ကျန်းဝူကျိသည် ဆရာကောင်းတစ်ယောက်ဖြစ်သည်
Vol. 2 Ch. 18
သီလရှင် မြဲ့ကြွယ် တို့နှင့် လမ်းခွဲပြီးနောက် ကျန်းဝူကျိနှင့် မိန်းကလေး နှစ်ယောက်မှာ တည်းခိုရန် အခြား တည်းခိုးခန်းတစ်ခုကို ရှာဖွေခဲ့ကြသည်။
ထိုညနေခင်းတွင် ကျန်းဝူကျိသည် ရိုးသားစွာ ဝူချင်းရင် ၏ အခန်းသို့ သွားခဲ့သည်။
ကျန်းဝူကျိ ရောက်လာသည်ကို မြင်သောအခါ ဝူချင်းရင်၏ နုနယ်သော ကိုယ်ခန္ဓာလေးမှာ ကြောက်ရွံ့လွန်း၍ တုန်ရင်သွားပြီး "သခင်!" ဟု ခေါ်မိလိုက်သည်၊၊
"အင်း ၊ မဆိုးဘူး ၊ သခင်လို့ ခေါ်တာ ပိုပိုပြီး ပီပြင်လာပြီပဲ။"
ကျန်းဝူကျိက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဝူချင်းရင်၏ ကိုယ်ပေါ်တွင် ရေများ စိုစွတ်နေပြီး ဆံပင်များလည်း ရေ အနည်းငယ် စိုနေသည်ကို မြင်သဖြင့် "မင်း အခုလေးတင် ရေချိုးထားတာလား?" ဟု မေးလိုက်သည်။
ဝူချင်းရင်က ရိုသေစွာဖြင့် "ဟုတ်ကဲ့ပါ သခင်" ဟု ပြန်ဖြေသည်။
"အဲဒါ အတော်ပဲ။"
ကျန်းဝူကျိက ပြုံးလျက် ဝူချင်းရင်၏ တစ်ကိုယ်လုံးကို သေချာစစ်ဆေးကြည့်ရှုပြီး ခေါင်းကို တရစပ် ညိတ်လိုက်မိသည်။
ဝူချင်းရင်သည် အမှန်တကယ်ပင် အလွန်လှပသည်ဟု ဆိုရမည်ဖြစ်ပြီး အပြစ်ပြောစရာ မရှိပေ။ ယင်းလီ ရုပ်ရည် မှာ ပြန်လည်ကောင်းမွန်လာပြီးနောက် ကမ္ဘာပေါ်တွင် ရှားမှရှားသည့် အလှမျိုး ဖြစ်လာသော်လည်း ဝူချင်းရင်မှာလည်း ယင်းလီထက် မနိမ့်ပါးပေ။
သူမတွင် ကောက်ကြောင်းအလှများရှိသော သွယ်လျသည့် ကိုယ်လုံးရှိပြီး မျိုးရိုးမြင့် မှ ဆင်းသက်လာသည့် သခင်မလေးများသာ ပိုင်ဆိုင်နိုင်သည့် အလှအပ
အငွေ့အသက်များ ရှိနေသည်။
၎င်းမှာ မည်သို့ပင် ဟန်ဆောင်ပါစေ အတုလုပ်၍ မရနိုင်သော အရာဖြစ်သည်။
ကျန်းဝူကျိက စိတ်ထဲမှ "အဲဒီ ဝေ့ပိုင် ကတော့ လူအပဲ။ ငါသာ ဝေ့ပိုင် ဆိုရင် နှစ်ယောက်လုံးကိုပဲ ယူလိုက်မှာပေါ့။
ဘာလို့များ ဝေခွဲမရဖြစ်နေတာလဲ? ဝူချင်းရင်ရော ကျူးကျိုကျန်း ရောက ပြိုင်ဘက်ကင်း အလှနတ်သမီးလေးတွေ မဟုတ်ဘူးလား? ဒီကောင် ရွေးချယ်စရာ လိုလို့လား?" ဟု တွေးနေမိသည်၊၊
"သခင်၊ လက်ထဲမှာ ဘာကို ကိုင်ထားတာလဲ?"
