← Chapters

ဘဝကပေးသော ဓမ္မတာ

Vol. 7 Ch. 67

ဘဝကပေးသော ဓမ္မတာ

Vol. 7 Ch. 67

ထို့ပြင် အကယ်၍ လက်နက်များကိုပါ အစီရင်များဖြင့် ထည့်သွင်းလိုက်မည်ဆိုပါက ၊ ၎င်းတို့၏ စွမ်းပကားမှာ ယခုထက်ပင် ပိုမိုကြီးမားလာလိမ့်မည်။ ဤကဲ့သို့သော တာအိုအတတ်မျိုးမှာ တာအိုဆရာကြီး လင်းရန်ယန် အတွက်မူ အသင့်တော်ဆုံးသော အတတ်ပညာတစ်ခုပင် ဖြစ်၏။

“ဟင်... အစ်ကို လင်းရန်ယန်ရဲ့ ကိုယ်ပေါ်က အငွေ့အသက်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ”

ထိုစဉ် ဘေး၌ရှိနေသော အောင်းနင်ရွှမ်း သည် လင်းရန်ယန်ကို ဇဝေဇဝါဖြင့် ကြည့်ကာ ဆိုလိုက်သည်။ ထိုအငွေ့အသက်မှာ ရင်းနှီးရုံသာမကဘဲ ၊ တစ်နည်းအားဖြင့် သူမနှင့် တစ်သားတည်းကျနေသကဲ့သို့ နွေးထွေးမှုကိုပါ ခံစားနေရခြင်း ဖြစ်သည်။

“ညီလေး... ခုနက မိုးကြိုးဝိညာဉ်ခန္ဓာ လား ”

ဤအချိန်၌ အံ့ဩတုန်လှုပ်မှုများမှ ပြန်လည် နိုးထလာသော ဦးလေးကိုး သည် လင်းရန်ယန်ကို ရှုပ်ထွေးလှသော မျက်ဝန်းများဖြင့် ကြည့်ကာ မေးမြန်းလိုက်တော့သည်။

“ဟုတ်ပါတယ် အစ်ကိုကြီး ၊ ကျွန်တော် ပြောဖို့ မေ့သွားတာပါ ၊ မိုးကြိုးဝိညာဉ်ခန္ဓာက ကျွန်တော် မကြာသေးခင်ကမှ နိုးထလာတဲ့ စွမ်းအားတစ်ခုပါ ၊ ဒါပေမဲ့ အသစ်နိုးထလာတာ ဖြစ်ပေမဲ့လည်း ၊ အဆင့်အရဆိုရင်တော့ ကျွန်တော့်ရဲ့ ဝိညာဉ်ခန္ဓာတွေထဲမှာ အစွမ်းအထက်ဆုံးပဲလို့ ပြောလို့ရတယ်”

လင်းရန်ယန်က အသာအယာ ပြုံးလျက် ရှင်းပြလိုက်၏။ ထိုစကားကို ကြားသောအခါ ဦးလေးကိုးမှာ အနောက်သို့ပင် ခလုတ်တိုက် လဲကျမတတ် ဖြစ်သွားရတော့သည်။

တကယ်ပဲ မိုးကြိုးဝိညာဉ်ခန္ဓာ ဖြစ်နေသည်ကိုး။ အခြားသော ဝိညာဉ်ခန္ဓာများထက်ပင် သာလွန်နေသည်ဆိုပါက ၊ ၎င်းမှာ အနည်းဆုံး အဆင့် (၃) မိုးကြိုးဝိညာဉ်ခန္ဓာ ဖြစ်နေလိမ့်မည်။ ဤအဆင့်မျိုးဖြင့်ဆိုလျှင် အစ်ကိုကြီး ရှီးကျန်း ကိုပင် မြေပြင်ပေါ်၌ ဖိထားပြီး ပညာပေးနိုင်လောက်သည်။

ကံကောင်းသည်မှာ ဦးလေးကိုးသည် လင်းရန်ယန်၏ ထူးခြားဆန်းပြားမှုများကြောင့် အကြိမ်ကြိမ် စိတ်ဒဏ်ရာ ရခဲ့ဖူးသဖြင့် ၊ ယခုတစ်ကြိမ်တွင်မူ အခြေအနေကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်နိုင်ခဲ့သည်။

