← Chapters

ဒါဟာ သာမန်ပတ်သက်မှုတင် မဟုတ်ဘူး! ကျွန်တော် ကျိုးကျစ်လော့ ကို လက်ထပ်မှာ!

Vol. 2 Ch. 12

ဒါဟာ သာမန်ပတ်သက်မှုတင် မဟုတ်ဘူး! ကျွန်တော် ကျိုးကျစ်လော့ ကို လက်ထပ်မှာ!

Vol. 2 Ch. 12

​"ဟက်! နင်တို့တွေက တော်တော်လေး သစ္စာရှိကြတာပဲ"

​ကျန်းဝူကျိနှင့် ယင်းလီတို့၏ စကားများကို ကြားပြီးနောက် မယ်သီလရှင် မြဲ့ကြွယ် က နှာခေါင်းရှုံ့လိုက်သော်လည်း သူမ၏ ခြေလှမ်းများကို ရပ်လိုက်သည်။

​ကျန်းဝူကျိက ရယ်မောကာ "သီလရှင်ကြီး... ခင်ဗျားလို လူက ယောကျ်ားနဲ့ မိန်းမကြားက အချစ်အကြောင်း ဘာနားလည်မှာလဲ? ကဲ... တိုက်ကွက်စလိုက်ရအောင်။ ခင်ဗျားမှာ ကောင်းကင်ဘုံဓားရှိသလို၊ ကျွန်တော့်မှာလည်း ကျွန်တော့်နည်းလမ်းနဲ့ ကျွန်တော်ရှိတယ်။ လာခဲ့စမ်းပါ" ဟု စိန်ခေါ်လိုက်သည်။

​ကျန်းဝူကျိနှင့် ယင်းလီတို့၏ ခိုင်မာသော သံယောဇဉ်ကို မြင်ရသောအခါ ကျိုးကျစ်လော့ ၏ ရင်ထဲတွင် အကြောင်းရင်းမရှိဘဲ နာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော်လည်း ပဋိပက္ခကို ဖြေဖျောက်ရန်အတွက် သူမသည် မြဲ့ကြွယ် အနားသို့ ချဉ်းကပ်ကာ ရိုသေစွာဖြင့်

"ဆရာ... ဒီနှစ်ယောက်က တစ်ဦးပေါ်တစ်ဦး ဒီလောက်သစ္စာရှိနေတာပဲ။

သူတို့ဟာ မကောင်းတဲ့လူတွေ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့ သူတို့အသက်ကို ရန်ရှာနေရတာလဲဟင်?" ဟု လျှောက်တင်လိုက်သည်။

​မြဲ့ကြွယ် က အေးစက်စွာ ကျိုးကျစ်လော့ကို ကြည့်ကာ "ကျစ်လော့... နင်နဲ့ ဒီကောင်လေးနဲ့ တစ်ခုခု ပတ်သက်နေတာလား?" ဟု ခပ်စိမ်းစိမ်း မေးလိုက်သည်။

​မူလက မြဲ့ကြွယ် သည် ကျိုးကျစ်လော့ ၏ စကားကို ယုံကြည်ခဲ့ပြီး သူမနှင့် ကျန်းဝူကျိ တို့ကြား ဘာမှမရှိဟု ထင်ခဲ့သည်။ သို့သော် ကျန်းဝူကျိအတွက် ကျိုးကျစ်လော့က ထပ်ခါတလဲလဲ အသနားခံနေသည်ကို မြင်သောအခါ မြဲ့ကြွယ် စတင်သံသယဝင်လာတော့သည်။

​ကျိုးကျစ်လော့ ပြန်လည်ဖြေရှင်းရန် ပြင်လိုက်စဉ်မှာပင် ကျန်းဝူကျိက ကြားဖြတ်ပြော လိုက်သည် ၊၊

​ကျန်းဝူကျိက ရယ်မောကာ "ဟုတ်တယ်! မိန်းကလေးကျိုးနဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေ၊ ငယ်ချစ်ဦးတွေလေ။ နှစ်အတော်ကြာ မတွေ့ဖြစ်ခဲ့ကြတာပဲ ရှိတာ။ သံယောဇဉ်ရှိတာ ဘာဆန်းလို့လဲ? နောင်ကျရင် ကျွန်တော် သူမကို လက်ထပ်မှာ။ အဲဒီကျရင် ကျွန်တော်တို့ နှစ်ယောက်စလုံး ခင်ဗျားရှေ့မှာ အတူတူလာပြီး ဦးချမှာပေါ့"

​"ဒါ... ဒါဟာ လုံးဝကို ရိုင်းစိုင်းလွန်းတယ်!"

