← Chapters

ဦးနှောက်လှုပ်သွားခြင်း

Vol. 7 Ch. 65

ဦးနှောက်လှုပ်သွားခြင်း

Vol. 7 Ch. 65

ဝိန်ချိုက် နှင့် ချိုးရှန်း တို့သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြတော့သည်။

“ဒါက ဘာဂိမ်းမျိုးလဲ ၊ ကျွန်မကိုလည်း ပေးကြည့်ဦးလေ”

အောင်းနင်ရွှမ်း သည် ဆူညံသံများကို ကြားသောအခါ ခြေလှမ်း သွက်သွက်ဖြင့် အောက်ထပ်သို့ ပြေးဆင်းလာခဲ့၏။ သို့သော် ကံဆိုးစွာပင် သူမ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လင်းရန်ယန် က သူမ၏ မျက်လုံးများကို ကွယ်ပေးလိုက်တော့သည်။

“မိန်းကလေး ၊ ဒီလောက်အထိ ရင်ခုန်စရာကောင်းတာတွေကို မကြည့်သင့်ဘူးနော်”

လင်းရန်ယန်သည် ပြောစရာမရှိ ဖြစ်လျက် ဆိုလိုက်ပြီးနောက် ၊ သူ၏ မျက်ဝန်းအစုံမှ ရွှေရောင်အလင်းတန်းများ ချက်ချင်းပင် ဝင်းခနဲ ထွက်ပေါ်လာတော့သည်။ တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ သူ၏အမြင်၌ ပိုမိုကြည်လင် ပြတ်သားသွား၏။ ဝိန်ချိုက်နှင့် ချိုးရှန်းတို့၏ နောက်ကျောဘက်၌ သာ့ပေါင် နှင့် ရှောင်ပေါင် တို့က သူတို့၏ အဝတ်အစားများကို ချွတ်ပစ်ရန် ထိန်းချုပ်နေသည်ကို သူ မြင်လိုက်ရတော့သည်။

“ဒီဝိညာဉ်လေးတွေက ဘယ်က ရောက်လာတာလဲ ၊ ငါ့ရဲ့ မော်ရှန်းဂိုဏ်းဝင် တပည့်တွေကိုတောင် စုန်းအတတ်နဲ့ လာနှောင့်ယှက်ရဲတယ် ၊ မင်းတို့ သေချင်နေပြီ ထင်တယ်”

လင်းရန်ယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ မောက်ရှန်းမင် သည် တကယ်ကို လွန်လွန်ကျူးကျူး လုပ်နေခြင်း ဖြစ်သည်။ စကားပြောပြီးသည်နှင့် သူသည် သူ၏ လက်ဝဲဘက်လက်ကို ဟင်းလင်းပြင်ထဲသို့ လှမ်း၍ ဖမ်းဆွဲလိုက်တော့သည်။

“ဝူး... ဝူး... ဝူး... ဝူး”

ချက်ချင်းဆိုသလိုပင် အရောင်အသွေး စုံလင်လှသော ဝိညာဉ်မီးလျှံ ငါးခုသည် သူ၏ လက်ချောင်းများအကြား၌ စုစည်းသွား၏။

“ဓာတ်ကြီးငါးပါး ချိပ်ပိတ်အတတ်”

လင်းရန်ယန်က အေးစက်စွာ အော်ဟစ်လိုက်ပြီးနောက် ၊ သူ၏ လက်ဝါးကို ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက်ပင် ရိုက်နှက်လိုက်တော့သည်။

“မကောင်းတော့ဘူး ၊ သာ့ပေါင် ၊ ရှောင်ပေါင် ၊ မြန်မြန်ပြေးကြ”

မောက်ရှန်းမင်သည် လင်းရန်ယန် ပေါ်လာသည်ကို မြင်ကတည်းက မျက်နှာပျက်နေခဲ့ခြင်း ဖြစ်သည်။ လင်းရန်ယန်က လက်ဦးမှုယူကာ တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ သူသည် အသည်းအသန် သတိပေးအော်ဟစ်လိုက်တော့၏။

သို့သော်လည်း သာ့ပေါင်နှင့် ရှောင်ပေါင်တို့ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ၊ မမြင်နိုင်သော အင်အားတစ်ခုက သူတို့ကို ဝိန်ချိုက်နှင့် ချိုးရှန်းတို့၏ ကိုယ်ထဲမှ အတင်းအဓမ္မ ဆွဲထုတ်လိုက်တော့သည်။

“အား... သရဲကြီး ၊ သရဲတွေဗျို့ ”

