← Chapters

လျို့ဝှက်ဆန်းကြယ်သောနေရာ...

Vol. 59 Ch. 855

လျို့ဝှက်ဆန်းကြယ်သောနေရာ...

Vol. 59 Ch. 855

ကျိုရှန်းအရှင်သခင်က လင်းယွမ်ထွက်ပြေးသွားမည်ကို မစိုးရိမ်ပေ။ ပထမအချက်မှာ သူတို့က ဖရိုဖရဲဟင်းလင်းပြင်စိတ်အသိအောက်တွင် ကတိကျိန်ဆိုခဲ့ခြင်းဖြစ်ပြီး ကတိဖောက်ဖျက်လျှင် ကြောင်းကျိုးဆက်နွယ်မှု၏ တန်ပြန်မှုကို ခံရပေလိမ့်မည်။

ဒုတိယအချက်မှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ လင်းယွမ်အတွက် ဆုံးရှုံးမှုမရှိသောကြောင့်ဖြစ်သည်။ ထိုအချက်ကြောင့်ပင် ကျိုရှန်းအရှင်သခင်က ကျောက်လူသားမျိုးနွယ်တစ်ခုလုံးကို အလွယ်တကူ ပေးအပ်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်။

" ဒီနားက ဟင်းလင်းပြင်နယ်မြေတွေမှာ ဒီလိုအရှင်သခင်မျိုး ဘယ်တုန်းက ပေါ်လာတာလဲ။ " ကျိုရှန်အရှင်သခင်က ပလ္လင်ပေါ်တွင်ထိုင်ပြီး တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။

ဖရိုဖရဲအရှင်သခင်များက တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြလေ့ရှိပြီး အနည်းဆုံး နာမည်တော့ ကြားဖူးလေ့ရှိသည်။ သို့သော် ကျိုရှန်းအရှင်သခင် လင်းယွမ်အကြောင်းတစ်ခါမှ မကြားဖူးခဲ့ပေ။

" သူက အဝေးက ဟင်းလင်းပြင်နယ်မြေတစ်ခုက လာတာလား။ ဒါမှမဟုတ် ငါ့လိုပဲ ဖရိုဖရဲအဆင့်ကို တက်လှမ်းတာ မကြာသေးလို့ သတင်းမပျံ့သေးတာလား။ " ကျိုရှန်းအရှင်သခင်က စိတ်ထဲမှ ခန့်မှန်းနေသည်။

ခဏကြာသောအခါ လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူအချို့က ခန်းမထဲသို့ သတိကြီးစွာ ဝင်လာကြသည်။

" အရှင်သခင်..." သူတို့က ဘာဖြစ်သွားသည်ကို မသိကြသော်လည်း သူတို့စောင့်ကြပ်နေသော ကန်ယုလုံ ရုတ်တရက် ပျောက်ကွယ်သွားခြင်းကြောင့် သူတို့က အပြစ်ရှိသည်ဟု ခံစားနေရသည်။

" တော်တော့။ လျို့ဝှက်နယ်မြေရဲ့ အပြင်ဘက်က စုရပ်အားလုံးကို လျို့ဝှက်နယ်မြေထဲ ပြန်ခေါ်လိုက်။ ပြီးတော့ လျို့ဝှက်နယ်မြေရဲ့ ကာကွယ်ရေအစီအရင်ကို အမြင့်ဆုံးအဆင့်ထိ ဖွင့်ထားလိုက်။ " ကျိုရှန်းအရှင်သခင်က အမိန့်ပေးလိုက်သည်။

ဖရိုဖရဲကုန်း​မြေတွင် အစိတ်အပိုင်းကမ္ဘာများစွာ ရှိပြီး လျို့ဝှက်နယ်မြေများက ဖရိုဖရဲကုန်းမြေနှင့် မယှဉ်နိုင်သော်လည်း ၎င်းက စုရပ်များရှိနေသည်။ ကျိုရှန်းအရှင်သခင်နှင့် လင်းယွမ်တို့ကြား တိုက်ပွဲ၏ သက်ရောက်မှုက ထိုစုရပ်များကို သေချာပေါက် ဝါးမျိုသွားပေလိမ့်မည်။

