← Chapters

အခန်း (၇၅၄-၇၅၆)

Vol. 63 Ch. 754-756

အခန်း (၇၅၄-၇၅၆)

Vol. 63 Ch. 754-756

အခန်း ၇၅၄ -

ဝိုင်နှင့် ချစ်ခြင်းမေတ္တာ ... ။

ညတစ္ဆေမြို့ ထျန်းရွှမ်တည်းခိုခန်း။

ညဉ့်နက်သန်းခေါင်ယံ အချိန်ရောက်ရှိနေပြီဖြစ်ရာ စုရီတစ်ယောက် အိပ်ရာပေါ်တွင် လှဲလျောင်းလျက် ခန္ဓာကိုယ် တစ်ခုလုံး ပြေလျော့စေလိုက်၏။

ဤခရီးစဉ်သည် အလွန်အမင်း ကြမ်းတမ်းခြင်းမရှိသော်လည်း အကျိုးအမြတ် များစွာ ရရှိခဲ့လေသည်။ ၎င်းတို့ထဲတွင် စုရီ၏ အာရုံကို အများဆုံးဖမ်းစားနိုင်ခဲ့သည်မှာ ကောင်းကင်ကိုးပါးနန်းဆောင်ဖြစ်၏။

အာဏာပါးကွက်သားမိုချွမ်၏ အဆိုအရ ကောင်းကင်ကိုးပါးနန်းဆောင်၏ ထိုရှေးဟောင်း ဓားသည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရ ခက်ချေပြီ။

အရေးအကြီးဆုံးမှာ ထိုဓားသည် ကောင်းကင်ဆန္ဒဥပဒေကို သဘာဝအတိုင်း ထိန်းချုပ်နိုင်နေပြီး ၎င်းစွမ်းအားကိုခုခံနိုင်သော တစ်စုံတစ်ရာအပေါ် ရှာဖွေနေခြင်း ဖြစ်၏။

ဆိုလိုသည်မှာ ထိုသူသည် ငရဲဘုံကိုးပါးဓားကို ရှာဖွေနေခြင်း ဖြစ်နိုင်မည်။ ၎င်း၏မူလကို သိရှိနေပုံရ၏။ ဤအတွေးသည် စုရီကိုမျက်ဝန်းများ တောက်ပစေသည်။

ငရဲဘုံကိုးပါးဓားသည် စုရွှမ်ကြွယ်ဘဝ၌ အသိစိတ်ပင်လယ်အတွင်း လွင့်မျောနေသည့် အသွင်ဖြင့် တည်ရှိနေခြင်းဖြစ်၏။

မူလအစသည် လျှို့ဝှက်ဆန်းကြယ်ချေပြီ။ ဧကရာဇ်နယ်ပယ် ပြီးပြည့်စုံမှုရောက်ရှိချိန်၌ပင် ထိုဓားကိုမဖော်ထုတ်နိုင်ချေ။

ယခုမူ ကောင်းကင် ကိုးပါးနန်းတော်ဂိုဏ်းချုပ်မှ ၎င်းဓားအကြောင်း သိရှိနေသည်မှာ သေချာ၏။

“ အနာဂတ်မှာ ... ငါ အဲဒီငရဲဘုရင်နဲ့ ပူးပေါင်းပြီး ဒီဂိုဏ်းအကြောင်းစုံစမ်းရမယ်။ ”

စုရီက ဆုံးဖြတ်ချက်ချလိုက်သည်။ ငရဲဘုရင်၏စကားဝိုင်းသည် သူ့အတွက် တစ်ခု အတည်ပြုပေးခဲ့၏။ သူမသည် ဂိုဏ်းအပေါ် မုန်းတီးမှုတစ်ခုကို သိုဝှက်ထားချေပြီ။

ဤအချင်းအရာက သူနှင့်အတူ ကောင်းကင်ဆုတောင်း ကြယ်တာရာနယ်မြေသို့ သွားရောက်နိုင်မည့် မဟာမိတ်တစ်ယောက် ရရှိစေနိုင်မည်။

ထို့ပြင် ငရဲဘုရင်သည် သူ့အပေါ် ဒုက္ခမပေးသရွေ့ သူမဆန္ဒမည်သို့ပင် ရှိစေကာမူ ကောင်းကင်ကိုးပါးနန်းတော်ကို ဖျက်ဆီးရာတွင် ကူညီပေးနိုင်သည်။

အချိန်အတော်ကြာပြီးနောက် ခေါင်းခါလျက်အတွေးများ ရှင်းထုတ်လိုက်၏။ ဤအကြောင်းအရာများကို ယခုချိန်စဉ်းစားရန် စောလွန်းနေသည်။ သူ့အတွက် အာရုံစိုက်သင့် သည်မှာ တာအိုကိုသက်သေပြရန်ဖြစ်၏။

“ အစ်ကိုစု ... ။ ”

ရုတ်တရက် အခန်းအပြင်ဘက်မှ နူးညံ့သိမ်မွေ့နေသော အသံထွက်ပေါ်လာပြီး သူ့ အတွေးများကို နှောင့်ယှက်လာသည်။

“ ဝင်ခဲ့ပါ ... ။ ”

များမကြာခင် လှပသော ပုံရိပ်တစ်ရိပ် တံခါးကိုတွန်းဖွင့်ကာ ဝင်လာ၏။ ဤသည်မှာ ရီယုဖြစ်သည်။ ရေချိုးပြီးချိန်ဖြစ်ကာ ကြော့ရှင်း လိုက်ဖက်သော ရိုးရာဝတ်စုံတစ်မျိုးကို ဝတ်ဆင်ထားသည်။

သူမခေါင်းပေါ်ရှိ ကြာပန်းသရဖူ ပျောက်ကွယ်သွားကာ အနက်ရောင်ဆံပင်ကို ပေါ့ပေါ့ပါးပါး ဖြန့်ချထား၏။ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပိုမိုပေါ်လွင်စေသည်။

“ သစ်ရွက်ကလေး ... မင်းအရမ်း နောက်ကျနေပြီ တစ်ခုခုလိုအပ်သလား။ ”

စုရီက ကုတင်ပေါ်မှထထိုင်ကာ မေးမြန်းလိုက်လေသည်။ ရီယုမှ အနည်းငယ်မျှ တုန်ရင်သွားပြီး ခေါင်းငုံ့လိုက်ကာ၊

“ အစ်ကိုစု၊ မင်းနာကျည်းခြင်းပင်လယ်ကို တကယ်သွားဖို့ စီစဉ်ထားတာလား။ ”

-ဟု တိုးတိုးလေးမေး၏။

စုရီက ပြုံးပြီး၊

“ လာ ... ထိုင်ပြီးစကားပြောကြရအောင်။ ”

-ဟု တုန့်ပြန်သည်။

ဤမိန်းကလေးငယ်သည် ယခု နာမည်ကြီးဧကရာဇ်တစ်ပါးဖြစ်ချေပြီ။ သို့တိုင် ကလေးမလေးကဲ့သို့ စိတ်လှုပ်ရှားနေကြောင်း မြင်သာ၏။

မျှော်လင့်ထားသည့်အတိုင်း ရီယုက သက်ပြင်းချကာ စုရီရှေ့ထိုင်ခုံတွင် ဝင်ထိုင် လိုက်သည်။ စုရီက ဝိုင်တစ်အိုးနှင့် ခွက်နှစ်ခွက် ထုတ်ယူကာ ရီယုအတွက်ငှဲ့ပေးလိုက်၏။

“ ဒီညပန်းပဲရုံမှာ ... ညလူနဲ့ ငါ ပြောနေတာတွေကို မင်းကြားတယ်မဟုတ်လား ဘာလို့မေးနေတာလဲ။ ”

ရီယုက ဝိုင်ခွက်ကို ကိုင်လျက် တကျိုက်တည်း မော့သောက်လိုက်လေသည်။ ထို့နောက် ရှက်သွေးဖြာမှုဖြင့် ရဲရင့်မှုများ ဝင်ရောက်လာ၏။

“ ဒါဆို ငါမင်းနဲ့ လိုက်လို့ရမလား။ ”

“ မရဘူး။ ”

စုရီက ချက်ချင်း ငြင်းဆန်သည်။ ရီယုတစ်ယောက် စိတ်ပျက်သွား၏။ သို့တိုင် စုရီမှ ပြုံးလျက်၊

“ နာကျည်ခြင်းပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ အများကြီး ဖြစ်ပျက်ခဲ့တယ် ...

