← Chapters

မိစ္ဆာနတ်ဘုရား တီးတိုးရေရွတ်သံ

Vol. 16 Ch. 174

မိစ္ဆာနတ်ဘုရား တီးတိုးရေရွတ်သံ

Vol. 16 Ch. 174

ကျန်းယန်တို့အဖွဲ့ အလျင်အမြန်ပင် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမမှ ကွေ့ယွမ်ဘုရားကျောင်းရှိရာ ကျောက်တုံးတောအုပ်ဆီ ဆုတ်ခွာလာခဲ့ကြသည်။

ယခုအချိန်သည် သူတို့ ချခဲ့သောမျိုးစေ့လေးများ အပင်ပေါက်လာမလာကို ပြန်ကြည့်ရမည့်အချိန်လည်း ဖြစ်၏။

အကယ်၍ ထိုမျိုးစေ့လေးများ အပင်ပေါက်လာခဲ့လျှင်တော့ ထိုလူအင်အားနှင့် သူတို့လက်ထဲက ချင်းရှုမျှော်စင်၏စွမ်းအားနှင့်ပေါင်းစပ်လိုက်လျှင် သူတို့ဂိုဏ်းကြီးများ၏ ခံတပ်ကြီးများကိုပါ တိုက်ခိုက်၍ ရသွားပေလိမ့်မည်။ အထူးသဖြင့် ချင်းရှုက သူ့မျှော်စင်ကိုအဆင့်မြှင့်နိုင်သေးသည်ဟု ပြောထားသောကြောင့် သူပိုပြီး ယုံကြည်ချက်ရှိနေခြင်း ဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအားကလည်း ပြဿနာမဟုတ်တော့ပေ။ သူသည် ရွှေအမြုတေအဆင့်တုန်းကပင် ချင်းရှုမျှော်စင်ကို နှစ်ကြိမ်အသုံးပြုနိုင်လေရာ အခုလို ဝိညာဉ်အခြေတည်အဆင့်ရောက်သောအခါတွင်တော့ ပြောစရာပင် မလိုတော့ပေ။

သူတို့ငါးယောက်ခန်းမမှ ဆုတ်ခွာလာပြီး မကြာခင်တွင် ခန်းမနှင့်အနီးဆုံးဖြစ်သော လန်ကျားအထွတ်အမြတ်မြေမှ အဖွဲ့ ခန်းမဆီအရင်ရောက်ရှိလာခဲ့၏။

“ခန်းမကိုစောင့်နေတဲ့ကောင်တွေ ဘယ်ရောက်ကုန်ကြတာလဲ” လန်ကျားအထွတ်အမြတ်မြေမှ အဓိကပါရမီရှင်တစ်ယောက် မျက်မှောင်ခပ်တင်းတင်းကြုံ့ကာ ပြောလိုက်သည်။

သူ့အမည်သည် ကုန်းရှို့ပင်း ဖြစ်ကာ ဤတစ်ခေါက်တိုက်ပွဲကွင်းပြင်ထဲ၀င်သော လန်ကျားအထွတ်အမြတ်မြေက အဖွဲ့ကို သူဦးဆောင်လာခဲ့ခြင်း ဖြစ်၏။ သူသည် လန်ကျားအထွတ်အမြတ်မြေ ဂိုဏ်းချုပ်၏သားလည်းဖြစ်နေသေ‌ာကြောင့် အခြား အဓိကပါရမီရှင်နှစ်ယောက်ပင် သူ့စကားကို နားထောင်ကြရသည်။

ကုန်းရှို့ပင်းသည် ဂိုဏ်းချုပ်အသက်ကြီးမှ ရရှိလာသော သားတစ်ယောက်ဖြစ်သောကြောင့် ဂိုဏ်းချုပ်သည် သူ့သားကိုအတော်လေးမြတ်နိုးတန်ဖိုးထားပြီး ဂိုဏ်း၏ရှိသမျှအရင်းအမြစ်အားလုံးသုံး၍ ပံ့ပိုးထားခဲ့သည်။

ဤတစ်ခေါက်သာ တိုက်ပွဲကွင်းပြင်ထဲမ၀င်ရလျှင် ကုန်းရှို့ပင်းသည် နတ်ဝိညာဉ်အဆင့်သို့ပင် ရောက်ရှိနေမည် ဖြစ်၏။

