← Chapters

ထိန်းချုပ်မရတော့ခြင်း

Vol. 7 Ch. 64

ထိန်းချုပ်မရတော့ခြင်း

Vol. 7 Ch. 64

အကယ်၍ ထိုသစ်သားတုံးကို လင်းရန်ယန် သာ သန့်စင်လိုက်မည်ဆိုပါက ၊ အနည်းဆုံး မြေကမ္ဘာအဆင့် အထွတ်အထိပ်ရှိသော ပြီးပြည့်စုံသည့် မှော်လက်နက်တစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။ ထိုသစ်သားတုံး၏ စွမ်းအားမှာ ဦးလေးကိုး ရတနာသဖွယ် တန်ဖိုးထားသော သားမြီးယပ်ထက်ပင် အဆပေါင်းများစွာ သာလွန်နေလိမ့်မည်။ သူ၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ မှင်သက်သွားကြရတော့သည်။

“နှစ်ငါးရာသက်တမ်းရှိတဲ့ မိုးကြိုးပစ်မက်မွန်သား ဟုတ်လား ၊ ကျွန်တော့်အဖေ ပြောဖူးတာကတော့ ၊ သူ့ဆရာ ငယ်ငယ်တုန်းက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သုံးရာပေးပြီး ကောင်းကင်အရှင်သခင် တစ်ယောက်ဆီကနေ နှစ်သုံးရာသက်တမ်းရှိတဲ့ မိုးကြိုးပစ်မက်မွန်သားကို ဝယ်ခဲ့ရတာတဲ့ ၊ ဦးလေး လေး ၊ ဦးလေး လေးတော့ ချမ်းသာပြီ”

“ဟားဟား ၊ ဟုတ်ပါ့ ၊ ငါတော့ ချမ်းသာပြီ ၊ ဝိန်ချိုက် ၊ ဒီကောင်လေး ဒါကို ဘယ်ကနေ ရလာလဲကို မသိဘူး”

ဦးလေးကိုးသည်လည်း ဤအချိန်တွင် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ကာ ပြုံးရွှင်နေတော့သည်။

“ဒီပစ္စည်းက ဒီလောက်အထိ တန်ဖိုးကြီးတဲ့ ရတနာဖြစ်မယ်လို့ မထင်ထားမိဘူး”

“ဟုတ်ပါ့ဗျာ ၊ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သုံးရာဆိုတာ ငွေဒင်္ဂါး ဘယ်လောက်တန်ဖိုး ရှိမလဲမသိဘူး ၊ ဒင်္ဂါးပြား ထောင်ဂဏန်းလောက်တော့ ရှိမှာပဲ မဟုတ်လား”

“ဟား ၊ ငွေဒင်္ဂါး ထောင်ဂဏန်းတောင် ဟုတ်လား ၊ ဒါဆိုရင်တော့ ဦးလေးကိုးကတော့ တကယ့်ကို သူဌေးကြီး ဖြစ်သွားပြီပဲ”

ဘေးပတ်ဝန်းကျင်ရှိ သူဌေးကြီးများမှာလည်း အားကျမနာလိုစွာဖြင့် အသက်ရှူပင် မှားသွားကြရသည်။ ကံဆိုးစွာပင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်တုံးလျှင် ငွေဒင်္ဂါး တစ်ထောင်နှင့် ညီမျှသည်ကို သူတို့ မသိကြပေ။ ဝိညာဉ်ကျောက်တုံး သုံးရာဆိုသည်မှာ ငွေဒင်္ဂါး သုံးသိန်းနှင့် ညီမျှသည်။ ထိုခေတ်၏ ငွေကြေးစီးဆင်းမှုအရ ငွေဒင်္ဂါး တစ်ပြားလျှင် ယနေ့ခေတ်ငွေ ငါးရာမှ တစ်ထောင်ကျော်အထိ တန်ဖိုးရှိရာ ၊ ငွေဒင်္ဂါး သုံးသိန်းဆိုသည်မှာ အနည်းဆုံး သန်းပေါင်း ငါးဆယ်မှ ရာဂဏန်းအထိ တန်ဖိုးရှိသည်။

ထို့ပြင် ၎င်းမှာ နှစ်သုံးရာသက်တမ်းရှိသော ပစ္စည်းအတွက်သာ ဖြစ်၏။ ယခု ဝိန်ချိုက်ပေးသော နှစ်ငါးရာသက်တမ်းရှိ ပစ္စည်းမှာမူ အနည်းဆုံး နှစ်ဆခန့် ပိုမို တန်ဖိုးရှိလိမ့်မည်။