... အရင်ကဆိုရင် မင်းကို ငါနဲ့အတူ ခေါ်သွားဖြစ်မှာပေါ့ ဒါပေမယ့် အခုတော့ ငါ့ရဲ့ ကျင့်ကြံမှုက အားနည်းလွန်းတယ် အလွန်ဆုံး ငါ့ရဲ့လုံခြုံရေးကိုပဲ သေချာစေနိုင်တယ် ...

... မင်းလိုက်လာရင် အရမ်း အန္တရာယ်များလိမ့်မယ် ဒါကိုနားလည်တယ် မဟုတ်လား။ ”

-ဟု ရှင်းပြ ငြင်းဆန်ဆဲဖြစ်၏။

“ ဒါပေမယ့် ငါ မင်းကို ကူညီနိုင်တယ်။ ”

“ ကောင်းကောင်းမွန်မွန် နေခဲ့ပါ။ ”

စုရီ၏ ပြတ်သားသော စကားကြောင့် ရီယုတစ်ယောက် နှုတ်ခမ်းများကိုက်လိုက်ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ် သွားလေသည်။

“ ဒီလို တန်ခိုးကြီးတဲ့ ငှက်မွှေးဝိညာဉ် ဧကရာဇ်က ဘာလို့မိန်းကလေးတစ်ယောက်လို ပြုမူနေတာလဲ မင်းကိုချော့မြူဖို့ သကြားလုံး သွားဝယ်ပေးရမလား။ ”

စုရီမှ စနောက်လိုက်လေသည်။ ရီယုတစ်ယောက် ပြုံးရယ်လျက် ဝိုင်တစ်ခွက် ထပ်သောက်၏။ ဤသို့ဖြင့် နှစ်ယောက်သား အတိတ်ကို ပြန်ပြောင်းသတိရနေကြသည်။

ခံစားချက်များ မြင့်တက်လာပြီး အရက်အာနိသင်ကို ဖိနှိမ်ရန် ဆန္ဒမရှိတော့ချေ။ ကျင့်ကြံသူများအတွက် သောက်သုံးရန်ဝိုင်ကို ဝိညာဉ်ရေးရာ စွမ်းအင်အမျိုးမျိုးဖြင့် ချက်လုပ်ရသည်။

ရည်ရွယ်ချက်သည် ပင်ပန်းနေသော ကျင့်ကြံသူတစ်ယောက်အတွက် ရုပ်နှင့်ခန္ဓာ တက်ကြွလန်းဆန်းစေရန်ဖြစ်၏။

ထို့ကြောင့် ဝိုင်အာနိသင်ကို ဖိနှိမ်ခြင်းသည် ဖြုန်းတီးရာကျပေမည်။ သူတို့မသိလိုက်ခင်တွင် ဝိုင်အိုးတစ်ခုလုံး ဗလာဖြစ်သွား၏။

ရီယုမှာ မျက်နှာများနီရဲလျက် မျက်ဝန်းများတွင် အနည်းငယ် မူးဝေနေသည့်ပုံ ပြသလာသည်။ အရမ်းလှပပြီး နူးညံ့သိမ်မွေ့ နေချေပြီ။

“ သစ်ရွက်ကလေး မင်းပြန်အနားယူတော့။ ”

စုရီကထရပ်ပြီး ရီယုလက်မောင်းကို တွဲထူကာလိုက်ပို့ပေးရန် ပြင်လိုက်လေသည်။ ရီယုက လိုက်ပါလာခြင်းမရှိဘဲ၊

“ ငါ မပြန်ဘူး ... ။ ”

-ဟု ငြင်းဆန်လိုက်၏။

ထို့နောက် စုရီကို ထိုင်ခုံပေါ်တွန်းကာ ပြန်လည်စိုက်ကြည့်သည်။ သူမ နှုတ်ခမ်းများမှာ တဆက်ဆက်တုန်ယင်လျက် တိုးညှင်းသော လေသံဖြင့်၊

“ ဒီနှစ်ပေါင်း ထောင်ဂဏန်းအတွင်း ငါ့ရဲ့ပျော်ရွှင်မှုတွေအားလုံး ဆိတ်သုဉ်းခဲ့ရတယ် ဒါပေမယ့် ဒီနေ့မှာ အဲဒီပျော်ရွှင်မှုတွေအားလုံး ငါပြန်ရလာပြီ။ ”

-ဟု ပြောကြားလျက် စုရီအနား သူမ မျက်နှာကို တိုးကပ်လိုက်သည်။

“ စုရွှမ်ကြွယ် ... မင်းဒီည ငါအတွက်လျော်ကြေးပေးဖို့ စိတ်ကူးရှိလား။ ”

စုရီတစ်ယောက် ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားပြီး ခဏတာအံ့အားသင့်သွား တော့သည်။ သူသိထားသော ရီယုပင်လော။

မည်သည့်အချိန်မှစကာ ရဲရင့်နေသနည်း။ ဤသည်မှာ မြုံနေသော မီးတောင်ကြီးတစ်ခုလို သူမကိုပွက်ပွက်ဆူစေသည်။

အဝတ်အစားပါးပါးလေးမှတဆင့် ကျော့ရှင်းဖွင့်ထွားသော ခန္ဓာကိုယ်အလှများကို မြင်နိုင်ချေပြီ။ အာခေါင်ခြောက်လာသဖြင့် ရီယုမျက်နှာကို လက်ဖြင့်တွန်းဖယ်ကာ၊

“ သစ်ရွက်ကလေး ဒီညနောက်ကျနေပြီ ဒီအတွက် ငါတို့ အလျင်မလိုသင့်ဘူး။ ”

-ဟု ပြောကြားလိုက်၏။

သို့သော် ရီယုက ချက်ချင်း သူ့တွန်းဖယ်မှုအပေါ်ဖယ်ရှားကာ ရဲရင့်စွာဖြင့် ပို၍တိုးကပ်လိုက်တော့သည်။ တစ်ဆက်တည်း မှာပင် လက်ဝှေ့ယမ်းပြီး အခန်းမီးများ ငြိမ်းပစ်လိုက်တော့၏။

“ မလုပ်နဲ့ ... ။ ”

ထို့နောက် သူမကို တွန်းထုတ်မည်ကို ကြောက်ရွံ့ပြီး စုရီကျင့်ကြံမှုထံ တံဆိပ်ခတ်ပစ် လိုက်လေသည်။ စုရီတစ်ယောက် ထိတ်လန့် သွားချေပြီ။ ယောကျ်ားတစ်ယောက်အတွက် ရှက်စရာအခြေအနေဖြစ်၏။