အခြားဂိုဏ်းသားများဧ။်အမူအရာများလည်း မည်းမှောင်နေခဲ့ကြသည်။

ဤနေရာတွင် ဂိုဏ်းတစ်ဂိုဏ်းချင်းစီက ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့် ၄ ယောက်စီပို့ထားပြီး စုစုပေါင်း ၃၆ ယောက်ရှိရမည်ဖြစ်ပြီး ယခု ထိုအစောင့်များက ဘယ်ရောက်သွားကြပါသနည်း။

မကြာခင်တွင် သူတို့ တိုက်ပွဲတစ်ခုဖြစ်ပွားထားသော အရိပ်အယောင်များကို တွေ့ရှိခဲ့ရပြီး ရင်ပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကိုလည်း တွေ့ရှိသွားခဲ့ကြ၏။

“တစ်ခုခုဖြစ်သွာတယ်”

ကုန်းရှို့ပင်း မြေပြင်ပေါ်က အလောင်းများကိုကြည့်နေရင်း သူ့အမူအရာက ပိုပြီးမည်းမှောင်လာခဲ့သည်။

“စီနီယာအစ်ကိုကုန်း အခြေအနေကတစ်ခုခုတော့ မှားနေပြီ” ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် လေးလေးနက်နက်ပြောလိုက်၏။

“သူတို့မှာ မှော်ရတနာတွေမရှိပေမယ့် ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့် ၃၆ယောက်ဆိုတာ အလွယ်တကူ ရင်ဆိုင်လို့ရတဲ့အရာမဟုတ်ဘူး ပြီးတော့ သူတို့ထဲကအချို့က ဆိုးဆိုးရွားရွားကို ပုံပျက်ပြီး သေသွားကြတာ ဘယ်လိုစွမ်းအားမျိုးက သူတို့ကို ဒီလိုသေသွားစေတာလဲ”

“အများစုက မိုးကြိုးနိယာမတွေကြောင့် သေသွားရတာ သူတို့အားလုံးကိုသတ်ပစ်ဖို့ဆို ဘယ်လောက်များတဲ့ မိုးကြိုးနိယာမတွေကို ထိန်းချုပ်နိုင်ရမှာလဲ”

ကုန်းရှို့ပင်း မီးကျွမ်းနေသောလန်ကျားအထွတ်အမြတ်မြေက အစောင့်များ၏အလောင်းများကိုကြည့်ရင်း တိတ်ဆိတ်နေခဲ့၏။

သူလည်း ဤအခြေအနေကို မမြင်ဘဲ ဘယ်နေပါမည်နည်း။

သို့သော် အခုလို လုပ်ရပ်မျိုးကိုဘယ်သူလုပ်သွားသလဲ သူစဉ်းစားမရခဲ့ပေ။

“ဂိုဏ်းကြီးတွေထဲက တစ်ဂိုဏ်းဂိုဏ်းရဲ့လက်ချက်များလား” ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် ပြောလိုက်သည်။

“ဒါပေမယ့် ဒီနေရာမှာ ဂိုဏ်းကြီးတိုင်းက တပည့်တွေရှိနေတာပဲလေ အခုက အကုန်သေကုန်ကြတာ ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်းကလှုပ်ရှားတာဆိုရင် သူတို့က သူတို့တပည့်တွေကိုတောင် ဂရုမစိုက်တော့တာလား”

“ဒါဆို ဘယ်သူ့မှာ ဒါမျိုးစွမ်းအားရှိမှာလဲ ဂိုဏ်းလေးတွေအားလုံးပေါင်းပြီး တိုက်သွားတာများလား”

ထိုသို့မှမဟုတ်လျှင် အခုလို ဖြစ်ရပ်မျိုးကိုဘယ်သူလုပ်သွားသလဲ ဘယ်လိုမှ ရှင်းပြရတော့မည် မဟုတ်ပေ။

“သတိနဲ့နေကြ” ကုန်းရှို့ပင်း ထိုတစ်ခွန်းသာ ပြောခဲ့သည်။

သူလည်း ဘာဖြစ်သွားသလဲ မသိခဲ့ပေ။ အခြားဂိုဏ်းကြီးများလည်း ရောက်လာမှသာ အမှန်တရားက ပေါ်လာနိုင်ပေလိမ့်မည်။