“ဟဲဟဲ ၊ ဆရာ သဘောကျရင် ပြီးတာပါပဲ”

ဝိန်ချိုက်မှာ အူကြောင်ကြောင်ဖြင့် ရယ်မောနေသည်။ အကယ်၍ သူသာ ဤမိုးကြိုးပစ်သစ်သား၏ အစစ်အမှန် တန်ဖိုးကို သိခဲ့လျှင်မူ နောင်တကြီးစွာ ရနေလိမ့်မည်။

“ဆရာ တကယ်ကို သဘောကျတယ်ကွာ ၊ မင်းက တကယ့်ကို စိတ်ကူးရှိတာပဲ ၊ ဆရာ မင်းကို ချစ်ရကျိုး နပ်ပါတယ် ၊”

ဦးလေးကိုးသည် ဝမ်းသာအားရဖြင့် သေတ္တာကို ပိတ်လိုက်တော့သည်။

“အော်... ဒါနဲ့ ဆရာ ၊ ကျွန်တော့် လက်ဆောင်လည်း ကျန်သေးတယ်လေ ၊ အမြန်ဖွင့်ကြည့်ပါဦး”

ချိုးရှန်းကလည်း အလျင်အမြန်ပင် ဝင်ပြောလိုက်၏။ အမှန်စင်စစ် သူကိုယ်တိုင်လည်း ထိုသေတ္တာထဲ၌ ဘာပါသည်ကို သိချင်နေခြင်း ဖြစ်သည်။ သို့သော် သူ၏ စကားမှာ ပတ်ဝန်းကျင်ရှိ လူများအဖို့မူ အဓိပ္ပာယ်တစ်မျိုး ဖြစ်သွားရတော့သည်။

“ဝိန်ချိုက်ကတောင် ဒီလောက်ကောင်းတဲ့ ပစ္စည်း ပေးနိုင်တာဆိုတော့ ၊ ချိုးရှန်းပေးမယ့် ပစ္စည်းက ပိုပြီးတော့တောင် ကောင်းနေဦးမလားပဲ”

“ဖြစ်နိုင်တယ် ၊ ဦးလေးကိုးတော့ ဒီတစ်ခါ တကယ့်ကို ချမ်းသာပြီ”

“ဟုတ်ပါ့ ၊ ချမ်းသာပြီ ၊ ချမ်းသာပြီ ၊ ငါ့မှာသာ ဒီလိုမျိုး တပည့်သားမြေးတွေ ရှိရင် အိပ်မက်ထဲမှာတောင် ပြုံးနေမိမှာပဲ”

မြို့တော်ဝန်နှင့် သူ၏ လူယုံများကလည်း ဝိုင်းဝန်း ချီးကျူးနေကြသည်။ ချိုးရှန်းမှာ ထိုစကားများကို ကြားသောအခါ စကားပင် မဆိုနိုင်တော့ပေ။ သူတို့က ဤမျှအထိ မြှောက်ပင့်နေကြပြီးမှ သူ၏ လက်ဆောင်က သာမန်ကာလျှံကာ ဖြစ်နေလျှင် သူ၏ မျက်နှာကို ဘယ်နား သွားထားရတော့မည်နည်း။

“ကဲ... ဒါဆိုရင်လည်း မင်းရဲ့ ပစ္စည်းကို ကြည့်ကြတာပေါ့”

ဦးလေးကိုးကလည်း မျှော်လင့်ချက်အပြည့်ဖြင့် သေတ္တာကို ဖွင့်လိုက်တော့သည်။ သို့သော် သေတ္တာအဖုံး ပွင့်သွားသည်နှင့် အတွင်း၌ လက်သီးဆုပ်တစ်ခုကိုသာ မြင်လိုက်ရ၏။ ဦးလေးကိုးမှာ ခဏတာ ဇဝေဇဝါ ဖြစ်သွားစဉ်မှာပင်.......