“ညီလေးကတော့ တကယ့်ကို ထူးဆန်းတဲ့ လူသားပဲ”

ဦးလေးကိုးမှာ လင်းရန်ယန်ကို ကြည့်ကာ မတတ်သာသလို ညည်းတွားလိုက်တော့သည်။ သို့သော် ထိုညည်းတွားသံကြောင့် လင်းရန်ယန်မှာ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားရ၏။

ထူးဆန်းတဲ့ လူသားတဲ့ ။

“ဒါတွေ ထားလိုက်ပါဦး ဆရာ ၊ ဟိုမှာ ကြည့်ပါဦး ၊ ဖြေရှင်းရမယ့် ထိတ်လန့်နေတဲ့ လူအိုကြီး တစ်ယောက် ကျန်နေသေးတယ်”

လင်းရန်ယန်က စကားလမ်းကြောင်း လွှဲလိုက်ပြီး ၊ မနီးမဝေးရှိ ဝိုင်အိုးပျက်များကြား၌ ရှိနေသော မောက်ရှန်းမင် ကို လက်ညှိုးထိုးပြလိုက်၏။

“သွားပါပြီ... သွားပါပြီ... ငါတော့ သေရတော့မှာပဲ”

ယခုအချိန်၌ မောက်ရှန်းမင်မှာ ကျိုးပဲ့နေသော ဝိုင်အိုးပုံများကြား၌ လဲလျောင်းနေလျက် ၊ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် တိုးတိုးလေး ရေရွတ်နေတော့သည်။

“ဟင်... မောက်ရှန်းမင် ၊ မင်းက ငါတို့ရဲ့ အလောင်းပြင်ခန်းကိုတောင် ခိုးဝင်ပြီး ပစ္စည်းလာခိုးရဲတယ်ပေါ့၊ ဒီတစ်ခါတော့ လက်ပူးလက်ကြပ် မိပြီ မဟုတ်လား”

ချိုးရှန်း က ဂုဏ်ယူဝင့်ကြွားစွာ နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ ခုန်ထွက်လာသည်။

“ချိုးရှန်း... ..”

အော်ဟစ်သံကို ကြားလိုက်ရချိန်တွင် ထိတ်လန့်နေသော မောက်ရှန်းမင်မှာ ချက်ချင်းပင် သတိပြန်ဝင်လာ၏။

“နေဦး... ခုနက ဝိညာဉ်တွေ ဘယ်ရောက်ကုန်ပြီလဲ ”

မောက်ရှန်းမင်မှာ ယိုင်တိုင်တိုင်ဖြင့် မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်၏။ ကောင်းကင်ယံ၌ မိုးတိမ်တောင်များ လွင့်စင်သွားသည်မှအပ ၊ အခြား မည်သည့်အရာမှ ဖြစ်ပျက်ခဲ့ခြင်း မရှိသကဲ့သို့ပင် ငြိမ်သက်နေသည်။

“ဝိညာဉ်တွေအကုန်လုံးကို ကျွန်တော့်ရဲ့ ဦးလေး လေးက အစအနဖျောက်လိုက်ပြီ ၊ အခု မင်း ဘယ်လိုသေချင်သလဲဆိုတာသာ ပြောစမ်း ၊ ကြည့်ပါဦး ၊ ဝိညာဉ်တွေ မွေးထားတယ် ၊ ပြီးတော့ ဝိညာဉ်တွေကို လွှတ်ပြီး ဒုက္ခပေးတယ် ၊ တောက်... တောက်... ဒါတွေက မင်းကို အကြိမ်ကြိမ် သေဒဏ်ပေးဖို့ လုံလောက်နေပြီ”

ချိုးရှန်းက မောက်ရှန်းမင်ကို ဂုဏ်ယူစွာဖြင့် ခြိမ်းခြောက်လိုက်၏။ အမှန်စင်စစ် ကြောက်တတ်လှသော မောက်ရှန်းမင်မှာ ထိုစကားကြောင့် ခြေလက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ ပြန်လည် ထိုင်ကျသွားရတော့သည်။

