← Chapters

အတင်းအကြပ် ပြန်လည်မွေးဖွားခိုင်းခြင်း

Vol. 134 Ch. 1845

အတင်းအကြပ် ပြန်လည်မွေးဖွားခိုင်းခြင်း

Vol. 134 Ch. 1845

ဝမ်လင်းဘေးမှ လူများသည် တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြလေပြီ။ သူတို့ မထွက်သွားခင် တစ်ယောက်ချင်းစီက ဝမ်လင်းထံ လက်နှစ်ဆက်ဆုပ်ကာ နှုတ်ဆက်ကြ၏။

ဆယ့်သုံးသည် ဝမ်လင်း၏ရှေ့ရှိ လေဟာနယ်တွင် ဒူးထောက်နေ၏။ သူက ခေါင်းမော့လိုက်ရာ သူ၏မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်နှက်လာသည်။

“ဆရာ…ဆယ့်သုံးသွားတော့မယ်။ တပည့်ရဲ့ မှတ်ဉာဏ်တွေ ချိပ်ပိတ်ခံထားရရင်တောင် ဆရာ တပည့်အပေါ်မှာ ပြသခဲ့တဲ့ ကြင်နာမှုကို မေ့ပစ်မှာ မဟုတ်ပါဘူး။ ကျနော် ပြန်မွေးဖွားတဲ့အခါကျရင်တောင် ဆရာ့ကျေးဇူးကို မေ့ပစ်မှာ မဟုတ်ဘူး…”

ဆယ့်သုံး၏စကားထဲ၌ ပြတ်သားမှုတို့ ပြည့်နေ၏။ သူ၏ပြတ်သားမှုက အလွန်အမင်း အားကောင်းလွန်းပေသည်။ သို့ဖြစ်၍ သူ့မှတ်ဉာဏ်များ ချိပ်ပိတ်ခံထားရလျှင်ပင် သူ့အလိုလိုသိစိတ်က ရှိနေနိုင်သေး၏။

ဆယ့်သုံးနောက်တွင် စစ်ထူနန်အလှည့်ဖြစ်၏။ စစ်ထူနန်သည် အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သူပင်။ သည်အခိုက်၌ သူက ရယ်မောကာ တံခါးထံ ပျံသန်းသွား၏။ သူက အရက်အိုးတလုံးကို ထုတ်ကာ ဝမ်လင်းထံ လှည့်ပစ်ပေးလိုက်၏။ ဝမ်လင်းက အရက်အိုးကို ဖမ်းယူလိုက်သည်။

“ငါ ဒီဘဝမှာ အရက်သောက်ရတာ ကြိုက်တယ်။ နောက်ဘဝကျရင်ရော အဲ့လို ဖြစ်နေအုံးမလားတော့ ငါလည်း မသိဘူး။ ငါ မင်းကို ဒီအရက်အိုး ပေးခဲ့မယ်။ မင်း ငါ့ကို ရှာတွေ့တဲ့အခါကျရင် ဒါကို ပြန်ပေးပါ။ ဟားဟား…ဒီအဘိုးအိုက ဘုရင်တစ်ပါးအဖြစ် ပြန်မွေးဖွားမှာ။ ငါ ဘုရင်တစ်ပါး ဖြစ်ကိုဖြစ်ရမယ်…”  စစ်ထူနန် တံခါးအတွင်း ပျောက်ကွယ်သွားရင်း သူ၏ရယ်သံ ပဲ့တင်ထပ်ကျန်ခဲ့၏။

သို့သော် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ဘုရင်တစ်ပါးအဖြစ် ပြန်မွေးဖွားခြင်းဟူသည့် အချက်မှာ ဝမ်လင်းနှင့် ရွှမ်လောတို့သည်ပင် ထိုကိစ္စနှင့်ပတ်သတ်၍ မသေချာမရေရာလေပေ။

“သူ ဆန္ဒရှိသလို လုပ်နိုင်ဖို့ပဲ ငါ မျှော်လင့်ရတော့မယ်…”  ဝမ်လင်း၏အမူအရာမှာ ထူးဆန်းနေ၏။

နောက်ဆုံး ထွက်ခွာမည့်သူမှာ လီချန်မေပင်။ သူမက ဝမ်လင်းကို ပြုံး၍ကြည့်နေပြီး စကားအများကြီး မပြောပေ။ သူမသည် စကားတစ်ခွန်းသာ ပြောခဲ့ပြီး တံခါးထံ လျှောက်လှမ်းသွားသည်။

