← Chapters

ငါမင်းကို ကူညီပေးမယ်...

Vol. 59 Ch. 852

ငါမင်းကို ကူညီပေးမယ်...

Vol. 59 Ch. 852

ကျောက်လူသားမျိုးနွယ်က ထိုကဲ့သို့သော အခြေအနေသို့ ဆိုက်ရောက်သွားခြင်းမှာ သူ၏ ရှေ့မှ ကျောက်လူသားမျိုးနွယ်ဝင်ကြောင့် ဖြစ်နိုင်ကြောင်း လင်းယွမ်က ခန့်မှန်းမိသည်။ အကယ်၍ သူက ကျောက်လူသားမျိုးနွယ်ဝင်တစ်ယောက်ကို တပည့်အဖြစ် ခေါ်ယူလိုလျှင် ကျိုရှန်းအရှင်သခင်နှင့် ကောင်းမွန်စွာ ညှိနှိုင်း၍ ရနိုင်သည်။

ကျောက်လူသားမျိုးနွယ်ဝင်သန်းပေါင်းများစွာ ဖမ်းဆီးထားသော ကျိုရှန်းအရှင်သခင်အတွက် လင်းယွမ်ကို တစ်ယောက်ထုတ်ပေးရန်မှာ လုံးဝမဖြစ်နိုင်သောအရာမဟုတ်ပေ။

လင်းယွမ်၏ စကားကို ကြားသောအခါ ကန်ယုလုံက တိတ်ဆိတ်သွားသည်။ ပက်သက်မှုက မည်မျှနက်ရှိုင်းသည်ဖြစ်စေ ဖရိုဖရဲအရှင်သခင်တစ်ယောက်နှင့် ရန်သူဖြစ်ရခြင်းနှင့် နှိုင်းယှဉ်လျှင် အခြားအရာများက အရေးပါမှုသိပ်မရှိပေ။

" စီနီယာ... ကျွန်တော်ရဲ့ ကျောက်လူသားမျိုးနွယ်ကို ကယ်တင်ပေးမယ်ဆိုရင် စီနီယာကို တစ်ခုခုပြန်ပေးပါမယ်။ " ကန်ယုလုံက သူ၏ စိတ်ကို တည်ငြိမ်အောင်ထိန်းပြီး ​ပြောလိုက်သည်။

" တစ်ခုခုပြန်ပေးမယ်။ " လင်းယွမ်က ကန်ယုလုံ၏ စကားကို ဆက်လက်စောင့်ဆိုင်းနေသည်။

ကန်ယုလုံက အသက်ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ " ဖရိုဖရဲသစ်ပင်ပါ။ ကျွန်တော်ရဲ့ ကျောက်လူသားမျိုးနွယ်ကို ကယ်တင်ပေးတဲ့အတွက် စီနီယာကို ဖရိုဖရဲသစ်ပင် ပေးအပ်ဖို့ သဘောတူပါမယ်။ "

" ဖရိုဖရဲသစ်ပင်လား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။

ဖရိုဖရဲသစ်ပင်က အလွှာဆယ့်နှစ် ရတနာတစ်ခုဖြစ်သည်။ လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ ကမ္ဘာသစ်ပင်တစ်ပင်ကို ရရှိခဲ့ဖူးသည်။ သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် သူ၏ အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာသစ်ပင်ကလည်း စတင်ပြောင်းလဲလာခဲ့သည်။

သီအိုရီအရ ကမ္ဘာသစ်ပင်က ဖရိုဖရဲသစ်ပင်အဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်သော အလားအလာရှိသော်လည်း ၎င်းက သီအိုရီအရသာ ဖြစ်သည်။ ၎င်းက ဖရိုဖရဲဟင်းလင်းပြင်တွင် မွေးဖွားလာသော သက်ရှိတိုင်းက နောက်ဆုံးတွင် ဖရိုဖရဲမဟာသူတော်စင်ဖြစ်လာနိုင်ခြေရှိသကဲ့သို့ ဖြစ်သည်။ လက်တွေ့တွင် ၎င်း၏ ခက်ခဲမှုက များစွာမြင့်မားလှသည်။

" မင်းမှာ ဖရိုဖရဲသစ်ပင်ရှိတာလား။ " လင်းယွမ်က ကန်ယုလုံကို ကြည့်ပြီး စိတ်ထဲတွင် ရှင်းလင်းသွားခဲ့သည်။

၎င်းမှာ ဂုဏ်သိက္ခာရှိသော ဖရိုဖရဲအရှင်သခင်တစ်ယောက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တစ်ယောက်ို ပြင်းထန်စွာ နှိပ်စက်နေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ၎င်းက ဖရိုဖရဲသစ်ပင်ကြောင့်ပင် ဖြစ်သည်။