“မင်း ပြောလို့ ဝပြီလား ၊ ငါက မင်းကို စကားပြောဖို့ ခွင့်ပြုခဲ့လို့လား”

ဤအချိန်၌ ဦးလေးကိုးက တည်ကြည်စွာဖြင့် ဝင်ရောက် ပြောဆိုလိုက်၏။

“ဝပါပြီ... ဝပါပြီ”

ချိုးရှန်းမှာ အနေခက်စွာဖြင့် နောက်သို့ ဆုတ်သွားရတော့သည်။ ဦးလေးကိုးက ထိုကောင်လေးကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ၊ မောက်ရှန်းမင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“တာအိုညီနောင် ၊ ခင်ဗျားက မော်ရှန်းဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေမှတော့ ၊ မော်ရှန်းဂိုဏ်းရဲ့ စည်းကမ်းတွေကို သိမှာပါ ၊ ဟုတ်တယ်မလား”

ဦးလေးကိုးက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

“သိပါတယ်... သိပါတယ် ၊ ကောင်းမှုနဲ့ မကောင်းမှုက ဆန့်ကျင်ဘက်ပါ ၊ အသက်အတွက် တိုက်ပွဲဝင်ရမှာပါ”

မောက်ရှန်းမင်သည် ဦးလေးကိုးကို မြင်သောအခါ အနည်းငယ် စိတ်အေးသွားရပြီး လျင်မြန်စွာ ပြန်လည် ဖြေကြားလိုက်၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ မော်ရှန်းဂိုဏ်းသားအချင်းချင်း ဖြစ်သဖြင့် သူ့ကို အသက်ချမ်းသာပေးနိုင်သော်လည်း ၊ ချိုးရှန်းနှင့် ဝိန်ချိုက် တို့မှာမူ ထိုသို့ ပြုလုပ်ကြမည် မဟုတ်သောကြောင့် ဖြစ်သည်။

“ခင်ဗျား ဒါကို သိနေပါလျက်နဲ့ ဘာလို့ ဝိညာဉ်တွေကို မွေးမြူထားရတာလဲ”

ဦးလေးကိုးက မတတ်သာသလို သက်ပြင်းချလိုက်၏။

“ဟုတ်တယ် ၊ သူက နှစ်ကောင်တောင် မွေးထားတာ ”

ဝိန်ချိုက်က ကြားထဲကနေ ဝင်ရောက် ပြောဆိုလိုက်သည်။

“ကျွန်တော်လည်း မတတ်သာလို့ပါ ၊ ဒါတွေအားလုံးက စားဝတ်နေရေးအတွက်ပါ”

မောက်ရှန်းမင်မှာလည်း ထိုစကားကို ကြားသောအခါ ဝမ်းနည်းစွာဖြင့် ညည်းတွားလိုက်တော့သည်။

“လောကကြီးက ကျယ်ပြောလှတယ် ၊ စားဝတ်နေရေး တင်မကဘူး ၊ တစ်နေ့ သုံးနပ်စာနဲ့ အိပ်စရာ နေရာတစ်ခု ရှာဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါဘူး ၊ ခင်ဗျားရဲ့ စိတ်ဓာတ်က ကောင်းမွန်နေပြီး အမြဲတမ်း ကောင်းမှုတွေပဲ လုပ်နေမယ်ဆိုရင် ၊ ကောင်းကင်ဘုံက ခင်ဗျားကို စောင့်ရှောက်မှာပါ ၊

ကျွန်တော် မေးပါရစေ ၊ ခင်ဗျား ဒီဝိညာဉ်နှစ်ကောင်နဲ့ မတွေ့ခင်တုန်းက ခင်ဗျားရဲ့ ဘဝက ဘယ်လိုရှိခဲ့သလဲ”

