← Chapters

ငရဲမှာ နှစ်တစ်သောင်းလောက် ပြစ်ဒဏ်ခံလိုက်

Vol. 86-89 Ch. 1280

ငရဲမှာ နှစ်တစ်သောင်းလောက် ပြစ်ဒဏ်ခံလိုက်

Vol. 86-89 Ch. 1280

ယဲ့ဖန် ဘာမှမပြောဘဲ သူ့ထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။ သူ့အတွက် သတ်မည်ဆိုလျင် သတ်လိုက်မှာပင်။ အဘယ်ကြောင့် အရေးမပါသော စကားများ ပြောနေရဦးမည်နည်း။

“ဟမ့် အခုခေတ် ကလေးတွေက အသက် ရှင်ချင်သလား၊ သေချင်သလားတောင် မသိကြဘူးပဲ၊ ဒီလိုအချိန် မှာတောင် ငါ့ရှေ့မှာ လူတော်ကြီးလို ဟန်ဆောင်ချင်နေတာလား”

စုန့်ယွမ်ပေါင်က အေးတိအေးစက် ခနဲ့လိုက်ပြီး သူ့မျက်နှာ၌ လူသတ်ချင်စိတ် ပြည့်နှက်လာကာ လှစ်ခနဲ လှုပ်ရှား လာ၏။

ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကို လူတိုင်း တွေ့လိုက်ရပြီး လျင်မြန် ပြင်းထန်လွန်းလှသဖြင့် တာအိုသဘောတရား လှုပ်ခါလာလေသလား ထင်မှတ်မှားရသည်။

ကျောက်ထျန်းရှုံးနှင့် အခြားသူများ စိတ်အားတက်ကြွသွားသည်။

*ဒါ ဘုရင်အဆင့်ရဲ့ ခွန်အားလား၊ ကြောက်စရာ ကောင်းလိုက်တာ*

ထို့နောက် သူ့ပုံရိပ်က ယဲ့ဖန်ရှေ့၌ ပေါ်လာပြီး လက်ဝါးတစ်ဖက်ဖြင့် ယဲ့ဖန်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။

“သေပေတော့”

ထိုအခိုက်တွင် စုန့်ယွမ်ပေါင်က အားပါးတရ ပြုံးနေပြီး လက်ထဲ၌ မိုးကြိုးမုန်တိုင်း ရှိနေပြီး လေဟာနယ်ကို ခွင်း၍ ယဲ့ဖန်ကို သတ်နိုင်တော့မည်ဟု ထင်မှတ်ရသည်။

*သေလိုက်တော့*

ထိုအခါ ကျောက်ထျန်းရှုံးနှင့် အခြားသူများသည် စုန့်ယွမ်ပေါင်၏ လွှမ်းမိုးခြင်း ခံရကာ စိတ်ထဲ၌ ကြိတ်၍ ဟစ်ကြွေးနေပြီး သူတို့မျက်နှာပေါ်မှ လှောင်ပြုံးများ ပိုမို၍ ပီပြင်လာ၏။

“ဒုန်း”

လက်ဝါးတစ်ဖက်က ယဲ့ဖန်၏ နဖူးပေါ် ကျဆင်းလာပြီး မရေတွက်နိုင်သော မိုးကြိုးလျှပ်စီးများက ယဲ့ဖန်၏ ဦးခေါင်းကို ပစ်ခွင်းလာလေသည်။

လက်ရှိတွင် ဆယ်မီတာ ပတ်လည်မှ အရာအားလုံး ပြာဖြစ်သွားသည်။ မိုးကြိုးသံသည် ကျယ်လောင်၍ ၎င်း၏ အစွမ်းက အတောမသတ်နိုင်ပေ။ ကျောက်တုံးကျောက်ဆောင်များ၊ သစ်ပင်များနှင့် ရေကန်များ အားလုံး ပျက်စီးသွားသည်။

“ပွဲသိမ်းပြီ”

ကျောက်ထျန်းရှုံးနှင့် အခြားသူများ ရယ်မောလိုက်သည်။

“ကြောက်စရာကောင်းလိုက်တဲ့ တိုက်ကွက်ကွာ၊ အဲ့ကောင် မီးသွေးတုံးဖြစ်နေတဲ့ အလောင်းပုံ ပြောင်းသွား မှာတောင် စိုးရတယ်”

