ကွေ့ယွမ်ဘုရားကျောင်းခံတပ်ကို တိုက်ခိုက်ခြင်း
Vol. 16 Ch. 176
ချင်းရှု အမျိုးမျိုးသော ဓားများ လက်နက်များကို အရည်ဖျော်ကာ လူတိုင်းအတွက် မျက်နှာဖုံးများ သန့်စင်ပေးလိုက်လေသည်။
မျက်နှာဖုံးများပေါ်တွင် လိပ်ခွံပေါ်က ပုံစံကွက်များ ရေးဆွဲပေးခဲ့၏။
ထိုမျက်နှာဖုံးများသည် သူတို့ကို သာမန်အကြည့်မှ ကာကွယ်ပေးရုံသာမက နတ်အာရုံသုံး၍ ကြည့်ရှုလျှင်ပင် သူတို့မျက်နှာများကို မမြင်နိုင်တော့မှန်းသိသွားသောအခါ လူတိုင်းစိတ်လှုပ်ရှားကုန်ကြသည်။
သူတို့ သရုပ်မှန်ကိုသာ ဘယ်သူမှမသိနိုင်လျှင် သူတို့ ဂိုဏ်းကြီးများကို အဘယ်ကြောင့် ကြောက်နေရပါတော့မည်နည်း။
ဂိုဏ်းငယ်လေးများသည် နှစ်ပေါင်းများစွာကြာအောင် ဂိုဏ်းကြီးများ၏ ဖိနှိပ်မှုကို ခံခဲ့ကြရ၏။ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲတွင်ပင် သူတို့သည် အဓိက အကျိုးအမြတ်များကို ဂိုဏ်းကြီးများကိုသာ ပေးအပ်ခဲ့ရသည်။
အခုတော့ သူတို့တွင် ပြန်တိုက်ခိုက်ဖို့အခွင့်အရေး ရှိလာခဲ့ချေပြီ။
လူအုပ်ကြီး၏စိတ်ဓာတ်များ တက်ကြွလာပုံကိုတွေ့သောအခါ ကျန်းယန် ကျေနပ်သွားခဲ့၏။
သူ့စစ်သားများသည် အသုံးပြုဖို့အသင့်ဖြစ်နေခဲ့လေပြီ။
“သွားကြစို့ ငါမင်းတို့ကို ငါတို့အဖွဲ့က အခြားသူတွေဆီ ခေါ်သွားမယ်!”
ကျန်းယန်၏အော်သံထွက်ပေါ်လာပြီးနောက် မျက်နှာဖုံးတပ်ထားသော လူငါးယောက်သည် မျက်နှာဖုံးတပ် လူ၂၃ယောက်ကို ဦးဆောင်၍ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။
သူတို့ နောက်ခံတပ်တစ်ခုဆီ ရောက်သောအခါ ထိုနေရာတွင် စုဝေးနေသော လူများကို တွေ့လိုက်ရ၏။ သို့သော် အရေအတွက်ကတော့ နည်းပါးလွန်းလှသည်။ အားလုံးပေါင်းမှ ၁၅ ယောက်သာ ရှိနေခဲ့ခြင်း ဖြစ်၏။
ချင်းရှု မျက်နှာဖုံးများ သန့်စင်လိုက်ပြီး ထိုလူများကို မျက်နှာဖုံးများ ပေးလိုက်ပြန်သည်။
ဤတစ်ခေါက် စုစည်းပြီးချိန်တွင်တော့ သူတို့အဖွဲ့က လူ၄၀ ကျော်ရှိလာခဲ့၏။
တတိယ ခံတပ်ဆီရောက်သောအခါ ကိစ္စသေးသေးလေးတစ်ခု ဖြစ်ပွားသွားခဲ့သည်။
ထိုနေရာက ဝိညာဉ်အခြေတည်အဆင့် ၇ယောက်သည် အစကတော့ ကျန်းယန်တို့နှင့် မပူးပေါင်းလိုခဲ့ပေ။
သို့သော် ကျန်းယန်တို့၏ လူလေးဆယ်ကျော်ပါသော အဖွဲ့ကြီးကိုတွေ့လိုက်ရသောအခါတွင်တော့ စိတ်ပြောင်းသွားပြီး သူတို့၏ မျက်နှာဖုံးတပ်ကြီးထဲ ပူးပေါင်းပါ၀င်လာခဲ့၏။
ဤသို့ဖြင့် သူတို့အဖွဲ့တွင် လူပေါင်း ၅၀ ရှိလာခဲ့သည်။
လူပေါင်း ၅၀ ပါသော အဖွဲ့ကပင် တိုက်ပွဲကွင်းပြင်တွင် ကြောက်စရာကောင်းသော စုဖွဲ့မှုတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်၏။
ထိုလူအင်အားက ဂိုဏ်းကြီးများနှင့်ယှဉ်လျှင် အနည်းငယ်သာ နည်းတော့ခြင်းဖြစ်ပြီး မှော်ရတနာများနှင့် အခြားအရင်းအမြစ်များတွင်သာ မယှဉ်နိုင်တော့ခြင်း ဖြစ်သည်။
ကျန်းယန် ကွေ့ယွမ်ဘုရားကျောင်းနားတွင် မျိုးစေ့သုံးစေ့သာ ချခဲ့ခြင်း ဖြစ်၏။
