← Chapters

အနောက်မြောက်ဘက်ဒေသသို့ ချောချောမွေ့မွေ့ ရောက်ရှိသွားခဲ့ပြီ

Vol. 14 Ch. 163

အနောက်မြောက်ဘက်ဒေသသို့ ချောချောမွေ့မွေ့ ရောက်ရှိသွားခဲ့ပြီ

Vol. 14 Ch. 163

မော့ကျိုးယွီသည် မြို့တော်မှ ပြည်နှင်ဒဏ်ပေးခံရသောအခါတွင် သူ ဆုံးရှုံးသွားသည့် ခံစားချက်ကို ခံစားခဲ့ရသည်။

မော့မိသားစုသည် မျိုးဆက်ပေါင်းများစွာ သစ္စာစောင့်သိခဲ့ပြီး သူငယ်ချင်းကောင်းများစွာ ရရှိခဲ့သည်။

သို့သော် မော့မိသားစု ဘေးအန္တရာယ်ကျရောက်သောအခါတွင် မည်သူမျှ သူ့ကို လာမတွေ့ခဲ့ကြပေ။

ဤအရာအားလုံးသည် ဧကရာဇ်ရွှင်းဝူ၏ လက်ချက်ဖြစ်ကြောင်း သိသာထင်ရှားသည်။

မော့ကျိုးယွီသည် ယခုအခါတွင် ကမ္ဘာကြီး၏ ချို့ယွင်းချက်များကို လုံးလုံးလျားလျား သိမြင်လာခဲ့ပြီး အတိတ်က အဖြစ်အပျက်များကို ဖက်တွယ်ပြီး မနေထိုင်ချင်တော့ပေ။

အခုအချိန်မှာ သူ မျှော်လင့်ထားဆုံးအရာကတော့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားနိုင်ဖို့ပါပဲ။ အနောက်မြောက်ဘက်တွင် အခြေချနေထိုင်ပြီးနောက်တွင် သူ့ရဲ့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ကို ရှာဖွေရန်နှင့် မရီးတွေအတွက် အဆိပ်ဖြေဆေးပြုလုပ်ရန် ပါဝင်ပစ္စည်းများကို ရှာဖွေဖို့ နည်းလမ်းရှာချင်ခဲ့သည်။

“စစ်သူကြီး၊ အခု မြို့တံခါးတွေ ဆိပ်ခံတံတားတွေ အားလုံးကို ပိတ်ဆို့ထားတယ်။ ကျွန်တော်တို့ ဒီမှာ သောင်တင်နေတာ တစ်လခွဲကျော် ရှိပြီ။ ဒီလိုမျိုး ဆက်ပြီး ကြန့်ကြာနေဦးမယ်ဆိုရင် နှစ်သစ်ကူးပြီးရင်တောင် ကျွန်တော်တို့တွေ အနောက်မြောက်ဘက်သို့ မရောက်နိုင်လောက်ဘူး” မော့ကျိုးယွီက ပြောသည်။

“ဟုတ်တယ်။ တစ်နေ့ထက်တစ်နေ့ ပိုအေးလာတယ်၊ လမ်းခရီးမှာ မင်းတို့အတွက် လွယ်မှာ မဟုတ်ဘူး” စစ်သူကြီးကျင်းက ပြန်ဖြေသည်။

ခဏလောက် စဉ်းစားပြီးနောက် စစ်သူကြီးကျင်းက ဆက်ပြောလာခဲ့သည်၊ “ငါ့တူလေး၊ အခုပြန်ရောက်ရင် အကုန်လုံး ထုပ်ပိုးပြင်ဆင်ထားလိုက်။ မနက်ဖြန်မနက်ကျရင် မင်းတို့ ထွက်သွားနိုင်ဖို့ လှေတစ်စင်း စီစဉ်ပေးမယ်။”

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းသာသွားကြသည်။

သူတို့နှစ်ယောက်စလုံး စစ်သူကြီးကျင်းကို တစ်ချိန်တည်း အလေးပြုလိုက်ကြသည်၊ “ကျွန်တော် / ကျွန်မတို့ကို အကူအညီပေးတဲ့အတွက် ကျေးဇူးပါ စစ်သူကြီးကျင်း။”

စစ်သူကြီးကျင်းက မော့ကျိုးယွီ၏ ပခုံးကို ပုတ်လိုက်သည်၊ “ဒါက ကိစ္စလေးပါပဲ။ ငါ့တူနဲ့ တူမတို့ ဒီအတွက် စိတ်ထဲ ထားစရာ မလိုဘူး။ ငါ မင်းတို့ကို မနက်ဖြန်မနက်ကျရင် ဆိပ်ခံတံတားနားမှာ စောင့်နေမယ်။”

