← Chapters

အိမ်ထောင်စုစာရင်း

Vol. 14 Ch. 167

အိမ်ထောင်စုစာရင်း

Vol. 14 Ch. 167

အခြားအရာရှိများသည်လည်း မော့ချူဟန်က မည်မျှ ကြောက်စရာကောင်းသည်ကို မြင်ပေသည်။ သူတို့သည် မော့ချူဟန်အား မတားမြစ်ဝံ့ဘဲ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ထံ လျှောက်သွားခဲ့သည်။

မမျှော်လင့်ဘဲ မော့ကျိုးယွီကလည်း လွယ်လွယ်လေး ရန်စနိုင်တဲ့သူ မဟုတ်ခဲ့ဘူး။ အရာရှိတွေ သူတို့ထံ ချည်းကပ်လာတာကိုမြင်တော့ သူ့နောက်မှ ဟဲကျစ်ယန်ကို အရင်ကာကွယ်ပေးခဲ့ပြီးတော့ မော့ချူဟန်လိုပဲ အဲဒီလူတွေကို ဘေးသို့ တွန်းထုတ်လိုက်သည်။

ယခုတော့ အရာရှိများသည် ညီအစ်ကိုနှစ်ဦးက မည်မျှ အစွမ်းထက်သည် သိရှိသွားခဲ့ကြသည်။ သူတို့ကို တားဆီးရန် မည်သူမျှ ရှေ့မတိုးဝံ့ဘဲ ဘေးမှ အော်ဟစ်ပြီး လူတွေကို ခြောက်လှန့်ဖို့ ကြိုးစားခဲ့ကြသည်။

မော့ညီအစ်ကိုနှစ်ယောက်သည် ဤလူရွှင်တော်နှင့်တူသော အရာရှိများကို ရိုးရှင်းစွာ လျစ်လျူရှုခဲ့ပြီး သူ့လူတွေကို လက်ထောက်ခရိုင်တရားသူကြီးမင်းချွေထံ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ဤမြင်ကွင်းကိုမြင်သောအခါ သူ့အလိုလို နောက်ဖေးတံခါးမှ ခိုးထွက်ဖို့ ရည်ရွယ်ခဲ့သည်။

မော့ချူဟန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လမ်းကို ပိတ်ဆို့လိုက်သည်။

“လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၊ ကျေးဇူးပြုပြီး ရုံးတော်ကနေ မပြန်ခင် ကျွန်တော်တို့ရဲ့ အိမ်ထောင်စုစာရင်းကို အရင်လုပ်ပေးပါဦး။”

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၊ …

သူလည်း သူ့မျက်နှာကို ကယ်တင်ဖို့ လိုအပ်သေးတယ်၊ ဟုတ်ပြီလား။

သို့ရာတွင် မော့ချူဟန်၏ တည်တင်းသော မျက်နှာနှင့် ရင်ဆိုင်ရသောအခါတွင် သူ့ခြေလက်တွေ အေးခဲသွားသလို ခံစားလိုက်ရသည်။

တံခါးဝမှာ မဝံ့မရဲ ရပ်နေတဲ့ သူ့လက်အောက်ငယ်သားတွေ ကြည့်ရင်း ဒေါသအရမ်းထွက်သွားမိသည်။

“မင်းတို့တွေ အဲ့နားမှာ ဘာရပ်လုပ်နေကြတာလဲ။ ဒီလူတွေကို ငါ့အတွက် မြန်မြန် မောင်းထုတ်လိုက်စမ်း။”

ဒါကိုမြင်တော့ အရာရှိတွေက အစမ်းသဘောနဲ့ ရှေ့ကို တိုးလာခဲ့သည်။

ဤတစ်ကြိမ်တွင် သူတို့သည် မော့ကျိုးယွီနှင့် မော့ချူဟန်တို့ကို မရပ်တန့်ဝံ့သည့်အတွက် ဖန့်ချွမ်ကျိုးနှင့် ရှဲ့ထျန်းဟိုင်တို့ကို တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။

