← Chapters

ရှေးမျိုးနယ်ကို စောင့်ရှောက်မည်ဟု ဆရာ့ကို ပေးသောကတိ

Vol. 134 Ch. 1847

ရှေးမျိုးနယ်ကို စောင့်ရှောက်မည်ဟု ဆရာ့ကို ပေးသောကတိ

Vol. 134 Ch. 1847

နဂါးအင်ပါယာ၏ ခန္ဓာကိုယ်သည် ပြန်လည်မွေးဖွားခြင်းထံ လမ်းကြောင်း ဖြစ်၏။ ၎င်းက အဝေးထိ ဦးဆောင်ကာ မြင်ကွင်းမှာ အဆုံးမဲ့သည်။ ထိုလမ်းကြောင်းက ဝမ်လင်းအတွက် မသင့်တော်လှပါ။ သူက နဂါးပေါ်တွင် ရပ်ကာ အေးခဲနေသောဝန်းကျင်ကို ကြည့်၍ ထို့နောက်တွင် အကွာအဝေးတစ်ခုထံ လှမ်းကြည့်သည်။

ထိုအခိုက်၌ သူသည် လီချန်မေနှင့် တခြားသူများသည် ပြန်လည်မွေးဖွားဖို့အတွက် သူတို့၏လမ်းကြောင်း၌ ရှိနေသည်ကို မြင်နိုင်စွမ်း ရှိလေသည့်အလား။

“ဝမ်လင်း…မင်း လီမူဝမ်ရဲ့စိတ်ဝိညာဉ်ကို ကာကွယ်ပေးချင်ရင် သူမကို ခေါ်ပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို မင်းဘာသာ အတင်းအကြပ် သွားရမယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကို ခုခံဖို့ကတော့ မင်း ငါ ဖန်တီးပေးထားတဲ့လမ်းကနေ ထွက်ခွာမှာ ရမယ်။ မင်း လမ်းပျောက်သွားနိုင်တယ်။ မင်း သေရင်လည်း သေသွားနိုင်တယ်…”  ရွှမ်လော၏အသံသည် ဝမ်လင်းစိတ်ထဲတွင် ပဲ့တင်ထပ်သည်။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသက မမြင်နိုင်ဘူး။ အဲ့ဖိအားကိုပဲ ခံစားလို့ ရနိုင်မယ်။ မင်း ဒါကို ခုခံနိုင်ရင်တော့ လှမ်းလျှောက်နိုင်စွမ်း ရှိနိုင်မှာပါ…”

“ဒါပေမဲ့ ငါ့အကူအညီနဲ့ဆိုရင်တောင် မင်း အောင်မြင်နိုင်ဖို့ ငါးဆယ်ရာခိုင်နှုန်းပဲ အခွင့်အရေး ရှိတယ်။ ရှေးဟောင်းအချိန်တွေထဲက မဟာအင်ပါယာတစ်ယောက်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကို ခုခံဖို့ တစ်စုံတစ်ယောက်ကို ကူညီပေးခဲ့တာ ငါ မကြားမိဖူးဘူး။ မင်းက ပထမဆုံး ဖြစ်လောက်တယ်။ ဒါဟာ မင်းရဲ့ ကံပဲ။ ဒါကြောင့် မင်းအနေနဲ့ ဒီအဘိုးအိုကို ကျေးဇူး တင်နေစရာ မလိုဘူး…”

“မင်း အရောက်လှမ်းနိုင်ခဲ့ရင် ဒီအဘိုးအိုက မင်းကို တပည့်အဖြစ် လက်ခံမယ်။ မင်းကို ရှေးတောက်ကလန်ဆီ ခေါ်သွားမယ်။ မင်း သေခြင်းနဲ့ အဆုံးသပ်ခဲ့ရင်တော့ ပြန်လည်မွေးဖွားတဲ့သူတွေကို ငါ ကူညီပေးမယ်။ မင်း…ဂရုစိုက်ပါ…”