သူ့ကို ထပ်မံ၍ ကျေးဇူးတင်စကားဆိုပြီးနောက် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် လူတိုင်းကို သတင်းကောင်းပြောပြရန် သူတို့ ငှားရမ်းထားသော ခြံဝင်းဆီသို့ အပြေးအလွှား ပြန်လာခဲ့ကြသည်။

မနက်ဖြန်ခရီးဆက်နိုင်မယ်လို့ကြားသိရတော့ အပျော်ဆုံးက အရာရှိတွေပါပဲ။

ခရီးစဉ် ချောမွေ့ပါက နှစ်သစ်ကူးမတိုင်မီ မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းရန် မြို့တော်သို့ အရောက်ပြန်နိုင်ပေလိမ့်မည်။

လျန့်ဟောက်၊ ထန်မင်လွေ့နှင့် အခြားသူများကိုပါ သူတို့နှင့်အတူ ထွက်ခွာခွင့်ပြုရန်အတွက် မော့ကျိုးယွီသည် ဖမ်းဝမ်နှင့်သာ ဆွေးနွေးရန်မှတပါး အခြား ရွေးချယ်စရာ မရှိပေ။

တကယ်တော့ ဖမ်းဝမ်ဟာ လျန့်ဟောက်တို့တွေရဲ့ ခြေရာကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ပေမယ့် တစ်ပါးသူတွေရဲ့ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်တာကို မကြိုက်တာကြောင့် ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူး။

အရုပ်များယူရန် ခြံထဲသို့ မကြာခဏ ရောက်လာလေ့ရှိသည့် ထန်မင်လွေ့ကိုလည်း အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးသည်။

မော့ကျိုးယွီရဲ့ ကြိုးစားအားထုတ်မှုကြောင့် ချောချောမွေ့မွေ့ ထွက်သွားနိုင်တာဖြစ်တဲ့အတွက် သူ သဘာဝကျကျ ငြင်းပယ်မှာ မဟုတ်တာ အမှန်ပါပဲ။

သို့သော် ဖမ်းဝမ်သည် ထိုလူများကို တုချန်မြို့သို့ ရောက်ပြီးသည့်နောက်တွင် ပြဿနာ တစ်စုံတစ်ရာ မဖြစ်စေရန်အတွက် အဖွဲ့မှ ခွဲထွက်သွားဖို့ တောင်းဆိုခဲ့သည်။

မော့ကျိုးယွီသည် ဖမ်းဝမ်နှင့် တိုင်ပင်ဆွေးနွေးပြီးနောက်တွင် သူသည် လျန့်ဟောက်တို့အား မနက်ဖြန်မနက်စောစောတွင် သူတို့နှင့်အတူ ဆိပ်ခံတံတားဆီသို့ အရောက်လာဖို့ ချက်ချင်း အကြောင်းကြားခဲ့သည်။

အားလုံးပြင်ဆင်ပြီးသည်နှင့် နောက်နေ့ မနက်စောစာတွင် ဆိပ်ခံတံတားဆီသို့ အပြေးအလွှား ထွက်ခွာလာကြသည်။

စစ်သူကြီးကျင်းသည် သူ့ကတိကို အမှန်တကယ် လိုက်နာပြီး သူ့တပည့်စစ်သားများနှင့် စောစောစီးစီး စောင့်ဆိုင်းနေခဲ့သည်။

ဆိပ်ခံတံတားမှ အစောင့်တွေ ရှိပေမယ့် မော့ကျိုးယွီတို့အဖွဲ့ကို မတားကြဘူး။

ထို့အပြင် စစ်သူကြီးကျင်းသည် သူတို့အတွက် ခရီးသည်တင်သင်္ဘောတစ်စင်းကို အထူးစီစဉ်ပေးထားကာ သင်္ဘောသားတွေက အဆင်သင့်ဖြစ်နေပြီး လိုက်ပါမည့် ဧည့်သည်များကို စောင့်ဆိုင်းနေကြသည်။

မော့ကျိုးယွီနှင့် ဖမ်းဝမ်တို့သည် အဖွဲ့ရှေ့သို့ လျှောက်သွားကြသည်။ စစ်သူကြီးကျင်းက သူတို့ကို တစ်ချက်ကြည့်လိုက်သည်။

