← Chapters

သူမ၏လှပသော အသွင်အပြင်ကြောင့် ယင်းလီ၏ ဝမ်းမြောက်ကြည်နူးမှု

Vol. 2 Ch. 16

သူမ၏လှပသော အသွင်အပြင်ကြောင့် ယင်းလီ၏ ဝမ်းမြောက်ကြည်နူးမှု

Vol. 2 Ch. 16

​နောက်တစ်နေ့တွင်...

​ကျန်းဝူကျိသည် တစ်ညလုံးမအိပ်ဘဲ ယင်လီအတွက် ဆေးဖော်စပ်ပေးခဲ့သည်၊၊ ကုသရန် လွယ်ကူသော်လည်း အမာရွတ်မကျန်အောင် ကာကွယ်ဖို့မှာ ခက်ခဲသောအရာဖြစ်သည် ။ ဆေးကို အနှစ်ဖြစ်အောင် ဖြည်းဖြည်းချင်းကျိုချက်ရပြီး လိမ်းရလွယ်ကူစေရန် လုပ်ဆောင် ရခြင်း ဖြစ်သည်။

​ယင်းလီသည် မိန်းကလေး သဘာဝအတိုင်းပင် အလွန်စိတ်လှုပ်ရှားကာ ဝမ်းသာပီတိ ဖြစ်နေရှာသည်။

​နောက်ဆုံးတွင် သူမသည် မူလရုပ်ရည်ကို ပြန်လည်ရရှိတော့မည်ဖြစ်ပြီး ကျန်းဝူကျိ၏ရှေ့တွင် အရုပ်ဆိုးသောမျက်နှာဖြင့် နေရတော့မည်မဟုတ်ပေ။

​အမှန်အတိုင်းပြောရလျှင် သူမသည် နှစ်အတော်ကြာ ဒုက္ခရောက်ခဲ့ရပြီး စိတ်နေစိတ်ထား ကြမ်းတမ်းလာရခြင်းမှာ သူမ၏ ရုပ်ဆိုးသော ရုပ်ရည်ကြောင့်လည်း အများကြီးသက်ဆိုင်နေသည်။

​နောင်တစ်ချိန်တွင် သူမ၏ ဖောင်းကြွပြီး အရုပ်ဆိုးသောမျက်နှာကို ကျန်းဝူကျိက ရွံရှာသွားမလားဆိုသည်ကိုလည်း သူမ စိုးရိမ်နေခဲ့သည်။

​ယခုမူ အရာအားလုံးသည် သူမ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်နေပြီး ပြဿနာတိုင်းအတွက် အဖြေရှိသွားခဲ့ပြီဖြစ်သည်။

​ယင်လီတစ်ယောက် မျှော်လင့်ချက်နှင့် ရင်ခုန်သံများဖြင့် ပြည့်နှက်နေစဉ်မှာပင် ကျန်းဝူကျိက ဓားမြှောင် တစ်လက်ကို ကိုင်ကာ သူမထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

​ယင်းလီ: ? ? ?

​"အစ်ကိုဝူကျိ... ဘာလုပ်မလို့လဲ?"

​ယင်းလီ ဇဝေဇဝါဖြစ်သွားသည်။ ကျန်းဝူကျိက သူမကို သတ်လိမ့်မည်ဟုတော့ မသံသယဖြစ်မိပါ။ အဘယ်ကြောင့်ဆိုသော် မြဲ့ကျွယ်သီလရှင် နှင့် ရင်ဘောင်တန်းနိုင်သော ကျန်းဝူကျိ၏ သိုင်းပညာအရဆိုလျှင် သူမကိုသတ်ရန် ဤမျှပင် မလိုအပ်ပေ။ ထို့အပြင် ကျန်းဝူကျိက သူမအပေါ် မကောင်းတာလုပ်မည် မဟုတ်ဟုလည်း သူမ ယုံကြည်သည်။

​ကျန်းဝူကျိက "မင်းရဲ့ပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းက မျက်နှာကို ဓားနဲ့ခွဲပြီး ပုပ်နေတဲ့သွေးတွေကို ညှစ်ထုတ်ဖို့ပဲ၊ ဒါမှ မူလရုပ်ရည်ကို ပြန်ရမှာ" ဟု ပြောလိုက်သည်။

​အင်?

​ယင်းလီ ကြောင်အမ်းအမ်းဖြစ်သွားသည်။

"ကျွန်မမျက်နှာကို ခွဲပြီး သွေးပုပ်တွေကို ထုတ်မယ်?"