“ငါ နင့်ကို စောင့်နေမယ်…။ နင် ငါ့ကို မရှာနိုင်ခဲ့ရင် ပြန်လည်မွေးဖွားခြင်း တစ်ခုပြီးတစ်ခု ငါ စောင့်နေမှာ…”

သူမ၏စကားလုံးတို့မှာ နူးညံ့ညင်သာ၏။ သို့သော် ထိုစကားလုံးထဲရှိ ပြတ်သားမှုက သူမ၏ စစ်မှန်သောစိတ်ထားကို ပြသနေသည်။ လီချန်မေသည် ဆုံးဖြတ်လိုက်ပြီး ဖြစ်၏။ သည့်အတွက် နောင်တရတော့မည် မဟုတ်ပေ။

တံခါးအပြင်ဘက်၌ ဝမ်လင်းနှင့် ရွှမ်လောတို့သည်သာ ကျန်နေသည်။

ရွှမ်လောက ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ “အားလုံးအထဲ ရောက်သွားပြီ။ ဒီအဘိုးအိုက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကို ခုခံဖို့ ငါ့မန္တာန်တွေကို အသက်သွင်းတော့မယ်။ မင်း ဘယ်အချိန်လိုက်ဝင်မှာလဲ…”

ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူက တံခါးကို ကြည့်၍ ရုတ်တရက် ပြောလာသည်။ “စီနီယာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ နောက်ထပ် လူနည်းနည်းလောက် ပြန်မွေးဖွားစေလို့ ရအုံးမလား…”

“ပြဿနာမရှိဘူး။ ငါ အစတုန်းက ဒီနေရာမှာ လူရာချီ၊ထောင်ချီ ရှိလိမ့်မယ်လို့ တွေးထားတာ။ အခု လူနှစ်ဆယ်တောင် မပြည့်တော့ ငါ့အတွက် ဖိအား သိပ်မရှိလှဘူး။ မင်း လူအများကြီး ထပ်မခေါ်လာသ၍ ကိစ္စမရှိဘူး…”  ရွှမ်လောက ပြုံးလိုက်၏။

“စီနီယာ ငါ့ကို နောက်ထပ် ငါးရက်လောက် စောင့်ပေးပါအုံး။ ငါ တချို့လူတွေကို ပြန်လည်မွေးဖွားစေဖို့ သွားခေါ်မလို့…”   ဝမ်လင်း၏မျက်လုံးသည် အေးစက်လာပြီး သူ၏စကားသံမှာ တည်ငြိမ်သည်။

ဝမ်လင်းက ထိုလူအနည်းငယ်ကို အရင်က မခေါ်လာခဲ့ခြင်းသည် သူသည် ရွှမ်လောအပေါ်သို့ ဖိအားအများအပြား မပေးလို၍ ဖြစ်၏။ ထိုလူအနည်းငယ်နှင့် သူ့ကြား၌လည်း တိုက်ရိုက်ရန်ငြှိုး မရှိလေပေ။ သို့ပေမည့် လှိုဏ်ဂူလောက ငြိမ်းချမ်းဖို့အတွက် သူတို့သည် အသက်ခံမည်လား၊ သက်မည်လား အခြေအနေတွင် ရှိနေသည်။ ရွှမ်လော၏ စကားလုံးများကို ကြားရသည့်နောက် ဝမ်လင်းက သူ့စိတ်ကို ပြောင်းလိုက်ခြင်းပင်။

ဝမ်လင်းသည် ရွှမ်လောထံ လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ပြီးနောက် နောက်လှည့်ကာ ခြေလှမ်းသည်။ သူ၏ပုံရိပ်က ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသည့်အခါ၌ အတွင်းနယ်မြေနှင့် အပြင်နယ်မြေကြား အစီအရင်၏ အစွန်းအဖျား၌ ဖြစ်သည်။

ထိုအစီအရင်အသစ်က ဝမ်လင်းကိုယ်တိုင် ပြုလုပ်ထားသော အရာပင်။ သူက ၎င်းထံ ချက်ခြင်း ဖြတ်သန်းလာသည်။ သို့ဖြစ်၍ အစီအစဉ်မှ ဖြတ်၍  ပြင်ပနယ်မြေသို့ ဝင်ရောက်ဖို့ သူ့အတွက် အမွှေးတိုင်တစ်တိုင်ဝက်စာမျှသာ ကြာပေသည်။

“ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သခင်ငါးပါး။ အုပ်စိုးသူကိုတော့ ငါ ချိပ်ပိတ်ထားခဲ့ပြီ။ တာအိုသခင်အိပ်မက်ပြာကလည်း အတွင်းနယ်မြေရှိ ရွှေ့ပြောင်းလာခဲ့ပြီး ဖြစ်တယ်။ ဒီတော့ မြောင်ယင်၊ လေဟာနယ်နတ်ဘုရား၊ ကောင်းကင်ကိုးခုတို့ပဲ ကျန်တော့တယ်။ ငါသာ သူတို့ကို ဒီအတိုင်း ချန်ထားခဲ့ရင် ပြဿနာ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ သူတို့က အားနည်းနေချိန် ဖြစ်တဲ့အတွက် ငါ သူတို့တစ်ယောက်ချင်းစီကို သွားရှာပြီး ပြန်လည်မွေးဖွားခိုင်းမယ်…”

ဝမ်လင်းသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ဝင်ရောက်လာပြီးနောက် သူ၏ နတ်ဘုရားအာရုံသည် ရုတ်တရက် အဘက်ဘက်သို့ ပျံ့နှံ့သည်။

လှိုဏ်ဂူလောကဗဟိုချက်၌ အဖြစ်အပျက်များပြီးသည့်နောက် ဝမ်လင်းသည် စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်သို့ ရောက်ခဲ့ပြီး သူ၏ရှေးတောက်အမွေအနှစ်မှာလည်း ပြီးပြည့်စုံလုနီး ရှိခဲ့ပေသည်။ အခုချိန်တွင် ဝမ်လင်းသည် ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့် ကျင့်ကြံသူများ၌ တိုက်ခိုက်နိုင်စွမ်း ရှိနေလေပြီ။

ခုချိန်၌ သူ၏ကျင့်ကြံမှုအဆင့်၊ သူ၏ အနှစ်သာရခုနစ်ခု၊ ရှေးတောက်မန္တာန်များနှင့်ဆိုပါက သည်ဒဏ်ရာရထားသော ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ သခင်သုံးပါးသည် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။

ဝမ်လင်း၏အစွမ်းထက် နတ်ဘုရားအာရုံ ဖြန့်ကျက်လာရင်း သူ၏မျက်လုံးသည် တောက်ပလေ၏။ သူက ရှေ့သို့ ခြေလှမ်းကာ ပျောက်ကွယ်သွားသည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အရှေ့ဘက်ပိုင်း၌ လအသွင်ဂြိုဟ်တစ်လုံး ရှိ၏။ ထိုဂြိုဟ်သည် ပုံပန်းအသွင် မညီမညာ ရှိကာ သေဆုံးခြင်းအော်ရာနှင့် ပြည့်နှက်နေသည်။ ၎င်းဂြိုဟ်ပေါ်၌ သားရဲအနည်းငယ်သာ ရှိသည်။

ထိုဂြိုဟ်ကို အဝါရောင်သဲတို့ဖြင့် ဖုံးနေ၏။ သည်ဂြိုဟ်ပေါ်၌ နေ့တာဟူ၍မရှိ၊ ညတာသာ ရှိသည်။

အဝါရောင်သဲတို့က လေထဲ၌ လွင့်မြောနေကာ မြေပြင်ထုသည် နက်မှောင်သည်။ သည်နေရာ၌ အက်ကြောင်းတစ်ခု ရှိလေပြီး ထိုအက်ကြောင်းအတွင်း၌ အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူ၏မျက်နှာမှာ ဖြူရောလျက် မျက်လုံးမှိတ်ကာ ဒဏ်ရာ ကုသနေသည်။ သို့ပေမည့် သူ့ပါးစပ်ထောင့်မှ သွေးနက်များ စီးကာ မြေပြင်ထက်သို့ တစက်စက် ကျနေသည်။

ထိုအဘိုးအိုသည် တာအိုသခင်အိပ်မက်ပြာကြောင့် ဒဏ်ရာ ရသွားသော မိစ္ဆာသခင်ကောင်းကင်ကိုးခုဖြစ်ကာ တခြားသူ မဟုတ်ပေ။

