စကြာဝဠာခေတ်ဆယ်ခေတ်တွင် တာဝန်တစ်ခု...
Vol. 59 Ch. 846
" ဒါက ကံကောင်းလို့ပါပဲ။ " လင်းယွမ်က လမ်းစဉ်တစ်သောင်းမျက်လုံး၏ အဓိပ္ပါယ်ကို နားလည်သောကြောင့် ခေါင်းခါပြီး ပြောလိုက်သည်။
" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖန်တီးတာ ကံကောင်းရုံနဲ့မရဘူး။ အထူးသဖြင့် မင်းဖန်တီးထားတဲ့ လမ်းစဉ်ဆိုရင်ပေါ့။ အဲ့ဒါရဲ့ လမ်းစဉ်ခွဲတစ်ခုက ဖရိုဖရဲအဆင့်ကို ရောက်နိုင်မယ့် အလားအလာတွေရှိနေတယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောသည်။
လမ်းစဉ်ခွဲများပင် ဖရိုဖရဲအဆင့် အလားအလာရှိနေလျှင် လင်းယွမ်၏ ပင်မလမ်းစဉ်ဆိုလျှင် စဉ်းစားကြည့်နိုင်သည်။ လမ်းစဉ်တစ်သောင်းမျက်လုံး၏ တည်ရှိမှုအနေဖြင့် အခြားသူများကို မြှောက်ပင့်ပြောဆိုစရာမလိုပေ။ ၎င်း၏ အသိအမှတ်ပြုမှုနှင့် ချီးကျူးမှုများက ထိုသူမှာ အမှန်တကယ်ထိုက်တန်သောကြောင့် ဖြစ်သည်။
" ကောင်းပြီ။ အခု အဓိကကိစ္စကို ပြောကြရအောင်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ " မင်းရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ဖို့ ငါ့ရဲ့ လမ်းစဉ်တစ်သောင်းခန်းမကို အသုံးချချင်တယ်ဆိုရင် ရပါတယ်။ ဒါပေမယ့် အခြေအနေတွေတော့ ရှိတယ်။ "
" ပြောပါ။ " လင်းယွမ်က အံ့ဩခြင်းမရှိပေ။
စကြာဝဠာထဲတွင် လင်းယွမ်က လူသားမျိုးနွယ်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်နိုင်ခြင်းမှာ သူကိုယ်တိုင်က လူသားမျိုးနွယ်မှ ဖြစ်သောကြောင့် ဖြစ်သည်။ လင်းယွမ်က လမ်းစဉ်တစ်သောင်းခန်းမနှင့် ပက်သက်မှုမရှိပေ။
သူက အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်ရန် သူ၏ လမ်းစဉ်ကို ဖြန့်ကျက်ရန်အတွက် သူတို့၏ အင်အားကို အသုံးချလိုလျှင် တန်ဖိုးတစ်ခုတော့ ပေးရပေလိမ့်မည်။
" ဒါက ရိုးရှင်းပါတယ်။ အခုလောလောဆယ်တော့ မင်းစိတ်ပူစရာမလိုသေးဘူး။ မင်း ဖရိုဖရဲအဆင့် အထွတ်အထိပ်ကို ရောက်ပြီးတဲ့နောက် စကြာဝဠာခေတ် ၁၀ ခေတ်တိုင်းမှာ ငါတို့လမ်းစဉ်တစ်သောင်းခန်းမအတွက် တာဝန်တစ်ခု ထမ်းဆောင်ပေးရမယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။
" စကြာဝဠာခေတ် ၁၀ ခေတ်တိုင်းမှာ တာဝန်တစ်ခု ထမ်းဆောင်ရမယ်။ " လင်းယွမ်က လမ်းစဉ်တစ်သောင်းမျက်လုံးကို ပြန်လည်ကြည့်ရှုလိုက်သည်။
ထိုတောင်းဆိုချက်၏ အဓိကအချက်မှာ လင်းယွမ်က ပထမဆုံး ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် လိုအပ်သည်။ အခြားသူများက ထိုအချက်ကို ကြားလျှင် တွေဝေခြင်းမရှိဘဲ သေချာပေါက် သဘောတူကြပေလိမ့်မည်။
အကြောင်းမှာ ဖရိုဖရဲအရှင်သခင်များအတွက်ပင် ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် လုံးဝမသေချာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လမ်းစဉ်တစ်သောင်းမျက်လုံး၏ တောင်းဆိုချက်မှာ လွန်ကဲသည်ဟု မဆိုနိုင်ပေ။