သူတို့ကို လျို့ဝှက်နယ်မြေထဲသို့ ပြန်ခေါ်ခြင်းမှာ အန္တရာယ်အကင်းဆုံး နည်းလမ်းပင်ဖြစ်သည်။ ထို့အပြင် လျို့ဝှက်နယ်မြေကိုယ်တိုင်ကလည်း ကာကွယ်မှုအားလုံးကို အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေရန် လိုအပ်သည်။

" ဟမ် အရှင်သခင် ဘာလို့ သူတို့ကို ပြန်ခေါ်ရတာလဲ။ " လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူများက နားမလည်နိုင်စွာဖြင့် အံ့အားသင့်သွားကြသည်။

" ခဏနေရင် ငါ အပြင်ဘက်မှာ ဖရိုဖရဲအရှင်သခင်တစ်ယောက်နဲ့ ယှဉ်ပြိုင်ရမှာမလို့ပဲ။ " ကျိုရှန်းအရှင်သခင်၏ စကားများက တိုတောင်းသော်လည်း သူ၏ လက်အောက်ခံများကို တုန်လှုပ်သွားစေခဲ့သည်။

အချိန်လေဟာနယ်အလွှာမျာ၏ ဝေးကွာသော နေရာတွင် ထိုက်ယင်မူလစိတ်ဝိညာဉ်က တိတ်ဆိတ်စွာ ရပ်နေသည်။ ကန်ယုလုံကလည်း ဘေးတွင် ရိုသေစွာ ရပ်နေသည်။

" ပြီးသွားပြီ။ " လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က ပေါ်လာသည်။

" စီနီယာနှစ်ယောက်လား။ " ကန်ယုလုံက မှင်သက်သွားပြီး သူတို့က ကိုယ်ပွားများဖြစ်နိုင်ကြောင်း ချက်ချင်း သိလိုက်ရသည်။

" ဒါတွေက မင်းရဲ့ မျိုးနွယ်စုဝင်တွေပဲ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး ကျောက်လူသားမျိုးနွယ်ဝင်များ ပါဝင်သော ကမ္ဘာငယ်တစ်ခု ပေါ်လာသည်။

" မျိုးနွယ်ဝင်တွေ..." ကန်ယုလုံ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ အသံက အနည်းငယ် တုန်ယင်နေသည်။

သူ၏ မျိုးနွယ်ဝင်များကို ပြန်လည်တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။ လင်းယွမ်က သူ့ကို မကယ်တင်မီ ကျောက်လူသားမျိုးနွယ်ကို ကယ်တင်ရန် ကြိုးစားပေးမည်ဟုသာ ပြောခဲ့သည်။ ကျိုရှန်းအရှင်သခင်က ရင်ဆိုင်ရလွယ်ကူသူတစ်ယောက်မဟုတ်ပေ။ သို့သော် ယခုအခါ ကျောက်လူသားမျိုးနွယ်အားလုံးက သူ၏ ရှေ့သို့ ရောက်နေပြီဖြစ်သည်။

" သိပ်စိတ်လှုပ်ရှားမနေနဲ့ဦး။ ကျိုရှန်းအရှင်သခင်က ကျောက်လူသားမျိုးနွယ်ဝင်တွေကို ပေးလိုက်တာမှန်တယ်။ ဒါပေမယ့် သတ်မှတ်ချက်အချို့ ရှိနေတယ်။ " လင်းယွမ်က ကျိုရှန်းအရှင်သခင်နှင့် သဘောတူညီခဲ့သော ကိစ္စကို ရှင်းပြလိုက်သည်။

ကန်ယုလုံက ကျိုရှန်းအရှင်သခင်၏ လက်ထဲတွင် ရှိနေစဉ်က အလျှော့မပေးခဲ့ခြင်းမှာ အလျှော့ပေးလိုက်လျှင် သေရမည်ကို သိသောကြောင့်ဖြစ်သည်။