“ဘုရင်အဆင့်ရဲ့ သိုင်းပညာက တကယ် ကြောက်စရာကောင်းတာပဲ”

“ဒါ ပုံမှန်ပဲ၊ ဝူချီဖုန်းနဲ့ ယှဉ်တိုက်နိုင်တဲ့လူကိုး၊ ပြီးတော့ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံလာတော့ ခွန်အားက အရင်ထက် ဆယ်ဆမက ပိုသန်မာနေပြီ”

“မင်းက ဘာကောင်လဲ”

သို့သော် ထိုအချိန်၌ အလန့်တကြား‌ အော်ဟစ်လိုက်သံက ကျောက်ထျန်းရှုံးနှင့် အခြားသူများအား သွေးပျက် သွားလေသည်။

သူတို့ ပြန်ကြည့်လိုက်သောအခါ ယဲ့ဖန်က နေရာ၌ ရပ်မြဲရပ်၍ ထူးဆန်းသော အပြုံးပြုံးကာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့ပုံစံက ပျော်နေသလိုပင်။

“နောက်ဆုံးတော့ ငါ့ကို ဒီလောက် နာကျင်အောင် လုပ်နိုင်တဲ့လူ ပေါ်လာပြီပဲ”

ယဲ့ဖန်က အသားနာရသည်ကို စွဲလမ်းသကဲ့သို့ ပျော်ရွှင်နေ၏။

လူတိုင်း မှင်တက်သွားသည်။

*ထူးဆန်းလိုက်တာ*

*ထူးဆန်းလိုက်တဲ့မြင်ကွင်း*

စုန့်ယွမ်ပေါင်သည်လည်း ယဲ့ဖန်နှင့် ခပ်ဝေးဝေးသို့ နောက်ဆုတ်လိုက်မိသည်။ သူ့အမူအရာက စိတ်ရှုပ်ထွေး နေကြောင်း ပြသနေသည်။

ဤသည်က လုံးဝ မဖြစ်နိုင်ချေ။ သူ အားကုန်ထုတ်သုံးထားသဖြင့် မည်သည့် နဂါးအသွင်ပြောင်းခြင်းအဆင့်မှ ခုခံနိုင်မည် မဟုတ်ပါ။ သို့ရာတွင် ဘယ်လိုလုပ် ဤလူငယ်က တားဆီးနိုင်ရသနည်း။

*ဒီကောင်ကလည်း ဘုရင်အဆင့် ဖြစ်နေတာများလား*

*ဒါပေမဲ့ ဘုရင်အဆင့်တောင် ဒီတိုက်ကွက်ကို ဒီလောက် တည်တည်ငြိမ်ငြိမ် မခုခံနိုင်ဘူး*

*ဘာလို့လဲ၊ ဘာကြောင့်လဲ*

တစ်ဖက်လူ နောက်ဆုတ်သွားသည်ကိုမြင်ပြီး ယဲ့ဖန်၏ အကြည့်များက အေးစက်လာသည်။

“ငါ မင်းကို ရပ်ဖို့ ပြောမိသလား၊ ဆက်လုပ်လေ”

*ဆက်လုပ် ဟုတ်လား*

*ဆက်လုပ်ရမယ် ဟုတ်လား*

ကျောက်ထျန်းရှုံးနှင့် အခြားသူများ ငိုချင်လုနီးပါး ဖြစ်နေကြသည်။

*မိစ္ဆာ*

*ဒီကောင်က မိစ္ဆာပဲ*

“မင်းကများ ငါ့ကို လှောင်ရဲတာလား၊ ငါ မင်းအသက်ကို ယူမယ်ကွ”

စုန့်ယွမ်ပေါင်က ဒေါသတကြီး အော်ဟစ်လေသည်။ သူ အလွန်အမင်း ဒေါပွနေ၏။ ဝူချီဖုန်းတောင်မှ သူ့ကို ဤမျှ အထင်မသေးခဲ့ပေ။

သူသည် ကျော်ကြားခဲ့သော စုန့်ယွမ်ပေါင် ဖြစ်ပြီး အင်ပါယာကပင် စိန်မခေါ်ရဲသည့် ရက်စက်သောလူ ဖြစ်လေသည်။