သူတို့နှစ်ဦးသည် မူလက ပညာရှင်များဖြစ်ပြီး အရာရှိတွေက သူတို့ကို ဦးတည်တိုက်ခိုက်လာသောအခါတွင် ပြိုင်ဘက်၏ အင်အားအောက် နောက်သို့ ဆုတ်ခွာရုံသာ တတ်နိုင်ခဲ့ကြသည်။

ဖန့်ချွမ်းကျိုးသည်လည်း အနည်းငယ် ဒေါသထွက်သွားသည်။

“ငါ့ကို လွှတ်စမ်း၊ ငါ့မှာ လက်ထောက်ခရိုင်တရားသူကြီးမင်းကို ပြောစရာရှိတယ်။”

အနောက်မှ အသံကိုကြားတော့ မော့ချူဟန်နှင့် မော့ကျိုးယွီတို့သည် တစ်ချိန်တည်း နောက်လှည့်ကြည့်လိုက်ကြသည်။ တကယ်လို့ အရာရှိတွေကသာ ထိုလူနှစ်ဦးကို မလွှတ်ပေးဘူးဆိုရင် သူတို့ကို ပညာပေးဖို့ အသင့်ပင်။

ညီအစ်ကိုနှစ်ယောက်၏ စူးရှသော အကြည့်တွေကို မြင်တော့ အရာရှိများသည် ထိတ်လန့်သွားပြီး ထိုလူနှစ်ယောက်ကို ဆုပ်ကိုင်ထားသည့် လက်များ ချက်ချင်း ပြေလျော့သွားခဲ့သည်။

ဖန့်ချွမ်းကျိုးနှင့် ရှဲ့ထျန်းဟိုင်တို့သည် အရာရှိများ၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားသည် အခြေအနေကို အခွင့်အကောင်းယူကာ မော့ညီအစ်ကိုများနှင့် ဟဲကျစ်ယန်တို့ကို ဒေါသတကြီး ကျော်ဖြတ်ကာ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ရှေ့သို့ လျှောက်သွားကြသည်။

“လက်ထောက်ခရိုင်တရားသူကြီးမင်း၊ ခင်ဗျားက ကျုပ်တို့ကို တမင်အခက်တွေ့စေချင်လို့ အိမ်ထောင်စုစာရင်းကို တမင်သက်သက် မလုပ်ပေးတာမလား။”

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ဒီလူတွေက သူ့ကို ရဲရဲရင့်ရင့် မေးခွန်းထုတ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဒီလိုအဖြစ်မျိုး သူ တစ်ခါမှ မကြုံဖူးဘူး။

ယခုအချိန်တွင် အရာရှိတွေကလည်း အသုံးမဝင်တော့သည့်အပြင် မော့ညီအစ်ကိုက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသဖြင့် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် အနည်းငယ် ကြောက်ရွံ့နေမိသည်။

အမျိုးကောင်းသားတစ်ယောက်ဟာ ဘယ်တော့မှ အရှုံးမပေးတတ်သလို လက်စားချေဖို့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူး။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ လက်လျော့ဖို့ပဲ တတ်နိုင်လိမ့်မည်။

ဒါကိုတွေးပြီး လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် သူ့လည်ချောင်းကိုရှင်းကာ သူ့သဘောထားက အရင်ကထက် ပိုကောင်းလာခဲ့သည်။

“ဒီအရာရှိက ခင်ဗျားတို့ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ခရိုင်တရားသူကြီးမင်းအသစ်ရောက်လာမှသာ ခင်ဗျားတို့ရဲ့ အိမ်ထောင်စုစာရင်းကို စီမံဆောင်ရွက်ပေးနိုင်လိမ့်မယ်။”

သူ့စကားကိုကြားပြီးနောက် ဖန့်ချွမ်ကျိုးနှင့် ရှဲ့ထျန်းဟိုင်တို့သည် တစ်ချိန်တည်း ကဲ့ရဲ့လှောင်ပြောင်ခဲ့ကြသည်။