" စီနီယာသဘောအတိုင်းပါပဲ။ " ကန်ယုလုံက ရိုသေစွာ ပြန်ပြောလိုက်သည်။

ကျိုရှန်းအရှင်သခင်အတွက် အမွေအနှစ်ကို ကူးယူပေးရမည်လား။ ၎င်းက ကန်ယုလုံအတွက် ပြဿနာမရှိပေ။ သူက ထိုအမွေအနှစ်နေရာကို လင်းယွမ်အား ပေးအပ်ရန် စီစဉ်ထားပြီဖြစ်ရာ လင်းယွမ်၏ အစီအစဉ်များက သဘာဝကျပေသည်။

" ကောင်းပြီ။ ငါနဲ့ ကျိုရှန်းအရှင်သခင်တို့ရဲ့ ပြိုင်ပွဲက မကြာခင် စတော့မယ်။ အခု အဲ့ဒီနေရာရဲ့ တည်နေရာကို ငါ့ကို ပြောလို့ရပြီ။ " လင်းယွမ်က ကန်ယုလုံကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

" တည်နေရာအတိအကျလား။ " ကန်ယုလုံက တွန့်ဆုတ်ခြင်းမရှိဘဲ အချိန်လေဟာနယ်ဆုံမှတ်များကို ဖွင့်ပြောလိုက်သည်။

လင်းယွမ်က သူ့ကို ကယ်တင်ပေးခဲ့ရုံသာမက ကျောက်လူသားမျိုးနွယ်တစ်ခုလုံးကိုလည်း ကယ်တင်ပေးခဲ့ပြီဖြစ်သောကြောင့် သူ၏ ကတိကို တည်ခဲ့ပြီဖြစ်သည်။ ကန်ယုလုံကလည်း သူ၏ စကားကို တည်ရမည်ဖြစ်သည်။

လင်းယွမ်က သူ့ကို ကြင်နာစွာ ဆက်ဆံနေသော်လည်း ၎င်းကပင် ကန်ယုလုံကို ပို၍ ထိတ်လန့်စေသည်။ ရက်စက်လှသော ကျိုရှန်းအရှင်သခင်ကို ဤမျှအထိ အလျှော့ပေးအောင် လုပ်နိုင်သူဖြစ်သောကြောင့် လင်းယွမ်က အပေါ်မှာကဲ့သို့ အမှန်တကယ် ကြင်နာနေခြင်း ဖြစ်နိုင်ပါ့မလား။

အကယ်၍ လင်းယွမ်ကိုသာ ဒေါသထွက်အောင်လုပ်မိလျှင် သူက ကျိုရှန်းအရှင်သခင်၏ လက်ထဲတွင် ရှိနေခဲ့သည့် အဆပေါင်းများစွာ ပိုမိုဆိုးရွားပေလိမ့်မည်ဟု ကန်ယုလုံက ခံစားနေရသည်။

လင်းယွမ်က အချိန်လေဟာနယ်ဆုံမှတ်များကို ရရှိပြီး ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။ ဖရိုဖရဲဟင်းလင်းပြင်၏ အချိန်လေဟာနယ်က အလွန်ကျယ်ဝန်းလှပြီး မရေတွက်နိုင်သော အချိန်လေဟာနယ်အလွှာများစွာဖြင့် ဖွဲ့စည်းထားသည်။

ဖရိုဖရဲမဟာသူတော်စင်များပင် ၎င်းတို့အားလုံးကို ဖြတ်ကျော်နိုင်ခြင်းမရှိကြပေ။ ထို့ကြောင့် ဖရိုဖရဲဟင်းလင်းပြင်တွင် တည်နေရာက အလွန်အရေးကြီးလှသည်။ တည်နေရာဆုံမှတ်များမရှိလျှင် ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်ပင် ဖရိုဖရဲဟင်းလင်းပြင်၏ အချိန်လေဟာနယ် အလွှာများထဲတွင် လမ်းပျောက်သွားနိုင်သည်။

