← Chapters

လူပုံပြောင်းသွားသည့် ကျားမိစ္ဆာ

Vol. 16 Ch. 170

လူပုံပြောင်းသွားသည့် ကျားမိစ္ဆာ

Vol. 16 Ch. 170

ကျန်းယန် ပန်းဥယျာဉ်ဆီသို့ အရူးတစ်ယောက်လို ပြေး၀င်သွားခဲ့လေသည်။

(Translation note : ပန်းမွေ့ယာဆိုတာ ခြံ၀န်းထဲမှာ အလှစိုက်တဲ့ပန်းခင်းမျိုးကို တင်စားပြီးခေါ်တာမျိုးပါ)

ထိုအခိုက်တွင် စိတ်လှုပ်ရှားမှုကြောင့် သူ့တကိုယ်လုံးပင် တုန်ရီနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့က ပန်းမွေ့ယာထဲတွင် စိတ်ဝိညာဉ်ပင်များဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလော။

ထိုထဲမှ အပင်အများအပြားကို သူမသိသော်လည်း နှစ်သုံးထောင်လုံးလုံး စိုက်ပျိုးထားသောဆေးပင်များ၏ အာနိသင်က ကောင်းကင်ကိုဆန့်ကျင်နေမှာ သေချာပေသည်။

“ဘုရားဘုရား အလှည့်ကိုးခု ဝိညာဉ်ရှင်သန်မြက် နှလုံးသန့်စင်ကြာ ဝိညာဉ်သန့်စင်ကြာ သေစမ်း ဒီအသီးဆို လိပ်တစ်ကောင်နဲ့တောင်တူနေတယ် ဒါကြီးက အမတသစ်သီးကြီးလို့တော့ မပြောနဲ့နော်”

သူအမျိုးအမည်မသိသော ဆေးပင်များကို မြင်လိုက်ရသောအခါ ကျန်းယန် ထုံနေအောင်ပင် စိတ်လှုပ်ရှားလာခဲ့၏။

ဤပန်းဉယျာဉ်ကြီးတစ်ခုတည်းနှင့်ပင် …မဟုတ်သေးပေ။ ဤနေရာကိုဆေးဉယျာဉ်ကြီးလို့ ပြောဖို့ပိုသင့်တော်ပေသည်။ ဤဆေးဥယျာဉ်ကြီးတစ်ခုတည်းနှင့်ပင် သူ့တိုက်ပွဲကွင်းပြင်ခရီးက တန်သွားခဲ့ချေပြီ။

“ဒါပေမယ့် ဒါတွေအကုန်လုံးကို ဘယ်လိုပြန်သယ်သွားရပါ့မလဲ ငါတစ်ယောက်တည်းနဲ့ အကုန်သယ်သွားနိုင်မှာမဟုတ်လောက်ဘူး ဟုတ်ပြီ ငါအရင်ဆုံး အခြားသူတွေကို အမြန်ရှာရမယ် အထူးသဖြင့် ချင်းရှုပဲ သူ့ကိုရှာတွေ့ရင် သိုလှောင်လက်စွပ်တစ်ကွင်း အမြန်သန့်စင်ခိုင်းလိုက်လို့ ရတယ် မဟုတ်ရင် ငါတို့လူနည်းနည်းလေးနဲ့ ရတနာတွေအကုန်လုံးကို ပြန်သယ်သွားနိုင်မှာမဟုတ်ဘူး”

ကျန်ယန် အလျင်းအမြန်ပင် ပတ်ပတ်လည်ရှိ ခန်းမကြီးများထဲက တစ်ခုဆီ ၀င်သွားခဲ့လေသည်။ ထိုခန်းမများထဲမှ တစ်နေရာရာတွင်တော့ စစ်ထူမင်ယွဲ့တို့ရှိနေမှာ သေချာ၏။

သူအစက တံခါးကိုဖွင့်ရန် အားကုန်သုံးဖို့လိုမည်ထင်ထားပါသော်လည်း အံ့ဩစရာကောင်းစွာပင် တံခါးက အားနည်းနည်းစိုက်ရုံဖြင့် ပွင့်သွားခဲ့သည်။

