← Chapters

ကျိုရှန်းလျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်း...

Vol. 59 Ch. 851

ကျိုရှန်းလျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်း...

Vol. 59 Ch. 851

အစတွင် သူက ကန်ယုလုံ၏ နောက်ခံကို မသိသော်လည်း အကြိမ်ကြိမ် စုံစမ်းစစ်ဆေးပြီးနောက် သူက ကန်ယုလုံ၏ နောက်ခံကို သိခဲ့ရသည်။

သူ၏ စိတ်အသိပင်လယ်ကို လျို့ဝှက်ဆန်းကြယ်သော စွမ်းအားက ကာကွယ်ပေးထားသော်လည်း ရုပ်ခန္ဓာက ထိုအကာအကွယ်မျိုး မရှိပေ။ သူ၏ ရုပ်ခန္ဓာကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ကန်ယုလုံက ကျောက်လူသားမျိုးနွယ်မှ ဖြစ်သည်ကို သိခဲ့ရပြီး တစ်မျိုးနွယ်လုံးကို ဖမ်းဆီးရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

" သူ့ကို အသိပေးပြီပါပြီ။ " လွှမ်းမိုးခြင်းအဆင့်သုံးယောက်က ခေါင်းညိမ့်လိုက်ကြသည်။

" သူ့ကို ပြောလိုက်။ သူစကားမပြောရင်တဲ့ တစ်ရက်ချင်းစီကို ကျောက်လူသားမျိုးနွယ်ရဲ့ သန်းတစ်ထောင်ကို သတ်ပြီး သူတို့စိတ်ဝိညာဉ်တွေကို အပြစ်ရေကန်ထဲမှာ နှစ်ပစ်မယ်လို့။ " ကျိုရှန်းအရှင်သခင်က အေးစက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " လွှမ်းမိုးခြင်းအဆင့် သုံးယောက်က စိတ်ထဲမှ တုန်လှုပ်သွားကြသည်။

သူတို့က အပြစ်ရေကန်၏ ကြောက်စရာကောင်းပုံကို ကောင်းစွာ သိထားကြသည်။ ကန်ယုလုံက ယခုအချိန်ထိ ခံနိုင်ရည်ရှိခြင်းမှာ အံ့ဩစရာကောင်းလှသည်။ သူ၏ လက်အောက်ငယ်သား သုံးယောက် ထွက်ခွာသွားသောအခါ ကျိုရှန်းအရှင်သခင်၏ စိတ်ထဲတွင် လျို့ဝှက်နေရာ၏ ပုံရိပ်က ပေါ်လာခဲ့သည်။

ခဏသာ မြင်တွေ့ခဲ့ရသော်လည်း ကျိုရှန်းအရှင်သခင်က လျို့ဝှက်နေရာအတွင်း၌ ကောင်းကင်ကို ထောက်မထားသည့် မြင့်မားသော သစ်ပင်ကြီးကို မှေးမှိန်စွာ မြင်တွေ့ခဲ့ရသည်။ ထိုသစ်ပင်ကြီးက အဆုံးမရှိသော ဖရိုဖရဲစွမ်းအားများ ဝန်းရံနေပြီး ညင်သာစွာ လှုပ်ယမ်းနေခဲ့သည်။

" ဖရိုဖရဲသစ်ပင်..." ကျိုရှန်းအရှင်သခင်၏ မျက်လုံးထဲတွင် လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာသည်။

အကယ်၍ ကမ္ဘာသစ်ပင်က အလွှာဆယ့်တစ် အထွတ်အထိပ် ရတနာဖြစ်လျှင် ဖရိုဖရဲသစ်ပင်က အလွှာဆယ့်နှစ် အထွတ်အထိပ်ရတနာ ဖြစ်သည်။ အလွှာဆယ့်နှစ် အထွတ်အထိပ်က မဟာသူတော်စင်များ၏ အဆင့်ဖြစ်သည်။