“မြန်မြန်ပြေးကြ ၊ သရဲရှိတယ် ”

“ကယ်ကြပါဦး ၊ သရဲ တကယ်ရှိတယ်”

ဝိညာဉ်နှစ်ခု ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် လူအများမှာ ထိတ်လန့်တကြား အော်ဟစ်ကာ ဟိုဟိုဒီဒီ ပြေးလွှားကုန်ကြတော့သည်။ ကံကောင်းသည်မှာ သူတို့ မီတာအနည်းငယ်မျှပင် မပြေးရသေးမီမှာပင် ၊ သာ့ပေါင်နှင့် ရှောင်ပေါင်တို့သည် လင်းရန်ယန်၏ လက်ထဲမှ ထွက်ပေါ်လာသော အရောင်ငါးပါး ဝိညာဉ်အလင်းတန်းများ၏ ဖိသိပ်မှုကို ခံလိုက်ရပြီး ၊ ငါးရောင်ခြည် အလင်းလုံးလေးတစ်ခုအတွင်းသို့ ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။

“သာ့ပေါင် ၊ ရှောင်ပေါင် ”

ဤမြင်ကွင်းကို ကြည့်ကာ မောက်ရှန်းမင်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွား၏။ သို့သော် လင်းရန်ယန်က သူ့ကို လှမ်းကြည့်လိုက်သောအခါ ၊ သူသည် ဘာမျှမသိသလိုပင် ဟန်ဆောင်လိုက်တော့သည်။

“အော်... သရဲတွေပါလား ၊ တာအိုဆရာ ဝိန်ချိုက်နဲ့ ချိုးရှန်းတို့ ဘာလို့ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း လုပ်နေကြတာလဲလို့ ကျွန်တော် စဉ်းစားနေတာ”

မောက်ရှန်းမင်သည် အံ့ဩဟန်ဆောင်ကာ အလျင်အမြန်ပင် ပြောဆိုပြီး လစ်ထွက်ရန် ပြင်လိုက်တော့သည်။

“မင်းပဲ ၊ ဒါ မင်းလက်ချက်ပဲ ဖြစ်ရမယ်”

“မှန်တယ် ၊ ဒီဝိညာဉ်နှစ်ခုကို မွေးထားတာ မင်းပဲ ဖြစ်ရမယ် ”

သတိပြန်ဝင်လာသော ဝိန်ချိုက်နှင့် ချိုးရှန်းတို့သည် အဝတ်အစားများကို အမြန်ဖုံးကွယ်လျက် မောက်ရှန်းမင်ကို ဝိုင်းဝန်း ဆဲဆိုကြတော့သည်။

“ဟေ့... ဟေ့... လျှောက်မပြောနဲ့လေ ၊ မင်းတို့မှာ ဘာသက်သေရှိလို့လဲ ”

မောက်ရှန်းမင်မှာ အခြေအနေမဟန်တော့သဖြင့် အတင်းအဓမ္မ ငြင်းဆိုနေရတော့သည်။

“ငါတို့ မင်းနဲ့ စကားအနည်းငယ် အခြေအတင် ဖြစ်ပြီးတာနဲ့ ချက်ချင်း ထိန်းချုပ်ခံလိုက်ရတာလေ ၊ ဒါတောင် မင်းလုပ်တာ မဟုတ်ဘူးလို့ ငြင်းဦးမလို့လား”

“ဟုတ်တယ် ၊ ဦးလေး လေး ၊ သူ့ကို အမြန်ဖမ်းပေးပါဦး ၊ သူက ဝိညာဉ်တွေမွေးပြီး ဒုက္ခပေးနေတဲ့ မိစ္ဆာကျင့်ကြံသူပဲ ဖြစ်ရမယ် ”

ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ အလွန်အမင်း ဒေါသထွက်နေကြသဖြင့် အသံကုန် အော်ဟစ်ဆဲဆိုနေကြ၏။

“တော်ကြစမ်း ”

ထိုစဉ် လှေကားပေါ်မှ အေးစက်စက် အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာတော့သည်။ လူအများ လှည့်ကြည့်လိုက်သောအခါ ၊ မဲမှောင်နေသော မျက်နှာဖြင့် ဆင်းလာသော ဦးလေးကိုး ကို တွေ့လိုက်ရ၏။

“ဆရာ ၊ သူကလေ...”

ချိုးရှန်းက စကားဆက်ရန် ကြိုးစားလိုက်သော်လည်း………..

