ခင်ဗျားက ဘာကောင်မို့လို့လဲ
Vol. 3 Ch. 29
"မင်း... မင်း..."
ပိန်လှီသော ရသေ့ကြီးသည် အနက်ရောင်ဝတ်ရုံနှင့် လူငယ်ကို စကားပြောဖူးသည်ဖြစ်၍ ထိုလူငယ်၏ နောက်ကွယ်မှ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုအကြောင်းကို ကောင်းစွာသိရှိထားသူ ဖြစ်သည်။
မြောက်ဘက်ကမ်းပါးရှိ မြေခွေးအုပ်စုနှင့် ချီလင်မယ်တော်တို့ပင်လျှင် ထိုအင်အားစုကို အလွယ်တကူ ရန်စရဲခြင်း မရှိကြပေ။
ထို့သို့ဆိုလျှင် ချင်ကျိုးနယ်မှ သာမန် သိုင်းလောကသား တစ်ယောက်ဖြစ်သည့် သူကဲ့သို့ လူမျိုးက အဘယ်မှာ ယှဉ်ရဲပါမည်နည်း။
ထိုအင်အားစု၏ရှေ့မှောက်တွင် ဦးညွှတ်ရခြင်းမှာ အရှက်ရစရာ ကိစ္စမဟုတ်ပေ။
သို့သော် သူ လုံးဝ ထင်မှတ်မထားသည့်အရာမှာ... ဦးမညွှတ်သည့် လူတစ်ယောက် ရှိနေခြင်းပင်တည်း။
"အဟွတ်..."
ဆရာယင်ခုနှစ်၏မျက်နှာသွင်ပြင်များ ရှုံ့မဲ့သွားပြီး သူ မျိုချထားခဲ့ဖူးသည့် အသားစများနှင့် သွေးများ၊ တံတွေးများနှင့်အတူ အန်ထွက်လာလေသည်။
သူသည် တက်နေသည့် ဝေဒနာကို အတင်းအဓမ္မ ထိန်းချုပ်လိုက်ပြီး ယိုင်နဲ့နဲ့ဖြင့် မတ်တတ်ထရပ်လိုက်၏။
သူ၏မျက်လုံးအစုံတွင် ဒေါသအာဃာတမီးများ တောက်လောင်နေပြီး လည်ချောင်းထဲမှ ထွက်ပေါ်လာသည့် အသက်ရှူသံသည် လူတစ်ယောက်၏ အသံထက် သားရဲတိရစ္ဆာန်တစ်ကောင်၏ အသံနှင့် ပို၍ တူနေသည်။
"ဝေါင်း..."
သူ ပါးစပ်ဟလိုက်သည်နှင့် ခေါင်းလောင်းထိုးသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာကာ နားစည်များကို ရိုက်ခတ်သွားသည်။
အနီးအနားတွင် ကနဦးအဆင့် သိုင်းပညာရှင်တစ်ယောက် ရှိနေလျှင် ခံသာဦးမည် ဖြစ်သော်လည်း သိုင်းပညာ အနည်းငယ်သာ တတ်မြောက်ထားသည့် ချန်ကျိကဲ့သို့ လူမျိုးအဖို့မှာမူ အံကြိတ်၍ တောင့်ခံထားသည့်ကြားမှ ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းခန့် နောက်ဆုတ်သွားရသည်။
အိမ်တော်ထိန်းလင်းမှာမူ အခြေအနေ ပိုဆိုးလေသည်။ မြေကြီးပေါ်သို့ ခွေခွေလေး လဲကျသွားပြီး သူ၏ပိုးသားဝတ်ရုံမှာ အညစ်အကြေးများဖြင့် ပေကျံကုန်၏။
"သွားပြီ... သွားပြီ... လင်းမိသားစုက လူတစ်ယောက် သေတော့မယ်..."