အခုတော့ မျှော်လင့်မထားဘဲ ထိုမျိုးစေ့သုံးစေ့လုံးက အပင်ပေါက်နေလေရာ သူ့အတွက်တော့ ၀မ်းသာစရာပင်။
တကယ်တော့ ချင်းရှုမျှော်စင်စွမ်းအားတစ်ခုတည်းနှင့်ပင် သူထိုခံတပ်ကြီးများကို အပြတ်ရှင်းပစ်နိုင်ပေသည်။
သူ့အဖွဲ့ကလူတိုင်းက အရင်ထက်ပိုပြီး စွမ်းအားကြီးနေပြီဖြစ်လေရာ သူတို့အတွက် ခံတပ်တစ်ခုကို သိမ်းဖို့လောက်က ပြဿနာရှိနေတော့မည် မဟုတ်ပေ။
သို့သော်လည်း သူတို့သာ ထိုသို့လုပ်လိုက်လျှင် အပြင်ပြန်ရောက်သောအခါ ဂိုဏ်းကြီး ၉ဂိုဏ်းကို အဇူရာတိမ်ဂိုဏ်းတစ်ဂိုဏ်းတည်းကသာ ရင်ဆိုင်ရပေလိမ့်မည်။
အခုလို လူအများကြီးပါနေသောအခါမျိုးတွင်တော့ ဂိုဏ်းကြီးများ ဤကိစ္စအကြောင်းသိသွားလျှင်တောင် သူတို့နားရှိ ဂိုဏ်းဘယ်လောက်များများက အဇူရာတိမ်ဂ်ုဏ်းနှင့်ပူးပေါင်းထားသလဲ တွေးရတော့မည် မဟုတ်ပါလော။
ထို့ကြောင့်လည်း ကျန်းယန်က သူ့အဖွဲ့ထဲသို့ လူများများခေါ်လိုခြင်း ဖြစ်သည်။
ကျန်းယန် သူ့ရှေ့ရှ်ိ မျက်နှာဖုံးတပ်ကျင့်ကြံသူ လေးဆယ်ကျော်ကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အခု ငါတို့တိုက်ခိုက်မယ့်နေရာက ကျောက်တုံးတောအုပ်ထဲက ကွေ့ယွမ်ဘုရားကျောင်းပဲ ဒီတစ်ခေါက်ငါတို့ကျောက်တုံးတောအုပ်ကို အပြတ်ရှင်းပစ်ရမယ် မင်းတို့ငါတို့အင်အားနဲ့ပတ်သက်ပြီး စိတ်ပူနေစရာလည်း မလိုဘူး အခြားနယ်မြေတွေမှာ ငါတို့နဲ့ပူးပေါင်းထားတဲ့ အင်အားစုတွေရှိနေသေးတယ် ငါတို့အဲ့ဒီနယ်မြေတွေကိုရောက်ရင် ငါတို့အင်အားက ပိုကြီးလာလိမ့်မယ်”
မျက်နှာဖုံးတပ်ကျင့်ကြံသူများ၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်လာကာ အကြိမ်ကြိမ် ခေါင်းညိတ်မိလိုက်ကြသည်။
အခုလို အင်အားမျိုးနှင့်ဆိုလျှင် သူတို့ကွေ့ယွမ်ဘုရားကျောင်းကို ရှုံးနိုင်တော့မည် မဟုတ်ပေ။
ထို့နောက် ကျန်းယန်နှင့်သူ့အဖွဲ့ကွေ့ယွမ်ဘုရားကျောင်း၏ ကျောက်တုံးတောအုပ်ဆီသို့ ပြေး၀င်သွားခဲ့ကြ၏။
ထိုအခိုက်တွင် ကွေ့ယွမ်ဘုရားကျောင်း၏ အဓိကပါရမီရှင်များက ပြိုင်ပွဲအတွက် ဗဟိုခန်းမဆီရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။
ခံတပ်ကိုကာကွယ်ရန် လူများကျန်ရစ်ခဲ့သော်လည်း အရင်ကလောက်တော့ အားမကောင်းတော့ပေ။
ထိုကိစ္စအတွက်လည်း သူတို့စိတ်မပူမိခဲ့ကြပေ။ ဂိုဏ်းကြီးများ၏ ခံတပ်ကို တစ်ယောက်ယောက်က ဂိုဏ်းငယ်လေးများကို စုစည်း၍လာတိုက်လိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။
ဂိုဏ်းငယ်လေးများတွင် ထိုကဲ့သို့သော သတ္တိမျိုးရှိနေလိမ့်မည်ဟု ဘယ်သူကမှ ထင်မထားခဲ့ကြပေ။
ထို့ကြောင့်လည်း သူတို့ခံတပ်ဆီပြေး၀င်လာသော ကျင့်ကြံသူတစ်အုပ်ကိုမြင်လိုက်ရသောအခါ ကွေ့ယွမ်ဘုရားကျောင်းက ဘုန်းကြီးများ ငေးကြောင်သွားခဲ့ကြခြင်း ဖြစ်၏။
ထို့နောက်မှ သူတို့လျင်မြန်စွာ အော်ဟစ်လိုက်ကြသည်။
“အကာအကွယ်ကို အသက်သွင်းကြ!”