“ စုရွှမ်ကြွယ် ဒါကို နင်မထင်ထားဘူး မဟုတ်လား။ ”

“ ဝုန်း ... ။ ”

ရီယုက စုရီကို ‌ပွေ့ယူလျက် ကုတင်ပေါ် ပစ်ချလိုက်တော့သည်။ လရောင်အောက်တွင် သူမမျက်နှာသည် ရူးသွပ်မှုများရှိနေ၏။

“ သစ်ရွက်ကလေး ... မင်းဒီလိုသာ ဆက်လုပ်နေရင် အကျိုးဆက်ကို ခံစားရမယ်။ ”

စုရီက ဒေါသတကြီးအော်သည်။ စုရွှမ်ကြွယ်ဘဝတွင် ဤသို့ဦးဆောင်ခံရသည့် အခြေအနေမျိုး တစ်ကြိမ်မျှ မရှိခဲ့ချေ။ နာကျင်စရာကောင်း၏။

“ ခစ်ခစ်ခစ် ... စုရွှမ်ကြွယ် မင်းရဲ့ လက်ရှိကျင့်ကြံမှုအဆင့်က ငါနဲ့ပြိုင်ဖို့ဆိုတာ ဝေးပါသေးတယ် ငါအတင်းအကျပ်လုပ်ရင် မင်းခံနိုင်မှာမဟုတ်ဘူး။ ”

ထိုအသံသည် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ကဲ့သို့ မာနထောင်လွှားမှု အရိပ်အယောင်များ ပါရှိနေသည်။

စုရီအတွက် ကြောင်တစ်ကောင်မှ ကြွက်တစ်ကောင်ကို ကစားနေသကဲ့သို့ပင် ခံစားလာရ၏။ ထို့ကြောင့် အသက်ပြင်းပြင်း ရှူလိုက်ပြီး၊

“ ငါ့ပြောတာနားထောင် ဒီလိုကိစ္စမျိုးက မင်းအတင်းအကြပ်လုပ်ရင်တောင် ဖြစ်လာမှာ မဟုတ်ဘူး ... ။ ”

-ဟု သတိပေးလိုက်သည်။

သို့သော် နွေးထွေးခံစားချက်သည် ရုတ်တရက် နှင်းမုန်တိုင်းအတွင်း မီးတောက်ကို မြင်လိုက်ရသကဲ့သို့ သူ့ခန္ဓာကိုယ်အနှံ့ ဝင်ရောက်လာတော့၏။

အနည်းငယ်တုန်ရီနေသော ရီယုလက်တစ်စုံသည် အလျင်အမြန်လှုပ်ရှားကာ နှုတ်ခမ်းများက စကားမပြောနိုင်စေရန် စုရီနှုတ်ခမ်းကို ပိတ်ဆို့ထားသည်။

စုရီတစ်ယောက် ဒေါသထွက်လာခဲ့ သော်လည်း ပျော်ရွှင်သွား၏။ တစ်ဖက်လူ၏ ရှက်ရွံ့ပြတ်သားမှုမှာ ရယ်စရာကောင်းချေမည်။

နွေးထွေးပြီး ရနံ့သင်းသင်းလေးများ အခန်းအတွင်း ထုံမွှန်းသွားတော့၏။ ထို့နောက် အသက်ရှူသံ ပြင်းပြင်းထွက်ပေါ်လာသည်။

ဤသည်မှာ အမျိုးသမီးတစ်ယောက်၏ ပထမဆုံးအကြိမ် ဦးဆောင်မှုနောက် လိုက်ပေးခဲ့ ရသည့် ညပေပင်။ ညသည် ပိုနက်ရှိုင်းကာ အသက်ရှူသံများသည် ပို၍ ကြမ်းတမ်း၏။

တစ်ဖက်ခန်းရှိ ယွီရွယ်သည် အချိန်ကို တိတ်တဆိတ် တွက်ချက်နေသည်။ အချိန်လင့် သည့်တိုင် ရီယုပြန်မလာသောကြောင့် အဖြေကို မရေမရာခန့်မှန်းမိလာ၏။

ယင်းသည် ဝမ်းနည်းမှု၊ စိတ်သက်သာရာရမှုနှင့် မနာလိုမှု အနည်းငယ် ခံစားလိုက်ရလေသည်။

“ ငါသာ စုရွှမ်ကြွယ်ဆိုရင် ဒီလိုအတင်းအကြပ်ကြီး ဦးဆောင်တာမျိုးကို ငြင်းဆန်နိုင်မယ် မထင်ဘူး။ ”

တီးတိုးရေရွတ်လျက် မျက်နှာတစ်ပြင်လုံး နီရဲသွားချေပြီ။ သူသည် ရီယုလေးယောက်ျားကို ခိုးယူရန် ကြံစည်နေသူအဖြစ် ခံစားလာရ၏။ အပြစ်ရှိချေပြီ။

ထို့ကြောင့် အခန်းထဲမှထွက်ကာ တစ်ယောက်တည်း အချိန်အကြာကြီး ထိုင်နေ ခဲ့လေသည်။ ဤကာလအတွင်း စုရီနှင့်အတူ ဖြတ်သန်းခဲ့ရသော မြင်ကွင်းများသည် သူမ အတွက် စိတ်လှုပ်ရှားစရာဖြစ်၏။

ထိုညသည် ညတာရှည်ချေပြီ။ မနက်လင်းအားကြီးချိန်အထိ အသက်ရှူသံများ ပြင်းထန်နေဆဲဖြစ်၏။

များမကြာခင် တစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။ နေရောင်ခြည်များ ပြတင်းပေါက်မှ ဝင်ရောက်လာ၏။ စုရီက တံဆိပ်ကိုဖြည်လျက်၊

“ ဟမ့် ... ကောင်မလေး မင်းမနေ့ညက အရမ်းအစွမ်းထက်ခဲ့တယ် မဟုတ်လား အခု ဘာလို့ကြောက်နေတာလဲ။ ”

-ဟု မေးမြန်းလိုက်တော့သည်။

ရီယုတစ်ယောက် နံနက်ခင်း လင်းရောင်ခြည်အောက်တွင် ရှက်ရွံ့စွာဖြင့် အလျင်အမြန်ထွက်ခွာရန်ပြင်ချေ၏။

သို့သော် စုရီ၏ လက်တစ်ဖက်သည် သူမခါးကိုလျင်မြန်စွာရစ်ပတ်လျက် အိပ်ယာထဲ ဆွဲချလိုက်လေသည်။

ချစ်ခြင်းမေတ္တာသည် ထာဝရညကဲ့သို့ နက်ရှိုင်းချေ၏။ ဆွဲမက်ဖွယ် ကောင်းလွန်းနေပြီး စိတ်လက်ပေါ့ပါးစေသည်။ ဝိုင်ကဲ့သို့ရစ်မူးကာ သူရဲကောင်းသဖွယ် ရဲရင့်လှ၏။

***

အခန်း ၇၅၅ -

ပုစဉ်းရင်ကွဲစံအိမ်တော် ... ။

နွေဦးရာသီသည် တောက်ပသော နေရောင်ခြည်များဖြင့် ကမ္ဘာကြီးအပေါ် လွှမ်းခြုံ လာခဲ့သည်။

နှင်းမြို့တော်မှ ထွက်ခွာလာပြီး ခုနစ်ရက်အကြာ၊ စက်တင်ဘာ(၁)ရက်နေ့တွင် မြစ်တစ်ရာနယ်မြေ၏ အရှေ့ဘက်နယ်နိမိတ်သို့ ရောက်ရှိလာ၏။