ဦးလေးကိုးကလည်း သက်ပြင်းချလိုက်ပေသည် ၊ တစ်ဖက်လူမှာ ဘဝက ပေးသော ဓမ္မတာကြောင့် မတတ်သာဘဲ ပြုလုပ်နေရသည်ကို သူ ရိပ်မိသောကြောင့် ဖြစ်၏။ မဟုတ်ပါက ဤကဲ့သို့သော ဆိုးရွားသည့် အခြေအနေမျိုးတွင် သူ၏ ကျင့်စဉ်များမှာ လုံးဝ ဖျက်ဆီးခြင်း ခံရလိမ့်မည်။ အနည်းဆုံး မောက်ရှန်းမင်သာ အောင်းထျန်းလုံ နှင့် တွေ့ခဲ့မည်ဆိုပါက ၊ သူ၏ ကျင့်စဉ်များမှာ မည်သို့မျှ ကျန်ရှိနေမည် မဟုတ်ပေ။

“အလွန် ခက်ခဲခဲ့ပါတယ်”

မောက်ရှန်းမင်က ခဏတာ စဉ်းစားပြီးနောက် နှေးကွေးစွာ ပြောဆိုလိုက်သည်။

“ဒါဆိုရင် သူတို့နဲ့ တွေ့ပြီးတဲ့နောက်မှာရော”

ဦးလေးကိုးက ထပ်မံ မေးမြန်းလိုက်ပြန်သည်။ မောက်ရှန်းမင်မှာ ထိုမေးခွန်းကြောင့် မျက်မှောင်ကြုတ်သွားရ၏။

“ကြည့်ရတာ ပိုပြီးတောင် ခက်ခဲလာသလိုပဲ ၊ စားဖို့သောက်ဖို့ ရှိလာပေမဲ့လည်း ၊ နေ့တိုင်း နှင်ထုတ်ခံရတာနဲ့ အရိုက်ခံရတာတွေပဲ ကြုံနေရတယ် ”

မောက်ရှန်းမင်၏ မျက်နှာမှာ ခါးသက်သွားရတော့သည်။

“မှန်တာပေါ့ ၊ ဝိညာဉ်တွေဆိုတာ မင်္ဂလာမရှိတဲ့ အရာတွေလေ ၊ သူတို့က ဆင်းရဲခြင်း ၊ နိမ့်ကျခြင်း ၊ ဝမ်းနည်းခြင်းနဲ့ နာကျင်ခြင်း စတဲ့ ကပ်ဘေး (၁၈) ပါးကို စုစည်းထားတာ ၊ ခင်ဗျားက သူတို့နဲ့ နေ့တိုင်း အတူရှိနေမှတော့ ခင်ဗျားရဲ့ ဘဝက ဘယ်လိုလုပ် ကောင်းမွန်နိုင်ပါ့မလဲ ၊

ဒါ့ပြင် ၊ ခင်ဗျားက ဂိုဏ်းပြင်ပ တပည့်တစ်ယောက် ဖြစ်နေတဲ့အတွက် ၊ ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ ကြီးမားတဲ့ ဘေးဒုက္ခ (၃) ပါးကလည်း ကပ်ငြိနေဦးမှာပဲ”

ဦးလေးကိုးက မတတ်သာသလို သက်ပြင်းချလိုက်ပြန်သည်။ ကျင့်ကြံခြင်းလောက၌ ပြောစမှတ်တွင်သော စကားတစ်ခု ရှိ၏။ ၎င်းမှာ ဘိုးဘေးဆရာ၏ စောင့်ရှောက်မှုကို မရရှိတော့သော (ဂိုဏ်းမှ နှင်ထုတ်ခံထားရသော) အမည်ခံ တပည့်များသည် ကျင့်စဉ်များကို ဆက်လက် လေ့ကျင့်နေမည်ဆိုပါက တစ်ဖက်မှာ တစ်သက်လုံး ကောင်းမှုများသာ ပြုလုပ်ပြီး တစ်ပြားတစ်ချပ်မျှ အခကြေးငွေ မယူဘဲ နေရမည် ဖြစ်သည်။ သို့သော် အကယ်၍ ငွေကြေး လက်ခံလိုက်မည်ဆိုပါက ၊ ဘေးဒုက္ခ (၃) ပါးမှ မလွတ်ကင်းနိုင်ပေ။