ဝူချင်းရင်က ကျန်းဝူကျိ လက်ထဲမှ ထုပ်ပိုးထားသော အထုပ်ကလေးကို ညွှန်ပြလိုက်သည်။
ထိုအထုပ်မှာ သိပ်မကြီးလှဘဲ မှောင်နေသဖြင့် ဝူချင်းရင်က အစပိုင်းတွင် သတိမထားမိပေ။ ကျန်းဝူကျိ ထိုင်ချလိုက်မှသာ မြင်လိုက်ရခြင်း ဖြစ်သည်။
ကျန်းဝူကျိက ပြုံးလျက် အထုပ်ကို ဖြေလိုက်သည်။
အတွင်းတွင် ထူးဆန်းသောအရာများ မဟုတ်ဘဲ သံကြိုးသေးသေးလေး တစ်ချောင်းနှင့် တောက်ပြောင်နေသော သတ္တုလည်ပတ်တစ်ခုသာ ပါရှိသည်၊၊
ဝူချင်းရင်: ???
ဒီအရာကို ဘာလို့ ဒီကို ယူလာရတာလဲ?
သူမ စပ်စုချင်သော်လည်း မမေးရဲပေ။
အမှန်တကယ်တွင် သူမ၏ ကျန်းဝူကျိအပေါ် ကြောက်ရွံ့မှုမှာ အခြားအရာအားလုံးထက် သာလွန်နေသည်။
ကျန်းဝူကျိမှာမူ သဘောကောင်းသူပီပီ "ဒါတွေက မင်းသုံးဖို့ပဲ။ မင်း ဒါတွေကို ဘယ်လိုသုံးရမလဲ မသိဘူးဆိုတာ ငါသိတယ်၊ ဒါကြောင့် ငါသင်ပေးမယ်" ဟု ရှင်းပြသည်။
ပြောပြောဆိုဆိုဖြင့် သူသည် ထိုပစ္စည်းများကို ယူကာ ရှေ့သို့ လျှောက်လာခဲ့သည်။
ဝူချင်းရင်သည် ကျန်းဝူကျိကို မလွန်ဆန်ရဲသဖြင့် သူပြုသမျှ နုရုံသာ ရှိတော့သည်။ ထို့ကြောင့် သူပေးသော အသုံးအဆောင် အသစ်စက်စက်များ အသုံးပြုမည်ကို ငြိမ်ခံနေခဲ့ရသည်။
"ကဲ၊ အခုတော့ အသေးစိတ် အဆင့် ဆင့်ကို သွားရအောင်။"
ကျန်းဝူကျိက အနည်းငယ် စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီးနောက် သူ၏လက်ညိုးကို အသုံပြုလိုက်သောကြောင့် အခန်းတွင်းရှိ ဖယောင်းတိုင်များ ချက်ချင်း ငြိမ်းသွားခဲ့သည်။
လက်တစ်ချောင်းတည်း နတ်ဘုရားစွမ်းအင်သည် ဤနေရာတွင် အသုံးအဝင်ဆုံးဖြစ်ကြောင်း ဝန်ခံရပေမည်။ ထိုစဉ်က တွမ်ကျန့်ချန်း တစ်ယောက် ဘာကြောင့် အစွမ်းထက်ခဲ့ရသည်ကို မအံ့သြတော့ပေ။ မိသားစုရိုးရာ အမွေအနှစ်ကောင်းများကြောင့်ပင် ဖြစ်သည်။
"အားတဲ့အချိန်ကျရင် 'ငါးရောင်ခြည် ပေါ့ပါးသောမြူ ပညာရပ်ကို သင်ရမယ်၊ အဲဒါဆိုရင် ပိုပြီးတော့တောင် ခမ်းခမ်းနားနား ဖြစ်သွားဦးမယ်" ဟု ကျန်းဝူကျိ တွေးလိုက်သည်။
မီးများ ငြိမ်းသွားပြီးနောက် ဝူချင်းရင်မှာ ကျန်းဝူကျိ ဘာလုပ်နေသည်ကို မသိသေးပေ။
သူမသည် ကျန်းဝူကျိကို အနည်းငယ်မျှပင် မလွန်ဆန်ရဲဘဲ အမြဲတမ်း နာခံနေခဲ့သည်။