ရွှမ်လောသည် သက်ပြင်းချမိ၏။ သူက ဝမ်လင်းကို အတော်လေး သဘောကျပေသည်။ သူသည် ဝမ်လင်းထံသို့ အရာအားလုံး လက်လွှဲပေးကာ သူ ပြန်လည်မွေးဖွားစဉ်အတွင်း ရှေးတောက်ကလန်ကို စောင့်ရှောက်ပေးစေချင်၏။

သူသည် ဝမ်လင်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ဝင်ရောက်လာနိုင်ခဲ့ပါက ဆယ်စင်းမြောက်နေမင်း ဖြစ်လာဖို့ပါ သူက ကူညီပေးရန် စီစဉ်ထား၏။ သည်ကိစ္စက မခန့်မှန်းနိုင်ကာ ခက်ခဲသော်လည်း သူက တွေးထားမိ၏။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ မရေမတွက်နိုင်တဲ့ လှိုဏ်ဂူလောကတွေ ရှိတယ်။ ကလန်တိုင်းလိုလို သူတို့ရဲ့ ကိုယ်ပိုင်လှိုဏ်ဂူလောက ပိုင်ဆိုင်ကြတယ်။ လှိုဏ်ဂူလောကမှာ သက်ရှိပေါ်လာစေချင်ရင် မင်းအနေနဲ့ ကောင်းကင်ဘုံတာအို လိုအပ်လိမ့်မယ်။ ကောင်းကင်ဘုံတာအို အများအပြား မရှိပေမဲ့လည်း သူတို့ဟာ ရှားပါးလွန်းတာတော့ မဟုတ်ဘူး…”

“ခေတ်ကာလ တလျှောက် လှိုဏ်ဂူလောကတွေရဲ့ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ တံခါးကို ဖွင့်လှစ်ပြီး လှမ်းထွက်ဖို့ ကြိုးစားခဲ့ကြမယ်လို့ ငါ စိတ်ကူးကြည့်နိုင်တယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကြောင့် သေဆုံးကုန်ကြတာ…”

“မင်း နဂါးလမ်းကြောင်းကနေ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဆီ လျှောက်လှမ်းတဲ့အခါ ဝင်ပေါက်များစွာကို မြင်ကောင်းမြင်ရလိမ့်မယ်။ အဲ့ဝင်ပေါက်တွေဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ တခြားလှိုဏ်ဂူလောကတွေပဲ။ မင်းအနေနဲ့ မရေမတွက်နိုင်တဲ့ ခန္ဓာကိုယ်တွေကိုပါ မြင်ရနိုင်တယ်။ အဲ့ခန္ဓာကိုယ်တွေဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကြောင့် သေဆုံးခဲ့ကြတဲ့ သူတွေပဲ ဖြစ်တယ်…”

“လှိုဏ်ဂူလောကထဲက တစ်စုံတစ်ယောက်ဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဆီ ဝင်ရောက်တဲ့အခါ ဘယ်လိုအကျိုးဆက်မျိုး ဖြစ်မလဲ ငါလည်း မသိဘူး။ ဒါပေမဲ့ မင်းဟာ ပထမဆုံး အောင်မြင်တဲ့သူ ဖြစ်ဖို့ ငါ မျှော်လင့်ပါတယ်…”

“ငါ ကောင်းကင်ဘုံကုန်းမြေမှာ အချိန်အကြာကြီး နေလို့ မရဘူး။ ငါ မင်းကို ဆယ်နှစ်စောင့်မယ်။ မင်း ဆယ်နှစ်အတွင်း ထွက်မလာနိုင်ခဲ့ရင် မင်း သေပြီလို့ ငါ ယူဆလိုက်မယ်…”  ရွှမ်လော၏ စကားသံတို့သည် ဝမ်လင်း၏စိတ်ထဲ၌ ပဲ့တင်ထပ်၏။ သူ၏ပုံရိပ်က ဝမ်လင်းရှေ့တွင် ပေါ်လာလေသည်။

