← Chapters

လင်းမိသားစု၏ပြဿနာ

Vol. 3 Ch. 25

လင်းမိသားစု၏ပြဿနာ

Vol. 3 Ch. 25

"ကောင်းပြီ၊ မင်းတို့ကိစ္စ မင်းတို့ ဆက်လုပ်ကြ"

ရှန်းယီက ခေါင်းတစ်ချက်ညိတ်လျက် ဆိုလိုက်၏။

မနေ့က လျိုယဲ့လမ်းတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက် နောက်ပိုင်းတွင် သူ၏သတင်းအချက်အလက်များကို ဖုံးကွယ်ထားခဲ့ရသဖြင့် ဤသို့သော အခြေအနေမျိုး ကြုံတွေ့ရမည်ကို သူ ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သည်။

စာရေးကြီးလျို၏တုံ့ပြန်ပုံမှာ နှစ်ပေါင်းများစွာ ဝါရင့်ခဲ့သူ တစ်ဦး ပီသစွာပင် စနစ်တကျ ရှိလှပေသည်။

အကယ်၍ ရှန်းယီသာ တံခါးပိတ်ပြီး အောင်းနေခဲ့ပါလျှင် ခရိုင်တစ်ခုလုံး၏လှောင်ပြောင်စရာ ဖြစ်လာမည်ဖြစ်ပြီး သူတို့၏စည်းကမ်းချက်များကို ခေါင်းငုံ့ခံရပေမည်။

အကယ်၍ တံခါးကို ဖွင့်လှစ်ထားခဲ့ပါလျှင်လည်း... မိုက်မဲသော လူအ၊ ငနဲသားမှလွဲ၍ မည်သူက လာရဲပါမည်နည်း။

အကျိုးအကြောင်း ခိုင်လုံမှု မရှိဘဲနှင့် မည်သူက နတ်ဆိုးများကို ရန်စရဲပါမည်နည်း။

ခေါင်းထောင်တဲ့ငှက် အပစ်ခံရတယ် ဆိုသော စကားပုံကဲ့သို့ပင် ငွေကြေးအကျိုးအမြတ် မရှိဘဲနှင့် မည်သူက ကိုယ့်အသက်ကို စွန့်စားရဲပါမည်နည်း။

သို့သော် စာရေးကြီးလျို ထည့်မတွက်မိသော အချက်တစ်ချက် ရှိနေလေသည်။

ထိုအချက်မှာ ရှန်းယီသည် နတ်ဆိုးများကို သတ်ဖြတ်ခြင်းဖြင့် အကျိုးအမြတ် ရရှိနိုင်သည် ဆိုသော အချက်ပင်။

ရွှေငွေရတနာမျှသာ မကဘဲ ထို့ထက် ပိုမို အဖိုးတန်သော လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက်တမ်း ကို ရရှိနိုင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ရှန်းယီ၏စိတ်နှလုံးသည် လှိုင်းလေငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေ၏။

အတွေးစများ ဝင်ရောက်လာလျှင်ပင် ထိုအရာသည် ကျေနပ်ပီတိ ဖြစ်ခြင်းမျှသာ ဖြစ်ပေလိမ့်မည်။

"ခင်ဗျား..."

တစ်ဖက်လူက မိမိပြောစကားကို သေချာ နားထောင်ပုံ မရသဖြင့် ချန်ကျိ စိတ်မရှည် ဖြစ်လာသည်။

'ဒါက သေရေးရှင်ရေး ကိစ္စလေ'

ခဏအကြာတွင် သူသည် သက်ပြင်းချကာ ခါးကြားမှ ဓားရိုးကို လက်ဖြင့် အသာအယာ ကိုင်လိုက်မိသည်။

'လောကကြီးက ဘာတွေ ဖြစ်ကုန်တာလဲ'

လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူသည် ရှန်းယီ၏မဆင်မခြင် လုပ်ရပ်များကို ကန့်ကွက်နေခဲ့သော်လည်း ယခုအခါတွင်မူ သူကိုယ်တိုင် ရှေ့ဆုံးမှ မားမားမတ်မတ် ရပ်တည်ပေးနေရပြီ ဖြစ်သည်။