အတိတ်တုန်းက သူ၏အပူဇော်ခံမီးတောက်နယ်မြေက ဖျက်စီးခံရပြီး သူ့စိတ်ဝိညာဉ်မှာလည်း ထိခိုက်ခဲ့ရ၏။ သူက ရှင်သန်နိုင်ရုံမျှသာ ရှိခဲ့ပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ အသက်ဓာတ်အားများကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ရသည်။ သူက သည်ဂြိုဟ်ထံမှ သေဆုံးခြင်းအော်ရာကို အသုံးပြုကာ သူ၏အပူဇော်ခံမီးတောက်နယ်မြေကို ပြန်ဖွဲ့စည်းနေခြင်းပင်။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်ကာ ကောင်းကင်သည် နက်မှောင်နေသည်။ သို့သော် ထိုအဘိုးအိုက ရုတ်တရက် ခေါင်းမော့လာ၏။ သူက မျက်လုံးဖွင့်လာပြီး သူ၏မျက်လုံးသူငယ်အိမ်သည် ကြုံ့သွားလေ၏။

တချိန်တည်းမှာ နက်မှောင်သောကောင်းကင်ထက်၌ အလင်းတစ်ခု တောက်ပစွာ ပေါက်ကွဲလာသည်။ ထိုအလင်းသည် ဂြိုဟ်ပေါ်သို့ တောက်ပစဉ် ဝတ်ရုံဖြူလူငယ်တစ်ယောက် လှမ်းလျှောက်လာ၏။

ဝမ်လင်း ထွက်ပေါ်လာမှုက ကောင်းကင်ကိုးခုကို ပင့်သက်ရှိုက်မိသွားစေသည်။ သူသည် တုံ့နှေးမနေဘဲ ဂြိုဟ်၏အတွင်းနက်ပိုင်းထံ ချက်ခြင်း ဝင်ရောက်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်က မလှုပ်မယှက်ပင်။ သူ့ညာလက်ဖြင့် အောက်ဘက်ရှိ မြေပြင်ထံ ဆုတ်ဖြဲလိုက်၏။ သူ၏ရှေ့ရှိ လေဟာနယ်သည် တုန်ဟည်းကာ ဧရာမအက်ကြောင်းတစ်ခုသည် အောက်ဘက်ရှိ ဂြိုဟ်ထိ ချဲ့ကားထွက်လာ၏။ ထိုအက်ကြောင်းက ဂြိုဟ်နှင့် ထိမိသည့်အခါ သည်ဂြိုဟ်သည် တုန်ခါပြီး အက်ကြောင်းတစ်ခု ပွင့်ဟ၏။ သည်အက်ကြောင်းက မြန်ဆန်စွာ ချဲ့ကားလေသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်းက ဂြိုဟ်၏အတွင်းနက်ပိုင်းသို့ ပြေးနေသော ကောင်းကင်ကိုးခုကို တွေ့မြင်၏။

မိစ္ဆာသခင်ကောင်းကင်ကိုးခုက စိတ်လွတ်လုနီးနီး ဖြစ်သွားရ၏။ သူက သူ့အောက်ရှိ မြေပြင်ထုသည် အစွမ်းထက်အားတစ်ခု၏ ဆုတ်ဖြဲခံရသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ သူက ဝမ်လင်း၏အကြည့်က သူ့နောက်ကျောပေါ် ကျရောက်နေသည်ကိုပါ ခံစားမိနိုင်သည်။

“ဝမ်လင်း…။ မင်း ငါ့ကို သတ်ချင်နေတာလား။ ငါတို့ကြားမှာ နက်ရှိုင်းတဲ့အမုန်းတရား မရှိဘူး။ ငါ့ကို လွှတ်ပေးပါ။ အတွင်းနယ်မြေထဲ ခြေမချဖို့ ငါ ကတိပေးတယ်…”

မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ ဦးရေပြားမှာ ထုံထိုင်းမိလာ၏။ သူ့စိတ်ထဲ၌ လှိုင်းထန်နေလေပြီ။ ဝမ်လင်း၏စွမ်းအားက သူ့ကို အံ့အားသင့်မိစေသည်။ သူသည် သည်လောက်အချိန်တိုအတွင်း ဝမ်လင်းက အခုလောက်အစွမ်းထက်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပေ။