သူက ဝမ်လင်းကို သူ၏ကိုယ်ပိုင်မျိုးဆက်တစ်ယောက်ကဲ့သို့ ကြင်နာစွာ ကြည့်၏။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေကြောင့် မင်း ဘယ်လောက်ခရီးနှင်ပြီးပြီလဲ၊ ဒါမှမဟုတ် မင်း ဘေးကင်းရဲ့လား သိရဖို့အတွက် မင်းအပေါ်မှာ ငါ ဘာအမှတ်အသားမှ ချန်ထားလို့ မရနိုင်ဘူး။ ဆုံးဖြတ်ဖို့အတွက် ငါ အသုံးပြုနိုင်တဲ့ တစ်ခုတည်းသောအရာက အချိန်၊ ဆယ်နှစ်တာအချိန်ကာလပဲ။ ဝမ်လင်း…ဆယ်နှစ်ကျော်သွားရင် မင်း ဒီဥပဒေကို ခုခံဖို့ ကူညီပေးတဲ့ ငါ့မန္တာန်အစွမ်းဟာလည်း ပျက်စီးသွားလိမ့်မယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသဟာလည်း အထွတ်အထိပ်ကို ရောက်လိမ့်မယ်။ ခိုင်မာတဲ့စိတ်နှလုံးနဲ့သာ မင်း လမ်းမပျောက်သွားဖို့ ဖြစ်နိုင်လောက်မှာ…”

“ဆယ်နှစ်အတွင်း မင်းအနေနဲ့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်ဖို့ လိုလိမ့်မယ်…”

ဝမ်လင်းသည် ရွှမ်လောကို ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် ရွှမ်လော သူ့အတွက် လုပ်ဆောင်ပေးခဲ့သည့်အရာကို ထာဝရ မှတ်ထားမည် ဖြစ်၏။

“အခု မင်း ထွက်မသွားခင်၊ ငါ့ကို ပြောပါ။ မင်း ငါ့ကို ဆရာအဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိလား…”

ရွှမ်လော၏အသံသည် ညင်သာ၏။ ထိုအသံ ဝမ်လင်းနားထဲ ဝင်ရောက်လာသည့်အခါ သူ့ကို နွေးထွေးမှု ပေးသည်။

“ဆရာ…”  ဝမ်လင်းသည် သည်ကြင်နာမှုနှင့် တာဝန်ခံမှုအတွက် လက်မခံရန် မည်သည့်အကြောင်းပြချက်မှ မရှိတော့ပေ။ ဝမ်လင်းက သူ ရွှမ်လောကို ဆရာအဖြစ် အသိအမှတ်ပြုခြင်းသည် ရှေးတောက်ကလန်နှင့် ပတ်သတ်မှု၊ တာဝန်ယူရမှုတို့ ရှိသွားပြီဟု ဆိုလိုသည်ကို နားလည်ပေသည်။

ဆိုလိုသည်မှာ သူသည် သူ့အသက်နှင့်ရင်း၍ ရှေးတောက်ကလန်ကို ကာကွယ်ရမည် ဟူ၏။

ဤသည်မှာ ရွှမ်လော သူ့အတွက် လုပ်ပေးခဲ့သမျှကို ပြန်ပေးဆပ်ခြင်းလည်း ဟုတ်သည်။

ရွှမ်လောက ရယ်မောလိုက်၏။ သူက အလွန်ပျော်နေသည်။ သူသည် ဝမ်လင်းကို ကြည့်ကာ ထရပ်နိုင်အောင် ကူညီပေး၏။ သူက ဝမ်လင်းကို အသေအချာ ကြည့်နေပြီး သူ၏ရယ်သံသည် ပဲ့တင်ထပ်လေသည်။

“တပည့်…ဆရာက မင်းကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ စောင့်နေမယ်…”

ရွှမ်လောသည် ထိုသို့ ဆိုရင်း သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ နဂါးလမ်းကြောင်းရှိ ရေခဲအပိုင်းတစ်ခုမှာ အရည်ပျော်ကာ အဟတစ်ခု ဖန်တီးလေသည်။ ထိုအဟထံမှ တစ္ဆေအလင်း ပေါက်ကွဲထွက်၏။ ထိုအလင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေတစိတ်တပိုင်းပင်။