သူသည် ရှိုက်သံတကြီး အော်ဟစ်လိုက်ရင်း ရှေ့သို့ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်သည်။
ထိုအခါ သူမြင်လိုက်ရသည်မှာ ရှန်းယီဖြစ်သည်။ ရှန်းယီသည် မည်သည့်အသံမှ မကြားရသကဲ့သို့ တည်ငြိမ်နေပြီး ရင်ခွင်ထဲမှ သုံးပေရှည်သော ဓားရှည်ကို အေးဆေးစွာ ဆွဲထုတ်လိုက်သည်။
ထိုပုံစံမှာ ဆောင်းဦးမိုးဖွဲလေးများ ကျဆင်းနေချိန်တွင် ရင်ခွင်ထဲမှ ဆီစိမ်စက္ကူထီးတစ်လက်ကို အေးအေးလူလူ ထုတ်ယူလိုက်သည့်အလား တည်ငြိမ်လွန်းလှသည်။
သို့သော် သူ ဓားထုတ်လိုက်သည်ကို မြင်လိုက်ရသည့် ခဏ၌...
ဆရာယင်ခုနှစ်၏ဟိန်းဟောက်သံ ရုတ်တရက် တိတ်ဆိတ်သွား၏။ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ချက်ချင်းပင် လှည့်ပြေးလေတော့သည်။
အိမ်ထဲတွင် ရှိစဉ်ကပင် တစ်ဖက်လူ လှုပ်ရှားလိုက်သည့် ခဏ၌ထူးခြားနက်နဲသော အရှိန်အဝါကို သူ အာရုံခံမိခဲ့သည်။
ထိုအရှိန်အဝါသည် ကနဦးအဆင့်သို့ ယခုမှ စတင်ဝင်ရောက်လာသူမျိုး မဟုတ်ဘဲ... အနည်းဆုံးတော့ ထိုအဆင့်တွင် အတော်လေး ခရီးရောက်နေပြီဖြစ်သော သိုင်းပညာရှင်တစ်ယောက် ဖြစ်ရပေမည်။
ဆရာယင်ခုနှစ်သည် ခြေထောက်များကို အားပြုကာ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး တစ်ခါခုန်လျှင် ခြောက်ကျင်းခန့် ရောက်အောင် ပြေးလွှားလေသည်။
သူသည် နောက်သို့ပင် လှည့်မကြည့်ရဲတော့ချေ။
သူ၏သနားစဖွယ် ထွက်ပြေးပုံကို မြင်လိုက်ရသဖြင့် ဗာရာဂျာဂိတ်မှ ညီအစ်ကိုနှစ်ယောက်ပင် အနည်းငယ် အံ့အားသင့်သွားကြသည်။
တူညီသော ကနဦးအဆင့်အချင်းချင်း ဖြစ်ပါလျက် ဤမျှလောက်အထိ ကြောက်ရွံ့စရာ မလိုပေ။
"နန်းတော်က ဒီအမှုကို ကိုင်တွယ်နေတာဆိုတော့... ငါတို့ ဝင်ပါဖို့ မသင့်တော်ဘူး ထင်ပါရဲ့"
ပိန်လှီသော ရသေ့ကြီးက ရှန်းယီ၏ဘေးမှ လက်ထောက်ဖြစ်သူကြောင့် ကျန်လူများ တွန့်ဆုတ်နေသည်ဟု ထင်မှတ်ကာ လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်သည်။
သားသတ်သမား ကျန်းက သူ့ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။
သို့တိုင်အောင် ထူးဆန်းသည်မှာ ဆရာယင်ခုနှစ်သည် ရပ်တန့်မည့်ပုံမပေါ်ဘဲ ပို၍ပင် လျင်မြန်စွာ ထွက်ပြေးနေခြင်း ဖြစ်သည်။
နောက်တစ်ခဏတွင်... ရှန်းယီသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်း အတွင်းမှာပင် အနက်ရောင်ဝတ် လူငယ်၏နောက်ကျောဘက်သို့ တိတ်တဆိတ် ရောက်ရှိသွားသည်။
သူ၏ဓားရှည်သည် ရုတ်တရက် ခုတ်ပိုင်းချလိုက်ရာ ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သော စွမ်းအင်လှိုင်းတစ်ခု ပါလာသည်။
ထိုအရာက ဆရာယင်၏ကျောရိုးတလျှောက် စိမ့်တက်သွားစေပြီး မဖြစ်မနေ လှည့်ကြည့်ကာ တံတောင်ဆစ်ဖြင့် ကာကွယ်လိုက်ရသည်။
ရွှမ်း...