လောကထဲမှလူတိုင်း သူ့အကြောင်း ပြောလျင် လက်မထောင်၍ လေးစားသလို မကြည့်ဘဲ မနေနိုင်ချေ။ သို့သော် ယဲ့ဖန်က သူ့ကို အထင်သေးရဲသည်တဲ့လား။

*သေလိုက်၊ သေလိုက်တော့*

ရုတ်တရက် သူ့ခြေထောက်အောက်မှ မြေဆီလွှာ အက်ကွဲလာပြီး တစ်ကိုယ်လုံး ရွှေရောင် အလင်းတန်းများ ဖြာထွက်နေ၏။

မြင့်မားသော အရှိန်အဝါနှင့် ရွှေရောင် နတ်ဘုရားတစ်ပါး ဆင်းသက်လာသလိုပင်။ ရွှေရောင် လျှပ်စီးက လေဟာနယ်ကို ပြင်းထန်စွာ ထိုးခွင်းလာပြီးနောက် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

“ဝမ်လေ့ရင်”

သူသည် လက်သီးတစ်ခုလုံးသို့ အားများ ပို့လွှတ်၍ ယဲ့ဖန်အား နှစ်ပိုင်း ဆွဲဖြဲတော့မတတ်ဟန်ဖြင့် သူ၏ ရင်ဘတ်ကို အားဖြင့် ထိုးနှက်လေသည်။

လက်ရှိတွင် စုန့်ယွမ်ပေါင် အလွန်အမင်း ရူးသွပ်ကာ သူ့ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေ၏။ ထောင်ချီသော မိုးကြိုးများက ယဲ့ဖန်၏ ရင်ဘတ်သို့ အညှာအတာမဲ့စွာ ကျရောက်လာသည်။

မိုးကြိုးလျှပ်စီးများက မျက်စိကျိန်းလောက်ပြီး လေများက အပ်သဖွယ် စူးရှနေပြီး ကျောက်ထျန်းရှုံးနှင့် အခြားသူများ၏ မျက်နှာကို လာဟပ်သဖြင့် သူတို့ အလွန် နာကျင်ကာ မခံစားနိုင်သဖြင့် နောက်ဆုတ်လိုက်ရသည်။

ထိုသို့ဖြစ်နေသော်ငြားလည်း သူတို့သည် အစွမ်းကုန် မျက်လုံးဖွင့်၍ တစ်ချက်ကလေးမှ မလွတ်သွားအောင် ကြည့်နေ၏။ သူတို့ ယဲ့ဖန် သေသလား ရှင်သလား သိချင်နေကြသည်။ သို့ရာတွင် ရလဒ်က သူတို့ကို ထပ်မံ၍ စိတ်ပျက်သွားစေသည်။

လျှပ်စီးများ ပျောက်ကွယ်သွားချိန်တွင် ကျောက်မိသားစု၏ နယ်မြေတစ်ခုလုံး၏ မီတာငါးဆယ်အတွင်း အရာအားလုံးသည် မီးဟပ်နေသော်လည်း ယဲ့ဖန်က ဂုဏ်ယူစွာ ရပ်မြဲရပ်နေသည်။

စုန့်ယွမ်ပေါင် ကြက်သေ သေသကာ ဘာမှမပြောနိုင်တော့ချေ။

*ငါ့အကောင်းဆုံး တိုက်ကွက်က မအောင်မြင်ဘူးလား*

ယဲ့ဖန်က စိတ်ပျက်သလို ခေါင်းခါလေသည်။ ထို့နောက် ဘာမှမပြောဘဲ စုန့်ယွမ်ပေါင်ကို လက်သီးဖြင့် ထိုးလိုက်သည်။

ထိုလက်သီးချက်၌ တာအိုသဘောတရားများ ပါဝင်နေပုံရပြီး လောကကို တုန်ခါ၍ လေဟာနယ်အား အက်ကွဲ လာစေသည်။

နဂါးတစ်ကောင်လိုပင် ၎င်းအစွမ်းက မြင့်မားလှသည်။ ၎င်း၏ အဖျက်စွမ်းအားက မြင့်မားလှပြီး မည်မျှ ကြောက်စရာကောင်းကြောင်း‌ တွေးကြည့်နိုင်သည်။