ရှဲ့ထျန်းဟိုင်က ရှေ့တိုးလာပြီး “ကျုပ်က ပြည်နှင်ဒဏ် ချမှတ်ခံရပေမယ့်လည်း ကျုပ် အရာရှိလုပ်လာတာ ဆယ်စုနှစ်နဲ့ချီရှိခဲ့တယ်။ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျုပ် ကောင်းကောင်းသိတယ်။ လက်ထောက်ခရိုင်တရားသူကြီးမင်းက ကျုပ်တို့ကို တမင်အခက်တွေ့စေဖို့ အိမ်ထောင်စုစာရင်းကို မလုပ်ပေးချင်တာလား။”

ဖန့်ချွမ်ကျိုးကလည်း ထောက်ခံပေးခဲ့သည်၊ “လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က တာ့ရွှင်းတိုင်းပြည်ရဲ့ တရားဝင်ပြဌာန်းထားတဲ့ အမျိုးသားရေးနဲ့ ဥပဒေတွေကို မဖတ်ဖူးတာများလား။

ဥပဒေအရ အိမ်ထောင်စုစာရင်းကို လက်ထောက်ခရိုင်တရားသူကြီးမင်းက ကိုင်တွယ်ပေးသင့်တယ်။ ဒီလို ကိစ္စမျိုးကို ခရိုင်တရားသူကြီးမင်းက ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်ဆိုရင် ခင်ဗျားလို လက်ထောက်ခရိုင်တရားသူကြီးမင်းတွေကို တရားရုံးက ဘာဖြစ်လို့ ခန့်အပ်နေဦးမှာလဲ။”

ဒါတွေက မူလက မော့ကျိုးယွီ ပြောချင်နေတဲ့စကားတွေဖြစ်ပေမယ့် အခု သူ့ဦးလေးနှစ်ယောက် ပြောပြီးသွားပြီဖြစ်လို့ သူက စားပွဲကို ခပ်ပြင်းပြင်း ပုတ်လိုက်သည်။

“ကျုပ် ခင်ဗျားကို မေးမယ်၊ ခင်ဗျား ကျုပ်တို့ကို အိမ်ထောင်စုစာရင်း လုပ်ပေးမှာလား၊ မလုပ်ပေးဘူးလား။”

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ဖန့်ချွမ်ကျိုးနှင့် ရှဲ့ထျန်းဟိုင်တို့၏ စကားကောာင့် အနည်းငယ် အပြစ်ရှိကြောင်း ခံစားမိနေပြီဖြစ်သည်။

တစ်ဖန် မော့ကျိုးယွီကြောင့် ထိတ်လန့်သွားပြန်ကာ သူ့နဖူးမှာ ချက်ချင်းဆိုသလို ချွေးတွေ စိမ့်ထွက်လာခဲ့သည်။

သူ့လက်အောက်ငယ်သားများသည်လည်း လိပ်ကဲ့သို့ ထိတ်လန့်တုန်ယင်နေကြသည်။

သူ လောလောဆယ် မလုပ်ပေးဘူးဟုပြောလိုက်မယ်ဆိုရင် သူ ဒဏ်ရာရမှာ သေချာတယ်လို့ သူ ယုံကြည်မိသည်။

“လုပ်ပေး၊ ဒီအရာရှိက မင်းတို့အတွက် အခုချက်ချင်း လုပ်ပေးမယ်။”

မည်သို့ပင်ဖြစ်စေ ဤလူများသည် နောင်တွင် ယွင်ချန်တွင် နေထိုင်ရမည်ဖြစ်ပြီး သူတို့အား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများစွာရှိသည်။ လက်ထောက်ခရိုင်သူကြီးမင်းချွေ့သည် သူ့ကိုယ်သူ မည်သည့်ဆုံးရှုံးမှုမျိုးကိုမျှ ခံစားခွင့်မပြုနိုင်ဘူး။

