← Chapters

အခုငါ့အလှည့်ပဲ...

Vol. 59 Ch. 857

အခုငါ့အလှည့်ပဲ...

Vol. 59 Ch. 857

" ထိုက်ကျိမူလစိတ်ဝိညာဉ်ကို သုံးပြီး ဖရိုဖရဲအရှင်သခင်တစ်ယောက်ကို တိုက်ရတာ နည်းနည်းတော့ ခက်ခဲနေတုန်းပဲ။ " လင်းယွမ်က စိတ်ထဲမှ သုံးသပ်လိုက်သည်။

လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ရှိနေပြီး အဆင့်ကြီးနှစ်ဆင့်ကို ကျော်ကြာ ဖရိုဖရဲအရှင်သခင်တစ်ယောက်ကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ အလွှာဆယ့်သုံး အချိန်သက်ရှိ၏ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး ကြီးမားသော မွေးရာပါကောင်းချီးများ ရှိနေလျှင်တောင် ထိုသို့လုပ်ရန်မဖြစ်နိုင်ပေ။

" ဒါဆိုရင်တော့ ငါ့ရဲ့ ဝှက်ဖဲကိုပဲ တိုက်ရိုက်သုံးလိုက်တော့မယ်။ " လင်းယွမ်က ဆုံးဖြတ်ချက်ချလိုက်သည်။ ကျိုရှန်းအရှင်သခင်၏ စွမ်းအားများအရ သာမန်နည်းစနစ်များဖြင့် သူ့ကို လွှမ်းမိုးရန် မဖြစ်နိုင်ဘဲ အနိုင်ယူရန် ဝေးကွာလှသည်။

" ကမ္ဘာစွမ်းရည်..." လင်းယွမ်က မျက်တောင်တစ်ချက် ခတ်လိုက်သည်။

ခဏအတွင်း ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အော်ရာတစ်ခုက ထွက်ပေါ်လာသည်။ ထိုနယ်ပယ်အတွင်း အချိန်လေဟာနယ်က သက်ရောက်ခြင်းခံလိုက်ရပြီး လင်းယွွမ်ကသာ ထိုနယ်ပယ်၏ ဖန်ဆင်းရှင်တစ်ယောက် ဖြစ်လာသည်။

ယခုအချိန်တွင် အလင်းနှစ် သန်းပေါင်းများစွာအတွင်းရှိ အရာအားလုံးက လင်းယွမ် အတွင်းစကြာဝဠာ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။

" ဒါက ဘာကြီးလဲ။ " ကျိုရှန်းအရှင်သခင်က ဖိနှိပ်မှုတစ်ခုကို ခံစားလိုက်ရသည်။

အစတွင် တားဆီးမရသော စွမ်းအားခြောက်မျိုးက ယခုအခါ လုံးဝ တားဆီးခံလိုက်ရပြီး လျင်မြန်စွာ ကျုံ့ဝင်သွားသည်။

" ဖိနှိပ်စမ်း... " လင်းယွမ်က ကျိုရှန်းအရှင်သခင်ကို အေးစက်စွာ ကြည့်လိုက်သည်။

လင်းယွမ်က ပြင်ပစကြာဝဠာ၏ စွမ်းအားအားလုံးကို စတင်အသုံးချလိုက်သည်။ ပြင်ပစကြာဝဠာ၏ စွမ်းအားက ကြောက်စရာကောင်းသော်လည်း ၎င်းက ခဏသာ ကြာသဖြင့် လင်းယွမ်က တွန့်ဆုတ်ခြင်းမရှိဘဲ အစွမ်းကုန် ထုတ်သုံးလိုက်သည်။

" အား..." ကျိုရှန်းအရှင်သခင်က သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်ခုလုံးက ပြင်းထန်သော နာကျင်မှုကို စတင်ခံစားလိုက်ရသည်။

ကြောက်စရာကောင်းသော ဖိအားတစ်ခုက သူ့အပေါ်သို့ ဆင်းသက်လာခဲ့သည်။ ကျိုရှန်းအရှင်သခင်၏ ခန္ဓာကိုယ်က စတင်ပြိုကွဲလာပြီး သူ၏ စိတ်ဝိညာဉ်ကလည်း ပျက်ဆီးလာသည်။ ထိုမျှပြင်းထန်သော ဖိအားအောက်တွင် သူ၏ ခုခံမှုအားလုံးက အချည်းနှီးသာဖြစ်သည်။

ဝုန်း ဝုန်း...