အနီရောင်နှင့် အဖြူရောင် ရောယှက်နေသော ဓားစွမ်းအင်များ ဝန်းရံထားသည့် ဓားရှည်သည် ပြင်းထန်စွာ ကျဆင်းလာခဲ့၏။
ထက်ရှသော ဓားသွားသည် ဆရာယင်၏အသားများကို စက္ကူစုတ်ဖြဲသကဲ့သို့ လွယ်ကူစွာ ဖြတ်တောက်သွားပြီး သူ၏တံတောင်ဆစ်ရိုးများ ကျိုးပဲ့သွားကာ ရက်စက်သော ဓားအရှိန်အဝါကြောင့် မျက်နှာပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာကြီး ဖြစ်ပေါ်လာသည်။
ဒဏ်ရာသည် သူ၏ညာဘက်ပခုံးအထိ ရှည်လျားသွားပြီး တရွှဲရွှဲမြည်သံနှင့်အတူ အသားများ အရည်ပျော်ကျလာကာ ပြည်တည်လာသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည်။
သွေးများပန်းထွက်လာပြီးနောက် ဆရာယင်၏ မျက်နှာမှ အညိုရောင်အမွေးအမျှင်များ ဖောက်ထွက်လာကာ တောရိုင်းတိရစ္ဆာန်များထံမှ ရတတ်သော အနံ့ဆိုးများ ပျံ့လွင့်လာသည်။
အညိုရောင်အမွေးအမျှင်များက အနက်ရောင် အစင်းကြားများအောက်မှ အစစ်အမှန် ကိုယ်ပိုင်အမှတ်အသားကို ဖော်ပြနေသည်။
သူ ဝတ်ဆင်ထားသော လူရေခွံမှာ အာနိသင် ပျက်ပြယ်သွားပြီး ကြီးမားသော အစွယ်များ ပါရှိသည့် ပါးစပ်ကြီး ပွင့်ဟလာကာ ကြမ်းကြုတ်သော ကျားခေါင်းကြီးတစ်လုံး ဖြစ်ကြောင်း ပေါ်လွင်လာတော့သည်။
ဆရာယင်သည် နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း သွေးများကြောင့် မှုန်ဝါးနေသော မျက်လုံးများဖြင့် ဘေးဘက်သို့ ထိတ်လန့်တကြား ထွက်ပြေးလေသည်။
တစ်ချိန်တည်းမှာပင် သူက "မင်း... မင်းက အရူးပဲ... သူ မင်းကို လွှတ်ထားမှာ မဟုတ်ဘူး" ဟု အော်ဟစ်လိုက်သည်။
သူ၏စကားလုံးများက ပိန်လှီသော ရသေ့ကြီး၏ စိတ်ကို ထိခိုက်သွားစေသည်။
ရသေ့ကြီးသည် ရှန်းယီကို ထိတ်လန့်တကြား ကြည့်လိုက်မိပြီး သူ့မျက်လုံးထဲတွင် သေလူတစ်ယောက်ကို ကြည့်နေရသကဲ့သို့ ဖြစ်သွားသည်။
သားသတ်သမား ကျန်းကမူ သူ့ထံသို့ တဟုန်ထိုး ပြေးလာနေသော ကျားနတ်ဆိုးကြီးကို ကြည့်ကာ နှုတ်ခမ်းသပ်လိုက်ပြီး ခါးကြားမှ ရိုးရှင်းသော ဝက်သတ်ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ကြီးမားသော သူ၏လက်ဖဝါးထဲတွင် ထိုဓားသည် ကစားစရာ အရုပ်လေးတစ်ခုသဖွယ် ဖြစ်နေ၏။
ခဏမျှ စဉ်းစားပြီးနောက် သူသည် ဓားကို တစ်ဖက်လှည့်လိုက်ကာ ဓားသွားအစား ဓားရိုးကို အသုံးပြုရန် ပြင်လိုက်သည်။
သူ၏တောင့်တင်းခိုင်မာသော လက်မောင်းကြီးကို မြှောက်လိုက်ပြီး တစ်ဖက်ရန်သူကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ဘုန်း...
