← Chapters

အခန်း (၇၄၈-၇၅၀)

Vol. 63 Ch. 748-750

အခန်း (၇၄၈-၇၅၀)

Vol. 63 Ch. 748-750

အခန်း ၇၄၈ -

ငါ့ရီယုလေးအတွက် မင်းအသက်ကို မလိုအပ်ပါဘူး။

“ ဟမ့် ... ။ ”

“ ဝုန်း ... ။ ”

ထိုအချိန်တွင် မျက်စိကွယ်သွားစေသော ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး သွေးနီရောင်လှံတံကို ပြင်းစွာသောအင်အားဖြင့် ဖျက်ဆီးပစ်လိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် ဆံပင်ဖြူအမျိုးသမီးသည် လက်တစ်ဖက် ဆွဲယူခြင်းခံရကာ တိုက်ပွဲတွင်းမှ လွတ်မြောက်သွား၏။

“ မင်းလည်း ပြန်သွားပါ အချိန်မကျသေးဘူး။ ”

ရီယုက ခန္ဓာကိုယ်အနှံ့ သွေးများ ပေကျံနေလျက် ဒဏ်ရာများ ထင်ရှားနေခဲ့ သော်လည်း တည်ငြိမ်နေသည်။ ဆံပင်ဖြူဖြူ အမျိုးသမီးက အံ့အားသင့်သွားပြီး၊

“ ရီယု ... ဒီလိုကပ်ဘေးကြီးကနေ မင်းဘယ်နှစ်ယောက်ကိုများ ကယ်တင်နိုင်မှာလဲ ပြီးတော့ ... မင်းဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမှာလဲ။ ”

-ဟု အော်ဟစ်မေးမြန်းလိုက်၏။

“ ငါတတ်နိုင်သလောက် လူတွေကိုကယ်တင်မယ် ... ငါခံနိုင်ရည်ရှိ သလောက် ထိန်းထားမယ်။ ”

ရီယူက သူမ၏ပြင်းထန်သော တိုက်ပွဲဝင်ဆန္ဒများကို ထုတ်ဖော်ပြီး တိုက်ပွဲထံ ပြန်လည်ဝင်ရောက်၏။ တစ်ဆက်တည်းမှာပင် သူမအသံသည်လည်း ထားရစ်ခဲ့သည်။

“ နောက်ဆုံးမှာ ... ငါခံနိုင်ရည် မရှိတော့ရင်တောင် မင်းတို့အားလုံးကို ငါ့ရှေ့မှာ သေသွားခွင့်မပေးဘူး။ ”

သူမ စကားများသည် တည်ငြိမ်ပြီး ပြတ်သားမှုကိုပြသနေ၏။ နတ်ဆိုးများနှင့် တိုက်ခိုက်နေရသော ဧကရာဇ်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။

ဤကာလအတွင်း အဓိက တိုက်ပွဲကြီးဖြစ်ပွားတိုင်း ထိုဧကရာဇ်သည် သူတို့ရှေ့ဆုံးမှ တိုက်ပွဲဝင်ပေးခဲ့၏။

ဆုတ်ခွာသောအခါတွင် သူမသည် အမြဲတမ်း နောက်ဆုံးဖြစ်သည်။ သူမကို ထိုသို့ ပြုလုပ်ရန် မည်သူမျှ မတောင်းဆိုချေ။

ထို့ကြောင့် သူတို့အားလုံး၏ နှလုံးသားထဲတွင် ရီယုသည် ခေါင်းဆောင် ဖြစ်လာပြီး လေးစားသမှု ရှိလာတော့၏။

( မင်းမခံနိုင်ရည် မရှိတော့ရင် ... ငါမင်းရှေ့မှာ အရင်သေမယ်။)

ဆံပင်ဖြူဖြူနှင့် အမျိုးသမီးက ရီယု‌ကျောပြင်အပေါ်ငေးကြည့်ကာ ကတိပြုပြီး တိုက်ပွဲမြေပြင်မှထွက်ခွာလျက် ဒဏ်ရာများ ကုသနေလေသည်။

များမကြာမီ အခြားဧကရာဇ်များမှာ သည်းမခံနိုင်တော့ဘဲ ခြွင်းချက်မရှိ ရီယုထံပါးမှ တစ်ဦးချင်းကယ်တင်ခံရကာ စခန်းသို့ ပြန်သွားရန် အမိန့်ပေးခံရချေ၏။

တစ်ဖက်တွင် ဤလုပ်ရပ်များသည် သူမအပေါ် ဖိအားများ ပို၍တိုးလာစေခဲ့သည်။ အဆုံးတွင် သူမ၊ ဝေထောင်ယွင်နှင့် အဖြူရောင် ဝတ်ရုံဝတ် လူရှင်းတို့သည်သာ ကျန်ရှိခဲ့ပြီး ထူထပ်သောဝိုင်းရံမှုအတွင်း ပိတ်မိသွား၏။

ထွက်ပေါက်မရှိတော့သဖြင့် ထိုမြင်ကွင်းကို ကြည့်ရသည်မှာ ရင်ကွဲစရာ ကောင်းလွန်းချေပြီ။

“ မိန်းကလေးရီ၊ မင်းနဲ့ အကြီးအကဲဝေတို့ ထွက်သွားသင့်ပြီ ဒီအာကာသအက်ကြောင်းက သူတို့ကို အချိန်အတော်ကြာ ...

... ဟန့်တားထား နိုင်လိမ့်မယ် ဒါက မင်းတို့ခွန်အားတွေပြန်ရဖို့ အချိန်လုံလောက် ပါလိမ့်မယ်။ ”

လုရှင်းမှ ရုတ်တရက်ပြုံးပြီး ပြောလိုက်၏။ သူ့အဖြူရောင်ဝတ်ရုံတွင် သွေးများပေကျံနေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။ သို့သော် သူ့မျက်နှာတွင် ကြောက်ရွံ့မှု မရှိချေ။

“ ငါလုရှင်းက မင်းတို့နှစ်ယောက်အတွက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် လမ်းကြောင်း ဖောက်ပေးပါရစေ။ ”

လုရှင်းက ခိုင်မာသောအကြည့်များနှင့် အသက်ပြင်းပြင်းရှူလိုက်၏။ သူ့ရတနာဓားမှာ တုန်ခါနေပြီး မီးလျှံများ လောင်ကျွမ်းလာသည်။ ရီယုမှ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် တားလိုသော်လည်း နောက်ကျသွား၏။

နတ်ဆိုးများသည် သူမကိုဝိုင်းရံထားပြီး ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမပေးခဲ့ချေ။ သို့သော် ထိုအချိန်တွင် အဝေးမှ အေးစက်သော အသံထွက်ပေါ်လာသည်။

“ ငါ့ရဲ့သစ်ရွက်ကလေးအတွက် မင်းအသက်ကိုပေးဆပ်ဖို့ မလိုအပ်ဘူး။ ”

“ ဘယ်သူလဲ ... ။ ”

ထိုအသံကြောင့် လုရှင်းက အံ့အားသင့်ကာ မော့ကြည့်လိုက်သည်။ ကောင်းကင်နှင့် မြေကြီး ပြင်းစွာတုန်ခါလျက် ကျောက်စိမ်းပေတံတစ်ခု ကောင်းကင်မှ ဆင်းသက်လာတော့၏။

“ ဝုန်း ... ။ ”

လမ်းကြောင်းတစ်လျှောက် မီးလျှံများ လောင်ကျွမ်းလာကာ ရီယုကို ဝန်းရံထားသည့် နတ်ဆိုးများအားလုံး နာကျင်စွာအော်ဟစ်လျက် ဆုတ်ခွာသွားကြတော့၏။