ဖရိုဖရဲအရှင်သခင်တိုင်းက ဖရိုဖရဲသစ်ပင်ကို အလွန်အမင်း လိုချင်ကြသည်။ ၎င်းက အတွင်းစကြာဝဠာကို တည်ငြိမ်စေနိုင်သောကြောင့် ဖရိုဖရဲအရှင်သခင်များကို ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ လျင်​မြန်စွာ ရောက်ရှိစေရန် ကူညီပေးနိုင်သည်။

" မင်းက ဖရိုဖရဲသစ်ပင်ကို ဘာလို့ကျိုရှန်းအရှင်သခင်ကို မပေးလိုက်တာလဲ။ " လင်းယွမ်က မေးလိုက်သည်။

" အဲ့ဒီဖရိုဖရဲသစ်ပင်က ကျိုရှန်အရှင်သခင်ရဲ့ မျက်စိအောက်က ခိုးယူခဲ့တာပါ။ တကယ် ကျွန်တော် သူ့ကိုပေးလိုက်ရင် ကျွန်တော်အသက်ရှင်ဖို့က မဖြစ်နိုင်သလောက်ပဲ။ ပြီးတော့ ဖရိုဖရဲသစ်ပင်တင်မဟုတ်ဘူး။ အမွေအနှစ်နေရာတစ်ခုလည်း ရှိပါတယ်။ စီနီယာ ကျွန်တော်မျိုးနွယ်ကို ကယ်တင်ပေးရင် နှစ်ခုလုံးပေးပါမယ်။ " ကန်ယုလုံက ဖြည်းညင်းစွာ ပြောလိုက်သည်။

ယခုအချိန်တွင် သူက ရတနာက ဘေးသင့်သည် ဟူသော စကားပုံကို ကောင်းစွာ နားလည်ခဲ့ပြီဖြစ်သည်။ အကယ်၍ သူသာ ကျိုရှန်းအရှင်သခင်ကို ပေးအပ်ပြီး အသက်ရှင်နိုင်မည်ဆိုလျှင် သူက လွန်ခဲ့သော အချိန်ကတည်းက ပေးခဲ့ပြီဖြစ်သည်။

" ဖရိုဖရဲသစ်ပင်..." လင်းယွမ်က စဉ်းစားနေသည်။

ဖရိုဖရဲသစ်ပင်က သူ့အတွက် အမှန်တကယ်ပင် တန်ဖိုးရှိသည်။ အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်သော အဆုံးမဲ့ဟင်းလင်းပြင်နှင့် ပေါင်းစပ်လိုက်လျှင် အတွင်းစကြာဝဠာ၏ စွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်အတွက် သူ၏ အတွင်းစကြာဝဠာကို ထိန်းချုပ်ပေးသော ဖရိုဖရဲသစ်ပင်သာရှိလျှင် ကျင့်ကြံမှုဆိုင်ရာ အခက်အခဲက သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။

" ဖရိုဖရဲသစ်ပင်တစ်ပင်ရဖို့အတွက် ဖရိုဖရဲအရှင်သခင်တစ်ယောက်နဲ့ ရန်သူဖြစ်ရမှာလား။ " လင်းယွမ်က အကောင်းအဆိုးကို ချိန်ဆကြည့်နေသည်။

သူက ကျောက်လူသားမျိုးနွယ်ကို ကယ်တင်ရန် ဆုံးဖြတ်လိုက်လျှင် ကျိုရှန်းအရှင်သခင်ကို ဒေါသထွက်စေမည်မှာ အမှန်ပင်ဖြစ်သည်။

" ဒါဆို အဆင်ပြေတယ်။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ခွန်အားအပိုင်းတွင်မူ သူက သာမန်ဖရိုဖရဲအရှင်သခင်များနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ ကျိုရှန်းအရှင်သခင်က အသစ်တက်လှမ်းလာသော ဖရိုဖရဲအဆင့်ဖြစ်သောကြောင့် သူနှင့် ခွန်အားချင်း ညီမျှနေသည်။ ထို့အပြင် လင်းယွမ်က အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေမှ လူတစ်ယောက်လည်း မဟုတ်ပေ။

ကျောက်လူသားမျိုးနွယ်ကို ကယ်တင်ပြီးနောက် လင်းယွမ်က ကြောင်းကျိုးဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ပြီး အဝေးသို့ ထွက်သွားနိုင်သည်။ ကျိုရှန်းအရှင်သခင်က သူ့ကို ရှာဖွေရန်မှာ အလွန်ပင်ခက်ခဲပေလိမ့်မည်။