ခန်းမထဲ၀င်၀င်ချင်းပင် မြင်လိုက်ရသည့် အရာကြောင့် သူပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။

“ေသစမ်း မင်းကဘယ်သူကြီးလဲဟ!” ကျန်းယန် ချက်ချင်း လက်မြှောက်ကာ ထိုလူ့ထံ မိုးကြိုးမှော်သိုင်းတစ်ကွက် ပစ်လွှတ်လိုက်လေသည်။

ထိုလူ ရှောင်လိုက်ပြီး စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း သူ့ပါးစပ်က စကားသံထွက်လာရမည့်အစား ဂါးးး ဟူသော အသံကြီးသာ ထွက်ပေါ်လာခဲ့၏။

“ဂါးးးးး”

“၀မ်ချိုက်…”

ကျန်းယန် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး ၀မ်ချိုက်ကိုသာ မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။

“မင်းလူပုံပြောင်းသွားတာလား” ကျန်းယန် မေးလိုက်၏။

ထိုကောင်လေး ခပ်ကြမ်းကြမ်းခေါင်းညိတ်ပြလိုက်ပြီး သူ့ပုံစံက သူ့အသွင်အပြင်နှင့်ပတ်သက်ပြီး အတော်လေး ဂုဏ်ယူနေဟန်ပင်။

ကျန်းယန် ထိုကလေး၏ခန္ဓာကိုယ်ကိုကြည့်ပြီး ဆွံ့အသွားခဲ့သည်။

“မင်းဘာလို့ ကျားပုံပြန်မပြောင်းတာလဲ ငါမင်းအတွက်ဒီနေရာမှာ အ၀တ်အစားရှာမပေးနိုင်ဘူးနော် ဒါမှမဟုတ်လည်း မင်းဟာမင်းအ၀တ်အစားရှာ၀တ်လိုက်ပါလားကွာ”

ကျားမိစ္ဆာကျန်းယန်ကို ရှုပ်ထွေးနေဟန်ဖြင့် ကြည့်ရှုနေခဲ့၏။ သူသည် အရင်က ကျားမိစ္ဆာတစ်ကောင်ဖြစ်ခဲ့လေရာ သူ့တွင်မည်သို့အ၀တ်အစားရှိပါမည်နည်း။

“ဆိုတော့ မင်းဒီနေရာမှာ ဘာအကျိုးအမြတ်တွေရခဲ့လဲ” ကျန်းယန် သားရဲခန်းမကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

“ဒီနေရာက မင်းကိုလူပုံပြောင်းအော‌င်‌ေတာင်လုပ်ပေးနိုင်လိုက်ရင် မင်းဒီနေရာက ရတဲ့အကျိုးအမြတ်ကလည်း မသေးလောက်ဘူးမလား”

သူ့မိစ္ဆာခန်းမထဲတွင် မည်သည့်အကျိုးအမြတ်မှမတွေ့ခဲ့ရသော်လည်း သားရဲခန်းမကတော့ ထိုနေရာနှင့်တူပုံမရပေ။

ကျားမိစ္ဆာ ခန်းမဘေးတစ်နေရာကို လက်ညှိုးထိုးပြလိုက်ရာ အခန်းထောင့်ရှိ သွေးအိုင်တစ်အိုင်ကို ကျန်းယန် တွေ့လိုက်ရ၏။

“ဒါက သားရဲခန်းမရဲ့ အကျိုးကျေးဇူးလား” ကျန်းယန် မေးလိုက်သည်။

ကျားမိစ္ဆာ ခပ်ကြမ်းကြမ်း ခေါင်းညိတ်ပြလိုက်ပြီး ပါးစပ်ဟ‌လိုက်သော်လည်း သူ့ပါးစပ်က ယိယား ယိယား ဟူသောအသံများသာ ထွက်ပေါ်လာခဲ့၏။ သူသည် လူပုံသဏ္ဍာန်ပြောင်းလဲသွားပြီးဖြစ်သော်လည်း အခုထိ လူစကားဘယ်လိုပြောရမလဲဆိုတာကို မသင်ယူရသေးပေ။