ကြောက်စရာကောင်းသော ဖိအားက ဆက်တိုက်ဆင်းသက်လာသည်။ ကျိုရှန်းအရှင်သခင်၏ လက်မောင်းများက တွန့်လိမ်ကာ ပျက်ဆီးသွားသည်။ သူ၏ လက်မောင်းက ပြတ်တောက်သွားပြီး သွေးများပန်းထွက်ကာ အဝေးသို့ လွင့်စင်သွားသည်။

သူ၏ အတွင်းစကြာဝဠာပင် ပြိုလဲတော့မည့် လက္ခဏာများ ပြလာခဲ့သည်။ ကျိုရှန်းအရှင်သခင်က နောက်သို့ အသည်းအသန် ဆုတ်လိုက်ပြီး သူ၏ မျက်နှာတွင် ထိန်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူက တွန့်ဆုတ်ခြင်းမရှိဘဲ ပိုမိုအားကောင်းသော အသက်ကယ်နည်းစနစ်ကို အသုံးပြုလိုက်သည်။

" ဆန်းကြယ်မှုကိုးမျိုး ရုပ်ခန္ဓာကာကွယ်မှု။ " စွမ်းအားကိုးမျိုးက စတင်ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့မှ ကျရောက်လာသော ဖိနှိပ်မှုကို ခုခံရန် ကျိုရှန်းအရှင်သခင်၏ ခန္ဓာကိုယ်ပတ်လည်တွင် အကာအကွယ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ဝုန်း ဝုန်း ဝုန်း....

လင်းယွမ်က ကျိုရှန်းအရှင်သခင်ကို ဖိနှိပ်ရန် ပြင်ပစကြာဝဠာ၏ စွမ်းအားကို ဆက်လက်အသုံးပြုနေသည်။ သို့သော် စွမ်းအားကိုးမျိုးဖြင့် ဖွဲ့စည်းထားသော အကာအကွယ်က ဖိအားကြောင့် တွန့်လိမ်နေသော်လည်း ပြိုကွဲသွားခြင်းမရှိဘဲ ခုခံနေသည်။

" လက်ပေါက်ကပ်လိုက်တာ။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။

ကျိုရှန်းအရှင်သခင်က တကယ်ပင် ကိုင်တွယ်ရခက်ခဲလှသည်။ သူက အသစ်တက်လှမ်းလာသော ဖရိုဖရဲအရှင်သခင်တစ်ယောက်ဖြစ်သော်လည်း သူ၏ အသက်ကယ်ဝှက်ဖဲများက အင်အားကြီးမားသော ဖရိုဖရဲအရှင်သခင်များအောက် နိမ့်ကျခြင်းမရှိပေ။

အလင်းနှစ်သန်းပေါင်းများစွာအတွင်းရှိ နေရာတစ်ခုလုံးက လင်းယွမ်၏ အတွင်းစကြာဝဠာကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ ထိုနယ်ပယ်အတွင်း လင်းယွမ်၏ သတ်ဖြတ်နိုင်စွမ်းက သာမန် ဖရိုဖရဲအရှင်သခင်များကိုပင် ထိတ်လန့်သွားစေနိုင်သည်။

" တစ်စက္ကန့်... " လင်းယွမ်က သူ၏ ပြင်ပစကြာဝဠာပျောက်ကွယ်တော့မည်ကို သိလိုက်သည်။

" ပေါက်ကွဲစမ်း..." လင်းယွမ်က တွန်ဆုတ်ခြင်းမရှိဘဲ ပြင်ပစကြာဝဠာကို ဖောက်ခွဲလိုက်သည်။

အချိန်ကုန်လျှင် ပြင်ပစကြာဝဠာက ပျောက်ကွယ်သွားမည်ဖြစ်သောကြောင့် ၎င်းကို ဖောက်ခွဲလိုက်ခြင်းက အမြင့်ဆုံးစွမ်းအားကို ရရှိပေလိမ့်မည်။

ဝုန်း...