ကျန်းဝူကျိသည် ပညာလိုလားပြီး လိမ္မာယဉ်ကျေးသော တပည့်များကို အမြဲနှစ်သက်လေ့ရှိသဖြင့် ဝူချင်းရင်ကို ဘက်စုံပညာရပ်များကို သင်ကြားပေးခဲ့သည်။
အမှန်စင်စစ် ပညာလိုလားပြီး လိမ္မာယဉ်ကျေးခြင်းသည် ဗဟုသုတ ကြွယ်ဝခြင်းကို မဆိုလိုပေ။ အစပိုင်းတွင် သင်ကြားပေးရသည်မှာ အတော်လေး စိန်ခေါ်မှု ရှိနေသေးသည်။
ထို့ကြောင့် ကျန်းဝူကျိမှာ တစ်ညလုံး သင်ကြားပေးခဲ့ရသဖြင့် အားအင်များ ကုန်ခမ်းသွားခဲ့သည်။
ကျန်းဝူကျိသည် ဆရာကောင်းတစ်ယောက်ဖြစ်သည်ဟုသာ ဆိုရပေမည်။
နောက်တစ်နေ့ မနက်တွင်။
ကျန်းဝူကျိသည် အိပ်ရာမှနိုး၍ မျက်နှာသစ်ပြီးနောက် အခန်းပြင်သို့ ထွက်လာရာ အခန်းတံခါးရှေ့တွင် အေးစက်သောအပြုံးဖြင့် ရပ်နေသော ယင်းလီကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ? ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်လို့လဲ?"
ကျန်းဝူကျိက အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် မေးလိုက်သည်။
ယင်းလီက လှောင်ပြုံးပြုံးလျက်
"တစ်ယောက်ယောက် ခါးကျိုးမသွားအောင် လာကြည့်ပေးတာပါ" ဟု ပြန်ပြောသည်။
အမှန်တော့ ကျန်းဝူကျိ ဘာမှ ပြောစရာပင် မလိုပေ။ သူတို့၏ အခန်းများမှာ တစ်ခန်းနှင့်တစ်ခန်း ကပ်လျက်ရှိပြီး ယင်းလီမှာ တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။
ဘာတွေဖြစ်ပျက်နေသည်ကို သူမ မသိလျှင်သာ ထူးဆန်းပေလိမ့်မည်။
အခြားသူသာဆိုလျှင် ထိုစကားကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားမည်ဖြစ်သော်လည်း ကျန်းဝူကျိမှာမူ လုံးဝ တွန့်ဆုတ်မသွားဘဲ မျက်နှာမပျက်ဘဲ "ငါ့ခါး ကျိုးရမယ်? ဟာသပဲ! ငါက ငါ့ရဲ့ ကိုယ်လုပ်တော်ကို အလိုလိုက်နေတာပါ!" ဟု ပြန်ပြောလိုက်သည်။
ကျန်းဝူကျိ၏ အရှက်မရှိသော အမူအရာကို မြင်သဖြင့် ယင်းလီမှာ ဒေါသထွက်လွန်း၍ သွားများပင် ကျိန်းလာသည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်း ဝူချင်းရင်သည် သူမအပေါ် အလွန်လိမ္မာယဉ်ကျေးပြီး ရိုသေမှု ရှိခဲ့သဖြင့် ယင်းလီသည် သူမကို မမုန်းတော့ပေ။ သို့သော် ယခုဖြစ်ရပ်ကြောင့် ယင်းလီသည် ဝူချင်းရင်ကို သတ်ပစ်ရန်ပင် စဉ်းစားလာမိသည်။
