လူကြီးမိဘကို ရိုသေရမယ်? ခင်ဗျားတို့က ရိုသေဖို့ ထိုက်တန်လို့လား?
Vol. 1 Ch. 10
ကျန်းဝူကျိ ၏ ဆဲဆိုကြိမ်းမောင်းမှုကြောင့် လူအုပ်ကြီးမှာ ကြောင်သွား ကြပြီး ခဏတာအတွင်း ဒေါသဖြေဖျောက်ရန် မည်သို့ပြန်လည်ဆဲဆိုရမည်ကိုသာ တွေးနေမိကြသည်။
မည်သူတစ်ဦးတစ်ယောက်မျှ လက်ဦးမှုယူ တိုက်ခိုက်ရန် မစဉ်းစားမိကြချေ။
ရုတ်တရက် ဝူလျဲ့ နှင့် သူ၏သမီးဖြစ်သူတို့ စတင်တိုက်ခိုက်သည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ လန့်ဖျပ်သွားကြသည်။
သူတို့ သတိပြန်ဝင်လာချိန်တွင်မူ ဝူချင့်ရင်း မှာ လုံးဝတိုက်လိုက်ခံ လိုက်ရပြီးဖြစ်ကာ ဝူလျဲ့မှာမူ ကျန်းဝူကျိ၏ ပြင်းထန်လှသော အတွင်းအား ( ကြောင့် နောက်သို့ လွင့်စဉ်သွားပြီး အတော်ပင် ဖရိုဖရဲ ဖြစ်သွားရသည်။
"ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်အစွမ်းထက်တဲ့ အတွင်းအားမျိုးကို ကျင့်ကြံထားနိုင်ရတာလဲ?"
ဟယ်ထိုက်ချုံး၊ ပိုင်ရှူးရှန်း နှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျန်းဝူကျိမှာ သူတို့ရှေ့တွင် အရိုက်ခံရုံသာ တတ်နိုင်သူဖြစ်ကြောင်း သူတို့ကောင်းကောင်းသိသည်။
သို့သော် ယနေ့တွင်မူ သူသည် ပြန်လည်တိုက်ခိုက်ခြင်းပင် မပြုဘဲ ဝူလျဲ့ကို လွင့်စဉ်သွားအောင် လုပ်နိုင်ခဲ့သည်။ ၎င်းမှာ ကမ္ဘာပေါ်တွင် ရှားပါးလှသော ထိပ်တန်းအတွင်းအားကို အသုံးပြု၍ နှိမ်နင်းလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ သူသည် မယုံနိုင်လောက်အောင် သန်မာနေပြီဖြစ်သည်။
ဝူလျဲ့မှာ တစ်ကိုယ်လုံး တုန်ရီနေပြီး မနည်းအားယူ၍ မတ်တပ်ရပ်နေရသော်လည်း ထပ်မံ၍ မလှုပ်ရှားနိုင်တော့ပေ။
ဟယ်ထိုက်ချုံးက "မင်းရဲ့ အသက်ရှူနှုန်းနဲ့ သွေးလေတွေ ကမောက်ကမ ဖြစ်နေပြီ။ ငြိမ်ငြိမ်လေးနေပြီး စိတ်ကိုလျှော့ထား။ မဆင်မခြင် မလှုပ်ရှားနဲ့ဦး" ဟု ပြောလိုက်သည်။
ဝူလျဲ့၏ ရင်ထဲတွင် အမုန်းတရားများ ရှိနေသော်လည်း ကြောက်ရွံ့မှုက ပိုကြီးစိုးနေသည်။ မိမိ၏ အခြေအနေကိုလည်း မိမိကိုယ်တိုင် ကောင်းကောင်းသိသဖြင့် မလှုပ်မယှက်ဘဲ ငြိမ်နေကာ ကမောက်ကမဖြစ်နေသော သွေးလေများကို ပြန်လည်ထိန်းညှိနေရတော့သည်။
ထန်မိန်ကျွင်း (Ding Minjun) မှာ ခုနကပင် ဆဲဆိုတိုက်ခိုက်ရန် ပြင်နေသော်လည်း ဝူလျဲ့ ရှုံးနိမ့်သွားသည်ကို မြင်သောအခါ မလှုပ်ရဲတော့ပေ။ သူမက ဟယ်ထိုက်ချုံးနှင့် ပိုင်ရှူးရှန်းကို ကြည့်ကာ "ဂိုဏ်းချုပ်ဟယ်... ဒီလူယုတ်မာ ကျန်းဝူကျိဆီမှာ သစ္စာဖောက် ရှဲ့ရွှန်း ရဲ့ လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။
သူ့ကို ဖမ်းဆီးပြီး စစ်ဆေးသင့်ပါတယ်။ ကျွန်မက မျိုးဆက်သစ်ဖြစ်လို့ လက်လွန်ခြေလွန် မလုပ်ဝံ့ပါဘူး။ ဒါကြောင့် ဂိုဏ်းချုပ်ဟယ်နဲ့ ဇနီးသည်တို့ကပဲ ဒီလူယုတ်မာကို ဖမ်းဆီးပေးဖို့ တောင်းဆိုပါတယ်" ဟု ပြောလိုက်သည်။
ဟယ်ထိုက်ချုံး နှင့် ပန်းရှူးရှန်း: ???
