← Chapters

တံခါးမှဆွဲထုတ်ခံရခြင်း

Vol. 16 Ch. 173

တံခါးမှဆွဲထုတ်ခံရခြင်း

Vol. 16 Ch. 173

ကျန်းယန် မြေပေါ် ပြန်ရောက်လာသောအခါ သူ့အမူအရာက အလွန်လေးနက်နေခဲ့၏။

ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမလိုနေရာက မဟာခန်းမများ၏ မျက်နှာကျက်ဆီရောက်အောင်မသွားနိုင်တာက သာမန်ကိစ္စဖြစ်သော်လည်း ထို‌နေရာများက ထွက်နေသောအသံများကတော့ ထူးဆန်းလွန်းလှသည်။

အထူးသဖြင့် တစ္ဆေခန်းမဖြစ်၏။ ထိုနေရာမှ အဘယ်ကြောင် သတ် ဟူသော အသံများထွက်နေရပါသနည်း။

သံသယများဖြင့် ပြည့်နေသော ကျန်းယန် တစ္ဆေခန်းမမှ ထွက်လာခဲ့လိုက်သည်။

ထိုအခိုက်တွင် ချင်းရှုလည်း ခြံ၀န်းထဲသို့ ရောက်ရှိနေခဲ့ချေပြီ။

ကျန်းယန်ကိုမြင်သောအခါ ချင်းရှု သူ့ဆီစိတ်လှုပ်ရှားစွာ ပြေးလာခဲ့ပြီး လေးလေးနက်နက်အရိုအသေပေးကာ ပြောလိုက်၏။

“ငါ့ကိုဒီမဟာခန်းမဆီခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီနေရာက တကယ့်အံ့ဖွယ်ပဲ”

ကျန်းယန် ပြုံးကာမေးလိုက်သည်။

“မင်းရော ဘာအကျိုးအမြတ်တွေရလာလဲ”

သူတို့တောင် အကျိုးအမြတ်ကြီးများ ရလာခဲ့လျှင် ချင်းရှုရရှိခဲ့သော အကျိုးအမြတ်ကလည်း သေးမှာတော့ မဟုတ်ပေ။

“ငါရှင်းမပြတတ်ဘူး….ဒါပေမယ့် သေချာတာကတော့ အခုငါ ချင်းရှုမျှော်စင်ကို ပြန်သန့်စင်မယ်ဆိုရင် ထုတ်လွှတ်နိုင်တဲ့ စွမ်းအားက အရင်ထက်အများကြီး ပိုသာနေလိမ့်မယ် မျှော်စင်ရဲ့ ကိုယ်ထည်အတွက်သုံးထားတဲ့ ရတနာတွေက အဆင့်နိမ့်ရတနာတွေမှမဟုတ်ဘဲ အဲ့ဒီအရာတွေသုံးပြီး ဒီလောက်စွမ်းအားပဲ ထွက်နိုင်တာမျိုးက တကယ်ပဲ ရတနာတွေရဲ့ စွမ်းအားကိုဖြုန်းတီးပစ်တာမျိုးပဲ ငါအရမ်း တုံးအသွားခဲ့တယ်” ချင်းရှု နောင်တရနေသော အမူအရာမျိုးဖြင့် သူ့ကိုယ်သူ ဝေဖန်လိုက်၏။

ကျန်းယန် သူ့ကိုဆွံ့အစွာ ကြည့်ရှုလိုက်မိသည်။ ထိုကောင်နှင့်ပတ်သက်ပြီး တကယ်ပဲ တစ်ခုခုတော့ မှားနေ၏။

“အခုတော့ မင်းအမြန်ဆုံး သိုလှောင်လက်စွပ်တစ်ကွင်း သန့်စင်ရမယ်” ကျန်းယန်ပြောလိုက်ကာ ဆေးဉယျာဉ်ကို လက်ညိုးထိုးပြလိုက်လေသည်။