​သူမက ငေးကြောင်ပြီး မေးလိုက်သည်။ "ဒါဆို ကျွန်မမျက်နှာက ပိုပြီး ပုံပျက်ပန်းပျက် မဖြစ်သွားဘူးလား? အမာရွတ်တွေအများကြီးနဲ့ အရုပ်ဆိုးသွားမှာပေါ့?"

​သူမ၏ အပြစ်ကင်းစင်မှုကို မြင်သောအခါ ကျန်းဝူကျိက မျက်လုံးလန်ပြကာ "ငါက ဘာဆေးတွေ ဖော်စပ်ထားတယ်လို့ မင်းထင်နေတာလဲ? ဒါ မင်းမျက်နှာအတွက် အထူးဖော်စပ်ထားတဲ့ ဒဏ်ရာကုဆေးပဲ။ ပျောက်သွားရင် အမာရွတ် လုံးဝမကျန်စေရဘူး၊ စိတ်မပူနဲ့!" ဟု ဆိုသည်။

​"ဪ... ဪ..."

​ယင်းလီသည် ကျန်းဝူကျိ၏ ဆိုလိုရင်းကို နားလည်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။

​သူမသည် ကျန်းဝူကျိအပေါ် ထိုသို့ပင် ဆက်ဆံတတ်သည်၊ ကျန်းဝူကျိက သူမအပေါ် အမိန့်ဆန်ဆန် ပြုမူလေလေ၊ သူမက ပိုပြီး နာခံလေလေပင်။

​ကျန်းဝူကျိ၏ စိတ်မရှည်သလို ပြောဆိုပုံကပင် ယင်လီကို စိတ်လှုပ်ရှားစေပြီး ကျန်းဝူကျိသည် သူမအပေါ် တကယ်ကောင်းသည်ဟု ခံစားရစေသည်။ သူဖော်စပ်သောဆေးမှာ အခြားအရာအတွက်မဟုတ်ဘဲ သူမတွင် အမာရွတ်မကျန်စေရန်အတွက်သာ ဖြစ်သည်။

​သူ့နှလုံးသားထဲမှာ ငါရှိနေတာပဲ!

​ယင်းလီသည် ချက်ချင်းပင် အလွန်ကျေနပ်သွားသည်။

​ဝူချင်းရင်းကမူ ထိုမြင်ကွင်းကို ထူးဆန်းသောအမူအရာဖြင့် ကြည့်နေသော်လည်း ဘာမှမပြောရဲဘဲ စောင့်ကြည့်နေရုံသာ ရှိသည်။

​ကျန်းဝူကျိက စကားအများကြီး မပြောတော့ဘဲ "နာတာကို အောင့်ခံလိုက်" ဟု ဆိုကာ ဓားဖြင့် ယင်းလီ၏မျက်နှာပေါ်တွင် အနည်းငယ် ခွဲလိုက်သည်။

​ခွဲရာမှာ မရှည်သော်လည်း ခွဲလိုက်သည်နှင့် နီညိုရောင် သွေးပုပ်များ စိမ့်ထွက်လာသည်။

​ကျန်းဝူကျိသည် သူ၏လက်ဝါးကို သူမမျက်နှာပေါ်တွင် တင်ကာ အတွင်းအားကို အသုံးပြု၍ မျက်နှာအတွင်းရှိ ပုပ်နေသောသွေးများကို ဂရုတစိုက် ညှစ်ထုတ်ပေးလိုက်သည်။

​ယင်းလီ တစ်ချက်ကလေးမျှ မလှုပ်ရဲပေ။ သိုင်းသမားတစ်ယောက်အတွက် ဤမျှနာကျင်မှုမှာ ဘာမှမဟုတ်ပေ၊၊

'ပင့်ကူတစ်ထောင် အဆိပ်လက်ဝါး' ကို ကျင့်စဉ်က သူမသည် ယခုထက် ပို၍ နာကျင်မှုကို ခံစားခဲ့ရဖူးသည်။ သူမ အနည်းငယ် ရင်ခုန်နေသောကြောင့်သာ မလှုပ်မယှက် နေခြင်းဖြစ်သည်။

​ခေတ္တကြာသော် သွေးပုပ်များအားလုံး ထွက်သွားသည်။ ကျန်းဝူကျိသည် ပြင်ဆင်ထားသော အဝတ်စဖြင့် ယင်လီ၏မျက်နှာပေါ်ရှိ သွေးများကို သုတ်ပေးကာ ဆေးအနှစ်ကို လိမ်းပေးလိုက်သည်။

