အနာဂတ်၌ အသန်မာဆုံးကိုယ်ပွား
Vol. 134 Ch. 1851
၎င်းခြင်းသားရဲက ဆင့်ကဲဖြစ်စဉ်များကို မြန်ဆန်စွာ ကျော်ဖြတ်ဖို့အတွက် ကြီးမားစွာ စွန့်စားခဲ့ရ၏။ ၎င်းသည် ဝမ်လင်းကို ရှာဖို့ ရည်ရွယ်ချက်တစ်ခုတည်းအတွက် ၎င်း၏အဖော်များကိုပါ ဝါးမြိုခဲ့ပေသည်။
လေဟာနယ်အတွင်း၌ ၎င်း၏ဝမ်းနည်းဖွယ်ငိုကြွေးအော်ဟစ်သံ ပဲ့တင်ထပ်နေ၏။ ၎င်းသည် ခန္ဓာကိုယ်အထည်ဒြပ် မရှိတော့ဘဲ တိမ်မြူကဲ့သို့ ဖြစ်နေလေ၏။ ၎င်းသည် အဆုံးမဲ့ဒီလေဟာနယ်အတွင်း မြန်ဆန်စွာ သွားလာနေသည်။ ၎င်းသည် ရှာဖွေနေရင်း စိတ်မရှည် ဖြစ်လာ၏။ ၎င်းက ခဏ ရပ်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွားသည်။
၎င်း၏မြူအစုအဝေးသည် အစိတ်အပိုင်းတစ်သောင်းထိ ပြောင်းလဲသွား၏။ ထို့နောက် ခြင်သားရဲ တစ်သိန်းထိ ပြောင်းလဲကာ ဦးတည်ရာတစ်သိန်းထံသို့ ရှာဖွေတော့သည်။ ထိုခြင်သားရဲများက သူတို့၏သခင်ကို ရှာဖွေဖို့အတွက် အော်မြည်နေလေ၏။
လေဟာနယ်၏အတွင်းနက်ပိုင်း၌ အလောင်းတစ်လောင်းနှင့်ခေါင်းတလားတစ်ခုသည် လွင့်မြောနေ၏။ ထိုအလင်းက ခေါင်းတလားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ထိုအလောင်းသည် သည်လေဟာနယ်၌ လွင့်မြောနေသည်မှာ ဆယ်စုနှစ်ရှိခဲ့လေပြီ။
ထိုအလောင်းထံမှ အဖြူရောင်အလင်း ဖြည်းဖြည်းချင်း ထွက်ပေါ်နေ၏။ ထိုအဖြူရောင်အလင်းသည် ဝမ်လင်းအလောင်းခန္ဓာနှစ်ခုထံမှ စုပ်ယူခဲ့သော အဖြူရောင်အလင်းနှင့် အတူတူပင်။ ၎င်းအလင်းသည် ဝမ်လင်းအလောင်း၏ ရင်ဘက်ပေါ်၌ စုဝေးနေသည်။ ၎င်းအလင်းမှာ သည်လေဟာနယ်၏ ဆန်းကြယ်သောအားတစ်ခု ဖြစ်ပေ၏။
ယနေ့တွင် ထိုခန္ဓာနှင့်ခေါင်းတလားတို့က မြောလွင့်နေစဉ် မြူခိုးဖြင့် ပြုလုပ်ထားသော လက်သီးစုပ်ခန့်အရွဘ် ခြင်သားရဲတစ်ကောင် ပျံသန်းလာ၏။ ထိုခြင်သားရဲက ဆက်တိုက် အော်မြည်နေကာ ထိုခန္ဓာနှင့်အလောင်းကို ဖြတ်ကျော် ပျံသန်းသွားသည်။ သို့ပေမည့် မကြာမီတွင် ထိုခြင်သားရဲက တုန်ယင်သွားကာ အကွာအဝေးတစ်ခုရှိ ထိုခန္ဓာနှင့်အလောင်းတို့ကို စိုက်ကြည့်သည်။
စိတ်လှုပ်ရှားစွာ အော်ဟစ်သံ ပဲ့တင်ထပ်လာသည်။ ခြင်သားရဲသည် ရူးသွပ်သွားသည့်အလား ထိုခန္ဓာကိုယ်ထံ တရကြမ်း တိုးဝင်လာသည်။ ၎င်းသည် နီးကပ်လာစဉ် ပိန်လှီနေသော အလောင်း၏မျက်နှာထံသို့ ကြည့်၍ ကျယ်လောင်စွာ အော်ဟစ်သည်။