“မင်းက ငါ့တပည့် ဖြစ်သွားပြီ။ ဒါ့ကြောင့် မင်းကို ငါ လက်ဆောင်တစ်ခု ပေးလိုက်မယ်…”

ရွှမ်လောက သူ့ညာလက်ဖြင့် သူ့နှဖူးကို ထိရိုက်ကာ လျှာထိပ်ကို ကိုက်၍ သွေးတပွက် ထွေးထုတ်လိုက်သည်။ ထိုသွေးက အနီရောင်တောက်ပမှုကို ပေးစွမ်းကာ သွေးနဂါးအဖြစ်သို့ ပြောင်းသည်။ ထိုသွေးနဂါးသည် ဟိန်းမြည်သံ ပေးလျက် ဝမ်လင်းကို ဝန်းရံပြီး သူ့ကို ရေခဲလမ်းကြောင်းအဟထံ ခေါ်ဆောင်သွားတော့သည်။

“ဆရာဟာ နေကိုးစင်းထဲက တစ်စင်းပဲ။ ဒါ့ကြောင့် ငါ့အနှစ်သာရသွေးဟာ မင်းကို ခဏတော့ ကာကွယ်ပေးနိုင်လိမ့်မယ်။ အခု အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေကို ခုခံရာမှာ ကူညီပေးဖို့ ငါ မင်းအပေါ်မှာ မန္တာန် အသုံးပြုတော့မယ်…”

ဝမ်လင်းသည် သွေးနဂါးနှင့်အတူ အဟထံသို့ တရှိန်ထိုး ဦးတည်လာ၏။ သူ့ညာလက်ကို လေဟာနယ်ထံ ဆန့်ထုတ်လိုက်ရာ တစ္ဆေအလင်းများ ပျံသန်းထွက်လာသည်။

ထိုတစ္ဆေအလင်းများသည် ဝမ်လင်း၏သိုလှောင်နေရာလွတ်ထဲရှိ သက်ရှိများနှင့် စိတ်ဝိညာဉ်များပင်။ အရူးမှလွဲ၍ သူ၏သိုလှောင်နေရာလွတ်ထဲရှိ သက်ရှိအားလုံးနီးပါးသည် ပေါ်လာကြသည်။

ရှုလီကော၊ လျိုကျင်းပြောင်၊ ခြင်သားရဲများ၊ စသဖြင့်။ ကြီးမားလွန်းသော လမြွေနဂါးသည်ပင် ပေါ်လာမည့် အရိပ်အယောင် ပြသလာ၏။

“ဒီသက်ရှိတွေက တပည့်နောက်ကို လိုက်လံခဲ့တာ အချိန်ကြာလွန်းခဲ့ပါပြီ။ ဆရာက သူတို့ကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ ပို့ပေးလို့ ရနိုင်မလား တပည့်အနေနဲ့ တောင်းဆိုမေးမြန်းချင်ပါတယ်…”  ဝမ်လင်း ထိုသို့ ပြောလိုက်ရုံရှိသေး ခြင်သားရဲအုပ်ကို ဦးဆောင်သော ဝမ်လင်း၏ခြင်သားရဲဘုရင်၏ မျက်လုံးထဲ၌ ရူးသွပ်သည့်အရိပ်အယောင် လှစ်ဟပေါ်သည်။ ထိုခြင်သားရဲများသည် ရေခဲပြင်လမ်းကြောင်းထဲရှိ အဟထံသို့ ကမူးရှုးထိုး ဦးတည်ကြလေ၏။

ကြည့်ရသည်မှာ ပြင်ဘက်၌ ၎င်းတို့ လိုချင်သော အရာတစ်ခုခု ရှိနေသည့်အလား။ အရူးအမူး တိုးဝင်ကြတော့သည်။ ထိုရုတ်တရက် ပြောင်းလဲမှုက ဝမ်လင်းကို တုန်လှုပ်သွားစေ၏။ ရွှမ်လောကိုပင် မင်သက်မိသွားစေသည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ မမြင်ရသော ဥပဒေသမှာ သည်နက်မှောင်သော လေဟာနယ်အတွင်း၌ ပြည့်နေသည်။ သို့သော် ခြင်သားရဲများသည် မည်သို့မျှ မသက်မသာ မဖြစ်လေသည့်အလား။ ၎င်းတို့က တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခုကို စတင်လေတော့သည်။

