← Chapters

ရှီလင်ရွာ

Vol. 14 Ch. 166

ရှီလင်ရွာ

Vol. 14 Ch. 166

ဖမ်းဝမ်၏ ဆိုလိုရင်းကို မော့ကျိုးယွီ နားမလည်ခဲ့ခြင်း မဟုတ်ပါ။

သို့သော် ထိုသို့သော လက်ထောက်ခရိုင်တရားသူကြီးမင်းနှင့် ရင်ဆိုင်ရသည်မှာ အမှန်တကယ် အလျှော့မပေးချင်ပေ။

“လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၊ ကျေးဇူးပြုပြီး ဒီကိစ္စကို သမာသမတ်ကျစွာ ကိုင်တွယ်ဖြေရှင်းပေးပါ။”

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် သူ့ကို လုံးဝ အလေးအနက်မထားသော ပြည်နှင်ဒဏ်ပေးခံရသည့် အကျဉ်းသားများနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ဖူးခြင်း ဖြစ်သည်။

အကယ်၍ သူ့လက်အောက်ငယ်သားများက သူလုပ်ခဲ့သမျှကို ဤလူတွေ အမှန်တကယ် ဖော်ထုတ်လိုက်မှာကို စိုးရိမ်ရကြောင်း အခုလေးတင် သတိမပေးခဲ့ဘူးဆိုရင် သူတို့ကို သေချာပေါက် ကောင်းကောင်းရိုက်နှက်ခိုင်းမိပေလိမ့်မည်။

ဒီလူတွေက သူ့ကို မပျော်အောင်လုပ်မှတော့ သူတို့လည်း ကောင်းကောင်းနေရဖို့ မမျှော်လင့်ထားသင့်ဘူး။

သူက ဖမ်းဝမ်ရဲ့ စကားကို အခွင့်ကောင်းယူပြီး လွတ်ရာလွတ်ကြောင်း ရှာဖွေခဲ့သည်။

“လူကြီးမင်းဖမ်းက မင်းတို့အစား တောင်းပန်ပေးလာတယ်ဆိုမှတော့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ကျုပ် သူ့ကို မျက်နှာလွှဲခဲပစ်မလုပ်နိုင်ဘူး။ တစ်ယောက်လောက် လာစမ်း…။”

အရာရှိနှစ်ယောက်က ချက်ချင်း ရှေ့ကို လှမ်းလာပြီး လက်သီးဆုပ်၍ အရိုအသေပေးသည်။

“ကျွန်တော်တို့ ရောက်ပါပြီ။”

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က ဆက်လက် အမိန့်ပေးခဲ့သည်၊ “မော့မိသားစုကို ရှီလင်ရွာမှာ နေရာချပေးလိုက်။ အဲဒီကရွာသားတွေက သူတို့ကို ဝမ်းသာအားရ ကြိုဆိုကြမှာ သေချာတယ်။”

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ အသံကို ကြားလိုက်ရရုံဖြင့် သူ စိတ်ကြည်သာနေမှန်း နေရာ၌ ရှိသူတိုင်း သိကြားနိုင်ပေသည်။

ရှီလင်ရွာက သွားလို့ကောင်းတဲ့နေရာမဟုတ်မှန်း တွေးကြည့်စရာမလိုအောင်ပင် သူတို့ သိလိုက်ကြသည်။ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က မော့မိသားစုအတွက် အခက်အခဲများကို တမင်တကာ ဖန်တီးနေခဲ့သည်။

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့အတွက်၊ သူတို့ ဘယ်ကိုသွားရသွားရ အရေးမကြီးဘူး။

အထူးသဖြင့် ဟဲကျစ်ယန်သည် သူမထံတွင် လှည့်စားဖို့ ကူညီပေးနိုင်သည့် နေရာလွတ်ရှိနေပြီး သူမ သွားလေရာ နေရာတိုင်းမှာ မိသားစုအတွက် ကောင်းမွန်သောဘဝကို ဆောင်ကျဉ်းပေးနိုင်သည်။

မော့ကျိုးယွီသည်လည်း စိတ်ပူပန်ခြင်းမရှိပေ။ သူနှင့် အဋ္ဌမအစ်ကိုပါပေါင်းလိုက်ရင် မိသားစု၏ လုံခြုံရေးအတွက် အပြည့်အဝ အာမခံနိုင်ပါသည်။