​ထိုအချိန်တွင် ဝူချင်းရင်းသည် အံ့အားသင့်စွာဖြင့် ရေရွတ်ရင်း ယင်လီကို မယုံနိုင်လောက်အောင် စိုက်ကြည့်နေမိသည်။

​အမှန်စင်စစ် ဝူချင်းရင်းသည် ယင်းလီနှင့် တွေ့ဖူးပြီးသားဖြစ်သည်။ ထိုစဉ်က သူမက ဤရွာသူလေးသည် ကိုယ်လုံးကိုယ်ပေါက် လှသော်လည်း မျက်နှာကမူ ဖောင်းကြွကာ အလွန်အရုပ်ဆိုးသည်ဟု ထင်ခဲ့မိသည်။

​မမျှော်လင့်ဘဲ ဤအရာအားလုံးမှာ အကာအကွယ်တစ်ခုသာဖြစ်ပြီး ယင်းလီသည် အမှန်တကယ်တွင် အလွန်လှပသူဖြစ်နေသည်။

​ကျန်းဝူကျိက သူမကို ကျေနပ်အားရစွာ ကြည့်ကာ

"မဆိုးဘူး၊ တော်တော်လေး လှတာပဲ။ ငါ့ရဲ့ ညီမလေးအဖြစ်နဲ့ ထိုက်တန်ပါတယ်" ဟု ပြုံးလျက် ပြောလိုက်သည်။

​ကျန်းဝူကျိ၏ ချီးမွမ်းမှုကို ကြားလိုက်ရပြီး ဝူချင်းရင်ကလည်း သူမကို ငေးကြည့်နေသည်ကို မြင်သောအခါ ယင်းလီသည် ထူးဆန်းသော ခံစားချက်နှင့် မယုံနိုင်စရာ ကောင်းမှုတို့ကို ခံစားလိုက်ရသည်။

​သူမသည် တုန်တုန်ရင်ရင်ဖြင့် တံခါးဝသို့ ပြေးသွားသည်။ ထိုနေရာတွင် မနေ့က ချက်ပြုတ်ရန် သုံးခဲ့သည့် နှင်းများအရည်ပျော်နေသော ရေဇလုံတစ်လုံး ရှိနေသည်။ ရေမျက်နှာပြင်မှာ အေးလွန်းသဖြင့် ရေခဲလွှာလေး ဖုံးနေသည်။ သူမက ရေခဲတုံးကို ကောက်ဖယ်လိုက်ပြီး ဇလုံထဲရှိရေကို မှန်အဖြစ် အသုံးပြုကာ မိမိကိုယ်ကိုယ် ကြည့်လိုက်သည်။

​ယင်းလီ ကြည့်လိုက်သောအခါ ရေထဲတွင် လှပသော မိန်းကလေးတစ်ဦး၏ ပုံရိပ်ကို တွေ့လိုက်ရသည်။

စိုပြည်သော အသားအရေ၊ ထင်ရှားသော မျက်နှာပေါက်နှင့် တောက်ပသော မျက်ဝန်းများ ရှိသော်လည်း ထိုမျက်ဝန်းများတွင် ဝမ်းနည်းရိပ်အချို့ ကိန်းအောင်းနေသည်။ သူမ၏ ညာဘက်ပါးပြင်ပေါ်တွင် ဆေးကွက်လေးတစ်ခု ရှိနေသဖြင့် မိမိကိုယ်ကိုယ် ဖြစ်ကြောင်း သေချာသွားသည်။

​ယင်းလီ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေမိသည်။ သူမသည် အခြားသူများကို မမှတ်မိတော့သော်လည်း မိမိ၏ မျက်နှာကိုမူ မှတ်မိနေသေးသည်။ အရာအားလုံးက အိပ်မက်ဖြစ်နေမှာ စိုးသဖြင့် သူမ မျက်လုံးကို ခဏမှိတ်လိုက်သည်။ သို့သော် ပြန်ဖွင့်ကြည့်သောအခါတွင်လည်း လှပပြီး ကျော့ရှင်းသော မျက်နှာလေးကိုပင် မြင်နေရဆဲဖြစ်သည်။

​သူမ၏ အလှမှာ ဘေးနားရှိ ဝူချင်းရင်းထက်ပင် မနိမ့်ကျပေ။

​"အစ်ကိုဝူကျိ... အစ်ကိုဝူကျိ... ကျွန်မ... ကျွန်မကို ကြည့်ပါဦး..."