ထို့နောက် ကျားမိစ္ဆာ ကျန်းယန်ကို သွေးအိုင်ထဲ၀င်ဖို့ ကိုယ်ဟန်အမူအရာဖြင့် ပြလိုက်၏။

သူကိုယ်တိုင်လည်း ခုန်ဆင်းသွားပြီး ဇိမ်ကျကျဖြင့် သွေးအိုင်ထဲ စိမ်နေခဲ့သည်။

ကျန်းယန် သွေးအိုင်ကို ဂရုတစိုက်ကြည့်ရှုနေခဲ့၏။ သူအိုင်အနားသို့ရောက်သွားသောအခါ သွေးများကိုလက်ဖြင့် ခပ်ယူကြည့်ဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ့လက်ထဲဘာသွေးမှ ပါမလာခဲ့ပေ။

ထိုနေရာတွင် ဘာသွေးမှတကယ်ရှိမနေခဲ့ပေ။ တကယ်တော့ ဤအရာက စွမ်းအင်ပုံစံတစ်မျိုးသာ ဖြစ်ပုံရ၏။

ကျန်းယန် ချက်ချင်းနားလည်သွားခဲ့သည်။ ဤအရာက မိစ္ဆာခန်းမထဲရှိ ရေကန်နှင့်တူပုံရပြီး သားရဲမျိုးနွယ်၏ စွမ်းအင်ပုံစံတစ်မျိုးသာ ဖြစ်ပုံရ၏။

တခဏကြာတောင်တွေးတောပြီးသောအခါ သူသားရဲစွမ်းအင်ကို စုပ်ယူဖို့ ကြိုးစားကြည့်လိုက်လေသည်။

သူ့‌ေရွှအမြု‌ေတထဲတွင် စိတ်ဝိညာဉ်စွမ်းအင် တာအိုစွမ်းအင် မိစ္ဆာစွမ်းအင် မိစ္ဆာတာအိုစွမ်းအင် များရောနှောနေပြီ‌ဖြစ်လေရာ သားရဲစွမ်းအင်ကို စုပ်ယူကြည့်လိုက်လို့လည်း ဘာမှထူးတော့မည် မဟုတ်ပေ။

သူအိုင်ထဲ၀င်လိုက်သည်နှင့် စွမ်းအင်များကချက်ချင်းဆိုသလို သူ့ကိုယ်ထဲ စီး၀င်လာခဲ့၏။ ထူးဆန်းသော ခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံးကို ဖြတ်ပြေးသွားခဲ့သည်။

သူ့ကြွက်သားများက ကာယလေ့ကျင့်ရုံ (gym) တွင်ပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်လာရသလိုပင် ကြီးထွားလာသည်ကို ခံစားလိုက်ရ၏။

ကြွက်သားများ ကြီးထွားလာမှုက မျက်စိဖြင့် မြင်နိုင်လောက်အောင်ပင် မြန်ဆန်နေခဲ့ပြီး သူ့ခန္ဓာကိုယ်က စက္ကန့်ပိုင်းအတွင်း ပိုကြီးလာကာ ပိုပြီးလည်းသန်မာလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းယန် သူ့ကိုယ်က အခြားပုံသဏ္ဍာန်တစ်ခုအဖြစ် ပြောင်းလဲသွားတော့မလို ခံစားလိုက်ရ၏။

အစကတော့ သူ၀မ်ချိုက်လို ကျားမိစ္ဆာပုံပြောင်းသွားမှာကို ကျန်းယန် စိုးရိမ်နေခဲ့မိသည်။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ထိုအချိန်တွင် သူ့ရွှေအမြုတေမှ စုပ်အားတစ်ခု‌ေပါ်လာပြီး ထိုသားရဲစွမ်းအင်များအားလုံးကို အမြုတေထဲ စုပ်ယူပစ်လိုက်၏။