ထိုခြင်သားရဲသည် လူတစ်ယောက်ကဲ့သို့ စကားမပြောနိုင်ပေ။ သို့သော် ၎င်း၏အော်သံက စကားအားလုံးထက် သာလွန်၏။ ၎င်း၏ ဟိန်းသံက ဝမ်းနည်းမှုအပြည့်၊ မျှော်လင့်ချက်မဲ့မှုကို ပြန်ခေါ်သံတည်း။
ခြင်သားရဲသည် ဟိန်းအော်နေစဉ် လေဟာနယ်အတွင်းမှ အခိုးအငွေ့အမျှင်တန်းများ ထွက်ပေါ်လာကာ အခိုးအငွေ့တစ်ခုချင်းစီတွင် ခြင်သားရဲတစ်ကောင်စီ လှစ်ဟပေါ်သည်။ ထိုအခိုးအငွေ့ခြင်သားရဲ တစ်သိန်းကျော် စုဝေးလာကာ ဝမ်လင်း၏ခြင်သားရဲဘုရင် ဖြစ်ပေါ်သည်။
ထိုခြင်သားရဲဘုရင်၏ မျက်လုံးတို့မှာ ချင်းချင်းနီရဲနေ၏။ ၎င်းသည် အော်ဟစ်နေရင်း ၎င်း၏ပါးစပ်ကြီးဖြင့် ဝမ်လင်းကို ထိသည်။ ၎င်းက အိပ်ပျော်နေသော ဝမ်လင်းကို နိုးဖို့ ကြိုးစားလေသည့်အလား။ သို့သော် ၎င်းမှာ အကြိမ်တိုင်း ကျရှုံးသည်။
မရေမတွက်နိုင်အောင် ကြိုးစား၏။ မရေမတွက်နိုင်အောင် ကျရှုံးပေသည်။ ခြင်သားရဲဘုရင်၏ ခန္ဓာကိုယ်မှာ တုန်ယင်လာ၏။ ၎င်း၏အော်သံသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်သဖြင့် ကြမ်းရှလာသည်။ ၎င်းသည် ၎င်း၏သခင်ဖြစ်သူကို အချိန်အကြာကြီး ရှာဖွေနေခဲ့ရပြီး အခု တွေ့မြင်နေရပေပြီ။ သို့သော် ၎င်းတွေ့မြင်သည်က အလောင်းတစ်လောင်း ဖြစ်နေလေ၏။
ရိုးစင်းသောစိတ်သာ ရှိသည့် ခြင်သားရဲဘုရင်မှာ ဤအချက်ကို လက်မခံနိုင်ပေ။ ၎င်းက ဝမ်လင်းနှင့်ခေါင်းတလားကို သယ်ယူကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းလာတော့သည်။
ဒီလေဟာနယ်သည် တခြားသူများအတွက် အလွန်ကြောက်မက်ဖွယ် ကောင်း၏။ သို့သော် ဆင့်ကဲပြောင်းလဲမှု ငါးကြိမ် ဖြတ်ကျော်ပြီးသော ခြင်သားရဲဘုရင်သည် မည်သို့မျှ မသက်မသာ မဖြစ်လေပေ။ ၎င်းက ဝမ်လင်းနှင့်ခေါင်းတလားကို သယ်ကာ ချက်ခြင်းပင် ကျယ်ပြောလှသော အကွာအဝေးများကို ဖြတ်သန်းလာ၏။
ဆင့်ကဲပြောင်းလဲမှု ငါးကြိမ် ဖြတ်ကျော်ပြီးနောက် ထိုခြင်သားရဲ၌ သည်လေဟာနယ်နှင့် ပတ်သတ်၍ ဝေဝေဝါးဝါးမှတ်ဉာဏ်အချို့ ရလာသည်။ ၎င်းက သည်လေဟာနယ်အတွင်း၌ ၎င်း၏သခင်ဖြစ်သူကို နိုးစေနိုင်မည့် နေရာတစ်ခု ရှိသည်ဟု ခံစားမိသည်။
သို့ပေမည့် ထိုတည်နေရာမှာ အလွန်ကွယ်ဝှက်လွန်းလှသည်။ ခြင်သားရဲအတွက်ပင် ရှာဖွေဖို့ အချိန်များစွာ ယူရမည်။
ခြင်သားရဲက ပျံသန်းလာခဲ့တာ အကွာအဝေးမည်မျှ၊ အချိန်မည်မျှ ရှိပြီကို မသိရနိုင်တော့ပေ။ ခြင်သားရဲဘုရင်သည် အချိန်ကြာမြင့်စွာ ရှာဖွေနေရင်း နောက်ဆုံး၌ လုံးဝန်းသောကုန်းမြေတစ်ခုကို တွေ့မြင်၏။