သူ၏ အတွင်းစကြာဝဠာအတွင်း ဖရိုဖရဲသစ်ပင်ကို ထားရှိနိုင်လျှင် ၎င်းက အခြေခံကို တည်ငြိမ်စေပြီး ကျိုရှန်းအရှင်သခင်အား ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ အမြန်ဆုံး ရောက်သွားပေလိမ့်မည်။ ၎င်းက ဖရိုဖရဲသစ်ပင်၏ စွမ်းရည်များထဲမှ တစ်ခုသာဖြစ်သည်။

ကျိုရှန်းလျို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။ ကျောက်လူသားမျိုးနွယ်၏ လျို့ဝှက်နယ်မြေနှင့် ယှဉ်လျှင် ကျိုရှန်းလျို့ဝှက်နယ်မြေက သိသာထင်ရှားလှသည်။ ၎င်းက ဖရိုဖရဲစွမ်းအားများ လှည့်ပတ်နေသော အစီအရင်များဖြင့် လွှမ်းခြုံထားသည်။

ကျိုရှန်းအရှင်သခင်က ဖရိုဖရဲအရှင်သခင်တစ်ယောက်ဖြစ်ပြီး သူ၏ လျို့ဝှက်နယ်မြေက ဖရိုဖရဲဟင်းလင်းပြင်တွင် သဘာဝအတိုင်း လုံခြုံပေသည်။

" ဒီလျို့ဝှက်နယ်မြေထဲမှာ ကျောက်လူသားမျိုးနွယ်ရှိနေတယ်။ ငါ ကြောင်းကျိုးဆက်နွယ်မှုကို ခံစားမိတယ်။ " လင်းယွမ်က ကျိုရှန်းလျို့ဝှက်နယ်မြေကို ကြည့်ပြီး တိတ်တဆိတ် စဉ်းစားလိုက်သည်။

ကန်ဝေယန်း၏ အမွေအနှစ်ကို ဆက်ခံထားခြင်းဖြစ်ရာ သူက ကျောက်လူသားမျိုးနွယ်နှင့် သဘာဝအလျောက် ကံတရားဆက်နွယ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ လင်းယွမ်နှင့် ကြောင်းကျိုးဆက်နွယ်မှု အသန်မာဆုံးမှာ ကန်ဝေယန်းနှင့်သာ ဖြစ်သည်။

ကျောက်လူသားမျိုးနွယ်က ကန်ဝေယန်း၏ ဆွေးမျိုးများဖြစ်သဖြင့် လင်းယွမ်နှင့် ဆက်နွယ်မှုမှ အလွန်မှေးမှိန်နေသည်။ သို့သော် မည်မျှမှေးမှိန်နေသည်ဖြစ်စေ ၎င်းက တည်ရှိနေဆဲ ဖြစ်သည်။

" ကျောက်လူသားမျိုးနွယ်နဲ့ ကြောင်းကျိုးဆက်နွယ်မှုတစ်ခုတည်းရှိတာလား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ " ကျန်တဲ့ ကျောက်လူသားမျိုးနွယ်တွေကို ကျိုရှန်းအရှင်သခင်က အတွင်းစကြာဝဠာထဲမှာ အကျဉ်းချထားတာဖြစ်မယ်။ ဒါကြောင့် ငါသူတို့ကို အာရုံခံလို့မရတာဖြစ်ရမယ်။ "

ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ အတွင်းစကြာဝဠာက ကြောင်းကျိုးဆက်နွယ်မှုကို မြင့်မားသော အဆင့်ထိ ပိတ်ဆို့ထားနိုင်သည်။ လင်းယွမ်နှင့် ကျောက်လူသားမျိုးနွယ်၏ ကြောင်းကျိုးဆက်နွယ်မှုက အားနည်းသောကြောင့်လည်း အတွင်းစကြာဝဠာ၏ အတားအဆီးကို မဖြတ်ကျော်နိုင်ခြင်းဖြစ်သည်။