ကြီးမားသော တောင်တန်းကဲ့သို့သော ရတနာသင်္ဘောတစ်စင်းသည် မိုးတိမ်များကို ဖယ်ရှားလျက် အရှိန်ပြင်းပြင်းဖြင့် ဆိုက်ကပ်လာခဲ့သည်။

ထို့နောက်သင်္ဘောသည် နာကျည်းခြင်း ပင်လယ်အဝင်ဝဖြစ်သော ‘ဒန်ဂွီ’ဟုခေါ်သည့် ကမ်းရိုးတန်းမြို့တွင် ကျောက်ချရပ်နား၏။

ဒန်ဂွီမြို့သည် ရှေးဟောင်း မြို့တော်ကြီးတစ်မြို့ဖြစ်သည်။ အဓိပ္ပါယ်သည် ဘေးကင်းစွာ ပြန်လာခြင်းမြို့ဖြစ်၏။

ဤမြို့၏အမည်သည် နာကျည်းခြင်း ပင်လယ်သို့ ဝင်ရောက်သူများအသက်ရှင်လျက် ပြန်လာနိုင်မည်ဟူသော အဓိပ္ပါယ်ရသည်။

စုရီ၏ပုံရိပ်သည် ထိုသင်္ဘောမှ ဆင်းသက်လာပြီး ဒန်ဂွီမြို့သို့ဦးတည်နေသော လူအုပ်ကြားတွင် မျောပါသွား၏။

မှောင်စပျိုးပြုနေပြီဖြစ်ရာ ရှေးဟောင်းမြို့ရိုးများသည် နေဝင်ချိန်အောက်၌ သွေးနီရောင်လင်းလက်နေသည်။

မြို့တံခါးအနီး လူများစွာသည် ဝင်ထွက်သွားလာနေကြပြီး ဆူညံသံများဖြင့် နေ့စဉ်ဘဝ၏ သက်ဝင်လှုပ်ရှားသော လေထုများ ပြည့်နှက်နေချေပြီ။

စုရီက လက်နှစ်ဖက်နောက်ပို့ထားပြီး လူအုပ်ကြားထဲ လျှောက်လှမ်းကာ မြို့တံခါးထဲ ဝင်ရောက်လိုက်၏။

သမိုင်းတစ်လျှောက်တွင် နာကျည်းခြင်းပင်လယ်အတွင်း ဝင်ရောက်လို သူများသည် သတင်းအချက်အလက်များ စုဆောင်းရန်နှင့် ရိက္ခာများပြင်ဆင်ရန် ဤမြို့ထဲသို့ ဦးစွာဝင်ရောက်ရသည်။

အတွင်းမှ ပြန်လာသူများသည်လည်း ဒန်ဂွီမြို့တွင် အနားယူရန် ရွေးချယ်ထားကြပြီး သူတို့၏ အတွေ့အကြုံများကို တောမီးကဲ့သို့ ပျံ့နှံ့စေကြ၏။

အလားတူပင် နာကျည်းခြင်းပင်လယ်မှ ရရှိလာသော ရှားပါးရတနာများကို ဒန်ဂွီမြို့တွင် ပြန်လည်ရောင်းချကြသည်။

ထို့ကြောင့် ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံးသော ကုန်သွယ်ရေးလုပ်ငန်း အားလုံးနီးပါး ဒန်ဂွီမြို့တွင် ဆိုင်ခွဲများ ထားရှိခဲ့၏။

“ သခင်လေး၊ နာကျည်းခြင်းပင်လယ်နဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေ လိုအပ် ပါသလား။ ”

မြို့ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ပိန်ပိန်ပါးပါးလူတစ်ဦးမှအပြုံးဖြင့် ချဉ်းကပ်ကာ မေးမြန်းသည်။

“ မလိုဘူး ... ။ ”

စုရီက ပေါ့ပေါ့တန်တန် ငြင်းဆန် လိုက်တော့၏။ ဤသို့သော လူအများသည် အသုံးမဝင်သည့် အချက်အလက်များကိုသာ ရောင်းဝယ်နိုင်ကြသည်။

လမ်းတစ်လျှောက် တန်ခိုးကြီးမားသော ဧကရာဇ်များရောင်ဝါသည် လူပင်လယ်ကြီးထဲ ရောနှောနေသည်ကို သတိထားမိ၏။

များမကြာမီ စုရီသည် ရှေးဟောင်း အဆောက်အအုံကြီးတစ်ခုပါရှိသော သီးသန့် ခြံဝင်းတစ်ခုရှေ့သို့ ရောက်ရှိလာသည်။

“ ဒေါက် ... ဒေါက် ... ။ ”

စုရီတစ်ယောက် ရှေ့သို့ လှမ်းတက်သွားပြီးနောက် တံခါးကိုညင်သာစွာ ခေါက်လိုက်၏။ တင်းကျပ်စွာ ပိတ်ထားသော တံခါးသည် ဖြည်းညှင်းစွာပွင့်လာလျက် ဆံပင်ဖြူအဘိုးအိုတစ်ဦး ပေါ်လာသည်။

“ ကျွီ ... ။ ”

အဖိုးကြီးက စုရီကို ကြည့်ပြီး၊

“ ဘာအတွက် ဒီကိုရောက်လာတာလဲ သခင်လေး။ ”

-ဟု မေးသည်။

“ သတင်းအချို့ လိုချင်လို့ပါ။ ”

“ ဝင်ခဲ့ပါ ... ။ ”

“ ငါ သာမန်အချက်အလက်တွေကို လိုချင်တာမဟုတ်ဘူး မင်းရဲ့အကြီးအကဲတွေကို တွေ့ရရင် အကောင်းဆုံးပါပဲ။ ”

ဆံပင်ဖြူအဘိုးကြီးက မျက်ဝန်းများ မှေးစင်းလျက်၊

“ ခဏစောင့်ပါဦး သခင်လေး ... ငါချက်ချင်း ပြန်လာပါ့မယ်။ ”

-ဟု တုန့်ပြန်၏။

“ ကောင်းပြီ ... မြန်မြန်သွား အချိန်မဖြုန်းနဲ့။ ”

စုရီကခေါင်းညိတ်သည်။ အဘိုးအိုမှ တံခါးကိုပိတ်ပြီး လှည့်ဝင်သွားတော့၏။ စုရီက စိတ်ရှည်လက်ရှည်ဖြင့် စောင့်မျှော်နေသည်။

ဤသည်မှာ ပုစဉ်းရင်ကွဲစံအိမ်ဖြစ်၏။ ဉာဏ်ရည်ထက်မြက်မှုကြောင့် နာမည်ကြီးသော သတင်းရောင်းဝယ်ရေး အဖွဲ့အစည်းဖြစ်သည်။

လျှို့ဝှက်ပြီး ထိုအင်အားစုအကြောင်း ထိပ်တန်းမျိုးရိုးများ၏ အကြီးအကဲများသာ သိရှိကြ၏။ သို့သော် ထိုအကြီးအကဲများပင် မသိသည့် အချက်ရှိသေးသည်။