သို့မဟုတ် ကုန်းမြေထက်စာလျှင် ထိုအရာက ကြီးမားသော ကျောက်ဖျာတစ်ခုနှင့် ပိုတူ၏။
ထိုကျောက်ဖျာ၏ ပုံပန်းအသွင်မှာ မညီမညာ ရှိ၏။ ၎င်းက တစ်စုံတစ်ခု၏ အစိတ်အပိုင်း ဖြစ်သည့်ပုံ ရသည်။ ထိုကျောက်ဖျာသည် ပေတစ်သိန်းမျှ ကျယ်ပြောပြီး အလွန်ကြီးမားခြင်း မရှိပေ။ ၎င်းထံမှ ဝမ်လင်း အလောင်းခန္ဓာကိုယ်နှစ်ခုထံမှ စုပ်ယူခဲ့သော အဖြူရောင်အလင်းနှင့် တူညီသောအလင်းကို ပေးစွမ်းနေသည်။
ထိုကျောက်ဖျာတွင် မည်သည့်အရာမျှ မရှိပေ။ ၎င်းကို မမြင်ရသော အရံအတားတစ်ခုက ဝန်းရံထားပြီး မည်သည့်အရာမျှ ဝင်မလာနိုင်အောင် ကာဆီးထားသည်။
ထိုအရံအတားသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေဖြင့် အလုံးစုံ ဖြစ်ပေါ်ခြင်းတည်း။ ဝမ်လင်း မဆိုနှင့် ရွှမ်လောသည်ပင် ထိုအရံအတားကို ချိုးဖျက် ဝင်ရောက်ဖို့ ခက်ခဲပေလိမ့်မည်။
ကောင်းကင်ဘုံဘိုးဘေး၊ ရှေးဘိုးဘေးနှင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသမှ မွေးဖွားခဲ့သော ထူးခြားသားရဲကိုးကောင်တို့သည်သာ ထိုအရံအတားအတွင်းသို့ ဝင်နိုင်မည်။
ခြင်သားရဲဘုရင်၏ ဝေဝေဝါးဝါးမှတ်ဉာဏ်ထဲ၌ ၎င်းက ၎င်း၏ဘိုးဘေးများသည် အခုလို လုံးဝန်းသောကျောက်ဖျာကနေ မွေးဖွားခဲ့သည်ကို တွေ့မြင်ထားခဲ့၏။ ထို့အတွက် ၎င်း၏သခင်ဖြစ်သူသာ ဒီလိုကျောက်ဖျာအတွင်း ဝင်ရောက်နိုင်ခဲ့ပါက ၎င်း၏သခင်သည် ကျိန်းသေပေါက် နိုးထလာမည်သာ။
ခြင်သားရဲဘုရင်က ဝမ်လင်းနှင့်ခေါင်းတလားကို သယ်ကာ ဒီလုံးဝန်းသောကျောက်ဖျာထံသို့ ဦးတည်လာ၏။ ခြင်သားရဲဘုရင်က ဝင်ရောက်လာသည်။ သို့သော် ဝမ်လင်းနှင့် ခေါင်းတလားတို့မှာ အပြင်ဘက်တွင် ရပ်တန့်သွား၏။
ခြင်သားရဲဘုရင်က မင်သက်သွား၏။ ၎င်းက ချက်ခြင်း ပြန်ထွက်လာသည်။ ၎င်းသည် ဝမ်လင်းကို သယ်ကာ ထပ်မံ၍ ကြိုးစားပြန်သည်။ သို့သော် ကျရှုံးသည်ပင်။
ထို့အတွက်ကြောင့် ခြင်သားရဲဘုရင်က စိတ်ပူပန်လာပြီး စတင်အော်ဟစ်ပြန်သည်။ ၎င်းက ဝမ်လင်း၏ ဆံပင်စတစ်စကို ၎င်း၏ပါးစပ်နှင့်ယူကာ တဖန် တိုးဝင်လာတော့သည်။ ၎င်းက ထပ်မံ ဝင်ရောက်သွား၏။ သို့သော် ဆံပင်စမှာ အပြင်ဘက်တွင်သာ ကျန်ခဲ့၏။