လက်ထောက်ခရိုင်သူကြီးမင်းချွေ့သည် သူ့စကားဆုံးသည်နှင့် အထူးပြုလုပ်ထားသည့် အိမ်ထောင်စုစာရင်းစာရွက်အလွတ်တစ်အုပ်ကို အမြန်ထုတ်ကာ လူအများရှေ့တွင် သူတို့၏ အိမ်ထောင်စုစာရင်းပုံစံများကို ရေးမှတ်ကာ တရားဝင်တံဆိပ်တုံး ရိုက်နှိပ်ပေးလိုက်သည်။

လက်ထောက်ခရိုင်သူကြီးမင်းချွေ့ လျှို့ဝှက်ပြဿနာရှာဖို့ပြုလုပ်ခြင်းမှ တားဆီးရန်အတွက် ဖန့်ချွမ်ကျိုးနှင့် ရှဲ့ထျန်းဟိုင်တို့သည် အိမ်ထောင်စုစာရင်းသွင်းခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်ပြီးနောက်တွင် ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း သေချာစစ်ဆေးကြည့်သည်။ သူတို့သည် အိမ်ထောင်စုစာရင်းမှာ ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း သေချာမှ မော့ညီအစ်ကိုနှစ်ဦးအား ခေါင်းညိတ်ပြခဲ့သည်။

လူအချို့သည် သူတို့၏ အိမ်ထောင်စုစာရင်းများကို ကိုင်ဆောင်ကာ အခန်းတွင်းမှ ထွက်လာခဲ့ကြသည်။ မော့ချူဟန်သည် လက်ထောက်ခရိုင်သူကြီးမင်းချွေ့အား စူးစူးရဲရဲ စိုက်ကြည့်နေပြန်သည်။

လက်ထောက်ခရိုင်သူကြီးမင်းချွေ့သည်‌ ချွေးအေးများ စီးကျလာသည်အထိ ထိတ်လန့်သွားပြန်သည်…။

မော့ညီအစ်ကိုများ၏ ခြိမ်းခြောက်မှုကို ခံရပြီးနော်၊ သူတို့အား ရှီလင်ကျေးရွာသို့ ပို့ဆောင်ရန် တာဝန်ကျသော အရာရှိများသည် လမ်းခရီးကို ဦးဆောင်ရန်သာ တာဝန်ရှိသည့် ငုံးများကဲ့သို့ ပြုမူကြပြီး အရင်ကလိုမျိုး သူတို့၏ အာဏာကို ပြသဝံ့ခြင်း မရှိပေ။

အစိုးရရုံးမှ ထွက်လာပြီး သိပ်မကြာခင်မှာပဲ ဟဲကျစ်ယန်သည် ထန်မင်လွေ့က သူ့ကို လမ်းဘေးမှာ မတ်တပ်ရပ်ပြီး လက်ဝှေ့ယမ်းပြနေတာကို တွေ့လိုက်ရသည်။

ဟဲကျစ်ယန်သည် မော့ကျိုးယွီအား တမင်တကာ အသံကျယ်ကျယ်ဖြင့် လှမ်းမေးလိုက်သည်၊ “ယောကျာ်း၊ ရှီလင်းကျေးရွာကို ဘယ်လောက်ဝေးသေးလဲ။”

မော့ကျိုးယွီသည် ထန်မင်လွေ့ကို သူ့မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရသဖြင့် ဟဲကျစ်ယန်က သူတို့လိပ်စာကို ပြောပြရန် စီစဉ်နေသောကြောင့် ဤအရာကို မေးသည်ကို သိလိုက်ရသည်။

