ကန်ယုလုံကို ကယ်တင်ခြင်း...
Vol. 59 Ch. 853
ကုမင်ဖရိုဖရဲကုန်းမြေ၏ အပြင်ဘက် ဖရိုဖရဲဟင်းလင်းပြင်၏ အလယ်တွင် လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က ထိုင်နေသည်။
" ကိုယ်ပွားကို အမှတ်အသားအနေနဲ့ အသုံးပြုပြီး ဝေးကွာတဲ့ နေရာကို တိုက်ရိုက်ရွှေ့ပြောင်းလို့ရတယ်။ " လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုလုံးက စိတ်ထဲမှ တွေးလိုက်သည်။
၎င်းက အချိန်လေဟာနယ် အဋ္ဌမအဆင့်၏ စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။ ဖရိုဖရဲအဆင့် ကျိုရှန်းအရှင်သခင်နှင့် ရင်ဆိုင်ရန်အတွက် ကိုယ်ပွားတစ်ခုအပေါ်တွင် မှီခိုရန် မလုံလောက်ပေ။ အောင်မြင်မှုကို သေချာစေရန်အတွက် မူလစိတ်ဝိညာဉ်နှစ်ခုလုံးကို အသုံးပြုရပေလိမ့်မည်။
လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုက ထိုက်ကျိမူလစိတ်ဝိညာဉ်အဖြစ် ပေါင်းစပ်သွားလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ မူလခန္ဓာကိုယ်ထက် အနည်းငယ်သာ နိမ့်ကျပေလိမ့်မည်။ ၎င်းက ဖရိုဖရဲမဆင့်နှင့် နီးကပ်နေသော စွမ်းအားကို ပိုင်ဆိုင်ပေလိမ့်မည်။
"စမယ်။ " ထိုက်ယင်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့၏ ပတ်ဝန်းကျင်တွင် အချိန်လေဟာနယ်လှိုင်းများ ဖြာထွက်လာပြီး သူတို့က ချက်ချင်း ပျောက်ကွယ်သွားကြသည်။
ကျိုရှန်းလျို့ဝှက်နယ်မြေရှိ အပြစ်ရေကန်အတွင်း၌ ကန်ယုလုံက နစ်မြှုပ်နေဆဲ ဖြစ်သည်။
" စီနီယာက စိတ်ပြောင်းသွားပြီလား။ " ကန်ယုလုံက စိတ်ထဲတွင် စိုးရိမ်နေမိသည်။
အကယ်၍ မျှော်လင့်မရှိဘဲ စိတ်ပျက်နေသော အခြေအနေတွင် ကန်ယုလုံက ခံနိုင်ရည်ရှိပေသည်။ သို့သော် မျှော်လင့်ချက်ရခဲ့ပြီးမှ စိတ်ပျက်မှုထဲသို့ ပြန်လည်ကျရောင်သွားလျှင် သူ၏ စိတ်က ခံနိုင်ရည်ရှိရန် မလွယ်ကူပေ။
" ကောင်လေး စိတ်ရှည်ရှည်နဲ့ စောင့်စမ်းပါ။ ဘာလို့..." ကလေးသံက ကန်ယုလုံကို ဆူပူရန် ပြင်နေစဉ် ရုတ်တရက် ရပ်တန့်သွားသည်။
ထိုအချိန်တွင် အပြစ်ရေကန်၏ ဘေး၌ လင်းယွမ်၏ ပုံရိပ်က ထပ်မံပေါ်လာသည်။
" စီနီယာ..." ကန်ယုလုံက စိတ်အားတက်ကြွလာသည်။
" ဒီသံကြိုးတွေ..." လင်းယွမ်က ကန်ယုလုံ၏ ခြေလက်များတွင် ချည်နှောင်ထားသော သံကြိုးများကို ကြည့်လိုက်သည်။
ထိုသံကြိုးများက ကန်ယုလုံ၏ ရုပ်ခန္ဓာကိုသာမက စိတ်ဝိညာဉ်နှင့် စိတ်အသိကိုလည်း ချည်နှောင်ထားခြင်းဖြစ်သည်။ ကန်ယုလုံကို ကယ်တင်ရန်အတွက် ထိုသံကြိုးများကို ဖြတ်တောက်ရမည်ဖြစ်သည်။
" ငါ ဒီသံကြိုးတွေကို ဖြတ်ပေးမယ်။ မင်းနည်းနည်းတော့ နာလိမ့်မယ်။ " လင်းယွမ်က သတိပေးလိုက်သည်။