သူ၏ပြင်းထန်သော ရိုက်ချက်အောက်တွင် ထိတ်လန့်နေပြီးသား ကျားနတ်ဆိုးကြီးမှာ နောက်သို့ လွင့်စဉ်သွားရပြန်သည်။
ကျားနတ်ဆိုးကြီးသည် တစ်ခုခုကို ဆွဲကိုင်ရန် ကယောင်ကတမ်း ကြိုးစားနေသော်လည်း သူ၏ သွေးရောင်လွှမ်းနေသော မြင်ကွင်းထဲတွင် သန့်ရှင်းသပ်ရပ်သော မျက်နှာတစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုမျက်နှာပိုင်ရှင်သည် ပြတ်သားသော လှုပ်ရှားမှုများဖြင့် သူ့ကို ဘေးတိုက် ကြည့်နေလေသည်။
ဒုတ်...
ငွေရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွား၏။
ဦးခေါင်းနှင့်ခန္ဓာကိုယ် သီးခြားစီ ကွဲထွက်ကာ မြေကြီးပေါ်သို့ ဆင့်ကဲ ပြုတ်ကျသွားပြီး ဖုန်မှုန့်များ ထသွားသည်။
ထို့နောက် လျင်မြန်စွာ ဖောင်းပွလာပြီး ကြံ့ခိုင်တောင့်တင်းသော ကျားခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။
ရှန်းယီသည် ဓားကို ပြန်သိမ်းလိုက်ပြီး ခါးကိုငုံ့ကာ သွယ်လျသော်လည်း သန်မာသော လက်ချောင်းများဖြင့် နတ်ဆိုးအလောင်း၏ဝမ်းဗိုက်ထဲသို့ ထိုးနှိုက်လိုက်သည်။
ခဏကြာ ရှာဖွေပြီးနောက် သေးငယ်သော နတ်တိုးအမြုတေ တစ်ခုကို ဆွဲထုတ်လိုက်သည်။
[ကနဦးအဆင့် (အစောပိုင်းအဆင့်) ကျားနတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသည်။ စုစုပေါင်း သက်တမ်း ၅၂၀၊ လက်ကျန် သက်တမ်း ၁၃၂၊ စုပ်ယူခြင်း ပြီးဆုံး]
"မင်း ရူးနေတာလား..."
ပိန်လှီသော ရသေ့ကြီးက သူ့ဂျူနီယာကို ဒေါသတကြီး လှမ်းအော်လိုက်သည်။
"ငါ့အတွက် ပြဿနာ မရှာပါနဲ့လို့ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ"
သားသတ်သမားကျန်းသည် ဘာမှပြန်မပြောဘဲ ဝက်သတ်ဓားကို သိမ်းလိုက်ပြီး မြက်ပင်တစ်ပင်ကို နှုတ်ကာ ဝါးလိုက်သည်။
သို့သော် သူ၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်း ပြန်ထွေးထုတ်လိုက်သည်။
"ထွီ... မင်းတို့အိမ်မှာ ခွေးမွေးထားတာလားကွ... သေးစော် နံလိုက်တာ... အရသာကလည်း စပ်ရှိန်းရှိန်းနဲ့"
"ကျေးဇူးပါပဲ"
ရှန်းယီက နတ်ဆိုးအမြုတေကို အိတ်ကပ်ထဲ ထည့်လိုက်ရင်း ပြောလိုက်သည်။
"ကျုပ်က သိချင်စိတ်များတတ်လို့ပါ... မြင်မြင်သမျှ အရာတိုင်းကို လိုက်ပြီး တီးခေါက်ကြည့်ချင်နေတာ"
သားသတ်သမား ကျန်းက လှမ်းကြည့်ပြီး ဂရုမစိုက်သလို ပြုံးပြလိုက်သည်။
"ခွေးကောင်... ခွေးကောင်..."