နတ်ဆိုးနှစ်ကောင်သည် ချက်ချင်းသေဆုံးသွားပြီး ၎င်းတို့၏ဝိညာဉ်များ ပြန့်ကျဲသွားလေသည်။ ထိုတစ်ချက်တည်းသည် ရီယုကို အကြပ်အတည်းမှ လွတ်မြောက်စေ၏။

ထိုလွှမ်းမိုးသော တိုက်ခိုက်မှုသည် တိုက်ပွဲကြီးကို ရုတ်ချည်းတိတ်ဆိတ်သွားစေ တော့သည်။

“ ဒါ ... ။ ”

သေသည်အထိ တိုက်ခိုက်တော့မည့် လုရှင်းသည် မျက်လုံးများပြူးကျယ်သွားသည်။ ဝေထောင်ယွင်တစ်ယောက် အသက်ပြင်းပြင်း ရှူလိုက်မိ၏။

ရီယုဘေးတွင် နှင်းကဲ့သို့ ဖြူဖွေးသောအသားအရေနှင့် ရေခဲပြင်အလား အေးစက်နေသော နတ်ဘုရားမတစ်ပါး ထွက်ပေါ်လာသည်။

ယင်းသည် ခမ်းနားထည်ဝါသော ကျက်သရေမျိုးရှိသည့် အမျိုးသမီးတစ်ယောက် ပုံရိပ်ဖြစ်ချေ၏။

“ မိန်းကလေးယွီရွယ် ... မင်းရောက်လာပြီ။ ”

ရီယုက မယုံကြည်နိုင်စွာဖြင့် ပြန်ကြည့်လိုက်သည်။ ယွီရွယ်မှ ခေါင်းညိတ်ပြီး၊

“ ဒီတစ်ခါတော့ ငါတစ်ယောက်တည်း မဟုတ်ပါဘူး။ ”

-ဟု တုန့်ပြန်လိုက်၏။

“ ဝုန်း ... ။ ”

ကောင်းကင်နှင့် မြေကြီးသည် ပြင်းစွာတုန်ခါလျက် အဝေးရှိနတ်ဆိုးအချို့သည် ချက်ချင်းပေါက်ကွဲသေဆုံးသွားကြသည်။

တစ်ဆက်တည်းမှာပင် အရိုးဖြူဧကရာဇ်၊ ကြယ်ဘီလူး၊ နီလာမျက်ဝန်း မြွေမိစ္ဆာနှင့် အခြား ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများ၏ ပုံရိပ်များ ထိုနေရာတွင်ပေါ်လာသည်။

သူတို့တစ်ဦးစီသည် ပြင်းထန်သော အရှိန်အဝါများထုတ်လွှတ်သဖြင့် နတ်ဆိုးများမှာ ထိတ်လန့်တုန်လှုပ်ကုန်ပြီး မသေချာ မရေရာမှုများ ပြည့်နှက်လာစေတော့၏။

တိုက်ပွဲ၏ အရှိန်အဝါသည် လေထဲတွင် ပျံ့နှံ့နေဆဲဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော ဤတိုက်ပွဲသည် အဆုံးသတ်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။

ဤအခြေအနေတွင် လုံးဝ မမျှော်လင့်ထားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာသဖြင့် အဝေးရှိ ဒဏ်ရာများကို ကုသနေသော ဧကရာဇ်များသည်ပင် မျက်ဝန်းဖွင့်ကြည့်လာ၏။

မျှော်လင့်ချက် ဆုံးပါးနေသော အချိန်အခါတွင် ကယ်တင်ရှင်များ ရုတ်တရက် ပေါ်လာချေပြီ။ ဤသည်မှာ ကြောက်စရာပြီး အစွမ်းထက်သော အင်အားစုတစ်ခုဖြစ်၏။

၎င်းတို့အဆုံးတွင် လေဟာနယ်သားရဲကို စီးနင်းလျက် ကျောက်စိမ်းရောင် လူငယ်တစ်ဦး ဖြည်းညှင်းစွာ ပျံသန်းလာနေသည်။

“ အဲဒီလူငယ်က ဘယ်သူလဲ ... သွေးရေကန်နယ်မြေသခင်ကို စီးနင်းရအောင် နောက်ခံက ကြောက်စရာကောင်းနေမှာ သေချာနေတယ်။ ”

ဆံပင်ဖြူဖြူနှင့် အမျိုးသမီးက အံ့သြတကြီးဖြင့် မေးမြန်းလိုက်၏။ ဤသားရဲ မည်မျှမာနကြီးကြောင်း သူမသည် အသိဆုံးဖြစ်သည်။

အရိုးဖြူဧကရာဇ်၊ ကြယ်ဘီလူးနှင့် နီလာမျက်ဝန်းမြွေမိစ္ဆာတို့သည်လည်း ၎င်းထက် လုံးဝနိမ့်ကြခြင်းမရှိကြချေ။

အနက်ရောင်ဝတ် ပိန်ပိန်ပါးပါး အဘိုးကြီးသည် တံတွေးများမြိုချလိုက်ကာ ထိုမြင်ကွင်းထံ ငေးကြည့်နေ၏။

“ မှားယွင်းစွာ သေဆုံးခြင်းမြို့တော်ရဲ့ ထိပ်တန်းကြောက်စရာကောင်းတဲ့ သတ္တဝါတွေ ဘယ်လိုလုပ်ပြီး ဒီလူငယ်အတွက် အစေခံ နေကြတာလဲ လုံးဝမယုံနိုင်စရာပါပဲ။ ”

သူတို့အတွက် ဤကာလသည် အမှောင်လွှမ်းမိုးသော ကာလတစ်ခုလိုပေပင်။ နေ့တိုင်းသေခြင်းတရားကို ဖြတ်ကျော်နေရ၏။

ယခုမူ တစ်စုံယောက်သည် ကောင်းကင်မှဆင်းသက်ပြီး သူတို့နှလုံးသားထဲ မိုးသောက်ရောင်ခြည်လို ထွန်းလင်းစေသည်။

“ သစ်ရွက်ကလေး မင်းကို အိမ်ပြန်ခေါ်သွားဖို့ ငါလာတာ။ ”

လူငယ်က ရီယုထံ စိုက်ကြည့်ကာ ပြောကြားလိုက်သဖြင့် လူတိုင်း မှင်သပ်သွား၏။ ဤသည်မှာ ငှက်မွှေးဝိညာဉ်ဧကရာဇ် ညည်းတွားနေခဲ့သော လူပေပင်။

ရီယုတစ်ယောက် အနည်းငယ် တုန်ခါသွားပြီးနောက် ကြယ်ရောင်မျက်လုံးများ ပြူးကျယ်လာကာ မျက်ရည်များ ပါးပြင်ပေါ် စီးကျလာ၏။

ဤသည်မှာ အိမ်မက်တစ်ခုမဟုတ်ချေ။ အဆုံးတွင် သူမမျှော်လင့်နေသောထိုလူသည် သူမအတွက် မျှော်လင့်ချက်မဲ့ပြီး အန္တရာယ် အရှိဆုံးအချိန်၌ ရောက်ရှိလာပြီဖြစ်၏။

ဖော်ပြ၍မရသော စိတ်လှုပ်ရှားများနှင့် ဝမ်းမြောက်မှုသည် သူမနှလုံးသားထဲ ဝင်ရောက် လာချေပြီ။

“ နင် ... ပြန်လာမယ်ဆိုတာ ငါသိတယ်။ ”

သူမ အသံသည် စမ်းရေလိုကြည်လင်ပြီး အကန့်အသတ်မဲ့သော ဝမ်းမြောက်မှုများစွာဖြင့် ပြည့်နှက်နေချေ၏။ ထိုမြင်ကွင်းကြောင့် ယွီရွယ် သည်လည်း အနည်းငယ်ခံစားချက်များ ရှုပ်ထွေးလာတော့သည်။