"နင် ဘာတွေပြောနေတာလဲ? ငါတို့ကို သွားခိုင်းတာလား? ကျန်းဝူကျိရဲ့ အတွင်းအားက ဒီလောက်အစွမ်းထက်နေတာ နင်မမြင်ဘူးလား?" ဟု သူတို့ စိတ်ထဲက ရေရွတ်လိုက်မိသည်။
သို့သော် ထိုနေရာတွင် အပြင်လူ အများအပြား ရှိနေသည်။ အကယ်၍ လင်မယားနှစ်ယောက်လုံးသာ ကြောက်ရွံ့နေလျှင် သူတစ်ပါး၏ လှောင်ပြောင်ခြင်းကို ခံရမည် မဟုတ်ပါလား?
ဟယ်ထိုက်ချုံးနှင့် ပိုင်ရှူးရှန်းတို့ နှစ်ဦးစလုံးမှာ မျက်နှာပျက်သွားကြပြီး ထန်မိန်ကျွင်းကို အတော်ပင် စိတ်တိုသွားကြသည်။ သူမ၏ မျိုးဆက်သစ်အဆင့်အတန်းကို အသုံးချကာ သူတစ်ပါးလက်ဖြင့် ဘေးဖယ်ခိုင်းခြင်းမှာ အမှန်တကယ်ပင် ကောက်ကျစ်လွန်းလှသည်။
ထန်မိန်ကျွင်းသည် ကြီးမားသောကိစ္စရပ်များတွင် အရည်အချင်းမရှိသော်လည်း အတွင်းရေးပဋိပက္ခများနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက်မူ ပရိယာယ်များလွန်းလှသည်ကို သူတို့မသိကြပေ။ ကျိရှောင်ဖူ နှင့် အခုလက်ရှိ ကျိုးကျစ်ရော့ တို့မှာ သူမကြောင့် အတော်ပင် ဒုက္ခရောက်ခဲ့ကြရသည်။
ဟယ်ထိုက်ချုံးနှင့် ပိုင်ရှူးရှန်းတို့မှာမူ ယခုမှ ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းဖြစ်သည်။
ကျိုးကျစ်ရော့မှာ ကျန်းဝူကျိ၏ ဘေးကင်းရေးအတွက် စိုးရိမ်သဖြင့် မျက်နှာလေး ဖြူဖျော့နေသည်။
သူမက "အခုအချိန်မှာ ကျွန်မတို့အတွက် မကောင်းဆိုးဝါးဂိုဏ်း ကို ဝိုင်းဝန်းတိုက်ခိုက်ဖို့က ပိုအရေးကြီးပါတယ်။ ဒီလို သေးဖွဲတဲ့ ကိစ္စတွေကို အရေးလုပ်မနေသင့်တော့ဘူး မဟုတ်လား?" ဟု ပြောလိုက်သည်။
ထန်မိန်ကျွင်းက နှာခေါင်းရှုံ့ကာ "သေးဖွဲတဲ့ ကိစ္စ ဟုတ်လား? မကောင်းဆိုးဝါးဂိုဏ်းက အဖိုးကြီး ယင်ထျန်းကျိန့် က ကျန်းဝူကျိရဲ့ အဘိုးပဲ။ သူ့ကို ဖမ်းမိရင် ကောင်းကင်လင်းယုန်ဂိုဏ်း ကို ထိန်းချုပ်နိုင်လိမ့်မယ်။ ဒါဟာ ဖြောင့်မတ်တဲ့လမ်းစဉ်အတွက် အကြီးအကျယ် အကျိုးပြုမှာပဲ။
ကျိုးညီမလေး... နင်က မကောင်းဆိုးဝါးဂိုဏ်းကလူဘက်က အတော်လေး ဘက်လိုက်နေပါလား။ နင်နဲ့ ဒီလူယုတ်မာလေးနဲ့ ကြိတ်ပြီး ဇာတ်လမ်းရှိနေလို့လား?"