ဤကြောက်စရာကောင်းသော လက်သီးချက်ကို ခံစားမိသဖြင့် စုန့်ယွမ်ပေါင် မျက်နှာပျက်သွားပြီး မျက်လုံးတွင် ထိတ်လန့်စိတ် ပြည့်လာပြီး မယုံနိုင်သည့်ပုံ ပေါက်နေ၏။

လက်ရှိတွင် သူသည် အသက်ပင် မရှူနိုင်ဘဲ နေရာ၌ ကြောက်လန့်နေမိသည်။

“ဝုန်း”

သူ့ခန္ဓာကိုယ်က မီတာတစ်ရာမျှ လွင့်ထွက်သွားပြီး နံရံတစ်ခုပြီးတစ်ခုနှင့် ဝင်ဆောင့်လေသည်။ ထို့နောက် အောက်သို့ ပြန်ပြုတ်ကျကာ သွေးအန်လေတော့သည်။

ဤလက်သီး၏ အစွမ်းက ခန့်မှန်းမရနိုင်ပါ။ သူ၏ လက်သီးထက် ပိုမို၍ သန်မာလွန်းသည်။ ထို့အပြင် ယဲ့ဖန်က တာအိုစွမ်းအင်ကို ထည့်မသုံးထားချေ။ အကယ်၍ သူသာ တာအိုစွမ်းအင်ကို ထည့်သုံးပါက မည်သို့သော အခြေအနေ ဖြစ်လာမလဲ တွေးပင်မကြည့်ဝံ့တော့ပါ။

ကျောက်ထျန်းရှုံးနှင့် အခြားသူများ ကြက်သေ သေကာ လက်မခုံနိုင်သလို ခံစားမိနေ၏။ အဖြစ်အပျက် အားလုံးက မြန်လွန်းလှသည်။

ယဲ့ဖန် မည်သို့လှုပ်ရှားလိုက်သလ သူတို့ မမြင်လိုက်ဘဲ စုန့်ယွမ်ပေါင် အမြောက်လို လွင့်ထွက်သွားသည်ကိုသာ တွေ့လိုက်ရသည်။

“စီနီယာစုန့်”

သူတို့ ချက်ချင်း ပြေးရှာသောအခါ အုတ်ပုံများကြား၌ စုန့်ယွမ်ပေါင်ကို တွေ့သွားလေသည်။ သူ၏ ဆိုးရွားသော အခြေအနေကို မြင်ပြီးနောက် လူတိုင်း ကြံရာမရ ဖြစ်လာ၏။

သူ့တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး ရင်ဘတ်၌ သွေးသံတရဲရဲနှင့် အပေါက်တစ်ပေါက် ရှိနေ၏။ အထဲမှ တဒုတ်ဒုတ် ခုန်နေသော နှလုံးကိုပင် မြင်နေရသည်။ အရိုးများ ကျိုးကြေကာ ကိုယ်၌ အသားတစ်ချို့ ပြဲလန် နေသည်။ သေလုမျောပါး ဒဏ်ရာ အပြင်းအထန် ရသွားလေပြီ။

လက်ရှိတွင် စုန့်ယွမ်ပေါင်သည် ဒွာရခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်နေပြီး ဘာအရည်အချင်းမှ မရှိသော လူလိုဖြစ်ကာ ပါးစပ်မှ သွေးများ စီးကျနေသည်။

သူ့မျက်လုံး၌ ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ သူ့ဘဝ၌ ဤမျှ ကြောက်စရာကောင်းသော ပြိုင်ဘက်ကို တစ်ခါမှ မမြင်ဖူးပါ။ ယဲ့ဖန်က အခြားသူကို ဝါးမျိုရန် ရွေးချယ်ထားသည့် ကြောက်စရာကောင်းသော မိစ္ဆာကောင်သာ ဖြစ်လေသည်။

ထိုစဉ် ယဲ့ဖန်က ဖြည်းဖြည်းချင်း လျှောက်လာပြီး ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေ လေသည်။

“မဖြစ်နိုင်ဘူး၊ မင်းက ဘယ်လိုလုပ် ဒီလောက် သန်မာနေတာလဲ”

