← Chapters

ချွေ့မိသားစု၏ ပြဿနာများ ( ၂ )

Vol. 14 Ch. 169

ချွေ့မိသားစု၏ ပြဿနာများ ( ၂ )

Vol. 14 Ch. 169

ထိုအမျိုးသမီးသည် သူစိမ်းသုံးယောက်ကြောင့် ထိတ်လန့်သွားကာ သူမ၏ လက်ထဲရှိ သစ်သားရေပုံးသည် မြေကြီးပေါ်သို့ ထွက်ကျသွားသည်။

နောက်ဆက်တွဲဖြစ်လာတာကတော့ သူမရဲ့ ဒေါသတကြီး မေးခွန်းထုတ်လာခြင်းပါပဲ။

“မင်းတို့ ဘယ်သူတွေလဲ။ မင်းတို့တွေများ ရာရာစစ ငါ့ခြံထဲကို ခိုးဝင်ရဲတယ်လား။”

ဟဲကျစ်ယန်က အေးဆေးတည်ငြိမ်စွာ ပြန်ဖြေပေးခဲ့သည်၊ “ကျွန်မတို့က ရွာလူကြီးချွေ့ကို လာရှာတာပါ။”

ရွာလူကြီးချွေ့ကို ရှာနေကြောင်း အမျိုးသမီးက ကြားသောအခါ သူမသည် သူတို့ကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်လာခဲ့သည်။

“ငါ့ယောက္ခမက နင်တို့ တွေ့ချင်တိုင်း တွေ့နိုင်တဲ့လူမျိုး မဟုတ်ဘူး။”

သူမ ထိုသို့ ပြောနေစဉ်မှာပင် သူမ၏ အကြည့်တွေက တံခါးဆီသို့ အမှတ်မထင် ရောက်သွားခဲ့သည်။

“ငါတို့ခြံတံခါး ပိတ်ထားတယ်။ မင်းတို့ ဘယ်လိုဝင်လာတာလဲ။ သူခိုးတွေလို နံရံပေါ်ကနေ ကျော်ခွဝင်လာတယ်လို့ မပြောနဲ့။”

ထို့နောက် အမျိုးသမီးက “အားလုံး မြန်မြန်လာ၊ ခြံထဲကို သူခိုးဝင်တယ်” ဟု စတင် အော်ဟစ်လေတော့သည်။

မော့ကျိုးယွီနှင့် မော့ချူဟန်တို့သည် လက်တင်းတင်းပိုက်ပြီး မတ်တပ်ရပ်နေကာ တားဖို့ မကြိုးစားဘဲ အော်ဟစ်နေသော အမျိုးသမီးကိုသာ ကြည့်နေခဲ့သည်။

သူမ လုပ်ဆောင်နေသည့်အရာက ရွာလူကြီးချွေ့ကို လှမ်းအော်ခေါ်စေချင်သည့် သူတို့ လိုချင်နေတဲ့ ကိစ္စ အတိအကျပဲလေ။

မကြာခင်မှာပဲ ခြံထဲက တံခါးတွေ တစ်ခုပြီးတစ်ခု ပွင့်လာကာ ယောကျာ်း မိန်းမ တော်တော်များများ ထွက်လာခဲ့သည်။

ထိုအထဲတွင် အစောနတုန်းက တံခါးလာဖွင့်ပေးတဲ့သူလည်း ပါဝင်ပေသည်။

ထိုလူသုံးယောက်ကို မြင်လိုက်ရသောအခါတွင် ထိုလူသည် သိသိသာသာ ဒေါသထွက်သွားသည်။

“မင်းတို့ အရမ်းရဲရင့်တာပဲ၊ ငါတို့ရဲ့ ကိုယ်ပိုင်အိမ်ထဲကို ကျူးကျော်ဖို့ သတ္တိရှိတယ်လား။ ငါ မင်းတို့ကို အခုချက်ချင်း တရားသူကြီးမင်းဆီ ခေါ်သွားမယ်ဆိုတာ မင်း ယုံလိုက်။”

မော့ကျိုးယွီက အေးစက်စွာ ပြုံးလိုက်သည်၊ “တရားသူကြီးမင်းကို တွေ့ရမှာလား။ လက်ထောက်တရားသူကြီးမင်းချွေ့ကို တွေ့ရမှာလား။”