"မင်း ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ? တကယ်လို့ မင်း မနာလိုဖြစ်နေတယ်ဆိုရင် ဒီညတော့ ငါ မင်းနဲ့အတူ ရှိပေးမယ်လေ။"
ကျန်းဝူကျိက ပခုံးတွန့်ပြလိုက်သော်လည်း သူ၏စကားကြောင့် ယင်းလီမှာ အလွန်အမင်း ရှက်သွေးဖြာသွားခဲ့သည်။
၎င်းက ကျန်းဝူကျိကို သူမအား ပို၍ စိုက်ကြည့်မိစေသည်။ ယင်းလီ၏ ရုပ်ရည် ပြန်လည် ကောင်းမွန်လာပြီးနောက် အမှန်တကယ်ပင် အလွန်လှပကြောင်း သူ ဝန်ခံရမည်ဖြစ်သည်။
တစ်ညအတွင်းမှာပင် ယင်းလီ၏ မျက်နှာပေါ်ရှိ အမာရွတ်များမှာ လုံးဝ ပျောက်ကွယ်သွားပြီး အလွန်လှပသော မိန်းကလေးတစ်ဦး ဖြစ်လာသည်။ သူမ စိတ်ဆိုးနေချိန်တွင်ပင် ဆွဲဆောင်မှုရှိသော ပုံစံမျိုး ဖြစ်ပေါ်နေသဖြင့် ကျန်းဝူကျိကို အတော်လေး ဆွဲဆောင်နေသည်။
ကျန်းဝူကျိက ရယ်မောလျက် ယင်းလီ၏ ပါးပြင်လေးကို ဆွဲလိုက်ပြီး သူမ၏ နှုတ်ခမ်းကို မနေနိုင်ဘဲ နမ်းလိုက်သည်။ ပြီးနောက် သူမ၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည် - "ငါ့နှလုံးသားထဲမှာ သူက မင်းနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ? မင်းက ငါ့ကို ငါးနှစ်တောင် စောင့်ခဲ့တာလေ၊ ဒါကြောင့် မင်းကို ငါးဘဝစာလောက် ပြန်ပေးဆပ်ပါ့မယ်။ မင်းကပဲ ငါ့ကို စိတ်ကုန်သွားပြီး ငါ့ကို ရှောင်ပြေးမှာကိုပဲ ငါ ကြောက်နေတာ။"
ထိုသို့သော ရင်းနှီးသည့် အပြုအမူကြောင့် ယင်းလီမှာ အလွန်ရှက်သွားသည်။ ဝူချင်းရင်မှာ သူမနှင့် မယှဉ်နိုင်ကြောင်း ပြောဆိုမှုနှင့် ငါးဘဝစာ ကတိစကားတို့ ပေါင်းစပ်လိုက် သောအခါ အတွေ့အကြုံမရှိသေးသော မိန်းကလေးအတွက် အတော်လေး ထိရောက်သွားခဲ့သည်။
သူမ၏ ဒေါသများမှာ ကြာရှည်မခံဘဲ ပျောက်ကွယ်သွားတော့သည်။
ကျန်းဝူကျိက ထိုသို့ ထပ်မံပြောသည်ကို ကြားသောအခါ သူမက နှာခေါင်းရှုံ့လိုက်ပြီး "ငါက နင့်လို နှလုံးသားမရှိတဲ့ ကောင် မဟုတ်ဘူး။ နင် ငါးဘဝလို့ ပြောထားတာနော်၊ တစ်မိနစ်တောင် မလျော့ရဘူး။ ငါ နင့်နောက်ကိုပဲ တကောက်ကောက် လိုက်မှာ။ နင်သာ ဖောက်ပြန်ရဲလို့ကတော့ နင့်ကို ငါ သတ်ပစ်မယ်!"