ရွာရှေ့တွင် တစ်ကိုယ်တည်း ရပ်နေခဲ့သော ရှန်းယီ၏ပုံရိပ်ကို ပြန်မြင်ယောင်မိသောအခါ၊ ထိုသူသည် လေပေါသူ မဟုတ်ကြောင်း ထင်ရှားနေပေသည်။

ချန်ကျိသည် ကိုယ့်ကိုယ်ကိုယ် မဲ့ပြုံး ပြုံးလိုက်ရင်း ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိသည်။

'ကျွတ်... ငါ့ညီမလေးရဲ့ မင်္ဂလာဆောင်အတွက် လက်ဖွဲ့ကြေး မြန်မြန် စုမှ ဖြစ်တော့မယ်။'

"မင်းညီမလေးရဲ့ လက်ဖွဲ့ကြေးအတွက် ဘယ်လောက် လိုသေးတာလဲ"

"ဘာ..." ရှန်းယီက နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ ဒီတိုင်း မေးကြည့်တာပါ" ချန်ကျိက အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ထဲ ရုတ်တရက် ပေါ်လာသော အတွေးကို အမြန် မောင်းထုတ်လိုက်သည်။

'အလုပ်က အလုပ်၊ ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာပဲ'။

'ဒီလူက အရာရှိကောင်း တစ်ယောက် ဖြစ်နိုင်ပေမယ့်၊သူ့ရဲ့ ရှုပ်ထွေးလှတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ငါ့ညီမလေးကိုတော့ မီးထဲတွန်းပို့လို့ မဖြစ်ဘူး'

ကံကောင်းထောက်မစွာပင် တစ်ဖက်လူက သေချာ ကြားလိုက်ပုံ မရပေ...

"တကယ်တော့ ငါက ရင့်ကျက်တဲ့ အမျိုးသမီးတွေကို ပိုသဘောကျတာ"

ရှန်းယီက ခေါင်းခါလိုက်ရင်း ဆုန့်အမကြီး၏ ရင်ခွင်ကျယ်ကြီးကို ခဏတာ သတိရလိုက်မိသည်။

ချန်ကျိ ကြောင်အမ်းအမ်း ဖြစ်နေစဉ် ရှန်းယီသည် ရုံးခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားလေသည်။

"ဒီလောက်နဲ့ ပြီးသွားတာလား၊ ကိစ္စ ပြတ်သွားပြီလား"

ကျန်းတာ့ဟွာသည် စိတ်လှုပ်ရှားစွာဖြင့် တံခါးဝတွင် ထိုင်နေသော နျိုနှစ်ယောက်ကို အော်ဟစ် မေးမြန်းလိုက်သည်။

"မင်းတို့နှစ်ကောင် အ,နေကြတာလား၊ တစ်ခုခု ပြောကြပါဦး"

နျိုညီအစ်ကို နှစ်ယောက်သည် ရှန်းယီအပေါ် မကျေနပ်ချက်များ ရှိခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ဘူးသီးခြောက်များကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြသည်။

"မနေ့က ငါ့မိန်းမက ငါ့ကို အိမ်ထဲတောင် ပေးမဝင်ဘူး"

နျိုတာ့ က သူ့ခေါင်းကို ကုတ်လိုက်ရင်း ရိုးအစွာ ပြောလိုက်သည်။

ရှန်းယီနောက်သို့ လိုက်ပါနေသည်ဟူသော သတင်း ပြန့်နှံ့သွားကတည်းက သူ့အိမ်တွင် မီးဟုန်းဟုန်းတောက်သကဲ့သို့ ပြဿနာတက်နေတော့သည်။

သူကိုယ်တိုင် သူများ သမီးပျိုလေးကို အနိုင်ကျင့် စော်ကားခဲ့သလိုလိုပင်။

"ဒီမနက် ငါ အိပ်နေတုန်း ရှိသေးတယ်၊ ရုတ်တရက်ကြီး မိန်းမက... ဟဲဟဲ... ဟဲဟဲ..."