“ငါတို့မှာ အပြင်ကိုယူသွားဖို့ ဆေးပင်တွေအများကြီးရှိတယ် ပြီးတော့ ဂိုဏ်းကြီးတွေရဲ့ ခံတပ်ကြီးတွေကိုလည်း ရှင်းရဦးမှာ အဲ့တော့ အပြင်ကိုရတနာတွေပြန်ယူသွားဖို့ ခပ်ကြီးကြီး ထည့်စရာတစ်ခုခုလိုတယ်”

ထိုအခါမှသာ ချင်းရှု ဆေးဉယျာဉ်ကို သတိထားမိသွားခဲ့ပြီး အံ့ဩတုန်လှုပ်သွားခဲ့၏။

“ဘုရားသခင် ဒီနေရာမှာ ပြန်လည်ရှင်သန်ခြင်းမြက်ကြီးတောင်ရှိနေတာလား အဲ့တာကြီးက သေတဲ့လူကိုတောင် ပြန်အသက်သွင်းပေးနိုင်တဲ့ ဒဏ္ဍာရီလာ စိတ်ဝိညာဉ်ပင်ကြီးမဟုတ်လား …ဒါကလည်း တာအိုကျမ်းတွေမှာ မှတ်တမ်းတင်ထားတဲ့ စစ်မှန်သောအမတသီးနဲ့တူနေတယ် ပြောကြတာတော့ အဲ့တာက လူတစ်ယောက်ကို တစ်ရက်တည်းနဲ့ တက်လှမ်းသွားအောင်လုပ်ပေးနိုင်တဲ့ အမတသစ်သီးမျိုးတဲ့”

ချင်းရှု တုန်လှုပ်နေမှုကြောင့် စကားပင် ကောင်းကောင်းမပြောနိုင်ခဲ့ပေ။

သူသည်ကျန်းယန်နှင့်မတူပေ။

ကျန်းယန်က ထိုအရာများသည် အသုံး၀င်သော အရာများဟုသာ သိထားခြင်းဖြစ်ပြီး သူကတော့ ရှို့ယိဘုရားကျောင်းက တာအိုကျမ်း မှတ်တမ်းများစွာကို လေ့လာထားသူဖြစ်သောကြောင့် များစွာသော ဆေးပင်များအကြောင်း သိရှိသူဖြစ်၏။ ဤဆေးဉယျာဉ်ရှိ များပြားသော ဒဏ္ဍာရီလာဆေးပင်များကို သူတစ်ခါမှ မမြင်ဖူးပေ။

ထို့ကြောင့်လည်း သူအခုလောက်ကြီး တုန်လှုပ်နေခဲ့ရခြင်း ဖြစ်သည်။

ကျန်းယန်နှင့်စစ်ထူမင်ယွဲ့တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြ၏။ အကယ်၍ ထိုဆေးပင်များကို အဇူရာတိမ်ဂိုဏ်းဆီပြန်ယူသွားပြီး အကြီးအကဲများကသာ ထိုဆေးပင်များကို သုံးလိုက်မည်ဆိုလျှင်….

သူတို့ ဘယ်သူ့ကိုကြောက်နေဖို့ လိုပါတော့မည်နည်း။

သွေးပျက်လုမတတ် စိတ်လှုပ်ရှားသွားပြီးနောက်တွင်တော့ ချင်းရှု စိတ်ပြန်တည်ငြိမ်လာခဲ့သည်။

သူကျန်းယန်ကိုပြောလိုက်၏။

“ငါတို့ဒီထဲက စိတ်ဝိညာဉ်ဆေးပင် တစ်ပင်တစ်လေကိုမှ ချန်ထားခဲ့လို့မဖြစ်ဘူး အကုန်ပြန်ယူကို ယူသွားရမယ်”