" အဲ့ဒီနေရာပဲ။ " လင်းယွမ်၏ အကြည့်က နေရာတစ်ခုအပေါ်သို့ ကျရောက်သွားသည်။ " ငါ အထဲဝင်ပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကြည့်ရမယ်။ "

ကျောက်ခူသားမျိုးနွယ်နှင့် ကျိုရှန်းအရှင်သခင်တို့ကြားတွင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို မသိကြောင့် သူက အခြေအနေကို အရင်ဆုံး နားလည်ရန် လိုအပ်သည်။ ဖရိုဖရဲအရှင်သခင်တစ်ယောက်နှင့် ပက်သက်နေသောကြောင့် အေးချမ်းစွာ ဖြေရှင်းနိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။

" ဒီအစီအရင်တွေက တကယ်မဆိုးဘူးပဲ။ " လင်းယွမ်က ကျိုရှန်းလျို့ဝှက်နယ်မြေကို လွှမ်းခြုံထားသော အစီအရင်များကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

အကယ်၍ မကြာသေးမီက အခြေအနေဆိုလျှင် ၎င်းတို့က လင်းယွမ်အတွက် အမှန်ပင် ခက်ခဲပေလိမ့်မည်။ ကျိုရှန်းအရှင်သခင် ပြင်ဆင်ထားသော အစီအရင်များက တူညီသော ဖရိုဖရဲအရှင်သခင်များကိုပင် ခုခံနိုင်စွမ်းရှိသည်။ သို့သော် လင်းယွမ်က မဟာအစီအရင်သလင်းကျောက်ထဲမှ အစီအရင်များကို နားလည်ပြီးနောက် ကျိုရှန်းလျို့ဝှက်နယ်မြေမှ အစီအရင်များက လင်းယွမ်အတွက် ကိုင်တွယ်ရန် ပို၍ လွယ်ကူသွားခဲ့သည်။

သူက သတိထား၍ အစီအရင်၏ အဓိကနေရာများကို ရှောင်ရှားနိုင်လျှင် မည်သည့်ခြေရာမှ မကျန်ဘဲ ခိုးဝင်ရန်မှာ ပြဿနာမဟုတ်ပေ။ ထို့အပြင် တစ်စုံတစ်ခု မှားယွင်းသွားလျှင်တောင် လင်းယွမ်အတွက် ဆုံးရှုံးမှုမရှိပေ။

ယခုအချိန်တွင် သူက ကိုယ်ပွားတစ်ခုသာဖြစ်ပြီး အချိန်မရွေး ဖျက်ဆီးပစ်နိုင်သည်။ လင်းယွမ်၏ ခန္ဓာကိုယ်က နှစ်ခုကွဲသွားသည်။ အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ပြီး အပြင်မှ ကိုယ်ပွားရှိနေလျှင် နောက်တစ်ကြိမ် လာစရာမလိုတော့ပေ။

အပြစ်ရေကန်က ကျိုရှန်းလျို့ဝှက်နယ်မြေ၏ ထူးခြားသော နေရာတစ်ခုဖြစ်သည်။ အပြစ်ရေကန်၏ ရေက နက်မှောင်နေပြီး အဆုံးမရှိသော အပြစ်တရားများနှင့် ပြည့်နှက်နေသည်။ မည်သည့်သက်ရှိမဆို အနီးသို့ကပ်သွားလျှင် အပြစ်တရားများ၏ လွှမ်းမိုးခြင်းကို ခံရပေလိမ့်မည်။