ကျိုးကျစ်ေလာ့၏ လှပသောမျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားသည်။ သူမက အလျင်အမြန်ပင်
"အစ်မ... အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့! ကျွန်မနဲ့ သခင်လေးကျန်းနဲ့ ဘယ်လိုလုပ် ဇာတ်လမ်းရှိမှာလဲ? ကျွန်မ စိုးရိမ်တာက အကယ်၍ သူ့ကို တိုက်ခိုက်ရင် ဝူတန် ဂိုဏ်းက မကျေမနပ် ဖြစ်သွားမှာကိုပါ။ အဲဒီလိုဆိုရင် မကောင်းဆိုးဝါးဂိုဏ်းကို တိုက်ခိုက်မယ့် အရေးကြီးတဲ့ကိစ္စ ပျက်စီးမသွားနိုင်ဘူးလား?" ဟု ပြန်ပြောလိုက်သည်။
ထန်မိန်ကျွင်းက လှောင်ရယ်ကာ "ဘယ်သူက မကျေမနပ်ဖြစ်မှာလဲ? ဝူတန်ဂိုဏ်းကလူတွေက ဒီလူယုတ်မာလေး လွန်ခဲ့တဲ့နှစ်တွေကတည်းက ချောက်ထဲပြုတ်ကျပြီး သေသွားပြီလို့ပဲ ထင်နေကြတာ။ ငါတို့ဘက်က သတင်းမပေါက်အောင်နေရင် ဝူတန်ဂိုဏ်းက ဘယ်လိုလုပ် သိမှာလဲ?"
ကျန်းဝူကျိ၏ ဒေါသတကြီး ဆဲဆိုမှုမှာ ထန်မိန်ကျွင်းနှင့် ရန်ငြိုးကြီးစွာ ဖြစ်သွားစေခဲ့သည်မှာ ထင်ရှားလှသည်။
ကျိုးကျစ်ရော့ စိုးရိမ်တကြီးဖြင့် "ဒီလိုမျိုး ဖုံးကွယ်တာဟာ နာမည်ကျော် ဖြောင့်မတ်တဲ့ဂိုဏ်းတစ်ခု လုပ်ရမယ့်အလုပ်လား? အစ်မ... ကျွန်မတို့ရဲ့ အော့မေ့ ဂိုဏ်းရဲ့ သိက္ခာကို ဘယ်နား သွားထားမှာလဲ?!"
ထန်မိန်ကျွင်း ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။
"ကျစ်ရော့ ပြောတာ မှန်တယ်! မိန်ကျွင်း... နင်က အသက်ကြီးလာလေ ပိုဆိုးလာလေပါလား!"
