတူသွားခဲ့ကြသည်။
မြို့တွင်း ပိတ်ဆို့ထားမှုကြောင့် ခရီးသွားကုန်သည်အချို့ ထွက်ခွာခွင့် မရခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် ခေတ္တအခြေချနေထိုင်ရန် စောစောစီးစီး အိမ်များ ငှားရမ်းခဲ့ကြသည်။
ထို့ကြောင့် ဤနေရာတွင် အိမ်များ ငှားရမ်းဖို့ ခက်ခဲရုံသာမက ဈေးနှုန်းများလည်း မြင့်တက်လာသည်။
မော့ကျိုးယွီထံမှာ ငွေကြေးပြတ်လပ်မှုမရှိပါ။ ထို့အပြင် သူတို့အတွက် ခြံကျယ်လေလေ ပိုကောင်းလေလေ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အရမ်းကြီးလွန်းသောကြောင့် မငှားရသေးသော ခြံတစ်ခြံကို ရှာတွေ့ခဲ့သည်။
အိမ်ရှင်နှင့် ညှိုနှိုင်းပြီးနောက် သူတို့နှစ်ဦးသည် ခြံကြီးအား တစ်လလျှင် ငွေ ( ၁၅ ) လျန်းဖြင့် ငှားရမ်းခဲ့သည်။
ခြံတစ်ခြံကို တစ်လ ငှားရမ်းခ ( ၁၅ ) လျန်းဆိုတာ တကယ့်ကို သက်သာတဲ့ ဈေးနှုန်း မဟုတ်ပါဘူး။
သို့သော် မော့ကျိုးယွီနှင့် ဖမ်းဝမ်တို့နှစ်ဦးစလုံးသည် ဤကဲ့သို့သော အထူးကာလတွင် ခြံကျယ်ကြီးကို ငှားနိုင်သည်မှာ အလွန်ကောင်းမွန်နေပြီဖြစ်သည်ကို သူတို့စိတ်ထဲတွင် သိထားကြသည်။
မမှောင်ခင်မှာ လူတိုင်း အသစ်ငှားထားတဲ့ ခြံထဲကို ပြောင်းရွှေ့လာခဲ့ကြသည်။
ခြံကျယ်ကြီးကို အရှေ့ဘက်ခြံဝင်းနှင့် အနောက်ဘက်ခြံဝင်းဟူ၍ ခွဲထားသည်။ အရှေ့ဘက်ခြံဝင်းတွင် အခန်း ( ၁၂ ) ခန်း ရှိသည်။
အနောက်ဘက်ခြံဝင်းတွင် မီးဖိုချောင်နှင့် ထင်းတဲရှိပြီး အခြား အိပ်ခန်း ( ၈ ) ခန်းပါ ရှိသည်။
နေရာထိုင်ခင်းအားလုံးကို ဖမ်းဝမ်မှ ခွဲဝေပေးခဲ့သည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့ကို စောင့်ရှောက်ပေးလိုစိတ်ရှိကြောင်း သူသိခဲ့ပြီး မိသားစုနှစ်စုကို ငှားရမ်းခ ညီတူညီမျှ ခွဲဝေပေးဖို့ မဖြစ်နိုင်ကြောင်း သူသိသည်။
ထို့ကြောင့် သူသည် ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့ကို အနောက်ဘက်ခြံဝင်းရှိ အခန်း ( ၈ ) ခန်းကို ပေးခဲ့ပြီး သူတို့ဆန္ဒရှိတဲ့အတိုင်း အသုံးပြုခွင့်ပေးခဲ့သည်။
အရှေ့ဘက်ခြံဝင်းရှိ အခန်း ( ၁၂ ) ခန်းကို အရာရှိများနှင့် မော့မိသားစုကြား အညီအမျှ ခွဲဝေထားခဲ့ကြသည်။
ပိုက်ဆံမရှိသော ဟယ်မိသားစုကမူ ထင်းတဲထဲတွင် အတူကျပ်သိပ်ပြီးနေနိုင်သည်။
မော့မိသားစု၊ ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့သည် ဖမ်းဝမ်၏ ခွဲဝေပေးသည့် နည်းလမ်းကို အလွန်ကျေနပ်ခဲ့ကြသည်။
ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့သည် ဖမ်းဝမ်ထံမှ ငှားရမ်းခဈေးနှုန်းကို သိရှိထားပြီးဖြစ်သည်။
ဤငွေအားလုံးကို မော့ကျိုးယွီမှ ပေးဆောင်ခဲ့ကြောင်း သူတို့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း နားလည်ခဲ့ကြပြီး ၎င်းမှာ အရာရှိများနှင့် ဘာမှ မဆိုင်ပေ။
သူတို့ကို မော့မိသားစုက တစ်လမ်းလုံး ကြည့်ရှုစောင့်ရှောက်ပေးခဲ့ကြပြီး အခု သူတို့လက်ထဲမှာ ငွေတွေရှိလို့ မော့မိသားစုအား ဒါကို တစ်ယောက်တည်း ကျခံတာမျိုး မဖြစ်စေချင်ဘူး။
သူတို့အားလုံး ဆွေးနွေးပြီးနောက် မိသားစုတစ်ခုစီသည် မော့ကျိုးယွီအား ငွေ ( ၅ ) လျန်းစီ ပေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။
မော့ကျိုးယွီသည် သူတို့၏ ရည်ရွယ်ချက်များကို နားလည်သည်။ သူသည် အရာရှိများအတွက် စရိတ်စကကို စေတနာအလျောက် တာဝန်ယူခဲ့ပြီး ကျန်မိသားစုနှစ်စုအား ဤဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
သို့သော် ဖန့်မိသားစုနှင့် ရှဲ့မိသားစုက အခိုင်အမာပြောသည့်အတွက် မော့ကျိုးယွီသည် သူတို့ထံမှ ငွေကို လက်ခံရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။
မော့မိသားစုအား အခန်း ( ၆ ) ခန်း ခွဲဝေပေးခဲ့သည်။ အဋ္ဌမနှင့် နဝမညီအစ်ကိုတို့သည် သူတို့၏ အိမ်ထောင်ဖက်များနှင့် တစ်ခန်းတည်းတွင် နေထိုင်သင့်သည်ဟု အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ကျန် ( ၄ ) ခန်းကို မော့မိသားစု၏ အမျိုးသမီးမိသားစုဝင်များကိုယ်တိုင် မျှဝေနေထိုင်ခဲ့ကြသည်။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် နားအေးပါးအေး နေထိုင်ရတာကို ကြိုက်နှစ်သက်သဖြင့် အစွန်ဆုံးအခန်းကို ရွေးချယ်ခဲ့သည်။
ညဘက်တွင် ဟဲကျစ်ယန်သည် မော့ကျိုးယွီအား အနားယူရန် နေရာလွတ်ထဲသို့ ခေါ်သွားခဲ့သည်။
ဒီနေ့က နေရာလွတ်ထဲတွင် စိုက်ပျိုးရေးခြံဖွင့်လှစ်ပြီးနောက် ဆယ်ရက်မြောက်နေ့ပင် ဖြစ်သည်။
မြက်ခင်းပြင်ရှိ နွားများနှင့် သိုးများသည် အုပ်စုလိုက် အရွယ်ရောက်နေကြပြီဖြစ်သည်။
ဤနွားများနှင့် သိုးများကို အမဲဖြတ်ဖို့ မစဉ်းစားထားသောကြောင့် ဟဲကျစ်ယန်သည် ထိန်းချုပ်မှုဘောင်ကွက်ရှေ့တွင် သူတို့ကို ဆက်လက်မွေးမြူထားရန် ရွေးချယ်ခဲ့သည်။