အကယ်၍ ထိတွေ့မိလျှင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် သို့မဟုတ် လွှမ်းမိုးခြင်းအဆင့်များပင် မခံမရပ်နိုင်သော နာကျင်မှုနှင့် နှိပ်စက်မှုကို ခံစားရမည်ဖြစ်သည်။ ယခုအချိန်တွင် ရေကန်၏ နက်ရှိုင်းသော နေရာတွင် ပုံရိပ်တစ်ခုက နစ်မြှုပ်နေပြီး သူ၏ ခြေလက်များနှင့် ခန္ဓာကိုယ်မှာ အနက်ရောင်သံကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ခြင်းခံနေရသည်။

ထိုပုံရိပ်၏ မျက်နှာပေါ်တွင် နာကျင်မှုများထင်ဟပ်နေသော်လည်း သူ၏ စိတ်ဝိညာဉ်ပေါ်တွင် ကျရောက်နေသော နာကျင်မှုများက သူ၏ နှလုံးသားပေါ်မှ လေးလံသော သောကများနှင့် မနှိုင်းယှဉ်နိုင်ပေ။

" အကိုကြီး၊ အဖေ အမေ၊ အကြီးအကဲတို့ ကျွန်တော်အားလုံးကို ဒုက္ခပေးမိတာပါ။ ကျွန်တော်ကြောင့်သာမဟုတ်ရင် အားလုံးက ကျိုရှန်းအရှင်သခင်ဆီမှာ အဖမ်းခံရမှာမဟုတ်ဘူး။ " ကန်ယုလုံ၏ စိတ်ဝိညာဉ်က တုန်ခါနေသည်။

" ဒါပေမယ့် ကျွန်တော် လုံးဝ လက်လျှော့လိုက်လို့မရဘူး။ ကျွန်တော်သာ လက်လျှော့လိုက်ရင် ကျွန်တော်ရော ကျွန်တော်တို့ တစ်မျိုးနွယ်လုံး အသက်ရှင်နိုင်မှာမဟုတ်ဘူး။ "

" တကယ်လို့ ကျိုရှန်းအရှင်သခင်က အဲ့ဒီနေရာရဲ့ မူလရင်းမြစ်ကို သိသွားရင် ကျွန်တော်တို့ အသက်ရှင်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။ ကျွန်တော်သာ လျို့ဝှက်ချက်ကို ထိန်းထားနိုင်သရွေ့ ကျွန်တော်ကို သတ်မှာမဟုတ်ဘူး။ "

" ကျွန်တော် ဘာမှမပြောသရွေ့ ခင်ဗျားတို့လည်း သေမှာမဟုတ်ဘူး။ ဒါပေမယ့် အမှန်တရားကို ဖွင့်ပြောလိုက်ရင် ကျွန်တော်တို့အားလုံး သေလူတွေဖြစ်သွားမှာပဲ။ " ကန်ယုလုံက ပြင်းထန်သော နာကျင်မှုများကို ခံစားနေရသော်လည်း သူ၏ စိတ်ဓာတ်မှာ ကြံ့ကြံ့ခံနေဆဲ ဖြစ်သည်။

ကန်ယုလုံက အပြစ်တရားများ၏ တိုက်စားမှုဒဏ်ကို ခုခံနေရင်း သူ၏ စိတ်အသိထဲတွင် ရုတ်တရက် အသံတစ်ခုက ပဲ့တင်ထပ်လာသည်။

" ငါတကယ်သိချင်မိတယ်။ ကျိုရှန်းအရှင်သခင်က မင်းတစ်ယောက်ထဲကို ခွဲထုတ်ပြီး ဘာလို့ဒီလောက်နှိပ်စက်နေတာလဲ။ " လင်းယွမ်၏ ပုံရိပ်က မလှမ်းမကမ်းတွင် ပေါ်လာပြီး ကန်ယုလုံကို စူစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

အပြစ်ရေကန်၏ သက်ရောက်မှုကို လင်းယွမ် တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ ထိုအချက်ကြောင့်ပင် သူက သိချင်နေမိသည်။ ကျိုရှန်းအရှင်သခင်က ထိုမျှပြင်းထန်သော နည်းလမ်းများကို အသုံးပြုရလောက်အောင် သူတို့က မည်သို့သော ရန်ငြိုးများရှိနေလို့လဲ။