ဒါကိုကြားတော့ ထိုလူက ခဏလောက် ရပ်တန့်သွားပြီးနောက် “မင်း လက်ထောက်တရားသူကြီးမင်းချွေ့ကို ဘယ်လို စော်ကားရဲရတာလဲ” ဟု ဒေါသတကြီး ဆိုလာခဲ့သည်။

ဟဲကျစ်ယန်သည် မော့ညီအစ်ကိုများက စကားပြော သိပ်မတတ်ကြောင်းကို သိသောကြောင့် ရှေ့သို့ လှမ်းရန် အစပြုခဲ့သည်။

“လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က လာဘ်ငွေယူပြီး လူသိရှင်ကြား ဥပဒေကို ဖောက်ဖျက်ရဲတယ်။ သူ အဲဒီရာထူးမှာ ကြာကြာ ဆက်မနေနိုင်မှာ စိုးရတယ်။ ရှင်တို့တွေ မလိုအပ်ဘဲ မငြိစွန်းရအောင် ကျွန်မ စေတနာနဲ့ အကြံပေးတာကို နားထောင်ပါ။”

စကားပြောလာသူက ငယ်ရွယ်ပြီး လှပသော အမျိုးသမီးဖြစ်သည်ကို မြင်သောအခါ ထိုလူက သူမအား လုံးဝ အလေးအနက် မထားပေ။

“မင်း ပါးစပ်ပိတ်ထားစမ်း။ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က ရိုးသားတဲ့ အရာရှိတစ်ယောက်ပါ။ မင်း ဒီလို မိုက်မဲတဲ့ စကားမျိုးကို ဘယ်လိုပြောရဲရတာလဲ။”

ထိုလူနှင့် ( ၇၀ ) ရာခိုင်နှုန်းခန့် ဆင်တူသည့် လူငယ်လေးသည် ပေါက်ပြားကို ကိုင်ဆောင်ကာ သူတို့ဆီ လျှောက်လာခဲ့သည်။

“ဒါက ချွေ့မိသားစုရဲ့ နယ်မြေပဲ။ ဒီကနေ အခုချက်ချင်း ထွက်သွားပါ၊ မဟုတ်ရင် ကျုပ်တို့ မယဉ်ကျေးတဲ့အတွက် အပြစ်မတင်ကြနဲ့။”

သူစကားပြောနေစဉ်တွင်မှာပင် အဆိုပါ လူငယ်လေးသည် ပေါက်ပြားကို မြှောက်ထားပြီး ရှေ့တွင် ရပ်နေသော ဟဲကျစ်ယန်၏ အပေါ်ကို ပေါက်ပြားမိုးထားခဲ့သည်။

ဟဲကျစ်ယန်သည် ပြန်လည်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း သူမ လှုပ်ရှားဖို့ ကြံစည်သည်နှင့် တပြိုင်နက် မော့ကျိုးယွီသည် သူမ၏ ခါးကို ဆွဲကိုင်ကာ ဘေးသို့ ဆွဲဖယ်လိုက်သည်။

မော့ချူဟန်က သူ့ခြေထောက်ကို မြှောက်ပြီး ထိုလူ၏ ပေါက်ပြားကို ကန်ထုတ်လိုက်လေရာ တော်တော်ဝေးဝေးကို လွှင့်စင်ကျသွားပြီး မြေကြီးထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးစိုက်သွားခဲ့သည်။

ထို့နောက် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ အခုတုန်းက အမျိုးသမီး မြေကြီးပေါ်သို့ ထွက်ကျသွားသော ရေဇလားပေါ်သို့ ဆောင့်နင်းချလိုက်သည်။

ရေဇလားက ချက်ချင်းဆိုသလို ကွဲကြေသွားခဲ့သည်…။

ချွေ့မိသားစုဝင်များသည် မော့ချူဟန်၏ စွမ်းရည်ကြောင့် ရုတ်တရက် ထိတ်လန့်သွားကြသည်။

အထူးသဖြင့် တစ်ယောက်ယောက်ကို ထိဖို့ ပေါက်ပြားကို ကိုင်မြှောက်တဲ့သူက ပေါက်ပြားကို လုယူခံရတဲ့ ကိုယ်ဟန်အနေအထားအတိုင်းပဲ ဆက်ရှိနေခဲ့သည်။