“သေချာတာပေါ့” ကျန်းယန်လည်း ခေါင်းညိတ်ပြလိုက်လေသည်။

“အဲ့တာကြောင့် ငါမင်းကို သိုလှောင်လက်စွပ်တစ်ကွင်း အမြန်သန့်စင်ခိုင်းနေတာလေ ခန်းမထဲမှာလည်း ပြန်ယူသွားရမယ့် စာအုပ်တွေရှိ‌ေ‌နသေးတယ်”

“သိုလှောင်လက်စွပ်က ချက်ချင်းသန့်စင်လို့ရတာမျိုးမဟုတ်ဘူး အဲ့တာကို သန့်စင်ဖို့က စုမဲရုကျောက်လို့ခေါ်တဲ့ ကျောက်တုံးတစ်မျိုးလိုတယ် အဲ့တာက တိုက်ပွဲကွင်းပြင်ထဲမှာမရှိဘူး ထူးခြားတဲ့နေရာအချို့မှာပဲ ရှိနိုင်တာ ဒါပေမယ့် ဒါတွေကို အပြင်ပြန်သယ်သွားဖို့ကမခက်ပါဘူး ငါ့ကို ငါခုနကသန့်စင်ထားတဲ့ မှော်လက်နက်နှစ်ခုပေး”

ကျားမိစ္ဆာ သားရဲခန်းမဆီအမြန်ပြေးသွားပြီး ချင်းရှု သန့်စင်ထားသော မှော်ရတနာဓားနှစ်ချောင်းယူလာကာ အမြန်ပေးလိုက်၏။

လူတိုင်းရှေ့တွင် ချင်းရှု ကောင်းကင်နှင့်မြေပြင်နိယာမများကို သုံး၍ ထိုဓားနှစ်ချောင်းကို အရည်ဖျော်လေတော့သည်။

သန့်စင်နေရင်း သူမှော်လက်နက်များပေါ်တွင် အမျိုးမျိုးသော ကဗ္ဗည်းများလည်း ရေးဆွဲနေခဲ့၏။ အချိန်အချို့ကြာသွားပြီးသောအခါ မှော်လက်နက်က ပုံစတင်ပေါ်လာခဲ့သည်။

ဘေးနားတွင်ရပ်ကာ ချင်းရှုသန့်စင်နေသည်ကို ကြည့်နေရင်း ချင်းရှု၏ သန့်စင်သည့်အမြန်နှုန်းက အရင်ကထက် ပိုတိုးတက်လာမှန်း ကျန်းယန် သတိထားမိနေခဲ့၏။

ရှင်းလင်းစွာပင် ဤအရာက သူခန်းမထဲတွင်ရရှိခဲ့သည့် အကျိုးအမြတ်ဖြစ်ပုံပေါ်ပေသည်။

“ဒါက ငါသန့်စင်ထားတဲ့ သိုလှောင်အသံုးအ‌ေဆာင်ပဲ” ချင်းရှု ပြောလိုက်၏။

“ပါ၀င်ပစ္စည်းတွေက အဆင့်နိမ့်တော့ အရည်အသွေးကတော့ သိပ်ကောင်းမှာမဟုတ်ဘူး ဒါပေမယ့် အတွင်းပိုင်းနေရာလွတ်က အတော်လေးကြီးတယ် ငါတို့လိုတာထက်တောင် ပိုနေသေးတယ် အခြားခံတပ်ကြီးတွေက ကောင်းကင်နဲ့မြေပြင်ရတနာတွေကိုသိမ်းပြီးမှ ငါတို့ပိုကြီးတဲ့ သိုလှောင်အသုံးအဆောင်တစ်ခု သန့်စင်ကြတာပေါ့”

ပြောနေရင်း ချင်းရှု သေတ္တာပုံ သိုလှောင်ပစ္စည်းတစ်ခုကို ကျန်းယန်ဆီ ပေးလိုက်လေသည်။

“အထဲမှာ နေရာလွတ်နိယာမတွေပါတယ် အဲ့တာက ငါဒီခန်းမထဲကနေ နားလည်လာခဲ့တဲ့ အရာပဲ”