​မြဲ့ကြွယ် ချက်ချင်းပင် ဒေါသအကြီးအကျယ် ထွက်သွားသည်။ သူမ၏ တိုက်ရိုက်တပည့်ဖြစ်သူကို ဤမျှ လွယ်လွယ်ကူကူ လက်ထပ်ခွင့်ပေးရန် မည်သို့ဖြစ်နိုင်ပါမည်နည်း?

ယခင်က ကျိရှောင်ဖူသည် ရန်ရှောင် နှင့် ပတ်သက်၍ ကလေးရခဲ့စဉ်ကပင် မြဲ့ကြွယ်က သူမကို လက်ဝါးချက်တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်ကို ကြည့်ခြင်းဖြင့် သူမသည် ဤကဲ့သို့သော ကိစ္စများကို မည်မျှ ဆန့်ကျင်ကြောင်း သိသာသည်။ ယခု ကျန်းဝူကျိ၏ စကားမှာ မြဲ့ကြွယ်၏ ဒေါသကို မီးလောင်ရာလေပင့်လိုက်သလို ဖြစ်သွားရသည်။

​မြဲ့ကြွယ် မအောင့်နိုင်တော့ဘဲ ကျိုးကျစ်လော့ ကို ဘေးသို့ တွန်းထုတ်ကာ ကျန်းဝူကျိဆီသို့ ဓားဖြင့် ဝှေ့ယမ်းတိုက်ခိုက်တော့သည်။

​"ဖယ်လိုက်တော့!"

​ကျန်းဝူကျီက ယင်းလီကို ဘေးသို့ တွန်းပို့လိုက်ပြီးနောက် ဓားချက်ကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

​ကောင်းကင်ဘုံဓား မှာ အနောက်က သစ်သားခြံစည်းရိုးကို ထိမှန်သွားရာ ဒိန်ခဲကို လှီးလိုက်သကဲ့သို့ အလွန်လွယ်ကူစွာပင် နှစ်ပိုင်းပြတ်သွားသည်။ ၎င်းမှာ ဓား၏ အစွမ်းထက်မှူ ကို သက်သေပြနေခြင်းပင်။

​"သီလရှင်ကြီးကတော့ တော်တော်ဟုတ်နေပါလား! လက်နက်ကောင်းကို အားကိုးနေတာပေါ့လေ!"

​ကျန်းဝူကျိက ရယ်မောကာ မြဲ့ကြွယ်က လက်နက်ဖြင့် တိုက်ခိုက်နေသဖြင့် သူကလည်း အဝေးမှ တိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြုလိုက်သည်။

​သူ၏ လက်ညှိုးစွမ်းအားမှာ ပေါက်ကွဲထွက်လာရာ မြဲ့ကျွယ်ပင်လျှင် တည့်တည့်မရင်ဆိုင်ရဲပေ။ သူမသည် ကောင်းကင်ဘုံဓား ကို ဝှေ့ယမ်း၍ စွမ်းအားကို ခုခံကာ ဘေးသို့ ရှောင်တိမ်းပြီးမှ ပြန်လည်တိုက်ခိုက်ရသည်။

​နှစ်ဦးသား တိုက်ခိုက်ကြရာ မျက်စိတစ်မှိတ်အတွင်း တိုက်ကွက်ပေါင်း တစ်ဒါဇင်ကျော် သွားခဲ့ပြီ ဖြစ်သည်။ ကျန်းဝူကျိ၏ ပေါ့ပါးအတတ်မှာ မြဲ့ကြွယ်ကို မမီသော်လည်း 'လှေကားထစ် တိမ်တိုက်ခုန်ခြင်း' အခြေခံနှင့် နက်ရှိုင်းသော အတွင်းအားကြောင့် အရေးကြီးသော အချိန်တိုင်းတွင် ဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့သည်။

သို့သော် သူ၏ အဝတ်အစားများမှာမူ ဓားစက်ကြောင့် ဟိုတစ်စ ဒီတစ်စ ပြတ်တောက်သွားကာ အတော်ပင် ဖရိုဖရဲ ဖြစ်သွားရသည်။