“မကြောက်ပါနဲ့။ ငါ သင့်ကို မသတ်ဘူး။ သင့်ကို ပြန်လည်မွေးဖွားဖို့ ငါ စေလွှတ်ပေးမလို့ပဲ…”  ဝမ်လင်းက ထိုသို့ ပြောနေရင်း သူ့ဘယ်လက်ကို ပင့်မြှောက်ကာ အောက်ဘက်ရှိ ဂြိုဟ်ထံသို့ ဦးတည်၏။ သူက သူ့လက်နှစ်ဖက်ဖြင့် ကောင်းကင်ဘုံဆုတ်ဖြဲခြင်း မန္တာန်ကို အောက်ရှိ ဂြိုဟ်ထံသို့ အသုံးပြုသည်။

“မင်း ငါ့ကို သတ်ချင်ရင် သတ်လိုက်ပါ။ ငါ့ကို ပြန်လည်မွေးဖွားခြင်းထဲ စေလွှတ်တာဟာ ဘာကြီးလဲ…”   ကောင်းကင်ကိုးခုက အလန့်တကြား အော်ဟစ်၍ ချိပ်ဟန်များကို ကမူးရှုးထိုး ဖြစ်ပေါ်စေသည်။ သူက သူ့မန္တာန်အားလုံးကို သူ့ရှေ့တွင် ချခင်း၏။ သည်တုန်လှုပ်ဖွယ်အားကို ခုခံဖို့ ရတနာများစွာကိုလည်း ထုတ်ယူလိုက်သည်။

မြေပြင်သည် တုန်ဟည်းကာ ဒီဂြိုဟ်က စတင် ပျက်စီးလာ၏။ အက်ကြောင်းများ အရူးအမူး ပျံ့လာသည်။ ချက်ခြင်းပင် သည်လအသွင်ဂြိုဟ်က ဝမ်လင်းကြောင့် တဝက်တိတိ ပိုင်းဖြတ်ခြင်း ခံလိုက်ရလေပြီ။

ထိုပျက်စီးမှုမှ ဖိသိပ်အားက ပြင်းထန်သောအားတစ်ခုအဖြစ်သို့ ပြောင်းကာ ဒီကြယ်အဖွဲ့အစည်းတခွင်သို့ ပျံ့နှံ့သည်။

ထိုဖိသိပ်အားအောက်တွင် မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ ရှေ့မှာ တစီစီအသံများ ထွက်ပေါ်သည်။ သူ၏မန္တာန်များနှင့် ရတနာများသည် ပျက်စီးရ၏။ သူသည် သွေးအန်လိုက်ရပြီး အံတင်းတင်းကြိတ်၍ ထွက်ပြေးချင်နေသည်။ သို့သော် ဝမ်လင်းက သူ့ရှေ့တွင် ပေါ်လာ၏။ ဝမ်လင်း၏ လက်ဝါးက သူ့မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် ကျရောက်လာသည်။

“ငါ ဒီကို ရောက်လာခဲ့တာ သင့်ကို ပြန်လည်မွေးဖွားစေဖို့အတွက်ပဲ၊ သတ်ဖို့ မဟုတ်ဘူး…”  ဝမ်လင်း၏ တည်ငြိမ်သော စကားသံ ပဲ့တင်ထပ်၏။ ဤစကားမှာ ကောင်းကင်ကိုးခု နောက်ဆုံး ကြားလိုက်ရသော စကားများလည်း ဟုတ်သည်။ ဝမ်လင်း၏ လက်ဝါး ကျဆင်းလာသည့်အခါ သူ၏စိတ်ဝိညာဉ်သည် ချိပ်ပိတ်ခြင်း ခံရပြီး ဝမ်လင်း၏ ယူဆောင်ခြင်း ခံရတော့သည်။

ဝမ်လင်းသည် မိစ္ဆာသခင်ကောင်းကင်ကိုးခုကို လွယ်ကူစွာ ချိပ်ပိတ်ပစ်ခဲ့၏။ ထို့နောက် ဝမ်လင်းသည် အနောက်အရပ်သို့ ကြည့်ကာ သူ၏မျက်လုံးသည် အေးစက်လာသည်။

He could feel that that was where Miao Yin was healing.