ပုစဉ်းရင်ကွဲစံအိမ်သည် တစ်ချိန်က ငရဲနန်းတော်လက်အောက်မှ သတင်းဌာနကြီး တစ်ခုဖြစ်၏။ ငရဲဘုရင် ဆယ်ပါးအနက်မှ တစ်ပါးဖြစ်သည့် ချင်းကွမ်၏ အုပ်ချုပ်မှု အောက်တွင်ဖြစ်သည်။

ငရဲနန်းတော်ပျက်စီးပြီးနောက် ပုစဉ်းရင်ကွဲအမည်ခံယူကာ သတင်းရောင်းဝယ် လုပ်ကိုင်လာခြင်းပေပင်။

သို့သော် ၎င်းတို့သည် ဧကရာဇ်အဆင့် ဧည့်သည်များကိုသာ လက်ခံလေ့ရှိပြီး သူ့ထံမှ သတင်းအချက်အလက် ရရှိသူတိုင်းသည် သူ့အကြောင်း လျှို့ဝှက်ထားရ၏။

ဤနည်းဖြင့် မရဏကမ္ဘာကြီးရှိ ကျင့်ကြံသူအနည်းငယ်သည်သာ ပုစဉ်းရင်ကွဲ စံအိမ် တည်ရှိမှုကို သိရှိကြသည်။

ယခင်ဘဝတွင် စုရီသည် သတင်း အချက်အလက်များ စုဆောင်းရန် စံအိမ်ကြီးထံ လည်ပတ်ခဲ့ဖူးသောကြောင့် သိရှိနေခြင်း ဖြစ်သည်။ များမကြာခင် ဆံပင်ဖြူအဖိုးကြီး ပြန်ရောက်လာကာ၊

“ သခင်လေး၊ ကျေးဇူးပြုပြီး ဝင်ပါ။ ”

-ဟု ဖိတ်ခေါ်၏။

စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက် အေးအေးဆေးဆေး လျှောက်လှမ်းလာခဲ့သည်။ ခြံဝင်းအတွင်းသစ်ပင်များ အုံ့မှိုင်းနေကာ ထင်ရှူးပင်ကြီးများရှိနေ၏။

ထိုထင်းရှူးပင်များ အောက်တွင် အိုမင်းနေသော ဇရပ်တစ်ဆောင်တည်ရှိသည်။ စုရီက ဇရပ်အတွင်း လှမ်းဝင်လိုက်ကာ ခုံလွတ်တစ်လုံးတွင် ဝင်ထိုင်၏။

“ ငါဘာလို့လာလဲဆိုတာ မင်းသိတယ်မဟုတ်လား။ ”

စုရီက အချိန်မဖြုန်းလိုဘဲ တိုက်ရိုက်ပြောသည်။ တစ်ဖက်တွင် ထိုင်နေသော မီးခိုးရောင်ဝတ် အမျိုးသားက မျက်ခုံးပင့်လိုက်၏။

သူ့အမည်မှာ ယွမ်ရွန်ဖြစ်ပြီး လက်ရှိ ပုစဉ်းရင်ကွဲစံအိမ်၏ ခေါင်းဆောင်ဖြစ်သည်။ ယွမ်ရွန်က သူ့ကိုယ်သူ တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလျက်၊

“ ဧည့်သည် ... မင်းမှာ အထောက်အထားတစ်ခုခုပါလား။ ”

-ဟု မေးမြန်း၏။ စုရီက ခေါင်းယမ်းကာ၊

“ မပါဘူး ... ဒါပေမယ့် စကားတစ်ခွန်းရှိတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ပြောပါ ငါနားထောင်နေတယ်။ ”

ယွမ်ရွန်မှ စိတ်ဝင်စားသွား၏။

“ ခုနစ်စင်ကြယ်အမြီး ညအလယ်မှာ အရှေ့ဘက်ကို ညွှန်ပြတဲ့အခါ ... နွေဦးရာသီက ကမ္ဘာကြီးကို ရောက်လာလိမ့်မယ်။ ”

ဤမျှရိုးရှင်းသော စကားလုံးသည် ယွမ်ရွန်ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသည်။ လက်ဖက်ရည်သောက်နေရာမှ ရပ်တန့်သွားပြီး ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာ၏။

ကမ္ဘာကြီးတွင် ဤစကားမျိုး ပြောနိုင်သူသည် ထိပ်တန်းဧည့်သည်တစ်ဦး ဖြစ်ကြောင်း မှာကြားချက်များရှိချေပြီ။ ထို့ကြောင့် လေးစားမှု ပြသကာ၊

“ နာကျည်းခြင်း ပင်လယ်ပြင်မှာ လက်ရှိဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှုအကြောင်း သတင်းမေးချင်တာလား ဧည့်သည်။”

-ဟု မေးမြန်းလိုက်သည်။ စုရီက ခေါင်းညိတ်ပြပြီး၊

“ ဟုတ်တယ် ... မင်းကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်။”

“ ကိစ္စမရှိပါဘူး ဧည့်သည် ... မင်းရဲ့ အထောက်အထားက ငါ့ပုစဉ်းရင်ကွဲစံအိမ်ရဲ့ အလေးစားရဆုံး ဧည့်သည်ပဲဆိုတာ သက်သေပါပဲ။ ”

ထို့နောက် ယွမ်ရွန်က သက်ပြင်းချပြီး သူ့အင်္ကျီလက်ထဲက ကျောက်စိမ်းပြားတစ်ပြား အမြန်ထုတ်ယူကာ စုရီထံကမ်းပေးလိုက်၏။

“ ဒီထဲမှာ နာခြင်းခြင်းပင်လယ်ရဲ့ ဆူပူအုံကြွမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ပါရှိတယ် လုံခြုံအောင်ထားပါ ဧည့်သည်။ ”

စုရီက ကျောက်စိမ်းပြားကို သိမ်းဆည်းလျက်၊

“ ငါမင်းကို မေးချင်နေတဲ့ အကြောင်းအရာတွေ ရှိသေးတယ်။ ”

-ဟု စကားစလိုက်သည်။

“ မင်းရဲ့ ပုစဉ်းရင်ကွဲစံအိမ်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကပျောက်သွားတဲ့ စွေ့လုံရှင်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေရှိလား။ ”

“ မရဏကမ္ဘာရဲ့ လူတိုင်းက ... မရဏ တရားစီရင်ရေးသခင်ရဲ့သတင်းကို သိချင်နေတာ သဘာဝပါပဲ ... ငါ့ရဲ့စံအိမ်ကလည်း ဒီအကြောင်း အကြိမ်ပေါင်းများစွာ စုံစမ်းခဲ့ပေမယ့် ဘာမှ မရခဲ့ပါဘူး။ ”

စုရီက သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ပြန်ကြည့်ကာ၊

“ ဒီထဲမှာ ... တစ္ဆေသင်္ဘောနဲ့ ဆက်စပ်နေတဲ့ အချက်အလက်တွေ ပါဝင်လား။ ”

-ဟု မေးလိုက်သည်။

“ ဟုတ်ပါတယ် ... ။ ”

“ မက်မွန်တောင်သခင် အကြောင်း မင်းဘာသိလဲ။ ” 

“ သူနဲ့ ... ပတ်သတ်ရင်တော့ ငါ့ရဲ့ပုစဉ်းရင်ကွဲစံအိမ်က အတွင်းသတင်းတချို့ သိထားပါတယ် ဘာလို့လဲဆိုတော့ မက်မွန်တောင်သခင်က အချက်အလက်တွေ မေးမြန်းဖို့ ဒီကိုရောက်လာဖူးပါတယ်။”