​ယင်းလီ၏ တစ်ကိုယ်လုံး တုန်ရီနေပြီး အသံပင် ကောင်းကောင်းမထွက်နိုင်တော့ပေ။ သူမသည် ရေဇလုံထဲမှ ပုံရိပ်ကို ညွှန်ပြကာ ကျန်းဝူကျိကို ပြောနေပြီး နေရာမှပင် မထနိုင်တော့ပေ။

​ကျန်းဝူကျိက ရယ်မောကာ "မင်းကတော့ တစ်နေ့လုံး အူကြောင်ကြောင်ပဲ။ မင်းကိုယ်မင်း မြင်ဖို့ မှန်ကြည့်နေရတယ်၊ ငါကတော့ မင်းကိုကြည့်ဖို့ မှန်လိုလို့လား? ငါ့ညီမလေးက အလှဆုံးပါလို့ ပြောပြီးသားပဲ၊ အဲဒါ တကယ်ပါပဲ" ဟု ဆိုသည်။

​ယင်းလီသည် ကျန်းဝူကျိက သူမကို မြင်နေရသဖြင့် မှန်ကြည့်ရန် မလိုကြောင်း သဘောပေါက်သွားပြီး ရှက်လွန်း၍ မျက်နှာလေး နီမြန်းသွားသည်။

​ရေထဲတွင် ရောင်ပြန်ဟပ်နေသော ရှက်သွေးဖြာနေသည့် သူမ၏မျက်နှာလေးမှာ အလွန်ပင် ဆွဲဆောင်မှုရှိပြီး လှပနေကာ ယခင်က အရုပ်ဆိုးမလေးနှင့် လားလားမျှမဆိုင်တော့ပေ။ ယင်းလီ၏ ဝမ်းသာပီတိဖြစ်မှုမှာ စကားလုံးဖြင့် ဖော်ပြ၍မရနိုင်အောင်ပင်။

​ဂွပ်!

​ရုတ်တရက် ယင်းလီသည် လက်ညှိုးဖြင့် ရေဇလုံလေးကို ထိုးလိုက်ရာ ဇလုံလေး ပေါက်သွားပြီး ရေများ အပြင်သို့ စီးထွက်ကုန်သည်။

​ဒါဟာ သူမရဲ့ သိုင်းပညာကို စမ်းသပ်လိုက်တာဖြစ်ပြီး ထိုစွမ်းအားကို ကြည့်ခြင်းဖြင့် သူမရဲ့ သိုင်းပညာတွေ ဆုံးရှုံးမသွားတာ သိသာလှသည်။

​သိုင်းပညာလည်း မပျောက်ကွယ်၊ ရုပ်ရည်လည်း ပြန်လည်လှပလာကာ ဒဏ်ရာများလည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ။

​ဤအရာအားလုံးသည် ကျန်းဝူကျိ ပြောခဲ့သည့်အတိုင်း ထပ်တူကျနေသည်။

​ကျန်းဝူကျိက ရယ်မောရင်း "ကဲ... ဇလုံကို ဖျက်ဆီးလိုက်ပြီဆိုတော့ ဒီည ညစာ စားစရာ မရှိတော့ဘူးပေါ့" ဟု နောက်ပြောင်လိုက်သည်။

​ယင်းလီသည် ထိုနောက်ပြောင်မှုကို နားမထောင်တော့ဘဲ အလွန်ဝမ်းသာသွားကာ ကျန်းဝူကျိ၏ ရင်ခွင်ထဲသို့ တိုးဝင်ဖက်လိုက်ပြီး "အစ်ကိုဝူကျိ... ကျေးဇူးတင်ပါတယ်... ကျေးဇူးအများကြီး တင်ပါတယ်!" ဟု စိတ်လှုပ်ရှားစွာ ပြောရှာသည်။

​"ဟေး... ဟေး... ဟေး! ဆေးတွေ ငါ့အင်္ကျီမှာ ပေကုန်တော့မယ်၊ နှမြောစရာကြီး!"