ပြောရင်းဆိုရင်း နျိုတာ့သည် ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး သူ့ပေါင်ကြားကို အားရပါးရ ပွတ်သပ်လိုက်လေသည်။

"..." ကျန်းတာ့ဟွာ

"..." ချန်ကျိ

ရှန်းယီသည် အားနာပါးနာ ကြည့်လိုက်ပြီး "ဝင်းတံခါး ဖွင့်လိုက်" ဟု အေးစက်စက် ပြောလိုက်သည်။

ပုံမှန် အခြေအနေမျိုးတွင် သာမန်ပြည်သူများသည် မြို့ဝန်ရုံးဝင်းအတွင်းသို့ အလွယ်တကူ ဝင်ရောက်လေ့ မရှိကြပေ။

နာမည်ဆိုးဖြင့် ကျော်ကြားသော ရှန်းယီ ရှိနေသည့် တာဝန်မှူးရုံးခန်း ဆိုလျှင် ဝေးဝေးက ရှောင်ကြပေလိမ့်မည်။

သို့သော် ရှန်းယီကမူ အလျင်လိုခြင်း မရှိပေ။

လျိုသားအဖ၏မျှော်လင့်ချက်မဲ့နေသော အခြေအနေကို သူ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

နတ်ဆိုးများနှင့် ပတ်သက်လာလျှင် ကယ်တင်ရှင် ကောက်ရိုးတစ်မျှင်ကိုပင် လက်လွှတ်ခံကြမည် မဟုတ်ချေ။

လောကကြီးက သူတို့အတွက် ရွေးချယ်စရာ လမ်းမချန်ထားပေးခဲ့ပေ။

ဝင်းတံခါး ဖွင့်လိုက်သည်နှင့် ကြေညာစာ တစ်စောင်ကို ကပ်လိုက်သည်။

ဤရုံးဝင်းသည် ဘိုင်ယွင်ခရိုင်၏တစ်ခုတည်းသော နတ်ဆိုးနှိမ်နင်းရေး ရုံး ဖြစ်လာခဲ့သည်။

သူသည် ချန်ကျိနှင့် ကျန်းတာ့ဟွာတို့ကို သတင်းအချက်အလက် စုဆောင်းရန် စေလွှတ်လိုက်ပြီး နျိုညီအစ်ကိုများနှင့် သုံးနာရီတစ်ကြိမ် လူလဲရန် စီစဉ်ထားသည်။

ရှန်းယီသည် ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်ရင်း အားမွေးနေလိုက်သည်။

အံ့သြစရာကောင်းသည်မှာ နေ့ဝက်ခန့် အကြာတွင် လူတစ်ယောက် ရောက်ရှိလာခြင်းပင်။

ဧည့်သည်မှာ အသားမည်းမည်း၊ ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ကြမ်းတမ်းသော အလုပ်များကို လုပ်ကိုင်သူမှန်း သိသာနေသည်။

သူသည် အထဲသို့ ခေါင်းပြူ ကြည့်လိုက်၏။

ခြံဝင်းထဲရှိ နျိုညီအစ်ကို နှစ်ယောက်၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားပြီး မတ်မတ် ထရပ်လိုက်ကြသည်။

စောစောက ရယ်မောနေသော နျိုတာ့၏မျက်လုံးများတွင်ပင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာသည်။

နတ်ဆိုးသတ်ခြင်း ဆိုသည်မှာ ပြောရလွယ်သော်လည်း၊ ပါးစပ်ဖျားက စကားလုံး နှစ်လုံးမျှသာ ဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာခဲ့သော သူတို့သည် တကယ်တမ်းတွင် ထိုကဲ့သို့ တစ်ခါမှ မလုပ်ဖူးကြပေ။

"အရာရှိ ရှန်း... ကျုပ် မကောင်းဆိုးဝါး သတင်း လာပေးတာပါ"

ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားသည် တံတွေးကို ဂလုခနဲ မြိုချလိုက်ပြီး မျက်လုံးများ ကလည်ကလည်ဖြင့် ပြောလိုက်သည်။

နျိုညီအစ်ကို နှစ်ယောက်၏လမ်းပြမှုဖြင့် သူသည် အထဲသို့ ဂရုတစိုက် ဝင်လာခဲ့သည်။

"ဘာ နတ်ဆိုးကောင်လဲ၊ မြန်မြန်ပြော" နျိုအာ့ က စိုးရိမ်တကြီး မေးလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး... နတ်ဆိုး မဟုတ်ဘူး၊ မကောင်းဆိုးဝါး ဝိညာဉ်ပါ" ဟု ထိုလူက လက်ကာပြရင်း အလျင်အမြန် ရှင်းပြသည်။