စုရီက မျက်ခုံးဖြူသားရဲပေါ်မှ ဆင်းကာ သမအနားချည်းကပ်လျက် မျက်ရည်များစွာကို ညင်သာစွာသုတ်လိုက်ပြီး၊

“ သွားကြရအောင် ... ဟိုမှာ စကားပြောကြမယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထို့နောက်တွင် ဧကရာဇ်များစွာကို ဦးဆောင်ကာ သွေးသံတရဲရဲဖြင့် ရက်စက်သော တိုက်ပွဲကြီးဆင်နွှဲနေသည့် စစ်ဧကရီသည် ချက်ချင်းပင် ပီဘိကလေးငယ်ကဲ့သို့ နာခံမှုရှိစွာဖြင့် နူးညံ့သွားချေပြီ။

“ ဒါပေမယ့် ဒီနတ်ဆိုးတွေ ... ။ ”

ရီယုက တုန့်ဆိုင်းသွားသည်။ မျက်ခုံးဖြူအဖိုးအိုမှ ချက်ချင်း ရင်ဘတ်ကို ပုတ်ပြလျက်၊

“ မိန်းကလေးရီ ... ငါတို့နဲ့ထားခဲ့ပါ ဒီတိရစ္ဆာန်တွေလောက်တော့ မခက်ပါဘူး။ ”

-ဟု ကတိပေးလျက် အရိုးဖြူဧကရာဇ်ထံ ဝေ့ကြည့်ကာ ဟန်ပါပါဖြင့် အမိန့်ပေးတော့၏။

“ လူတိုင်း ဒီနတ်ဆိုးတွေကို မိန်းကလေးရီအတွက် လက်စားချေကြပါ အရှင်မထားကြနဲ့ ... ။ ”

အရိုးဖြူဧကရာဇ်၊ ကြယ်ဘီလူးနှင့် တခြားသောကြောက်မက်ဖွယ် သတ္တဝါများမှာ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် မည်သူမျှ ထိုအမိန့်ကို မနာခံဘဲမနေဝံ့ချေ။ ခွေးကိုရိုက်ချင်သော် သခင် ကြည့်ရပေမည်။ နာကျည်းမှုဖြင့် ထိုခွေးအစား ပြိုင်ဘက်ကိုယ်စီရွေးကာ ဒေါသများ ဖွင့်ထုတ်ပစ်တော့၏။

ထိုအချိန်တွင် စီုရနှင့် ရီယုသည် နယ်နိမိတ်အက်ကွဲကြောင်း၏ တစ်ဖက်ခြမ်းသို့ ဦးတည်သွားနေပြီဖြစ်သည်။

“ သတ် ... ။ ”

တစ်ဖက်တွင် ကြောက်စရာကောင်းသော တိုက်ပွဲကြီးဖြစ်ကျန်ရစ်ချေပြီ။ နတ်ဆိုးများသည် ရုတ်ချည်းဖြစ်သဖြင့် ထိုစဉ်ကအနည်းငယ်မျှသာ တုန့်ဆိုင်းခြင်းဖြစ်ပြီး ချက်ချင်း ပြန်လည် တိုက်ခိုက်တော့သည်။

ယွီရွယ်သည်လည်း တိုက်ပွဲအတွင်း စိုက်ကြည့်ပြီးနောက် ပြိုင်ဘက်ကို ရွေးချယ် လိုက်တော့၏။ စုရီနှင့် ရီယုတွင် ပြောစရာ များစွာရှိကြောင်း သူမကောင်းစွာသိသည်။

“ ဝှစ် ... ။ ”

သူမလိုက်သွားသော် သူမကိုယ်သူမ အရူးလုပ်ရာ ကျရောက်ပေလိမ့်မည်။ ထို့ကြောင့် မီးတောက်များ ဆင့်ခေါ်လျက် တိုက်ပွဲအတွင်း ချက်ချင်းပြေးဝင်သွားတော့၏။

***

အခန်း ၇၄၉ -

ချစ်ခြင်းမေတ္တာဆိုတာ ရွေးချယ်ခြင်းမဟုတ်ဘူး။

“ တာအိုလု ... သူက စုရွှမ်ကြွယ်လား။ ”

အခြားသော ဧကရာဇ်များသည်လည်း အံ့သြကုန်ကာ လုရှင်းအနားတိုးကပ်ပြီး စူးစမ်း လာတော့၏။

ဤလူငယ်သည် မည်သူနည်း။ တားမြစ်နယ်မြေ၏ အုပ်စိုးရှင် နတ်ဆိုးများစွာ အပေါ် အမိန့်ပေးနိုင်နေ၏။

အရေးအကြီးဆုံးမှာ ငှက်မွှေးဝိညာဉ် ဧကရာဇ်သည် မိန်းကလေးတစ်ယောက်ကဲ့သို့ နာခံမှုရှိရှိလိုက်ပါသွားခြင်းဖြစ်သည်။

လုရှင်းတစ်ယောက် အဝေးသို့ လျှောက်လှမ်းသွားနေသော အဆိုပါလူငယ်နှင့် မိန်းကလေးရီထံငေးကြည့်လျက် ချက်ချင်း ပြန်မဖြေနိုင်ချေ။

လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာက စုရွှမ်ကြွယ် သေဆုံးကြောင်းသတင်းသည် မရဏကမ္ဘာကြီး၌ ကောလာဟလအဖြစ် ပျံ့နှံ့လာခဲ့ဖူးသည်။

လူနည်းစုသာလျှင် တစ်ဖက်လူသည် ပြန်လည်ဝင်စားနိုင်ချေများ၏ဟု ဆိုခဲ့ကြ၏။ အများစုမှာ မယုံကြချေ။ အချိန်ကြာသည်နှင့် အမျှ ဤကောလာဟလကို မေ့သွားသည်။

“ မဖြစ်နိုင်ဘူး ... ။ ”

လုရှင်းက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်၏။

“ ဒီလူငယ်ရဲ့ အရိုးက ဆယ့်ခုနစ်နှစ် ဒါမှမဟုတ် ဆယ့်ရှစ်နှစ်ပဲ ရှိပါသေးတယ် သူက ဘယ်လိုလုပ် နတ်ဓားရှင်ဖြစ်နိုင်မှာလဲ သူသာ ပြန်လည်ဝင်စားသူဖြစ်နေရင် အသက်ငါးရာ ရှိသင့်ပြီ။ ”

ဤစကားများသည် တခြားသူများကို ဆွဲဆောင်ရန် ကြိုးစားနေသကဲ့သို့ သူ့ကိုယ်သူ ခိုင်မာသောလေသံဖြင့် ပြောကြားခြင်းလည်း ဖြစ်နေချေ၏။

“ ဒါဆိုဒီလောကမှာ ဘယ်သူက အဲဒီကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို နာခံစေပြီး သူ့အလိုကျ အမိန့်ပေးနိုင်တာလဲ ...