“ သူ ဘာအကြောင်းမေးခဲ့လဲ။ ”

စုရီက စိတ်ဝင်စားသွားသည်။ သို့သော် ယွမ်ရွန်မှ ပြန်မဖြေဘဲ သတိထားကြည့်ပြီး၊

“ မက်မွန်တောင်သခင်နဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်လိုလဲလို့ ... ငါမေးလို့ ရမလား။ ”

-ဟု ပြန်၍မေး၏။

“ ငါ့သူငယ်ချင်း ... ။ ”

စုရီက မက်မွန်မြို့တော်၏ နတ်သစ်သားအနှစ်သာရကို ထုတ်ပြလိုက်၏။ ယွမ်ရွန်မှ စိတ်သက်သာရာရသွားပြီး၊

“ အမှန်အတိုင်းပြောရရင် မက်မွန်တောင်သခင် စုံစမ်းစစ်ဆေးနေတဲ့ အချက်အလက်တွေက ပင်းမိုရဲ့တပည့်တွေ အကြောင်းပါ။ ”

-ဟု ပြောကြားလာသည်။ စုရီ၏ မျက်လုံးများမှာ အနည်းငယ် မှေးကျဉ်းသွား၏။

“ ဘာလို့ ဒါကိုသိချင်နေရတာလဲ။ ”

“ ငါ မသိပါဘူး ... ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပင်းမိုရဲ့တပည့်တွေဖြစ်တဲ့ ကူဇီမင်၊ ရှန်ကွမ်ကျဲ၊ နီရွှမ်းနဲ့ ချန်ထျန်းကွန်ဟာ မြေအောက်ကမ္ဘာသင်္ချိုင်းကို စူးစမ်းလေ့လာဖို့ ရောက်နေတယ် ကြားပါတယ်။ ”

ထိုစကားကိုကြားချိန်၌ စုရီက တိတ်ဆိတ်သွားသည်။ ပင်းမိုသည် သူ့တပည့် ခြောက်ယောက်ကို ရာစုနှစ်ပေါင်းများစွာက မရဏကမ္ဘာထံ စေလွှတ်ထား၏။

၎င်းတို့ခြောက်ယောက်သည် အဓိကတာအိုဂိုဏ်းခြောက်ခုကို ဦးဆောင်ခဲ့ပြီး ခေါင်းတလားထမ်း မျိုးရိုးအကြောင်း သတင်း အချက်အလက်များ စုဆောင်းစေခဲ့သည်။

ထိုတပည့်များ(၆)ယောက်အနက် ထောင်ချင်းချွယ်ဟူသည် သူ့လက်ချက်ကြောင့် သေဆုံးသွားပြီး ကျန်းယင်လျူသည် မြွေတစ္ဆေမျိုးနွယ်၌ ဆုံတွေ့ဖူး၏။

ကျန်လေးယောက်သည် ပြန်လည် ဝင်စားခြင်း လျှို့ဝှက်ချက်များကို ရှာဖွေရန် နာကျည်းခြင်းပင်လယ်သို့ ဝင်ရောက်သွားခဲ့ပုံ ရချေပြီ။

***

အခန်း ၇၅၆ -

ရွက်လွှင့်ခြင်း ... ။

မကြာသေးမီအချိန်က နာကျဉ်းခြင်း ပင်လယ်ပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်သင်္ဘောကြီး ပြန်လည် ပေါ်ထွက် လာခဲ့ကြောင်း ပြောပြလာ၏။

ဤသတင်းသည် ဒန်ဂွီမြို့တွင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှု ဖြစ်ပေါ်စေခဲ့ပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။ စုရီက ယွမ်ရွန်ကို နှုတ်ဆက်ကာ ထွက်ခွာလာ၏။

ထိုသတင်းကို နာကျည်းခြင်းပင်လယ်မှ ပြန်လာသော ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့မှ ပြန်လည် ယူဆောင်လာခြင်းပေပင်။

၎င်းတို့အဆိုအရ လွန်ခဲ့သော သုံးရက် မှောင်ရီပျိုးချိန်တွင် အနက်ရောင်သင်္ဘောသည် သဲကန္တာရကျွန်း၌ ပေါ်လာခြင်းဖြစ်၏။

ထိုသဲကန္တာရကျွန်းတွင် ဆန်းကြယ်သော သလင်းရောင်သဲများ စုဆောင်းနေခဲ့ကြသည့် ကျင့်ကြံသူများသည် စာအချို့ချန်ထားကာ ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။

သို့မှသာ ထိုသူများသည် အနက်ရောင် သင်္ဘောဖြင့်တွေ့ဆုံလျက် ပျောက်ဆုံးသွားမှန်း သိရှိကုန်ကြ၏။

“ သဲကန္တာရကျွန်း ... အဲဒီကျွန်းက နာကျည်းခြင်းပင်လယ်မှာ အလွန်အဆိပ်ပြင်းတဲ့ ပင်လယ်ဝိညာဉ်မြွေတွေ ပြည့်နှက်နေတဲ့ ကျွန်းကြီးတစ်ကျွန်းပဲ ...

... ဒါပေမယ့် ဒါကလည်း အခွင့်အရေးတစ်ခုပဲ သလင်းရောင်သဲလို့ခေါ်တဲ့ အလွန်ရှားပါးတဲ့ ရတနာတွေကို ကံကောင်းရင် စုဆောင်းနိုင်လိမ့်မယ်။ ”

စုရီတစ်ယောက် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သဲကန္တာရကျွန်း အောက်၌ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခု ရှိနေကြောင်း သူသိထား၏။

ထိုအပျက်အစီးနယ်မြေအမည်ကို ရေသူမသွေးဂူဟု ခေါ်ဆိုလေသည်။ အဆိုပါ ရေသူမသွေးဂူထဲတွင် ရှားပါးသော မွေးရာပါ နတ်ဘုရားရတနာများ ရရှိနိုင်၏။

သဲကန္တာရကျွန်းနှင့် မြေအောက်ကမ္ဘာ သင်္ချိုင်းနယ်မြေအကြား အကွာအဝေးသည်ပင် လီနှစ်ထောင်ထက် မပိုချေ။

ထို့ကြောင့် စုရီသည် အနက်ရောင် သင်္ဘောသည် အကြိမ်ပေါင်းများစွာ ပေါ်လာခဲ့ သော်လည်း ဤဧရိယာနှင့် မဝေးခဲ့ကြောင်း သတိထားမိလာ၏။

“ ကြည့်ရတာ ငါနာကျည်းခြင်းပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာကိုသွားတဲ့အခါ သဲကန္တာရ ကျွန်းကို အရင်သွားသင့်ပြီထင်တယ်။ ”

စုရီမှ ရေရွတ်လိုက်သည်။

ညသည် မှင်ကဲ့သို့ မည်းနက်နေပြီး သွေးလမင်းသည် ကောင်းကင်တွင်မြင့်မားစွာ ချိတ်ဆွဲနေ၏။ ၎င်း၏အလင်းရောင်များသည် ပါးလွှာသော သွေးနီရောင်အလွှာကဲ့သို့ ကြီးမားပြီး အကန့်အသတ်မရှိသော ပင်လယ်ပြင်ကို ဖုံးအုပ်ထားချေပြီ။

“ ဝုန်း ... ။ ”

လှိုင်းလုံးကြီးများသည် တဟုန်ထိုးတက်နေကာ ကမ်းခြေသို့ အရှိန်ဖြင့် ရိုက်ခတ်ပြန်ဆုတ်သွားတော့သည်။