ကြိုးစားအားထုတ်လိုစိတ်ရှိသရွေ့ ဘဝဆိုတာ လူတွေက ဖန်တီးထားတဲ့ ဆိုးရွားတဲ့ ပတ်ဝန်းကျင်ကို ကြိုးစားခြင်းဖြင့် အောင်နိုင်မယ်လို့ မော့ကျိုးယွီက ယုံကြည်ခဲ့သည်။

မော့မိသားစုကို ရှီလင်ကျေးရွာသို့ ပို့ဆောင်ပေးရန် တာဝန်ပေးအပ်ခံလိုက်ရသည့် အရာရှိနှစ်ဦးသည် ပြပွဲကောင်းကောင်း ကြည့်ရတော့မယ်ဟူသောအကြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မော့မိသားစုအား “ငါတို့နောက်ကို လိုက်ခဲ့ပေးပါ” ဟု ကြိုဆိုလက်ဟန်ပြသခဲ့သည်။

ဒါကိုမြင်တော့ ဖမ်းဝမ်က ရှေ့ကို လှမ်းပြီး “ခဏနေဦး၊ ငါ သူတို့ကို ပြောစရာရှိသေးတယ်” ဟု ဆိုလိုက်သည်။

အရာရှိများသည် ဖမ်းဝမ်အား အလွန်လေးစားဆဲပင်။ မော့မိသားစုကို အခန်းထဲက ခေါ်ထုတ်လာပြီးတာနဲ့ ချက်ချင်း ခရီးမနှင်ခဲ့ကြဘူး။

ဖမ်းဝမ်သည် ဒေါသတကြီးဖြင့် မော့ကျိုးယွီဆီသို့ ရောက်လာသည်။

“ညီလေးမော့၊ ငါမင်းကို မကောင်းမပြောချင်ဘူး၊ ဒါပေမယ့် အခုလို အရေးကြီးတဲ့ အခိုက်အတန့်မှာ မင်းစိတ်ကို ဘာဖြစ်လို့ မထိန်းနိုင်ရတာလဲ။ ရှီလင်ကျေးရွာက ဘယ်လိုနေရာမျိုးလဲဆိုတာ မင်းသိရဲ့လား။”

မော့ကျိုးယွီသည် သူ့လုပ်ရပ်အတွက် နောင်တရခြင်းမရှိသော်လည်း ရှီလင်ကျေးရွာ၏ အခြေအနေကို ကြိုတင်သိချင်နေသေးသည်။

“အစ်ကိုကြီးဖမ်း ရှီလင်ကျေးရွာက ဘယ်လိုလဲ။”

ဖမ်းဝမ်သည် နှစ်စဉ်နှစ်တိုင်းလိုလို ဤနေရာသို့ အကျဉ်းသားများအား အကြိမ်ပေါင်းများစွာ လိုက်လံပို့ဆောင်ရသောကြောင့် ရှီလင်ကျေးရွာနှင့် သဘာဝအတိုင်း ရင်းနှီးသည်။

သို့သော် ခရိုင်တရားသူကြီးမင်း သို့မဟုတ် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ဖြစ်စေ၊ အလွန်ခေါင်းမာသော အကျဉ်းသားများနှင့် မကြုံပါက ရှီလင်ကျေးရွာသို့ လူများ စေလွှတ်ရန် ရွေးချယ်မည် မဟုတ်ပါ။

ရှီလင်ကျေးရွာမှာ နေရာချပေးခံလိုက်ရတဲ့သူကို မတွေ့တာ သုံးလေးနှစ်ရှိပြီ။

ဖမ်းဝမ်က သက်ပြင်းချပြီး ပြောလာခဲ့သည်၊ “ရှီလင်ကျေးရွာက နယ်စပ်နဲ့နီးတယ်လို့ ပြောကြတယ်။ အဲဒီလူရိုင်းတွေက တောင်ပေါ်ကို ဖြတ်ကျော်ပြီးရင် သူတို့ အရင်ဆုံးရောက်တဲ့ရွာက အဲဒီရွာပဲ။