ခြင်သားရဲဘုရင်သည် ရူးသွပ်လာ၏။ ၎င်းက ကျောက်ဖျာထံမှ ပြန်ထွက်၏။ ၎င်းသည် ဝမ်လင်းဘေးတွင် ဝဲပျံသန်းကာ ကျောက်ဖျာကို ဟိန်းဟောက်တော့သည်။ တအောင့်အကြာတွင် ၎င်း၏မျက်လုံးထဲ၌ ရူးသွပ်မှု ပေါ်လာကာ ၎င်း၏ပါးစပ်ကြီးသည် ကျဉ်းမြောင်းသွားသည်။ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ကို ဂရုတစိုက် ထိုးဖောက်ကာ ဝမ်လင်း၏သွေ့ခြောက်သော ခန္ဓာကိုယ်မှ သွေးတစ်စက်ကို သေသေချာချာ စုပ်ယူသည်။
ထိုသွေးကို ခြင်သားရဲဘုရင်က ဝါးမြို၍ ၎င်း၏ခန္ဓာကိုယ်တွင်းရှိ အခိုးအငွေ့အလွှာများဖြင့် ကာကွယ်ပေးသည်။ ၎င်းသည် ကျောက်ဖျာထံ တရကြမ်း တိုးဝင်သည်။ သည်တကြိမ်၌ ၎င်းမှာ အရံအတား၏ တဝက်တွင် တစ်ဆို့သွားသည်။ ၎င်းသည် နာကျင်စွာ အော်မြည်၍ ထိုနေရာတွင်သာ တစ်နေသည့်ပုံ ရသည်။ ၎င်းသည် သွေးစက်ကို ထွေးမထုတ်ပစ်ပါက မဝင်ရောက်နိုင်သည့်အလား။
ခြင်သားရဲဘုရင်သည် ကောင်းကင်တုန်လှုပ်ဖွယ် အော်မြည်သံကို ထုတ်ဖော်ကာ ဝင်ရောက်ရန် ရုန်းကန်သည်။ သို့သော် အရံအတားက အားကောင်းလွန်း၏။ ခြင်သားရဲဘုရင်သည် တဝက်သာ ဝင်နိုင်သည်။ ၎င်းသည် မည်မျှ ခက်ခက်ခဲခဲ ရုန်းကန်ပါစေ ရှေ့မဆက်နိုင် ဖြစ်ရသည်။
အကြိမ်ကြိမ် ကြိုးစားပြီးနောက် ခြင်သားရဲဘုရင်၏ မျက်လုံးက နီရဲလာ၏။ ၎င်း၏ မြူကဲ့သို့ ခန္ဓာကိုယ်မှာ ကြုံ့လာ၏။ ၎င်း၏အနှစ်သာရအားလုံးသည် ဝမ်လင်းသွေးစက်ပတ်လည်လည် သိပ်သည်းလာသည့်နှယ်။ ၎င်းက ပါးစပ်ဟကာ ထိုသွေးစက်ကို ထွေးထုတ်လိုက်၏။
ခြင်သားရဲ၏ ရှည်လျားသော ပါးစပ်အပါအဝင် ခန္ဓာကိုယ်၏ ရှေ့တဝက်က အရံအတား၏ တခြားဘက်တွင် ရှိသည်။ ၎င်းသည် သွေးစက်ကို ထွေးထုတ်လိုက်ရာ ထိုသွေးသည် အရံအတား၏ အတွင်းပိုင်းသို့ ဝင်ရောက်လာသည်။
သို့ပေမည့် အရံအတားအတွင်း၌ အပြင်ကနေ မည်သည့်အရာကိုမျှ ဝင်လာခွင့် မပြုလေပေ။ ဝမ်လင်း၏သွေးမှာ စတင်အငွေ့ပျံ့လာကာ ပျောက်ကွယ်တော့ပေမည်။ ခြင်သားရဲဘုရင်က တဟုန်ထိုး ဝင်ရောက်လာ၏။ ခြင်သားရဲဘုရင်က ၎င်း၏ခန္ဓာကိုယ်ကို အသုံးပြုကာ ထိုသွေးစက်ကို ကာကွယ်ပေး၏။ ၎င်းက နာကျင်စွာ အော်ဟစ်လိုက်ရသည်။
၎င်း၏ခန္ဓာကိုယ်မှာ ချက်ခြင်းပင် လွင့်ပြယ်မည့် အရိပ်အယောင် ပြသလာကာ အတော်လေး ကြုံ့သွားသည်။ သို့ပေမည့် ၎င်း၏ ကာကွယ်ပေးမှုအောက်တွင် သွေးစက်၏ အစိတ်အပိုင်းများစွာမှာ အငွေ့ပျံသွားသော်လည်း သွေးစက်အမျှင်တန်းတစ်ခုက လုံးဝန်းသော ကျောက်ဖျာပေါ်သို့ ကျရောက်သွားလေ၏။