နေ့ခင်းဘက် လူစည်ကားနေသော အရပ်သည် ယခုအခါလူကင်းမဲ့ပြီး တိတ်ဆိတ် နေ၏။ ဤသည်မှာ အကန့်အသတ်မရှိသော ကျယ်ပြန့်သည့် သမုဒ္ဒရာတစ်စင်းပေပင်။

မရေမတွက်နိုင်သော အန္တရာယ်များနှင့် အမွေများမြှုပ်နှံထား၏။ ခေတ်အဆက်ဆက် ကျင့်ကြံသူများသည် စွန့်စားခဲ့သော်လည်း ပင်လယ်တစ်ဖက်ကမ်းသို့ မည်သူမျှ မရောက်ဖူးချေ။

အလွန်ကျယ်ပြန့်လွန်းသဖြင့် ဧကရာဇ်များအတွက်ပင် အံ့သြတကြီးဖြင့်သာ ပြန်လှည့်လာနိုင်ကြသည်။

ထို့ကြောင့် ဤလျှို့ဝှက်ဆန်းကြယ်သော သမုဒ္ဒရာသည် မရဏကမ္ဘာသာမက အရိုင်းမြေ ကိုးပါးသို့ပင် ကျော်ကြားသည့် ထိပ်တန်း တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

အကြောင်းရင်းမှာ အလွန်ရက်စက် ကြမ်းကြုတ်သော်လည်း ပင်လယ်၏ဗဟို၌ မရေမတွက်နိုင်သော အမွေအနှစ်များစွာနှင့် ရတနာများ ရှိနေသောကြောင့်ဖြစ်၏။

ရွှမ်ယု ဧကရာဇ်များအတွက်ပင် အခွင့်အရေးတချို့အတွက် နေ့စဉ်မပြတ် ရောက်ရှိလာတတ်သည်။

“ ဒီပင်လယ်ကြီးက အရင်လိုပါပဲ ... ။ ”

စုရီက ကမ်းခြေတွင်ရပ်တန့်ကာ ရေရွတ်လိုက်လေသည်။ ပင်လယ်လေပြေများ တိုက်ခတ်လာသောကြောင့် သူ့ဝတ်ရုံစများ တဖျပ်ဖျပ်လွင့်မျောနေ၏။

ယခင်ဘဝတွင် ဤပင်လယ်ပြင်အနှံ့ (၁၉)နှစ်ကြာ လှည့်လည်သွားလာပြီး တားမြစ် နယ်မြေများထဲ စွန့်စားဝင်ရောက်ခဲ့သည်။

ထို့ကြောင့် မရဏကမ္ဘာကြီးတွင် နာကျည်းခြင်းပင်လယ်ပေါ် နားလည်နိုင်မှုအရ သူ့ထက် မည်သူမျှ မကျော်လွန်နိုင်ချေ။

အရေးအကြီးဆုံးမှာ ထိုပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ပြန်ဝင်စားခြင်း၏ လျှို့ဝှက်ချက်များ ရှိနေခြင်းဖြစ်၏။

ဤလျှို့ဝှက်ချက်ကို ယနေ့အထိ သူနှင့်ခေါင်းတလားထမ်း သရဲအိုကြီးသည်သာ သိရှိထားချေပြီ။ ထိုစဉ်က ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ပြီး အသစ်တစ်ဖန် ကျင့်ကြံရန် အခွင့်အရေးရခဲ့သည်။

ယခုအကြိမ်တွင် ထိုအရပ်၌ ဧကရာဇ်တစ်ပါးအဖြစ် သက်သေပြနိုင်ရန် အခွင့်အရေးရယူရပေမည်။

“ ဝှစ် ... ။ ”

လက်ဝှေ့ရမ်းလိုက်သည်နှင့် ပေဆယ်ခန့်ရှည်သော လှေငယ်လေးတစ်စင်း ရွှေရောင်မီးတောက်များ ဝန်းရံလျက် လေထဲထွက်ပေါ်လာသည်။

ဤသည်မှာ ထာဝရလှေဖြစ်သည်။ နာကျည်းခြင်း ပင်လယ်ပြင် အောက်ခြေတွင် ပုန်းအောင်းနေသော နတ်ဆိုးသားရဲများနှင့် မကောင်းဆိုးဝါးဝိညာဉ်များသည် ဤလှေ၏ ရောင်ဝါကြောင့် မချဉ်းကပ်ဝံ့ကြချေ။

သာမန်ရတနာသင်္ဘောများသည် နာကျည်းခြင်းပင်လယ်၏ ကြောက်မက်ဖွယ်ရာ မုန်တိုင်းများကြောင့် မကြာခဏ နစ်မြုပ်သွားတတ်၏။

အထူးသဖြင့် ညဘက်တွင် ကြောက်စရာ ကောင်းလောက်အောင် ရက်စက်သည့်သားရဲနှင့် မကောင်းဆိုးဝါးဝိညာဉ်များ မကြာခဏ ပေါ်ထွက်လာတတ်သည်။

ထို့ကြောင့် သမိုင်းတစ်လျှောက် ပင်လယ်ထဲသို့ဝင်ရောက်ရန် ကြိုးစားသူများမှာ ညအချိန်ကို အမြဲရှောင်ရှားတတ်ကြ၏။

သို့သော် စုရီအတွက်မူ ညဘက်ပင်လယ်သည် နေ့ခင်းဘက်နှင့် မကွာခြားလှချေ။

လက်နှစ်ဖက်ကို ခေါင်းအုံးသဖွယ် အသုံးပြုကာ ပက်လက်အနေအထားမျိုးဖြင့် ကောင်းကင်ပေါ် ငေးမောလိုက်ပါလာ၏။

မည်မျှပင် လှိုင်းထန်နေပါစေ လှေငယ်လေးသည် မြေပြင်တွင်ရှိနေသကဲ့သို့ ရွေ့လျားနေပြီး လှိုင်းထန်မှုကို မခံစားရချေ။

သွေးလမင်းသည် တိမ်တိုက်များ အလယ်တွင်ပျောက်ကွယ်နေကာ လောကကြီး တစ်ခုလုံး တိတ်ဆိတ်လျက် လှိုင်းပုတ်သံများ ကြားလာရသည်။

စုရီမှ စိတ်အေးလက်အေးဖြင့် ဝိုင်ပုလင်းထုတ်ကာ အတိတ်ဘဝအတွေ့အကြုံ အပေါ် ပြန်ပြောင်းသုံးသပ်နေခဲ့၏။

အမှတ်တရများ နိုးထလာပြီးနောက် စိတ်ဝင်စားဖွယ် လူများစွာကိုတွေ့ဆုံရကာ တိုက်ပွဲများနှင့် မရေမတွက်နိုင်သော ဆူပူ အုံကြွမှုများကို ကြုံတွေ့ခဲ့ရသည်။

ထိုစဉ်က မိုးပြာတိုက်ကြီးတွင် သူသည်ရည်မှန်းချက်ကြီးမားကာ အနိုင်မခံဘဲ ကမ္ဘာကြီးကို ရယ်မောခဲ့၏။

မရဏကမ္ဘာရှိ ရင်းနှီးသောနေရာများသို့ ပြန်လည်ပတ်သည့်အခါမှသာ အရာအားလုံးမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လာသည်။

နောက်ဆုံးတွင် မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်း (၃၆၀၀၀)ကုန်ဆုံးသွားရပြီး ကမ္ဘာကြီး အတွင်း မရေမတွက်နိုင်သော အပြောင်းအလဲ များစွာ ဖြစ်ပေါ်လာကာ သူ့မှတ်ဉာဏ်ထဲက အတိုင်း တူညီခြင်း မရှိတော့ချေ။

တစ်စုံတစ်ဦးသည် အတိတ်တွင်သာ နေထိုင်၍မရချေ။ ပြန်လည် မွေးဖွားလာပြီးချိန်၌ လက်ရှိဘဝသာ နေထိုင်သင့်သည်။

“ ဒီတစ်ခါတော့ နာကျည်းခြင်းပင်လယ်မှာ ဧကရာဇ်အဖြစ် သက်သေပြရမယ် ဒီနည်းနဲ့သာ ငါ့ရဲ့ရန်သူတွေကို ဖျက်ဆီးနိုင်မယ် ...