ဥဥနိုင်တဲ့ ကြက်၊ ဘဲနှင့် ငန်းတွေကလည်း ယခုဆို ဥဥနိုင်နေပြီဖြစ်သည်။ ဟဲကျစ်ယန်သည် ဥစားဖို့အတွက် သူတို့ကို ဆက်လက်မွေးမြူထားဖို့ ရွေးချယ်ခဲ့သည်။ ဥမဥနိုင်သော အထီးများကိုမူ အမဲဖြတ်ပြီး ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားဖို့ ရွေးချယ်ခဲ့သည်။
ရေကန်အတွင်းရှိ ငါးမျိုးစုံကိုလည်း ဆက်လက်မွေးမြူရန် ရွေးချယ်ခဲ့သည်။
တောင်စောင်းပေါ်ရှိ ဥယျာဉ်ခြံများတွင် သီးပင်စားပင်များ အရွယ်ရောက်နေကြပြီဖြစ်သည်။ ဆယ်ရက်အတွင်း အသီးအနှံများစွာ ရိတ်သိမ်းနိုင်လိမ့်မည်။
ဟဲကျစ်ယန်သည် သူမရှေ့က အရာအားလုံးကို ကြည့်ပြီး အရှုံးမပေးချင်သလို ခံစားရသည်။
တကယ်လို့ သူမသာ လျှို့ဝှက်ကြံစည်သည့် လှုပ်ရှားမှုမရှိဘဲ ဘာကိုမှ ဂရုမစိုက်ဘဲ လတ်ဆတ်သောလေကို ရှုရှိုက်ကာ ဒီနေရာမှာ တစ်ဘဝလုံး သက်တောင့်သက်သာနေထိုင်ရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အားလပ်ချိန်မှာ တောင်ပေါ်ကို လမ်းလျှောက်ပြီး အသီးအနှံများကိုလည်း စိုက်ပျိုးရိတ်သိမ်းနိုင်သည်။ အရေးအကြီးဆုံးကတော့ သူမကို အလိုလိုက်ပေးမည့် ချစ်ရတဲ့ အမျိုးသားလည်း ရှိသည်။ ဒီလိုဘဝမျိုးဟာ တကယ့်ကို နှစ်လိုဖွယ်ကောင်းလှသည်။
ဒါပေမယ့် မကြာခင်မှာပဲ ဟဲကျစ်ယန်ရဲ့ အတွေးတွေက လက်တွေကို ပြန်ရောက်သွားခဲ့သည်။
ဒီလိုဘဝမျိုးကို နေရာလွတ်ထဲမှာတင် မဟုတ်ဘဲ အပြင်မှာပါ သိပ်မကြာခင် ဖန်တီးနိုင်တော့မှာပါ။
ကြိုးစားအားထုတ်ပြီး ရရှိသော ဘဝသည် သင့်အား ပိုမိုပြည့်စုံသည်ဟု ခံစားရစေပါလိမ့်မည်။
ဟဲကျစ်ယန်သည် သူမလက်ဖြင့် နေရာလွတ်နှင့်တူသော နိဗ္ဗာန်ဘုံတစ်ခုကို တည်ဆောက်ဖို့ ဘဝရည်မှန်းချက်တစ်ခု ချက်ချင်း ရှိလာခဲ့သည်။
အခုတော့ ဘဝရည်မှန်းချက်တစ်ခုရှိနေပြီမို့ သူမသည် အိပ်ပျော်နေချိန်၌ပင် အလွန်ချိုမြိန်တယ်လို့ ခံစားရသည်။
နောက်တစ်နေ့ အစောပိုင်းတွင် ဟဲကျစ်ယန်သည် အစောကြီး အိပ်ရာနိုးပြီး မော့ကျိုးယွီနှင့်အတူ နေရာလွတ်ထဲမှ ထွက်လာခဲ့သည်။
ဟုတ်ပါတယ်၊ ဆောင်းဦးမိုးရွာသွန်းပြီးနောက် အပြင်မှာ ရာသီဥတုက ပိုအေးလာခဲ့သည်။
လူတိုင်းအတွက် အနွေးဓာတ်ပြဿနာကို တွေးတောရင်း ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် အအေးဒဏ်ခံနိုင်သော အဝတ်အစားများ ပြုလုပ်ရန် လူတိုင်းအတွက် အထည်စနှင့် ဝါဂွမ်းအချို့ ဝယ်ယူရန် ထွက်လာခဲ့ကြသည်။
အမျိုးသမီးများသည် နွေးနွေးထွေးထွေးရှိဖို့ အရေးကြီးကြောင်းကို သိရှိကြသည်။ သူတို့ထဲမှ အချို့က အရုပ်များပြုလုပ်ခြင်းကို ခေတ္တရပ်တန့်ကာ လူတိုင်းအတွက် ဆောင်းရာသီအတွက် အဝတ်အစားများ ချုပ်လုပ်ဖို့ အမြန်လုပ်ဆောင်ခဲ့ကြသည်။