ထိုအသံမှာ တည်ကြည်ပြတ်သားပြီး အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး၏ အသံဖြစ်သည်။ ကျိုးကျစ်ရော့နှင့် ထန်မိန်ကျွင်းတို့ နှစ်ဦးစလုံး ထိုအသံကို ကြားရုံဖြင့် တုန်လှုပ်သွားကြသည်။
အကြောင်းမှာ ထိုအသံရှင်မှာ အော့မေ့ဂိုဏ်းချုပ် သီလရှင် မြဲ့ကျွယ် ပင် ဖြစ်သည်။
လူအုပ်ကြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ လူတစ်စု ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ရှေ့ဆုံးမှ သီလရှင်ကြီး နှစ်ပါး ဦးဆောင်လာသည်။ သီလရှင်တစ်ပါးမှာ အရပ်ရှည်ပြီး ကျောအနည်းငယ် ကုန်းကာ၊ ဦးထုပ်အောက်တွင် ဆံပင်ဖြူကျဲကျဲလေးများ ရှိနေသည်။ သူမမှာ အခြားသူမဟုတ်၊ အော့မေ့ဂိုဏ်းချုပ် မြဲ့ကျွယ် ပင် ဖြစ်သည်။
သူမတို့၏ နောက်တွင် အော့မေ့ဂိုဏ်းသား ဒါဇင်ပေါင်းများစွာမှာ အမျိုးသမီးများက ရှေ့၊ အမျိုးသားများက နောက်တွင်ရှိကာ အတန်းသုံးတန်းဖြင့် လိုက်ပါလာကြသည်။
မယ်သီလရှင် မြဲ့ကျွယ် ရောက်လာသည်ကို မြင်သောအခါ ဟယ်ထိုက်ချုံးနှင့် ပိုင်ရှူးရှန်းတို့မှာ ကျန်းဝူကျိကို ကိုယ်တိုင် တိုက်ခိုက်ရတော့မည် မဟုတ်သဖြင့် စိတ်သက်သာရာ ရသွားကြသည်။
သီလရှင်ကြီး မဲ့ကျွယ်မှာ ဒေါသကြီးသူဖြစ်ပြီး မည်သည့်အမှားအယွင်းကိုမျှ လက်မခံတတ်သူ ဖြစ်သောကြောင့် သူမကိုယ်တိုင် အရေးယူမည်မှာ သေချာလှသည်။
"ဆရာ"
ကျိုးကျစ်ေလာ့နှင့် ထန်မိန်ကျွင်းတို့မှာ ရိုသေစွာ ဦးညွှတ်လိုက်ကြသော်လည်း တစ်ယောက်စီတွင် ကိုယ်စီစိုးရိမ်မှုများ ရှိနေကြသည်။
ကျိုးကျစ်ေလာ့မှာသူမ၏ဆရာသည် မကောင်းမှုကို အလွန်မုန်းတီးသူဖြစ်၍ ကျန်းဝူကျိကို တိုက်ခိုက်မည်ဆိုပါက ကျန်းဝူကျီ အန္တရာယ်ရှိနိုင်သည်ကို စိုးရိမ်နေသည်။
ထန်မိန်ကျွင်းမှာမူ ခုနကပင် သူမ၏ဆရာက ဆူပူလိုက်ခြင်းခံရသဖြင့် အပြစ်ပေးခံရမည်ကို ကြောက်နေသည်။ အထူးသဖြင့် ကျိရှောင်ဖူ၏ အဖြစ်အပျက်မှာ သူမ၏ မျက်စိထဲတွင် မြင်ယောင်နေဆဲ ဖြစ်သည်။
မယ်သီလရှင် မြဲ့ကျွယ်က ထန်မိန်ကျွင်းကို ကြည့်ကာ "အသုံးမကျတဲ့ သူ။ နောက်မှ ကိုယ့်ဘာသာ အပြစ်သွားခံယူချေ" ဟု အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ"
ထန်မိန်ကျွင်း၏ မျက်နှာမှာ ကြောက်လန့်တကြား ဖြူဖျော့သွားပြီး မည်သည့်စကားမျှ ပြန်မပြောဝံ့တော့ပေ။
ထို့နောက် မြဲ့ကျွယ်က ကျိုးကျစ်ရော့ကို ကြည့်ကာ "ကျစ်လော့... နင်နဲ့ ဒီကျန်းဝူကျိနဲ့ ကြိတ်ပြီး ဇာတ်လမ်းရှိနေတာ ဟုတ်သလား?" ဟု မေးလိုက်သည်။