ထို့ကြောင့် သူက တမင်အသံကျယ်ပြီး ပြန်ဖြေပေးခဲ့သည်၊ “ရှီလင်ကျေးရွာက ယွင်ချန်ခရိုင်ရဲ့ အနောက်ဘက်စွန်းမှာ ရှိတယ်လို့ ကိုယ်ကြားတယ်။ ဘယ်လောက်ဝေးလဲဆိုတာကိုတော့ ကိုယ်လည်း အတိအကျ မသိဘူး။”

ထန်မင်လွေ့သည် သူတို့နှစ်ယောက် ဘယ်ကိုသွားမယ်ဆိုတာ သူသိကြောင်း ဖော်ပြသည့်အနေဖြင့် အသာအယာ ခေါင်းညိတ်ပြပြီးနောက် ဘာမှမဖြစ်ခဲ့သလိုမျိုး ခေါင်းငုံ့ထားခဲ့သည်။

ရှီလင်ကျေးရွာသည် တာ့ရွှင်းတိုင်းပြည်၏ နယ်စပ်မှင့် အနီးဆုံးနေရာဖြစ်သည့် ယွင်ချန်၏ အနောက်မြောက်ထောင့်တွင် တည်ရှိသည်။

ရှီလင်ဆိုသည့်အမည်အတိုင်းပင် ထိုနေရာတွင် အဆုံးမရှိသောတောင်များနှင့် တောင်ကုန်းများ အဆက်မပြတ် တည်ရှိနေပါသည်။ အဆုံးမဲ့တောင်တန်းများသည် တာ့ရွှင်းတိုင်းပြည်နှင့် လူရိုင်းများကြားတွင် ပိုင်းခြားသော မျဉ်း ဖြစ်လာသည်။

ဤနေရာရှိ တောင်များသည် မတ်စောက်ပြီး လူရိုင်းများ ဖြတ်သန်းရန် မလွယ်ကူသောကြောင့် တာ့ရွှင်းတိုင်းပြည်သည် ထိုနေရာတွင် မြို့ရိုးမဆောက်လုပ်ခဲ့ပေ။

သို့သော် မြေပြင်အနေအထားသည် အန္တရာယ်များသော်လည်း လူရိုင်းများကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

အမှန်တော့ မြို့ကို တိုက်ခိုက်ရတာထက် တောင်ကို ဖြတ်ကျော်ရတာက ပိုလွယ်တယ်။

အမှန်မှာ လူရိုင်းများသည် ၎င်းတို့အား တစ်ချိန်လုံး မနှောင့်ယှက်ဘဲ အငတ်ဘေးကြုံတဲ့အခါ ဒါမှမဟုတ် ဆောင်းရာသီ စားစရာတွေ ပြတ်လပ်သွားတဲ့အခါမျိုးမှာ သူတို့က စွန့်စားဖို့ကိုပဲ ရွေးချယ်ခြင်းသာ ဖြစ်သည်။

ဒါတောင်မှ ဘေးပတ်ဝန်းကျင်က လူတွေအတွက် ဆိုးရွားသော ဆင်းရဲဒုက္ခကို ခံစားရစေသည်။

ဒီလူရိုင်းတွေ ဘယ်အချိန်ရောက်လာမယ်မှန်း မသိတဲ့အတွက်ကြောင့် သူတို့ဟာ အမြဲလိုလို ကြောက်ရွံ့စိတ်တွေနှင့် နေထိုင်နေရသည်။

အရာရှိသည် သူတို့အားလုံးကို တစ်နာရီကျော်ကြာ ခြေလျင်လမ်းလျှောက်လိုက်ပို့ပေးပြီး နောက်ဆုံးတွင် ရှီလင်ကျေးရွာသို့ ရောက်ရှိခဲ့သည်။

အဝေးမှ ရှီလင်ကျေးရွာသည် တောင်ခြေမှာ တည်ရှိသည်။

ယခုအချိန်သည် ဆောင်းရာသီဖြစ်ပြီး ယွင်ချန်မြို့တွင် ဆီးနှင်းများမရှိသေးသော်လည်း တောင်ထိပ်တွင် နှင်းဖြူများ ဖုံးလွှမ်းနေပြီဖြစ်သည်။