“ဝုန်း”

ကံဆိုးစွာပင် နောက်တစ်ခဏ၌ စပရင်တပ်ထားသော လက်သီးဆုပ်မှာ ဝုန်းခနဲ ပွင့်ထွက်လာပြီး ဦးလေးကိုး၏ မျက်နှာကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။ ဤအဖြစ်အပျက်ကြောင့် ဒုတိယထပ်တစ်ခုလုံးမှာ တိတ်ဆိတ်ခြောက်ကပ်သွားရ၏။ ချိုးရှန်းပင် မှင်သက်သွားကာ ဝိန်ချိုက်ကို လှည့်ကြည့်လိုက်သော်လည်း ၊ ထိုကောင်စုတ်မှာ ကိတ်မုန့်ပင် မစားနိုင်တော့ဘဲ အဝေးသို့ လစ်ပြေးသွားခဲ့ပြီ ဖြစ်သည်။

“ဟင်း... ဟင်း... ”

ရုတ်တရက် အေးစက်စက် ရယ်မောသံတစ်ခုမှာ လူတိုင်း၏ နားထဲသို့ တိုးဝင်လာတော့၏။ ပတ်ဝန်းကျင်၏ အပူချိန်မှာလည်း သိသိသာသာ ကျဆင်းသွားသဖြင့် လူတိုင်းပင် ချမ်းစိမ့်ကာ တုန်လှုပ်သွားကြရတော့သည်။

“သွားပြီ......သွားပြီ ၊ ဦးလေးကိုးက အဲဒီလို ပြုံးပြီဆိုရင်တော့ မကောင်းတော့ဘူး ၊ ပြီးခဲ့တဲ့ တစ်ခေါက် သူ အဲဒီလို ပြုံးတုန်းက မြို့ထဲမှာ လူအတော်များများ သေကုန်တယ်”

“ငါလည်း မှတ်မိတယ် ၊ မနှစ်ကလည်း သူ အဲဒီလို ပြုံးတုန်းက လူဆယ်ယောက်ထက်မက သေခဲ့တာ”

“တာအိုဆရာ ချိုးရှန်းတော့ ဒီတစ်ခါ တကယ်ပဲ သွားပြီ ၊ ဒီလက်ဆောင်ကတော့ တကယ်ကို အံ့ဩစရာပဲ”

လူတိုင်းက ထိတ်လန့်တကြား တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြတော့သည်။

“ဆရာ... ဒါက ဆော့ဖို့ မဟုတ်ပါဘူး ၊ ကျွန်တော် ဆရာ့အတွက် တခြားတစ်ခု ပြန်လဲပေးပါ့မယ်”

ချိုးရှန်းမှာ မျက်နှာငယ်လေးဖြင့် သေတ္တာကို အသာအယာ ပြန်ယူရန် ကြိုးစားလိုက်၏။

“မလိုပါဘူးကွာ ၊ ငါက တကယ်ကို သဘောကျပါတယ် ၊ ဒါပေမဲ့ ဒီမှာ ဆော့ဖို့က အဆင်မပြေဘူးလေ ၊ အိမ်ပြန်ရောက်မှပဲ မင်းနဲ့အတူ ဖြည်းဖြည်းချင်း ဆော့ကြတာပေါ့”

ဦးလေးကိုးက ရက်စက်လှသော အပြုံးဖြင့် ချိုးရှန်းကို ကြည့်ကာ ပြောလိုက်၏။ ချိုးရှန်းမှာ ကျောရိုးထဲအထိ စိမ့်တက်သွားကာ ၊ စိတ်ဓာတ်ကျလျက်ပင် ဒုတိယထပ်မှ ဆင်းသွားတော့သည်။

“တာအိုဆရာ ချိုးရှန်းက တကယ့်ကို ဟာသဝါသနာပါတာပဲ ၊ တကယ်ကို ရယ်ရတဲ့ ပြက်လုံးလေးပါပဲ”

ဘေး၌ ရှိနေသော ရန်ပိုင်မှာလည်း ချွေးပြန်လျက် အနေခက်စွာဖြင့် ရယ်မောကာ စကားလမ်းကြောင်း လွှဲပေးလိုက်၏။

“ဟုတ်ပါ့ ၊ ဟုတ်ပါ့ ၊ မွေးနေ့ဆိုတာ ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေမှပေါ့”

“ဦးလေးကိုး ၊ ကျွန်တော်တို့ ကိတ်မုန့် မစားရသေးဘူး မဟုတ်လား ၊ ကိတ်မုန့် အရင်စားကြရအောင် ၊ စားကြရအောင်”

“မှန်တာပေါ့ ၊ မှန်တာပေါ့”