သူ့ရွှေအမြုတေက သားရဲစွမ်းအင်ကိုတစ်ခါမှ မစုပ်ယူဖူးလေရာ ဤတစ်ကြိမ် ပြောင်းလဲမှုက သိသာလွန်းလှသည်။

သူ့ရွှေအမြုတေသည် သိသိသာသာပိုကြီးလာခဲ့ပြီး အရောင်လည်း ပိုတောက်လာခဲ့၏။

ပိုထူးဆန်းသည်မှာ သူ့ရွှေအမြုတေထဲတွင် သွေးနီရောင်ခပ်မှိန်မှိန်အလင်းတစ်ခုလည်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုလည်း ရွှေအမြုတေထဲမှ ထွက်ပေါ်နေခဲ့သေး၏။

ကျန်းယန် စိတ်ပူသွားသလို စိတ်လည်းလှုပ်ရှားလာခဲ့သည်။

သူစိတ်ပူသည်မှာ စွမ်းအင်မျရောနှောနေ၍ သူ့ရွှေအမြုတေတစ်ခုခုဖြစ်သွားမှာကို စိတ်ပူနေခြင်း ဖြစ်၏။

သို့သော် ခြံ၀န်းထဲက သားရဲဆရာကြီးများ၏ အတုံလေးများကိုစုပ်ယူခဲ့ခြင်းကို သတိရသွားသောအခါ သူ့စိတ်ထဲ ဘာမှတော့ ဖြစ်မလာနိုင်လောက်ပါဘူးဟုသာ တွေးလိုက်မိသည်။

ထို့ကြောင့် သူစိတ်၀င်တစားသာဆက်စောင့်နေခဲ့၏။

ယခုအချိန်တွင် သူ့ရွှေအမြုတေကွဲအက်ကာ အခြေတည်ဝိညာဉ်ထွက်လာတော့မည်ပေလော။

သားရဲအခြေတည်ဝိညာဉ်ရှိနေခြင်းကလည်း ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းပေသည်။

သူ့မျှော်လင့်ချက်များ အထွတ်အထိပ်သို့ရောက်နေချိန်တွင် ပြောင်းလဲနေမှုက ရုတ်တရက်ရပ်တန့်သွားခဲ့၏။

သူမချိုးဖြတ်နိုင်ခဲ‌့ပေ။

ကျန်းယန် သူ့ကိုယ်ပေါ်က ဖုထစ်နေသော ကြွက်သားများကို တစ်ချက်ကြည့်လိုက်လေသည်။ သူထိုအရာများကို ကြည့်ကာ အံ့အားသင့်သွားရသလို ရယ်စရာကောင်းသည်ဟုလည်း ခံစားလိုက်ရ၏။ ထို့နောက် သူရေအိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။

သိသိသာသာ ပိုကြီးသွားသလို အားအပြည့်ဖြစ်နေသော သူ့လက်မောင်းများကိုကြည့်ပြီး‌ေနာက် ကျန်းယန် ကျားမိစ္ဆာဘက်လှည့်၍ ပြောလိုက်၏။

“၀မ်ချိုက် ငါမင်းကိုတစ်ချက်လောက် စမ်းထိုးကြည့်လို့ရလား”

ကျားမိစ္ဆာ စိတ်မရှိခဲ့ပေ။ သူ့ရင်ဘတ်ကို ပုတ်ပြလိုက်ကာ စိတ်ကြိုက်ထိုးလို့ရကြောင်း အချက်ပြလိုက်သည်။

ထိုအခါ ကျန်းယန်လည်း အားနာမနေတော့ဘဲ အပြင်အားအကုန်သုံး၍ ကျားမိစ္ဆာရင်ဘတ်ကို ဖြောင့်လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

ဝုန်းကနဲ မြည်သံကြီးနှင့်အတူ ကျားမိစ္ဆာ ကားတိုက်ခံလိုက်ရသလို မီတာ ဒါဇင်နှင့်ချီအောင် လွင့်ထွက်သွားခဲ့လေသည်။