ချက်ချင်းဆိုသလို ကျောက်တိုင်ကြီးသံုးတုိင်ပေါ်တွင် အဆင့် ၇သို့ပင်ရောက်ရှိနေသော မှော်ရတနာများကို ကိုင်ဆောင်ထားသည့် ကျင့်ကြံသူ ၃ယောက် ပေါ်ပေါက်လာခဲ့၏။
အခြား ဘုန်းကြီး ၃၀ကျော်ကလည်း မှော်လက်နက်အသီးသီးကိုင်ဆောင်ကာ ကျောက်တိုင်များပေါ်တွင် နေရာယူထားခဲ့ကြသည်။
သူတို့ရတနာများကို အသက်သွင်းလိုက်သည်နှင့် ကျောက်တုံးတောအုပ်အလယ်ရှိ ခံတပ်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားသော အကာအကွယ်၀င်္ကပါကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။
ကွေ့ယွမ်ဘုရားကျောင်း၏ ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်များထဲမှ တစ်ယောက် ကျန်းယန်ကိုမှတ်မိသွားပြီး အေးစက်စက် ပြောလိုက်သည်။
“ဒကာလေးက အဇူရာတိမ်ဂိုဏ်းက မဟုတ်လား အခုလိုကိုယ်တော်တို့ ကွေ့ယွမ်ဘုရားကျောင်းကို အပြစ်ပြုရဲတဲ့အတွက် အပြင်ရောက်ရင် ဒကာလေးတို့ဂိုဏ်း ကောင်းကောင်းပြန်ပေးဆပ်ရမယ်”
ကျန်းယန် အားရပါးရရယ်မောလိုက်ကာ
“အရူးတွေပဲ မင်းတို့ဘယ်လိုပြောပြော မင်းတို့မှာ ဒီနေရာက လွတ်စရာလမ်းမရှိတော့ဘူး”
နောက်ထပ်ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်တစ်ယောက် သရော်လိုက်၏။
“မင်းဟာမင်း ပြောချင်ရာပြော မင်းဒီ၀င်္ကပါကို မကျော်နိုင်ဘူးဆိုတာ ငါတို့သိပြီးသား”
ကျန်းယန်တို့အဖွဲ့တွင် လူသုံးပုံတစ်ပုံ၌သာ မှော်ရတနာများ ရှ်ိနေမှန်း သူတို့ရှင်းရှင်းလင်းလင်းမြင်ေနခဲ့ရသည်။
ကျင့်ကြံခြင်းလောကတွင် မှော်ရတနာရှိသူနှင့်မရှိသူမှာ ကျည်တစ်တောင့်ထိုးသေနတ်ကိုင်ထားသူနှင့် အော်တိုရိုင်ဖယ်တစ်လက်ကိုင်ထားသူလို ကွာခြားလွန်းလှ၏။
ထိုကဲ့သို့သောအခြေအနေတွင် ထိုလူများက သူတို့၀င်္ကပါကို မည်သို့ဖြိုခွဲနိုင်ပါမည်နည်း။
“မင်းတို့၀င်္ကပါရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရတာပေါ့”
ကျန်းယန် ချင်းရှုမျှော်စင်ကိုမြှောက်ကာ မျှော်စင်ထဲ စိတ်ဝိညာဉ်စွမ်းအားများ ထည့်လိုက်လေသည်။
မျှော်စင်ကိုအဆင့်မြှင့်တင်ပြီးနောက်တွင် မျှော်စင်အသုံးပြုရန် ကြာချိန်ကလည်း အရင်ကလောက် ကြာမနေတော့ပေ။
ပိုအရေးကြီးသည်မှာ မျှော်စင်၏စွမ်းအားကလည်း အရင်ကထက် များစွာ ကြီးမားလာခဲ့ခြင်း ဖြစ်၏။
ကျန်းယန် မျှော်စင်၏စွမ်းအားကိုအကုန်မသုံးခဲ့ပေ။
ထိုအရာကို ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်စွမ်းအားအထိသာ ထားပြီး ပစ်လွှတ်လိုက်လေသည်။