​သူတို့နှစ်ဦးသည် တိုက်ကွက် ဆယ်ဂဏန်းကျော် တိုက်ခိုက်ခဲ့သော်လည်း အမှန်တကယ်တွင် တိုက်ရိုက်ထိတွေ့ခြင်း မရှိဘဲ တစ်ဦးကိုတစ်ဦး ရှောင်တိမ်းနေကြခြင်းသာ ဖြစ်သည်။

​ဤတိုက်ပွဲပုံစံမှာ ကြည့်နေသူများအတွက် မျက်စိပွင့်စေခဲ့သည်။

​တစ်ယောက်က ကောင်းကင်ဘုံဓား၏ အားသာချက်ကို ယူထားသဖြင့် မည်သူမျှ တည့်တည့်မရင်ဆိုင်ရဲ၊ နောက်တစ်ယောက်ကလည်း ပြင်းထန်သော

' လက်ညှိုး' စွမ်းအားရှိနေသဖြင့် ခုခံရန် ခက်ခဲနေသည်။

​ယခုအချိန်တွင် သူတို့နှစ်ဦးမှာ မည်သူက ပေါ့ပါးအတတ် ပိုကောင်းသလဲဆိုသည်ကို ပြိုင်ဆိုင်နေကြခြင်းပင်။

​မြဲ့ကြွယ် သည် တည်ငြိမ်စွာပင် ဆက်လက်တိုက်ခိုက်နေသည်။ ကျန်းဝူကျိမှာ အစွမ်းထက်သော်လည်း ပေါ့ပါးအတတ်တွင် သူမကို မမီကြောင်း သူမ သိသည်။

အချိန်ကြာလာသည်နှင့်အမျှ သူမ အနိုင်ရလိမ့်မည်ဟု ယုံကြည်နေသည်။

​ဤတိုက်ပွဲမှာ ခက်ခဲမည်ဖြစ်သော်လည်း ြမဲ့ကြွယ် ကတော့ ကျန်းဆန်းဖုန်းကို ထောက်ထားနေ၍ မဖြစ်တော့ဘဲ ဤကလေးကို သင်ခန်းစာပေးမှဖြစ်မည်၊ မဟုတ်ပါက နောင်တွင် သူသည် ပို၍ပင် ရောင့်တက်လာလိမ့်မည်ဟု ဆုံးဖြတ်ထားသည်။

​တိုက်ကွက်ပေါင်းများစွာ တိုက်ခိုက်နေစဉ်မှာပင် ဝေးကွာသော နေရာမှ မြင်းခွာသံများကို ရုတ်တရက် ကြားလိုက်ရသည်။

​မြဲ့ကြွယ် ၏ မျက်နှာထား ချက်ချင်းပြောင်းလဲသွားပြီး တိုက်ခိုက်မှုကို ရပ်လိုက်သည်။ သူမက အော့မေ့

ဂိုဏ်းသားများကို လက်ဟန်ဖြင့် အချက်ပြလိုက်ရာ သူတို့က ချက်ချင်းနားလည်သွားကြသည်။ ဟယ်ထိုက်ချုံးနှင့် အခြားသူများလည်း အလားတူပင် ထိုနေရာ၌

ပုန်းကွယ်လိုက်ကြသည်။

​တိုက်ပွဲ ရုတ်တရက်ရပ်တန့်သွားသဖြင့် ကျန်းဝူကျိ အံ့သြသွားသော်လည်း၊ ဤမြင်းခွာသံများသည် မင်ဂိုဏ်း မှ ဖြစ်နိုင်ကြောင်း သူ ချက်ချင်းရိပ်မိလိုက်သည်။ ဂိုဏ်းကြီးခြောက်ဂိုဏ်းက 'တောက်ပသောတောင်ထိပ်'ကို ဝိုင်းရံတိုက်ခိုက်ခြင်းမှာ မင်ဂိုဏ်းကို အဓိကထားခြင်း ဖြစ်သည်။

​မြဲ့ကြွယ် က ပြင်းထန်သော လေသံဖြင့် "အခုအချိန်မှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်က ပထမပဲ။ ဒီကိစ္စကို ခဏဘေးဖယ်ထားမယ်။ နင်တို့တွေ ဘာသံမှမထွက်စေနဲ့၊ သတင်းလည်း မပေါက်စေနဲ့။ မဟုတ်ရင် နင်တို့ကို ကမ္ဘာအဆုံးအထိ လိုက်သတ်မယ်!" ဟု ပြောကာ အခန်းထဲတွင် ဝင်ပုန်းလိုက်သည်။

​"အစ်ကိုဝူကျိ... အဆင်ပြေရဲ့လား?"