" စီနီယာ လုပ်စရာရှိတာ လုပ်ပါ။ ဒီနှစ်တွေမှာ ကျွန်တော်က ဘာမှမတိုးတက်ခဲ့ပေမယ့် နာကျင်မှုကတော့ ကိစ္စမရှိပါဘူး။ " ကန်ယုလုံက ချက်ချင်း ပြောလိုက်သည်။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သံကြိုးများကို လျော့သွားအောင် လုပ်ရန် နည်းလမ်းရှိသော်လည်း ၎င်းက အချိန်အများကြီး ယူရပေလိမ့်မည်။ သူက သံကြိုးများကို ဖြတ်တောက်ရန် ကြိုးစားသည်နှင့် ကျိုရှန်းအရှင်သခင်က ချက်ချင်း သိသွားပေလိမ့်မည်။
ကျိုရှန်လျို့ဝှက်နယ်မြေ၏ အမြင့်ဆုံးရှိ ခန်းမထဲတွင် ကျိုရှန်းအရှင်သခင်က ပလ္လင်ပေါ်တွင် ထိုင်နေသည်။
" အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့ နေရာမှာ အမွေအနှစ်တစ်ခုခုတော့ ရှိနေလိမ့်မယ်။ ဖရိုဖရဲသစ်ပင်ရှိကတည်းက အဲ့ဒါက မဟာသူတော်စင်ရဲ့ အမွေအနှစ်မျိုးဖြစ်နိုင်တယ်။ " ကျိုရှန်းအရှင်သခင်က စဉ်းစားနေသည်။
ဖရိုဖရဲအဆင့်သို့ တက်လှမ်းပြီးနောက်တွင် မဟာသူတော်စင်အဆင့် အမွေအနှစ်ကို ရရှိခြင်းက အလွန်ကံကောင်းသည်ဟု ပြောနိုင်သည်။ တစ်ခုတည်းသော နှမြောစရာမှာ ထိုကျောက်လူသားမျိုးနွယ်မှ လူငယ်က သူ့ထက် အရင်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု ထိုလူငယ်နှင့် ကျောက်လူသားမျိုးနွယ်တစ်ခုလုံးက သူ၏ လက်ထဲသို့ ရော်နေပြီဖြစ်သည်။ ထိုအမွေအနှစ်နေရာရှိ အရာအားလုံးကို ရရှိရန် အချိန်တစ်ခုသာ လိုအပ်သည်။
ထိုအချိန်တွင် ရုတ်တရက် ကျိုရှန်းအရှင်သခင်၏ အမူအရာက ပြောင်းလဲသွားသည်။ အပြစ်ရေကန်၏ ပတ်ဝန်းကျင်မှ အော်ရာများအားလုံးပျောက်ကွယ်သွားပြီး ကန်ယုလုံနှင့် သူ၏ ဆက်သွယ်မှုမှာလည်း ပြတ်တောက်သွားသည်ကို ခံစားလိုက်ရသည်။
" မကောင်းတော့ဘူး။ " ကျိုရှန်းအရှင်သခင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုအချိန်တွင် ခန်းမက ကောင်းကင်ကို လောင်ကျွမ်းပြီး မြေပြင်ကို ဆူပွက်စေနိုင်သော ပူပြင်းသည့် အော်ရာတစ်ခုက လွှမ်းခြုံသွားခဲ့သည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် လူငယ်တစ်ယောက်ပေါ်လာပြီး သူက လက်နှစ်ဖက် နောက်ပစ်ကာ ကျိုရှန်းအရှင်သခင်၏ လမ်းကို ပိတ်ဆို့ထားသည်။
" မင်းလား..." ကျိုရှန်းအရှင်သခင်က သူ၏ ရှေ့မှ လူငယ်ကို ကြည့်ပြီး သူ၏ အမူအရာက လေးနက်သွားသည်။
သူ၏ ရှေ့မှ လူငယ်ထံမှ ထူးဆန်းသော အော်ရာတစ်ခု ထွက်ပေါ်နေပြီး ခြိမ်းခြောက်နိုင်သော အာရုံတစ်ခုကိုလည်း ခံစားနေရသည်။ ထိုလူငယ်က ဖရိုဖရဲအရှင်သခင်တစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။
" အဲ့ဒီကောင်လေး လျို့ဝှက်နယ်မြေမှာ မရှိတော့ဘူး။ " ကျိုရှန်းအရှင်သခင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
သူက ကန်ယုလုံထံတွင် အမှတ်အသားတစ်ခု ချန်ခဲ့သောကြောင့် ထိုကောင်လေး၏ တည်နေရာကို အလွယ်တကူ ရှာဖွေနိုင်လေသည်။ ကန်ယုလုံ၏ ကြောင်းကျိုးဆက်နွယ်မှုများက ဖုံးကွယ်ခြင်းခံထားရသောကြောင့် သူ ပျောက်ကွယ်သွားသည်မှာ သံသယဝင်စရာမလိုပေ။
" ဖရိုဖရဲအရှင်သခင်နှစ်ယောက် တစ်ယောက်က ကောင်လေးကို ခေါ်သွားပြီး တစ်ယောက်က ငါ့ကို တားဆီးထားတယ်။ " ကျိုရှန်းအရှင်သခင်က သူ၏ ရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။