​ကျန်းဝူကျိက သူမကို အသာအယာ တွန်းဖယ်လိုက်သည်။ သူမ၏ စိတ်လှုပ်ရှားနေသော အမူအရာနှင့် လှပသောမျက်နှာလေးကို ကြည့်ကာ သူ အလွန်ကျေနပ်သွားသည်။ ထို့နောက် သူမ၏ ပါးလေးကို မနေနိုင်ဘဲ ဆွဲညှစ်လိုက်သည်။

​ဒဏ်ရာမရှိသော အခြားတစ်ဖက်ကို ဆွဲညှစ်လိုက်ခြင်းဖြစ်သည်။

​အသားအရေမှာ အလွန်ပင် နူးညံ့ချောမွတ်နေပြီး ယခင်က အဖုအထစ်များနှင့် ကြမ်းတမ်းနေသည့် အခြေအနေနှင့် လုံးဝကွာခြားလှသည်။

​ကျန်းဝူကျိသည် မနေနိုင်ဘဲ သူမကို နမ်းလိုက်သည်။

​ဒါဟာ ယင်းလီကို အလွန်ရှက်သွားစေပြီး ရင်ခုန်သံကြောင့် နီမြန်းနေသော မျက်နှာလေးမှာ ပို၍ပင် နီရဲသွားတော့သည်။

​"ဟင်? မင်း ရှက်နေတာလား!" ကျန်းဝူကျိက သူမကို လက်ညှိုးထိုးကာ စနောက်လိုက်သည်။

​"ဟွန့်! ကျွန်မလည်း ပြန်လုပ်မှာပဲ"

​ယင်လီသည် ပွင့်လင်းသူဖြစ်သည်။ ကျန်းဝူကျိက ထိုသို့လုပ်သည်ကို မြင်သောအခါ သူမ ရှက်နေသော်လည်း အရှုံးမပေးလိုပေ။ ကျန်းဝူကျိ နမ်းပြီးနောက် သူမက နှာခေါင်းလေးရှုံ့ကာ ကျန်းဝူကျိကို ရှက်ရှက်ဖြင့် ပြန်နမ်းလိုက်သည်။

​ယခင်ကဆိုလျှင် သူမသည် အရုပ်ဆိုးနေသဖြင့် ကျန်းဝူကျိနှင့် ဤမျှနီးနီးကပ်ကပ်နေရန် ရှက်ရွံ့နေခဲ့သည်။ သို့သော် ယခု ရုပ်ရည်ပြန်လှလာပြီဖြစ်ရာ သူမတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရှိလာခဲ့သည်။

ကျန်းဝူကျိက သူမကို ဤမျှချစ်ခင်သည်ကို မြင်ရသဖြင့် သူမ အလွန်ဝမ်းသာနေမိသည်။

​အရုပ်ဆိုးသော မိန်းမတစ်ယောက်က နမ်းလျှင် ရှောင်လွှဲချင်စရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လှပသော မိန်းကလေးတစ်ယောက်က နမ်းလျှင်မူ မည်သည့် သိုင်းပညာရှင်မျှ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

​ကျန်းဝူကျိသည် ယင်းလီ၏ အနမ်းကို အလိုက်သင့် လက်ခံလိုက်သည်။ ယင်းလီ၏ ရှက်စနိုးနှင့် ချစ်စရာကောင်းသော အမူအရာကို ကြည့်ကာ "ဒါ ငါ့ရဲ့ ညီမလေးပဲ၊ တစ်နေ့ကျရင် ငါတို့ အတူတူ အိပ်ကြရမယ်" ဟု စိတ်ထဲမှ ကြံစည်နေမိသည်။

​ဝူချင်းရင်ကမူ ဘေးမှနေ၍ မနာလိုစိတ်အနည်းငယ်ဖြင့် ကြည့်နေမိသည်။ ကျန်းဝူကျိသည် မိန်းကလေးများအပေါ် အလွန်ကောင်းသည်ဟု သူမ တွေးမိသည်။ "ငါသာ သူ့ရဲ့ ဒီလိုဆက်ဆံမှုကို ရမယ်ဆိုရင် တစ်သက်လုံး အစေခံလုပ်ရရကျိုး နပ်ပါတယ်၊ ဒါပေမဲ့ ငါက သူ့အပေါ် အပြစ်လုပ်ခဲ့မိတော့ ဒီလို ကံကောင်းခြင်းမျိုးနဲ့ မထိုက်တန်ဘူး ထင်ပါရဲ့" ဟု တွေးနေရှာသည်။

​ကျန်းဝူကျိကိုယ်တိုင်ပင် သတိမထားမိသည်မှာ ဝူချင်းရင်သည် သူ၏ လက်အောက်သို့ ရောက်ရှိသွားပြီးနောက်တွင် တစ်ညအတွင်းမှာပင် ကျန်းဝူကျိအပေါ် သံယောဇဉ်တွယ်ကာ အားကိုးလိုစိတ်များ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။

All Chapters