အကယ်၍ လင်းယွမ်ကို ရှာတွေ့နိုင်လျှင်တောင် နှစ်ပေါင်းသောင်းချီ သိန်းချီကြာပေလိမ့်မည်။ ထိုအချိန်တွင် လင်းယွမ်က လွှမ်းမိုးခြင်းအဆင့်သို့ ရောက်ရှိနေပေလိမ့်မည်။ သူက လွှမ်းမိုးခြင်အဆင့်သို့ ရောက်လျှင် အသစ်တက်လှမ်းလာသော ဖရိုဖရဲအရှင်သခင်တစ်ယောက်ကို စိုးရိမ်စရာမလိုတော့ပေ။

ထို့အပြင် လင်းယွမ်က ကုမင်ဖရိုဖရဲကုန်းမြေတွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာဖြစ်သည်။ ကျိုရှန်းအရှင်သခင်က သေချာစုံစမ်းလျှင်တောင် ဖရိုဖရဲအဆင့်များကိုသာ ပစ်မှတ်ထားပြီး လင်းယွမ်ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။

" စီနီယာ..." အပြစ်ရေကန်ထဲမှ ကန်ယုလုံက လင်းယွမ်ကို သေချာကြည့်လိုက်သည်။

ဖရိုဖရဲသစ်ပင်နှင့် လျို့ဝှက်ဆန်းကြယ်သော နေရာတို့ကို ပေးအပ်မည်ဆိုသော်လည်း လင်းယွမ်သဘောတူမည်ကို ကန်ယုလုံက မသေချာပေ။ မည်သို့ပင်ဖြစ်စေ ရန်သူက ဖရိုဖရဲအရှင်သခင်တစ်ယောက် ဖြစ်နေသည်။

" ငါမင်းကို ကူညီပေးမယ်။ " လင်းယွမ်က ကန်ယုလုံကို ကြည့်ပြီး ပြောလိုက်သည်။

" စီနီယာသဘောတူတာလား။ " ကန်ယုလုံက မှင်သက်သွားသည်။

ထိုစကားမှာ သူက အပြစ်ရေကန်မှ လွတ်မြောက်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျောက်လူသားမျိုးနွယ်တစ်ခုလုံးက ကျိုရှန်းအရှင်သခင်၏ ဒေါသအောက်မှ လွတ်မြောက်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။

သူ၏ ရှေ့မှ လူငယ်က ဖရိုဖရဲအရှင်သခင်ဖြစ်နိုင်ခြေ အလွန်များသည်။ အကယ်၍ သူသာ ဖရိုဖရဲအရှင်သခင်တစ်ယောက်မဟုတ်လျှင် ဆုလာဘ်က ဖရိုဖရဲသစ်ပင်ထက် များစွာ တန်ဖိုးရှိလျှင်တောင် ၎င်းကို ရယူနိုင်ရန် အရည်အချင်းမရှိပေ။

" ဒါပေမယ့် ကျောက်လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်လိမ့်မယ်လို့တော့ ငါ အာမမခံနိုင်ဘူး။ မင်းနဲ့ငါ လွတ်မြောက်ဖို့တော့ သေချာတယ်။ " လင်းယွမ်က ပြောလိုက်သည်။

" ကျောက်လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်ဖို့ အာမမခံနိုင်ဘူး။ " ကန်ယုလုံက ထိုစကားကို ကြားသောအခါ သက်ပြင်းချလိုက်သည်။

အကယ်၍ လင်းယွမ်က အရာအားလုံးကို အာမခံခဲ့လျှင် ကန်ယုလုံက စိတ်မအေးဖြစ်နေပေလိမ့်မည်။ လက်ရှိတွင် ကျောက်လူသားမျိုးနွယ်တစ်ခုလုံးက ကျိုရှန်းအရှင်သခင်၏ အတွင်းစကြာဝဠာထဲတွင် ရှိနေကြပြီး ကန်ယုလုံတစ်ယောက်သာ အပြစ်ရေကန်တွင် ညှင်းပန်းနှိပ်စက်ခြင်း ခံနေရသည်။

လင်းယွမ်အနေဖြင့် ကျောက်လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်မည်ဟု အာမခံခြင်းမှာ အခြေခံအားဖြင့် လက်တွေ့မကျပေ။

" စီနီယာသာ လှုပ်ရှားပေးမယ်ဆိုရင် ကျွန်တော်အားလုံးကို စီနီယာလက်ထဲပုံအပ်လိုက်ပါမယ်။ " ကန်ယုလုံက လေးနက်စွာ ပြောလိုက်သည်။ ယခုအချိန်တွင် သူ၌ ရွေးချယ်စရာမရှိပေ။