"ဟားဟား! ငါက ဖောက်ပြန်မှာလည်း မဟုတ်ဘူး၊ စိတ်ပြောင်းမှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ မိန်းမ အများကြီး ယူတာကတော့ တစ်ပိုင်းပေါ့လေ။"
ကျန်းဝူကျိက ရယ်မောလိုက်သည်။ ယင်းလီ၏ စကားများကို ကြည့်ခြင်းအားဖြင့် သူမ စိတ်မဆိုးတော့မှန်း သူသိလိုက်သည်။ သူ အောက်ထပ်သို့ ဆင်းသွားပြီး စားပွဲထိုးကို "ထမင်း သုံးယောက်စာ ပြင်ပေးပါ။ တစ်ယောက်စာကိုတော့ အခန်းထဲကို ပို့ပေးလိုက်။ ဟိုက သခင်မလေးက နေမကောင်းလို့ အပြင်မထွက်နိုင်ဘူး" ဟု မှာကြားလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ၊ ခဏလေး စောင့်ပေးပါ!"
စားပွဲထိုးက ချက်ချင်းပင် အစားအသောက်များကို ပြင်ဆင်ရန် ပြောလိုက်သည် မှာ အလွန်ပင် လျင်မြန်သွက်လက်သည်။
ယင်းလီက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကျန်းဝူကျိ၏ အနမ်းကြောင့် နွေးထွေးမှုကို ခံစားနေရကာ နှလုံးသားထဲတွင် ချိုမြိန်သော ခံစားချက်လေး ဖြစ်ပေါ်နေသည်။ သူမ ဝူချင်းရင်၏ အခန်းဘက်သို့ တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့ရင်း
"နင်ကတော့ တကယ့် ကာမဂုဏ်လိုက်စားပြီး နှလုံးသားမရှိတဲ့ကောင်ပဲ! နင့်မိန်းကလေးကို အတော်လေး အလိုလိုက်တာပဲ၊ အခန်းထဲအထိတောင် အစားအသောက် ပို့ခိုင်းတယ်ပေါ့။ တကယ့်ကို နုနုယွယွ သခင်မလေးပဲ!"
ပြောရင်းနှင့် သူမက "သူကတော့ တစ်ကယ် တော်တာပဲ ၊ တစ်ဖက်လူကို အိမ်ပြင်တောင် မထွက်နိုင်အောင် နှိပ်စက်ထားတာပဲ။ ဒါက သိုင်းကျင့်ရင်း ဒဏ်ရာရတာထက်တောင် ပိုကြောက်ဖို့ကောင်းတယ်။ တစ်နေ့ကျရင် ငါလည်း အဲဒီလို ဖြစ်သွားနိုင်တာပဲ" ဟု တိုးတိုးလေး ရေရွတ်နေမိသည်။
သူမသည် နှုတ်ကြမ်းသော်လည်း စိတ်ထားနူးညံ့သူဖြစ်သည်။ ကျန်းဝူကျိက ဝူချင်းရင်ကို အတော်လေး နှစ်သက်ကြောင်း သိထားသည် (မဟုတ်လျှင် သူမ၏ အသက်ကို ချမ်းသာပေးမည် မဟုတ်ပေ)။
ထို့ကြောင့် သူမသည် ဝူချင်းရင်ကို အခက်အခဲ ဖြစ်အောင် လုပ်မည်မဟုတ်ပေ။ စကားအနည်းငယ် ညည်းတွားပြီးနောက် ကျန်းဝူကျိနှင့်အတူ ထမင်းစားရန် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
ခဏအကြာတွင် အစားအသောက်များ ရောက်လာပြီး ဝူချင်းရင်အတွက် ကိုလည်း အပေါ်သို့ ပို့ပေးလိုက်သည်။
ကျန်းဝူကျိသည် ချက်ချင်းပင် စားသောက် ဖွယ်ရာ များကို အားရပါးရ စားသောက်တော့သည်။