သို့သော် လင်းယွမ်အတွက် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါးတို့၏ အကူအညီဖြင့် သူက အလွှာဆယ့်သုံးသို့ တက်လှမ်းမည်ဟု မသေချာသော်လည်း ဖရိုဖရဲအဆင့် အထွတ်အထိပ်က အချိန်ပေးရန်သာ လိုအပ်သည်။
လက်ရှိ လင်းယွမ်က လွှမ်းမိုးခြင်းအဆင့်သို့ မတက်လှမ်းရသေးသည့် အကြောင်းရင်းမှာလည်း သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အထွတ်အထိပ်သို့ ရောက်အောင် စောင့်ဆိုင်းနေသောကြောင့်သာဖြစ်သည်။
လွှမ်းမိုးခြင်းအဆင့်မှ ဖရိုဖရဲအဆင့်သို့ တက်လှမ်းရန်လည်း လင်းယွမ်က လိုအပ်ချက်အများစုကို ပြည့်မီပြီးသားဖြစ်သည်။ ထို့အပြင် ရင်းမြစ်ကမ္ဘာကို ဆင်းသက်ခြင်းလည်းရှိနေသည်။ လင်းယွမ်အတွက် ဖရိုဖရဲအဆင့်သို့ တက်လှမ်းခြင်းက ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ပေ။
ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခြင်းအတွက် လင်းယွမ်က ဖရိုဖရဲနိယာမကို အခြေခံ၍ သက်ဆိုင်ရာ ဖရိုဖရဲတာအိုကို ဆင့်ကဲပြောင်းလဲစေသည့် နည်းလမ်းအား ရင်းမြစ်ကမ္ဘာတွင် ရှာတွေ့ပြီးသားဖြစ်သည်။
" စကြာဝဠာခေတ် ၁၀ခေတ်တိုင်းမှာ လမ်းစဉ်တစ်သောင်းခန်းမအတွက် ဘယ်လိုတာဝန်ပဲဖြစ်ဖြစ်လား။ " လင်းယွမ်က သိလိုစိတ်နှင့် မေးလိုက်သည်။ အကယ်၍ လမ်းစဉ်တစ်သောင်းခန်းမက သူ့ကို အသက်အန္တရာယ်ရှိသောနေရာသို့ သွားခိုင်းလျှင် ဘယ်လိုလုပ်မလဲ။
" စိတ်ချပါ။ မင်းအောင်မြင်ဖို့ ယုံကြည်ချက်မရှိတဲ့ တာဝန်မျိုးကို မခိုင်းပါဘူး။ ထိုက်တန်တဲ့ အခကြေးငွေးကိုလည်း ပေးဦးမှာပါ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ဆက်ပြောလိုက်သည်။ " ပြီးတော့ တာဝန်တစ်ခု ကျရှုံးခဲ့ရင်လည်း အတင်းအကျပ် ဆက်လုပ်ခိုင်းမှာမဟုတ်ဘူး။ "
အကယ်၍ လင်းယွမ်ကသာ ဖရိုဖရဲအဆင့် ထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လျှင် လမ်းစဉ်တစ်သောင်း မျက်လုံးကလည်း သူ့ကို အတင်းအကျပ် ဖိအားပေးမည်မဟုတ်ပေ။ ၎င်းကို ကြားသောအခါ လင်းယွမ်ကလည်း စဉ်းစားနေသည်။
ပထမဆုံး တာဝန်ပြီးဆုံးလျှင် အခကြေးငွေပေးမည်ဟူသော ကတိက လင်းယွမ်ကို အနည်းငယ် ကျေနပ်စေသည်။ သူက တာဝန်ကို မကြောက်သော်လည်း အကျိုးအမြတ်မရှိသော အလုပ်ကို မလုပ်ချင်ပေ။ ထို့အပြင် တာဝန်ကျရှုံးခဲ့ပြီး အောင်မြင်ရန် မဖြစ်နိုင်ကြောင်း သေချာလျှင် ထပ်မံဖိအားမပေးခြင်းက လင်းယွမ်ကို စိတ်အေးစေသည်။
အရေးကြီးဆုံးအချက်မှာ လမ်းစဉ်တစ်သောင်းမျက်လုံး၏ လိုအပ်ချက်မှာ စကြာဝဠာခေတ် ဆယ်ခေတ်တွင်မှ တာဝန်တစ်ခုသာ ဖြစ်သည်။ လင်းယွမ်မွေးဖွားချိန်မှ ယခုအချိန်ထိ ကမ္ဘာအသီးသီးသို့ ဆင်းသက်ခဲ့သည့် အချိန်အားလုံးပေါင်းလျှင်တောင် သူ၏ စုစုပေါင်း သက်တမ်းမှာ နှစ်ပေါင်းတစ်သောင်းပင် မပြည့်သေးပေ။ လင်းယွမ်အတွက် စကြာဝဠာခေတ် ဆယ်ခေတ်က စိတ်ကူးကြည့်ရန်ပင် ရှည်လျားလှသည်။