... ငှက်မွှေး ဝိညာဉ် ဧကရာဇ်ကရော ဒီလူငယ်က ဘယ်သူမို့ ဒီလောက်မျက်နှာသာ ပေးနေရတာလဲ။ ”

လူလတ်ပိုင်းအရွယ် စာပေပညာရှင်က ဝင်ရောက်မေးမြန်းလာသည်။ သို့မှသာ လူတိုင်း တိတ်ဆိတ်သွားတော့၏။ သူတို့ကဲ့သို့ မြေခွေးအို များပင် မသေချာမရေရာ ဖြစ်နေခဲ့သည်။

“ ဟမ့် ... ဒီအရာတွေအတွက် ဘာတွေများစိုးရိမ်နေကြတာလဲ အဲဒီလူငယ်ရဲ့ မူလက ဘာပဲဖြစ်ဖြစ် ... သူ ငါတို့ကို ကယ်တင်ခဲ့တယ် မဟုတ်လား လုံ‌လောက်ပြီ။ ”

ဝေထောင်ယွင်မှ လေးနက်သောအသံနှင့် ဝင်ရောက်ပြောကြားလိုက်သည်။ သူစကားများ ကြားချိန်တွင် လူတိုင်းသဘောတူစွာ ခေါင်းညိတ်ပြ လိုက်ကြ၏။

အဝေးတွင် ပြင်းထန်သောတိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ သို့သော် ရလာဒ်သည် ယခင်နှင့်မတူတော့ချေ။

ထိုအစွမ်းထက်ပြီး ကြောက်စရာ ကောင်းသော မကောင်းဆိုးရွားဝိညာဉ်များမှာ ရှုံးနိမ့်နေပြီဖြစ်သည်။

အရိုးဖြူဧကရာဇ်နှင့် ကြောက်စရာ ကောင်းသော သတ္တဝါများသည် တားမြစ်မြေ အသီးသီး၏ အုပ်စိုးရှင်များဖြစ်၏။

ယွီရွယ်လက်ထဲရှိ မီးလျှံ ကျောက်စိမ်းပေတံသည်လည်း ပြိုင်ဘက်များ၏ ခံနိုင်ရည်ထက် ကျော်လွန်နေသည်။

အဝေးတွင် စုရီသည် ကုလားထိုင်ဖြင့်ထိုင်နေ၏။ သူ့အနားတွင် ရီယုသည် အင်္ကျီဝတ်ရုံစကိုရုတ်ကာ ကျောက်တုံးပေါ် ထိုင်ချလိုက်ရသည်။

စုရီအတွက် ဒြပ်စင်နှစ်ပါးနတ်တောင်တန်း တိုက်ပွဲနှင့် လက်ရှိငရဲဘုံတိုက်ပွဲ စသည်တို့သည် စိတ်ဝင်စားစရာ မကောင်းချေ။

အကြောင်းပြချက်သည် ရိုးရှင်း၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ဤမကောင်းဆိုးရွားများ အပေါ် နှိမ်နင်းရန် မလုံလောက်ချေ။ ထို့ကြောင့် ပါဝင်စေခြင်းသည်သာ အကောင်းဆုံးပေပင်။

အာဏာပါးကွက်သားကို အနိုင်ယူစဉ်က ကျောက်တိုင်၏စွမ်းအားအပေါ် ချေးငှားခြင်းသာ ဖြစ်သည်။ စစ်မှန်သော ခွန်အားသည် ထိုမျှ သန်မာခြင်းမရှိသေးချေ။ ဝှက်ဖဲများ ထုတ်ဖော်ရပေမည်။

“ ဘာလို့ တိတ်နေတာလဲ။ ”

စုရီက ပြုံးပြီးမေးမြန်းလိုက်သည်။ ရီယုတစ်ယောက် သူမ၏အဝတ်အစားများကို သုတ်ခါလျက် ရှက်ရွံ့မှုဖြင့်၊

“ ငါ ... အစကတော့ ပြောစရာတွေ အများကြီးရှိပေမယ့် နင့်ကိုမြင်ပြီးတဲ့နောက် အဲဒီစကားတွေက အရေးမကြီးတော့သလို ခံစားလိုက်ရတယ်။ ”

-ဟု ပြန်ဖြေ၏။

ယွီရွယ်၏ အေးစက်စက် တည်ရှိမှုနှင့် နှိုင်းယှဉ်သော်ရီယုသည် တည်ငြိမ်ပြီး ယဉ်ကျေး နေသည်။ နတ်သမီးတစ်ပါးလို လှပချေပြီ။

တစ်ဖက်တွင် စုရီခံစားချက်များသည် အနည်းငယ်ရှုပ်ထွေးလာခဲ့၏။ ယခင်ဘဝတွင် သူသည် သီလရှိသူ မဟုတ်ချေ။ နှစ်မွှာကျင့်ကြံမှု နည်းလမ်းများကို အမျိုးသမီးအချို့နှင့် ကျင့်ကြံခဲ့ဖူးသည်။

( အခုဘဝရော သီလရှိရဲ့လား ဆရာစု ... ။)

သို့သော် ထိုစဉ်က ရီယု မပါချေ။ သူမနှင့်ပတ်သက်လာလျှင် အပြစ်ရှိသည်ဟု အမြဲခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က သူမ၏ခံစားချက်များကို လျစ်လျူရှု မိခဲ့၏။

သူမသည် သူ့နှလုံးသားထဲတွင် အလွန်ထူးခြားသောပုံရိပ်ပေပင်။ တိတ်ဆိတ်ပြီး နူးညံ့သိမ်မွေ့ကာ စက္ကူဖြူတစ်ရွက်ကဲ့သို့ သန့်စင်လွန်းနေသည်။ ယင်းကြောင့် နှစ်မွှာကျင့်ကြံရန် ဆန္ဒမရှိချေ။

သည့်ပြင် ထိုအချိန်က သူဟူသည် ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်များအပေါ် အာရုံစိုက်နေခဲ့ပြီး အချစ်အတွက် အချိန်မရှိချေ။ ဤနည်းဖြင့် ရီယုကို ငြင်းပယ်မိခဲ့သည်။

တစ်ဖက်တွင် ရီယုသည် သူ့အပေါ် စိတ်မပျက်ခဲ့ဘဲ ပြန်လည်ဝင်စားခြင်းနည်းလမ်း များစွာနှင့်ပတ်သက်သည့် အချက်အလက်များ စုဆောင်းပေးခဲ့၏။

မရဏကမ္ဘာကြီးမှ သူထွက်ခွာရန် ဆုံးဖြတ်လိုက်ချိန်၌ သူမသည် ငှက်မွှေးသရဖူ ဆောင်းထားပြီး ကြိုးကြာဝတ်ရုံဖြင့် ကြာမီးအိမ်ကို ကိုင်ဆောင်ထားသည်။

“ စုရွှမ်ကြွယ် ... နင်ပြန်လာတာကို ငါစောင့်နေမယ်။ ”

မျက်ဝန်းများ၌ မျက်ရည်များစီးကျကာ တစ်ယောက်တည်း လှည့်ထွက်သွားခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ကံမကောင်းစွာဖြင့် ထိုနေ့က သူ ထွက်ခွာသွားပြီးနောက် မရဏကမ္ဘာသို့ လုံးဝ ပြန်မလာနိုင်တော့ဘဲ ပြန်လည်ဝင်စားခြင်းထံ ဦးတည်သွားခဲ့သည်။

ဤသည်မှာ နှလုံးသားမဲ့လွန်းသော လုပ်ရပ်တစ်ခုဖြစ်၏။ အပြစ်သားတစ်ယောက် အလား သူ့ကိုယ်သူခံစားရစေသည်။

ထို့ကြောင့်ပင် မိုးပြာတိုက်ကြီးတွင် မရဏနန်းတော်၏ သန့်ရှင်းသောသမီးတော် အသက်ကို ချမ်းသာပေးခဲ့ခြင်းဖြစ်၏။

ထို့ကြောင့်ပင် မြွေတစ္ဆေမျိုးရိုးအပေါ် သည်းခံကာ ကောင်လေးရီရွှမ်ကို ခွင့်လွှတ်ပြီး ကူညီခဲ့ခြင်းဖြစ်၏။

ထို့ကြောင့်ပင် ယင်ယန်လမ်း ပျက်စီးသွားကြောင်း ကြားလိုက်ချိန်၌ ရီယုကို ကယ်တင်ရန် ရောက်ရှိလာခြင်းဖြစ်၏။