လျစ်လျူရှုခံလိုက်ရသော ပိန်လှီသည့် ရသေ့ကြီးမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
ရှန်းယီသည် အကြည့်ကို လွှဲလိုက်ရာ ချန်ကျိ၏ လက်ထဲမှဓားကို သတိပြုမိလိုက်သဖြင့် မျက်နှာပေါ်တွင် မေးခွန်းထုတ်လိုသည့် အရိပ်အယောင်များ ပိုမို ထင်ရှားလာသည်။
"နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ... သတ္တိလေး ဘာလေး မွေးနေတာ"
ချန်ကျိသည် ဓားကို နောက်ကျောတွင် ဝှက်လိုက်ပြီး အနည်းငယ် ရှက်ရွံ့သည့် မျက်လုံးများဖြင့် အနိုင်နိုင် ပြုံးပြလိုက်သည်။
သူသည် နတ်ဆိုးများနှင့် ပူးပေါင်းကြံစည်သူ မဟုတ်ကြောင်း သက်သေပြရန် နောက်ထပ် နတ်ဆိုးဘယ်နှစ်ကောင်ကို သတ်ဖြတ်ရဦးမည်နည်း။
ယခင်က သံသယဖြစ်ဖွယ် ကိစ္စများကြောင့် မိမိကိုယ်ကို ယုံမှားသံသယ ဖြစ်ခဲ့ရသည်မှာ အတင်းအဖျင်း စကားများကိုပင် ဂရုမစိုက်နိုင်တော့လောက်အောင်ပင်။
သို့သော်...
အရာရှိရှန်း၏ သိုင်းပညာ တိုးတက်မှုနှုန်းက ကြောက်ခမန်းလိလိပင်။ ရှန်းယီက နတ်ဆိုးကြီးတစ်ကောင်ကို သတ်ဖြတ်လိုက်သည်ကို ချန်ကျိ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ရှန်းကျိ၏လက်ထဲတွင် ထိုကျားနတ်ဆိုးကြီးမှာ အစမှ အဆုံးထိ ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့သလိုပင်။
သူ့အတွက် တစ်ခုတည်းသော စိတ်သက်သာရာရစရာမှာ တစ်ဖက်လူက နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း ကို အသုံးပြုမထားခြင်းပင် ဖြစ်သည်။
ဆိုလိုသည်မှာ အရာရှိရှန်းသည် သိုင်းပညာကို တိတ်တဆိတ် လေ့ကျင့်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အခြားဆရာတစ်ဆူဆူ ရှိနေလောက်ပေသည်။
"ကဲ... နတ်ဆိုးအလောင်းကို ယူပြီး တရားစီရင်ရေးရုံးကို ပြန်ကြမယ်"
ရှန်းယီက အသေးစိတ် ရှင်းပြလိုခြင်း မရှိသည်ကို မြင်သောအခါ နောက်ထပ် မမေးမြန်းတော့ပေ။
"အမိန့်အတိုင်းပါခင်ဗျာ" ချန်ကျီက ချက်ချင်း ရှေ့သို့ တက်လာသည်။
ထိုအချိန်တွင် ဘေးနားမှ စိတ်ပျက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