သူတို့၏ခန္ဓာကိုယ်များသည် မြန်ဆန်စွာ ချဲ့ကားလာ၏။ သူတို့၏ဦးခေါင်းများက ပိုကြီးမားလာကာ ခန္ဓာကိုယ်များထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။ ယင်းခြင်သားရဲများထံမှ တစ္ဆေအလင်းတောက်ပမှုကို ပေးစွမ်းလာ၏။ ယင်းတို့က သက်တောင့်သက်သာ ဖြစ်နေသည့်ပုံ ရသည်။

သို့သော် တအောင့်အကြာတွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ထပ်ဖြစ်လာသည်။ တချို့အကြောင်းများကြောင့် ခြင်သားရဲများသည် သက်တောင့်သက်သာ ခံစားနေရရင်း နာကျင်စွာ အော်ဟစ်လိုက်ကြ၏။ ကြီးမားသော ခြင်သားရဲများစွာသည် နာကျင်စွာ‌ အော်မြည်၍ ပေါက်ကွဲကုန်သည်။

သူတို့သည် အသွေးအသားမြူအဖြစ် ပြောင်းကာ ပျောက်ကွယ်ကုန်သည်။ ဝမ်လင်းက အံ့အင်းသင့်သွားကာ ခုထိ မပျက်စီးသေးဘဲ ဆက်လက်ကြီးထွားနေသော ခြင်သားရဲများကို ကယ်တင်ရန် ဟန်ပြင်လိုက်၏။ သို့ပေမည့် မကြာမီတွင် ထိုတောင်တစ်လုံးစာ အရွယ်ရှိနေသော ခြင်သားရဲများလည်း ပေါက်ကွဲကုန်သည်။ သို့သော် ကျန်သည့်ခြင်သားရဲများက ဆက်လက် ကြီးထွားနေ၏။

အထူးသဖြင့် ဝမ်လင်း၏ခြင်သားရဲဘုရင်ပင်။ ၎င်းမှာ သွေးများ ပြည့်ဖုံးကာ နာကျင်စွာ အော်ဟစ်နေ၏။ ၎င်းသည် အားတခုခုနှင့် တိုက်ခိုက်နေပုံရကာ တစ်စုံတစ်ခုနှင့် ပေါင်းစပ်နေပုံ ရသည်။

ဝမ်လင်းနှင့် ခြင်သားရဲဘုရင်တို့က နက်ရှိုင်း‌သော ဆက်နွှယ်မှု ရှိ၏။ သူသည် တုံ့နှေးမနေဘဲ ကူညီပေးရန် ဟန်ပြင်တော့၏။ သို့သော် ရွှမ်လောက သူ့ကို တားလိုက်သည်။ ခြင်သားရဲဘုရင်ကလည်း ဝမ်လင်း၏ ကူညီပေးချင်သည့် စိတ်ဆန္ဒကို မြင်သည်။ သို့သော် ၎င်းက ရုန်းကန်၍ ပိုဝေးသောနေရာသို့ ပျံသန်းသွားသည်။ ဝမ်လင်းကို ကြည့်နေသော ၎င်း၏မျက်လုံးထဲ၌ ပြတ်သားမှုတို့ ပြည့်နေ၏။

“မတားနဲ့။ မင်းရဲ့ ဒီသားရဲအုပ်က သာမန်မဟုတ်ဘူး…”  ရွှမ်လောသည် ခြင်သားရဲဘုရင်ကို စိုက်ကြည့်နေလျက် သူ့မျက်လုံးသည် တောက်ပလာသည်။ သူ၏အသံက အလေးအနက် ဖြစ်လာ၏။