မကြာသေးမီက လူရိုင်းတွေ ကျူးကျော်လာတဲ့အကြောင်းကို ငါမကြားခဲ့ရပေမယ့် အစောပိုင်းနှစ်တွေတုန်းက ဆောင်းရာသီရောက်လို့ စားစရာတွေ ပြတ်လပ်တဲ့အခါကျရင် တချို့က ခိုးဝင်ပြီး လာရောက်လုယက်ကြတယ်။

ပြီးတော့ ရှီလင်ကျေးရွာက မျိုးနွယ်စုကို ဦးစားပေးတဲ့ ရွာတစ်ရွာဖြစ်တယ်လို့ ငါကြားတယ်။ ရွာလူကြီးက သူ့ဆွေမျိုးတွေကို အလေးပေးပြီး အပြင်လူတွေကို အလေးအနက်မထားဘူး။

ရှီလင်ကျေးရွာမှာ နေထိုင်ဖို့ တာဝန်ပေးခံရတဲ့ ဘယ်သူမဆို အဲဒီနေရာမှာ တစ်နှစ်လောက်တောင် မရှင်သန်နိုင်ဘူး။ လူရိုင်းတွေရဲ့ ကျူးကျော်မှု ဒါမှမဟုတ် ရွာလူကြီးနဲ့ ရွာသားတွေထံကနေ အသက်မရှင်နိုင်တဲ့အထိ ညှစ်ထုတ်ခံရတာမျိုးတွေ ကြုံရလိမ့်မယ်။”

ဖမ်းဝမ်က သူတို့အတွက် စိတ်ပူနေမှန်း မော့ကျိုးယွီက သိထားပေမယ့် အခု ဒီအခြေအနေသို့ပင် ရောက်လာခဲ့ပြီဖြစ်သည်။ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့လို အရမ်းစပ်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့လူမျိုးနဲ့ ဘယ်နေရာကို စေလွှတ်ပေးရမလဲဆိုတဲ့ ကိစ္စရပ်အတွက် သူ့အနေနဲ့ ဘယ်လိုမှ ပြေလည်အောင် မကြိုးစားနိုင်ပါဘူး။

“ကျွန်တော်တို့ကို ကြိုပြောပေးလို့ ကျေးဇူးပါပဲ၊ အစ်ကိုကြီးဖမ်း။ ကျွန်တော် အဲဒီကိုရောက်တဲ့အခါ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး လုပ်ဆောင်ပါ့မယ်။”

မော့ချူဟန်ကလည်း ပြောလာခဲ့သည်၊ “ဒါက လူရိုင်းအချို့ပါပဲ။ သူတို့က ပြဿနာတက်အောင် လုပ်ဆောင်နိုင်မယ်လို့ မထင်ဘူး။ အဲဒီမိသားစုတွေက အပြင်လူတွေကို ဖယ်ကျဉ်ထားတယ်၊ အဲ့တာဆိုရင်လည်း ဘာဖြစ်လဲ၊ ငါ့လက်သီးထက် သူတို့က ပိုသန်မာနိုင်ပါ့မလား။”

ဖမ်းဝမ်သည် မော့ချူဟန်ကို ကြည့်လိုက်သည်။

သူသည် မော့မိသားစုမှ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့နှင့် အဆက်အသွယ်အများဆုံးရှိသော်လည်း ဒီအဋ္ဌမသခင်၏ အကြောင်းကိုတော့ အနည်းငယ်သာ သိသည်။

မော့မိသားစုဝင်များတွင် အဋ္ဌမသခင်က အတော်ဆုံး ကိုယ်ခံပညာရှင်ဖြစ်ကြောင်း မြို့တော်ရှိလူတိုင်း သိကြသည်။

တစ်ဖက်လူက သူ့လက်သီးက ပိုပြင်းကြောင်း ပြောလာခဲ့ပြီဆိုကတည်းက သူ့မှာ ဘာမှ ပြောစရာ မရှိတော့ဘူး။ သူ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ခဲ့ပြီးပြီ။

“အဲ့ဒါဆို ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်မပူတော့ဘူး။”

