← Chapters

အချိန်လေဟာနယ်နယ်ပယ်...

Vol. 59 Ch. 849

အချိန်လေဟာနယ်နယ်ပယ်...

Vol. 59 Ch. 849

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကနေ ဖွင့်လှစ်ထားတဲ့ လမ်းစဉ်ခွဲအရေအတွက်က တစ်သောင်းမျက်လုံးကို တုန်လှုပ်စေဖို့တောင် လုံလောက်တယ်။ " လင်းယွမ်က စဉ်းစားနေသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူဖြတ်သန်းခဲ့သော ကမ္ဘာများနှင့် ခရီးတစ်လျှောက် ဖော်ထုတ်ခဲ့သော လမ်းစဉ်တစ်ခုဖြစ်သည်။ ၎င်းက နိယာမများ၏ အနှစ်သာရကို ဖော်ပြနိုင်မှုတို့နှင့် စုစည်းနိုင်မှုတို့မှာ အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် များစွာ သာလွန်သည်။

ထိုအချက်ကြောင့်ပင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ဖြင့် လမ်းစဉ်ခွဲများစွာကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ မတူညီသော ဒိုင်မန်ရှင်းများနှင့် ကမ္ဘာများသို့ သွားလာခြင်းမှာ အလွှာဆယ့်သုံး အချိန်သက်ရှိများပင် မအောင်မြင်နိုင်သော အရာဖြစ်သည်။ သူတို့က အခြားဒိုင်မန်းရှင်းများနှင့် ပက်သက်လျှင် ရှာဖွေစူးစမ်းနေဆဲ အဆင့်သာရှိသည်။

သို့သော် လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးဖြင့် အခြားဒိုင်မန်းရှင်းများနှင့် ကမ္ဘာများကို လွယ်ကူစွာ သွားလာနိုင်သည်။ ၎င်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးရာတွင် အရေးကြီးဆုံးအချက်ပင်ဖြစ်သည်။

" ဒါပေမယ့် အဲ့ဒီလမ်းစဉ်တစ်သောင်းမျက်လုံးက တကယ်ပဲ အလွှာဆယ့်သုံး အချိန်သက်ရှိနဲ့ ဆက်စပ်နေပုံပဲ။ " လင်းယွမ်က စဉ်းစားလိုက်သည်။

လင်းယွမ်က လမ်းစဉ်တစ်သောင်းမျက်လုံးကို လေ့လာနေခဲ့သ​ည်။ ၎င်း၏ တည်ရှိမှုက အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် နှိုင်းယှဉ်၍ မရသော်လည်း သာမန်ဖရိုဖရဲသူတော်စင်များထက် များစွာ သာလွန်နေဆဲ ဖြစ်သည်။

" ကံမကောင်းတာက ငါ့အတွက် သူ့ရဲ့ အဆင့်က အကျိုးအမြတ်တွေရဖို့ အဆင့်မြင့်လွန်းနေတာပဲ။ " လင်းယွမ်က အနည်းငယ် နောင်တရမိသွားသည်။

" ဟင် ငါ့ရဲ့ ကိုယ်ပွားက အနန္တပုံရိပ်ယောင်ဟင်းလင်းပြင်နယ်မြေကို ရောက်သွားပြီလား။ " လင်းယွမ်က ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။

လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်သို့ စတင်ဝင်ရောက်ချိန်တွင် ကန်ဝေယန်းနှင့် တွေ့ဆုံခဲ့သည်။ ကန်ဝေယန်းက သူ၏ ရတနာအားလုံးကို လင်းယွမ်အားပေးခဲ့ပြီး မည်သည့်အရာမှ တောင်းဆိုခြင်းမရှိဘဲ အနာဂတ်တွင် အခွင့်အရေးရလျှင် အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေသို့ သွားပြီး ကျောက်လူသားမျိုးနွယ်မှ တစ်စုံတစ်ယော်ကို တပည့်အဖြစ် လက်ခံပေးရန်သာ မျှော်လင့်ခဲ့သည်။

လင်းယွမ်၏ လက်ရှိစွမ်းအားဖြင့် ထိုတာဝန်က လွယ်ကူသောကြောင့် ကိုယ်ပွားတစ်ခုကို အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေ။

ဖရိုဖရဲစွမ်းအားများ လည်ပတ်လာပြီး ပုံရိပ်တစ်ခုစုစည်းလာသည်။ ၎င်းက လင်းယွမ်ပင်ဖြစ်သည်။