စစ်သူကြီးကျင်းက အရှေ့ကို လျှောက်လာခဲ့သည်၊ “ငါ့တူ၊ ငါ မင်းတို့အတွက် သင်္ဘောပြင်ပေးထားတယ်၊ ငါ ငွေချေပေးထားပြီးသား။ မင်းတို့အားလုံး စိတ်အေးလက်အေးနဲ့ ဒီကနေ ထွက်သွားလို့ရတယ်။”

သူက စကားပြောနေစဉ် စစ်သူကြီးကျင်းသည် သူ့အင်္ကျီရင်ဘတ်ထဲမှ ငွေစက္ကူများကို ထုတ်ယူပြီး မော့ကျိုးယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“မင်း အနောက်မြောက်ဘက်မှာ အခြေချနေထိုင်တဲ့အခါကျရင် မင်းမိသားစုအတွက် အိမ်နဲ့ တခြားလိုအပ်တာတွေ ဝယ်ဖို့ ငွေလိုလိမ့်မယ်။”

မော့ကျိုးယွီသည် စစ်သူကြီးကျင်းက သူတို့ကို ဒီကနေ ထွက်သွားနိုင်ဖို့ စီစဉ်ပေးခဲ့သည့်အတွက် အလွန်ကျေးဇူးတင်နေခဲ့ပြီးဖြစ်သည်။ ထိုငွေများကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာတဲ့လဲ။

ထို့အပြင် သူနှင့် ဟဲကျစ်ယန်တို့သည် အခုအချိန်မှာ ငွေကြေး ပြတ်လပ်မှု လုံးဝ မရှိပါ။

မော့ကျိုးယွီက မဆိုင်းမတွ သူ့ငွေစက္ကူများကို ပြန်ပေးလိုက်သည်။

“စစ်သူကြီး၊ စစ်သူကြီးရဲ့ ကြင်နာမှုကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီငွေတွေကို လက်မခံနိုင်ပါဘူး။”

ဒါပေမယ့် စစ်သူကြီးကျင်းက အခိုင်အမာ ပြောလာခဲ့သည်၊ “မင်း မြို့တော်က ထွက်သွားတုန်းက မင်းအခြေအနေကို ငါသိတယ်။ ဒီငွေက သိပ်မများပေမယ့် ဒါက ငါ့ရဲ့ တန်ဖိုးထားမှု သင်္ကေတတစ်ခုပဲ။ မင်း ယူကို ယူရမယ်။”

နှစ်ယောက်သား ဆိပ်ခံတံတားနားမှာ အချိန်အတော်ကြာအောင် ငွေစက္ကူများကို ဟိုဖက်တွန်းလိုက် ဒီဖက်တွန်းလိုက် လုပ်ဆောင်နေကြသည်။

အဆုံးတွင် စစ်သူကြီးကျင်းသည် မော့ကျိုးယွီကို မစည်းရုံးနိုင်ဘဲ ငွေစက္ကူများကို တုံ့ဆိုင်းစွာ ပြန်ယူလိုက်ရသည်။

ထို့နောက် သူ့နောက်မှ စစ်သားတွေကို လက်ဝှေ့ယမ်းပြီး အချက်ပြလိုက်သည်။

စစ်သားနှစ်ယောက် ချဉ်းကပ်လာပြီး သူတို့ တစ်ယောက်ချင်းစီမှာ အထုပ်ကြီး တစ်ထုပ်စီ သယ်လာခဲ့သည်။

“ငါ့တူလေး၊ မင်း ငွေကို လက်မခံချင်ဘူးဆိုရင် ထားလိုက်။ ဒါပေမယ့် မင်းတို့ လမ်းခရီးမှာ စားသုံးဖို့ ငါပြင်ထားတဲ့ ရိက္ခာတွေကိုတော့ မင်း လက်ခံထားရမယ်။”

မော့ကျိုးယွီသည် ဒီတစ်ကြိမ်မှာတော့ ထပ်မငြင်းတော့ပါဘူး။ သူက စစ်သူကြီးကျင်းကို ကျေးဇူးတင်ရှိကြောင်း ထပ်ပြောပြီးနောက် အခြားသူများနှင့်အတူ သင်္ဘောပေါ်သို့ တက်သွားခဲ့သည်။

စစ်သူကြီးကျင်းသည် သင်္ဘော ကမ်းမှ ခွာသွားသည်ကို သင်္ဘောဆိပ်တွင် ရပ်ကြည့်နေခဲ့ကာ သင်္ဘော၏ အရိပ် တဖြည်းဖြည်း သေးငယ်သွားသည်အထိ စောင့်ကြည့်ပြီးမှ သူ့လူတွေကို ‌ခေါ်ပြီး ပြန်သွားခဲ့သည်။