အရင်တုန်းကတော့ ဖမ်းဝမ်က ပြည်နှင်ဒဏ်ပေးခံရသူများကို လွှဲပြောင်းရေးလုပ်ထုံးလုပ်နည်းတွေ ပြီးအောင် လုပ်ဖို့ ဒီက အရာရှိတွေဆီ လွှဲပေးခဲ့ပြီး ဘယ်သူက ဘယ်နေရာမှာ နေရာချပေးခံရတယ်ဆိုတာကို လုံးဝ ဂရုမစိုက်ဘူး။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က မော့မိသားစုတွေကို ပြဿနာရှာမှာကို သူ မစိုးရိမ်ဘူးဆိုရင် သူ ထွက်သွားခဲ့တာ ကြာပါပြီ။

အခုတော့ မော့မိသားစုအတွက် နေရာချထားပေးမှု ပြီးသွားပြီဆိုတော့ သူ ဒီမှာ ဆက်နေဖို့ မလိုအပ်တော့ဘူး။

မော့ကျိုးယွီနှင့် ကျန်သူများကို နှုတ်ဆက်ပြီးနောက်တွင် ဖမ်းဝမ်သည် သူ့လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာလာခဲ့ကြသည်။

ကျိုးလောင်ပါ့သည် မပြန်ခင်မှာ ဟဲကျစ်ယန်ကို စူးစူးနင့်နင့် တစ်ချက်ကြည့်ဖို့ မမေ့ခဲ့ပါဘူး…။

အခန်းထဲတွင်။

ဖန့်မိသားစုနှင့် ရှဲ့မိသားစုများသည် မော့မိသားစုမျာနှင့် စိတ်သဘောထား တစ်ထပ်တည်း တူညီကြောင်းကို လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ မသိခဲ့ပါ။

သူ့အတွေ့အကြုံအရ မော့မိသားစုကဲ့သို့ အခြေအနေနဲ့ အချိန်အခါကို မသိနားမလည်တဲ့လူတွေဟာ ရှားပါးပြီး နှစ်အတော်ကြာမှ တစ်ကြိမ်လောက်သာ ကြုံတွေ့ရတတ်ပါသည်။

အထူးသဖြင့် မော့မိသားစုကို ရှီလင်ကျေးရွာသို့ ပြောင်းရွှေ့အခြေချရန် အမိန့်ချမှတ်ခဲ့သောကြောင့် ရှဲ့မိသားစုနှင့် ဖန့်မိသားစုများသည် ဒါကို သတိပေးချက်အဖြစ် မှတ်ယူလိမ့်မည်ဟု သူထင်ခဲ့သည်။

မထင်မှတ်ဘဲ၊ မိသားစုနှစ်စုထံမှ အကျိုးခံစားခွင့်များတောင်းသောအခါ သူတို့သည် မော့မိသားစုကဲသို့ပင် ပြုမူခဲ့ကြသည်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ဒေါသတကြီးဖြင့် ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့ကိုလည်း ရှီလင်ကျေးရွာမှာ နေရာချပေးဖို့ ချက်ချင်း အမိန့်ပေးခဲ့သည်။

ပုံမှန်အားဖြင့်၊ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် အကျဉ်းသားများအား နေရာချပေးပြီးနောက် သူတို့၏ အိမ်ထောင်စုစာရင်းအသစ် သွင်း၍ မပြီးမချင်း ခြံဝင်းထဲမှာ စောင့်ဆိုင်းစေခဲ့သည်။

သို့သော် ဤအကြိမ်တွင် မိသားစုများစွာသည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့အား အမှန်တကယ် ဒေါသထွက်စေခဲ့သည်။ သူတို့အတွက် အိမ်ထောင်စုစာရင်းများကို ချက်ချင်း မကိုင်တွယ်ဘဲ ခရိုင်တရားသူကြီးမင်း မရှိသေးလို့ဆိုသည့် အကြောင်းပြချက်ဖြင့် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

ရလဒ်အနေဖြင့် မော့မိသားစု၊ ဖန့်မိသားစုနှင့် ရှဲ့မိသားစုအားလုံးသည် တရားမဝင်နေထိုင်သူများ ဖြစ်လာကြသည်။

အိမ်ထောင်စုစာရင်း ဘယ်တော့ ထုတ်ပေးမလဲ ဆိုတာကတော့ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ရဲ့ စိတ်အခြေအနေအပေါ် မူတည်သည်။