​ယင်းလီ အနားသို့ အပြေးလာကာ စစ်ဆေးသည်။ ခုနက သူမ အတော်လေး ကြောက်သွားခဲ့သည်။ ကောင်းကင်ဘုံဓားက အလွန်ထက်မြက်လွန်းလှသဖြင့် ကျန်းဝူကျိ၏ အဝတ်အစားများပင် စုတ်ပြတ်သတ်ကုန်ပြီ ဖြစ်သည်။

​"အဆင်ပြေပါတယ်၊ စိတ်မပူနဲ့"

​ကျန်းဝူကျိ ဘာမှမဖြစ်ပေ။ သူ၏ အဝတ်အစားများ စုတ်သွားရခြင်းမှာ သူ၏ ပေါ့ပါးအတတ်က အနည်းငယ် နိမ့်ပါးနေပြီး တိုက်ပွဲအတွေ့အကြုံ မရှိသေးသောကြောင့် ဖြစ်သည်။ တိုက်ပွဲကြာလာသည်နှင့်အမျှ သူ ပိုမိုကျွမ်းကျင်လာကာ ဓားချက်များကို အထိမခံတော့ပေ။

​"ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ?"

​တစ်စုံတစ်ခု ဖြစ်တော့မည်ကို ရိပ်မိသဖြင့် ယင်လီက ကျန်းဝူကျိကို မေးလိုက်သည်။

​"ဝူချင်းရင်ကို ခေါ်ပြီး ဒီနေရာကနေ ထွက်သွားကြစို့။ ဒီပြဿနာတွေထဲမှာ ငါတို့ ဝင်မပါချင်ဘူး"

​ကျန်းဝူကျိသည် ခြံဝန်းထဲသို့ လျှောက်သွားကာ အကြောပိတ်ခံထားရသဖြင့် မြေပြင်ပေါ်တွင် လဲနေသော ဝူချင့်ရင်းကို မချီလိုက်ပြီး ယင်လီနှင့်အတူ ခြံဝန်းထဲမှ ထွက်ခွာသွားတော့သည်။

​သူသည် ဝူလျဲ့ကိုပါ ခေါ်သွားချင်သော်လည်း ဝူလျဲ့မှာ ဟယ်ထိုက်ချုံးတို့နှင့်အတူ ပါသွားပြီဖြစ်သည်။ ထို့ပြင် ဝူလျဲ့မှာ လှုပ်ရှားနိုင်စွမ်းရှိနေသဖြင့် သူ့ကိုဖမ်းရန် အားစိုက်ရပေမည်။ ယခုအချိန်တွင် သိုင်းပညာ အပြည့်အဝ မတတ်မြှောက်သဖြင့် ပြဿနာအများကြီး မရှာချင်သေးပေ။ လိုအပ်လျှင် နောက်မှ ဖြေရှင်း၍ ရသည်။

​သူတို့ ထွက်သွားပြီးနောက် မင်ဂိုဏ်းသား အချို့ မြင်းစီး၍ ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ ဂိုဏ်းပေါင်းစုံအုပ်စုက ချက်ချင်းထွက်လာပြီး သူတို့ကို သတ်ပစ်လိုက်ကြသည်။

​ထိုသူများကို သတ်ပြီးနောက်တွင်မှ ကျန်းဝူကျိတို့ ပျောက်ကွယ်သွားသည်ကို သူတို့ သတိထားမိကြသည်။

​ဝူလျဲ့သည် အသက်ရှူပြန်မှန်လာချိန်တွင် သူ၏ သမီးဖြစ်သူ ပျောက်နေသည်ကို မြင်လိုက်ရရာ ရင်ပူသွားတော့သည်။

​အော့မေ့ ဂိုဏ်းသားတစ်ဦးက "အဲဒီလူငယ်က အဲဒီမိန်းကလေးကို ခေါ်ပြီး ထွက်သွားတာ ကျွန်မ မြင်လိုက်ပါတယ်။ မကောင်းဆိုးဝါးဂိုဏ်းကို တိုက်ဖို့က ပိုအရေးကြီးတယ် ထင်လို့ သတင်းမပို့မိတာပါ" ဟု ပြောသည်။

​အားလုံး၏ အာရုံမှာ မင်ဂိုဏ်းသားများဆီသို့သာ ရောက်နေသဖြင့် ကျန်းဝူကျိတို့ကို မည်သူမျှ ဂရုမစိုက်မိခဲ့ကြပေ။

​"အဲဒီမိန်းကလေးကို ခေါ်သွားတယ် ဟုတ်လား?"