နေ့၀က်ခန့်စောင့်ပြီးသောအခါ ထိုနေရာနှင့် ဒုတိယအနီးဆုံးဖြစ်သော မဟာနှင်း‌ေတာင်ဂိုဏ်းမှ အဖွဲ့ရောက်ရှိလာခဲ့၏။

မြေပြင်ပေါ်က အလောင်းများကိုမြင်ပြီး ထိုထဲတွင် မဟာနှင်းတောင်ဂိုဏ်းမှတပည့်များလည်းပါနေသည်ကို တွေ့လိုက်ရသောအခါ မဟာနှင်းတောင်ဂိုဏ်းမှ တပည့်များ လန်ကျားအထွတ်အမြတ်မြေမှ တပည့်များကို ရန်လိုစွာ ကြည့်ရှုလိုက်ကြသည်။

ကုန်းရှုပင်း ခပ်အေးအေးပင် ပြောလိုက်၏။

“ငါတို့ကို လာမကြည့်နဲ့ ငါတို့လည်းဒီနေရာကိုခုနကမှရောက်လာတာ ပြီးတော့ သေနေတဲ့အထဲမှာ လန်ကျားအထွတ်အမြတ်မြေက တပည့်တွေလည်းပါနေတာ မတွေ့ဘူးလား”

အ‌ေလာင်းများထဲတွင် လန်ကျားအထွတ်အမြတ်မြေမှတပည့်များပါနေသည်ကို မြင်သောအခါမှ မဟာနှင်းတောင်ဂိုဏ်းမှတပည့်များ၏ သံသယများ ကင်းစင်သွားခဲ့သည်။

ထို့နောက် ဂိုဏ်းကြီးများ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်းရောက်ရှိလာခဲ့ပြီး အဖြစ်အပျက်ကိုသိရှိသွာ‌းသောအခါ သူတို့အမူအရာများ မည်းမှောင်ကုန်ကြ၏။

သူတို့ မည်းမှောင်သွားရသည့်အကြောင်းအရင်းမှာ တိုက်ပွဲကွင်းပြင်ထဲတွင် သူတို့ဂိုဏ်းကြီးများ၏ထိန်းချုပ်မှုအောက်၌ မရှိသော အင်အားစုကြီးတစ်ခုပေါ်လာပြီဟု တွေးမိ၍ ဖြစ်သည်။

ထိုအရာက သတင်းကောင်းတော့ မဟုတ်ပေ။

ဂိုဏ်းကြီးများ တိုက်ပွဲမြေပြင်မှ သဲလွန်စများ ရှာနေခဲ့ကြပြီး ဤကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ ဆွေးနွေးနေခဲ့ကြ၏။

ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမမှ ဆုတ်ခွာလာခဲ့ပြီးနောက် ကျန်းယန်တို့ ကျောက်တုံးတောအုပ်အစွန်အဖျားနားရှိ ခံတပ်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုခံတပ်သို့ရောက်သောအခါ ချင်းရှု သူ့မျှော်စင်ကို စွမ်းအားပိုကြီးလာအောင် ပြန်လည်သန့်စင်လေတော့၏။

ထိုစဉ်ကျန်းယန် ကျိယန်ကိုကြည့်ကာ ပြောလိုက်သည်။

“ငါတို့ ခန်းမထဲကို၀င်ပြီးသွားကြပြီ ပြီးတော့ အထဲကနေ စိတ်ဝိညာဉ်ဆေးပင်တွေ အများကြီး ရလာခဲ့တယ် နင်ကဒီကာလတွေအတွင်း ငါတို့အဖွဲ့ကိုအတော်လေးအကျိုးပြုခဲ့တယ် အဲ့တော့ ငါတို့သဘောတူထားတဲ့အတိုင်းပဲ နင်အဲ့ဒီဆေးပင်တွေထဲက အကျိုးပြုမှုတစ်ခုအတွက် တစ်ပင်ရမယ်”

ထို့နောက် သူသိုလှောင်သေတ္တာထဲမှ ဆေးပင်နှစ်ပင်ထုတ်ကာ ကျိယန်ကိုပေးလိုက်ပြီး ရှင်းပြလိုက်၏။

“ဒီဆေးပင်တွေကိုအထင်မသေးနဲ့ တစ်ပင်ချင်းစီတိုင်းက သက်တမ်း ၃၀၀၀ကျော်တယ် အခြားရတနာတော့ ခန်းမထဲမှာ မရှိဘူး ဆေးပင်တွေပဲရှိတယ်”