စုန့်ယွမ်ပေါင်က ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။ သူ စစ်သားတို့၏ ဘုရင်ဖြစ်သော ဝူချီဖုန်းနှင့် တိုက်ခိုက် ဖူးသည်။ သူသည် ထောင်ချီသော စစ်သည်တော်များကို ဦးဆောင်ခဲ့သည့် အရှင်သခင် ဖြစ်သည်။ ရှုကျိုး၌ မည်သူမှ သူ့ကို မတိုက်ရဲသလို မလေးမစား မလုပ်ရဲချေ။

သူ၏ နာမည်က ကလေးများ အငိုတတ်အောင် လုပ်နိုင်သည်။ သို့သော် သူက မနူးမနပ် လူငယ်လေး တစ်ယောက်ထံ၌ ရှုံးသွားလေသည်။ သူ နားမလည်သလို လက်လည်း မခံနိုင်ချေ။

ယဲ့ဖန်ကို သူ အမှိုက်ဟု ထင်ခဲ့သော်လည်း သူကသာ ယဲ့ဖန်၏ မျက်လုံးထဲ၌ အမှိုက်ဖြစ်နေလေသည်။ ဤသည်က သူ့ကို သတ်သည်ထက် ပို၍ ခံရခက်စေသည်။

ဤသည်ကိုမြင်သော် ကျောက်ထျန်းရှုံးနှင့် အခြားသူများ ရေခဲကန်ထဲ ကျသွားသကဲ့သို့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်၍ ငိုမတတ် ကြောက်လန့်လာ၏။

စုန့်ယွမ်ပေါင် ရှုံးရသည့် အကြောင်းရင်းကို သူတို့ နားမလည်ပါ။ သူ အစောပိုင်းလေးတင် အလွန် ယုံကြည်မှုရှိကာ ဂုဏ်ယူနေခဲ့သည်။ ယခုအခါတွင် ခွေးသေတစ်ကောင်သဖွယ် လဲနေ၏။

*စုန့်ယွမ်ပေါင် ဘယ်လိုလုပ် ရှုံးသွားတာလဲ၊ သူ ဘယ်လိုလုပ် ရှုံးနိုင်ရတာလဲ*

စစ်သည်တစ်သိန်းကို ဦးဆောင်ခဲ့သော အရှင်သခင်၊ ဝူချီဖုန်းပင် လူလုံးထွက်မပြရဲသည့်လူ ဖြစ်ပြီး ရှုကျိုးတစ်ခွင်၌ သူ့အား တိုက်ခိုက်ရဲသူ မရှိသည့်လူ။ ထိုသို့သောလူက ယဲ့ဖန်ကို ရှုံးလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူတို့ လက်ခံချင်ချင်၊ မချင်ချင် စုန့်ယွမ်ပေါင် ရှုံးသွားလေပြီ။ အစမှအဆုံးတိုင် ယဲ့ဖန်ကို ထိခိုက်အောင် မလုပ်နိုင်ဘဲ ရှုံးသွားရသည်။ သူကသာ လက်သီးတစ်ချက်ကြောင့် လွင့်ထွက်သွားခဲ့ရသည်။

လူတိုင်း ယဲ့ဖန်ကို လောကကို ဖျက်ဆီးချင်သည့် ကြောက်စရာကောင်းသော နတ်ဆိုးဟု မြင်မိကာ ခြေထောက်များ ပျော့ခွေလာ၏။

* စုန့်ယွမ်ပေါင်ကို လက်သီးတစ်ချည်တည်းနဲ့ ဆော်လိုက်တာလား*

*ကျောက်မိသားစုက ဘယ်လို ကြောက်စရာကောင်းတဲ့လူကို ရန်စမိတာလဲ*

ယဲ့ဖန်သည် စုန့်ယွမ်ပေါင်ကို အနိုင်ယူခဲ့ရုံသာမက သူတို့၏ နောက်ဆုံးသော မျှော်လင့်ချက်ကိုပါ နင်းချေ ပစ်ခဲ့သည်။ လူတိုင်း၏ စိတ်ထဲ၌ အတွေးတစ်ခုကို မတွေးဘဲ မနေနိုင် ဖြစ်လာ၏။ ယင်းအတွေးမှာ

*ဒီနေ့ ကျောက်မိသားစုတော့ ဇာတ်သိမ်းပြီ*

သူတို့ စိတ်အပူဆုံးနှင့် မလိုလားဆုံးသော အရာက တကယ်ဖြစ်လာပေတော့မည်။

“ဒုန်း”