... မဟုတ်ရင် အတိတ်ဘဝခွန်အားကို အားကိုးနေရမယ် ... အဲဒီအချိန်မှာအရိုင်းမြေဆီ ပြန်ဖို့လုံလောက်ပြီ။ ”

စုရီက ဝိုင်တစ်ငုံသောက်လိုက်ပြီး ရေလိုငြိမ်သက်နေသော နှလုံးသားများဖြင့် ကောင်းကင်ပေါ် မော့ကြည့်လိုက်၏။

ထို့နောက်တွင် မျက်ဝန်းများ မှိတ်ချလိုက်ကာ လှိုင်းထန်သောပင်လယ်ပြင်၌ လှေငယ်လေးတစ်စင်းနှင့်အတူ မျောပါနေခဲ့တော့သည်။

ရောင်ဝါသည် ကောင်းကင်နှင့် ရေပြင်ကြားတွင်ပေါင်းစပ်ပြီး လရောင်ခြည်များ၊ ရေလှိုင်းနှင့် လေပြေအတွင်း စိမ့်ဝင်လာ၏။

အတိတ်က အတွေ့အကြုံများထံ ပြန်ပြောင်းသုံးသပ်ပြီး ဘဝအပေါ်ဆန်းစစ်ကာ စိတ်နှင့်ခန္ဓာကိုယ်ကို သန့်စင်နေခဲ့သည်။

ထိုအခြေအနေသည် ငြိမ်သက် သန့်စင်ခြင်းမည်၏။ မည်မျှလွင့်မျောလာသည် မသိ။ တိုက်ပွဲဆူညံသံများ ကြာလိုက်ရချိန်မှသာ နိုးထသွားသည်။ မျက်ဝန်းများဖွင့်လျက် ထိုင်ကာ အဝေးသို့ ကြည့်မိလိုက်၏။

အဝေးတွင် လူနှစ်ယောက် ပြင်းစွာ တိုက်ခိုက်နေ၏။ တစ်ယောက်မှာ ခရမ်းရောင် ဝတ်ထားပြီး လျှပ်စီးကြောင်းများ ရစ်ပတ်ထားသည်။

လှုပ်ရှားလိုက်တိုင်း အဖျက်စွမ်းအားများ ထုတ်လွှတ်လိုက်ပြီး မိုးကြိုးနတ်ဘုရားတစ်ပါး သကဲ့သို့ ကြမ်းကြုတ်ပြင်းထန်၏။

အခြားတစ်ယောက်သည် အနက်ရောင်ဝတ်ထားသော အဘိုးအိုဖြစ်သည်။ သူ့လက်ထဲတွင် ဆယ်ပေရှည်သော လှံတံကို ကိုင်ဆောင်ထား၏။

နှစ်ယောက်ကြား တိုက်ပွဲကြောင့် ကောင်းကင်ကြီးတုန်ခါသွားပြီး အနီးနားက ပင်လယ်ရေပြင်သည် တဝုန်းဝုန်းမြည်နေ၏။

“ ဟမ့် ... ။ ”

တိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး ထိတ်လန့်စရာပေပင်။ ထိုမြင်ကွင်းကိုကြည့်ကာ စုရီမှအံ့အားသင့်လျက် ချက်ချင်းပင် ထရပ်လိုက်တော့၏။

ပုံမှန်အခြေအနေများတွင် နာကျည်းခြင်း ပင်လယ်ပြင်၌ ဧကရာဇ်များ၏ တိုက်ပွဲများကို မြင်တွေ့ရခြင်းသည် သာမန်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် နာကျည်းခြင်းပင်လယ်တွင် အခွင့်အလမ်းများ အတွက် ရိုးရှင်းသောယှဉ်ပြိုင်မှုများသာမက၊ လက်စားချေမှုများလည်း ရှိနေကြသည်။

အဆင့်မြင့်နောက်ခံမျိုးရိုး ပိုင်ဆိုင်သူများ အတွက်ပင် ဤနေရာ၌ အသတ်ခံရနိုင်ဖွယ်များ ချေပြီ။

အဘယ်ကြောင့်ဆိုသော် ဤပင်လယ်ပြင်တွင် လက်သီးကြီးသူသည်သာ ဘုရင်ဖြစ်သည်။

လက်ရှိ တိုက်ခိုက်နေသော လူနှစ်ယောက် အနက် မိုးကြိုးနတ်ဘုရားကဲ့သို့ မီးတောက်များ ခြယ်လှယ်နေသူသည် ရွှမ်ယုအလယ်အလတ် အဆင့် ဧကရာဇ်ဖြစ်၏။

ထိုသူအမည်မှာ မိုးကြိုးဘုရင် ဝမ်ချုံးလုဖြစ်ကာ အစစ်အမှန်ပုံသဏ္ဌာန်သည် မိုးကြိုးကို မွေးရာပါ ထိန်းချုပ်နိုင်သည့် ပါ့ရှေးဖြစ်သည်။ (ပါ့ရှေး- မြွေနဂါး။)

ပြိုင်ဘက်များကို ဖျက်ဆီးခြင်းမပြုမီ ထိုနတ်ဆိုးသားရဲအိုကြီးသည် သူ့အတိတ်ကို အမြဲကြွားဝါလေ့ရှိ၏။

ဤမိုးကြိုးဘုရင် ဝမ်ချုံးလုသည် သားသတ်သမားအိုကြီး ရှန်ထျန်းကွေးကဲ့သို့ နာကျည်းခြင်းပင်လယ် နတ်ဆိုးဘုရင်ခုနစ်ပါး စာရင်းဝင်သည်။

ထိုစဉ်က မိုးကြိုးနတ်ဆိုးဘုရင်၏ ကျင့်ကြံမှုသည် အသားသတ်သမားအိုကြီးထက် များစွာနိမ့်ကျပြီး နတ်ဆိုးဘုရင်ခုနစ်ကောင် အနက် အောက်ဆုံးအဆင့်တွင်ဖြစ်၏။

စုရီကို အံ့အားသင့်စေသည်မှာ မိုးကြိုးနတ်ဆိုးဘုရင် မဟုတ်ချေ။ သူ့ ပြိုင်ဘက် အနက်ဝတ်အဖိုးအိုပေပင်။

ထိုအဖိုးအိုသည် ကောင်းကင်ဘုံကိုးပါး နန်းတော်၏ ကောင်းကင်ဆန္ဒဥပဒေကြီးအပေါ် ထိန်းချုပ်နိုင်သော ကြယ်တာရာ ထောင်မှူး တစ်ယောက် ဖြစ်နေချေပြီ။

***

All Chapters