ယနေ့တွင် ဆားကန်သည် ငြိမ်သက်နေပြီး သင်္ဘောများ ချောမွေ့စွာ ရွက်လွှင့်သွားနိုင်သည်။

ညမမှောင်ခင်မှာ အားလုံး တုချန်မြို့သို့ ချောချောမွေ့မွေ့ ရောက်သွားကြသည်။

မော့ကျိုးယွီ၏ ညွှန်ကြားချက်အတိုင်း လျန့်ဟောက်တို့ညီအစ်ကိုများသည် အဖွဲ့၏ နောက်ကျောတွင် ပုန်းခို၍ လိုက်ပါလာခဲ့ကြသည်။

ထန်မင်လွေ့သည် သူ့မိသားစုအတွက် စိတ်ပူနေတာကြောင့် မော့ကျိုးယွီတို့ကို နှုတ်ဆက်ပြီး အဖွဲ့ကနေ ထွက်သွားခဲ့သည်။

ပြည်နှင်ဒဏ်ပေးခံရသည့် အဖွဲ့သည် တုချန်မြို့တွင် တစ်ညတာ အနားယူခဲ့သည်။

နောက်တစ်နေ့ မထွက်ခွာမီ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် မြို့ထဲသို့သွား၍ နွားလှည်းဝယ်ဖို့ ရည်ရွယ်ချက်ဖြင့် ဖမ်းဝမ်အား ခဏလောက် ခွင့်တောင်းခဲ့သည်။

နွားလှည်းဝယ်ဖို့ဟု အကြောင်းပြလိုက်သော်လည်း တကယ်တမ်းတွင် သူတို့ နေရာလွတ်ထဲသို့ ထည့်သိမ်းထားသော နွားနှင့် လှည်းကို အပြင်သို့ ပြန်ထုတ်ယူလိုက်ခြင်းသာ ဖြစ်သည်။

လူတစ်စုနှင့် နွားလှည်းတစ်စင်းသည် အနောက်မြောက်ဘက်သို့ ခရီးဆက်ခဲ့ပြန်သည်။

လမ်းမှာ ဘာပြဿနာမှ ထပ်မကြုံတော့ဘဲ နောက်ဆုံး တစ်လခွဲအကြာမှာ အနောက်မြောက်ဘက်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွားခဲ့သည်။

ယွင်ချန်မြို့တံခါးသည် အနည်းငယ် ယိုယွင်းနေပြီး တာဝန်ကျမြို့စောင့်တပ်သားနှစ်ဦးသည် ပျင်းရိပြီး ခွန်အားကင်းမဲ့နေပုံရသည်။

အထူးအခြေအနေတွေမရှိသရွေ့ ယွင်ချန်မြို့ထဲကို ဝင်ထွက်သွားလာသူတွေကို အစောင့်တွေက စစ်ဆေးမှာ မဟုတ်ဘူး။

အထူးသဖြင့် အစောင့်အကြပ် အရာရှိများသည် လူတစ်စုကို ဦးဆောင်ပြီး ရောက်လာသည်ကို မြင်တော့ သူတို့အတွက် ဘာမှ မထူးဆန်းပါဘူး။

သူတို့သည် ပျင်းရိစွာ ငေးကြည့်နေပြီး ဘေးနားတွင် ရပ်ကာ စကားစမြည်ပြောနေကြသည်။

အကျဉ်းသားများအား သူတို့၏ သတ်မှတ်နေရာများဆီသို့ ပို့ဆောင်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်အချို့ ရှိသည်။

ဦးစွာ အစောင့်အကြပ် အရာရှိများသည် အကျဉ်းသားများအား ခရိုင်အစိုးရရုံးသို့ မှတ်ပုံတင်ရန် ခေါ်ဆောင်သွားရပြီး သူတို့၏ အမည်အားလုံးကို မှတ်တမ်းတင်ပြီးပါက သူတို့အတွက် အိမ်ထောင်စုစာရင်းအသစ်ထုတ်ပေးရန် ဒေသဆိုင်ရာ ခရိုင်အစိုးရရုံးမှ တာဝန်ယူဆောင်ရွက်ပေးရသည်။