သူလိမ်နေခြင်းမဟုတ်ပေ။ တကယ်လည်း ခန်းမထဲတွင် ဆေးပင်များမှလွဲဘာရတနာမှရှိမနေခဲ့ပေ။

ဒါ‌ေပါ့ ထိုခန်းမထဲတွင် တန်ဖိုးအကြီးဆုံးအရာကတော့ အမွေဆက်ခံလိုက်ရသည့် မှတ်ဉာဏ်များသာ ဖြစ်၏။

အမတခန်းမထဲက ယူလာသော စာအုပ်များကိုလည်း သူကျိယန်ကိုမပေးနိုင်ပေ။

စာဖတ်ပရိသတ်တွေကို ပြောချင်တာကတော့ ကျန်းယန်တစ်ယောက် လက်ရှိတွင် နားမလည်သေးသော်လည်း အချိန်အများကြီးကြာသွားခဲ့လျှင် ထိုခန်းမထဲတွင် တန်ဖိုးအကြီးဆုံးအရာက မှတ်ဉာဏ်များ ဆေးပင်များ စာအုပ်များမဟုတ်ဘဲ သူကောက်သိမ်းခဲ့သည့် အတုံးလေးများဆိုသည်ကိုပင်။

ကျိယန် မျက်လုံးများ ပြူးကျယ်သွားပြီး ဆေးပင်များကို စိတ်လှုပ်ရှားစွာ လက်ခံလိုက်လေသည်။

ဆေးပင်၏ ၃၀၀၀ ဆိုသော သက်တမ်းကပင် ထိုဆေးပင်များဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ဖော်ပြနေခဲ့၏။

ကျန်းယန်တို့ ခန်းမထဲဘယ်လိုနည်းလမ်းသုံး၍ ၀င်သွားခဲ့သလဲဆိုတာကိုလည်း သူမစိတ်၀င်စားနေခဲ့သေး၏။

သို့သော် ကျန်းယန်ကတော့ ထိုအရာကို ဘယ်တော့မှရှင်းပြလိမ့်မည် မဟုတ်ပေ။

ခန်းမထဲဘယ်လို၀င်ခဲ့သလဲဟူသော ကိစ္စက သူ၏ မိစ္ဆာတစ်ကောင်ဟူသော သရုပ်နှင့်ဆက်စပ်နေသောကြောင့် ထိုအရာက သူ့အကြီးဆုံးလျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်လာခဲ့ရသည်။

ချင်းရှု မျှော်စင်ကိုသန့်စင်ပြီးသောအခါမှ ကျန်းယန် အားလုံးကို လေးလေးနက်နက်ပြောလိုက်၏။

“ငါတို့ခန်းမထဲ၀င်သွားတဲ့ကိစ္စကို ဘယ်သူ့ကိုမှပြောပြလို့မဖြစ်ဘူး မဟုတ်လျှင် ငါတို့ကို တစ်ကမ္ဘာလုံးက အမဲဝိုင်းလိုက်ကြလိမ့်မယ်

ငါတို့အဇူရာတိမ်ဂိုဏ်းထဲမှာ ပုန်းနေရင်တောင် ဒီအန္တရာယ်ကနေ ရှောင်ရှားနိုင်မှာမဟုတ်ဘူး

ပြီးတော့ ငါတို့အသိစိတ်ပင်လယ်ထဲက မှတ်ဉာဏ်တွေကိုယ်တိုင်ကကို အတော်လေးအန္တရာယ်များတဲ့အရာတွေပဲ ငါတို့ဘယ်သူ့ကိုမှပြောမပြဘူးဆိုရင်တောင် အဆင့်မြင့်ကျင့်ကြံသူတွေက ငါတို့အသိစိတ်ပင်လယ်ကို၀င်ရှာရင် ဒီအကြောင်းတွေကို သိသွားနိုင်တယ်

အဲ့တာကြောင့် ငါတို့ဒီမှတ်ဉာဏ်တွေကို ဖျက်ပစ်ရမယ်

မင်ယွဲ့ ချင်းရှု ၀မ်ချိုက် မင်းတို့သုံးယောက်ငါတို့ခန်းမထဲကို ဘယ်လို၀င်ခဲ့လဲဆိုတဲ့မှတ်ဉာဏ်တွေနဲ့ ငါတို့ဆေးပင်တွေကို ဘယ်လိုရခဲ့လဲဆိုတဲ့ မှတ်ဉာဏ်တွေကို စုစည်းထားလိုက် ငါ့မှာ မင်းတို့ကိုအဲ့ဒီမှတ်ဉာဏ်တွေ ကူဖျက်ပေးနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုရှိတယ်