ထိုစကားကို ကြားသောအခါ ရှန်းယီသည် ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။

သူ ဤနေရာသို့ ရောက်ရှိနေသည်မှာ ရက်အနည်းငယ် ရှိပြီ ဖြစ်ပြီး၊ ယခင်လူ၏မှတ်ဉာဏ်များ အပါအဝင် မကောင်းဆိုးဝါး ဝိညာဉ်အကြောင်း သတင်းရရှိခြင်းမှာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။

"မလောနဲ့၊ ဖြည်းဖြည်းပြော" သူက ဆိုလိုက်သည်။

ရှန်းယီ၏တည်ငြိမ်သော အကြည့်ကို မြင်လိုက်ရသောအခါ ထိုလူလတ်ပိုင်း အမျိုးသားသည် အတော်အတန် စိတ်ငြိမ်သွားသည်။

မနေ့က ဆီသည် ပြောသော စကားများကို ကြားရသောအခါ အရက်မူးပြီး လျှောက်ပြောနေသည်ဟု ထင်ခဲ့သော်လည်း၊ ယခု ရှန်းယီ၏ကြင်နာမှုကို မြင်တွေ့လိုက်ရသောအခါ ထက်ဝက်ခန့် ယုံကြည်သွားမိသည်။

"ကျုပ် ကိုယ်တိုင်တော့ မတွေ့ဖူးပါဘူး၊ ကျုပ် မိန်းမ တွေ့တာပါ" သူက စကားလုံးများကို ရွေးချယ်ရင်း ပြောလိုက်သည်။

"လွန်ခဲ့တဲ့ တစ်လလောက်က၊ ညတိုင်း ကျွန်တော် ရေချိုးနေတုန်း အိမ်ခန်းထဲမှာ ကျွန်တော့် မိန်းမက ဖယောင်းတိုင်ထွန်းပြီး မှန်ရှေ့မှာ ဆံပင်ဖြီးလေ့ရှိတယ်"

"ဆံပင်ဖြီးနေရင်းနဲ့ တဟိဟိ ရယ်နေတတ်တယ်၊ တစ်ခုခု ပူးကပ်နေသလိုမျိုးပေါ့ဗျာ"

"ဒါတင် မကသေးပါဘူး"

ထိုလူ၏မျက်နှာသည် ပိုမို အရုပ်ဆိုးလာပြီး "တစ်ညကျတော့ ကျွန်တော် ရှူးပေါက်ချင်လို့ နိုးလာတော့ ဘေးနား စမ်းကြည့်တာ သူ မရှိဘူးဗျ။ အဲဒါနဲ့ ထရှာကြည့်တော့ ဘာပြောကောင်းမလဲ... သူက တံခါးဝမှာ ပန်းပွင့်ရိုက် ဂါဝန်ကြီး ဝတ်ပြီး ရပ်နေတာဗျ။ဆံပင်တွေကလည်း စိုရွှဲလို့၊ လည်ပင်းမှာလည်း ချွေးတွေနဲ့။ ကျုပ်လည်း အားတင်းပြီး သူ့ကို ပုတ်လိုက်တာ... ကျုပ်မှန်းလည်း သိရော သရဲတစ္ဆေ မြင်တဲ့အတိုင်း စူးစူးဝါးဝါး အော်တော့တာပဲ"

"သူ ဘယ်လိုလုပ်ပြီး ထလာမှန်း မသိဘူးတဲ့၊ ဘာမှ မမှတ်မိတော့ဘူးတဲ့"

"အဲဒီနေ့ကစပြီး ကျုပ်လည်း နေလို့ မကောင်းတော့ဘူး။ ဘယ်လောက် စောစောအိပ်အိပ် မိုးလင်းမှ နိုးတော့တာပဲဗျာ။ သေချာတယ် အရာရှိမင်း... အဲဒီ မကောင်းဆိုးဝါးက သူ့ကို ပူးကပ်ပြီး ကျုပ်ရဲ့ ယန်စွမ်းအားကို စုပ်ယူနေတာ ဖြစ်မယ်။ မိန်းမက ဆေးပေါင်းစုံ ကြိုတိုက်ပေမယ့် မထူးပါဘူး၊ သောက်လေ အိပ်ချင်လေပဲ" 'သတိထားနော် စာဖတ်သူတို့ သရဲပူးနေမယ် '