နှစ်ပေါင်းထောင်ချီကြာပြီးနောက် သူမအပေါ်ပြန်မြင်လိုက်ချိန်တွင် ခံစားချက်များ ပြည့်နှက်လာပြီဖြစ်သည်။

“ အဲဒီတုန်းက ငါမင်းအပေါ်မှာ အမှားတွေကျူးလွန်မိခဲ့တယ် မင်းငါ့ကိုအရမ်း စိတ်ပျက်နေလား သစ်ရွက်ကလေး ... ။ ”

စုရီက နူးညံ့စွာမေးသည်။ ရီယုမှ ခေါင်းယမ်းပြ၏။ စုရီတစ်ယောက် သက်ပြင်းချ လိုက်သည်။

“ ဒီလောကမှာ မင်းတစ်ယောက်တည်း အပေါ်ပဲ ငါအကြွေးတင်နေခဲ့တယ် ဒီအတွက် ငါ့မှာအပြစ်ရှိတယ်လို့ ခံစားနေရတယ်။ ”

ဤတစ်ကြိမ်တွင် ရီယုသည် အနည်းငယ် တုန်ရီသွားပြီး အံ့သြလျက် စိုးရိမ်ပူပန်လာကာ ခပ်မြန်မြန် ရှင်းပြရန်ပြင်တော့၏။

“ အစ်ကိုစု၊ ငါ ... နင့်ကို အပြစ်ရှိတယ်လို့ ခံစားရအောင် ငါဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ ”

“ ငါသိတယ် ... ဒါပေမယ့် မင်းနဲ့ ပတ်သတ်ရင် ငါ့ကိုအနှောင့်အယှက်ဖြစ်စေတာ ငါ့မှာအပြစ်ရှိနေလို့ပါပဲ ... အဲဒီတုန်းက မင်းကို စိတ်ပျက်စေချင်တာ မဟုတ်ပေမယ့် ...

... နောက်ဆုံးမှာတော့ ငါမင်းကို စိတ်ပျက်အောင်လုပ်လိုက်တယ် လောကကြီးရဲ့ ကျင့်ဝတ်တွေအပေါ် ငါတကယ်ကို နားမလည်မိခဲ့ဘူး။ ”

“ အစ်ကိုစု၊ မင်းရဲ့အပြစ်ကို ဖြေရှင်းဖို့ ငါ့ကိုကယ်တင်ခဲ့တာလား။ ”

“ ဟုတ်တယ်၊ ဒါပေမယ့် ဒီထက်ပိုပြီး မင်းရဲ့ဘေးကင်းရေးအတွက် ငါဂရုစိုက်နေတယ် ဒီမရဏကမ္ဘာကြီးမှာ ငါလျစ်လျူရှုလို့မရတာ မင်းတစ်ယောက်တည်းရှိတယ်။ ”

ဤစကားသည် ရိုးရှင်းပြီးတည်ငြိမ်၏။ ရီယုအတွက် မျက်လုံးများ တဖြည်းဖြည်းနီရဲကာ နှလုံးသား၌ ခံစားချက်များ ဖြစ်ပေါ်လာသည်။

နှစ်ပေါင်း (၃၆၀၀၀) စောင့်မျှော်နေခဲ့ရသည့် ခါးသည်းသောထိုနေ့ရက်များသည် သူမအတွက် ငရဲတမျှပေပင်။

ယခုမူ ထိုငရဲအစား သူမဘဝ၏ အပျော်ရွှင်ဆုံးနှင့် အပူအပင် အကင်းဆုံးသော အချိန်တစ်ခုကို ရရှိလာချေပြီ။

“ မငိုနဲ့ ... ။ ”

စုရီမှ ပြုံးပြီး ပြောလာသည်။ ရီယုတစ်ယောက် ခေါင်းငုံကာရှက်ရွံ့လာပြီး၊

“ ငါ ... မငိုပါဘူး။ ”

-ဟု ငြင်းဆန်၏။

“ ကောင်းပြီ ... မင်းက ရွှမ်ယုဧကရာဇ်တစ်ပါးဖြစ်နေပြီ ဒီလိုငိုနေတာ နည်းနည်းတော့ ရှက်စရာကောင်းလိမ့်မယ်။ ”

“ ဒါပေမယ့် ... ငါ့မှာနှလုံးသားရှိတယ် မရှက်ဘူး။ ”

ရီယုမျက်ဝန်းရှိ ပျော်ရွှင်မှုသည် စုရီထံသို့ ကူးစက်လာ၏။ ထိုအချိန်တွင် ဖော်ပြ၍မရသော လွတ်မြောက်မှုတစ်ရပ် ခံစားလိုက်ရသည်။

သူ့နှလုံးသားထဲရှိ ကြိုးတစ်ချောင်း ပြတ်သွားသလို မမြင်ရသော လှောင်အိမ်ကနေ လွတ်မြောက်သွားတော့၏။ ဤပြောင်းလဲမှုမှာ ရီယုနှင့်ပတ်သတ်သော ဘဝအကြွေးများသည် သူ့ကျင့်ကြံမှုကို မထိခိုက်တော့ကြောင်း သဘောပေါက်လိုက်သည်။

ထိုစဉ်က နှောင်ကြိုးသည် ယခုအချိန် မချိုးဖျက်နိုင်ခဲ့သော် အနာဂါတ်ဉာဏ်အလင်း ရှာဖွေသောအခါ ပုန်းကွယ်နေသည့် အန္တရာယ် တစ်ခု ဖြစ်လာနိုင်ပေမည်။

“ တစ်ယောက်ယောက်ရင်ထဲမှာ ... အပြစ်ရှိတယ်လို့ ခံစားနေရရင် သဘာဝအတိုင်း ကိုယ့်ကိုယ်ကို ပြန်ရှာဖွေသင့်တယ် ...

... ဒီလိုနည်းလမ်းနဲ့ အတွေးတစ်ချက် ပြောင်းသွားနိုင်ရင် နှလုံးသားရဲ့ချည်နှောင်မှုကို လွယ်လွယ် ဖြတ်တောက်ပစ်နိုင်ပါတယ်။ ”

စုရီက သူ့အသိကို တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ပြီးနောက် ပြုံးရယ်လျက်၊

“ သစ်ရွက်ကလေး ... နောင်တစ်ချိန်မှာ မင်းကိုကောင်းကောင်း ငါပြန်ပေးဆပ်ပါ့မယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

သူ့စကားကြောင့် ရီယုမှအံ့အားသင့်သွား၏။ တစ်ဖက်လူ၏ သဘောထားသည် နူးညံ့မှုအပြင် ချစ်ခင်မှုများသည်လည်း ပါဝင်နေသည်ကို ခံစားနိုင်သည်။

ထိုအရာက သူမနှလုံးသားကို အနည်းငယ်တုန်ခါစေခဲ့ပြီး ခံစားချက်များဖြင့် ပြည့်နှက်လာစေတော့၏။ ချက်ချင်းပင် အသက်ပြင်းပြင်းရှူကာ၊

“ အစ်ကိုစု ... ငါ့အတွက် ဘာလျော်ကြေးမှ မလိုပါဘူး ... အရင်ကလည်းဒီလိုပဲ နောင်လည်း ဒီလိုပဲ ဖြစ်နေဦးမှာပါ။ ”

-ဟု ရိုးသားစွာ ပြောကြားလိုက်၏။ ဤသည်မှာ နှလုံးသားအတွင်းမှ လာခဲ့သော ခံစားချက်ပေပင်။