“မင်းတို့ ငါ့ကို အရှက်ခွဲတာ မဝသေးဘူးလား ၊ အဝတ်အစားတွေ မြန်မြန်ဝတ်ပြီး ထွက်သွားကြစမ်း”

ဦးလေးကိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထိုစကားကို ကြားသောအခါ ချိုးရှန်းမှာ ချက်ချင်းပင် ငြိမ်ကျသွားတော့၏။

“အစ်ကိုကြီး ၊ ဒီဝိညာဉ်လေးနှစ်ခုက ဝိန်ချိုက်နဲ့ ချိုးရှန်းကို ထိန်းချုပ်ထားတာပါ ”

လင်းရန်ယန်သည် ချိပ်ပိတ်ထားသော သာ့ပေါင်နှင့် ရှောင်ပေါင်တို့ကို ဦးလေးကိုးထံသို့ လှမ်းပစ်ပေးလိုက်သည်။ ဦးလေးကိုးသည် ထိုအလင်းလုံးကို ဖမ်းယူလိုက်ပြီးနောက် ချက်ချင်းပင် အသက်ရှူမှားသွားရ၏။

တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ချိပ်ပိတ်အတတ်ပဲ ။ ငါဆိုရင်တောင်မှ ချိပ်ပိတ်ခံလိုက်ရမှာ သေချာတယ်။

ဦးလေးကိုး၏ ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားရတော့သည်။ ‘လူသားအရှင်သခင်’ အဆင့် (၇) နှင့် (၈) ခန့်သာ ရှိသော ဝိညာဉ်လေးနှစ်ခုကို နှိမ်နင်းရန် အဘယ်ကြောင့် လင်းရန်ယန်က ဤမျှ အစွမ်းထက်သော ချိပ်ပိတ်အတတ်ကို သုံးရသနည်းဟု သူ မသိသော်လည်း ၊ ဤအတတ်ပညာ တစ်ခုတည်းကပင် ဦးလေးကိုးကို တစ်နှစ်ပတ်လုံး အံ့ဩမှင်သက်သွားစေရန် လုံလောက်လှသည်။

“ကဲ... သွားကြစို့ ၊ အိမ်ကို အရင်ပြန်မယ်”

ဦးလေးကိုးသည် ဘေးမှ မောက်ရှန်းမင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ၊ ဘာမျှမပြောဘဲ အပြင်သို့ ထွက်လာခဲ့တော့သည်။

“ဆရာ ၊ ကျွန်တော်တို့ ကိတ်မုန့် မစားရသေးဘူးလေ”

ချိုးရှန်းက မျက်နှာငယ်လေးဖြင့် ဆိုလိုက်၏။

“စိတ်မပူပါနဲ့ ၊ မင်းတို့အဖို့ကိုတော့...”

ဘေးမှ လင်းရန်ယန်က ပြုံးလျက် ဝင်ပြောလိုက်သည်။

“ဦးလေး လေးကတော့ ကျွန်တော်တို့အပေါ်မှာ အကောင်းဆုံးပဲ”

“ဟုတ်ပါ့ ၊ ဟုတ်ပါ့ ၊ ဦးလေး လေးက အကောင်းဆုံးပဲ ”

ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ စကားဆုံးအောင်ပင် မစောင့်တော့ဘဲ အမြန်ပင် မြှောက်ပင့်လိုက်ကြတော့သည်။

“မင်းတို့ ဘာတွေ တွေးနေတာလဲ ၊ မင်းတို့ ဝေစုတွေကို ငါနဲ့ နင်ရွှမ်းက စားပစ်လိုက်ပြီလေ ”

လင်းရန်ယန်က ထိုကောင်လေးနှစ်ယောက်ကို မျက်စောင်းထိုးပြလိုက်ပြီးနောက် ၊ အောင်းနင်ရွှမ်းနှင့်အတူ ထွက်ခွာသွားတော့၏။ လေထဲ၌ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်မှာ ထိုနှစ်ဦးသာ ဖြစ်တော့သည်။

“ဦးလေးကိုး ၊ တစ်ယောက်ယောက် ကျွန်တော်တို့နောက်ကို လိုက်လာသလိုပဲနော် ၊ ကျွန်မ သူ့ကို သွားဖမ်းပြီး တစ်ချက်လောက် ပညာပေးလိုက်ရမလား ”

အိမ်အပြန်လမ်းတွင် အောင်းနင်ရွှမ်းသည် သူတို့အနောက်မှ လိုက်လာသော မောက်ရှန်းမင်ကို သတိပြုမိသွားတော့သည်။ စကားပြောရင်း သူမ၏ လက်သီးလေးကို ဝေ့ယမ်းပြလိုက်၏။