"မိတ်ဆွေလေး... သူက သတ္တိမွေးစရာ မလိုပါဘူး။ သူ့သတ္တိက ဘယ်လောက်ကောင်းသလဲဆိုရင် ဒီရသေ့ကြီးအိုကိုတောင် ဓားနဲ့ ခုတ်မလို လုပ်ခဲ့တာလေ... ပြီးတော့ ကျုပ်ကို ဘာကောင်လဲလို့တောင် မေးလိုက်သေးတယ်"
ပိန်လှီသော ရသေ့ကြီးက အေးစက်စက် အပြုံးဖြင့် လျှောက်လာသည်။
အစိုးရဝတ်စုံကို ဝတ်ဆင်ထားရုံဖြင့် ချင်ကျိုးနယ်မှ သိုင်းပညာရှင်များ၏ရှေ့တွင် မောက်မာဝင့်ကြွား၍ ရသည်ဟု မဆိုလိုပေ။
နှိမ့်ကျသောနည်းလမ်းများကို မသုံးလျှင်ပင် ဖိအားပေးနိုင်သော အထက်လူကြီး တစ်ယောက် ရှိနေရုံမျှဖြင့် တစ်ဖက်လူကို စကားမပြောနိုင်အောင် လုပ်ရန် လုံလောက်ပေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ကျိ၏ လှုပ်ရှားမှုများ တုံ့ဆိုင်းသွားပြီး နောင်တရစိတ်များ ဝင်လာသည်။
နတ်ဆိုးများနှင့် ပက်သက်ရသည်မှာ လုံလောက်အောင် ပြဿနာများနေပြီ ဖြစ်သည်။ ဒေါသဖြစ်မိရုံ တစ်ခဏလေးနှင့် အဘယ်ကြောင့် နောက်ထပ် ပြဿနာကို ဖိတ်ခေါ်မိရသနည်း။
ထိုအတွေးဖြင့် သူသည် ခေါင်းငုံ့ကာ မျက်နှာကို ပွတ်သပ်လိုက်ပြီး မည်သို့ တောင်းပန်ရမည်ကို စဉ်းစားနေစဉ် ရှန်းယီ၏ဂရုမစိုက်သော လေသံဖြင့် မေးခွန်းကို ကြားလိုက်ရသည်။
"မင်း တကယ်ပဲ အဲဒီလို ပြောခဲ့တာလား"
ထိုစကားကို ကြားသောအခါ ချန်ကျိ ကိုယ်လုံး တောင့်တင်းသွားပြီး "ဟုတ်ကဲ့... ပြောမိပါတယ်" ဟု အားငယ်စွာ ဖြေလိုက်သည်။
ပိန်လှီသော ရသေ့ကြီး၏မျက်နှာပေါ်မှ အေးစက်သော အပြုံးမှာ ပို၍ကျယ်ပြန့်လာပြီး လက်နှစ်ဖက်ကို ဘေးတွင် ပိုက်လျက် ရပ်နေသည်။
ရှန်းယီက ခေါင်းညိတ်လိုက်ပြီး သူ့ဘက်သို့ လှည့်ကာ လျှောက်သွားလိုက်သည်။
"ကိစ္စကြီးတော့ မဟုတ်ပါဘူးလေ... ဒီရသေ့အိုကြီးက သဘောထား မသေးသိမ်ပါဘူး။ ဒါပေမဲ့ အရာရှိရှန်း အနေနဲ့ ကိုယ့်လက်အောက်ငယ်သားကိုတော့ သေချာ ကြပ်မတ်သင့်..."
ပိန်လှီသော ရသေ့ကြီး စကားမဆုံးသေးခင်မှာပင် ရှန်းယီက သူ့ရှေ့တည့်တည့်သို့ ရောက်ရှိလာပြီး ဓားအိမ်ပေါ်သို့ လက်တင်လိုက်သည်ကို တွေ့လိုက်ရသည်။
သူတည်ငြိမ်သော အကြည့်များနှင့် ဆုံလိုက်ရပြီးနောက် ရှန်းယီက သူ၏ပါးလွှာသော နှုတ်ခမ်းကို အနည်းငယ် ဟကာ လှောင်ပြောင်သရော်သည့် လေသံစွက်၍ မေးလိုက်သည်။
"ဒါဆို..."
"ခင်ဗျားကရော ဘာကောင်မို့လို့လဲ"