“သူတို့က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသ ပြည့်နှက်နေတဲ့ လေဟာနယ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်နေကြတာ။ သူတို့ရဲ့ ပုံစံအသွင်အရ သူတို့ရဲ့ဘိုးဘေးတွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်များစွာက ဒီနေရာမှာ နေထိုင်ရှင်သန်ခဲ့ပုံ ပေါ်တယ်။ သူတို့အတွက်ကတော့ ဒါဟာ သူတို့ရဲ့ မွေးရပ်မြေကို ပြန်ခြင်းနဲ့ ဆင်တူတယ်။ သူတို့ရဲ့ စိတ်ဝိညာဉ်ဟာ သူတို့ရဲ့ အိမ်ကို အာရုံခံမိနိုင်တယ်။ ဒါပေမဲ့ သူတို့ဟာ ဒီမှာ ကြီးပြင်းခဲ့ကြတာ မဟုတ်ဘူး။ ဒါ့ကြောင့် သူတို့ရဲ့ စိတ်ဝိညာဉ်တွေမှာ ပြဿနာ ရှိနေပြီး သေဆုံးကုန်ကြတာ…”

“ဒါဟာ ရေကုန်ခမ်းခါနီးချိန်မှာ လိုက်လျောညီထွေ ဖြစ်အောင် ရှင်သန်နိုင်အောင် လုပ်နေတဲ့ ငါးတစ်ကောင်နဲ့ အလားသဏ္ဌာန်တူတယ်။ ဒါပေမဲ့ ရေထဲ ပြန်ရောက်သွားရင် ဒီငါးတွေဟာ ပျော်မြူးမှာပဲ မဟုတ်လား။ မင်း ဒီခြင်းရဲတွေကို မတားဆီးသင့်ဘူး။ ဒါဟာ သူတို့အတွက် အရေးကြီးလှတဲ့ အသွင်ပြောင်းဖြစ်စဉ်ပဲ…”

ရွှမ်လောသည် ခြင်သားရဲများကို စိုက်ကြည့်ကာ စဉ်းစားနေ၏။

ရွှမ်လော ထိုသို့ ပြောနေစဉ်မှာပင် ခြင်သားရဲများစွာသည် ပိုသေကုန်၏။ အခုချိန်၌ ကျန်ရစ်သော ခြင်သားရဲမှာ တစ်ရာပင် မပြည့်တော့ပေ။ သို့ပေမည့် ထိုတစ်ကောင်ချင်းစီမှာ တုန်လှုပ်ဖွယ်ကောင်းအောင် ကြီးမားလှ၏။ သူတို့၏ခန္ဓာကိုယ်များက အရူးအမူး ချဲ့ကားနေလျက် သူတို့၏ပုံပန်းသွင်ပြင်သည် နာကျင်ဟန် လှစ်ဟပေါ်နေသည်။

ခြင်သားရဲ မြောက်များစွာ သေဆုံးကုန်ပြီ ဖြစ်သော်လည်း တစ်ကောင်တလေကမျှ နောက်ဆုတ်ဖို့ မရွေးချယ်ကြပေ။ သူတို့၏စိတ်မှာ ရှင်း၏။ သူတို့သည် သူတို့၏ ဆင့်ကဲတိုးတက်မှုအတွက် အရေးကြီးဆုံးအခွင့်အရေး ဖြစ်သည်ဟု ခံစားမိနိုင်သည်။ သူတို့သာ အောင်မြင်သွားသည်နှင့် သူတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်လာပေလိမ့်မည်။

သူတို့၏ စိတ်ဝိညာဉ်များထဲမှ ဘိုးဘေးများ၏ မှတ်ဉာဏ်များသည် သူတို့ ချဲ့ကားနေရင်း ပေါက်ကွဲထွက်လာနေ၏။

အထူးသဖြင့် ဝမ်လင်း၏ခြင်သားရဲဘုရင်မှာ အကြီးဆုံး၊တုန်လှုပ်ဖွယ် အကောင်းဆုံး ဖြစ်၏။ ၎င်း၏ခန္ဓာကိုယ်သည် ပေထောင်ချီ ရှည်လျားနေသည်။