ကျိုးကျစ်ေလာ့က အလျင်အမြန် ခေါင်းခါကာ "တပည့်တော်နဲ့ သခင်လေးကျန်းက ငယ်ငယ်တုန်းက ရက်အနည်းငယ်လောက်ပဲ အတူရှိခဲ့ဖူးတာပါ။ ဘာဇာတ်လမ်းမှ မရှိပါဘူး။ ဒီနေ့ကလည်း နှစ်အတော်ကြာမှ ပထမဆုံးအကြိမ် ပြန်တွေ့တာဖြစ်ပြီး အခုမှ သူ့ကို မှတ်မိသွားတာပါ" ဟု ပြန်လျှောက်လိုက်သည်။
မြဲ့ကျွယ်က ထိုစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူမသည် ကျိုးကျစ်ေလာ့၏ နောက်ကြောင်းကို ကောင်းကောင်းသိသည်။ သူမကို ကျန်းဆန်းဖုန်း ကိုယ်တိုင် အော့မေ့တောင်သို့ ပို့ပေးခဲ့ခြင်းဖြစ်ပြီး ကျန်းဝူကျိနှင့် တွေ့ဆုံခဲ့ဖူးသည်ကိုလည်း မြဲ့ကျွယ် သိထားသည်။
ကလေးနှစ်ယောက်မှာ ငယ်သူငယ်ချင်းဖြစ်ခဲ့ကြသဖြင့် အခုပြန်တွေ့ချိန်တွင် အနည်းငယ် ဘက်လိုက်မိသည်မှာ မဆန်းပေ။
အမှန်စင်စစ်တွင် ကျိုးကျစ်ေလာ့သည် အော့မေ့ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက် ထန်မိန်ကျွင်းကို ပြန်လည်ချေပပြောဆိုခဲ့ခြင်းအပေါ် မြဲ့ကျွယ်က အလွန်ပင် သဘောကျပြီး ချီးမွမ်းလိုစိတ် ဖြစ်နေသည်။
ဤသည်မှာ သူမ၏ တပည့်ကောင်းတစ်ယောက် လုပ်ဆောင်သင့်သောအလုပ်ပင် ဖြစ်သည်။
ဟယ်ထိုက်ချုံးနှင့် ပိုင်ရှူးရှန်းတို့က မြဲ့ကျွယ်ကို ဦးညွှတ်နှုတ်ဆက်ကာ "သီလရှင်ကြီး ရောက်လာတာ အကောင်းဆုံးပါပဲ။
ဒီလူယုတ်မာ ကျန်းဝူကျိက အော့မေ့ဂိုဏ်းကို စော်ကားမော်ကား ပြောဆိုနေပါတယ်။ သီလရှင်ကြီးကိုယ်တိုင်ပဲ သူ့ကို ဖမ်းဆီးအရေးယူသင့်ပါတယ်" ဟု ပြောလိုက်သည်။
အဓိပ္ပာယ်မှာ "ငါတို့တော့ ဒီပြဿနာထဲ မပါချင်ဘူး၊ အထိုးခံရမှာ ကြောက်တယ်" ဟု ဆိုလိုခြင်း ဖြစ်သည်၊၊
မြဲ့ကျွယ်ကလည်း ပြန်လည်နှုတ်ဆက်ကာ
"ဒီကိစ္စကို ကျွန်မ ကိုယ်တိုင်ပဲ ဖြေရှင်းပါ့မယ်" ဟု ဆိုသည်။
"ခင်ဗျားတို့ ပြဇာတ်ကလို့ ပြီးပြီလား? တခြားကိစ္စမရှိရင် ကျွန်တော်တို့ သွားတော့မယ်။ ဘယ်သူကမှ ခင်ဗျားတို့နဲ့ ဒီမှာ အချိန်ဖြုန်းပြီး စကားများမနေချင်ဘူး"
ကျန်းဝူကျိက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
သူသည် ခုနက ဘာမှမပြောဘဲ ကြည့်နေခြင်းမှာ ကျိုးကျစ်ေလာ့၏ မိမိအပေါ်ထားရှိသော ခံစားချက်ကို သိချင်၍ဖြစ်သလို၊ ဟယ်ထိုက်ချုံးနှင့် ပိုင်ရှူးရှန်းတို့ကို သတ်ပစ်ရန် ယုံကြည်မှု အပြည့်အဝ မရှိသေးသောကြောင့် အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်။