" နောက်ဆုံးတော့ ရောက်လာပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေက ကုမင်ဖရိုဖရဲကုန်းမြေတည်ရှိရာ ဟင်းလင်းပြင်နယ်မြေနှင့် သိပ်မဝေးလှပေ။ ၎င်းတို့က အိမ်နီးချင်း ဟင်းလင်းပြင်နယ်မြေများဖြစ်သည်။ ထိုသို့ဖြစ်သော်လည်း လင်းယွမ်က စတင်ထွက်ခွာချိန်မှ ရောက်ရှိချိန်အထိ ဆယ်နှစ်နီးပါး ကြာမြင့်ခဲ့သည်။

လင်းယွမ်၏ အချိန်လေဟာနယ် နားလည်မှုမှာ အဋ္ဌမအဆင့်သို့ ရောက်နေပြီး သူ၏ အမြန်နှုန်းက ဖရိုဖရဲအရှင်သခင်နှင့် တန်းတူဖြစ်လေသည်။ အသစ်တက်လှမ်းလာသော ဖရိုဖရဲအရှင်သခင်အများစုမှာ အချိန်လေဟာနယ်နားလည်မှုတွင် အဋ္ဌမအဆင့်သို့ပင် မရောက်ကြသေးပေ။

" ဖရိုဖရဲမဟာသူတော်စင်တွေနဲ့ ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေတောင် ဖရိုဖရဲဟင်းလင်းပြင်ရဲ့ နေရာတိုင်းကို ခရီးသွားဖို့ ခက်ခဲတယ်လို့ ပြောကြတာမဆန်းပါဘူး။ " လင်းယွမ်က ခေါင်းခါပြီး ရေရွတ်လိုက်သည်။

" ကျောက်လူသားမျိုးနွယ်..." လင်းယွမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လမ်းကြောင်းကို အတည်ပြုလိုက်သည်။

ကန်ဝေယန်းချန်ခဲ့သော အချက်အလက်များအရ အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေနှင့် ကျောက်လူသားမျိုးနွယ်အကြောင်း အသေးစိတ်အချက်အလက်များ ပါဝင်နေသည်။

စကြာဝဠာပေါင်းများစွာကို မွေးဖွားပေးခဲ့သော ဖရိုဖရဲဟင်းလင်းပြင်က မရေတွက်နိုင်သော သက်ရှိမျိုးနွယ်များကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ထိုသက်ရှိများက အားကောင်းသည်ဖြစ်စေ အာနည်းသည်ဖြစ်စေ သူတို့နေရာနှင့် သူတို့ ရှိကြသည်။ ကျောက်လူသားမျိုးနွယ်က အားနည်းသော မျိုးနွယ်တစ်ခုဖြစ်ပြီး လျို့ဝှက်နယ်မြေတစ်ခုတွင် နေထိုင်ကြသည်။

လျို့ဝှက်နယ်မြေဆိုသည်မှာ ဖရိုဖရဲဟင်းလင်းပြင်အတွင်း သဘာဝအလျောက်ဖြစ်ပေါ်နေသော ဖုံးကွယ်နေသည့် နေရာတစ်ခုဖြစ်သည်။ ဘေးကင်းမှုအပိုင်းတွင် ၎င်းက စကြာဝဠာတစ်ခုအတွင်း နေထိုင်ရခြင်းနှင့် မည်သို့မှ မနှိုင်းယှဉ်နိုင်ပေ။

သို့သော် ကျောက်လူသားမျိုးနွယ်အတွက် ၎င်းက ကောင်းမွန်သော ခိုလှုံရာတစ်ခုဖြစ်နေပြီဖြစ်သည်။ အနည်းဆုံးတော့ သူတို့တစ်မျိုးနွယ်လုံး ထိုနေရာတွင် အေးချမ်းစွာ ရှင်သန်နိုင်ကြသည်။ လျို့ဝှက်နယ်မြေများက ကျင့်ကြံခြင်း အရင်းအမြစ်များ အလွန်ရှားပါသည်။

ထို့ကြောင့်ပင် ကန်ဝေယန်းက လျို့ဝှက်နယ်မြေမှ ထွက်ခွာပြီး သူ၏ ကိုယ်ပိုင်ခရီးစဉ်ကို လျှောက်လှမ်းခဲ့ခြင်းဖြစ်သည်။ လျို့ဝှက်နယ်မြေက လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်ကို မည်သည့်အခါမှ မွေးထုတ်ပေးနိုင်မည်မဟုတ်ပေ။