“ထားလိုက်ပါဦး ၊ သူ ဘာလုပ်မလဲဆိုတာ အရင်ကြည့်ကြတာပေါ့ ၊ ဒီတာအိုညီနောင်ရဲ့ ကိုယ်ပေါ်မှာ မိစ္ဆာအငွေ့အသက်တွေ မရှိပါဘူး ၊ ဘာလို့ ဝိညာဉ်တွေကို မွေးထားရတာလဲဆိုတာကိုတော့ ငါလည်း မသိဘူး ”

ဦးလေးကိုးက မျက်မှောင်ကြုတ် ပြောလိုက်သည်။

အလောင်းတွေကို ပြုစုတာက ပြဿနာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဖုတ်ကောင်တွေမှာ ဉာဏ်ရည်မရှိသဖြင့် သူတို့ကို ထိန်းသိမ်းခြင်းက သဘာဝတရားကို ဆန့်ကျင်ရာ မရောက်သောကြောင့် ဖြစ်သည်။ သို့သော် ဝိညာဉ်များကို မွေးမြူခြင်းမှာမူ မတူပါချေ။ ဝိညာဉ်များသည် သဘာဝအရ လူ့လောက၌ မရှိသင့်ဘဲ ၊ ဝိညာဉ်လောက (ငရဲပြည်) သို့သာ ပို့ဆောင်ပေးရမည် ဖြစ်သည်။ အကယ်၍ သူတို့ကို သိမ်းဆည်းထားပါက ဝိညာဉ်များ၏ ကုသိုလ်ကံကို ထိခိုက်စေပြီး နောက်ဘဝ ကူးနိုင်စွမ်းကို ပျောက်ဆုံးစေနိုင်ခြင်း သို့မဟုတ် ငရဲသို့ပင် ကျရောက်သွားစေနိုင်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းလောက၌ ဝိညာဉ်များကို မွေးမြူခြင်းကို တင်းကြပ်စွာ တားမြစ်ထား၏။

“ဘာ ၊ သူလား”

“ငါ သိသားပဲ ၊ အဲဒီ မောက်ရှန်းမင်က ငါတို့ကို ဒုက္ခပေးနေတာ သေချာတယ် ”

ချိုးရှန်းနှင့် ဝိန်ချိုက်တို့သည် ထိုစကားကို ကြားသောအခါ မျက်နှာများ ပြောင်းလဲသွားပြီး ၊ နာကျင်စွာဖြင့် ဝိုင်းဝန်း ဆဲဆိုလိုက်ကြတော့သည်။

“ဟင်း ၊ ငါ မင်းတို့ကို မေးချင်သေးတယ် ၊ အောက်ထပ်မှာ လူတွေ ဒီလောက်အများကြီး ရှိတာကို ၊ ဘာလို့ အဲဒီဝိညာဉ်နှစ်ကောင်က မင်းတို့နှစ်ယောက်ကိုပဲ လာနှောင့်ယှက်တာလဲ ၊ မင်းတို့ကပဲ ပြဿနာ အရင်သွားရှာခဲ့တာ မဟုတ်လား ”

ဦးလေးကိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်နှင့် ထိုကောင်စုတ်လေးနှစ်ယောက်၏ အကြံကို ချက်ချင်းပင် ရိပ်မိလိုက်သည်။

“ကျွန်တော်တို့က သူ တစ်ယောက်တည်း စားပွဲတစ်လုံးမှာ ထိုင်နေတာကို ကြည့်မရလို့ပါ ”

“ဟုတ်တယ် ၊ ဟုတ်တယ် ၊ ဆရာက ပိုက်ဆံရှင်းရတာလေ ၊ သူကတော့ စားပွဲတစ်လုံးလုံးကို တစ်ယောက်တည်း ဦးထားတာ ၊ အဲဒါက လွန်လွန်းတယ် ”

ဝိန်ချိုက်နှင့် ချိုးရှန်းတို့က အလျင်အမြန်ပင် ဆင်ခြေပေးကြတော့၏။

“ဟင် ၊ ငါက ပိုက်ဆံရှင်းရတယ်လို့ ဘယ်သူက ပြောလဲ ၊ ငါ ပိုက်ဆံရှင်းဖို့ လုပ်တော့ ဆိုင်ရှင်က ပြောတယ် ၊ မောက်ရှန်းမင်က သူ့စားပွဲအတွက် သူကိုယ်တိုင် ပိုက်ဆံရှင်းသွားတယ်တဲ့”