လင်းယွမ်၏ ကြီးမားသော စိတ်အသိက ပျံ့နှံသွားပြီး ကန်ယုလုံပေးသော တည်နေရာဆုံမှတ်များနောက်လိုက်ကာ လျို့ဝှက်ဆန်းကြယ်သောနေရာတစ်ခုနှင့် ချိတ်ဆက်မိသွားသည်။

" ဒီနေရာက ဘာလဲ။ " လင်းယွမ်က သေချာလေ့လာလိုက်သည်။

" ကျိုရှန်းအရှင်သခင်က ဒီနေရာကို အာရုံမခံနိုင်တာ အံ့ဩစရာမရှိဘူ။ " လင်းယွမ်က ခဏလေ့လာပြီးနောက် အတွေးနက်နေသည်။

ထိုလျို့ဝှက်ဆန်းကြယ်သော နေရာက အချိန်လေဟာနယ်ထဲတွင် နက်ရှိုင်းစွာ ပေါင်းစပ်နေသည်။ သို့သော် ၎င်းက နတ်ဆိုးကျောက်စိမ်းနေရာ၏ အဆင့်ကို မရောက်သေးပေ။ ထိုအဆင့်သို့ ရောက်ရှိရန် အချိန်လေဟာနယ် နဝမအဆင့် နားလည်မှုကို လိုအပ်သည်။

အချိန်လေဟာနယ် နဝမအဆင့်က ပုံမှန်အားဖြင့် ဖရိုဖရဲမဟာသူတော်စင်များသာ ရောက်ရှိနိုင်သော အဆင့်ဖြစ်သည်။ နဝမအဆင့် အထွတ်အထိပ်ကို ပြိုင်ဘက်ကင်းမဟာသူတော်စင်များပင် အောင်မြင်ရန် မလွယ်ကူပေ။ ဧကရာဇ်ရွှမ်ဟွမ်အတွက် ဂုဏ်ယူရဆုံး အရာတစ်ခုမှာ အချိန်လေဟာနယ် နဝမအဆင့် အထွတ်အထိပ်ပင်ဖြစ်သည်။

" ဒီလျို့ဝှက်နေရာက ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်ချန်ခဲ့တာ ဖြစ်ရမယ်။ ကန်ယုလုံရဲ့ စကားအရဆို အမွေအနှစ်ပေးတဲ့ နေရာတစ်ခုဖြစ်ဖို့များတယ်။ " လင်းယွမ်က စိတ်ထဲမှ ကောက်ချက်ချလိုက်သည်။

" ဖရိုဖရဲသစ်ပင်..." လင်းယွမ်က လျို့ဝှက်နေရာ၏ အလယ်တွင် ဖရိုဖရဲစွမ်းအားများ ဝန်းရံပြီး အကိုင်းအခက်များ လှုပ်ရမ်းနေသော ဖရိုဖရဲသစ်ပင်ကိုလည်း သတိထားမိလိုက်သည်။

" ဒီတစ်ခေါက် လှုပ်ရှားရတာ တကယ်တန်ပါတယ်။ " လင်းယွမ်က စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်။

အကယ်၍ သူက ထိုအမွေအနှစ်နေရာမရှိလျှင်တောင် ဖရိုဖရဲသစ်ပင်ကို ရရှိနိုင်မည်ဆိုလျှင် ဖရိုဖရဲအရှင်သခင်တစ်ယောက်နှင့် ရန်သူဖြစ်ခြင်းက ဘာမှမဟုတ်ပေ။ ဖရိုဖရဲအရှင်သခင်များကြားတွင် တိုက်ပွဲများရှားပါးရသည့် အကြောင်းရင်းမှာ ထိုသို့ တိုက်ခိုက်ရန် ထိုက်တန်သော ရတနာမရှိသောကြောင့် ဖြစ်သည်။ သို့သော် ဖရိုဖရဲသစ်ပင်အတွက်မူ ကျိုရှန်းအရှင်သခင်က ကျောက်လူသားမျိုးနွယ်အား အကျဉ်းချထားခြင်းကို ကြည့်ရုံဖြင့် ၎င်း၏ တန်ဖိုးကို သိနိုင်သည်။