၎င်းတို့မှာ ဆင်းရဲခြင်း ၊ အသက်တိုခြင်း နှင့် အထီးကျန်ခြင်း တို့ပင် ဖြစ်သည်။ ကံကောင်းလျှင် တစ်ခုသာ ကြုံရမည်ဖြစ်ပြီး ၊ ကံဆိုးလျှင်မူ သုံးခုလုံးကို ရင်ဆိုင်ရလိမ့်မည်။

ဆင်းရဲခြင်းဆိုသည်မှာ ငွေကြေးမရှိခြင်း ဖြစ်ပြီး ၊ မောက်ရှန်းမင်မှာ တကယ့်ကို ဆင်းရဲနေသည်။ ထို့ပြင် အထီးကျန်ခြင်း ဆိုသည်မှာလည်း တစ်သက်လုံး တစ်ယောက်တည်း ဖြစ်နေခြင်း ဖြစ်၏ ၊ အကယ်၍ အိမ်ထောင်ပြုခဲ့လျှင်ပင် အဖော်ဖြစ်သူမှာ သေဆုံးသွားလိမ့်မည်။ အသက်တိုခြင်း ဆိုသည်မှာမူ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခြင်း ဖြစ်သည်။ ဤဘေးဒုက္ခ (၃) ပါးမှာ ရှောင်လွှဲ၍ မရနိုင်သော ကံကြမ္မာများပင် ဖြစ်၏။

အမှန်စင်စစ် ၎င်းမှာ မော်ရှန်း တာအိုအတတ်ကို သုံးပြီး ငွေရှာချင်သူများအတွက် ပေးသော ပြစ်ဒဏ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်း၏ ထိန်းချုပ်မှု မရှိပါက ၊ မိမိ၏ ကျင့်စဉ်အနည်းငယ်ကို အားကိုးကာ လူအများကို နှိပ်စက်ပြီး လောကကြီးကို ဒုက္ခပေးမည့်သူများ ပေါ်ထွက်လာနိုင်သောကြောင့် ဖြစ်သည်။ မောက်ရှန်းမင်မှာမူ ကောင်းပါသေးသည် ၊ သူသည် လှည့်ဖြားပြီး ငွေတောင်းရုံသာ ပြုလုပ်ခြင်း ဖြစ်၏။

ထို့ကြောင့်ပင် သူသည် သာ့ပေါင်နှင့် ရှောင်ပေါင်တို့ကို မတွေ့ခင်က တစ်နပ်အတွက် အစားအစာ ဘယ်မှာ ရှာရမလဲဆိုသည်ကိုပင် မသိခဲ့ရခြင်း ဖြစ်သည်။ လမ်းဘေး၌ ငတ်ပြတ်ပြီး သေလုနီးပါး ဖြစ်ခဲ့ရသည့် အကြိမ်ပေါင်းမှာလည်း မနည်းလှပေ။ သာ့ပေါင်နှင့် ရှောင်ပေါင်တို့၏ အခြေအနေမှာ တကယ့်ကို သနားစရာ ကောင်းလှသဖြင့် သူတို့နှင့်အတူ ခရီးထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကံဆိုးစွာပင် စားဝတ်နေရေး ပြေလည်လာသော်လည်း ၊ အစားအစာတိုင်းမှာ အသည်းအသန် ရုန်းကန်ပြီး ရရှိခဲ့ရခြင်း ဖြစ်သည့်အပြင် အရပ်မျက်နှာအနှံ့၌လည်း အလိုရှိခြင်း ခံနေရ၏။ ယွင်ပြည်နယ် မှာ သူတို့ ခုမှ ရောက်ကာစ ဖြစ်သဖြင့် တော်သေးသည်ဟု ဆိုရမည်။ အခြားသော ပြည်နယ်များနှင့် မြို့ကြီးများတွင်မူ သူ့ကို အမည်ပျက်စာရင်း သွင်းထားသည်မှာ ကြာပြီ ဖြစ်သည်။