ပထမဆုံးအကြိမ်အဖြစ် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်သော သွေးစက်က ဒီကျောက်ဖျာပေါ်သို့ ကျရောက်လာခဲ့ပြီ။ ပို၍ အရေးကြီးသည်မှာ ဤအဖြစ်အပျက်က ဝမ်လင်း သေသွားသလား၊ အိပ်ပျော်သွားသလား အခြေအနေနောက်၊ သူ့ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အလင်း ပေါ်လာသည့်နောက်တွင် ဖြစ်ပွားလာခဲ့ခြင်းပင်။
ထိုသို့သောအခြေအနေများကြောင့် ဝမ်လင်းသည် သူ၏နှစ်ပေါင်းနှစ်ထောင်ကျော် ကျင့်ကြံခြင်းအတွင်း အကြီးမားဆုံးကံကောင်းမှုကို ရလိုက်ခြင်းပင်။ ထိုကံကောင်းမှုသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေလောက်သည့်အထိ လုံလောက်သည်။
ထိုကျောက်ဖျာသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ လေဟာနယ်၌ တည်ရှိ၏။ သည်လေဟာနယ်အတွင်းသို့ ဝင်ရောက်နိုင်သည့်သူမှာ မများလှပေ။ ဝင်ရောက်လာသည့်သူ အများစုမှာလည်း သေရင်သေ၊ မသေရင် လမ်းပျောက်သွားခဲ့ကြတာများ၏။ ကျောက်ဖျာ၏ တည်နေရာမှာလည်း အသေမဟုတ်ပေ။ ၎င်းက အမြဲတမ်း ရွှေ့လျားနေ၏။ ခြင်သားရဲဘုရင်သည် ဆင့်ကဲဖြစ်စဉ်ကို အကြိမ်များများ ကြုံရပြီးနောက် ဝေဝေဝါးဝါးမှတ်ဉာဏ်များ ရလာသည့်အတွက်ကြောင့်သာ မဟုတ်ပါက ၎င်းကို ရှာတွေ့ဖို့ အလွန်တရာ ခက်ခဲလိမ့်မည်။
ထို့အပြင် ဒီကျောက်ဖျာက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေကြောင့် မဖြစ်ပေါ်သော အရာအားလုံးကို တားဆီးထားသေး၏။
၎င်း၏အသက်ကိုရင်း၍ ကြိုးစားခဲ့သော ခြင်သားရဲဘုရင်ကြောင့်သာ မဟုတ်ပါက ဝမ်လင်း၏သွေးစက်အမျှင်တန်းမှာ ခုလိုမျိုး ဒီကျောက်ဖျာပေါ်သို့ ကျရောက်နိုင်သည်မှာ မဖြစ်နိုင်သလောက်ပင်။ သခင်အဖြစ် မည်သူကိုမျှ အသိအမှတ်မပြုတတ်သော ခြင်သားရဲမျိုးကို အခုလိုမျိုး လုပ်ဆောင်စေခြင်းမှာလည်း အမှန်တကယ် ကံကောင်းမှုဟု ဆိုနိုင်၏။
သို့ပေမည့် ထိုအခြေအနေများနှင့် မပြီးသေးပေ။ နောက်ဆုံးအခြေအနေမှာ သေသည်လား၊ အိပ်ပျော်သွားသည်လား မသိရသော အနေထား၌ ဝမ်လင်းထံတွင် ပေါ်လာသော အဖြူရောင်အလင်းကြောင့် ဖြစ်၏။ အမှန်တော့ သည်အလင်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ ဥပဒေသ၏ အစိတ်အပိုင်းတစ်ခုပင်။ ၎င်းအလင်းက သေဆုံးပြီးနောက် အလွန်နည်းပါးသောသူများ၏ အလောင်းပေါ်၌သာ ပေါ်လာတတ်၏။
မည်သူကမျှ ထိုအဖြူရောင်အလင်း ပေါ်လာခြင်းမှာ မည်သည့်အခြေအနေကြောင့် ဖြစ်သည်ကို မသိကြပေ။