ထိုလူ၏ကွက်ကွက်ကွင်းကွင်း ပြောပြချက်များကို နားထောင်ရင်း ရှန်းယီ၏မျက်နှာထားသည် တဖြည်းဖြည်း ထူးဆန်းလာသည်။

"နောက်ပြီး သူက ကျုပ်နဲ့ အတူမအိပ်ချင်တော့ဘူး၊ တစ်နေကုန် အရူးလို ရယ်နေတာ၊ ကြည့်လေ ကြောက်စရာ ကောင်းလေပဲ"

"အကြောက်ဆုံး ကိစ္စကတော့၊ မနေ့က အလုပ်ပါးလို့ စောစော ပြန်လာတာ၊ အိမ်ထဲကနေ လည်ချောင်းကွဲမတတ် အော်ဟစ်သံ ကြားရတယ်ဗျာ။ ' အား...ချမ်းသာပေးပါအုံး' ဆိုပြီး အော်နေတာ... ဝက်သတ်တဲ့ အသံမျိုး ကြားဖူးတယ်မလား၊ အဲဒီလိုမျိုးဗျ..."

ထိုလူက အသံကို တုပပြီး အော်ပြရန် ပြင်လိုက်စဉ်၊

ရှန်းယီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နျိုညီအစ်ကို နှစ်ယောက်ကို ကြည့်ကာ

"မင်းတို့နှစ်ယောက် ညဘက် ကင်းလှည့်ရင်း ဒီကိစ္စကို ရှင်းပေးလိုက်ကြ" ဟု ပြောလိုက်သည်။

"အမိန့်အတိုင်းပါ" နျိုညီအစ်ကို နှစ်ယောက်က ထိုလူကို သနားသော မျက်လုံးများဖြင့် ကြည့်ရင်း အပြင်သို့ ခေါ်ထုတ်သွားကြသည်။

ရှန်းယီသည် ကြိမ်ကုလားထိုင်ပေါ်တွင် ပြန်မှီလိုက်ပြီး နဖူးကို အသာအယာ နှိပ်နယ်လိုက်သည်။

မြို့ထဲတွင် ဟာကွက်ရှာရန် သူထင်သလောက် မလွယ်ကူကြောင်း သိလိုက်ရသည်။

ယခင်က ဘိုင်ယွင်ခရိုင်အတွင်းသို့ နတ်ဆိုးများ ဝင်ရောက်လာသောအခါ သူ၏ယခင်လူက လိုက်ပါ ဖြေရှင်းပေးခဲ့သည်။

ယခု သူက ခွေးနတ်ဆိုးအုပ်စုကို သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ၊ ထိုသတင်းသည် နတ်ဆိုးလောကတွင် ပျံ့နှံ့သွားလောက်ပြီ ဖြစ်သဖြင့် နတ်ဆိုးများကို မြှူဆွယ်ရန် ပိုမို ခက်ခဲလာပေလိမ့်မည်။

ထိုစဉ် လူတစ်ယောက် အလျင်အမြန် ပြေးဝင်လာသည်။

ချန်ကျိသည် အမောတကောဖြင့် ရပ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

အသံကို တိုးထားသော်လည်း သူ့စိတ်ထဲမှ တုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်ပေ။

"အရာရှိ ရှန်း... လျိုချီ သေပြီ"

ထိုစကားကို ကြားသောအခါ ရှန်းယီ မော့ကြည့်လိုက်သည်။

သူ့မှတ်ဉာဏ် မမှားလျှင် ထိုနာမည်ကို တစ်ခါ ကြားဖူးသည်။

ကျောက်ခွဲလက်သီး ဟု ကျော်ကြားသော လျိုချီ။

လင်းမိသားစုက ချင်းကျိုးပြည်နယ်မှ ပင့်ဖိတ်လာသော သူ။

လင်းပိုင်ဝေ့ နေထိုင်သော လင်းမိသားစုပင် ဖြစ်တော့သည်။

All Chapters