← Chapters

ကျိုရှန်းအရှင်သခင်နှင့် ယှဉ်ပြိုင်ခြင်း...

Vol. 59 Ch. 856

ကျိုရှန်းအရှင်သခင်နှင့် ယှဉ်ပြိုင်ခြင်း...

Vol. 59 Ch. 856

" ကျိုရှန်းအရှင်သခင်က လျို့ဝှက်နယ်မြေရဲ့ အပြင်ဘက်မှာ အခြားအရှင်သခင်တစ်ယောက်နဲ့ ယှဉ်ပြိုင်မှာလား။ " ကျိုရှန်းအရှင်သခင်က ထိုကိစ္စကို ဖုံးကွယ်ထားခြင်းမရှိပေ။

အမှန်တော့ သူက ဖုံးကွယ်ထား၍လည်း မရပေ။ လင်းယွမ်နှင့် တိုက်ပွဲအပြီးတွင ဖြစ်ပေါ်လာသော စွမ်းအားလှိုင်းများကြောင့်ဖြစ်သည်။

" ကျိုရှန်းအရှင်သခင်က ဘယ်အရှင်သခင်နဲ့ တိုက်ခိုက်မှာလဲ။ "

" ဘယ်သူလဲအရေးမကြီးဘူး။ လျို့ဝှက်နယ်မြေထဲ မြန်မြန်ဝင် တိုက်ပွဲစလို့ ငါတို့ အပြင်မှာ ရှိနေရင် တိုက်ပွဲစွမ်းအားကြောင့် ငါတို့ သေဖို့ပဲရှိတယ်။ "

လျို့ဝှက်နယ်မြေ၏ အင်အားကြီးသူများက အံ့ဩနေကြသည်။ လွှမ်းမိုးခြင်းအဆင့်များလည်း ထို့အတူပင် ဖြစ်ပြီး သူတို့အတွက် ဖရိုဖရဲအရှင်သခင်များကြား တိုက်ပွဲက ထိန်းချုပ်၍မရသော အန္တရာယ်ကြီးတစ်ခုသာ ဖြစ်သည်။

" နှမြောစရာပဲ။ ရတနာတွေ ယူသွားနိုင်ပေမယ့် နှစိပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ အခြေစိုက်စခန်းတွေကိုတော့ မြန်မြန် မရွှေ့ပြောင်းနိုင်ဘူး။ တစ်ခုခုတော့ ကျန်ခဲ့ဖို့ ဆုတောင်းရမှာပဲ။ "

" အခြေစိုက်စခန်းတွေကို ထားလိုက်။ အသက်ရှင်ဖို့က ပိုအရေးကြီးတယ်။ "

" လျို့ဝှက်နယ်မြေထဲ ​မြန်မြန်ဝင်ကြ။ နောက်ကျသွားရင် အချိန်မီမှာမဟုတ်တော့ဘူး။ "

ကံကောင်းသည်မှာ ကျိုရှန်းအရှင်သခင်၏ လက်အောက်ခံများက ရွှေ့ပြောင်းရာတွင် ကူညီပေးနေကြခြင်းဖြစ်သည်။ သူတို့က လျို့ဝှက်နယ်မြေ၏ ကာကွယ်ရေးအစီအရင်ကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။

လျို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် ကျိုရှန်းအရှင်သခင်က အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က မလှမ်းမကမ်းတွင် ပေါ်လာသည်။ ယခုအချိန်တွင် ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့က ပေါင်းစည်းသွားပြီး ထိုက်ကျိမူလစိတ်ဝိညာဉ်အဖြစ် တည်ရှိနေပြီဖြစ်သည်။

" ဟမ် " ကျိုရှန်းအရှင်သခင်က လင်းယွမ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

ယခု လင်းယွမ်က သူ့ကို မတူညီသော ခံစားချက်တစ်ခုကို ပေးနေပြန်သည်။ ကောင်းကင်ကို လောင်ကျွမ်းစေနိုင်သော ပြင်းထန်သည့် အပူလှိုင်းများ ပျောက်ကွယ်သွားသော်လည်း ပိုမိုကြီးမားသော ခြိမ်းခြောက်မှုကို ပေးစွမ်းနေသည်။

" ဖရိုဖရဲအရှင်သခင်တစ်ယောက်အနေနဲ့ အမည်မသိဖြစ်နေတာ ရှားတယ်။ ဒါပေမယ့် ငါမင်းအကြောင်း တစ်ခါမှမကြားဖူးဘူး။ " ကျိုရှန်းအရှင်သခင်က လင်းယွမ်ကို ကြည့်ပြီး သူ၏ သံသယကို ထုတ်ပြောလိုက်သည်။