ဝမ်လင်း၏ သွေးစက် လုံးဝန်းသောကျောက်ဖျာပေါ်သို့ ကျရောက်သွားချိန်၌ ၎င်းက ချက်ခြင်းပင် ကျောက်ဖျာ၏ စုပ်ယူခြင်း ခံရ၏။ ထိုကျောက်ဖျာတစ်ခုလုံး တုန်ယင်ကာ မမြင်ရသောအလင်း ပျံ့နှံ့လာပြီး လေဟာနယ်အတွင်း၌ ပြည့်နှက်သည်။ လေဟာနယ်အတွင်းရှိ နေရာအနှံ့မှ အဖြူရောင်အလင်း ထွက်ပေါ်ကာ သည်ကျောက်ဖျာထံသို့ တရကြမ်း ဦးတည်သည်။
ထိုကျောက်ဖျာသည် တုန်ဟည်းသွား၏။ ခြင်သားရဲသည် ပျော်ရွှင်မြူးထူးစွာ ပျံသန်းလာကာ ဝမ်လင်းကို စောင့်ကြပ်ပေးသည်။
တုန်ဟည်းသံများ ပို၍ပင် ကျယ်လောင်လာကာ ကျောက်ဖြာသည် စတင်ရွှေ့လျားသည်။ ၎င်းသည် ပျော့ပျောင်းလာကာ အနားစွန်းများ တွန့်ခေါက်လိမ်လာ၏။ လက်ဝါးဖြန့်ထားရာကနေ လက်သီးဆုပ်လိုက်သလိုပင်။ ထိုကျောက်ဖျာသည် တဖြည်းဖြည်း ဗလာအခွံတစ်ခုလို ဖြစ်လာသည်။
ထိုဗလာအခွံထဲ၌ သွေးမြူတစ်ခု ရှိသည်။ ထိုသွေးမြူသည် အဖြူရောင်အလင်းကို စုပ်ယူကာ အဆက်မပြတ် တဖျတ်ဖျတ် ဖြစ်နေသည်။ နောက်ဆုံးတွင် အတွင်း၌ လူသားအသွင်ပုံစံတစ်ခု သိပ်သည်းဖွဲ့စည်းလာ၏။ လူတစ်ယောက်သည် ထိုလူသားပုံရိပ်မှာ ဝမ်လင်း၏ပုံပန်းသွင်ပြင်ရှိသည်ကို ရေးတေးတေး မြင်နိုင်ပေလိမ့်မည်။
ထိုပုံရိပ် ဖြစ်ပေါ်လာရင်း တဖြည်းဖြည်း ရှင်းလင်းလာရင်း ဆယ်စုနှစ်များစွာ အိပ်စက်နေပြီးနောက် ဝမ်လင်းသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူသည် တနေရာရာကနေ အားတစ်ခု ထွက်ပေါ်ကာ သူ၏သွေးထဲ၌ ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနေသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ ရှေးတောက်စွမ်းအားသည် ရုတ်တရက် ပြန်ကောင်းမွန်လာသည်။
တချိန်တည်းမှာ သူ၏အနှစ်သာရခုနစ်ခုသည် ချက်ခြင်းပင် ၎င်းတို့၏အထွတ်အထိပ် အနေထားသို့ ပြန်ရောက်ရှိလာသည်။
သူသည် သည်လောက၌ သူ့ကိုယ်သူ နောက်ထပ်ပုံစံတမျိုးဖြင့် ဝါးတဝါး ခံစားမိနေရ၏။ မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာရင်း ဝမ်လင်းက ခြင်သားရဲဘုရင်၏ မြူးထူးစွာ အော်ဟစ်သံကို ကြားရသည်။
သူသည် စိတ်လှုပ်ရှားနေသော ခြင်သားရဲဘုရင်နှင့် ကျောက်တုံးကဲ့သို့ ကြီးမားသောအခွံတစ်ခုကို တွေ့မြင်သည်။ ခဏအကြာတွင် သူက သူ၏ တခြားတပိုင်းကိုလည်း တွေ့မြင်သည့်ပုံ ပေါ်၏။
“ဒါ…ဒါက ဘယ်လိုဖြစ်တာလဲ…” ခဏအကြာတွင် ဝမ်လင်း၏စိတ်သည် ရှုပ်ထွေးမှုတို့ ပြည့်လာ၏။