ရွာထဲကို မဝင်ခင်မှာ အဆုံးမဲ့ လယ်မြေတွေကို မြင်တွေ့နိုင်သည်။

ရှီလင်ကျေးရွာတွင် စိုက်ပျိုးနိုင်သောမြေများ အများအပြားရှိသည်ကို တွေ့မြင်နိုင်သည်။

ရှီလင်ကျေးရွာရှိ အိမ်များကို ဧရိယာ ( ၃ ) နေရာဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အဆိုပါ အိမ်များသည် ရှီလင်ကျေးရွာမှ ပိုင်ဆိုင်ကြောင်းကို ကြိုတင်မသိခဲ့ပါက ၎င်းတို့မှာ ရွာ ( ၃ ) ရွာဟု အလွယ်တကူ မှားနိုင်မည် ဖြစ်သည်။

မော့ကျိုးယွီက အရာရှိတစ်ဦးကို တားပြီး မေးလိုက်သည်၊ “ဘာဖြစ်လို့ ဒီရွာမှာ အိမ်တွေ ( ၃ ) နေရာ ခွဲပြီး ဆောက်လုပ်ထားတာလဲ။”

အရာရှိများသည် ထုံစံအတိုင်း အကျိုးအမြတ်အချို့ တောင်းယူချင်သော်လည်း မော့ကျိုးယွီ၏ နက်နဲသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသောအခါ ချက်ချင်းဆိုသလို တွန့်ဆုတ်သွားခဲ့သည်။

“အမှန်အတိုင်းပြောရရင် မင်းတို့က လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို စော်ကားခဲ့တာကြောင့် မင်းတို့ ဝိုင်းပယ်ခံရဖို့ ဒီကို တမင်တကာ ပို့လိုက်တာပဲ။

ရှီလင်ကျေးရွာမှာ ချွေ့မိသားစု၊ ကျောက်မိသားစုနဲ့ ကျိုးမိသားစုဆိုတဲ့ မိသားစုကြီး ( ၃ ) စု ရှိတယ်။

ချွေ့မိသားစုဝင်အားလုံးက ကျုပ်တို့ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ရဲ့ ဆွေမျိုးတွေဖြစ်ပြီး ဒီကျေးရွာမှာ အကြီးဆုံးမိသားစုပဲ။

တခြားမိသားစုနှစ်စုက အနည်းငယ် အားနည်းပေမယ့် သူတို့က ဉာဏ်ကောင်းပြီး ချွေ့မိသားစုနဲ့ ဘယ်သောအခါမှ တိုက်ရိုက်ရင်ဆိုင်ခြင်းမရှိတာကြောင့် ဒီကျေးရွာမှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြတယ်။”

ဖမ်းဝမ်သည် ရှီလင်ကျေးရွာ၏ ယေဘုယျ အခြေအနေကို မော့ကျိုးယွီကို သတိပေးထားပြီးဖြစ်သော်လည်း ဤရွာသည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ ဆွေမျိုးများ နေထိုင်သည့် ရွာဖြစ်သည်ကို သူ မသိခဲ့ပါ။

အရာရှိက သူ့ကို မပြောခဲ့ဘူးဆိုရင်၊ မော့ကျိုးယွီသည် ဒီဆက်ဆံရေးအကြောင်းကို တကယ် သိမှာ မဟုတ်ဘူး။

လက်ထောက်တရားသူကြီးမင်းချွေ့သည် သူတို့ကို ရှီလင်ကျေးရွာမှ မိသားစုများစွာက ဝိုင်းပယ်ထားစေချင်ရုံသာမက အရေးအကြီးဆုံးကတော့ ချွေ့မိသားစုဝင်များ၏ သူတို့အပေါ် အရေးယူစေချင်လို့ ရှီလင်ကျေးရွာကို စေလွှတ်လိုက်ပုံရသည်။

All Chapters