လင်းယွမ်က ဖရိုဖရဲအဆင့်သို့ ယခုမှ တက်လှမ်းလာသူဖြစ်နိုင်သောကြောင့် သူက သူသိထားသော လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်များကိုပင် ပြန်စဉ်းစားကြည့်နေခဲ့သည်။ သို့သော် လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်များက များပြားသော်လည်း လင်းယွမ်၏ အသွင်အပြင်နှင့် ကိုက်ညီသူတစ်ယောက်မှ မရှိပေ။

အင်အားကြီးသူတစ်ယောက်၏ တိုးတက်မှုလမ်းကြောင်းကို အမြဲတမ်း ခြေရာခံနိုင်ပြီး အထူးသဖြင့် ဖရိုဖရဲအဆင့်သို့ တက်လှမ်းနိုင်သူများဖြစ်ကြသည်။ သူတို့က အဆင့်မတက်မီ သဲလွန်စမကျန်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ကျိုရှန်းအရှင်သခင်မသိသည်မှာ လင်းယွမ်က ယခုအချိန်ထိ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ရှိနေသေးသည်ဟူသော အချက်ပင်ဖြစ်သည်။ သူက စကြာဝဠာမှ ထွက်ခွာပြီး ကုမင်ဖရိုဖရဲကုန်းမြေတွင် နေထိုင်ခဲ့သောကြောင့် ဖရိုဖရဲဟင်းလင်းပြင်တွင် သူချန်ထားခဲ့သော သဲလွန်စများက အလွန်ရှားသည်။

အရှင်ကုမင်နှင့် လမ်းစဉ်တစ်သောင်းမျက်လုံးတို့ကသာ လင်းယွမ်၏ ထူးခြားမှုကို သတိပြုမိကြပြီး ပြင်ပကမ္ဘာတွင် သူနှင့် ပက်သက်သော အချက်အလက်များ မရှိပေ။ ထို့ကြောင့် ကျိုရှန်းအရှင်သခင်က လင်းယွမ်ကို ဖော်ထုတ်နိုင်ခြင်းမရှိပေ။

" ဟားဟား ဖရိုဖရဲဟင်းလင်းပြင်က အကျယ်ကြီးပါ။ ဖရိုဖရဲအရှင်သခင်တစ်ယောက် ပေါ်လာတာ ဘာအရေးကြီးလို့လဲ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။

ကျိုရှန်းအရှင်သခင်က ထိုစကားကို သဘောမတူသော်လည်း ဆက်ပြီး အရေးမလုပ်​ရန် ဆုံးဖြတ်လိုက်သည်။ ယခုအချိန်တွင် သူက လင်းယွမ်ကို အနိုင်ယူရန်သာ အာရုံစိုက်ထားသည်။

" ငါ ဖရိုဖရဲအဆင့်ကို တက်လှမ်းပြီးတဲ့နောက် စကြာဝဠာခေတ်ဆယ်ခုတိုင်အောင် ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ပြီး သတ်ဖြတ်ခြင်းနည်းစနစ် ဆယ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ " ကျိုရှန်းအရှင်သခင်က လေးနက်စွာ ပြောလိုက်သည်။ " မင်းသာ အဲ့ဒါတွေကို တားဆီးနိုင်ရင် ငါအရှုံးပေးမယ်။ "

ဝုန်း...

ကျိုရှန်းအရှင်သခင်က စကားဆုံးသည်နှင့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ လက်သီးချက်မှ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် စွမ်းအားက အလင်းနှစ် သန်းပေါင်းများစွာအထိ ထိုးဖောက်သွားခဲ့သည်။ အချိန်လေဟာနယ်က ဆုတ်ဖြဲခံလိုက်ရပြီး စွမ်းအားအားလုံးက လင်းယွမ်ဆီသို့ တိုးဝင်သွားသည်။

" အချိန်လေဟာနယ်​ကြိတ်ဆုံ..." လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး အရပ်မျက်နှာအနှံ့ရှိ အချိန်လေဟာနယ်က အေးခဲသွားသည်။

အချိန်လေဟာနယ်၏ အဆုံးမဲ့စွမ်းအားများက ကျိုရှန်းအရှင်သခင်၏ လက်သီးချက်ကို တိုက်စားသွားပြီး အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ပျောက်ကွယ်သွားစေခဲ့သည်။

" အချိန်လေဟာနယ်အပေါ် ထိန်းချုပ်မှုက ကျွမကျင်လှပါလား။ " ကျိုရှန်းအရှင်သခင်၏ အမူအရာက လေးနက်သွားသည်။