သို့သော်လည်း အရင်နှင့်မတူသည်မှာ မျှော်စင်သည် အရင်လိုတစ်ခါသုံးပြီးတိုင်း စွမ်းအားပြန်ဖြည့်နေစရာ မလိုတော့ပေ။ သူ့စွမ်းအားကို ထည့်သွင်းနေရုံဖြင့် အဆုံးမဲ့သော မိုးကြိုးများက မျှော်စင်ဆီ သွားရောက်ထိမှန်နေခဲ့၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းမှာဘယ်လိုလုပ်အဲ့လောက်အစွမ်းထက်တဲ့ မှော်လက်နက်မျိုး ရှိနေရတာလဲ” ကွေ့ယွမ်ဘုရားကျောင်းမှ ဘုန်းကြီးများ ငေးကြောင်ကုန်ကြသည်။
ထိုအရာမျိုးက ဂိုဏ်းကြီးများသာပိုင်ဆိုင်နိုင်သော ရတနာမျိုး မဟုတ်ပါလော။
“အမြန်လုပ်ကြ ၀င်္ကပါကို ပိုသန်မာလာအောင် အားကုန်သုံးကြ!” ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်တစ်ယောက် အော်ပြောလိုက်၏။ သူတို့မှော်ရတနာများက သန်မာသော်လည်း ၀င်္ကပါကိုအမြဲအားကောင်းနေအောင် အားဖြည့်ထားဖို့က ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်၏ စွမ်းအားလောက်ဖြင့် လုံလောက်နိုင်သော အရာမဟုတ်ပေ။
များစွာသော ကွေ့ယွမ်ဘုရားကျောင်းက ဘုန်းကြီးများ အားကုန်သုံး၍ ၀င်္ကပါပိုအားကောင်းလာစေရန် ကြိုးစားနေခဲ့ကြသည်။
ကျန်းယန်၏စိတ်ဝိညာဉ်စွမ်းအား ကုန်သွားအောင် လုပ်နိုင်ရုံဖြင့် ဘေးကင်းသွားမည်ဖြစ်မှန်း သူတို့ကောင်းကောင်းကြီး သိနေခဲ့ကြ၏။
ကျန်းယန်ဘက်က ဝိညာဉ်အခြေတည်အဆင့်များကတော့ အနည်းငယ် စိတ်ပူနေခဲ့ကြသည်။
ကျန်းယန်၏ စိတ်ဝိညာဉ်စွမ်းအားသာ ကုန်သွားခဲ့လျှင် ထိုမှော်ရတနာမျိုးကို သူတို့စွမ်းအားဖြင့် အသုံးပြုနိုင်ပါမည်လော။ အကယ်၍ အသုံးမပြုနိုင်ခဲ့လျှင်တော့…
သို့သော် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူတို့ဆွံ့အသွားခဲ့၏။
ချင်းရှုမျှော်စင်ကို ကိုင်ဆောင်ထားသော ကျန်းယန်သည် ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့် ခွန်အားနှင့်ညီသော မိုးကြိုးများကို ၁၇ချက်ဆက်တိုက် ပစ်ခတ်နေခဲ့ပြီး ပစ်ချက်တိုင်းက ၀င်္ကပါပေါ် ကျရောက်နေခဲ့သည်။ ၀င်္ကပါက ထိုဖိအားကြီးကြောင့် တုန်ရီနေပြီဖြစ်သော်လည်း ကျန်းယန်ကတော့ မရပ်မနားပင် မိုးကြိုးများဖြင့် ဆက်လက်ပစ်ခတ်နေခဲ့၏။
အဓိကအချက်မှာ ထိုမျှအသုံးပြုပြီးချိန်တွင်ပင် ကျန်းယန်၏ စိတ်ဝိညာဉ်စွမ်းအားက လုံး၀ကုန်ခမ်းသွားတော့မည့်ပုံ ပြမလာသေးပေ။
ထိုမြင်ကွင်းကြောင့် ပတ်ပတ်လည်ရှ်ိ ဝိညာဉ်အခြေတည်အဆင့်များ တိတ်ဆိတ်ကုန်ပြီး ကွေ့ယွမ်ဘုရားကျောင်းက ဘုန်းကြီးများကတော့ ဒေါသထွက်လာကြကာ မင်းမှာစိတ်ဝိညာဉ်စွမ်းအင် ဘယ်လောက်တောင်ရှိနေတာလဲ လို့တောင် မေးချင်လာခဲ့ကြလေသည်။
စာစဉ်ပြီး၏