တကယ်တော့ မော့ချူဟန်ဟာ သူ လှုပ်ရှားလိုက်ချိန်မှာ သူ့ခွန်အားကို တမင်တကာ ထိန်းချုပ်ခဲ့ပေသည်။ သူတို့အားလုံး အခုမှ ဒီရွာကို ရောက်လာတာဖြစ်သည့်အပြင် သူတို့ရဲ့ ထူးခြားတဲ့ အထောက်အထားတွေ ရှိနေတဲ့အတွက် သူ အရမ်းကြီး ဘာမှ မလုပ်ချင်ဘူး။

ဒီလိုမှမဟုတ်ရင် အခု လက်ရှိ လူနှစ်ယောက်စလုံး ငရဲပြည်ကို ရောက်နေတာကြာပြီ။

သူ့လုပ်ရပ်က သူတို့ကို ဟန့်တားဖို့ အထောက်အကူပြုသည်။ ထိုလူက သူ့နောက်တွင်ရှိသည့် အသက် ( ၁၃ ) နှစ်၊ ( ၁၄ ) နှစ်အရွယ်ခန့် ကောင်လေးကို ချက်ချင်း ညွှန်ကြားလိုက်သည်။

“ဝမ်ချမ့်၊ မင်းအဘိုးနဲ့ ဦးလေးတွေကို မြန်မြန်သွားခေါ်ချေ။”

ချွေ့ဝမ်ချမ့်သည် ဘာမှ မတုံ့ပြန်ဘဲ နောက်လှည့်ပြီး အိမ်နောက်ဖေးသို့ ပြေးသွားခဲ့သည်။

မော့ချူဟန်က ခြံအလယ်မှာ ရပ်နေပြီး မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့က သူ့အနောက်မှာ ရပ်နေကာ သူတို့၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာကိုမျှ မမြင်ရပေ။

အမွှေးတိုင်တစ်တိုင်ကုန်စာအချိန်လောက်ကြာတော့ အသက် ( ၆၀ ) ကျော် ( ၇၀ ) လောက်ရှိပုံရတဲ့ အဘိုးကြီးတစ်ယောက်က အမျိုးသား၊ အမျိုးသမီး၊ လူငယ်လူရွယ်တွေ ဝိုင်းရံပြီး ရောက်ရှိလာသည်။

ရွာလူကြီးချွေ့သည် ခြံဝင်းအတွင်းရှိ ကျိုးပဲ့နေသော သစ်သားရေဇလားကို ဦးစွာ စိုက်ကြည့်ပြီးနောက် မြေကြီးပေါ်တွင် တစ်ပေကျော်ကျော် နစ်ဝင်နေသည့် ပေါက်ပြားကိုလည်း ကြည့်လိုက်သည်။

“မင်းလင်း၊ မင်းရှန်း ဒီမှာ ဘာဖြစ်သွားတာလဲ။”

ရွာလူကြီးချွေ့ ရောက်လာတာကိုမြင်တော့ ချွေ့မင်းလင်းနှင့် ချွေ့မင်းရှန်းတို့ဟာ သူတို့ရဲ့ ကျောက်ထောက်နောက်ခံကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

နှစ်ယောက်သား ရွာလူကြီးချွေ့၏ တစ်ဖက်စီသို့ ချက်ချင်း ရောက်သွားကြသည်။

“အဖေ သူတို့က ရှီလင်ကျေးရွာမှာ အခြေချနေထိုင်သူအဖြစ် စာရင်းသွင်းဖို့ အစိုးရက စေလွှတ်လိုက်တဲ့ ပြည်နှင်ဒဏ်ပေးခံရတဲ့သူတွေပါ။ ကျွန်တော်က အဖေ နေမကောင်းလို့ မနက်ဖြန်ကျမှ သူတို့အတွက် အိမ်ရာစီစဉ်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ဒီအရိုင်းအစိုင်းလူတွေက တံတိုင်းကိုကျော်တက်ပြီး ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို ဖျက်စီးလိမ့်မယ်လို့ ဘယ်သူ ထင်မိမှာလဲ။”