ကံဆိုးစွာပင် သူတို့ စကားပြောပြီးသည်နှင့် ဦးလေးကိုး၏ အော်ငေါက်ခြင်းကို ခံလိုက်ရတော့သည်။

“ဟင် ၊ ကျွန်တော်တို့ အဲဒါကို မသိခဲ့ဘူးလေ”

ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ ထိုစကားကို ကြားသောအခါ မှင်သက်သွားကြရတော့သည်။ စကားပြောရင်းနှင့်ပင် သူတို့အဖွဲ့မှာ အလောင်းပြင်ခန်းသို့ ပြန်လည် ရောက်ရှိလာခဲ့၏။

“ဒီဝိညာဉ်နှစ်ခုကို ဝိုင်အိုးထဲ ထည့်ပြီး ဝိညာဉ်သိုလှောင်ခန်းထဲ သွားထားလိုက်ကြ ၊ ပြီးရင် ဘိုးဘေးခန်းမကို ချက်ချင်း လာခဲ့ ၊ ဒီမောက်ရှန်းမင် ဘာလုပ်မလဲဆိုတာ ငါတို့ ကြည့်ရအောင်”

ဦးလေးကိုးက အလင်းလုံးကို ဝိန်ချိုက်နှင့် ချိုးရှန်းထံသို့ ပေးလိုက်၏။

“ကျွန်တော်တို့ လက်ထဲသာ အပ်ထားလိုက်ပါ”

ချိုးရှန်းက ဂုဏ်ယူစွာ ပြုံးလိုက်ပြီးနောက် ၊ အလင်းလုံးကို ယူကာ အတင်းအဓမ္မ ခါယမ်းလိုက်တော့သည်။

“မင်း ဘာလုပ်နေတာလဲ”

ဦးလေးကိုးမှာ ပြောစရာစကားပင် မရှိတော့ပေ။

“ဟဲဟဲ ၊ ဒီအလင်းလုံးက ဘယ်လောက်အထိ ခိုင်ခံ့သလဲဆိုတာ စမ်းကြည့်တာပါ ဆရာ”

ချိုးရှန်းက အနေခက်စွာ ရယ်မောလိုက်ပြီးနောက် ၊ ဝိညာဉ်သိုလှောင်ခန်းထဲသို့ အပြေးအလွှား ဝင်သွားတော့သည်။ အခန်းထဲ၌ သူနှင့် ဝိန်ချိုက်တို့သည် မိနစ်အတော်ကြာအောင် အလင်းလုံးကို အလှည့်ကျ ခါယမ်းနေကြပြီး ၊ နောက်ဆုံးမှ ဝိုင်အိုးထဲသို့ ထည့်ကာ အပြင်သို့ ထွက်လာခဲ့ကြ၏။

“ဝါး... ဒီလောက်အထိ အတင်းခါနေတာဆိုတော့ သာ့ပေါင်နဲ့ ရှောင်ပေါင်တို့တော့ ဦးနှောက်တွေတောင်လှုပ်သွားလောက်ပြီ ထင်တယ် ”

နံရံပေါ်တွင် ကပ်၍ ချောင်းကြည့်နေသော မောက်ရှန်းမင်သည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရတော့သည်။ ဒီကောင်စုတ်နှစ်ယောက်ကတော့ တကယ့်ကို အငြိုးကြီးတာပဲ။

သို့သော်လည်း သူသည် အခန်းထဲသို့ လျင်မြန်စွာ ခုန်ဝင်လိုက်ပြီး ဝိညာဉ်သိုလှောင်ခန်းဆီသို့ သတိထားကာ ပြေးသွားတော့သည်။ သို့သော် သူ ဝင်သွားသည်နှင့် မြေပြင်ပေါ်ရှိ ကြိုးကို မမြင်ဘဲ နင်းမိသွား၏။

“အား...”

ရုတ်တရက် ထိတ်လန့်တကြား အော်သံတစ်ခု ထွက်ပေါ်လာပြီး ၊ မောက်ရှန်းမင်မှာ ချက်ချင်းပင် ဟန်ချက်ပျက်ကာ လဲကျသွားတော့သည်။ သူ လဲကျသွားချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ စင်များအားလုံးကို တိုက်မိသွားတော့၏။

“ခွမ်း... ခွမ်း... ခွမ်း... ခွမ်း... ခွမ်း”

တစ်ခဏချင်းမှာပင် အိုး ကွဲအက်သွားသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း”

ထို့နောက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်အငွေ့အသက်များသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့၏။

All Chapters