လူအများက ဝိုင်းဝန်း ညှိနှိုင်းပေးကြသဖြင့် အေးစက်နေသော လေထုမှာ ပြန်လည် နွေးထွေးလာတော့သည်။

“ချိုးရှန်းက နောက်ပြောင်နေတာကိုး ၊ ကြည့်ရတာ နောက်တစ်ခါ ငါ့အဖေ မွေးနေ့ကျရင်လည်း အဲဒီလို ပစ္စည်းမျိုး ဝယ်ပေးရမယ် ထင်တယ်”

ဧည့်သည်များထဲတွင် အောင်းနင်ရွှမ်း တစ်ဦးတည်းသာလျှင် ချိုးရှန်းမှာ တကယ်နောက်ပြောင်နေသည်ဟု ရိုးသားစွာ ယုံကြည်နေခြင်း ဖြစ်သည်။ ချိုးရှန်းနှင့် ဝိန်ချိုက်တို့၏ အနှောင့်အယှက်များ မရှိတော့သဖြင့် မွေးနေ့ပွဲမှာ ချောမွေ့စွာ ဆက်လက် ကျင်းပနိုင်ခဲ့သည်။ သို့သော် ဝိန်ချိုက်နှင့် ချိုးရှန်းတို့ ငြိမ်နေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

“ဒုန်း... ဒုန်း... ဝုန်း”

ဧည့်သည်များ အားလုံး စားသောက်၍ ပြီးခါနီးအချိန်၌ ၊ ပထမထပ်မှ ပစ္စည်းများ ကျိုးပဲ့ပျက်စီးသံများနှင့် ဆူညံသံများ ထွက်ပေါ်လာတော့သည်။

“ချွတ်စမ်း ၊ ဆက်ပြီး ချွတ်စမ်း”

“တကယ်ကို အံ့ဩစရာပဲ ၊ ဒီလောက် သတ္တိရှိတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး”

ထို့နောက်တွင်မူ ဝိုင်းဝန်း အားပေးသံများမှာ ဟိန်းထွက်လာတော့၏။

“စားပွဲထိုး ၊ စားပွဲထိုး ၊ ဘာတွေ ဖြစ်နေတာလဲ ၊ ဦးလေးကိုးရဲ့ မွေးနေ့မှာ ဘယ်သူက ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ဝံ့ရတာလဲ”

ဤဆူညံမှုကြီးကြောင့် မြို့တော်ဝန်နှင့် သူ၏ လူယုံများမှာ ဒေါသတကြီး ဖြစ်သွားကြရသည်။

“မဟုတ်ပါဘူး မြို့တော်ဝန်မင်း ၊ အောက်မှာ တာအိုဆရာ ချိုးရှန်းတို့က...” စားပွဲထိုးသည် အပြေးအလွှား တက်လာကာ စိုးရိမ်တကြီး သတင်းပို့လိုက်သည်။

“ဒီကောင်စုတ်တွေ နောက်တစ်ခါ ထပ်လုပ်ပြန်ပြီလား”

ဦးလေးကိုး၏ မျက်နှာဟောင်းကြီးမှာ ချက်ချင်းပင် မည်းမှောင်သွားရတော့သည်။ သည်ကောင်များမှာ သူ၏ မွေးနေ့ပွဲကို ဖျက်ဆီးရန် တကယ့်ကို ကြိုးစားနေကြသည်။

“အစ်ကိုကြီး ၊ အားလုံးပဲ ဆက်ပြီး စားကြပါဦး ၊ ကျွန်တော် အောက်ဆင်းပြီး ကြည့်လိုက်ပါ့မယ်”

လင်းရန်ယန်သည်လည်း ဤအချိန်၌ မတ်တတ်ရပ်လိုက်၏။ ဦးလေးကိုးမှာ ယနေ့ပွဲ၏ အဓိကပုဂ္ဂိုလ် ဖြစ်သဖြင့် ထွက်သွားရန် မသင့်တော်သောကြောင့် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် ညီလေး ၊ အဲဒီကောင်နှစ်ယောက် ထပ်ပြီး ပြဿနာရှာနေတာဆိုရင် ငါ့ကိုယ်စား ဆုံးမပေးလိုက်စမ်းပါ ၊ သူတို့က တကယ့်ကို လွန်လွန်းနေပြီ”

ဦးလေးကိုးက ဒေါသတကြီးဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

“စိတ်မပူပါနဲ့ အစ်ကိုကြီး ”