အကယ်၍ လင်းယွမ်က ရုတ်တရက် ပေါ်လာပြီး သူ့ကို မတားဆီးခဲ့လျှင် ကန်ယုလုံ၏ တည်နေရာကို သူက ချက်ချင်း ခြေရာခံနိုင်ပေလိမ့်မည်။
" ဖရိုဖရဲအရှင်သခင်နှစ်ယောက်မဟုတ်လောက်ဘူး။ ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ မူလခန္ဓာကိုယ်နဲ့ ကိုယ်ပွားပဲ ဖြစ်ရမယ်။ " ကျိုရှန်းအရှင်သခင်က စိတ်ထဲမှ တွေးလိုက်သည်။
အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက်တွင် ကိုယ်ပွားများ ဖန်တီးရန် ခက်ခဲမှုမှာ အဆမတန်မြင့်တက်သွားပြီး မူလခန္ဓာကိုယ်၏ ကဏ္ဍအမျိုးမျိုးကိုလည်း ထိခိုက်စေပေလိမ့်မည်။ ထို့ကြောင့် အလွှာဆယ့်နှစ် သက်ရှိအများစုက ကိုယ်ပွားဖန်တီးခြင်းမှာ မူလခန္ဓာကိုယ်၏ တိုက်ခိုက်ရေးစွမ်းအားကို လျော့ကျစေသောကြောင့် ထိုသို့လုပ်ရန် ဆန္ဒမရှိကြပေ။
လင်းယွမ်၏ ထိုက်ယင်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်နှစ်ခုမှာ သူအလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် ဆက်လက်တည်ရှိနေခြင်းမှာ အတိအကျပြောရလျှင် ၎င်းတို့က ကိုယ်ပွားများမဟုတ်သောကြောင့် ဖြစ်သည်။
ကျိုရှန်းလျို့ဝှက်နယ်မြေနှင့် မရေတွက်နိုင်အောင် ဝေကွာသော အချိန်လေဟာနယ်အလွှာများ၏အပြင်ဘက်တွင် လင်းယွမ်က ကန်ယုလုံကို ခေါ်ဆောင်ပြီး လျင်မြန်စွာ ရွေ့လျားနေသည်။ သူ၏ ခြေတစ်လှမ်းက အလင်းနှစ်သန်းပေါင်းများစွာကို ဖြတ်ကျော်သွားသည်။
" စီနီယာ..." ကန်ယုလုံက ကျိုရှန်းလျို့ဝှက်နယ်မြေနှင့် အလွန်ဝေးကွာလာသည်ကို ခံစားလိုက်ရသည်။ လင်းယွမ်၏ ခြေတစ်လှမ်းက သူ၏ အမြန်နှုန်းနှင့် ယှဉ်လျှင် နှစ်ပေါင်းများစွာ သွားရမည့် ခရီးမျိုးဖြစ်သည်။
" ဒါက အချိန်လေဟာနယ် အဋ္ဌမအဆင့်ရှိတဲ့ ဖရိုဖရဲအရှင်သခင်တစ်ယောက်ရဲ့ စွမ်းအားလား။ " ကန်ယုလုံက စိတ်ထဲမှ အံ့အားသင့်နေခဲ့သည်။
" ငါတို့ကျောက်လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေ ဘာတွေများလုပ်ခဲ့လို့ ဒီလိုတည်ရှိမှုမျိုးနဲ့ ပက်သက်နေရတာလဲ။ " ကန်ယုလုံက သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။
" အခုတော့ သူ့ကို မျက်ခြေဖြတ်နိုင်ခဲ့ပြီ။ " လင်းယွမ်က ကျိုရှန်းလျို့ဝှက်နယ်မြေရှိရာသို့ ကြည့်လိုက်သည်။
ယခုတစ်ကြိမ် လှုပ်ရှားမှုတွင် ထိုက်ယန်မူလစိတ်ဝိညာဉ်က ကန်ယုလုံကို ကယ်တင်ပြီး လျို့ဝှက်နယ်မြေမှ ထွက်ပြေးခဲ့သည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်က ကျိုရှန်းအရှင်သခင်ကို တားဆီးရန် တာဝန်ယူခဲ့သည်။
အရာအားလုံး ချောမွေ့နေခဲ့ပြီး ကန်ယုလုံကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ နောက်တစ်ခုမှာ ထိုက်ယန်မူလစိတ်ဝိညာဉ်ပေါ်တွင်သာ မူတည်လေသည်။