သူ၏ လက်သီးချက်တွင်လည်း အချိန်လေဟာနယ်စွမ်းအားများ ပါဝင်နေပြီး လင်းယွမ်က အချိန်လေဟာနယ်ကို အသုံးပြု၍ ၎င်းကို တားဆီးနိုင်ခြင်းမှာ အချိန်လေဟာနယ် နားလည်မှုတွင် လင်းယွမ်က သာလွန်ကြောင်း သက်သေပြနေသည်။

" မင်းရဲ့ အချိန်လေဟာနယ်အပေါ် နားလည်မှုက အားကောင်းနေတော့ ဘာအရေးလဲ။ " ကျိုရှန်းအရှင်သခင်က ဂရုမစိုက်ပေ။

သူတို့က ယှဉ်ပြိုင်ခြင်းသာ ဖြစ်ပြီး ထွက်ပြေးခြင်း သို့မဟုတ် အသက်ရှင်လွတ်မြောက်ခြင်းအတတ်ပညာကို စမ်းသပ်နေခြင်းမဟုတ်ပေ။ အချိန်လေဟာနယ်အပေါ် နက်ရှိုင်းစွာ နားလည်ရုံနှင့် သူ့ကို အနိုင်ရရှိရန် မသေချာပေ။

" တိုက်ခိုက်ရေးနည်းစနစ်မှာ ကျွမ်းကျင်တယ်။ " လင်းယွမ်က ကျိုရှန်းအရှင်သခင်ကို ကြည့်လိုက်သည်။ အစောက လက်သီးချက်တွင် ကြောက်စရာကောင်းသော စွမ်းအားများ ပါဝင်နေသည်။

အကယ်၍ လင်းယွမ်က ထိုက်ကျိမူလစိတ်ဝိညာဉ်မဟုတ်ဘဲ ထိုက်ယင် သို့မဟုတ် ထိုက်ယန်မူလစိတ်ဝိညာဉ်တစ်ခုတည်းကို အသုံးပြုခဲ့လျှင် ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားနိုင်သည်။

" ဆန်းကြယ်မှုသုံးမျိုး ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးခြင်း။ " ကျိုရှန်းအရှင်သခင်၏ အော်ရာက ​ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ ထူးခြားသော စွမ်းအားသုံးမျိုး ထွက်ပေါ်လာကာ လင်းယွမ်ဆီသို့ ဦးတည်သွားကြသည်။

" အဆုံးမဲ့ ဟင်းလင်းပြင် " လင်းယွမ်က ပြန်လည်ခုခံရန် မရွေးချယ်ပဲ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ကျယ်ဝန်းသွားပြီး စွမ်းအားသစ်တစ်ခုက အစားထိုးဝင်ရောက်လာသည်။ အဆုံးမဲ့ဟင်းလင်းပြင်က အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်ပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းကို အာရုံစိုက်ထားခြင်းဖြစ်သည်။ နှစ်များစွာ အတွင်း လင်းယွမ်က သူ၏ အတွင်းစကြာဝဠာကို အခြေခံ၍ သတ်ဖြတ်ခြင်းနည်းစနစ်အချို့ကိုလည်း ဖန်တီးခဲ့သည်။

ဝုန်း...

စွမ်းအားနှစ်ခုက အဆက်မပြတ် တွေ့ဆုံနေပြီး တုန်ခါလှိုင်းများက အလွန်ဝေးကွာသော နေရာများအထိ ပျံ့နှံ့သွားခဲ့သည်။ ကျိုရှန်းလျို့ဝှက်နယ်မြေ၏ ကာကွယ်ရေးအစီအရင်က အသက်ဝင်နေပြီး ရိုက်ခတ်လာသော နောက်ဆက်တွဲလှိုင်းများကို အစွမ်းကုန် တားဆီးနေခဲ့သည်။

ဖရိုဖရဲအရှင်သခင်နှစ်ယောက်ကြား တိုက်ပွဲက ပြင်းထန်လွန်းလှပြီး မကြာမီ အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေရှိ အခြားဖရိုဖရဲအရှင်သခင်များကလည်း အာရုံစိုက်မိသွားကြသည်။

" ဖရိုဖရဲအရှင်သခင်တစ်ယောက် လှုပ်ရှားနေတာလား။ "

" အဲ့ဒါကျိုရှန်းအရှင်သခင်ရဲ့ နေရာပဲ။ "

" ကျိုရှန်းအရှင်သခင်နဲ့ တိုက်နေတဲ့ အရှင်သခင်က ဘယ်သူလဲ။ "

" မသိဘူး။ ဒီလိုအော်ရာမျိုး တစ်ခါမှမတွေ့ဖူးဘူး။ "

ဖရိုဖရဲအရှင်သခင်များက အဝေးမှ အကဲခတ်နေကြပြီး ကြားဝင်စွက်ဖက်ခြင်းမရှိဘဲ အချင်းချင်း စကားပြောနေကြသည်။