ချွေ့မင်းလင်းက သူရှင်းပြနေစဉ် မော့မိသားစုမှ လူသုံးယောက်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

သူ့အကြည့်တွေကနေတစ်ဆင့် သူပြောလိုသည့် အဓိပ္ပါယ်က - ရှီလင်ကျေးရွာရဲ့ ရွာလူကြီးကို တွေ့ချင်နေတာမလား။ အခု ရောက်နေပြီလေ။ မင်းတို့ ရွာလူကြီးကို စော်ကားရင် နောင်အနာဂတ်မှာ နေ့ရက်ကောင်းတွေ ရှိလာဖို့ မမျှော်လင့်နဲ့တော့။

သို့သော် မော့ညီအစ်ကိုများနှင့် ဟဲကျစ်ယန်တို့က ချွေ့မင်းလင်း၏ အကြည့်တွေကို လုံးဝ လျစ်လျူရှုထားခဲ့သည်။

မော့ချူဟန်က အေးစက်စွာ ပြောခဲ့သည်၊ “ဒီနေ့ ကျုပ်တို့အတွက် အိမ်ရာတွေ စီစဉ်ပေးနိုင်မလားလို့ ရွာလူကြီးချွေ့ကို ကျုပ် မေးချင်တယ်။”

ရွာလူကြီးချွေ့သည် လူတွေရဲ့ မျက်နှာရိပ်မျက်နှာကဲကို မဖတ်နိုင်သော သူ့သားနှစ်ယောက်နှင့် မတူပေ။

သူက မော့ချူဟန်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီလူဟာ ရန်စဖို့ မလွယ်ကူသူဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။

ရွာလူကြီးချွေ့သည် သူ့ကို အာလူးပူပူပေးလာတဲ့ သူ့တူလေးကို တိတ်တဆိတ် မကျိန်ဆဲဘဲ မနေနိုင်ပေ။

ဘာပြောရမှန်းမသိသဖြင့် ရွာလူကြီးချွေ့၏ မျက်နှာသည် စိမ်းသွားခဲ့သည်။

သူက အကြိမ် အနည်းငယ် ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး မော့ချူဟန်ကို ဦးတည်ပြောလာခဲ့သည်၊ “ထုံးစံအတိုင်း မင်းတို့အတွက် ဒီနေ့ချက်ချင်း အိမ်ရာတွေ စီစဉ်ပေးသင့်တာ မှန်တယ်။ ဒါပေမယ့် တောင်ခြေက အိမ်တွေက လူမနေတာကြာတော့ ပြိုကျပျက်စီးနေပြီး လူမနေနိုင်တော့ဘူး။ မနက်ဖြန်ကျမှ အိမ်ရာတွေကို ပြင်ဆင်ပြီးနောက်ပိုင်း မင်းတို့ အိမ်ပြောင်းနေထိုင်ကြပေါ့။”

“ဒါဆို ကျုပ်တို့ ဒီည ရွာလူကြီးကိုပဲ ပြဿနာများစေမိပြီ။”

မော့ချူဟန်သည် ထိုသို့ပြောပြီးသည်နှင့် အိမ်ဝင်းတံခါးဝနှင့် မျက်နှာချင်းဆိုင် အိမ်ထဲသို့ လှမ်းဝင်ရန် ပြင်ဆင်လိုက်သည်။

မော့ကျိုးယွီသည် သူ့အဋ္ဌမအစ်ကိုရဲ့ အရမ်းအရှက်ကင်းမဲ့သည့်လုပ်ရပ်ကို ပထမဆုံးအကြိမ် မြင်ဖူးသော်လည်း ၎င်းမှာ သူလိုချင်သည့်အတိုင်းသာ ဖြစ်သည်။

သူလည်း ဟဲကျစ်ယန်ကို ဆွဲပြီး ချွေ့မိသားစုရှေ့တွင် သူတို့အိမ်ထဲသို့ဝင်ရန် ရည်ရွယ်ကာ မော့ချူဟန်၏ နောက်သို့ လိုက်သွားခဲ့သည်။

ဒါကိုမြင်တော့ ချွေ့မင်းရှန်းက သူတို့ရဲ့ ရှေ့မှာ လမ်းပိတ်ရပ်လိုက်သည်။

“မင်းတို့ ဘာလုပ်နေတာလဲ။”