" သဘောတူတယ်။ " လင်းယွမ်က သေချာစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။
" ကောင်းပြီ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြန်ပြောလိုက်သည်။
" စလိုက်ကြရအောင်။ " လမ်းစဉ်တစ်သောင်းမျက်လုံး၏ ရှေ့တွင် ရွှေရောင်စာလိပ်တစ်ခု ပေါ်လာခဲ့သည်။
စာလိပ်ပေါ်တွင် သင်္ကေတများစွာ ရှိနေပြီး လင်းယွမ်က ၎င်းတို့ကို နားမလည်သော်လည်း အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။ ၎င်းမှာ လမ်းစဉ်တစ်သောင်းမျက်လုံး ပြောခဲ့သည့် စည်းကမ်းချက်များပင် ဖြစ်သည်။
လမ်းစဉ်တစ်သောင်းခန်းမက လင်းယွမ်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ရန် ကူညီရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် လင်းယွမ်က ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်လျှင် စကြာဝဠာခေတ် ဆယ်ခေတ်ကြာတိုင်း သူတို့အတွက် တာဝန်တစ်ခု ထမ်းဆောင်ပေးရမည်ဖြစ်သည်။
စာလိပ်ထဲတွင် အတင့်အကျပ်စေခိုင်းခြင်းမပြုရန်နှင့် အခကြေးငွေ ပေးဆောင်ရန် စသည့်ကန့်သတ်ချက်များကို တိကျစွာ ဖော်ပြထားသည်။ လင်းယွမ်က စာလိပ်ကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။
" ပြဿနာမရှိရင် စိတ်ဝိညာဉ်အမျှင်တစ်ခုကို ထုတ်ပြီး စာလိပ်ကို တံဆိပ်ခတ်လိုက်ပါ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။
ရွှေရောင်စာလိပ်၏ စည်းကမ်းချက်များကို ချိုးဖောက်၍မရနိုင်ပေ။ ဖရိုဖရဲအဆင့် အထွတ်အထိပ်ရှိသူပင် ၎င်းကို ချိုးဖောက်လျှင် ဒဏ်ရာအပြင်းအထန် ရရှိမည်ဖြစ်ပြီး အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးအားလုံး ဆုံးရှုံးရပေလိမ့်မည်။
" ခဏနေဦး။ " လင်းယွမ်က ခဏတွန့်ဆုတ်သွားပြီး မေးလိုက်သည်။ " ကျူပ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ဖို့ ကူညီတဲ့ နေရာမှာ ဘယ်လိုကန့်သတ်ချက်တွေ ရှိသလဲ။ လမ်းစဉ်တစ်ခုအတွက်ပဲလား။ "
အကယ်၍ ကူညီခြင်းမှာ သေခြင်းရှင်ခြင်းသိုင်းတာအိုလမ်းစဉ် တစ်ခုတည်းအတွက် ဖြစ်လျှင် စာလိပ်ပေါ်မှ စည်းကမ်းချက်များက မျှတမှုမရှိပေ။ လမ်းစဉ်တစ်ခုတည်ဆိုလျှင် အလွှာဆယ့်နှစ် တစ်ယောက်သာ ထွက်ပေါ်လာနိုင်ပြီး လင်းယွမ်အတွက် များစွာ အထောက်အကူဖြစ်မည်မဟုတ်ပေ။
" တစ်ခုတည်းဘယ်ဟုတ်ပါ့မလဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။
" မင်းရဲ့ အဆင့်က တိုးတက်လာလို့ နောက်ထပ် လမ်းစဉ်ခွဲတွေ ဖန်တီးနိုင်ခဲ့ရင် လမ်းစဉ်တစ်သောင်းခန်းမက အဲ့ဒါတွေကို ဖြန့်ဝေပေးမယ်။ "
" ဒါဆို ကောင်းပြီ။ " လင်းယွမ်က စိတ်အေးသွားသည်။ " အနာဂတ်ထိ စောင့်စရာမလိုဘူး။ ကျုပ်မှာ လမ်းစဉ်ခွဲတော်တော်များများ ရှိနေပြီ။ "