သူတို့မိသားစုများသည် တရားရုံးတွင် အရာရှိများဖြစ်ခဲ့ဖူးပြီး အိမ်ထောင်စုစာရင်း မှတ်ပုံတင်ထားခြင်း မရှိသည့် အချက်ကို လက်မခံနိုင်ခဲ့ကြပေ။

သီအိုရီအရ၊ သူတို့သည် ယွင်ချန်မြို့ကနေ ထွက်သွားလို့ မရဘူးဟု ပြောထားတာမို့ သူတို့မှာ အိမ်ထောင်စုစာရင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရေးမကြီးပါ။

သို့သော် ရှီလင်ကျေးရွာသို့ ရောက်ရှိပြီးနောက်တွင် မြေယာအလွတ်များကို ခွဲဝေပေးဖို့နေနေသာသာ အိမ်ကောင်းများကို ခွဲဝေပေးဖို့ဆိုတာက ပိုလို့တောင် မဖြစ်နိုင်ပေ။

ဒီလိုအခြေအနေမျိုးမှာ အိမ်နှင့်မြေကို သီးခြားစီ ဝယ်ယူရမည်ဖြစ်ပြီး ယင်းတို့ကို အိမ်ထောင်စုစာရင်းမပါဘဲ ဘယ်လိုလွှဲပြောင်းပေးနိုင်ပါ့မလဲ။

မော့ချူဟန်သည် အခန်းထဲသို့ အရင်ဆုံး ပြန်လှည့်သွားသူဖြစ်ကာ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည်လည်း သူ့နောက်မှ ထက်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။ ဖန့်ချွမ်ကျိုးနှင့် ရှဲ့ထျန်းဟိုင်တို့သည်လည်း သူတို့၏ မိသားစုဝင်များကိုယ်စား လိုက်သွားခဲ့သည်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် အခုလေးတင် သူ လက်ခံထားသော မိန်းမလှလေး နှစ်ဦးကို တွေ့လို၍ ထွက်ခွာတော့မည်ဖြစ်သည်။

သူ မတ်ထပ်ထရပ်လိုက်သည်နှင့် အပြင်ဘက်မှ တံခါးကို အတင်းတွန်းဖွင့်တာကို တွေ့လိုက်ရသည်။

ဒါကိုမြင်တော့ အရာရှိတွေက သူတို့ကို တားမြစ်ဖို့ တံခါးဆီကို အမြန်လျှောက်လာခဲ့ကြသည်။

“ဘယ်လိုတောင် ရဲရင့်တာလဲ၊ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို စိတ်အနှောင့်အယှက်ပေးရဲတယ်လား။ ဘယ်လို ငမိုက်သားက ဒီလိုလုပ်ရပ်မျိုးကို လုပ်ဆောင်တာလဲ။”

မော့ချူဟန်သည် အပေါ်ယံတွင် အနည်းငယ် အားနည်းနေပုံပေါ်သော်လည်း သူ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ ယခင်ကနှင့် မတူတော့ပေ။

သူသည် လက်တစ်ဖက်ကို မြှောက်ကာ လမ်းပိတ်ထားသော အရာရှိကို ဘေးသို့ အသာတွန်းဖယ်ပြီး တံခါးခုံကို ကျော်နင်းလိုက်သည်။

အရာရှိသည် မမိုက်မဲပေ။ သူ ခံနိုင်ရည်မရှိဘဲ ပေါ့ပေါ့ပါးပါး တွန်းဖယ်ခံလိုက်ရသည့်အချက်အပေါ် အခြေခံ၍ ဒီလူက ကိုယ်ခံပညာရှင်ဖြစ်လိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။

အထူးသဖြင့် တစ်ဖက်လူက ဒေါသတကြီး ဝင်လာခဲ့တယ်ဆိုကတည်း ငါ ရှေ့ကို လှမ်းတက်ခဲ့မယ်ဆိုရင် ဘေးကို အတွန်းခံရလိုက်တာလောက် မရိုးရှင်းနိုင်ဘူး။

ထို့ကြောင့် အရာရှိများသည် ရှေ့သို့ မတက်လာဘဲ ဘေးနားတွင် ရပ်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“မင်းတို့အားလုံး အဲ့နားမှာပဲ အခုချက်ချင်း ရပ်လိုက်။ လက်ထောက်ခရိုင်တရားသူကြီးမင်းကို မနှောင့်ယှက်နဲ့။”

All Chapters