ထိုစဉ် ကျောက်ထျန်းရှုံး ဒူးထောက်၍ အော်ဟစ်လေသည်။

“ငါ့ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့၊ ငါ မင်းကို ကျောက်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ၊ ငွေတွေနဲ့ အားလုံးကို ပေးပါ့မယ်၊ မင်း ငါ့ကို မသတ်သရွေ့ ပေးမှာပါ”

သူ ကြောက်လန့်နေ၏။ စုန့်ယွမ်ပေါင်တောင်မှ ရှုံးလျင် ဤနတ်ဆိုးကဲ့သို့လူအား သူ ဘယ်လို တိုက်ခိုက် ရမည်နည်း။

“မင်းကို သတ်မယ် ဟုတ်လား”

ယဲ့ဖန်က ရယ်၍ ခေါင်းခါလေသည်။

“ငါ ဘာလို့ မင်းကို သတ်ရမှာလဲ”

ထို့နောက် ယဲ့ဖန်က လက်ကိုမြှောက်လိုက်သည်။ ထိုအခါ သူ့လက်ငါးချောင်းကြားမှ နတ်ဆိုးစွမ်းအင်များ ထွက်လာပြီး ထိုလက်ကို ဖိချလိုက်သောအခါ မြေကြီး အက်ကွဲသွားသည်။

မြေအောက်ငရဲ ပွင့်လာ၏။ အထဲ၌ ကြောက်စရာကောင်းသော မျက်နှာများနှင့် ငရဲသားများက သားသတ်ဓား များကို ကိုင်၍ တစ္ဆေများ၏ ဗိုက်ကိုဖွင့်နေ၏။

*ငရဲ ပေါ်လာတယ်*

*ဒါ ဘာနည်းလမ်းကြီးလဲ*

လေထဲ၌ ပုပ်စော်နံ့သည့်အနံ့ ပျံ့လွင့်လာပြီး လူတစ်ယောက်က ကြောက်သေးပန်းလေတော့သည်။

“မဟုတ်ဘူး မလုပ်နဲ့”

ကျောက်ထျန်းရှုံး ခေါင်းတခါခါနှင့် တွေးပျက်နေ၏။ တစ်ခုခုကို တွေးမိပုံရကာ သူ့မျက်နှာတစ်ခုလုံး ဖြူရော် နေသည်။

ယဲ့ဖန်က ကျောက်ထျန်းရှုံးကို ငရဲထဲ ပစ်သွင်းလိုက်သဖြင့် မီတာသုံးဆယ်မြင့်မားသော ငရဲသား၏ လက်ထဲ ကျသွားလေသည်။ ၎င်းက ရယ်မော၍ ဝါကျင်နေသော သွားများပေါ်အောင် ပြုံးကာ ကျောက်ထျန်းရှုံးအား သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

“ဂျွတ်”

သွေးများ ပန်းထွက်လာပြီး ကိုယ်နှစ်ခြမ်း ပြတ်သွားသည်။ ပွဲချင်းပြီး အသတ်ခံလိုက်ရခြင်းပင်။ ထို့နောက် မကြာခင်မှာပင် သူ့ခန္ဓာကိုယ်က ပြန်ဆက်ကာ ပြန်ရှင်လာ၏။

သူသည် နောက်ထပ် ငရဲသား၏ ဆွဲခေါ်ခြင်း ခံရသော သွေးပေနေသော ဓားကောက်ကြီးဖြင့် လက်များ အဖြတ်ခံ လိုက်ရသည်။

“မလုပ်ပါနဲ့”

နာကျင်ကာ ကြောက်စရာကောင်းလှသည်။ အဆုံးအစမဲ့စွာ ပြန်ရှင်သတ်၍ အတောမသတ်နိုင်သော နှိပ်စက်မှုကို ခံယူနေရသည်။ သေသည်ထက်ဆိုးသော ဘဝပင်။

ယဲ့ဖန်က သူ့ကို အသာကြည့်၍ ခပ်မာမာ ပြုံးလိုက်သည်။

“ငရဲမှာ နှစ်တစ်သောင်းလောက် အပြစ်ဒဏ်ခံလိုက်တော့”

All Chapters