မော့ချူဟန်က ခွန်အားအများကြီးကို အသုံးပြုလိုက်ပုံမပေါ်ဘဲ သူ့လက်ကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်ပြီး‌ ချွေ့မင်းရှန်းကို ဘေးသို့ တွန်းဖယ်လိုက်သည်။

“ဒါပေါ့၊ ကျုပ်တို့ ဒီမှာ တစ်ည တည်းခိုမလို့လေ။”

သူက ခဏနားပြီးနောက် ခေါင်းကိုလှည့်ကာ တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။

“ဒါနဲ့ စကားမစပ်၊ အပြင်မှာ ကျုပ်တို့ရဲ့ မိသားစုဝင်တွေ အများကြီး ရှိသေးတယ်။ ကျုပ် သူတို့ကို သွားခေါ်လိုက်ဦးမယ်။”

သူက ထိုသို့ပြောရင်း မော့ချူဟန်က တံခါးဆီသို့ လျှောက်သွားဟန်ဆောင်သည်။

ရွာလူကြီးချွေ့က ဒါကို လုံးဝ သည်းမခံနိုင်တော့ဘူး။

“အဲ့နေရာမှာ အခုချက်ချင်း ရပ်။”

မော့ချူဟန်သည် သူ့ခြေလှမ်းတွေကို ခေတ္တရပ်တန့်ပြီး ရွာလူကြီးချွေ့ကို ခပ်ယောင်ယောင် ပြုံးပြလိုက်သည်။

“ဘာဖြစ်လို့လဲ၊ ရွာလူကြီးချွေ့က ကျုပ်တို့အတွက် အခန်းအသစ်တွေ ပြင်ဆင်ပေးဖို့ စီစဉ်မလို့လား။”

“မင်း…”

ရွာလူကြီးချွေ့သည် ဒေါသအရမ်းထွက်ပြီး မျက်နှာပြာသွားကာ ဘာပြန်ပြောရမှန်းတောင် မသိတော့ပါ။

သူက ကြိမ်ဖန်များစွာ ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး မော့ချူဟန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆူပူကြိမ်းမောင်းလေသည်၊ “ဒါက ချွေ့မိသားစုရဲ့ နယ်မြေပဲ။ မင်းတို့လို အပြင်လူတွေ ဒီကို လာပြီး ပြဿနာလာရှာရဲတာ ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ။”

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် မော့ချူဟန်က ချွေ့မိသားစုအား လှည့်စားနေသည်ကိုမြင်တော့ စိတ်ထဲမှာ ကြိတ်ရယ်နေခဲ့သည်။

နောက်ဆုံးမှာတော့ ရွာလူကြီးချွေ့ စိတ်မထိန်းနိုင်တော့တာကိုမြင်လိုက်ရသဖြင့် အမှန်တကယ် ပွဲစတော့မည်ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

မော့ချူဟန်သည် ဤမျှ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သဖြင့် မော့မိသားစုအတွက် မျက်နှာကောင်းရရှိစေခဲ့သည်။

ဒီလိုနဲ့ သူတို့နှစ်ယောက်သား မော့ချူဟန်ရဲ့ အနားကို ရောက်သွားကြသည်။ မော့ကျိုးယွီက အေးတိအေးစက် မျက်နှာထားနှင့် ပြောလိုက်သည်၊ “ရွာလူကြီးချွေ့က ကျုပ်တို့ကို နေရာထိုင်ခင်းမပေးချင်ဘူးဆိုရင်တော့ ကျုပ်တို့အတွက် အိမ်ရာကို အခုချက်ချင်း စီစဉ်ပေးပါ၊ မဟုတ်ရင်တော့…”

သူတို့တစ်မိသားစုလုံး ချွေ့မိသားစုအိမ်မှာ တစ်ညဝင်အိပ်တာကို အပြစ်မတင်နဲ့။

ရွာလူကြီးချွေ့သည် အသစ်ရောက်လာသူတိုင်းက အလွန်မောက်မာကြသည်ကိုမြင်တော့ ရုတ်တရက် အနည်းငယ် မသေချာမရေရာသလို ခံစားလိုက်ရသည်။

All Chapters