" ဒါကို သန့်စင်ဖို့က အချိန်ယူရဦးမယ်။ အဲ့ဒါကို တိုက်ပွဲပြီးမှ လုပ်တော့မယ်။ " လင်းယွမ်က အမွေအနှစ်နေရာ၏ တည်နေရာဆုံမှတ်များကို မှတ်သားထားပြီးဖြစ်သောကြောင့် ၎င်းက သူ၏ လက်ထဲမှ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။

" မင်း ဒီမှာ ခဏစောင့်နေဦး။ " လင်းယွမ်က ကန်ယုလုံကို ကြည့်လိုက်သည်။

ကျိုရှင်းအရှင်သခင်နှင့် ယှဉ်ပြိုင်ရန် လင်းယွမ်က သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုကို ထိုက်ကျိမူလစိတ်ဝိညာဉ်အဖြစ် သေချာပေါက် ပေါင်းစပ်ရမည်ဖြစ်သည်။ မူလစိတ်ဝိညာဉ်တစ်ခုတည်းဆိုလျှင် အနိုင်ရရှိရန် အခွင့်အရေး နည်းပါးသည်။

အကယ်၍ လင်းယွမ်က ရှုံးနိမ့်သွားလျှင်တောင် ကြီးမားသော ဆုံးရှုံးမှုမရှိသော်လည်း ကျိုရှန်းအရှင်သခင်၏ လက်ထဲတွင် ရှုံးနိမ့်ခြင်းက နောက်ဆက်တွဲ အန္တရာယ်များ ရှိလာနိုင်သည်။

ထို့ကြောင့် လင်းယွမ်က ကျိုရှန်းအရှင်သခင်နှင့် ရင်ဆိုင်ရာတွင် အနိုင်ရရှိရန် ရည်ရွယ်ထားသည်။ အကယ်၍ အနိုင်မရလျှင်တောင် သူက လွယ်ကူသော ပစ်မှတ်တစ်ခုမဟုတ်သည်ကို ကျိုရှန်းအရှင်သခင်အား သိအောင် လုပ်ပြရမည်ဖြစ်သည်။

ကန်ယုလုံကို ထိုနေရာတွင် ထားခဲ့ခြင်းက လင်းယွမ်က သူထွက်ပြေးသွားမည်ကို မစိုးရိမ်ပေ။ သူက လျို့ဝှက်နေရာကို ရရှိထားပြီဖြစ်ရာ အကြီးမားဆုံး အခွင့်အရေးကို ဆုပ်ကိုင်ထားပြီဖြစ်သည်။ ကန်ယုလုံထွက်သွားလျှင်တောင် သူ့အတွက် ပြဿနာမရှိပေ။

ကျိုရှန်းလျို့ဝှက်နယ်မြေ၏ အပြင်ဘက်မှ စုရပ်များက လျို့ဝှက်နယ်မြေ၏ အတွင်းပိုင်းသို့ စတင်ရွှေ့ပြောင်းကြသည်။ ထိုနေရာများတွင် နေထိုင်ကြသူများက ကျိုရှန်းအရှင်သခင်၏ ကာကွယ်မှုကို ရယူထားသူများဖြစ်ကြသည်။ စကြာဝဠာခေတ်တစ်ခုကြာတိုင်း သူတို့က ဖရိုဖရဲသလင်းကျောက်များအပါအဝင် ရတနာများကို ကျိုရှန်းအရှင်သခင်အား ဆက်သကြရသည်။

ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ ကာကွယ်မှုကို အလကားရရှိခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ ကုမင်ဖရိုဖရဲကုန်းမြေ၏ အပြင်ဘက်ရှိ အစိတ်အပိုင်းကမ္ဘာများကို ပိုင်ဆိုင်ရန်အတွက် ဖရိုဖရဲကျောက်တုံးများဖြင့် ဝယ်ယူရန် လိုအပ်သည်။

All Chapters