ကျန်းယန် ချင်းရှုကို အံ့အားသင့်နေဟန်ဖြင့် ကြည့်ရှုနေခဲ့၏။ သူချင်းရှုကို ဂိုဏ်းဆီပြန်ခေါ်သွားပြီးလျှင်တော့ သူ့ဆရာ ဦးလေး ၅နှင့်၆တို့ကို ချင်းရှုနှင့် တွေ့ပေးရတော့မည့်ပုံပင်။

“ဒါဆို ငါတို့ဆေးပင်တွေရိတ်သိမ်းလိုက်ကြတာပေါ့” ကျန်းယန် လူတိုင်းကို စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

တကယ်တော့ သူမပြောလည်း လူတိုင်း စိတ်လှုပ်ရှားနေခဲ့ကြပြီးသား ဖြစ်၏။

ဤဆေးပင်တစ်သုတ်ကို ရိတ်သိမ်းပြီးသည်နှင့် အဇူရာတိမ်ဂိုဏ်းက အချိန်အတော်ကြာသည်အထိတော့ စိတ်ဝိညာဉ်ဆေးပင်ထပ်လိုအပ်တော့မည် မဟုတ်မှန်း သူတို့သိနေခဲ့ကြသည်။ ထိုဆေးပင်များထဲမှ အချို့ဆေးပင်များကလည်း အဆင့်မြင့်နယ်ပယ်များအတွက်ပင် ရှားပါးသောဆေးပင်များ ဖြစ်နေခဲ့၏။

ထို့နောက် သူတို့ဆေးဉယျာဉ်ကို ပြောင်သလင်းခါနေအောင် ရိတ်သိမ်းပစ်ခဲ့လေသည်။

ဤနေရာရှိ ဆေးပင်တစ်ပင်ချင်းစီတိုင်းက နှစ်သုံးထောင်ကျော် သက်တမ်းရှိသောအပင်များဖြစ်သောကြောင့် တစ်ပင်မှချန်ထားခဲ့၍ မဖြစ်ပေ။

ထို့အပြင် တိုက်ပွဲကွင်းပြင်ကိုယ်တိုင်ကလည်း ကောင်းကင်နှင့်မြေပြင်ရတနာများကို အလိုလိုပျိုးထောင်နိုင်သောအစွမ်းရှိသောအရာဖြစ်သောကြောင့် သူတို့အားလုံးရိတ်သိမ်းလိုက်လျှင်တောင် အချိန်တန်လျှင် ဆေးပင်များက သူ့အလိုလိုပြန်ပေါက်လာဦးမည် ဖြစ်သည်။

ထို့နောက် သူတို့ခန်းမထဲက စာအုပ်များကိုပါ သွားသိမ်းခဲ့ကြ၏။

ခန်းမထဲက ပစ္စည်းများသည် ဘယ်လိုပင်ဖျက်ဆီးဆီး အကောင်းတိုင်းပြန်ပြန်ဖြစ်သွားကြသောကြောင့် အစကတော့ ကျန်းယန် သူတို့စာအုပ်များကို ယူမသွားနိုင်မှာကို စိတ်ပူနေခဲ့မိသည်။

စာအုပ်များကိုခန်းမထဲမှ အောင်မြင်စွာ ထုတ်ယူလာနိုင်ခဲ့သောအခါမှသာ ကျန်းယန် စိတ်အေးသွားခဲ့ရ၏။

ချင်းရှုသန့်စင်ထားသော သိုလှောင်ပစ္စည်းကလည်း အတော်လေး ကျယ်၀န်းလှပေသည်။ သူတို့ ဆေးပင်များနှင့်စာအုပ်များအားလုံးကို ထည့်ပြီးချိန်မှာပင် အတွင်း၌ နေရာလွတ်ကျန်ရှိနေသေး၏။