ကျိုရှန်းလျို့ဝှက်နယ်မြေ၏ ခန်းမထဲတွင် ကျိုရှန်းအရှင်သခင်နှင့် လင်းယွမ်တို့က တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။
" အရှင်သခင် ချန် ချန်ယုလုံ အဲ့ဒီကောင်လေး ပျောက်ကွယ်သွားပါပြီ။ " လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အင်အားကြီးသူအချို့က ကျိုရှန်းအရှင်သခင်ကို ဆက်သွယ်လာကြသည်။
သူတို့က အပြစ်ရေကန်ကို စောင့်ကြပ်ပြီး ကန်ယုလုံကို နှိပ်စက်ရန် တာဝန်ယူထားကြသူများဖြစ်သည်။ သို့သော် ယခုခဏတွင် ကန်ယုလုံ၏ အော်ရာက ပျောက်ကွယ်သွားသည်ကို သူတို့နောက်ဆုံး သိလိုက်ရခြင်းဖြစ်သည်။
" အသုံးမကျတဲ့အရူးတွေ..." ကျိုရှန်းအရှင်သခင်က သူ၏ လက်အောက်ငယ်သားများကို ဆူပူငေါက်ငမ်းရန် စိတ်မပါတော့ပေ။ ခေါ်ဆောင်သွားသူက ဖရိုဖရဲအရှင်သခင်ဖြစ်သောကြောင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်သော သူတို့က ဘာမှတတ်နိုင်မည်မဟုတ်ပေ။
" ကျိုရှန်းအရှင်သခင် ငါ အဲ့ဒီကောင်လေးကို ခေါ်သွားပြီ။ " လင်းယွမ်က စပြောလိုက်သည်။
ယခုအချိန်တွင် ကန်ယုလုံက သူ၏ ကာကွယ်မှုအောက်တွင် ရှိနေပြီး ကျိုရှန်းအရှင်သခင်က ဝင်ရောက်နှောက်ယှက်ရန် နည်းလမ်းမရှိတော့ပေ။ ဖရိုဖရဲအရှင်သခင်တစ်ယောက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် သက်ရှိတစ်ယောက်ကို ကျိန်စာတိုက်သတ်ဖြတ်ရန် မခက်ခဲပေ။
သို့သော် ထိုသို့လုပ်ရန်အတွက် တူညီသော အဆင့်ရှိသူများ၏ ဝင်ရောက်စွက်ဖက်မှုမရှိရန် လိုအပ်သည်။ ကြောင်းကျိုးဆက်နွယ်မှုများကို ပြင်ပစွမ်းအားများက တားဆီးနိုင်သည်။ ဥပမာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အချိန်လေဟာနယ်နှင့် ကြောင်းကျိုးဆက်နွယ်မှုများကို ခွဲခြားထားနိုင်သည်။
" ငါတကယ်ကို သိချင်မိတယ်။ " ကျိုရှန်းအရှင်သခင်က လင်းယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
" ငါ့ရဲ့ နယ်မြေထဲမှာ မင်းရဲ့ မူလခန္ဓာကိုယ်ကို အသုံးပြုပြီး ကန်ယုလုံကို ခေါ်သွားတယ်ဆိုတော့ မင်းလည်း အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့ နေရာအကြောင်း သိနေတာဖြစ်ရမယ်။ "
လင်းယွမ်၏ လုပ်ရပ်များက ကျိုရှန်းအရှင်သခင်ကို တိုက်ရိုက်ဆန့်ကျင်လိုက်ခြင်းပင်ဖြစ်သည်။ အကျိုးအမြတ် သို့မဟုတ် ဆုလာဘ်တစ်ခုခုမရှိဘဲ ဖရိုဖရဲအရှင်သခင်တစ်ယောက်က ထိုသို့လုပ်မည်မဟုတ်ပေ။
ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲအရှင်သလင်များက အထွတ်အထိပ်တွင် ရှိသူများဟု ဆိုနိုင်သည်။ ထိုအချက်ကြောင့်ပင် လင်းယွမ်က ထိုလျို့ဝှက်နေရာအကြောင်း သိနေသည်ဟု ကျိုးရှန်းအရှင်သခင်က ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။
အကယ်၍ ထိုသို့မဟုတ်လျှင် အားနည်းသော ကျောက်လူသားမျိုးနွယ်ကို ဖရိုဖရဲအရှင်သခင်တစ်ယောက်က ကူညီမည်မဟုတ်ပေ။ ၎င်းက အခြားဖရိုဖရဲအရှင်သခင်တစ်ယောက်ကို တိုက်ရိုက်ဆန့်ကျင်လိုက်ခြင်းပင်ဖြစ်သည်။