ပတ်ဝန်းကျင်ရှိ ဟင်းလင်ပြင်က ပြိုလဲလာပြီး ထွက်ပေါ်လာသော ဖျက်ဆီးခြင်းစွမ်းအားက ကျိုရှန်းအရှင်သခင်ကို ဝါးမျိုသွားခဲ့သည်။

" ဘာလဲဟ..." ကျိုရှန်းအရှင်သခင်၏ မျက်နှာက ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားသည်။

အစကပင် သူက စွမ်းအားကိုးမျိုးဖြင့် ခက်ခဲစွာ ခုခံနေရပြီး ယခုပို၍ ကြီးမားသော ဖိအားတစ်ခု၏ အောက်သို့ ရောက်သွားခဲ့သည်။ အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေမှ ဖရိုဖရဲအရှင်သခင်များကလည်း အာရုံစိုက်ပြီး စောင့်ကြည့်နေကြသည်။

" ကျိုရှန်းအရှင်သခင်နဲ့ အဲ့ဒီလူတို့က တကယ်တိုက်နေကြပြီ။ သူတို့နှစ်ယောက်ကြား ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲဖြစ်အောင် ဘာများဖြစ်ခဲ့တာလဲ။ "

" အဲ့ဒီအရှင်သခင်ရဲ့ ဟင်းလင်း​ပြင်ပေါက်ကွဲမှုက တကယ်သေစေနိုင်လောက်အောင် ပြင်းထန်တာပဲ။ "

" မှန်တယ်။ အဲ့ဒါက ကျိုရှန်းအရှင်သခင်ကို နောက်ထပ်ဝှက်ဖဲတွေသုံးဖိူ့ ဖိအားပေးနေတာပဲ။ "

ဖရိုဖရဲအရှင်သခင်များက တိုက်ပွဲကို စောင့်ကြည့်ရင်း အေးအေးဆေးဆေး စကားပြောနေကြသည်။ ဖရိုဖရဲအရှင်သခင်များ ဝှက်ဖဲများ ထုတ်သုံးပြီးတိုက်ခိုက်ခြင်းက အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ သူတို့တစ်ခါမှမမြင်ဖူးသော ဖရိုဖရဲအရှင်သခင်တစ်ယောက် ပါဝင်နေခြင်းက ပို၍ပင် ထူးခြားသည်။

ဝုန်း...

ဖရိုဖရဲဟင်းလင်းပြင်က ပေါက်ကွဲသွားပြီး အလင်းနှစ်သန်းပေါင်းများစွာအတွင်းရှိ အရာအားလုံးက လျင်မြန်စွာ ပျက်ဆီးနေသည်။ အဝေးတွင် ရှိသော ကျိုရှန်းလျို့ဝှက်နယ်မြေပင် တစ်စိတ်တစ်ပိုင်း ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။

အကယ်၍ ၎င်းက အစွမ်းထက်ဆုံးသော ကာကွယ်ရေးအစီအရင်သာမရှိလျှင် လုံးဝပျက်ဆီးသွားနိုင်ခြေရှိသည်။ လင်းယွမ်က ဟင်းလင်းပြင်တွင် တည်ငြိမ်စွာ ရပ်နေပြီး သူက အနည်းငယ် ပင်ပန်းနေသည်။

ပြင်ပစကြာဝဠာကို ဖောက်ခွဲလိုက်ခြင်းက လင်းယွမ်အတွက် ပေးဆပ်မှုအချို့ ရှိခဲ့သော်လည်း ကြီးမားသော ပြဿနာမဟုတ်ပေ။ ခဏအနားယူလိုက်လျှင် ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

ထိုအချိန်တွင် ပြိုလဲနေသော ဟင်းလင်ပြင်ထဲမှ အော်ရာတစ်ခု စတင်စုစည်းလာပြီး ပုံရိပ်တစ်ခုပေါ်လာသည်။

" ဟားဟားဟား..." ကျိုရှန်းအရှင်သခင်က အထိနာနေပုံရသော်လည်း သူ၏ အော်ရာက ကျဆင်းသွားခြင်းမရှိဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ခုနက လှုပ်ရှားမှုက မင်းရဲ့ အစွမ်းထက်ဆုံး ဝှက်ဖဲလား။ မင်း ဒါကို အချိန်တိုအတွင်း အသုံးမပြုနိုင်သလို မင်းလည်း အားနည်းနေပြီမဟုတ်လား။ " ကျိုရှန်းအရှင်သခင်က လင်းယွမ်၏ အခြေအနေကို လျင်မြန်စွာ သုံးသပ်လိုက်သည်။