လင်းရန်ယန်က ပြုံးလျက် ဆိုလိုက်သည်။ လူကို ဆုံးမရမည် ဆိုသော ကိစ္စတွင် တကယ့်ကို ကျွမ်းကျင်သူပင် ဖြစ်သည်။ စကားပြောပြီးသည်နှင့် သူသည် အောက်ထပ်သို့ ဆင်းသွားတော့ရ၏။

“အစ်ကို လင်းရန်ယန် ၊ ကျွန်မကို စောင့်ဦးလေ”

လင်းရန်ယန် ထွက်သွားသည်ကို မြင်သောအခါ အောင်းနင်ရွှမ်းသည် ကြက်ပေါင်တစ်ခုကို အမြန်ဆွဲယူကာ နောက်မှ ပြေးလိုက်သွားတော့သည်။ ဤမြင်ကွင်းကို ကြည့်ကာ ရန်ထင်ထင်မှာလည်း မတ်တတ်ရပ်ချင်သော်လည်း ၊ နောက်ဆုံးတွင်မူ စိတ်ပျက်စွာဖြင့် ပြန်ထိုင်နေမိ၏။

ဤအချိန်၌ ပထမထပ်တွင် ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ စားပွဲများပေါ်တွင် မတ်တတ်ရပ်၍ ၊ ခါးများကို လှုပ်ခါလျက် အဝတ်အစားများကို ချွတ်ကာ ကခုန်နေကြတော့သည်။ ပတ်ဝန်းကျင်ရှိ မြို့မျက်နှာဖုံးများ အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ လက်ညှိုးထိုး ပြောဆိုနေကြ၏။

“ကယ်ပါဦး ဆရာ ၊ သေတော့မှာပဲ”

“ဘာတွေ ဖြစ်ကုန်တာလဲ ချိုးရှန်း ၊ ငါ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ရတာလဲ”

ယခုအခါ အတွင်းခံဘောင်းဘီများသာ ကျန်တော့သော ထိုနှစ်ဦးမှာ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားခဲ့ပြီဟု ဆိုနိုင်သည်။ သူတို့အနေဖြင့် ဤမြို့၌ ဆက်လက် နေထိုင်ရန်ပင် မလွယ်ကူတော့ပေ။

“ကဲ... အခုဆိုရင် ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ချိုးရှန်းနဲ့ ဒုခေါင်းဆောင် ဝင်ချိုက်တို့က နောက်ဆုံး ကျန်ရှိနေတဲ့ ဘောင်းဘီကို ချွတ်ဖို့ ပြင်နေကြပါပြီ ၊ ကြည့်ကြပါဦး ၊ သူတို့ ချွတ်နေပြီ ၊ ချွတ်နေကြပြီဗျို့”

ထိုစဉ် မနီးမဝေး၌ ရှိနေသော မောက်ရှန်းမင် က ဘေးမှနေ၍ အားရပါးရ မှတ်ချက်ပေးနေတော့သည်။ ချက်ချင်းဆိုသလိုပင် လူတိုင်း၏ အာရုံမှာ ထိုနှစ်ဦးထံသို့ ကျရောက်သွားတော့။

“မလုပ်နဲ့လေ”

“မောက်ရှန်းမင် ၊ မင်းကတော့ကွာ ၊ ဒါ မင်းရဲ့ လက်ချက် မဟုတ်လား” ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ သူတို့၏ လက်များက ဘောင်းဘီခါးပတ်များဆီသို့ ရောက်ရှိသွားသည်ကို ကြည့်ကာ အသည်းအသန် အော်ဟစ်နေကြတော့သည်။

“အိုဟို ၊ ဝိန်ချိုက် ၊ ချိုးရှန်း ၊ မင်းတို့နှစ်ယောက်ကတော့ တကယ့်ကို အပန်းဖြေနေကြတာပဲ”

ထိုစဉ် လင်းရန်ယန်၏ နောက်ပြောင်သံမှာ လှေကားခြေရင်းမှ ထွက်ပေါ်လာတော့၏။

“ဦးလေး လေး ၊ ဦးလေး လေး ၊ ကျွန်တော်တို့ကို ကယ်ပါဦး”

“ကျွန်တော်တို့ ကိုယ်ထဲကို ဝိညာဉ် ပူးကပ်နေတာပါ ၊ ဦးလေး လေး ကယ်ပါဦး”

All Chapters