ပြည်နှင်ဒဏ်ပေးခံရသည့် အကျဉ်းသားများအတွက် အိမ်ထောင်စုစာရင်းသည် အထူးပြုလုပ်ထားတာ ဖြစ်သည်။ သူတို့၏ အထောက်အထားပါရှိသော စာရွက်ပေါ်တွင် “ပြည်နှင်ဒဏ်ပေးခံရခြင်း” ဟူသော စကားလုံးကို အမှတ်အသားပြုကာ ဒေသဆိုင်ရာ အစိုးရရုံး၏ တံဆိပ်တုံးဖြင့် ထုနှိပ်ထားသည်။

ဤအိမ်ထောင်စုစာရင်းသည် ယွင်ချန်မြို့အတွင်း သွားလာလှုပ်ရှားမှုအတွက်သာဖြစ်ပြီး အဆိုပါ အိမ်ထောင်စုစာရင်းအတွင်းမှ တစ်စုံတစ်ယောက် မြို့တွင်းမှ ခိုးထွက်တာကို ဖမ်းမိခဲ့မယ်ဆိုရင် အစိုးရက အဆိုပါလူကို ချက်ချင်း ဖမ်းဆီးကာ ကြိမ်ဒဏ် ( ၅၀ ) ပေးပြီး ယွင်ချန်မြို့သို့ ပြန်ပို့ပေးလိမ့်မည်ဖြစ်သည်။

ဤသည်မှာ တရားရုံးမှ ပြည်နှင်ဒဏ်ပေးခံရသည့် အကျဉ်းသားများ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

ထို့အပြင် ပြည်နှင်ဒဏ်ပေးခံရသူများ မြို့တွင်းမှ ခိုးထွက်တာကို တားဆီးရန်အတွက် အစိုးရသည် ပြည်နှင်ဒဏ်ပေးခံရသူများ၏ နေအိမ်များကို စစ်ဆေးရန် လဝက်တိုင်း အထူးတပ်ဖွဲ့များ စေလွှတ်မည်ဖြစ်သည်။

အကယ်၍ တစ်ယောက်ယောက် ခိုးထွက်သွားတာကို တွေ့ရှိပါက ကျား၊ မ မရွေး အသက်အရွယ် ခွဲခြားခြင်း မရှိဘဲ မိသားစုဝင်တိုင်း ကြိမ်ဒဏ် ( ၂၀ ) ပြစ်ဒဏ်ကို ရရှိခံစားရပေလိမ့်မည်။

ဒါတွေက အားလုံး မဟုတ်သေးပါဘူး။ ထွက်ပြေးသွားသူအား ဖမ်းဆီးနိုင်ရေးအတွက် အစိုးရက ချက်ချင်း အကြောင်းကြားစာ ထုတ်ပြန်ပါလိမ့်မည်။

တိုတိုပြောရရင် သူတို့ ဒီကို ရောက်ပြီးတာနဲ့ ဧကရာဇ်မင်းမြတ်က အထူးကင်းလွတ်ခွင့်အမိန့် မထုတ်ပြန်မချင်း သူတို့ ဒီမှာပဲ အသက်ရှင်နေထိုင်ရလိမ့်မည်။

ဖမ်းဝမ်သည် ယွင်ချန်မြို့သို့ သွားသော လမ်းကြောင်းနှင့် ရင်းနှီးပြီး သူတို့အဖွဲ့ကို အစိုးရရုံးသို့ တိုက်ရိုက်ခေါ်သွားသည်။

သို့သော် ဤနေရာ၌ ခရိုင်တရားသူကြီး ပြောင်းရွှေ့သွားပြီး အသစ်ရောက်မလာသေးကြောင်း ဂိတ်စောင့်များက ပြောပြလာခဲ့သည်။

အဆိုပါ အကျဉ်းသားများကို လက်ခံခြင်း လုပ်ငန်းစဉ်ကို လက်ထောက်ခရိုင်တရားသူကြီးချွေ့ထံသို့ ယာယီလွှဲပြောင်းပေးခဲ့သည်။

ဖမ်းဝမ်သည် ထိုစကားကိုကြားသောအခါ ခေါင်းကိုက်သွားသည်။

ဤနေရာ၌ သူသည် အရာများစွာကို အတော်လေး ရင်းနှီးသည်။ အဆိုပါလက်ထောက်ခရိုင်တရားသူကြီးမင်းက ငွေမက်ပြီး တဏှာလောဘကြီးသူ ဖြစ်သည်။

လက်ထောက်ခရိုင်သူကြီးမင်းက အကျဉ်းသားများကို လက်ခံခြင်း လုပ်ငန်းစဉ်ကို ကိုင်တွယ်မည်ဆိုပါက မော့မိသားစုသည် ပြဿနာများစွာ ကြုံတွေ့ရပေလိမ့်မည်။

***

All Chapters