စုရီမှ ခေါင်းညိတ်သည်။ ရီယု၏ စိတ်နေစိတ်ထားကို သူနားလည်၏။ တချို့သော ခံစားချက်များသည် ဘာသာစကားမလိုချေ။

ယောက်ျားနှင့် မိန်းမကြား ချစ်ခြင်းမေတ္တာများသည် သဘာဝအတိုင်း ရှင်သန်ဖွံ့ဖြိုးရန် ခွင့်ပြုသင့်ကြောင်း နားလည် လိုက်သည်။ ၎င်းကိုငြင်းပယ်ခြင်းဖြင့် ဘဝကို စိတ်တိုင်းမကျဖြစ်စေမည်။

သို့သော် အခြားတစ်ဖက်တွင် ချစ်ခြင်းမေတ္တာများလေးနက်လာသော် ဘဝ၌ ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ကို စိုးရိမ်ရသည်။ မည်သို့ပင် ဆိုစေကာမူ လက်ရှိအချိန်၌ ထိုအချင်းအရာအတွက် စိတ်မပူသင့်ချေ။

ချစ်ခြင်းမေတ္တာဟူသည် ရွေးချယ်ရမည့်အရာမျိုး မဟုတ်ဘဲ ၎င်းအပေါ် လက်ခံတတ်ရန်သာလိုပေမည်။

***

အခန်း ၇၅၀ -

မဟာတာအို သလင်းကျောက် အပိုင်းအစများ။

အမှောင်ကမ္ဘာကြီးအတွင်း ကောင်းကင်နှင့် မြေကြီးကြားတွင် တိုက်ပွဲဖြစ်ပွားနေသံများဖြင့် ညံနေတော့သည်။ အဖျက်စွမ်းအားများကြောင်း လေဟာနယ်မှာ နေရာအနှံ့တွင် ပြိုကျနေ၏။

တစ်ခါတစ်ရံတွင် နတ်ဆိုးများ၏ ခန္ဓာကိုယ်များသည် ဥက္ကာပျံများကဲ့သို့ လွင့်ဝဲပြီး ပေါက်ကွဲကုန်သည်။

တားမြစ်နယ်မြေများ၏ အုပ်စိုးရှင်များဖြစ်သော အရိုးဖြူဧကရာဇ်၊ ကြယ်ဘီလူးနှင့် အခြားသတ္တဝါများသည် ရက်စက်ကြမ်းကြုတ်ကြသည်မှာ သံသယဖြစ်စရာ မလိုချေ။

သူတို့၏ ခွန်အားသည် ကြီးမားပြီး အကန့်အသတ်မဲ့၏။ ငရဲကျီးကန်းလေးသည်ပင် သူတို့ကို ရန်စရန် သတ္တိမရှိချေ။

ဤသည်မှာ ငရဲဘုံကိုးပါး၏ သတ္တမဘုံသာဖြစ်သည်။ သူတို့အားလုံးကို ပူးပေါင်းစေခြင်းဖြင့် ထိုနတ်ဆိုးများခမျာ ခုခံနိုင်သော အရာမဟုတ်ချေ။

ဤဘုံရှိ မကောင်းဆိုးရွားများသည် အစွမ်းထက်လှသော်လည်း ရှစ်ထပ်နှင့်ကိုးထပ်မှ နတ်ဆိုးများထက် များစွာနိမ့်ကျသည်။

အထူးသဖြင့် ဧကရာဇ်တားမြစ်မြေအဖြစ် သတ်မှတ်ခံရသော နဝမမြောက်ဘုံဖြစ်ချေ၏။ ထိုဘုံသို့ ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်း ဧကရာဇ်များ ဝင်ရောက်ခဲ့သော်လည်း မည်သူမျှ အသက်ရှင်လျက် မထွက်ခွာနိုင်ခဲ့ကြချေ။

ထို့ကြောင့် ယခုအချိန်တွင် အရိုးဖြူဧကရာဇ်နှင့် အခြားသော သတ္တဝါ ဆယ်ကောင်ခန့် အတူတကွ တိုက်ခိုက်ခြင်းဖြင့် ရလာဒ်မှာ ထွက်ပေါ်လာပြီဖြစ်သည်။

သူတို့ရောင်ဝါသည် လုံးဝလွှမ်းမိုးပြီး နတ်ဆိုးထက်ဝက်ကျော် သေဆုံးဒဏ်ရာရရှိကာ ကျန်တစ်ဝက်သည် ထွက်ပြေးတော့၏။

တိုက်ပွဲအလယ်တွင် အရိုးဖြူဧကရာဇ်သည် သူ့စွမ်းအားကိုထုတ်လွှတ်ကာ မကောင်းဆိုးရွား တစ်ကောင်၏ ဦးခေါင်းထံ ဖျက်ဆီးပစ်သည်။

ကြယ်ဘီလူးသည်လည်း မရေမတွက်နိုင်သော ကြယ်မီးတောက်များကို ထုတ်လွှတ်လျက် ရန်သူများထံ လောင်ကျွမ်း စေလိုက်၏။

အခြားတစ်ဖက်တွင်မူ ကြောက်မက်ဖွယ် ကောင်းသောသတ္တဝါများသည် ကြမ်းကြုတ်စွာ မကောင်ဆိုးဝါးများအပေါ် တစ်ကောင်ပြီး တစ်ကောင် ဖျက်ဆီးပစ်နေကြသည်။

မျက်ခုံးဖြူအဖိုးအိုသည် လုပ်ကြံသူ သတ်ဖြတ်သူကဲ့သို့ လျင်မြန်စွာရွေ့လျားလျက် ပြိုင်ဘက်များ၏ဦးခေါင်းကို အလွယ်တကူ ရိတ်သိမ်းနေ၏။

သူတို့ထဲတွင် အစွမ်းထက်ဆုံးသည် ယွီရွယ်ဖြစ်သည်။ သူမ၏ ဘုန်းအာနုဘော်သည် နတ်ဘုရားမအလား ပေပင်။

မီးလျှံကျောက်စိမ်းပေတံကို ကိုင်ဆောင်ခြင်းဖြင့် တိုက်ခိုက်မှုတိုင်းသည် လေဟာနယ်ပြိုကျစေ၏။

သူမ ပစ်မှတ်ထားသော မည်သည့် နတ်ဆိုးမဆို ချက်ချင်းသေဆုံးကာ ရုန်းကန်ရန် အခွင့်အရေး မရှိသလောက်ပေပင်။

ထိုသို့ လွှမ်းမိုးကြီးစိုးသော ရက်စက် ကြမ်းကြုတ်လွန်းသည့် တိုက်ပွဲဝင်နည်းသည် အရိုးဖြူဧကရာဇ်နှင့် အခြားသတ္တဝါများကို တိတ်တဆိတ် ကြောက်ရွံ့စေသည်။

အဝေးမှ ကြည့်နေသော ဧကရာဇ်များ မျက်လုံးထဲတွင် ဤတိုက်ပွဲကြီးသည် သူတို့ကို စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာစေ၏။

ခဏလေးအတွင်းမှာပင် နတ်ဆိုးများအားလုံးရှုံးနိမ့်ပြီး အကြီးအကျယ် ထိခိုက်ဒဏ်ရာရရှိကုန်သည်။

နတ်ဆိုးအနည်းငယ်သည်သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ထိတ်လန့်တကြား ထွက်ပြေးရန်ပြင်တော့၏။

များမကြာခင် တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့သည်။ အာကာသအက်ကြောင်း တစ်ဖက်ရှိ လူအများသည် စိတ်လှုပ်ရှား ပျော်ရွှင်ကုန်၏။

တစ်ဖက်တွင် ယွီရွယ်သည် ပြိုင်ဘက် နတ်ဆိုးများကိုသတ်ပြီး ရောင်ဝါများသိမ်းကာ ပြန်လည်ရောက်ရှိလာတော့သည်။