ကျိယန် နင်ရောပဲ ငါတို့ခန်းမထဲ၀င်သွားမှန်း နင်သိတဲ့မှတ်ဉာဏ်နဲ့ စိတ်ဝိညာဉ်ဆေးပင်ကို နင်ဘယ်လိုရခဲ့လဲဆိုတဲ့ မှတ်ဉာဏ်ကို စုစည်းထားလိုက် နင်လည်းအဲ့တာတွေကို မေ့ပစ်ရမယ် ငါနင့်ကိုဘာမှကွယ်ဝှက်မထားဘဲ စိတ်ဝိညာဉ်ဆေးပင်နှစ်ပင်တောင်ပေးခဲ့တယ်ဆိုတာ နင်နားလည်ပါတယ် အဲ့တာက တာအိုပညာရှင်ကောင်းကင်ဒဏ္ဍာရီကြောင့်ပေးတဲ့ ငါ့ရက်ရောမှုအကုန်ပဲ နင်ငါ့စကားကိုလက်မခံရင်တော့ ငါယဉ်ကျေးနေမှာမဟုတ်ဘူး”

စစ်ထူမင်ယွဲ့ ချင်းရှုနှင့်အခြားသူများ ကျန်းယန်စကားကိုကြားသည်နှင့် သူ့ရည်ရွယ်ချက်ကို နားလည်သွားခဲ့ကြသည်။

သူတို့ရရှိထားသော ကျင့်စဉ်များ၏မှတ်ဉာဏ်များကို မေ့ပစ်ဖို့မလိုသော်လည်း ခန်းမထဲ၀င်ခဲ့သော အတွေ့အကြုံနှင့်ပတ်သက်သည့် မှတ်ဉာဏ်များကိုတော့ ဖျောက်ဖျက်ခိုင်းနေခြင်း ဖြစ်၏။ သူတို့အတွက် ထိုအရာများက သိပ်လည်းအရေးမပါလှသောကြောင့် ဖျက်လိုက်လည်း ကိစ္စတော့ သိပ်မရှိပေ။

ကျားမိစ္ဆာ လက်မြှောက်ပြလိုက်ကာ ပြောလိုက်သည်။

“ကျွန်‌ေတာ့်အတွက်က ဒီမှတ်ဉာဏ်တွေကို ဖျက်လိုက်လို့လည်းအဆင်ပြေပါတယ် ဒါပေမယ့် ကျွန်တော်နာမည်ပြောင်းချင်တယ် ခင်ဗျားကျွန်တော့်ကို ၀မ်ချိုက်လို့ ထပ်မခေါ်နဲ့တော့”

ကျန်းယန် ရယ်မောလိုက်ကာ မေးလိုက်၏။

“ဒါဆို မင်းကဘယ်လိုအခေါ်ခံချင်လို့လဲ”

“ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်မှာနာမည်တစ်ခုရှိခဲ့တယ် ဟူတလီ တဲ့” ကျားမိစ္ဆာ ဂုဏ်ယူစွာ ပြောလိုက်သည်။

“ကျွန်တော့်အိမ်မှာရှ်ိခဲ့တုန်းက အဲ့တာက သူများတွေ ကျွန်တော့်ကိုခေါ်တဲ့နာမည်ပဲ”

သူ့အိမ်က ဘယ်နေရာမှာမှန်း သူသေချာမသိသော်လည်း သေချာသည်က သူသည် အဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေထဲသို့ ဖမ်းခေါ်ထည့်ခံထားခဲ့ရခြင်းဖြစ်ပြီး သူ့အိမ်က ထိုနေရာ မဟုတ်ပေ။

ကျန်းယန် အားရပါးရရယ်မောလိုက်၏။ ထိုနာမည်က ၀မ်ချိုက်ဆိုသောနာမည်ထက်တော့ အများကြီး ပိုကောင်းပေသည်။

သူကျားမိစ္ဆာခေါင်းကို ပုတ်ကာ ပြောလိုက်၏။

“ကောင်းပြီ ဒါဆိုအခုကစပြီး မင်းက ဟူတလီ ပဲ”