ထိုသို့သော ကြမ်းတမ်းသည့် စားသောက်ပုံကို ကြည့်ပြီး ယင်းလီက ရယ်မောကာ "ရှောက်ကျိုး က နင့်ကို 'သခင်လေးကျန်း' လို့ ခေါ်ပေမဲ့ ငါကြည့်ရသလောက်တော့ နင့်မှာ သခင်လေးတစ်ယောက်ရဲ့ အမူအရာ လုံးဝမရှိဘူး။ လူမိုက်တစ်ယောက်နဲ့ ပိုတူတယ်" ဟု ဆိုသည်။
"ငါက ငါ့ကိုယ်ငါ 'သခင်လေး' လို့ တစ်ခါမှ မခေါ်ဖူးပါဘူး၊ ကျစ်လော့ ကသာ ငါ့ကို အဲဒီလို ခေါ်ရတာ ကြိုက်နေတာပါ။"
စားနေရင်းနှင့် ကျန်းဝူကျိက "ဒါ့နဲ့ သခင်လေးဖြစ်ရတာ ဘာကောင်းလို့လဲ? အမြဲတမ်း ဟန်ဆောင်နေရတယ်၊ လူတွေက စကားနည်းနည်း ပြောလိုက်တာနဲ့ ကိုယ့်ပုံရိပ်ကို ဂရုစိုက်နေရတာ တကယ်ကို သည်းမခံနိုင်စရာပဲ။ ငါကတော့ လူမိုက် ဖြစ်ရတာကို ပိုကြိုက်တယ်။ ဘယ်သူမဆို ငါ့ကို စကားနာလာထိုးရင် သူတို့ အမေတောင် မှတ်မိမှာ မဟုတ်တဲ့အထိ ကန်ပစ်လိုက်မယ်၊ အဲဒါမှ သူတို့ တစ်သက်လုံး မှတ်သွားမှာ!"
ဤအတွေးအခေါ်မှာ ထိုခေတ်အခါက အလွန်အံ့သြဖွယ်ကောင်းသော အယူအဆ ဖြစ်သော်လည်း ယင်းလီက အားရပါးရ ရယ်မောကာ လက်ခုပ်တီး၍ ထောက်ခံခဲ့သည်။
သူမသည် ကျန်းဝူကျိ၏ ရက်စက်ပြီး ထုံးတမ်းစဉ်လာများကို ဂရုမစိုက်တတ်သော သဘာဝကို သဘောကျသည်။ ၎င်းမှာ သူမ
ချစ်မြတ်နိုးရသော ကျန်းဝူကျိပင် ဖြစ်သည်။
ကျန်းဝူကျိက သူမ ပြုံးနေသည်ကို မြင်သောအခါ သူလည်း လိုက်ရယ်မိသည်။
သူ ငယ်စဉ်ကတည်းက 'တောက်ပသော တောင်ထိပ်' သို့ သွားပြီး 'စကြဝဠာ ပြောင်းလဲခြင်း အတတ်' ကို ခိုးယူသင်ယူရန် စိတ်ကူးခဲ့သည်။ တောက်ပသော တောင်ထိပ်မှ တိုက်ပွဲမှာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျောက်မင် ပါ ပါဝင်လာပါက အတော်လေး ရှုပ်ထွေးသွားမည်ကို သူ စိတ်ကူးကြည့်
နေမိသည်။
ဤအခြေအနေတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မခက်ခဲသော်လည်း ယင်းလီနှင့် ဝူချင်းရင်တို့က သူ့နောက်ကို ဘယ်လိုလိုက်ကြမလဲ?
သူတို့ ဘယ်မှာရှိမလဲဆိုတာကို သူ ရှာဖွေဖို့ လိုအပ်နေသေးသည်။ ကျန်းဝူကျိသည် သူတို့အတွက် ဖြေရှင်းချက်တစ်ခုကို ချက်ချင်း စဉ်းစားမိလိုက်သည်။
ယင်းလီသည် မူလက 'ရွှေပန်းအဘွားအို' ၏ တပည့်ဖြစ်သဖြင့် သူတို့နှစ်ယောက်လုံးကို ထိုနေရာသို့ လွှတ်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။
ထိုနေရာမှာ မည်သို့ပင်ဆိုစေ ဘေးကင်းမည် ဖြစ်သည်။ သူ၏ အခြား ပစ်မှတ်များမှာ ကျောက်မင်နှင့် ရှောင်ကျောက် တို့ ဖြစ်သဖြင့် သူတို့ (ယင်းလီနှင့် ဝူချင်းရင်) ကို တစ်ပါတည်း ခေါ်သွားရန်မှာ အလွန် အဆင်မပြေနိုင်ပေ။