မကြာမီ လင်းယွမ်က ကျောက်လူသားမျိုးနွယ်၏ လျို့ဝှက်နယ်မြေသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အချိန်လေဟာနယ်အတွင်း နက်ရှိုင်းစွာ ဖုံးကွယ်ထားသော လျို့ဝှက်နယ်မြေကို ရှာတွေ့ရန် အလွန်ခက်ခဲလှသည်။ သို့သော် လင်းယွမ်အတွက် ၎င်းက လွယ်ကူသည့်အပြင် ကန်ဝေယန်းချန်ခဲ့သော လမ်းညွှန်မှုလည်း ရှိနေသောကြောင့် ဖြစ်သည်။

လင်းယွမ်က လျို့ဝှက်နယ်မြေထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ လျို့ဝှက်နယ်မြေ၏ အတားအဆီးနှင့် အကာအကွယ်များက လင်းယွမ်အတွက် စက္ကူပါးလေးကဲ့သို့ ထိုးဖောက်ရလွယ်ကူသည်။

" မြန်မြန်လုပ်ရမယ်။ " လင်းယွမ်က ကျောက်လူသားမျိုးနွယ်ဝင်တစ်ယောက်ကို တပည့်အဖြစ် ရွေးချယ်ပြီး လူသားမျိုးနွယ်သို့ ခေါ်ဆောင်သွားရန် စီစဉ်ထားသည်။ ထိုတပည့်က မည်မျှအစွမ်းထက်လာမည်မှာ သူတို့၏ ကံကြမ္မာပေါ်တွင်သာ မူတည်လေသည်။

လေထဲတွင် လင်းယွမ်က လျို့ဝှက်နယ်မြေကို ငုံ့ကြည့်လိုက်သည်။ ကျောက်လူသားမျိုးနွယ် နေထိုင်သော လျို့ဝှက်နယ်မြေက အလင်းနှစ် ရာဂဏန်းအနည်းငယ်သာ ကျယ်ဝန်းသည်။ လင်းယွမ်အနေဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် အကုန်လုံးမြင်နိုင်သည်။

ကျောက်လူသားမျိုးနွယ်က အင်အားကြီးမားသော မျိုးနွယ်တစ်ခုမဟုတ်ဘဲ အသန်မာဆုံးက လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ရှိကြသည်။

" ကျောက်လူသားမျိုးနွယ်ဝင် တစ်ယောက်မှမရှိဘူးလား။ " လင်းယွမ်က လျို့ဝှက်နယ်မြေကို ဝှေ့ကြည့်ပြီး ယိုယွင်းပျက်စီးနေသည်ကို တွေ့လိုက်ရသည်။

" စီနီယာကန်ဝေယန်း ချန်ခဲ့တဲ့ အချက်အလက်အရဆို ကျောက်လူသားမျိုးနွယ်က လူဦးရေတစ်ထရီလီယံကျော်ရှိပြီး အများစုက အလွှာလေး၊ အလွှာငါးလောက်ပဲ ရှိကြတယ်။ " လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။ " အခုဘာလို့တစ်ယောက်မှ မကျန်တော့တာလဲ။ "

အမှန်တော့ လူသူကင်းမဲ့နေသည်တော့မဟုတ်ပေ။ လျို့ဝှက်နယ်မြေ၏ အလယ် ကျင့်ကြံခြင်းအတွက် သင့်တော်သော နေရာတွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အော်ရာအချို့ ကျန်ရှိနေသည်။

" ပုံမှန်မဟုတ်တဲ့ တစ်ခုခုတော့ ဖြစ်ပျက်ခဲ့ပုံပဲ။ " လင်းယွမ်က စဉ်းစားနေပြီး သူ၏ ပုံရိပ်က ရပ်နေသော နေရာမှ ပျောက်ကွယ်သွားသည်။

လျို့ဝှက်နယ်မြေ၏ အလယ် ခမ်းနားသော အဆောက်အအုံတစ်ခုအတွင်း ပုံရိပ်လေးခုက ခြေချိတ်ထိုင်နေကြသည်။ ထိုပုံရိပ်လေးခုက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အော်ရာကို ထုတ်လွှတ်နေကြပြီး ယခုအချိန်တွင် အေးအေးဆေးဆေး စကားပြောနေကြသည်။

" ဟားဟား အဲ့ဒီ ကျောက်လူသားမျိုးနွယ်တွေ ဘယ်လိုကံဆိုးမှုမျိုးနဲ့ ကြုံတွေ့ခဲ့လဲမသိဘူး။ သူတို့က ကျိုရှန်းအရှင်သခင်ကို သွားဆန့်ကျင်မိလို့ တစ်မျိုးနွယ်လုံး အဖမ်းခံလိုက်ရတယ်။ " သိုးထီးဦးချိုများရှိသည့် ပုံရိပ်တစ်ခုက ရယ်မောပြီး ပြောလိုက်သည်။