ကျန်းယန် လူတိုင်းကိုလေးလေးနက်နက်ကြည့်ကာ ပြောလိုက်သည်။

“အားလုံးပဲ အဆင်သင့်ဖြစ်ရင် ငါလျှို့ဝှက်နည်းစနစ်ကို စသုံးတော့မယ်”

စစ်ထူမင်ယွဲ့ ချင်းရှုနှင့်ဟူတလိတို့အဆင်သင့်ပြင်ထားကြသော်လည်း ကျိယန်ကတော့ အနည်းငယ် တွေဝေနေခဲ့၏။ သို့သော် အခြေအနေ၏ လေးပင်မှုကို တွေးမိသောအခါတွင်တော့ သူမတွင်လည်း ပူးပေါင်းဖို့မှလွဲ ရွေးစရာမရှိခဲ့ပေ။

မဟုတ်လျှင် သူဘာမှန်းမသိဘဲပင် သေသွားနိုင်ပေသည်။

ထို့အပြင် သူမသည် မဟာခန်းမနှင့်ပတ်သက်သောမှတ်ဉာဏ်များကိုသာ မေ့ပစ်ချင်ခြင်းမဟုတ်ဘဲ သူမပြန်မစဉ်းစားချင်သော မှတ်ဉာဏ်များအားလုံးကိုပါ ဖျောက်ပစ်ချင်နေခဲ့၏။

လူတိုင်းအဆင်သင့်ဖြစ်သည်နှင့် ကျန်းယန် မိစ္ဆာခန်းမထဲမှ သင်လာခဲ့သော မိစ္ဆာလျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုဖို့ ပြင်လိုက်လေသည်။

ကျန်းယန် စတင် အသုံးပြုလိုက်သည်နှင့် သူ့ခရမ်းနန်းတော်ထဲရှိ အခြေတည်ဝိညာဉ်က သူ့ပါးစပ်သေးသေးလေးကိုဖွင့်ကာ စကားသံတစ်ခုကို တီးတိုး‌ရွတ်ဆိုခဲ့ပြီး ထိုစကားသံက ချင်းရှုတို့ လေးယောက်လုံး၏ နားထဲသို့ ၀င်သွားခဲ့၏။

သူတို့လေးယောက်ခန်းမထဲမည်သို့၀င်ခဲ့သည့်အကြောင်းနှင့် ဆေးပင်များအားဘယ်လိုရရှိခဲ့သလဲဟူသော အကြောင်းတွေးနေချိန်တွင် တီးတိုးရေရွတ်သံက သူတို့နားထဲ၀င်လာခဲ့ပြီး ထို့နောက်တွင်တော့ ထိုမှတ်ဉာဏ်များကို သူတို့ဘယ်လိုကြိုးစားစား မှတ်မိဖို့ ခဲယဉ်းလာခဲ့သည်။

တဖြည်းဖြည်းနှင့် ထိုကိစ္စနှင့်ဆက်စပ်နေသော မှတ်ဉာဏ်များက လုံး၀ ပျောက်ကွယ်သွားခဲ့လေသည်။

စစ်ထူမင်ယွဲ့ သူမ ထိုက်ယင်အမတပညာရပ်ကို ရရှိခဲ့တာကိုသာ မှတ်မိတော့ပြီး ကျားမိစ္ဆာဆိုလျှင် သူလူပုံပြောင်းသွားကာ ကျားဖြူနတ်ကျင့်စဥ်ကို ရရှ်ိခဲ့ပုံကိုသာ သတိရတော့ပြီး ချင်းရှုတွင်လည်း သူရရှိခဲ့သော အဆောင်ကဗ္ဗည်းနှင့်ပတ်သက်သည့် အသိပညာများနှင့် လက်နက်သန့်စင်သည့်မှတ်ဉာဏ်များကိုသာ မှတ်မိတော့၏။

ကျိယန်ကတော့….

သူမကျန်းယန်ကိုကြည့်ကာ အသာအယာပြုံး၍ ပြောလိုက်လေသည်။

“တာအိုမိတ်ဆွေကျန်းယန် ကျွန်မတို့မတွေ့တာ နှစ်တွေအများကြီးကြာသွားပြီနော် ရှင်ဘယ်တွေ ရောက်နေတာလဲ”

All Chapters