၎င်း၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ပေါက်ကွဲထွက်နေ၏။

အမွှေးတိုင်တတိုင်ဝက်စာ အချိန် ကုန်လွန်သွားလေပြီ။ ဝမ်လင်းသည် စိတ်ပူပန်လာသည်။ တစ်ရာပင် မပြည့်တော့သော ကျန်သည့် ခြင်သားရဲများသည် ထပ်မံ ပျက်စီးလာပြန်သည်။ သည်တစ်ကြိမ်၌ ဝမ်လင်းသည် ဆက်၍ မစောင့်နိုင်တော့ပေ။ သူသည် ခြင်သားရဲများသည် ဆင့်ကဲတိုးတက်သည်ထက် သေဆုံးသည်က ပိုနေသည်ကို မြင်နေရတာ မဟုတ်လား။

ခြင်သားရဲဘုရင်သည် ဝမ်လင်းအတွက်တော့ ဆွေမျိုးပင်။ ၎င်းက သူနှင့် နှစ်ပေါင်းနှစ်ထောင်ကျော် အတူရှိခဲ့သည် မဟုတ်လား။ ခြင်သားရဲများ ပျက်စီးနေရင်း ဝမ်လင်းသည် ရေခဲလမ်းကြောင်းမှ တရှိန်ထိုး ထွက်လာကာ ပျက်စီးနေသော ခြင်သားရဲများထံ ဦးတည်လေသည်။

သူ နီးကပ်လာစဉ် ထိုပျက်စီးခြင်းထံမှ ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းအော်သံ တစ်သံ ထွက်ပေါ်လာသည်။ နောက်ထပ် ဟိန်းအော်သံကိုးသံကပါ လိုက်ပါလာ၏။

ထိုအသံများသည် အတူတကွ ချိတ်ဆက်သွား၏။

ခြင်သားရဲများ ပျက်စီးနေကြစဉ် ခြင်သားရဲဘုရင်သည် ထိုးထွက်လာ၏။ ၎င်းမှာ ဂြိုဟ်တစ်လုံး အရွယ်အစားမျှ ရှိနေ၏။ ၎င်း၏ကြီးမားသော ခြင်နှုတ်သီးကြီးက တွေ့မြင်ရသူတိုင်း၏ ဦးရေပြားကို ထုံထိုင်းသွားစေလိမ့်မည်။

၎င်းနောက်တွင် ရွှေရောင်ခြင်သားရဲကိုးကောင် လိုက်ပါလာ၏။ ၎င်းသားရဲ တစ်ကောင်ချင်းစီသည်  အရွယ်အစား ကြီးမားလွန်းလှ၏။ ယင်းတို့ထံမှ ကြမ်းကြုတ်လှသောအော်ရာကို ပေးစွမ်းနေသည်။ ရွှမ်လောက ဤသည်ကို တွေ့မြင်သည့်အခါ သူ၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဟာ အစဦးတုန်းက အပျက်အစီးကုန်းမြေတစ်ခု ဖြစ်တယ်လို့ ကောလဟာလ စကား ရှိတယ်။ အဲ့ဒီနောက် နတ်ဘုရားနယ်မြေ ပေါ်လာပြီး သက်ရှိတွေကို ဖန်တီးခဲ့တာ။ ဒီနောက်မှာ ကြယ်တွေ ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ကုန်းမြေအောက်မှာသာ ဖြစ်တယ်…”

“အဲ့ဒီနောက်ပိုင်းမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေဟာ ပင်လယ်လို သက်ဆင်းလာခဲ့တယ်တဲ့။ ရှေးဘိုးဘေးနဲ့ တချိန်တည်းမှာ မတူညီတဲ့ သားရဲကိုးကောင်ပါ ပေါ်လာခဲ့ကြတယ်လို့ ဆိုတယ်။ ဒီသားရဲဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဗရမ်းဗတာဖြစ်မှုနဲ့ ပေါင်းစပ်နိုင်ခဲ့ကြတယ်။ ဒီတော့ ဒီခြင်သားရဲတွေဟာ ဖြစ်နိုင်တာက…”

ရွှမ်လော၏ မျက်လုံးသည် ပြူးကျယ်လာကာ မယုံကြည်နိုင်မှုတို့ ပြည့်လာလေ၏။

All Chapters