လင်းယွမ်၏ ပြင်ပစကြာဝဠာ ဖောက်ခွဲမှုကို ခံနိုင်ရည်ရှိရန် သူက အသက်ကယ်ရတနာတစ်ခုကို အသုံးပြုခဲ့သည်။ ၎င်းက ရတနာတစ်ခုဖြစ်ပြီး နည်းစနစ်တစ်ခု မဟုတ်ပေ။ နည်းစနစ်များမှာ အသုံးပြုပြီးလျှင် ထပ်ခါတလဲလဲ အသုံးပြုနိုင်သော်လည်း ရတနာမျက တစ်ကြိမ် အသုံးပြုပြီးလျှင် အပြီးတိုင် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ကျိုရှန်းအရှင်သခင်က ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

" အခုငါ့အလှည့်ပဲ။ " ကျိုရှန်းအရှင်သခင်က ချက်ချင်း ပြင်းထန်သော တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူက လင်းယွမ်ကို ပြန်လည်သက်သာရန် အခွင့်အရေးမပေးဘဲ အဆက်မပြတ် တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။

" တစ်ခုတော့ လိုနေသေးတယ်။ " လင်းယွမ်က ကျိုရှန်းအရှင်သခင်၏ တိုက်ကွက်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

အချိန်လေဟာနယ်၏ အဝေးတစ်နေရာတွင် ကန်ယုလုံက တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။ သူ၏ စွမ်းအားအရ တိုက်ပွဲမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းများကို အာရုံခံနိုင်ပြီး တိုက်ပွဲ၏ အသေးစိတ်အချက်အလက်များကို သူမသိနိုင်ပေ။ သို့သော် ကန်ယုလုံ၏ စိတ်အသိအနက်ရှိုင်းဆုံးမှ ကလေးအသံက တိုက်ပွဲကို သုံးသပ်ပေးနေသည်။

" ပြီးသွားပြီ။ ကျိုရှန်းအရှင်သခင်က တကယ် ခုခံနိုင်ခဲ့တာပဲ။ မင်းရဲ့ စီနီယာတော့ ရှုံးတော့မှာပဲ။ " ကလေးသံက ပြောလိုက်သည်။

" စီနီယာရှုံးတော့မှာလား။ " ကန်ယုလုံရ ထိတ်လန့်သွားသည်။ သူက ဖြစ်နိုင်ခြေကို ကြိုတင်တွက်ဆထားသော်လည်း အမှန်တကယ်ကြားလိုက်ရသောအခါ အလွန်စိတ်ပျက်သွားသည်။

" ရှုံးတာက ပုံမှန်ပါတယ်။ ဘာလို့လဲဆိုတော့...." ကလေးသံက ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ချက်ချင်း တိတ်ဆိတ်သွားသည်။

" ဘာလို့လဲ ပြောဦးလေ။ " ကန်ယုလုံက စိတ်ဝင်တစားဖြင့် အ​ကြိမ်ကြိမ်မေးနေသော်လည်း ပြန်ဖြေသံကို မကြားရပေ။

" ဟင်..." ကန်ယုလုံက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ကို အလိုအလျောက် ဝေ့ကြည့်လိုက်သည်။

သူ၏ ဘေးတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ပုံရိပ်တစ်ခုကို တွေးလိုက်ရသည်။ ထိုပုံရိပ်က လူငယ်တစ်ယောက်ဖြစ်ပြီး ကန်ယုလုံခေါ်နေသော စီနီယာပင်ဖြစ်သည်။

" စီနီယာ... စီနီယာက ဟိုမှာမဟုတ်ဘူးလား။ " ကန်ယုလုံက ကြောင်တောင်တောင် ဖြစ်သွားသည်။

ကျိုရှန်းအရှင်သခင်နှင့် တိုက်ခိုက်နေသော စီနီယာက အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာသည်ကို သူနားမလည်နိုင်အောင်ဖြစ်ရသည်။ သို့သော် သူ၏ ရှေ့မှ လင်းယွမ်က ယခင်နှင့် မတူသည်ကို အနည်းငယ် ခံစားလိုက်ရသည်။

သူ၏ ရုပ်ခန္ဓာတည်ရှိမှုက ယခင်ထက် အဆပေါင်းများစွာ ပိုမိုသန်မာလာပြီး ထိုနေရာတွင် ရပ်​နေရုံနှင့် ပတ်ဝန်ကျင်မှ အချိန်နှင့် လေဟာနယ်ကို သက်ရောက်နေသည်။

All Chapters