​မြဲ့ကြွယ် က မျက်မှောင်ကြုတ်ကာ ဝူလျဲ့ကို ကြည့်ပြီး "ဘာဖြစ်တာလဲ? ကျန်းဝူကျိက ဘာလို့ နင့်သမီးကို ခေါ်သွားတာလဲ?" ဟု မေးလိုက်သည်။

​"ဒီလူယုတ်မာက ကျွန်တော့်သမီးရဲ့ အလှကို မက်မောနေတာ ဖြစ်ရမယ်! သူက အရင်တုန်းကလည်း ကျွန်တော့်ရဲ့ စီနီယာအစ်ကို ကျူးချန်လင်း ရဲ့ သမီး ကျူးကျိုကျိန်း ကို အရှက်ခွဲပြီး သတ်ခဲ့တာ။ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုနဲ့ တပည့်တွေကိုပါ သတ်ခဲ့တဲ့ လူယုတ်မာပဲ!"

​ဝူလျဲ့မှာ ဒေါသတကြီးဖြင့် ကျန်းဝူကျိကို အမျိုးမျိုး ဆဲဆိုပြီး မဟုတ်မမှန်များ ပြောတော့သည်။

​"ဘာ?! ကျန်းဝူကျိက တကယ်ပဲ အဲဒီလို လူယုတ်မာမျိုးလား?!"

​မြဲ့ကြွယ် ထိုစကားကို ကြားသောအခါ မျက်နှာ အေးစက်သွားသည်။ ခုနက သူမ တိုက်ပွဲရပ်လိုက်ခြင်းမှာ ကျန်းဝူကျိ၏ အဆင့်အတန်းနှင့် သူတို့ကြား ရန်ငြိုးကြီးကြီးမားမား မရှိဟု ထင်၍ အရေးကြီးသော လုပ်ငန်းအတွက် ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။

​အကယ်၍ ကျန်းဝူကျိသည် ဤမျှ ယုတ်မာသူဖြစ်ကြောင်း သိခဲ့လျှင် သူမ လွှတ်ပေးပါမည်လော?

​ထိုသူခိုးလေးကို လွှတ်ပေးလိုက်မိသည်ဟု တွေးကာ မြဲ့ကြွယ်မှာ အလွန်ဒေါသထွက်နေတော့သည်။

​ကျိုးကျစ်လော့မှာ မနေနိုင်တော့ဘဲ ရှေ့သို့ထွက်ကာ "ဆရာ... ဒီဦးလေးဝူ ပြောတာတွေက ယုံကြည်လို့ မရနိုင်ပါဘူး" ဟု လျှောက်တင်လိုက်သည်။

​သူမက ကျန်းဝူကျိ ခုနက ပြောခဲ့သော စကားများကို ပြန်လည်ပြောပြလိုက်သည်။

​ကျန်းဝူကျိသည် ရိုးသားသူဖြစ်သဖြင့် ဝူလျဲ့နှင့် သမီးဖြစ်သူကို ဝေဖန်စဉ်ကပင် ကျူးချန်လင်းနှင့် ဝူလျဲ့တို့၏ မကောင်းသော ရည်ရွယ်ချက်များ၊ သူ ဘာကြောင့် လက်စားချေရသလဲ ဆိုသည်တို့ကို အမှန်အတိုင်း ပြောပြခဲ့ပြီး ဖြစ်သည်။

​အခြားသူများလည်း ထိုအကြောင်းကို သိကြသော်လည်း ကျန်းဝူကျိဘက်မှ မည်သူမျှ မပြောရဲကြပေ။ ကျိုးကျစ်လော့ တစ်ဦးတည်းသာ မကြည့်ရက်နိုင်ဘဲ သူမ၏ဆရာကို အမှန်တရားကို ပြောပြခဲ့ခြင်း ဖြစ်သည်။

All Chapters