ထိုအခြေအနေကြောင့်သာမဟုတ်လျှင် သူတို့လေးယောက်က ဤလျို့ဝှက်နယ်မြေကို သိမ်းပိုက်နိုင်မည်မဟုတ်ပေ။ ကျောက်လူသားမျိုးနွယ်က အင်အားမကြီးမားသော်လည်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် တစ်ယောက်အပါအဝင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ဆယ်ယောက်နီးပါးရှိခဲ့သည်။

ပုံမှန်အခြေအနေတွင် ​ကျောက်လူသားမျိုးနွယ်၏ နည်းလမ်းများဖြင့် သူတို့၏ လျို့ဝှက်နယ်မြေကို ကာကွယ်ရန် လုံလောက်သည်ထက် ပိုပြီး သူတို့လေးယောက် ကျူးကျော်ဝင်ရောက်ရန် အခွင့်အရေး လုံးဝမရှိပေ။

" ကျောက်လူသားမျိုးနွယ်က ကျိုရှန်းအရှင်သခင်ကို ဘာလို့ဆန့်ကျင်ရဲတာလဲ။ ပြီးတော့ သူတို့တစ်မျိုးနွယ်လုံးကို ရွှေ့ပြောင်းဖို့ အမိန့်ပေးတဲ့အထိ ဘာလို့ဖြစ်သွားတာလဲ။ " အခြားလမ်းစဉ်ခွဲထွက်ခြင်းအဆင့် တစ်ယောက်က သံသယများနှင့် ရေရွတ်လိုက်သည်။

ကျိုရှန်းအရှင်သခင်က ဖရိုဖရဲအရှင်သခင်တစ်ယောက်ဖြစ်သည်။ ထိုသို့သော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်တစ်ယောက်အတွက် ကျောက်လူသားမျိုးနွယ်က ဖုန်မှုန့်တစ်ခုထက် မပိုပေ။

" မသေချာဘူး။ အပြင်မှာ သွားလာနေတဲ့ ကျောက်လူသားမျိုးနွယ်ဝင်တစ်ယောက်က ကျိုရှန်းအရှင်သခင်နဲ့ တစ်ခုခုပက်သက်ခဲ့တယ်လို့ကြားတယ်။ " တတိယမြောက် ပုံရိပ်က မသေချာမရေရာပဲ ပြောလိုက်သည်။

ဖရိုဖရဲအရှင်သခင်တစ်ယောက်က ကျောက်လူသားမျိုးနွယ်တစ်ခုလုံးကို နေရာရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ခြင်းမှာ ပတ်ဝန်းကျင်ဒေသများတွင် သိသာထင်ရှားသော လှုပ်ခတ်မှုများ ဖြစ်စေခဲ့သည်။

" ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ငါတို့ ညီအကိုလေးယောက်အတွက် အဆင်ပြေသွားတာပဲ။ အခု ဒီလျို့ဝှက်နယ်မြေက ငါတို့ပိုင်ပြီ။ " စတုတ္ထမြောက် ပုံရိပ်က ကျေနပ်စွာ ပြောလိုက်သည်။

ကျောက်လူသားမျိုးနွယ်တစ်ခုလုံး အဖမ်းခံလိုက်ရသော်လည်း လျို့ဝှက်နယ်မြေအတွင်းမှ နေရာများက အသုံးပြု၍ ရနေဆဲ ဖြစ်သည်။ အနည်းငယ် ပြုပြင်လိုက်သည်နှင့် သူတို့လေးယောက်က ဤနေရာ၏ အရှင်သခင်များအဖြစ် ကြေညာနိုင်မည်ဖြစ်သည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ပုံရိပ်လေးယောက် စကားပြောနေကြစဉ် ရုတ်တရက် သူတို့၏ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က ပြောင်းလဲသွားပြီး ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ ပြင်ပအော်ရာများအားလုံး ပြတ်တောက်သွားပြီး ပိတ်ဆို့ထားသော ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေသည်။

" ဒါ... အချိန်လေဟာနယ်နယ်ပယ်ပဲ။ " လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အင်အားကြီးသူလေးယောက်က စိတ်ထဲမှ တုန်လှုပ်သွားကြသည်။

အချိန်လေဟာနယ်နယ်ပယ်က အချိန်လေဟာနယ်နားလည်မှု သက်သက်ဖြင့် ဖန်တီးထားသော နယ်ပယ်တစ်ခုဖြစ်သည်။ပုံမှန်အားဖြင့် အချိန်လေဟာနယ် နားလည်မှုတွင် သတ္တမအဆင့်ရှိသူသာ အချိန်လေဟာနယ်နယ်ပယ်ကို ဖန်တီးနိုင်သည်။

All Chapters