မဟုတ်လျှင် သူသည် ထိုလူများကို ရှင်းပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
ယခု သီလရှင် မြဲ့ကျွယ် ရောက်လာပြီဖြစ်၍ သူလည်း စကားများမနေချင်တော့ပေ။
ဤသီလရှင်ကြီးမှာ အလွန်ပင် ခေါင်းမာသူဖြစ်ကြောင်း သူသိသဖြင့် သူမကို ဆဲဆိုနေရန်ပင် စိတ်မဝင်စားတော့ဘဲ လက်လျှော့လိုက်ခြင်း ဖြစ်သည်။
သို့သော် သူ၏ စကားကို ကြားလိုက်ရချိန်တွင် လူတိုင်းမှာ ဆွံ့အသွားကြသည်။
အထူးသဖြင့် ကျိုးကျစ်ေလာ့မှာ ကျန်းဝူကျီအတွက် စိုးရိမ်လွန်းသဖြင့် ရင်ထဲတွင် ပေါက်ကွဲမတတ် ခံစားနေရသည်။
သီလရှင် မြဲ့ကျွယ်ကို ဤသို့ ရဲရဲတင်းတင်း ပြောဝံ့သူတစ်ဦးတစ်ယောက်မျှ သူမ တစ်သက်တွင် မတွေ့ဖူးခဲ့ချေ။ ဤသည်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်တော့မည်။
ထန်မိန်ကျွင်းကမူ ကျိတ်၍ ဝမ်းသာနေသည်။
သူမသည် ဆရာ့ထံမှ အပြစ်ပေးခံရမည် ဖြစ်သော်လည်း အကယ်၍ သူမ၏ဆရာက ဤလူယုတ်မာလေးကို ရှင်းလင်းပစ်နိုင်မည်ဆိုပါက သူမ အပြစ်ပေးခံရခြင်းကို ကျေနပ်စွာ လက်ခံမည်ဖြစ်သည်။
ဟယ်ထိုက်ချုံးနှင့် ပိုင်ရှူးရှန်းတို့ကလည်း
"ပွဲကောင်းကြည့်ရတော့မယ်" ဆိုကာ ကျိတ်၍ ဝမ်းသာနေကြသည်။
မယ်သီလရှင် မြဲ့ကျွယ်၏ မျက်လုံးများမှာ အေးစက်သွားပြီး "ယဉ်ကျေးမှုမရှိတဲ့ကောင်၊ လူကြီးမိဘကို ရိုသေရမယ်လို့ ဘယ်သူမှ မသင်ပေးထားဘူးလား?" ဟု အေးစက်သော အသံဖြင့် မေးလိုက်သည်။
"လူကြီးမိဘကို ရိုသေရမယ်? ခင်ဗျား ဘယ်သူ့ကို ပြောနေတာလဲ? ခင်ဗျားကိုလား? ခင်ဗျားက ရိုသေဖို့ ထိုက်တန်လို့လား?"
ကျန်းဝူကျိက ရယ်ချင်ပတ်ကျိဖြင့် ပြောလိုက်သည်။
"အရင်တုန်းက သူရဲကောင်းမကြီး ကော်ရှန့် နဲ့ ကျွန်တော့်ရဲ့ အဘိုးအေကြီး ကျန်းကျိရန် တို့ဟာ သက်တူရွယ်တူ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတယ်လေ ခင်ဗျားက ကော်ရှန့်ရဲ့ မြေးတပည့်၊ ကျွန်တော်က ကျွန်တော့်အဘိုးရဲ့ မြေးတပည့်။ ပြောရရင် ကျွန်တော်တို့က မျိုးဆက်တစ်ခု တည်း ပဲ။ ခင်ဗျားက ကျွန်တော့်ရှေ့မှာ လူကြီးလုပ်ချင်နေတာလား? ဘာဟာသတွေ လာပြောနေတာလဲ?"
"ကျွန်တော့်အဘိုးက ခင်ဗျားကို 'ဂိုဏ်းချုပ်' လို့ ခေါ်ပေးတာဟာ သူ့ရဲ့ စိတ်ထားကြီးမြတ်မှုကြောင့် ခင်ဗျားကို မျက်နှာသာပေးတာပဲ။ ကျွန်တော် ခင်ဗျားကို ပြောလိုက်မယ်၊ သီလရှင် မြဲ့ကျွယ်... ခင်ဗျားက ဒီလောက်အခြေခံကျတဲ့ အသိတောင် မရှိတဲ့ လူကြီးတစ်ယောက်လား?"