ထိုနေရာတွင် မြောင်ယင် ဒဏ်ရာကုသနေသည်ကို သူ ရှင်းလင်းစွာ ခံစားမိနိုင်၏။

မြောင်ယင်သည် စိတ်ဝိညာဉ်စွမ်းအင် ပြည့်နေသော ဂြိုဟ်တစ်ခုပေါ်၌ ရှိနေ၏။ ထိုဂြိုဟ်သည် ရေဂြိုဟ်တစ်ခုပင်။ ၎င်းပေါ်၌ ကုန်းမြေဟူ၍ မရှိ၊ ကျွန်းအချို့သာ ရှိသည်။ ကျန်သည့်ဂြိုဟ်အစိတ်အပိုင်းများမှာ ပင်လယ်ဖြင့် ဖုံးလွှမ်းခံထားရ၏။

ထိုပင်လယ်သည် အပြာရောင်မဟုတ်၊ ရွှေရောင် ဖြစ်နေ၏။ လေပြင်းများကြောင်း ရွှေရောင်ပင်လယ်၌ လှိုင်းများထနေသည်။ ထိုပင်လယ်ထဲတွင် ကူးခတ်နေသော သားရဲအချို့ ရှိသည်။

မြောင်ယင်သည် ထိုပင်လယ်၏ အနက်ဆုံးပိုင်း၌ ထိုင်နေကာ သူ့ကို အမှောင်ထုက ခြုံလွှမ်းထားသည်။ သို့သော် အနီးကပ်ကြည့်ပါက အရိုးဖြူလွှလွှ ပင်လယ်တစ်ခုကို တွေ့မြင်ရလိမ့်မည်။

ထိုအရိုးများသည် သားရဲအရိုးများ ဖြစ်၏။ မြောင်ယင်သည် ပင်လယ်အနက်ပိုင်း၌ ဒဏ်ရာ ကုသနေ၏။

“ဝမ်လင်း၊ အိပ်မက်ပြာ၊ မင်းတို့နှစ်ယောက်လောက် သေချင်းဆိုးနဲ့ သေရမယ်…” ‌ မြောင်ယင်၏မျက်လုံးသည် ပွင့်ဟလာ၏။ သူ၏အမူအရာသည် ပုံပျက်ယွင်းနေသည်။ သူက အိပ်မက်ပြာကြောင့် ဒဏ်ရာရထားကာ သူ၏ကျင့်ကြံမှုသည် စိတ်ဝိညာဉ်လေဟာနယ်အဆင့်ထိ လျော့ကျခဲ့ရ၏။ သူ၏အထွတ်အထိပ်အနေထားသို့ ပြန်ရောက်ရန် နှစ်တစ်ရာလောက် အချိန်ပေးရလိမ့်မည်။ သူသည် အချိန်လု၍ အရူးအမူး ပြန်ကောင်းမွန်နိုင်ရန်သာ ကြိုးစားနေတော့သည်။

သူ မာန်သွင်းအော်ဟစ်လိုက်ရင်း မြောင်ယင်က ညာလက်ဖြင့် ပင်လယ်ထံ ဆန့်ထုတ်သည်။ ဝဲကတော့တစ်ခု ပေါ်လာကာ ရှည်လျားနက်မှောင်သော ပင်လယ်မြွေတစ်ကောင်သည် တုန်တုန်ယင်ယင် ပေါ်လာသည်။ ၎င်းသည် မရုန်းကန်ဝံ့ဘဲ ဝဲကတော့၏ ဖမ်းဆီးခြင်းကို ခံရသည်။

မြောင်ယင်သည် ထိုမြွေဦးခေါင်းကို ဆုပ်ကိုင်ကာ ၎င်း၏လည်ပင်းကို ကိုက်ချလိုက်၏။ သူက ရှိုက်သွင်းကာ ထိုမြွေ၏အနှစ်သာရအားလုံးကို စုပ်ယူသည်။ ထိုမြွေသည် ချက်ခြင်းပင် အရိုးစုအဖြစ် ပြောင်းသွားပြီး ဘေးတစ်ဖက်သို့ လွှတ်ပစ်ခြင်း ခံရသည်။

သူသည် ဆက်လက်ကျင့်ကြံရန် ဟန်ပြင်စဉ် သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားပြီး အပေါ်သို့ မော့ကြည့်လာ၏။

ဒီရွှေရောင်ပင်လယ်ပြင်ထက်ရှိ ကောင်းကင်သည် တွန့်ခေါက်ပုံပျက်ကာ ဝမ်လင်းက လှမ်းထွက်လာသည်။ သူ၏မျက်လုံးတို့က တောက်ပလျက် သူက အောက်ဘက်ရှိ ပင်လယ်ထံသို့ ကြည့်သည်။

“မြောင်ယင်…ဒီကနေ့ သင့်ကို ပြန်လည်မွေးဖွားခြင်းထံ စေလွှတ်ဖို့ ငါ ရောက်လာခဲ့ပြီ…”

All Chapters