" အို " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို စိတ်ဝင်တစားကြည့်လိုက်သည်။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့်သို့ ရောက်နိုင်သော အလားအလာရှိသည့် လမ်းစဉ်ခွဲတစ်ခုကို ဖန်တီးနိုင်ခြင်းကပင် ထူးကဲလှပြီဖြစ်သည်။ ထို့ကြောင့် လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်နိုင်လိမ့်မည်ဟု သတ်မှတ်ခဲ့သည်။
" မင်းက လမ်းစဉ်ခွဲဘယ်နှစ်ခုလောက် ဖွင့်ထားတာလဲ။ " လမ်းစဉ်တစ်သောင်းခန်းမက လင်းယွမ်မလိမ်သည်ကို နားလည်ပေသည်။
" လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နဲ့ လမ်းစဉ်ခွဲတစ်ခုထက်ပိုပြီး ဖန်တီးနိုင်တာက အံ့ဩစရာပဲ။ အခြားလမ်းစဉ်ခွဲတွေရဲ့ အလားအလာက လွှမ်းမိုးခြင်းအဆင့်ကို မရောက်နိုင်ရင်တောင် ပင်မဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ကျယ်ပြန့်မှုကို သက်သေပြနေတာပဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ကျေနပ်သွားသည်။
" ငါ ဒီတစ်ခါ ရတနာတစ်ခုကို ရှာတွေ့ခဲ့တာလား။ ဒီလောက် ကြောက်စရာကောင်းတဲ့ အလားအလာရှိတဲ့ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် တည်ရှိမှုမျိုးကို စကြာဝဠာခေတ်အများကြီးမှာတောင် မတွေ့ခဲ့ရဘူး။ "
ဖရိုဖရဲအဆင့် အထွတ်အထိပ်မှာပင် ဖရိုဖရဲမဟာသူတော်စင်နှင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များဟူ၍ ကွဲပြားမှုရှိသည်။ အကယ်၍ လင်းယွမ်၏ ပင်မဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်မှာပင် လမ်းစဉ်ခွဲများစွာကို ဖန်တီးပေးနိုင်လျှင် သူက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ပါး ဖြစ်လာရန် အခွင့်အလမ်း အလွန်များကြောင်း ညွှန်ပြနေသည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်များက ဖရိုဖရဲဟင်းလင်းပြင်မှာပင် အလွန်ရှားပါးသည်။ လမ်းစဉ်တစ်သောင်းခန်းမအတွက် ထိုကဲ့သို့သော တည်ရှိမှုမျိုးကို တွေ့ရခြင်းမှာ အလွန်ခက်ခဲသောကိစ္စဖြစ်သည်။
" အချို့တော့ရှိပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ယခုအချိန်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အခြေခံထားသည့် လမ်းစဉ်ခွဲ ၃၆၁ခုကို ဖန်တီးထားခဲ့ပြီဖြစ်သည်။ ၎င်းတို့အနက် ၉၉ ခုမှာ ပြည့်စုံသွားပြီဖြစ်ပြီး လူသားမျိုးနွယ်အတွင်း.ုဖန့်ကျက်ထားသည်။
ကျန်ရှိသော လမ်းစဉ်ခွဲ နှစ်ရာသုံးရာက ဖန်တီးထားပြီဖြစ်သော်လည်း ပြည့်စုံအောင်ဖန်တီးနိုင်ခြင်းမရှိသေးပေ။ သို့သော် ကြီးမားသော ပြဿနာမရှိဘဲ လေ့ကျင့်ရန် ပြဿနာမရှိပေ။
" အားလုံးဒီမှာပါ။ " လင်းယွမ်က သူ၏ လ်ကို ဝှေ့ရမ်းလိုက်ပြီး ကျောက်စိမ်းစာလိပ် သုံးရာကျော် ထွက်ပေါ်လာသည်။
လမ်းစဉ်ခွဲ ၃၆၁ခုအနက် လင်းယွမ်က လူသားမျိုးနွယ် ကြီးမြတ်သူကိုးယောက်၏ လမ်းစဉ်ခွဲကိုးခုမှလွဲ၍ လင်းယွမ်က ကျန်သည်များကို တင်ပြလိုက်ခြင်းဖြစ်သည်။