သူမ၏ သိမ်မွေ့သောအသွင်အပြင် ပြသလျက် ရီယု၏ဘေးသို့ရောက်ရှိသွား၏။ ထို့နောက် ပခုံးကိုညင်သာစွာ ဖက်သည်။

“ ရီယုလေး၊ မင်း ဝမ်းနည်းနေတုန်းပဲလား။ ”

သူမ မေးခွန်းကြောင့် ရီယုသည် ကြိမ်ကုလားထိုင်တွင် ထိုင်နေသော စုရီထံသို့ ပြန်ကြည့်လိုက်ကာ၊

“ ငါ နောင်မှာ ဘယ်တော့မှ ဝမ်းနည်းတော့မယ် မထင်ဘူး။ ”

-ဟု ဖြေကြားလိုက်၏။

ယွီရွယ်ခမျာ သူမအဖြေကြောင့် ပြုံးလိုက်သော်လည်း အနည်းငယ်သိမ်မွေ့ပြီး ရှုပ်ထွေးသော အမူအရာအချို့ပြသသည်။

များမကြာခင် အရိုးဖြူဧကရာဇ်၊ ကြယ်ဘီလူးနှင့် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများသည် တိုက်ပွဲကို အဆုံးသတ်ကာ အာကာသအက်ကြောင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာ၏။

“ ဆရာစု ... ရန်သူကို ကိုင်တွယ်ပြီးပြီ။ ”

နတ်ဆိုးကြီးများက စုရီ၏အမိန့်ကို နားထောင်ကြောင်း လူတိုင်းသိထားပြီးဖြစ်သော် ငြားလည်း ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ တုန်လှုပ်နေဆဲဖြစ်၏။

သူတို့သည် မရေမတွက်နိုင်သော နှစ်များစွာနေထိုင်ခဲ့ကြသည့် ရှေးခေတ် သတ္တဝါ အိုကြီးများဖြစ်လေသည်။

မှားယွင်းစွာ သေဆုံးခြင်းမြို့၌ အရိုးဖြူဧကရာဇ်ကဲ့သို့သော သတ္တဝါများသည် မထိတွေ့နိုင်သော တည်ရှိမှုဖြစ်၏။

မှားယွင်းစွာ သေဆုံးခြင်း မြို့သို့ ဝင်ရောက်လာသူတိုင်းသည် ထိုသူများနှင့် ဝေးရာသို့ မလွဲမသွေရှောင်ရှားရပေမည်။

သို့သော် ယခုအခါတွင် ဤမာနထောင်လွှားပြီး ကြောက်မက်ဖွယ်ရာ ထိုသတ္တဝါများအားလုံးသည် ဝိညာဉ်တာအို နယ်ပယ် လူငယ်ရှေ့တွင် ခေါင်းငုံ့နေ၏။

“ တာအိုစု ဒီမှာ နတ်ဆိုး တာအို သလင်းကျောက်အပိုင်းအစတွေပါ ကျေးဇူးပြုပြီး လက်ခံပေးပါ။ ”

မျက်ခုံးဖြူနှင့် နတ်ဆိုးအိုကြီးများသည် သူတို့သိမ်းဆည်းထားခဲ့သော ရတနာများကို စိတ်အားထက်သန်စွာ ပေးအပ်လာသည်။

ထိုအရာများသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး တာအိုကျက်သရေများစွာ ပါရှိနေ၏။ ငရဲဘုံကိုးပါး၌သာ ရရှိနိုင်သော ပြိုင်ဘက်ကင်းရတနာများပေပင်။

ဧကရာဇ်များသည် ဤနေရာအထိ ရောက်ရှိလာသည်မှာ အခွင့်အလမ်းများစွာ ပါရှိသော ဤသလင်းကျောက်များအတွက် ဖြစ်သည်။

ငရဲဘုံသည် နက်ရှိုင်းသည်နှင့်အမျှ မဟာတာအိုသလင်းကျောက် အပိုင်းအစများ၏ အရည်အသွေးသည် မြင့်မားလာပေမည်။

လက်ရှိ သလင်းကျောက်များသည် ရွှမ်ယုဧကရာဇ်နှင့်ယှဉ်နိုင်သော နတ်ဆိုးများမှ ချန်ထားခဲ့ကြသဖြင့် အရည်အသွေးပိုင်းသည် သဘာဝအတိုင်း အံ့မခန်းပေပင်။

အထူးသဖြင့် သလင်းကျောက် အပိုင်းအစများစွာမှ ထွက်ပေါ်နေသော တာအို ကျက်သရေများမှာ မက်မောစရာဖြစ်၏။ စုရီက သလင်းကျောက်သုံးခု ရွေးချယ်လိုက်သည်။

ယင်းသည် မြကျောက်စိမ်းကဲ့သို့ တောက်ပနေသော သလင်းကျောက်တစ်ခု၊ ရွှေရောင်တောက်ပနေသော သလင်းကျောက် တစ်ခုနှင့် မဟူရာကျောက်မျက်ကဲ့သို့ သလင်းကျောက်တို့ဖြစ်၏။

“ မင်းတို့နှစ်ယောက်လည်း ရွေးချယ်သင့်တယ် ... ။ ”

ယွီရွယ်နှင့် ရီယုက ငြင်းဆန်ခြင်းမပြုဘဲ ချက်ချင်းရွေးယူသည်။ စုရီက ခေါင်းညိတ်ကာ၊

“ ကျန်တာတွေကို မင်းတို့အချင်းချင်း ခွဲဝေယူလိုက်ကြ။ ”

-ဟု ပြောကြားလိုက်သည်။

“ ကျေးဇူးတင်ပါတယ် တာအိုစု။ ”  

မျက်ခုံးဖြူအဖိုးအိုသည် အလွန်ပျော်ရွှင်သွားပြီး ကျေးဇူးတင်သည့် အနေဖြင့် မျက်ရည်များ စီးကျလာ၏။

အခြားသော သတ္တဝါများသည်လည်း ၎င်းတို့၏ကျေးဇူးတင်မှုကို ဖော်ပြလာခဲ့သည်။ ယင်းယန်လမ်းအတွင်း ပြင်ပမှ ဧကရာဇ်များ အဆက်မပြတ်ဝင်ရောက်နေသဖြင့် သူတို့မှာ ဝင်ရောက်ရန် အခွင့်အရေးမရှိခဲ့ချေ။

ထို့ကြောင့် မဟာတာအိုသလင်းကျောက် အပိုင်းအစများကိုရှာဖွေလိုသော်လည်း အိမ်မက် တစ်ခုသာဖြစ်ခဲ့ရသည်။

“ သစ်ရွက်ကလေး ... ယွီရွယ်နဲ့အတူ မင်းတို့နှစ်ယောက် ဒီမှာစောင့်နေ တခြားလူတွေ ငါသွားကယ်လိုက်ဦးမယ် ... ငါပြန်လာရင် အတူတူပြန်ကြမယ်။ ”

“ ကောင်းပြီ ... ဂရုစိုက်ပါ။ ”

ရီယုမှ ခေါင်းညိတ်သည်။ စုရီသည် နားထောင်ခြင်းကျမ်းကို အသုံးပြု၍ အရိုးဖြူ ဘုရင်နှင့် အခြားသော သတ္တဝါများကို ပြန်လည် သိမ်းယူ၏။ ထို့နောက် မျက်ခုံးဖြူအဖိုးအိုကို စီးနင်းကာ ပျောက်ကွယ်သွားခဲ့သည်။

“ မိန်းကလေးယွီ ... အစ်ကိုစုက မင်းကို လက်ခံလိုက်ပြီလား။”