“အမြန်လုပ်ကြ ကန်ထဲမှာ ငါးရှိမရှိကြည့်ကြ မရှိရင်တော့ ငါးမရရေချိုးပြန်ရမှာပဲ ရေတွေရသလောက်ခပ်ယူသွားကြမယ် ဒီကျောက်တုံးတုတွေကိုလည်း ယူသွားရမယ် ဒါတွေက စိတ်ဝိညာဉ်လက်နက်တွေ သန့်စင်တဲ့နေရာမှာ အသုံး၀င်လာနိုင်တယ် ပြီးတော့ ဒီကျောက်တုံးစားပွဲကိုလည်း တူးယူသွားရမယ်!”

ဤနေရာသည် မဟာတည်ရှိမှုကြီးလေးခု နေခဲ့သောနေရာဖြစ်သောကြောင့် ဤနေရာရှိ အရာရာတိုင်းက သာမန်ပစ္စည်းများတော့ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့လေးယောက်လောင်းကစားလုပ်သော ကျောက်စားပွဲကိုပင် ချန်ထားခဲ့၍ မဖြစ်ပေ။

ချင်းရှုနှင့်အခြားသူများ ကျောက်တုံးတုများကို သယ်ယူနေကြချိန်တွင် ကျန်းယန်က ကန်ထဲကရေများကို သိုလှောင်ပစ္စည်းထဲ ခပ်ထည့်နေခဲ့သည်။

သို့သော် ကျောက်စားပွဲကို တူးသောအခါတွင်တော့ အခက်တွေ့လာခဲ့၏။ ထိုစားပွဲက မြေကြီးနှင့်တစ်သားတည်းလိုဖြစ်နေပြီး သူတို့ဘယ်လောက်ကြိုးစားစား ကြွမလာခဲ့ပေ။

“အားလုံးပဲ ကျောက်စားပွဲဆီကိုလာကြ ငါတို့ဒီစားပွဲကို အတူတူမကြမယ်”ကျန်းယန် လူတိုင်းကို ကျောက်စားပွဲမဖို့ ခေါ်လိုက်လေသည်။

စစ်ထူမင်ယွဲ့တို့လည်း သူတို့သယ်လက်စ ကျောက်တုံးတုများကို သိုလှောင်ပစ္စည်းထဲထည့်လိုက်ပြီး ကျောက်စားပွဲဆီရောက်လာကာ အားကုန်သုံး၍ အတူတူ မကြလေတော့၏။

သူတို့လေးယောက်လုံး အားကုန်သုံး၍ မလိုက်လေရာ ကျောက်စားပွဲက ပြင်းထန်စွာ တုန်ရီလာစဉ်တွင် အလင်းလုံးတစ်ခုပေါ်လာပြီး သူတို့အားလုံးကို ခန်းမထဲမှ ဆွဲထုတ်သွားခဲ့လေသည်။

“ဒါက…ဒါက…”

ကျန်းယန်နှင့်အခြားသူများ တစ်ယောက်ကိုတစ်ယောက်မယုံကြည်နိုင်ဟန်ဖြင့် ပြန်ကြည့်နေခဲ့ကြ၏။

သူတို့ကျောက်စားပွဲကို ယူပြီးမှ ခန်းမထဲမှထွက်မည်ဟု တွေးထားခဲ့သော်လည်း အခုလိုမောင်းထုတ်ခံလိုက်ရလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။

“ဟားဟား!”

တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျန်းယန်တို့လေးယောက် အားရပါးရရယ်မောလိုက်မိကြသည်။

သူတို့လုပ်ရပ်ကလွန်သွားသောကြောင့် ခန်းမပိုင်ရှင်တောင် သည်းမခံနိုင်တော့သည့်ပုံပင်။

ရုတ်တရက် သူတို့တစ်ယောက်ယောက်ရှိနေသည်ကို သတိထားမိသွားခဲ့၏။ လှည့်ကြည့်လိုက်သောအခါ ရုပ်ထုတစ်ခုဘေးတွင် သူတို့ကို တုန်လှုပ်နေဟန်ဖြင့် ကြည့်နေသော ကျိယန်ကို တွေ့လိုက်ရသည်။

“နင်တို့ တကယ်ကြီး၀င်သွားကြတာလား” သူမ အံ့အားသင့်စွာ မေးလိုက်မိ၏။

ကျိယန် အမှန်တကယ် တုန်လှုပ်နေခဲ့ခြင်း ဖြစ်သည်။ အခုလို ဒဏ္ဍာရီလာခန်းမကြီးတစ်ခုထဲ ကျန်းယန်တို့ ၀င်သွားနိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့မိပေ။

ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့၏။ အဘယ်ကြောင့် ကျိယန်က ဤနေရာတွင် ရောက်နေရပါသနည်း။

သူမဘယ်လောက်အတိုင်းအတာထိ မြင်သွားခဲ့ပါသနည်း။

ကျန်းယန်အမူအရာကိုကြည့်ကာ တစ်ခုခုမှားနေတာကို သတိထားမိသွားခဲ့ပြီး ကျိယန် အမြန်ရှင်းပြလိုက်၏။

“မကြာခင်က တိုက်ပွဲကွင်းပြင်မှာ ငလျင်ကြီးတစ်ခုလှူပ်သွားတယ်လေ အဲ့တာနဲ့ ငါလည်းနင်တို့တစ်ခုခုဖြစ်မှာ စိတ်ပူပြီး နင်တို့ဆီ အမြန်ပြေးလာခဲ့တာ”

သို့သော် သူမရောက်ရှိလာသောအခါ ရင်ပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကိုသာ တွေ့လိုက်ရပြီး ကျန်းယန်တို့ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရပေ။

ထို့နောက် သူမ ခန်းမရှေ့က ရုပ်ထုများကို သတိထားမိသွားခဲ့သည်။

အနားတွင်လည်း ဘယ်သူမှ ရှိမနေသောကြောင့် သူမ ထိုရုပ်ထုများကို လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

သူမ လေ့လာနေချိန်တွင် ကျန်းယန်တို့က ဘယ်ကမှန်းမသိသောနေရာမှ ရုတ်တရက် ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။

ထိုသူများသည် တကယ်ကြီး ခန်းမထဲ ၀င်သွားခဲ့ကြခြင်းပေလော။

ပြီးတော့ ကျားမိစ္ဆာက ဘယ်ရောက်သွားပါသနည်း။ ထိုလူပိုက ဘယ်နေရာက ပေါ်လာပါသနည်း။

ကျန်းယန် ကျိယန်ကိုလေးလေးနက်နက်ကြည့်ကာ မေးလိုက်၏။

“ငလျင်က ဘယ်တုန်းက လှုပ်သွားတာလဲ”

ခန်းမထဲတွင်ရှိနေတုန်း သူတို့ဘာကိုမှ သတိမထားမိခဲ့ပေ။

“ရက်ပေါင်းများစွာ ကြာနေပြီ” ကျိယန် ပြန်ပြောလိုက်သည်။

ကျန်းယန် တခဏတွေးတောလိုက်ပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်၏။

“ဆုတ်ကြမယ်!”

သူတို့သည် ခန်းမထဲမှ အကျိုးအမြတ်များစွာရပြီးဖြစ်သလို တိုက်ပွဲကွင်းပြင်ထဲတွင်လည်း အပြောင်းအလဲကြီးများဖြစ်အောင် လုပ်ပြီး‌ဖြစ်လေရာ ဤနေရာတွင် ဘာဆက်လုပ်ဖို့ လိုပါတော့မည်နည်း။

All Chapters