“ဘုရားသခင်!” ကျန်းယန် သူ့လက်သီးသူ ပြန်စိုက်ကြည့်နေခဲ့မိ၏။ သူ့တွင် ဘယ်အချိန်က အခုလို ခွန်အားမျိုး ရှိသွားပါသနည်း။

သူသွေးကန်ဘက်ပြန်လှည့်လိုက်ပြီး ချက်ချင်း ကန်ထဲခုန်၀င်ကာ ပြန်စိမ်လေတော့သည်။

သူ့ခန္ဓာကိုယ်ကို ကြောက်စရာကောင်းသောခွန်းအားများရရှိအောင် လုပ်ပေးလိုက်တာ သူစုပ်ယူလိုက်သော သားရဲစွမ်းအင်များ ဖြစ်မှန်းသူသိ၏။

ကျားမိစ္ဆာလဲကျနေရာမှ ကုန်းရုန်း၍ ပြန်ထလာခဲ့သည်။

ထိုလက်သီးချက်က သူ့ကိုလုံး၀မနာကျင်စေခဲ့ပေ။

သူပဟေဠိဖြစ်နေသည်က ထိုလူသားသေးသေးလေးတွင် အဘယ်ကြောင့် ထိုကဲ့သို့သောခွန်အားမျိုး ရှိနေသလဲဟူသော အချက်ကိုသာ ဖြစ်၏။

သူသွေးကန်ဘေးတွင် ရပ်နေရင်း ကျန်းယန် စိမ်နေသည်ကို စောင့်ဆိုင်းနေခဲ့သည်။

သူ့အတွက်ကတော့ အတန်ကြာအောင် စုပ်ယူပြီးဖြစ်သောကြောင့် ဆက်စိမ်လည်း ဘာတိုးတက်မှုမှ ရှိလာတော့မည် မဟုတ်ပေ။

ကျန်းယန် သွေးကန်ထဲစိမ်နေရင်း သူ့ကိုယ်ထဲသို့ သားရဲစွမ်းအင်များနှင့်အတူ မရေတွက်နိုင်သော မှတ်ဉာဏ်များပါ စီးဆင်းလာမှန်း သတိထားမိသွားခဲ့သည်။

ထိုမှတ်ဉာဏ်များထဲတွင် သားရဲမျိုးနွယ်၏ လျှို့ဝှက်သိုင်းများ ပါ၀င်နေခဲ့၏။

ကျားဖြူနတ်သိုင်း လိပ်နက်နတ်သိုင်း…များစွာသော သိုင်းများ သူ့စိတ်ထဲစီး၀င်နေခဲ့သည်။

“ဒါက အမွေဆက်ခံတဲ့ နေရာတစ်ခုပဲ” ကျန်းယန် နောက်ဆုံးတွင် နားလည်သွားခဲ့၏။

မိစ္ဆာခန်းမဖြစ်ဖြစ် သားရဲခန်းမဖြစ်ဖြစ် နှစ်နေရာလုံးက အမွေဆက်ခံသောနေရာများသာ ဖြစ်ကြသည်။

ဤနေရာရှိ စွမ်းအင်များဆိုသည်မှာ မျိုးနွယ်စုများ၏ ကျွမ်းကျင်သူများက သူ့မျိုးဆက်များဆီ အမွေအနှစ်များ လက်ဆင့်ကမ်းဖို့ ပြင်ဆင်ထားသည့် အရာများသာဖြစ်ကြ၏။

“၀မ်ချိုက် မင်းကျားဖြူနတ်သိုင်းကို ကျင့်ကြံပြီးပြီလား” ကျန်းယန် မေးလိုက်သည်။

“မင်းမကျင့်ရသေးရင် ငါသင်ပေးလို့ရတယ်”

ကျားမိစ္ဆာ ပြုံးဖြဲဖြဲလုပ်ပြလိုက်ပြီး ကျားဖြူနတ်သိုင်းကျင့်သော ကိုယ်နေဟန်ကိုပြင်လိုက်‌၏။

All Chapters