စုရီထွက်သွားသည်နှင့် ရီယုက သိချင်သွားသည်။ ယွီရွယ်၏ အေးစက်ပြီး နူးညံ့သော မျက်နှာပေါ်တွင် ရှုပ်ထွေးသည့် အမူအရာတစ်ခုပေါ်လာ၏။

“ တာအိုစုက မင်းကိုကယ်တင်ဖို့ ငါ့ကို ခေါ်လာဖို့ပဲသဘောတူခဲ့တာ ပြီးရင်မင်းနဲ့အတူ ပြန်ရမယ်။ ”

သူမအသံတွင် ဝမ်းနည်းကြေကွဲမှုနှင့် အကူအညီမဲ့မှုတို့ ရောနှောနေ၏။  

“ ဒါပေမယ့် အစ်ကိုစုက အရင်လောက် မင်းအပေါ် ရက်စက်မယ့်ပုံ မပေါ်တော့ပါဘူး အဲဒါက ကောင်းတဲ့အရာပါပဲ။ ”  

ရီယုမှ နှစ်သိမ့်၏။ သို့တိုင် ယွီရွယ်၏ မျက်နှာအမူအရာသည် ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ပျက်မှုများရှိနေဆဲဖြစ်သည်။

သူမသည်လည်း တစ်ချိန်က ထိုသို့ အချစ်၏ခါးသီးမှုများကိုခံစားခဲ့ရပြီး ယွီရွယ်၏ ခံစားချက်အပေါ် နားလည်ပေးနိုင်၏။

“ မိန်းကလေးယွီ ... ငါတို့အတွက် အချိန်ကဘယ်တော့မှ ပြဿနာမဟုတ်ပါဘူး ... အစ်ကိုစုက မင်းကိုခေါ်လာခဲ့တဲ့အတွက် ဒါက အရမ်းကောင်းတဲ့ တုန့်ပြန်မှုဖြစ်နေပါပြီ။ ”

“ ဖြစ်ကောင်း ... ဖြစ်နိုင်ပါတယ်။ ”  

ယွီရွယ်သည် မြွေတစ္ဆေမျိုးနွယ်စု မျိုးဆက်ပေါင်းများစွာ၏ မျက်လုံးများထဲတွင် နတ်ဘုရားမတစ်ပါးဖြစ်သည်။

သို့သော် နောက်ဆုံးတွင် သူမသည်လည်း အမျိုးသမီးတစ်ဦးဖြစ်ပြီး စုရီထံ ကျရှုံးခဲ့ရသည်။ ရီယုက စကားမဆိုတော့ဘဲ ယွီရွယ်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။

“ အဲဒါ နားထောင်ခြင်းကျမ်းပဲ ... ဒါဆို အဲဒီလူငယ်က ညလူရဲ့မျိုးဆက် ဖြစ်နိုင်တယ် အဲဒီကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို အမိန့်ပေးနိုင်တာ အံ့သြစရာမရှိတော့ပါဘူး။ ”

တစ်ဖက်တွင် လုရှင်းက မှတ်ချက် ပေးလိုက်သည်။ လူတိုင်းသည်လည်း စုယီမှ နားထောင်ခြင်းကျမ်းကို အသုံးပြုပြီးနောက် မတူညီသည့် အမြင်များ ပေါ်လာ၏။

“ ဒါပေမယ့် ရီယုရဲ့ အဆင့်အတန်းနဲ့ လက္ခဏာကိုထောက်ရှုရမယ်ဆိုရင် ဒီလူငယ်နဲ့ နီးကပ်နေဖို့မလိုအပ်ဘူး မဟုတ်လား။ ”

ထိုမေးခွန်းက လုရှင်းကို ခါးသီးသော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ လူတိုင်း၏ မျက်နှာအမူအရာများသည်လည်း တစ်မျိုးတစ်ဖုံ ထူးဆန်းနေတော့သည်။  

နှစ်ပေါင်းများစွာ သတ္တမငရဲဘုံ၌ အတူတကွတိုက်ပွဲဝင်ပြီးနောက် လုရှင်းသည် ရီယုအပေါ် ခံစားချက်များ ရှိလာခဲ့၏။

ယခုကဲ့သို့ လူငယ်တစ်ယောက် ထွက်ပေါ်လာမှုသည် လုရှင်းကိုကြီးမားသော သက်ရောက်မှု ပေးချေပြီ။ ယင်းကို သူတို့အားလုံး နားလည်ထား၏။

“ တာအိုလု ... ငါ မင်းကို ဟိုးအရင်ကတည်းက ပြောခဲ့ဖူးပါတယ် ဒီနေ့က စပြီး ... မိန်းကလေးရီနဲ့ မင်းနီးကပ်ဖို့ မစဉ်းစား သင့်တော့ဘူး မဟုတ်ရင် ... မင်းအတွက် မလွဲမသွေပြဿနာ ဖြစ်ရလိမ့်မယ်။ ”

ဝေထောင်ယွင်က ဘေးမှနေပြီး သတိပေးလိုက်သည်။ သူ့စကားများကြောင့် လုရှင်းခမျာ ရှုပ်ထွေးတိတ်ဆိတ်သွား၏။

“ တာအိုဝေ ... အဲဒီလူငယ်ရဲ့ နောက်ခံကို မင်းသိနေတာလား။ ”

တစ်စုံတစ်ယောက်က မမေးဘဲ မနေနိုင်တော့ချေ။ ဝေထောင်ယွင်ဟူသည် ရီယု အနား တစ်ချိန်လုံးလိုက်ပါနေသူဖြစ်၏။ လူငယ် ပေါ်လာချိန်၌ ဆုတ်ခွာခဲ့ခြင်းပေပင်။

လူတိုင်းက အဖြေကို သိချင်သဖြင့် လှည့်ကြည့်လာ၏။ ဝေထောင်ယွင်တစ်ယောက် အနည်းငယ် တွေးတောလျက်၊

“ မင်းတို့စောစောက ပြောနေတာတွေ မှန်ပါတယ် ဒီလူငယ်က ညလူတွေနဲ့ တကယ့်ကို ဆက်ဆံရေးရှိတယ် ... တခြားကိစ္စတွေ အတွက်ကတော့ ငါလည်း မသိဘူး။ ”

-ဟု ဖြေကြားလိုက်သည်။

ခွင့်ပြုချက်မရှိဘဲ စုရီ၏မူလအပေါ် မဖော်ပြဝံ့ချေ။ ထိုအဖြေကိုကြားပြီး လူတိုင်း တိတ်ဆိတ်သွားတော့၏။

တစ်ချိန်တည်းမှာပင် စုရီသည် ပဉ္စမမြောက်ငရဲဘုံသို့ ပျံသန်းရောက်ရှိသွားကာ၊

“ မင်းဒီမှာစောင့်နေ ... ငါကောင်းကောင်း လေ့ကျင့်ရမယ်။ ”

-ဟု ပြောကြားလိုက်သည်။

ဤနယ်မြေတွင် ရွှမ်ကျောက်ဧကရာဇ် အပေါ် ခြိမ်းခြောက်နိုင်သော အစွမ်းထက်သည့် နတ်ဆိုးများရှိ၏။

ဧကရာဇ်အဆင့်အောက် မည်သူမျှ ဤနေရာသို့ စွန့်စားဝံ့ခြင်း မရှိတော့ချေ။ စုရီ အတွက်မူ မျှော်လင့်ချက်အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

အဆုံးတွင် သူ့ခွန်အားကိုစမ်းသပ်ရန် စိတ်တိုင်းကျတိုက်ခိုက်နိုင်သော ပြိုင်ဘက်များ ရှာတွေ့ခဲ့ပြီဖြစ်သည်။

***

All Chapters