လာမယ့်ရက်အနည်းငယ်အတွင်းမှာပင် လူတွေကို မြို့ထဲကနေ ထွက်ခွာခွင့်ပြုမယ့် အရိပ်အယောင်ကို နည်းနည်းလေးမှ မတွေ့ရသေးပါဘူး။
ယခုအခါတွင် လူတိုင်း လူနေမှုပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာသည့်အတွက် အမျိုးသမီးများသည် အရုပ်များပြုလုပ်ရန် ပိုမိုကြိုးစားလာကြသည်။
ထန်မင်လွေ့နှင့် သဘောတူထားသည့် ငါးရက်မြောက်နေ့ရောက်ချိန်တွင် အမျိုးသမီးတွေက အရုပ် ( ၁၀၀ ) ကျော် ပြုလုပ်နိုင်ခဲ့ကြသည်။
ယခုတစ်ကြိမ်တွင် ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် ထန်မင်လွေ့ကိုတွေ့ဖို့ အရုပ်တွေကို ယူဆောင်လာခြင်းမရှိဘဲ ရောင်းအားကို အရင်ကြည့်ဖို့ စီစဉ်ခဲ့သည်။
ချိန်းထားသည့်အတိုင်း လက်ဖက်ရည်ဆိုင်သို့ ရောက်သွားသောအခါ ထန်မင်လွေ့သည် နေရာကိုကြိုယူထားခဲ့ပြီးဖြစ်သည်။
သူတို့နှစ်ယောက်ရောက်လာတာကိုမြင်တော့ ထန်မင်လွေ့သည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုဆီ ခေါ်သွားခဲ့သည်။
သူတို့ထိုင်ပြီးတာနဲ့ ထန်မင်လွေ့က သစ်သားသေတ္တာကို စားပွဲပေါ် တင်လိုက်သည်။
“အစ်ကိုကြီးမော့၊ မရီးမော့၊ ဒီအထဲမှာ ငွေလျန်း ( ၃၀၀ ) ရှိတယ်။ မူလက တချို့ဖောက်သည်တွေရဲ့ ဝယ်ချင်စိတ်ကို မြှင့်တင်နိုင်ဖို့ နေ့တိုင်း အရုပ် အနည်းငယ်ပဲ ရောင်းချဖို့ စီစဉ်ထားခဲ့တယ်။ မမျှော်လင့်ဘဲ အဲဒီဖောက်သည်တွေက စိတ်အားထက်သန်လွန်းတယ်။ ကျွန်တော် ခဏလောက် စိတ်မထိန်းနိုင်တော့ဘဲ နှစ်ရက်အတွင်း အရုပ် ( ၆၀ ) လုံး ရောင်းချလိုက်မိတယ်။
ကျွန်တော် အစ်ကိုကြီးတို့ကို တောထဲ လာရှာခဲ့သေးတယ်။ ဒါပေမယ့် အစ်ကိုကြီးတို့က အဲဒီကနေ ထွက်သွားတာမို့လို့ ကျွန်တော် ရှာမတွေ့ခဲ့ဘူး။ ကျွန်တော်တို့ သဘောတူထားတဲ့ ဒီနေ့ကို ထိုင်စောင့်ဖို့ကလွဲလို့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူးလေ။”
ဟဲကျစ်ယန်က ပြုံးပြီး ပြောလိုက်သည်၊ “ဒါက ပိုကောင်းတာ မဟုတ်ဘူးလား။ ဒီလိုဖြစ်သွားတော့ သခင်လေးထန်လိုချင်တဲ့အတိုင်း ဖောက်သည်တွေရဲ့ ဝယ်ချင်စိတ်ကို မြှင့်တင်ပေးရာရောက်သွားပြီလေ။”
ဟဲကျစ်ယန်သည် သူ့ရဲ့ မူလရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်တော့ ထန်မင်လွေ့သည် ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။
“ဟီးဟီး… ကျွန်တော့်ရဲ့ ဒီစိတ်ကူးလေးကို မရီးမော့ဆီကနေ ဖုံးကွယ်ထားလို့ မရဘူးပဲ။”