" ကောင်းပြီ။ ဒီမှာ ခဏစောင့်ဦး။ " လင်းယွမ်က ပြောလိုက်ပြီး သူ၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။

" စီနီယာထွက်သွားပြီပဲ။ " ကန်ယုလုံက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း လင်းယွမ်၏ ပုံရိပ်ကို မတွေ့ရတော့ပေ။

အတန်ကြာပြီးနောက် ကလေးတစ်ယောက်၏ အသံက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။

" မင်းကတော့လေ ငါ အသေလန့်သွားတာပဲ။ ငါ အမိခံရတော့မယ်လို့ ထင်နေတာ။ " ထိုကလေးငယ်၏ အသံက ကြောက်ရွံ့တုန်လှုပ်နေသည်။

" အဲ့ဒီစီနီယာကို ငါတို့ ယုံလို့ရပါ့မလား။ " ကန်ယုလုံက စိတ်ထဲမှ မေးလိုက်သည်။

ယခင် လင်းယွမ်နှင့် ကျိုရှန်အရှင်သခင်တို့က တစ်ဖက်မဟုတ်ကြောင်း သတိပေးခဲ့ခြင်းမှာ ထိုကလေးသံပင်ဖြစ်ပြီး ထို့ကြောင့် သူက အားလုံးကို ဖွင့်ပြောလိုက်ခြင်းဖြစ်သည်။

" မစိုးရိမ်နဲ့ အဲ့ဒီလူက ကျိုရှန်အရှင်သခင်နဲ့ ကြောင်းကျိုးဆက်နွယ်မှုမရှိဘူး။ သူတို့က တစ်ယောက်နဲ့တစ်ယောက် သိတောင်မသိကြဘူးနေလိမ့်မယ်။ သူ ဒီထဲကို ခိုးဝင်လာတာ မင်းတို့ကျောက်လူသားမျိုးနွယ်နဲ့ တကယ် ပက်သက်မှုတစ်ခုခုရှိလို့နေမယ်။ " ကလေးသံက အံ့အားသင့်စွာ ဆက်ပြောလိုက်သည်။

" မင်းတို့ အားနည်းတဲ့ ကျောက်လူသားမျိုးနွယ်က ဖရိုဖရဲအရှင်သခင်တစ်ယောက်နဲ့ ပက်သက်မှုရှိလိမ့်မယ်လို့ ငါ တကယ်မထင်ထားမိဘူး။ "

" အဲ့ဒီစီနီယာက တကယ် ဖရိုဖရဲအရှင်သခင်တစ်ယောက်လား။ " ကန်ယုလုံက တုန်လှုပ်သွားသည်။

" သူက ဖရိုဖရဲအရှင်သခင် ဟုတ်မဟုတ်တော့ ငါမသိဘူး။ ဒါပေမယ့် သူ့ရဲ့ အချိန်လေဟာနယ်အပေါ် နားလည်မှုက အဋ္ဌမအဆင့်ကို ရောက်နေလောက်ပြီ။ " ကလေးသံက ပြန်ဖြေလိုက်သည်။

" အချိန်လေဟာနယ် အဋ္ဌမအဆင့်လား။ " ကန်ယုလုံက အံ့ဩသွားသည်။

ကျိုရှန်းလျို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။

" အဲ့ဒီကျောက်လူသားမျိုးနွယ်က..." လင်းယွမ်က ကန်ယုလုံနှင့် စကားပြောနေချိန်တွင် ကန်ယုလုံ၏ ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော အခြားစိတ်အသိလှိုင်းတစ်ခုကို မှေးမှိန်စွာ ခံစားခဲ့ရသည်။

" အဲ့ဒီကောင်လေးမှာ လျို့ဝှက်ချက်တွေရှိနေတဲ့ပုံပဲ။ ဒါပေမယ့် ဖရိုဖရဲသစ်ပင်က တကယ်ရှိလိမ့်မယ်။ " လင်းယွမ်က စိတ်ထဲမှတွေးလိုက်သည်။

" ဖရိုဖရဲသစ်ပင်အတွက် မူလစိတ်ဝိညာဉ်ကို အသုံးပြုရတာ တန်ပါတယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။

ဖရိုဖရဲသစ်ပင်က တန်ဖိုးကြီးမားလှပြီး ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ အခြေခံစွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သော ရှားပါးရတနာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းက လင်းယွမ်အတွက် ကြီးမားသော အထောက်အကူဖြစ်စေပြီး အဆုံးမဲ့ဟင်းလင်းပြင်၏ တတိယအဆင့်ကို တက်လှမ်ူရန်ပင် အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ပေလိမ့်မည်။

" မူလစိတ်ဝိညာဉ်..." လင်းယွမ်က ခေါင်းမော့ပြီး ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။

All Chapters