" ခင်ဗျားကဘယ်သူလဲ။ " ကန်ယုလုံးက ထိတ်လန့်သွားပြီး နာကျင်မှုပင် အနည်းငယ် လျော့နည်းသွားသည်ဟု ခံစားလိုက်ရသည်။

" ငါက မင်းတို့ ကျောက်လူသားမျိုးနွယ်နဲ့ ပက်သက်မှုတစ်ခုရှိနေတယ်။ ဒါကြောင့် ဒီနေရာကို လာကြည့်ရတာပဲ။ " လင်းယွမ်က ပြောလိုက်သည်။

" ပက်သက်မှုတစ်ခုလား။ " ကန်ယုလုံက လင်းယွမ်ကို စိုက်ကြည့်ပြီးနောက် ပြတ်သားစွာ ဦးညွှတ်လိုက်သည်။ " စီနီယာ ကျွန်တော်တို့ ကျောက်လူသားမျိုးနွယ်ကို ကယ်တင်ပေးပါဦး။ "

ဤနေရာက ကျိုရှန်းအရှင်သခင်၏ ကိုယ်ပိုင်လျို့ဝှက်နယ်မြေတစ်ခုဖြစ်သည်။ ဤနေရာသို့ အခက်အခဲမရှိ ဝင်ရောက်နိုင်လျှင် ထိုလူက ဖရိုဖရဲအရှင်သခင်မဟုတ်လျှင်တောင် ထိုအဆင့်နှင့် သိပ်ကွာမည်မဟုတ်ပေ။ လင်းယွမ်က ကျိုရှန်းအရှင်သခင်နှင့် ပက်သက်မှုရှိမရှိ သိနိုင်ရန် ကန်ယုလုံတွင် နည်းလမ်းများရှိနေသည်။

" မင်းရဲ့ ကျောက်လူသားမျိုးနွယ်ကို ကယ်တင်ရမယ်။ " လင်းယွမ်က ကန်ယုလုံကို ကြည့်ပြီး ပြောလိုက်သည်။ " ငါက ဘာလို့ မင်းတို့ ကျောက်လူသားမျိုးနွယ်ကို ကယ်တင်ပြီး ကျိုရှန်အရှင်သခင်နဲ့ ရန်သူဖြစ်အောင်လုပ်ရမှာလဲ။ "

ကန်ယုလုံ၏ အခြေအနေကို မြင်တွေ့ပြီးနောက် လင်းယွမ်က တစ်ဖက်လူနှင့် ကျိုရှန်အရှင်သခင်တို့မှာ ကြီးမားသော ရန်ငြိုးဖွဲ့ထားပြီဖြစ်သည်ကို တွေးလိုက်မိသည်။ ထိုကဲ့သို့ နက်ရှိုင်းသော ရန်ငြိုးမရှိလျှင် ဖရိုဖရဲအရှင်သခင်တစ်ယောက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တစ်ယောက်ကို ထိုမျှအထိ နှိပ်စက်နေမည်မဟုတ်ပေ။

ကန်ဝေယန်း၏ အမွေအနှစ်က လင်းယွမ်ကို ဖရိုဖရဲဟင်းလင်းပြင်တွင် လှည့်လည်သွားလာနိုင်ရန် ကူညီပေးခဲ့သည်။ ထိုစဉ်က ကန်ဝေယန်၏ တောင်းဆိုမှုမှာ ကျောက်လူသားမျိုးနွယ်ဝင်တစ်ယောက်ကို တပည့်အဖြစ် လက်ခံရန်သာဖြစ်သည်။ ကျောက်လူသားမျိုးနွယ်မှ မည်သူဖြစ်ဖြစ် ရပေသည်။

All Chapters