ထို့ပြင် ဝိညာဉ်များနှင့် နေ့တိုင်း အတူရှိနေသဖြင့် သူ၏ ယန်စွမ်းအင် နှင့် ယင်စွမ်းအင် တို့မှာ အပြန်အလှန် ပဋိပက္ခ ဖြစ်နေရပြီး ၊ သူ၏ ခန္ဓာကိုယ်မှာလည်း တစ်နေ့ထက်တစ်နေ့ ယိုယွင်းလာရသည်။ ယခုအခါ သူသည် လူသားအရှင်သခင် အဆင့် (၈) ၌ ရှိနေသော်လည်း ၊ သူ၏ စစ်မှန်သော စွမ်းအားမှာ သာမန် လူသားအရှင်သခင် အဆင့် (၆) လောက်ကိုပင် မမီတော့ပေ။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ၊ လမ်းဘေး၌ သေဆုံးသွားရန်မှာ အချိန်စောင့်ရုံသာ လိုတော့သည်။ တစ်နည်းအားဖြင့် သာ့ပေါင်နှင့် ရှောင်ပေါင်တို့ကို ခေါ်ယူထားခြင်းဖြင့် သူသည် ဆင်းရဲခြင်းနှင့် အထီးကျန်ခြင်းတို့ကို မလွတ်မြောက်နိုင်သည့်အပြင် ၊ အသက်တိုခြင်းကိုပါ ထပ်မံ ဖြည့်စွက်လိုက်သကဲ့သို့ ဖြစ်နေ၏။ မောက်ရှန်းမင်မှာ လူအတစ်ယောက် မဟုတ်သဖြင့် ဤအချက်များကို လျင်မြန်စွာပင် နားလည်သဘောပေါက်သွားတော့သည်။

“ကျွန်တော် နားလည်ပါပြီ ဦးလေးကိုး ၊ အရင်တုန်းက ကျွန်တော် အရမ်းကို ရိုးအခဲ့မိတာပဲ ”

မောက်ရှန်းမင်က သက်ပြင်းချလိုက်၏။

“ခင်ဗျား သိသွားတာ ကောင်းပါတယ် ၊ ချိုးရှန်း ၊ ဝိန်ချိုက် ၊ အိုးတစ်လုံး သွားရှာလိုက်ကြ”

ဦးလေးကိုးက အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ၊ ဘေး၌ ရှိနေသော ဝိန်ချိုက်နှင့် ချိုးရှန်းတို့ကို ပြောဆိုလိုက်သည်။

“ဟင်... ဆရာ ၊ ဘာလို့ အဲဒီလို လုပ်ရတာလဲ ”

“ဟုတ်တယ် ၊ သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား ”

ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ စိုးရိမ်တကြီး ဖြစ်သွားကြရ၏။

“ဘာလဲ... မင်းတို့နှစ်ယောက်က ဒီအိမ်ကို အုပ်ချုပ်နေတာလား ”

ဦးလေးကိုးက စူးစိုက်ကြည့်လိုက်သည်။

“ဟုတ်ကဲ့... ကျွန်တော်တို့ အုပ်ချုပ်ပါတယ် ”

ချိုးရှန်းက လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သော်လည်း ၊ ဦးလေးကိုး၏ သတ်ဖြတ်လိုသော မျက်ဝန်းများကို မြင်လိုက်ရချိန်တွင် ချက်ချင်းပင် နောက်ဆုတ်သွားရတော့သည်။

“ကျွန်တော်တို့ အုပ်ချုပ်ပါတယ်... ဒါပေမဲ့ ဆရာကပဲ ဆုံးဖြတ်ချက် ချပေးပါ ”

ချိုးရှန်းမှာ မတတ်သာဘဲ မြေပြင်ထောင့်၌ ရှိနေသော အိုးတစ်လုံးကို သွားရောက် ယူဆောင်လိုက်ရတော့၏။

“ရော့... ဒီမှာ ”

သူသည် ထိုအိုးကို မောက်ရှန်းမင်ထံသို့ မကျေမနပ်ဖြင့် ကမ်းပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဦးလေးကိုး ၊ ကျေးဇူးအများကြီး တင်ပါတယ် တာအိုဆရာကြီး လင်းရန်ယန် ၊ ”

မောက်ရှန်းမင်သည် အိုးကို ပွေ့ပိုက်ထားလျက် သူတို့ကို အကြိမ်ကြိမ် အဖန်ဖန် ကျေးဇူးတင်စကား ဆိုနေမိတော့သည်။

All Chapters