" ကျိုရှန်းအရှင်သခင်က လွှမ်းမိုးခြင်းအဆင့်မှာကတည်းက သတ်ဖြတ်ခြင်းမှာ ကျွမ်းကျင်ခဲ့တယ်။ ဖရိုဖရဲအဆင့်မှာလည်း အတူတူပဲ။ "

" ကျိုရှန်းအရှင်သခင်နဲ့ တိုက်နေတဲ့သူက ထူးခြားတဲ့ နောက်ခံရှိလိမ့်မယ်။ "

" ဖရိုဖရဲအဆင့်မှာ ဘယ်သူက သာမန်လူရှိလို့လဲ။ ဆက်ကြည့်ရအောင်။ "

ဖရိုဖရဲအရှင်သခင်များက မလိုအပ်ဘဲ တိုက်ခိုက်ခြင်းကို ရောင်ရှားလေ့ရှိကြသည်။ သို့သော် သူတို့က ဖရိုဖရဲအရှင်သခင်များကြား ယှဉ်ပြိုင်တိုက်ခိုက်မှုများအား ကြည့်ရှုရသည်ကို သဘောကျကြသည်။ မည်သို့ပင်ဖြစ် ၎င်းက သူတို့အတွက် ခြိမ်းခြောက်မှုမရှိဘဲ ပွဲကြီးပွဲကောင်းရှိရခြင်းဖြစ်သည်။

အချိန်လေဟာနယ်က အေးခဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ အဆုံးမဲ့ဟင်းလင်းပြင်ကို အခြေခံထားသော လင်းယွမ်၏ သတ်ဖြတ်ခြငခးနည်းစနစ်က ဟင်းလင်းပြင်အပေါ်တွင် ထိန်းချုပ်နိုင်စွမ်းကို ပြသနေသည်။ ၎င်းက ကမ္ဘာစွမ်းရည်ကို မယှဉ်နိုင်သော်လည်း ကမ္ဘာစွမ်းရည်၏ သုံးပုံတစ်ပုံ အားကောင်းပေသည်။

သို့သော် ကမ္ဘာစွမ်းရည်က စက္ကန့်ပိုင်းသာကြာပြီး အချိန်ကန့်သတ်ချက်ရှိသော်လည်း အဆုံးမဲ့ဟင်းလင်းပြင်က ထိုကဲ့သို့ ကန့်သတ်ချက်မရှိပေ။ လင်းယွမ်က ဆန္ဒရှိသလောက် ၎င်းကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။

" ကြောက်စရာကောင်းတဲ့ ဟင်းလင်းပြင်ဖိနှိပ်မှုပဲ။ " ကျိုရှန်းအရှင်သခင်ပင် အခက်တွေ့သွားသည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ ဖိနှိပ်မှုအောက်တွင် သူ၏ လှုပ်ရှားမှုများက ကန့်သတ်ခြင်းခံထားရပြီး အလွန်စိတ်မသက်မသာဖြစ်စေသည်။

" ဒါပေမယ့် ဒါက ငါ့အပေါ် အလုပ်မဖြစ်ဘူး။ ဆန်းကြယ်မှုခြောက်ပါး အရာခမ်းသိမ်းကို အောင်နိုင်ခြင်း။ " ကျိုရှန်းအရှင်သခင်၏ အမူအရာက အေးစက်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားခြောက်မျိုးက ထွက်ပေါ်လာသည်။

လင်းယွမ်ကို အနိုင်မယူနိုင်လျှင်တောင် အရှက်တကွ ရှုံးနိမ့်မှုမဖြစ်စေရန် ကျိုရှန်းအရှင်သခင်က သူ၏ သတ်ဖြတ်ခြင်းနည်းစနစ်အများစုကို အသုံးပြုလိုက်ပြီဖြစ်သည်။

ဝုန်း...

စွမ်းအားခြောက်မျိုးက ဟင်းလင်းပြင်ကို စတင်ဖျက်ဆီးသွားပြီး လင်းယွမ်၏ အဆုံးမဲ့ဟင်းလင်းပြင်က စတင်တုန်ခါလာသည်။

" ဟမ် " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ကျိုရှန်းအရှင်သခင် ထုတ်လွှတ်လိုက်သော စွမ်းအားခြောက်မျိုးက အဆုံးမဲ့ဟင်းလင်းပြင်ကို မပြိုကွဲစေသော်လည်း ၎င်းက အချိန်တစ်ခုသာ လိုအပ်သည်။ အဆုံးမဲ့ဟင်းလင်းပြင်က ကျိုရှန်းအရှင်သခင်၏ စွမ်းအားခြောက်မျိုးကို ဖိနှိပ်ရန် ရုန်းကန်နေရသည်။

All Chapters